Skip to main content

Posts

Showing posts from October 30, 2014

ငြိမ်းချမ်းရေးကောင်စီတပ်သားနှင့် ဒေသခံအချို့အား BGF ၀င်ရောက်ရိုက်နှက်ခဲ့

အောက်တိုဘာ ၃၀ရက်၊ ၂၀၁၄ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ မြ၀တီမြို့ တောင်ကလေး အေးရိပ်သာ ဘုန်းကြီးကျောင်း အနောက်ဘက်ခြမ်း မြေနီကုန်းတွင် နယ်ခြား စောင့်တပ် (BGF)အဖွဲ့ဝင်တစ်စုက ကရင်ငြိမ်းချမ်းရေး ကောင်စီ(KNU/KNLA PC) တပ်ဖွဲ့ဝင်နှင့် ဒေသခံ အချို့အား အောက်တိုဘာ ၂၅ရက် နေ့က ၀င်ရောက် ရိုက်နှက်ခဲ့သည်ဟု သိရသည်။ ထိုရိုက်နှက်မှုတွင် BGF အမှတ်(၁၀၂၂) တပ်ရင်းမှ ဗိုလ်ချင်းလုံ ဦးဆောင်သည့် ၁၀ဦးပါ အဖွဲ့က ယူနီဖေါင်းအပြည့်အစုံ ၀တ်ဆင် ကာ လက်နက်နှင့်တကွ ငြိမ်းချမ်းရေးကောင်စီတပ်ဖွဲ့ဝင် နေထိုင်ရာ အိမ်တစ်အိမ်သို့ ရောက်ရှိလာပြီး အိမ်ပေါ်ရှိ ငြိမ်းချမ်းရေး ကောင်စီ တပ်သား ၄ဦးနှင့် ဒေသခံ ၅ဦးတို့ကို ရိုက်နှက်ခဲ့ခြင်းဖြစ်သည်ဟု ငြိမ်းချမ်းရေးကောင်စီ ဗျူဟာ(၁)မှ တပ်သားစောဝင်း သိန်းက ကေအိုင်စီသို့ ပြောသည်။ “သူတို့က ကျနော်တို့နေတဲ့နေရာမှာ လက်နက်အစုံနဲ့ လာတယ်။ ကျနော်တို့ကို အရင်ဆုံး ဘာမှမမေးဘဲ အပြင်းအထန်ရိုက် တယ်၊ ကန်တယ်။ ရိုက်လို့ပြီးသွားမှ ကျနော်တို့ကို မေးတယ်။ ပြီးတော့ ကျနော်တို့လက်နက် ၂လက်ကိုသိမ်းပြီး တီဗွီ၊ စီဒီ အောက်စက်နဲ့ အခြားအိမ်သုံးပစ္စည်းအချို့တွေလည်း ယူသွားတယ်။ လက်နက်ကိုတော့ နောက်ပိုင်းမှာ ပြန်ပေးတယ်”ဟု စော ၀င်းသိန

ကရင်အမျိုးသားရဲတပ်ဖွဲ့ (KPF) ရဲမှူး ၁ ဦးအပါအ၀င် ၅ ဦး သတ်ဖြတ်ခံရ

အောက်တိုဘာ - ၃၁ - ၂၀၁၄ ကရင်အမျိုးသား အစည်းအရုံး KNU လက်အောက်ခံ ဒူးပလာယာခရိုင်က မြို့နယ်ဒုရဲမှူး တဦး အပါအ၀င် တပ်ဖွဲ့ဝင် ၅ ဦး ဒီလ ၂၃ ရက်နေ့က သတ်ဖြတ်ခံရတဲ့ အတွက် တာဝန်ရှိသူတွေကို အရေးယူပေးဘို့ ကျန်ရစ်သူ မိဘဆွေမျိုး သားချင်းတွေက တောင်းဆိုမှုတွေ လုပ်သွားမယ်လို့ သိရပါတယ်။ သေဆုံးသူတွေထဲက မိခင်ဖြစ်သူတဦးကတော့ ဒီအမှုနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေကို အရေးယူပေးဘို့ လုပ်ဆောင်သွားမှာဖြစ်တယ် အခုဖြစ်တာက ကိုယ့်အချင်းချင်း သတ်လို့သေရတာ ဖြစ်တယ်လို့ ပြောဆိုပါတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီးတော့ ကရင်အမျိုးသား အစည်းအရုံးက တာဝန်ရှိ သူတွေကတော့ တစုံတရာထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။ သတ်ဖြတ်ခံရတဲ့ ဆွေမျိုး သားချင်း တွေပြောတာ ကတော့ ဒီလ ၂၃ ရက်နေ့က တပ်စခန်းတခုမှာ ချုပ်နှောင်ခံရပြီးမှာ အဲဒီနေ့မနက် ၁၁ နာရီဝန်းကျင်လောက်မှာ သတ်ဖြတ်ခံရတာလို့ ဆိုပါတယ်။ သေဆုံးသူဒုရဲမှူးစောသိန်းဦး (၄၅)နှစ်ဟာ အဖဦးအောင်ထွေးကျော် ရဲ့ သားဖြစ်ပြီး (ထွီးမောင်ထို) ရွာဇာတိဖြစ်ပါတယ်လို့ သိရပါတယ်။ အဲဒီဒေသအတွင်းက ဒေသခံတွေကတော့ အခုဖြစ်တဲ့ဖြစ်ရပ်နဲ့ပတ်သက်ပြီး အတော့ကိုတုန်လှုပ်မိတယ်လို့ ပြောဆိုကြပါတယ်။ ကရင်အမျိုးသား(မီဒီယာ) http://ift.tt/1wrrVdU ပုံစာ - သ

IS တွေ​ရဲ့ အစု​လိုက် အပြုံ​လိုက် အသတ် ခံထား​ရ​တဲ့ ကျင်း ၂ ကျင်း အီ​ရတ်​မှာ တွေ့

အီရတ် အနောက်ပိုင်း အဲန်ဘာ ဒေသ ဟစ်ထ်ဆိုတဲ့ မြို့မှာ လူတွေ အစုလိုက် အပြုံလိုက် အသတ် ခံရပြီးနောက် မြှုပ်နှံ ထားခဲ့တဲ့ ကျင်းကြီး ၂ကျင်း ကို တွေ့ရပါတယ်။ အစွန်းရောက် အဖွဲ့ IS တွေကို ဆန့်ကျင် တဲ့ ဆွန်နီ တိုက်ခိုက်ရေး သမားတွေကို IS တွေက အနီးကပ် သေနတ်နဲ့ ပစ်သတ်ပြီး မြှုပ်နှံ ထားခဲ့တာ လို့ ယူဆ ရပါတယ်။ တချို့ သတင်းတွေ အရ ရုပ်အလောင်း ၄၆ လောင်း တွေ့ရတယ် လို့ ဆိုပေမယ့်၊ အလောင်း ၂၂၀ လောက်ထိ များတယ် လို့ ပြောနေတဲ့ သတင်းတွေ လည်း ထွက်ပေါ် နေပါတယ်။ အသတ် ခံခဲ့ရ သူတွေဟာ ဆွန်နီ ဘာသာဝင် အယ်လ်ဘူနီမား မျိုးနွယ်စုက ဖြစ်ပြီး၊ အီရတ် အစိုးရနဲ့ မဟာမိတ်ပြုကာ သူတို့နယ်ကို IS တွေ သိမ်းပိုက်စဉ် တွန်းလှန် ခဲ့ကြတာ ဖြစ်ပါတယ်။ ဘီဘီစီ (မြန်မာပိုင်း) http://ift.tt/1q6yxHG IS တွေက အစုလိုက် အပြုံလိုက် သတ်ခဲ့တယ်လို့ ယူဆရတဲ့ ကျင်းတွေ အီရတ်မှာ တွေ့။ from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1q6yuMf

မြန်မာနိုင်ငံသား ဒါရိုက်တာ ရိုက်ကူးသည့် ရုပ်ရှင်ကား ထိုင်ဝမ်တွင် အရောင်းစံချိန်တင်

ထိုင်ဝမ်ဦးစီးကျင်းပတဲ့ ၅၁ ကြိမ်မြောက် Golden Horse Awards ရုပ်ရှင်အကယ်ဒမီဆုမှာ ဒါရိုက်တာ Midi Z ရဲ့ “Ice Poison” ရုပ်ရှင်ကားဟာ အကောင်းဆုံး ဒါရိုက်တာ ဆုအဖြစ် ဇကာတင် ရွေးချယ်ခံ ထားရ ပါတယ်။ အသက် ၃၁ နှစ် ရှိပြီဖြစ်တဲ့ Midi Z ဟာ မြန်မာပြည်ဖွား လားရှိုးသားဖြစ်ပြီး ၁၆ နှစ် အရွယ်တည်းက ထိုင်ဝမ်မှာ ကျောင်းသွား တက်ခဲ့ တယ်လို့ သိရပါတယ်။ အကောင်းဆုံး ဒါရိုက်တာအဖြစ် ဇကာတင်ရွေး ချယ်ခံထားရတဲ့ Ice Poison ရုပ်ရှင်ကားကို မြန်မာ-တရုတ်နယ်စပ်မှာ သူသွားရောက် ရိုက်ကူး ခဲ့တယ်လို့ သိရပါတယ်။ ရုပ်ရှင်ပါ အကြောင်းအရာက တောရွာနေ တောင်သူတဦးက သူ့ဘဝတိုးတက်ရာ တိုးတက်ကြောင်းကို ရှာဖွေရင်း နောက်ဆုံးမှာ မရှုမလှ ဘဝဇာတ်သိမ်းရတဲ့ အကြောင်းပါ။ ဒါရိုက်တာကတော့ ဒါဟာ အချစ်ကား ၁ ကားအဖြစ် ရိုက်ခဲ့တာပါလို့ ပြောပါတယ်။ ထိုင်ဝမ်မှာရုံတင်တော့ လက်မှတ် ၁ သန်းကျော် အရောင်း စံချိန်တင်ခဲ့ တယ်လို့ သိရပါတယ်။ By ဒီဗွီဘီ http://ift.tt/1p9ciWT from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1xGVRzR

နိုင်ငံအကျိုး၊ အမျိုးသား အကျိုး စီးပွား ထိခိုက် နိုင်သည့် အတွက် ရွေးကောက်ပွဲ စနစ် မပြင်သင့် ကြောင်း NLD အမတ်များ ဆွေးနွေး

ရန်ကုန်၊ အောက်တိုဘာ ၂၈ နိုင်ငံအတွင်း ယုံကြည်မှု တည်ဆောက်နေသည့် ကာလဖြစ်သလို ဒီမိုကရေစီ ကူးပြောင်းရေးအတွက် ကြိုးစားနေသည့် အချိန်အတွင်း အချို့သော လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် မိမိနှင့်မိမိပါတီ နေရာရရေး ရည်ရွယ်ချက်ဖြင့် အချိုးကျကိုယ်စားပြု PR စနစ် တင်သွင်းမှုများ ရှိနေပြီး ယင်းမှာ ပြည်သူ နားမလည်သည့် စနစ်တစ်ခုဖြစ်ပြီး အမျိုးသား အကျိုးစီးပွားကို များစွာ ထိခိုက်နိုင်ကြောင်း အောက်တိုဘာလ ၂၈ ရက်နေ့က ပြုလုပ်သည့် ပြည်သူ့ လွှတ်တော် အစည်းအဝေး၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ကိုယ်စားလှယ်များက ဆွေးနွေးခဲ့သည်။ ရွေးကောက်ပွဲစနစ် လေ့လာသုံးသပ်ရေး ကော်မရှင်မှ တင်သွင်း လာသည့် ရွေးကောက်ပွဲစနစ် ရှစ်ခု အပေါ် ဆွေးနွေး ကြရာ၌ ထည့်သွင်း ပြောဆိုခဲ့ခြင်းလည်း ဖြစ်သည်။ ““၂၀၁၅ ရွေးကောက်ပွဲမှာ ၂၆ ရာခိုင်နှုန်းရရင် ၂၅ (တပ်မတော်သား ကိုယ်စားလှယ် အရေအတွက် ရာခိုင်နှုန်း)နဲ့ ပေါင်းရင် မဲအများစု ဖြစ်တယ်လို့ ကိုယ်စားလှယ်တစ်ဦးက ပြောသွားတာ သိလိုက်ရပါတယ်။ ဒီလို ရည်ရွယ်ချက်မျိုးနဲ့တော့ နိုင်ငံရဲ့အနာဂတ်ကို မဖန်တီးစေချင်ပါဘူး။ လွှတ်တော် သက်တမ်းတစ်ခုမှာ တာဝန် ယူခွင့်ရတဲ့ ကျွန်တော်တို့ ကိုယ်စားလှယ်များဟာ မိမိနှင့် မိမိပါတီ နေရာရဖို့

မြေယာမူဝါဒ မူကြမ်း TNI အဖွဲ့ ဝေဖန်

မြန်မာနိုင်ငံမှာ ဒီလအတွင်း အစိုးရက ချပြလိုက်တဲ့ မြေယာအသုံးချမှု မူဝါဒမူကြမ်းဟာ နိုင်ငံတွင်းနဲ့ နိုင်ငံခြားက ကုမ္ပဏီကြီးတွေ အတွက်သာ အကျိုးရှိမှာဖြစ်ပြီး၊ ပြည်တွင်းက သန်းနဲ့ချီတဲ့ ဆင်းရဲသား တောင်သူ လယ်သမားတွေ အတွက် မြေယာ ဆုံးရှူံးမှုတွေနဲ့ ရင်ဆိုင်ရမှာဖြစ်ကြောင်း ပညာရှင်အဖွဲ့ တစ်ဖွဲ့က ပြောပါတယ်။ နယ်သာလန်နိုင်ငံအခြေစိုက် TNI ခေါ် နိုင်ငံတကာရေးရာအဖွဲ့က မနေ့က သတိပေးပြောဆို လိုက်တာပါ။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာဝန်ကြီးဌာနက ဦးဆောင်ပြီး၊ မြေအသုံးချမှု အများဆုံးရှိတဲ့ ဌာန ၁၃ ခု ပါဝင်ရေးဆွဲခဲ့တဲ့ အဲဒီ မူဝါဒကြမ်းဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ အပေါ်မှာသာ ရည်ရွယ်အာရုံပြု ရေးဆွဲထားတာကြောင့်၊ လယ်သမားတွေအတွက် ဘဝအာမခံချက် ပေးမထားဘူးလို့ TNI က ဆိုပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး စီးပွားရေး အသွင်ကူးပြောင်းမှုကာလအတွင်း မြေယာပိုင်ဆိုင်မှုနဲ့ သုံးစွဲမှု ပြဿနာတွေဟာ အဓိက ပြဿနာဖြစ်လာပါတယ်။ အရင် စစ်အစိုးရ အဆက်ဆက်က မြေသိမ်း ယာသိမ်း ကိစ္စတွေက အခုအခါ မကျေနပ်မှုတွေ၊ ဆန္ဒပြတောင်းဆိုမှုတွေ ဖြစ်လာခဲ့ပါတယ်။ ဒါတွေဟာ ပေါက်ကွဲနိုင်တဲ့ လူမှုရေး မီးတောင်ကြီးဖြစ်ပါတယ်လို့ TNI ခေါ် နိုင်ငံတကာရေးရာအဖွဲ့က သတိပေးပါတယ်။ အခု

သမ္မတ၊ ကာချုပ်၊ လွှတ်တော်ဥက္ကဋ္ဌများနှင့် ပါတီခေါင်းဆောင်အချို့တွေ့ဆုံပွဲတွင် ငြိမ်းချမ်းရေး၊ အပစ်အခတ် ရပ်စဲရေးနှင့် ဒီမိုကရေစီရေးတို့ကို အဓိကထား ဆွေးနွေးမည်ဟုဆို

ရန်ကုန်၊ အောက်တိုဘာ ၂၉ ငြိမ်းချမ်းရေး၊ အပစ်အခတ် ရပ်စဲရေးနှင့် ဒီမိုကရေစီရေးတို့ကို အဓိကထား ဆွေးနွေးသွားမည် ဖြစ်ကြောင်း လာမည့် အောက်တိုဘာ ၃၁ ရက်နေ့၌ ပြုလုပ်မည့် သမ္မတ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ လွှတ်တော် ဥက္ကဋ္ဌ များနှင့် နိုင်ငံရေး ပါတီခေါင်းဆောင်များ တွေ့ဆုံပွဲတွင် ပါဝင်မည့် နိုင်ငံရေး ပါတီ ခေါင်းဆောင် အချို့က အောက် တိုဘာလ ၂၉ ရက် ညနေပိုင်းတွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။ အဆိုပါတွေ့ဆုံပွဲတွင် သမ္မတ ဦးသိန်းစိန်နှင့် ဒုသမ္မတနှစ်ဦး၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အော င်မြင့်၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဒုဥက္ကဋ္ဌ ဦးဌေးဦး၊ တိုင်းရင်းသား စည်းလုံးညီညွတ် ရေးပါတီ ဥက္ကဋ္ဌ ဦးသန်းတင်၊ ညီညွတ်သော တိုင်းရင်းသားများ မဟာမိတ်အဖွဲ့(UNA) မှရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ ဖက်ဒရယ် ဒီမိုကရေစီမဟာမိတ် အဖွဲ့( FDA) ခေါင်းဆောင် အမျိုးသား ဒီမိုကရေ စီအင်အားစု(NDF) ပါတီဥက္ကဋ္ဌ ဦးခင်

သမ္မတအိုဘားမား မြန်မာခရီးစဉ် ဆွေးနွေး

သမ္မတ အိုဘားမားဟာ မကြာခင်လာရောက်မယ့် သူ့ရဲ့ မြန်မာ ခရီးစဉ်အတွက် သမ္မတ ဦးသိန်းစိန်နဲ့ရော ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ ဖုန်းပေါ်ကနေ သီးခြားစီ ဆွေးနွေး ခဲ့ပါတယ်။ သမ္မတ ဦးသိန်းစိန်နဲ့ ဆွေးနွေးတဲ့ အထဲမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အကြောင်း၊ ရခိုင်ပြည်နယ်တွင်းက တင်းမာမှုတွေ ဖြေရှင်းနိုင်ဖို့အရေးနဲ့ လူသားချင်းစာနာမှု အခြေအနေတွေ အကြောင်း ပါဝင်တယ်လို့ အိမ်ဖြူတော်က သတင်းထုတ်ပြန်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးတဲ့အထဲမှာတော့ နောက်နှစ်ကျင်းပမယ့် မြန်မာရွေးကောက်ပွဲ အကြောင်း နဲ့ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ ပါဝင်တယ်လို့ သိရပါတယ်။ သမ္မတ အိုဘားမားဟာ အာဆီယံ ထိပ်သီးဆွေးနွေးပွဲနဲ့အတူ ဆက်တိုက်ကျင်းပမယ့် အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်မှာ ဖြစ်ပါတယ်။ သမ္မတ အိုဘားမားရဲ့ ၂၀၁၂ ခရီးစဉ်အတွင်းတုန်းကတော့ ရန်ကုန် တက္ကသိုလ်မှာ မိန့်ခွန်းပြောခဲ့ပါတယ်။ ဘီဘီစီ (မြန်မာပိုင်း) http://ift.tt/106bgPu သမ္မတ အိုဘားမား မြန်မာပြည် ထပ်လာမယ် from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/106bh63

လူသတ်မှု စွပ်စွဲခံရသူ မြန်မာ ၂ ယောက်ကို ထိုင်းရှေ့နေတွေ အမှုလိုက်မယ်

ထိုင်းနိုင်ငံ တောင်ပိုင်း ကော်တောင်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ယောက် အသတ်ခံရမှုမှာ စွပ်စွဲ ခံထားရတဲ့ မြန်မာ အလုပ်သမား နှစ်ယောက် အတွက် ထိုင်းရှေ့နေများ ကောင်စီက ရှေ့နေတွေက အခမဲ့ လိုက်ပါ ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ ဒီအမှုကို လိုက်ပေးဖို့ ထိုင်းရှေ့နေများ ကောင်စီက အယောက် ၂၀ ပါတဲ့ ကော်မတီ တစ်ရပ်ဖွဲ့စည်း ထားပြီး အဲဒီ ကော်မတီမှာ ဥက္ကဌနဲ့ အကြံပေး ပုဂ္ဂိုလ်က ၈ ယောက်၊ ရှေ့နေ ၁၂ ယောက် ပါဝင်ပြီး ခရီးစရိတ်ကအစ ရှေ့နေများ ကောင်စီကပဲ အကုန်အကျခံမယ်လို့ အဲဒီ ကော်မတီမှာပါတဲ့ ရှေ့နေ စူရဖုန်း ကောင်းကျန်ထွတ် က ပြောပါတယ်။ မြန်မာ အလုပ်သမား နှစ်ယောက် အတွက် အကျိုးဆောင်ပေးဖို့ မြန်မာ သံအမတ်က အပ်နှံတယ်လို့လည်း သူက ပြောပါတယ်။ လောလောဆယ်မှာ စွပ်စွဲခံ ထားရတဲ့ မြန်မာ နှစ်ယောက်က သူတို့ သတ်တာ မဟုတ်ဘူးလို့ ပြောတာကို အစိုးရ ရှေ့နေချုပ်ရုံးဆီ ကို စာပေးပို့ထားပြီး ရှေ့နေချုပ်ရုံးက တရားရုံးကို ဆက်တင်မတင် စောင့်ကြည့်နေတယ်လို့ ရှေ့နေ စူရဖုန်း ကောင်းကျန်ထွတ် က ပြောပါတယ်။ ဒီအမှုဟာ ထိုင်းနဲ့ မြန်မာ နိုင်ငံရဲ့ ဆက်ဆံရေး အဆင့်အထိ အရေးကြီးပြီး တရားမျှတ မှန်ကန်အောင် လုပ်ဆောင်ရမှာဖြစ်တယ် လို့လည်း သူက ဆိုပါတယ်။ နောက်ဆုံး အဖြေ ဘယ်လိုပဲထွက်လ

မြန်မာလူငယ်နှစ်ဦးကို သံရုံးကိုယ်စားလှယ်အဖွဲ့ ထပ်မံသွားရောက်တွေ့ဆုံမည်

ထိုင်းနိုင်ငံ ခိုတောင်းကျွန်း ခေါ် လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသားစုံတွဲ အသတ်ခံရမှုနဲ့ စွပ်စွဲ ဖမ်းဆီး ခံထားရတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ကို မြန်မာသံရုံး ဒုတိယစစ်သံမှူး ဦးဆောင်တဲ့ အထူး ကိုယ်စားလှယ် အဖွဲ့က မနက်ဖြန် ကော့စမွီ အကျဉ်းထောင်မှာ တတိယ အကြိမ်မြောက် သွားရောက် တွေ့ဆုံမယ်လို့ သိရပါတယ်။ မြန်မာသံရုံး ဒုတိယစစ်သံမှူး ဗိုလ်မှူးသန်းထွန်းအောင်၊ ရှေ့နေ ဦးအောင်မျိုးသန့်၊ MAT ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့က ဦးကျော်သောင်း အပါအဝင် အဖွဲ့ဝင် ၅ ဦးဟာ အမှုနဲ့ပတ်သက်ပြီး အချက်အလက်တွေ ထပ်မံရယူဖို့ အတွက် အခုလို သွားရောက် တွေ့ဆုံမှာ ဖြစ်ကြောင်း ကိုယ်စားလှယ် အဖွဲ့ဝင် MAT အဖွဲ့ရဲ့ ဒါရိုက်တာ ဦးကျော်သောင်းက ပြောပါတယ်။ "ကော့စမွီးကျွန်းအနီးနားက ကျွန်းတစ်ကျွန်းမှာ အဲဒီ့ကလေးတွေကို စဖမ်းစဉ်က အတူဖမ်းခံခဲ့ရတဲ့ အလုပ်သမား ၂ ယောက်ကို သူတို့ဆီကတဆင့် အချက်အလက်တချို့ကိုရယူတယ်၊ ညနေပိုင်းမှာလည်းပဲ အဲဒီ့ကလေးတွေရဲ့ အကြောင်းအရာ အခြေအနေကိုသိထားတဲ့ နောက်ထပ် အလုပ်သမား ၂ ယောက်နဲ့ တွေ့တယ်ပေါ့၊ မနက်ဖြန် ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ကို ကော့စမွီးအကျဉ်းထောင်မှာ သွားတွေ့ဖို့ရှိပါတယ်" မြန်မာ

ချိန်ခါမဟုတ် မိုးကြီးနိုင်ကြောင်း ဒေါက်တာထွန်းလွင် သတိပေး

အိန္ဒိယနိုင်ငံကို အခုရက်ပိုင်း ၀င်ရောက်ဖွယ်ရှိတဲ့ ဆိုက်ကလုန်း မုန်တိုင်းကြောင့် အချိန်အခါမဟုတ် မိုးရွာသွန်း နိုင်တဲ့ အတွက် စပါးရိတ်သိမ်းနေကြတဲ့ လယ်သမားတွေ သတိထားကြဖို့ မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင်က သတိပေးထားပါတယ်။ မိုးကြီးနိုင်လို့ လက်ရှိစပါးရိတ်သိမ်းချိန်ရာသီချိန်မှာ လယ်သမားတွေအနေနဲ့ အထူးသတိထားကြဖို့ ဦးထွန်းလွင်က အခုလိုပြောပါတယ်။ "လယ်သမားတွေကတော့ သတိထားရမှာပဲ၊ မွန်၊ ကရင်၊ တနင်္သာရီကတော့ တော်တော်ရွာတယ်၊ မြစ်ဝကျွန်းပေါ်၊ ရှမ်းပြည်နယ်နဲ့ ရခိုင်တို့ကတော့ မိုးက ကွက်ကြားလောက်ရွာတယ်၊ ရွာတော့ရွာတယ်၊ သတိတော့ထားရမှာပဲလေ၊ မိုးမိမခံနိုင်တဲ့ဟာတွေကတော့ ကြိုတင်မြန်မြန်ဆန်ဆန်လုပ်ဖို့နဲ့ အမိုးအကာအောက်ဖို့တော့ ဂရုစိုက်ရမှာပေါ့၊ တစ်ချက်မိလိုက်ရင် သွားမှာပဲ" အဲဒီဆိုင်ကလုန်းမုန်တိုင်းဟာ တစ်နာရီ မိုင် ၁၃၀ နှုန်းနဲ့ အိန္ဒိယနိုင်ငံ ဂူဂျာရက်ပြည်နယ်ကို ဦးတည်ဝင်ရောက်နိုင်ကြောင်း၊ မုန်တိုင်းရဲ့အရှိန်ကြောင့် မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင် ပြည်နယ်တွေအပါအဝင် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွေမှာ ချိန်ခါမဟုတ်မိုးကြီးနိုင်ကြောင်း ပြောပါတယ်။ ဒါ့အပြင် ဘင်္ဂလားပင်လယ်အော်အတွင်း လက်ကျန်

အီလက်ထရွန်နစ် စွန့်ပစ်ပစ္စည်းပြဿနာ

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။ from သစ်ထူးလွင် (သတင်းစာ၊ ဂျာနယ်နှင့် ရုပ်သံ) - Myanmar News Now http://ift.tt/1rXE3gl via IFTTT

မြန်မာ့ရုပ်သေးပွဲ ကမ္ဘာ့အလယ်တွင် ပေါ်လွင်ထင်ရှားတင့်တယ်

ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ကျင်းပမည့် ကမ္ဘာ့ရုပ်သေးပွဲတော်တွင် ထိုင်းနိုင်ငံ ယဉ်ကျေးမှု ဝန်ကြီးဌာန လက်ထောက် ညွှန်ကြားရေးမှူး Sirinchaya Guntiya ၏ ဖိတ်ကြားမှုဖြင့် မြန်မာ ကိုယ်စားပြု ထွေးဦး(မြန်မာ) ရုပ်သေးအဖွဲ့ သွားရောက်ကပြ မည်ဖြစ်သည်။ နိုင်ငံပေါင်း ၆၆ နိုင်ငံမှ ၁၁၄ အဖွဲ့ တက်ရောက် ကြမည်ဖြစ်ပြီး အာရှနိုင်ငံ ရှစ်နိုင်ငံမှ ၁၁ ဖွဲ့ပါဝင်မည် ဖြစ်သည်။ ပွဲတော်ကျင်းပရခြင်းမှာ နိုင်ငံအသီးသီးရှိ ရုပ်သေးအနုပညာရှင်တို့၏ ကိုယ်ပိုင်ယဉ်ကျေးမှုများကို ထုတ်ဖော်ပြသဖလှယ်ခွင့် ရရှိစေရန်ဖြစ်သည်။ ထွေးဦး(မြန်မာ)တည်ထောင်သူ ဦးခင်မောင်ထွေးက ''ဦးထွေးတို့ ဒီတစ်ခေါက် နိုဝင်ဘာ၂ ရက် ထိုင်းနိုင်ငံ ဗန်ကောက်မြို့မှာရှိတဲ့ တော်ဝင်အမျိုးသားပြဇာတ်ရုံမှာ မြန်မာနိုင်ငံကိုယ်စားပြုကပြမှာပါ။ မနှစ်က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ပွဲပြုလုပ်တော့ သူတို့ကဆက်သွယ်တယ်။ဖွင့်ပွဲမှာ အင်ဒိုနီးရှားသမ္မတတက်ရောက်မယ်။မိတ်ဆက်တဲ့အနေနဲ့ဖျော်ဖြေရမယ်ဆိုတော့ အခွင့်ရတုန်း ကိုယ့်မြန်မာ့ယဉ်ကျေးမှုကို ပြရမယ်ဆိုပြီး ဝမ်းသာသွားတာပေါ့။ဒါပေမယ့်လည်း တကယ်တမ်း လေယာဉ်လက်မှတ်ခက သိန်း ၃ဝ လောက်ကုန်ကျမယ်ဆိုတော့ ဦးထွေးတို့ မတတ်နိုင်တော့ဘူး၊ သူတို့ဘက်ကလည်

လွတ်တော်တွင် ကြက်ဆူပင်စီမံကိန်းဆိုင်ရာ မေးခွန်း လယ်/ဆည်ဒုဝန်ကြီးမဖြေနိုင်

ယခင်အစိုးရ လက်ထက်က စတင် အကောင်အထည် ဖော်ခဲ့သည့် ဆယ်နှစ် ကြာခဲ့ပြီ ဖြစ်သော ကြက်ဆူပင်စီမံကိန်းနှင့် ပတ်သက်သည့် ကြယ်ပွင့်ပြ မေးခွန်းကို အောက်တိုဘာ ၂၉ ရက်နေ့ပထမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ရေစကြိုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးအောင်က မေးမြန်းခဲ့ရာ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ဒုတိယ၀န်ကြီးက ပြန်လည်ဖြေကြား ရာတွင် မေးခွန်းနှင့် အဖြေကွာခြားနေ၍ ဝေဖန်မှုများ ရှိနေကြောင်း သိရသည်။ ယင်းစီမံကိန်းအတွက် နိုင်ငံတော်၏ အချိန်၊ ငွေကြေး၊ မြေယာ၊ အဆောက်အဦ၊ လုပ်အားများစွာ ရင်းနှီးအသုံးပြုခဲ့ပြီး ယခုအခါ ၁၀ နှစ်ခန့်ကြာမြင့်ပြီဖြစ်သောကြောင့် အဆိုပါကြက်ဆူပင်စိုက်ခင်းကြီးများ မည်မျှအောင်မြင်နေသည်၊ ကုန်ကြမ်း များမည်မျှစုဆောင်းသိုလှောင်ရရှိနေသည်၊ ကုန်ချော Bio ဒီဇယ်များကို ပြည်သူများ မည်မျှသုံးစွဲနေကြရသည် စသည်တို့ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့ မေးမြန်းခဲ့မှုအပေါ် ဒုဝန်ကြီးက လောင်စာဆီနှင့်ပတ်သက်၍ ပြည်သူများ၏အကျိုးစီးပွားမြှင့်တင်နိုင်ရန် ပြည်ပထွက်ငွေများလျော့ကျစေရန် အကြောင်းပြချက်ဖြင့် Bio ဒီဇယ်အတွက် ကြက်ဆူပင်စီမံကိန်းအား တနိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွ

သိမ်းဆည်းလယ်မြေ ပြန်ရရှိရေးဆန္ဒပြသူ ၄ ဦးကို ထောင်ဒဏ်တွေချမှတ်

ကရင်ပြည်နယ် ဘားအံနဲ့ လှိုင်းဘွဲ့မြို့နယ်မှာ သိမ်းဆည်း ခံထားရတဲ့ လယ်ယာမြေတွေ ပြန်လည်ရရှိဖို့ အတွက် ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ရက်နေ့က ဆန္ဒပြတောင်းဆို ခဲ့သူတွေထဲက ဦးဆောင်သူတွေ ဖြစ်တဲ့ ၈၈ ကရင်မျိုးဆက် ကျောင်းသား အစည်းအရုံး အဖွဲ့ဝင် ၄ ဦးကို တရားမဝင်စီတန်း လှည့်လည်ခြင်း ဆိုင်ရာ ပုဒ်မ ၁၈ နဲ့ ဘားအံမြို့နယ်တရားရုံးက မနေ့က ထောင်ဒဏ် ၄ လစီ ချမှတ်ခဲ့ပါတယ်။ ဆန္ဒပြရာမှာပါဝင်ခဲ့တဲ့ လယ်သမား ၆ ဦးကို ပုဒ်မ ၁၈ နဲ့ ငွေဒဏ် ၂ သောင်းစီ ပြစ်ဒဏ်ချမှတ်ခဲ့ပြီး ဦးဆောင်သူ ၄ ဦးကို ထောင်ဒဏ် ၄ လစီ ချမှတ်ခဲ့တာလို့ ၈၈ ကရင်မျိုးဆက် ကျောင်းသားအစည်းအရုံး ဥက္ကဌ ဦးစောမောင်ကြီးက ပြောပါတယ်။ "လယ်သမားတွေ လယ်ယာမြေ ပြန်လည်တောင်းဆိုတဲ့ကဏ္ဍဖော်ထုတ်တဲ့ကိစ္စနဲ့ပါ၊ ပုဒ်မ ၁၈ နဲ့ ၈၈ ကရင်မျိုးဆက် ကျောင်းသားအစည်းအရုံးအဖွဲ့ဝင် ၄ ဦးကတော့ ထောင်ဒဏ် ၄ လချတယ်၊ လယ်သမားတွေကျတော့ ဒဏ်ငွေ တစ်ယောက် ၂ဝဝဝဝ ပါ၊ အဲ့လို ထောင်ချနေရုံနဲ့ ကျနော်တို့က နောက်ဆုတ်သွားမှာမဟုတ်ဘူး၊ လယ်သမားတွေကလည်း အဲ့ဒီင်္အတိုင်းပဲ ပိုပြီးတော့ထကြွလာမှာပဲရှိတယ်၊ ထောင်ကျရုံနဲ့ အမှုကိစ္စတွေ ပြီးဆုံးသွားမယ်ဆိုရင်တော့ တစ်နိုင်ငံလုံးထောင်ချမှသာ အေးချမ်းသွားမှာ ထောင်မချပဲနဲ့ အဲ့ဒါတွေကို ဘယ်လ

ISIS ကို တိုက်မယ့် Iraq ကာ့ဒ် တွေ Kobani ရောက်ရှိ

ဆီးရီးယားမြောက်ပိုင်း ကိုဘာနီမြို့မှာ IS အစ္စလာမ်မစ် စစ်သွေးကြွတွေကို တိုက်ခိုက်နေတဲ့ ဆီးရီးယား ကာ့ဒ်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းမယ့် အီရတ်ကာ့ဒ်တပ်ဖွဲ့ဝင် ပထမအသုတ်ဟာ ကိုဘာနီမြို့ဆီ ရောက်သွား ကြပြီလို့ လှုပ်ရှားသူတွေ ကပြောပါတယ်။ အီရတ်နိုင်ငံ၊ ကာဒစ္စတန်ဒေသက peshmerga တပ်ဖွဲ့ဝင် ၁၀ ယောက်လောက်ဟာ တူရကီကနေ နယ်စပ်ဖြတ်ပြီး ကိုဘာနီမြို့ထဲ ၀င်သွားပြီလို့ ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး အခြေအနေ စောင့်ကြည့်လေ့လာရေး အဖွဲ့က ပြောပါတယ်။ တူရကီအစိုးရနဲ့ သဘောတူညီချက်အရ တပ်ဖွဲ့ဝင် ၁၅၀ လောက်ဟာ တူရကီနိုင်ငံထဲကနေ ဗုဒ္ဓဟူးနေ့က တရက်ကြာဖြတ်ပြီး ဆီးရီးယား နယ်စပ်ဆီ ရောက်သွားကြပါတယ်။ စက်တင်ဘာလလယ်ကတည်းက IS အဖွဲ့ရဲ့ ထိုးစစ်ကို ခုခံပြီး ကိုဘာနီမြို့ ကျ မသွားအောင် တိုက်ခိုက်နေတဲ့ ကာ့ဒ်တပ်ဖွဲ့တွေနဲ့ အဲဒီလက်နက်ကိုင်တွေ သွားပေါင်းမှာပါ။ ဆီးရီးယားလွတ်မြောက်ရေးတပ်ဖွဲ့က လက်နက်ကိုင် ၅၀ လောက်ပါတဲ့ အဖွဲ့တဖွဲ့ဟာ လည်း ဗုဒ္ဓဟူးနေ့တုန်းက ကိုဘာနီမြို့ဆီ ရောက်သွားကြပါတယ်။ ကိုဘာနီက ဆီးရီးယား ကာ့ဒ်လက်နက်ကိုင်တွေဟာ တူရကီက မတရားအသင်းအဖြစ် ကြေညာထားတဲ့ ကာဒစ္စတန် အလုပ်သမားပါတီနဲ့ အချိတ်အဆက်ရှိတာကြောင့် နိုင်ငံရဲ့ တပ်ဖွဲ့ဝင်တွေကို မလွှတ်ဘူးလို

ဘူကီနာဖာဆိုတွင် ဒေါသထွက်နေသည့် လူအုပ်ကြီးက ပါလီမန်ကို မီးတင်ရှို့

ဘူကီနာဖာဆိုနိုင်ငံတွင် ဒေါသထွက်နေသည့် လူအုပ်ကြီးက ပါလီမန်ကို မီးတင်ရှို့လိုက်ကြောင်း သိရသည်။ လက်ရှိသမ္မတ Blaise Campaore သည် တိုင်းပြည်ကို အုပ်ချုပ်လျက်ရှိ သည်မှာ ၂၇ နှစ်ရှိနေပြီ ဖြစ်သည်။ ၎င်းအား လာမည့် သမ္မတ ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ခွင့် ပြုသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တစ်ရပ်ကို ပါလီမန်က အတည်ပြုခဲ့ သည့်အတွက် လူအများက စိတ်ဆိုး ဒေါသ ထွက်ကာ ပါလီမန်ကို မီးတင်ရှို့သည် အထိဖြစ်လာရကြောင်း ဘီဘီစီသတင်း တစ်ရပ်တွင် ဖော်ပြထားသည်။ ဆန္ဒပြသူများသည် သမ္မတနန်းတော်သို့လည်း ချီတက်သွားကြပြီး ပင်မလေယာဉ် ကွင်းကြီး တစ်ကွင်း ကိုလည်း ပိတ်ထား လိုက်ကြောင်း သိရသည်။ ဆန္ဒပြပွဲအတွင်း လူငါးဦး သေဆုံးခဲ့သည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသည်။ အစောပိုင်းကမူ ပါလီမန်သို့ ဆန္ဒပြသူများ ၀င်ရောက်စီးနင်းစဉ် စစ်တပ်က ကျည် အစစ်များဖြင့် ပစ်ခတ်မှုများရှိခဲ့ကြောင်း သိရသည်။ သမ္မတ Blaise Campaore သည် ၁၉၈၇ ခုနှစ်အတွင်း အာဏာသိမ်းချိန်မှစတင် ၍ သမ္မတအဖြစ် တာဝန်ယူခဲ့ခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် မစ္စတာ Campaore မည်သည့်နေရာသို့ရောက်ရှိနေကြောင်း ရှင်းလင်းစွာ မသိရသေးပေ။ Ref:BBC စည်သူကျော်စွာ News Watch(စောင့်ကြည့်သတင်းဂျာနယ်) http://ift.tt/107l7UM