Skip to main content

၅၉(စ)ပြင်ရန် လိုက်လျောပါက လူထုအားနှင့် ကန့်ကွက်မည်ဟု တစည ပြော အောင်ကိုဦး| ကြာ...



၅၉(စ)ပြင်ရန် လိုက်လျောပါက လူထုအားနှင့် ကန့်ကွက်မည်ဟု တစည ပြော



အောင်ကိုဦး| ကြာသပတေးနေ့၊ မေလ ၂၂ ရက် ၂၀၁၄ ခုနှစ်



၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါသည့် ပုဒ်မ ၅၉(စ)ကို လွှတ်တော်က ပြင်ဆင်ပေးရန်လိုက်လျောပါ က မိမိတို့က လူထုနှင့်ကန့်ကွက်သွားမည်ဖြစ်ပြီး ယခုအချိန်သည် ပုဒ်မ၅၉(စ) မပြင်ရန် လမ်းပေါ်ထွက် ကန့်ကွက်စရာမလိုသေးကြောင်း တစည ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဟန်ရွှေက အခမ်းအနားအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။



“အသွင်ကူးပြောင်းရေးကာလကို သွားနေတယ်။ သုံးနှစ်ဆိုတဲ့ သက်တမ်းက နုနယ်သေးတော့ တကယ်ကောင်းမွန်တဲ့ ပတ်ဝန်းကျင်ရှိဖို့လိုသေးတယ်။ လမ်းကျဉ်းတဲ့ နိုင်ငံရေးမျိုး၊ တစ်ဖက်ပိတ်နိုင်ငံရေးကို မသွားဘဲ ဒီမိုကရေစီစနစ်ကို လက်ခံရမယ်။ PR စနစ်ကို လက်ခံရမယ်” ဟု ၎င်းက ပြောသည်။



တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ(တစည) ဗဟိုကော်မတီ ဥက္ကဋ္ဌက မန္တလေးတိုင်းအတွင်းရှိ ပါတီဝင်များနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲကို မေလ ၂၀ ရက်က ယူတိုးပီးယားခန်းမတွင် ပြုလုပ်ရာ မန္တလေးခရိုင်၊ ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်၊ ညောင်ဦးခရိုင်နှင့် မိတ္တီလာခရိုင်စသည်တို့မှ ပါတီဝင် ၄၅၀ ကျော် တက်ရောက်သည်။



“ပါတီအနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲကို ပြိုင်မယ်ဆိုရင်တော့ နိုင်အောင်လုပ်ရမယ်။ မျှော်မှန်းချက်ကို ထားရမယ်။ ဘာမဆို လုပ်လို့ရတယ်။ ၀င်မလား မ၀င်ဘူးလား ၀င်မယ်ဆိုရင်တော့ နိုင်အောင်လုပ်ဖို့ လိုတယ်။ ရပ်ကျေးကနေ မြို့ရွာ ခရိုင်တိုင်းအထိ စည်းရုံးရေးကို အရှိန်အဟုန်မြှင့် လုပ်ဆောင်ဖို့လိုပါတယ်” ဟု ပါတီ ဗဟိုကော်မတီဥက္ကဋ္ဌ ဦးသန်းတင်က ပြောသည်။



မြို့နယ်များတွင် ပါတီအမာခံများရှိရန် လိုကြောင်း အမာခံမစုစည်းနိုင်လျှင်တော့ သံသရာလည်နေမည်ဖြစ်ကြောင်းနှင့် ပါတီက မြို့နယ်ရပ်ကျေးကို အခြေခံဖွဲ့စည်း စည်းရုံးရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။



ထို့အပြင်ကျေးရွာများရှိ အလုပ်သမား၊ လယ်သမား၊ အမျိုးသမီးလူငယ်များအား ရွေးကောက်ပွဲကြေညာစာတမ်းပါ အချက်များကို အဆင့်ဆင့်ရှင်းပြရမည်ဖြစ်ကြောင်း၊ ပြည်သူကို ထိပ်ပေါ်တင်ပြီး တကယ်အောင်မြင်ချင်လျှင်တော့ တကယ်လုပ်နိုင်မှသာ တွေ့ကြုံနေသည့်အခက်များကို ကျော်လွှားနိုင်မည်ဖြစ်ကြောင်း ၎င်းက ထည့်သွင်းပြောဆိုသည်။



ဗဟိုကော်မတီဥက္ကဋ္ဌသည် ပါတီရုံးစိုက်ရာ ပြည်နယ်နှင့် တိုင်းများသို့လည်း သွားရောက်တွေ့ဆုံမည်ဟု ဆိုသည်။

from Mizzima - News in Burmese's Facebook Wall http://ift.tt/1m7nZbf

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...