Skip to main content

Posts

Showing posts from January 16, 2015

သွေးအားကောင်းစေရန် အစားလည်းဆေး ဆေးလည်းအစာ စားပေးပါ

သွေးအားကောင်းအောင် သို့ တည်းမဟုတ် ဟေမိုဂလိုဗင် အားကောင်းအောင် စားသောက်သင့်သည့်အစားအစာများဘယ်လို့ စားသုံးသင့်သလဲဆိုရင် အဓိကတော့ သံဓာတ်ပါဝင်သည့် အစားသောက်များကို စားသုံးပေဖို့ ဘဲ ဖြစ်ပါတယ် ။ အသည်းတို့ အသားတို့ ဟာ သံဓာတ်အားကောင်းသည့် အစားအစာဖြစ်ပေမဲ့ အသီးအနှံဘဲစားချင်တယ် ကြိုက်တယ်ဆိုရင် ပဲအမျိုးမျိုးများကို စားသုံးပေးပါ ၊ အသီးအနှံတွေဖြစ်သည့် ထောပတ်သီး ၊ ဌက်ပျောသီး ၊ သခွား ၊ စတော်ဘယ်ရီ ၊ စပျစ် စသည့်အသီးနှံများကို စားပေးပါ ။ အစားသောက်အစုံစားတက်သူ့ အတွက်က တိုရ ခေါ် ပဲပင်ပေါက်ကို များများ ထည့်စားပေးပါ ။ လိမ္မော်သီး ၊ ကဗ္ဗလာအသီးတို့ ကို အရည်ဖျော်သောက်ပေးခြင်းနှင့် အစိတ်အပိုင်းများကို တွဲပြီးစားသောက်ပေးသင့်ပါတယ် ။ နို့ ထွက်ပစ္စည်းများကိုလည်း စားသောက်ပေးပါ ။ အသီးအရွက်ကိုစားချင်တယ်ဆိုရင် ကိုက်လန့်  ၊ ခရမ်းချဉ်သီး ၊ ဟင်းနုနွယ် ၊ မုန့် လာဥ ၊အာလူး ၊ ပြောင်းဖူး နှင့် ကန် စွန်းဥ များကို များများ စားသုံးပေးခြင်းဖြင့်လည်း သံဓာတ်အားကောင်းစေပြီး သွေးအားကောင်းစေပါတယ် ။ အဖန်ဓာတ်ပါသော အရည်များ သောက်သုံးခြင်းကို ရှောင်ရှားပေးပါ ။ အမျိုးသမီးများဓမ္မတာ လာသည့်အခါတွင် သွေးအားနည်းတက်သည့်အတွက် အသီးအနှံ နှင့် ပဲအမျိုး

Cholesterol ကိုလက်စထော

ကျမသွေးထဲမှာ အဆီနဲနဲများတယ်ဆရာ။ အသက်ကလည်း လေးဆယ်နားနီးနေပြီ။ ကျမသောက်သင့်လားရှင့်။ ဘယ်ချိန် သောက်ရင် ပိုပြီး သင့်တော်လဲဆရာ။ ဆရာဝန်တစ်ယောက်နဲ့ပြတော့ Aztor10 နဲ့ Betex ကို ညအိပ်ခါနီးမှာ သောက်နေရပါတယ်။ လူတိုင်းအသက် ၂ဝ ကျော်လာရင် Cholesterol levels (ကိုလက်စထော) အနည်း-အများစစ်တာကို ၅ နှစ်တခါ လုပ်သင့်တယ်လို့ သတ်မှတ်ထားတယ်။ Lipid profile လို့ ခေါ်တယ်။ ယောက်ျားဆို ၃၅ နှစ်ကျော်ရင်၊ မိန်းမဆိုရင် ၄၅ နှစ်ကျော်ရင် ပိုပြီးခပ်စိပ်စိပ် စစ်သင့်သေးတယ်။ စစ်ရင် - 1. LDL (low-density lipoprotein cholesterol) = Bad cholesterol 2. HDL (high-density lipoprotein cholesterol) = Good cholesterol 3. Triglycerides နဲ့ 4. Total Cholesterol တွေကိုသိရမယ်။ 1. LDL Cholesterol (ကိုလက်စထော) အဆိုး၊ • Less than 100 mg/dL = အကောင်းဆုံး၊ • 130 – 159 mg/dL = အကောင်း-အဆိုးကြား၊ • 160 – 189 mg/dL = မြင့်နေ၊ • 190 mg/dL and above = အတော်မြင့်နေ။ 2. HDL Cholesterol (ကိုလက်စထော) အကောင်း • 60 mg/dLနဲ့ အထက် ရှိသင့်တယ်၊ • ယောက်ျားတွေမှာ 40 mg/dLထက်နည်းပြီး၊ • မိန်မတွေမှာ 50 mg/dLထက်နည်းနေရင် နှလုံးရောဂါဖြစ်လာမှာစိုးရတယ်၊ • 60mg/dLထက

တစ်နေ့ကို လက်ဖက်ရည် လေးခွက် သောက်သူ များတွင် လေဖြတ်နိုင်ခြေ လျော့နည်း

လက်ဖက်ရည်ကြမ်း တစ်နေ့ကို လေးခွက်မျှ ပုံမှန် သောက်သုံးသူ များတွင် လေဖြတ် ဝေဒနာ ခံစားရနိုင်ချေ ၂၀% လျော့နည်း နိုင်ကြောင်း လေ့လာမှု တစ်ရပ်တွင် ဖော်ပြထားသည်။ သုတေသီများသည် ဆွီဒင် နိုင်ငံရှိ လက်ဖက်ရည် သောက်သုံးသူ များကို အထူးပြု လေ့လာခဲ့ပြီး ယင်းတို့သည် ဦးနှောက်တွင်း သွေးခဲ ပိတ်ဆို့မှုကြောင့် ဖြစ်ပွားရသော လေဖြတ် ဝေဒနာကို လျှော့ ချ ပေးနိုင်ကြောင်း ဖော်ထုတ် နိုင်ခဲ့သည်။ ယခုလေ့လာမှုကို ဆွီဒင်နိုင်ငံ၊ Karolinska Instituteမှ သိပ္ပံပညာရှင် များက ဦးဆောင် လေ့လာခဲ့ပြီး စတော့ ဟုမ်းမြို့ရှိ လူဦးရေ ၇၅၀ဝ၀ခန့်ကို လေ့လာခဲ့သည်။ အင်္ဂလန် တစ်နိုင်ငံ တည်းတွင်ပင် လေဖြတ် ဝေဒ နာကြောင့် သေဆုံးရသူ များမှာ နေ့စဉ်၂၀ဝဦးခန့် ရှိပြီး အများစုမှာ မသန်စွမ်း ဖြစ်မှုနှင့် ကြောက်ရွံ့စွာ နေထိုင်ရမှုများက ရှိရင်းစွဲ ဝေဒနာကို ပိုဆိုး စေသဖြင့် သေဆုံး ရသည်ဟု ယခုစာတမ်းတွင် ရေးသား ထားသည်။ လေဖြတ်သူ ဦးရေ၏ ၈၅%မှာ Ischaemic stroke ဟုခေါ်သည့် ဦးနှောက်တွင်းသို့သွားသော သွေးကြော များတွင် သွေးခဲ ပိတ်ဆို့ခြင်းနှင့် ဦးနှောက် သွေးလှည့်ပတ်မှု ပုံမှန် မဖြစ်ခြင်းကြောင့် ဖြစ်ပွားရ သည့် လေဖြတ်ခြင်းကို ခံစားရသည်။ ကျန် ၁၅%မှာံ Haemorrhagic stroke ဟုခေါ်သည့် ဦ

ညညချောင်းဆိုးရင်

လည်ချောင်း ယားပြီး ချောင်းဆိုး ခြင်းဟာ နေ့ခင်းဘက်မှာ ထိုင်လိုက်၊ ရပ်လိုက်မို့ မသိသာ ပေမယ့် အိပ်ရာထဲ ခန္ဓာကိုယ်ကြီးကို လှဲချပြီး အိပ်လိုက်တဲ့ အခါ တစ်နေကုန် ပင်ပန်းပြီမို့ အိပ်ချင်တဲ့ စိတ်က ကြီးစိုး နေပါတယ်။ ဒါပေမယ့် အချိန်မတော် တစ်ရေးနိုးထပြီး ချောင်းတ ဟွတ်ဟွတ်ဆိုး၊ ပြန်မအိပ်နိုင် ဖြစ်နေရတာ ကသိကအောက် ဖြစ်လှပြီး သူများတွေ အိပ်ကောင်း ချိန်မှာ ကိုယ်တစ်ယောက်တည်း မအိပ်နိုင်တဲ့အပြင် ချောင်းသံပေး အနှောင့် အယှက် ဖြစ်စေတာဟာ အဆိုးဝါးဆုံးလို့ ခံစားရမှာပါ။ ညညချောင်းဆိုးတာဟာ အလွန် စိတ်ပျက်စရာ ကောင်းလွန်းပါတယ်။ ညမအိပ်ခင် လည်ချောင်း မယားအောင်၊ ကသိကအောက် မဖြစ်အောင် လုပ်ပေးနိုင်မယ် ဆိုရင်တော့ ဒီပြဿနာ ပြေလည်သွားနိုင်မှာ ဖြစ်တယ်။ အောက်ဖော်ပြပါ အချက် ၈ချက်က သင့်ပြဿနာကို အလွယ်တကူ ဖြေရှင်း ပေးနိုင် ပါလိမ့်မယ်- (၁) မအိပ်ခင် ရေနွေးကြမ်း ပူပူလေးထဲ ပျားရည် ထည့်သောက်ပါ (နွယ်မျက် သစ်ပင် ဆေးဖက်ဝင် သတဲ့) မအိပ်ခင် လည်ချောင်းထဲရှိ ချွဲတွေ ရှင်းနေစေရန် ရေနွေးကြမ်းပူပူ လေးထဲကို ပျားရည် ထည့်သောက် ပေးပါ။ လက်ဖက်လို ကဖင်းပါတာကို မသောက်ချင်ဘူး ဆိုရင် ပူဒီနာလို မွှေးမြမြ ရနံ့ကောင်းတဲ့ အရွက်လေးသောက်၊ ဒါမှမဟုတ် ပင်စိမ်းရွက်လေး

အသက်ရှည်ချင်လျှင် အိမ်ထောင်ပြုပါ

သက်လတ်ပိုင်း ရောက်သည်အထိ တည်ငြိမ်သော သံယောဇဉ် နှောင်ဖွဲ့မှု ကင်းမဲ့ နေသူများသည် အရွယ် မတိုင်မီ သေဆုံးနိုင်သည့် အလား အလာများ ပိုမိုကြောင်း Duke တက္ကသိုလ် ဆေးပညာ ဌာန၏ လေ့လာမှုတွင် ဖော်ပြ ထားသည်။ Duke တက္ကသိုလ် သုတေသီများက သုတေသနပြုလုပ်ရန် အမျိုးသား၊ အမျိုးသမီး ၄၈၀၂ ဦးကို ခေါ်ယူခဲ့သည်။ ၎င်းတို့အားလုံးမှာ မြောက်ကာရိုလိုင်းနား တက္ကသိုလ်၏ နှလုံးလေ့လာ သင်ကြားမှု သင်တန်းကို တက်ဖူးသူများ ဖြစ်ကြ သည်။ ထိုသင်တန်းသည် ၁၉၄၀ ခုနှစ်များ တွင်မွေးဖွား ခဲ့သူများ၏ ကျန်းမာရေးကို ခြေရာခံစောင့်ကြည့် နေခဲ့သည့် သင်တန်း တစ်ခုလည်း ဖြစ်သည်။ လက်ထပ်ထိမ်းမြားမှု၏ သက်လတ်ပိုင်း အရွယ်အပေါ် အကျိုး သက်ရောက် ပုံကို လေ့လာ ခဲ့ကြသည်၊ သုတေသန ရလဒ်များကို လွှမ်းမိုးမှု ရှိလာမည့် ကိုယ်ရည် ကိုယ်သွေး ပြဿနာများ၊ လူမှု စီးပွားရေး အခြေအနေ တို့နှင့် ကျန်းမာရေးနှင့် မညီညွတ်သော အပြုအမူ စသည့် အချက်များကို ထိန်းချုပ် စစ်ဆေးမှုများ ပြုလုပ်ပြီးမှ သုတေသနတွင် ပါဝင်ရန် ရွေးချယ် ခဲ့ခြင်း ဖြစ်သည်။ သုတေသနတွင် တွေ့ရှိချက်အရ တစ်ကြိမ်တစ်ခါမျှ လက်မထပ်ဖူး သူများသည် လူရွယ်ဘဝမှ စ၍ ခိုင်မာသော ချစ်သံယောဇဉ် ထူထောင်လာ ခဲ့သော ဇနီးမောင်နှံ များထက် အရွယ်မတိုင်မီ သေဆုံးရန် နှ

ရှောက်သီး၏ တန်ဖိုး

ရှောက်သီး (Lemon)သည် အချဉ်ဓါတ် ပါသော အသီးများ အုပ်စု (Citrus Fruit) တွင် ပါဝင်သည်။ Citrus Fruit အုပ်စုတွင် လိမ္မော်၊ သံပရို၊ သံပရာနှင့် ဂရိတ် ဖရုသီး များလည်း ပါဝင်ပါသည်။ ရှောက်သီးသည် ပြည်တွင်းတွင် ဖူလုံစွာ စားသုံး နိုင်ရုံ သာမက ပြည်ပသို့လည်း တင်ပို့နေသော ဈေးကွက်ဝင် အသီး တစ်မျိုးလည်း ဖြစ်ပါသည်။ ရှောက်သီးကို အိန္ဒိယပြည် အနောက် မြောက်ပိုင်း ဒေသတွင် စတင် တွေ့ရှိရပြီး ရှေးနှစ်ပေါင်းများစွာ ကတည်းက အရှေ့တောင် အာရှမှာ စိုက်ပျိုးခဲ့ ပါတယ်။ ၁၂ ရာစု၊ ၁၃ ရာစု လောက်မှာ ဥရောပ နိုင်ငံများသို့ ရောက်ရှိခဲ့ပါသည်။ မြန်မာပြည်တွင် အပူပိုင်းဒေသများ၌ အများဆုံး စိုက်ပျိုးလာကြပြီ ဖြစ်ပါသည်။ လူအများစုသည် ရှောက်သီးနံ့ကို သဘောတူပြီး ဟင်းပွဲများတွင် ထည့်သွင်း အသုံးပြုလာကြ သကဲ့သို့ ဆေးဘက်ဝင် အသီးတစ်မျိုး အဖြစ်လည်း အသုံးပြုကြပြီ ဖြစ်ပါသည်။ ရှောက်ရည်တွင် Citric Acid ၅%ခန့် ပါဝင်ပါသည်။ ဗီတာမင်စီ (Vitamin C)လည်း အလွန် ကြွယ်ဝသည့် အပြင် ဗီတာမင်ဘီ၊ ကယ်လဆီယမ်၊ ဖော့စဖရပ်၊ မဂ္ဂနီဆီယမ် ကဲ့သို့သော သတ္တုများ သာမက ပရိုတင်းနှင့် ကာဗိုဟိုက်ဒရိတ် ဓာတ်များလည်း ပါဝင်ကြောင်း သိရပါသည်။ ၄င်းအပြင် ယခုအခါ ဖိုလိတ် (Folate) နှင့် အမျှင်ဓာတ်

ပုံမှန်အနှိပ်ခံခြင်းအားဖြင့်ရရှိစေနိုင်သည့်အကျိုးကျေးဇူး

ရောဂါဖြစ်လာရင် သာမန်ဆေးကုသမှုတစ်ခုတည်းနဲ့ မလုံလောက်နိုင်ပါဘူး။ စိတ်ကြောင့် ရောဂါပိုတိုး ရသလို စိတ်ကြောင့် ရောဂါသက်သာသွားတာတွေ ကျွန်မတို့ပတ်ဝန်းကျင်မှာ အများကြီးတွေ့နေရပါတယ်။ ဒီလိုစိတ်ဖိစီးမှုတွေကို လျော့ကျစေ နိုင်ဖို့အတွက်ပုံမှန်အနှိပ်ခံပေးဖို့လိုအပ်ပါတယ်။နည်းစနစ်တကျ ပုံမှန်အနှိပ်ခံပေးခြင်းအားဖြင့် ရရှိစေနိုင်တဲ့ အကျိုးကျေးဇူး တွေကတော့- စိတ်ဖိစီးမှုကိုလျော့ကျစေတယ် စိတ်ဖိစီးမှုကို ရေရှည်ခံစားရ တာကြောင့် လူ့ခန္ဓာကိုယ်နဲ့ စိတ် ပိုင်းဆိုင်ရာမှာ ဆိုးဆိုးရွားရွားဖြစ် စေနိုင်ပါတယ်။ အနှိပ်ခံတာကြောင့် စိတ်ဖိစီးမှုကို လျော့ပါးစေပြီး စိတ်ဖိစီးမှုနဲ့ဆက်စပ်နေတဲ့ ခေါင်း ကိုက်ခြင်း၊ သွေးတိုးခြင်းတွေကို သက်သာသွားစေပါတယ်။ နာတာ ရှည်ခေါင်းကိုက်တာနဲ့ သွေးတိုး ရောဂါတို့ဖြစ်တဲ့အခါမှာ ပုံမှန်ဆေး ကုသမှုနဲ့အတူ အနှိပ်ခံပေးပါ။ စိတ်ကျန်းမာရေးကို ကောင်းစေတယ် အနှိပ်ခံတဲ့ကုထုံးဟာ စိတ်ဖိစီးမှုပူပင်သောကနဲ့ စိတ်ဓာတ်ကျတဲ့လက္ခဏာတွေကို လျာ့ပါးစေသလို အထွေထွေ စိတ်ကျန်းမာရေးကိုလည်း အားကောင်းစေတယ်လို့ လေ့လာမှုများအရသိရပါတယ်။ နာကျင်ကိုက်ခဲမှုကိုပြေပျောက်စေတယ် နာကျင်ကိုက်ခဲ့တဲ့ဝေဒနာက လူတစ်ယောက်ရဲ့ ဘဝအရည်အသွေးကို ဆိုးဆိုးရွားရွားထိခိုက်စေ

တစ်နေ့ ၁၀ နာရီ ထက် အလုပ်လုပ်ပါက နှလုံးကို ထိခိုက်စေနိုင်

တစ်နေ့တွင် အလုပ်ချိန် ၁၀ နာရီနှင့် အထက် အလုပ်လုပ်သူ များသည် နှလုံးကို ထိခိုက်စေပြီး ပုံမှန် ၇ နာရီ အလုပ်လုပ်သူ များထက် ရုတ်တရက် နှလုံးခုန်ရပ်ခြင်း အပါအဝင် ပြင်းထန်သော နှလုံးရောဂါ ဆိုင်ရာ ပြဿနာများ ပိုမိုခံစားရမည်ဟု သုတေသီများက ပြောဆိုခဲ့ကြသည်။ ဗြိတိသျှ အရပ်ဘက် ဝန်ထမ်း ၆၀၀၀ ကို ၁၁ နှစ်အကြာ သုတေသန ပြုမှုကြောင့် အချိန်ကြာမြင်စွာ အလုပ်လုပ်ခြင်းသည် နှလုံး သွေးကြောပိတ် ရောဂါနှင့် ဆိုင်သော ပြဿနာ များကို ဖြစ်ပွားစေသည် ဟူသော အဖြေကို ခိုင်ခိုင်မာမာ ပြဆိုနိုင်ခဲ့သည်။ အချိန်ကြာမြင်စွာ အလုပ်လုပ်ခြင်းနှင့် နှလုံးရောဂါ ဖြစ်ပွားမှု မည်သို့ မည်ပုံ ဆက်စပ်သည်ကို ရှင်းရှင်းလင်းလင်း မသိရှိရ သေးသော်လည်း အလုပ်အတွင်း ဖြစ်ပေါ်လာသော စိတ်ဖိစီးမှုများကြောင့် ဖြစ်နိုင်သည်ဟု ပါရဂူတို့က ကောက်ချက် ချခဲ့သည်။ လန်ဒန် အခြေစိုက် သုတေသန အဖွဲ၏ အဆိုအရ ၎င်းတို့၏ သုတေသနပြုမှု အတွင်း ရုတ်တရုက် နှလုံးခုန် ရပ်ခြင်းနှင့် ရင်ဘတ် စူးအောင့်ခြင်းများ အပါအဝင် နုလုံးရောဂါကြောင့် သေဆုံးမှု ၃၆၉ ခုရှိရာ သတ်မှတ် အလုပ်ချိန်ထက် ၃ နာရီမှ ၄ နာရီ အချိန်ပို အလုပ်လုပ် သူများအဖို့ အဆိုပါ နုလုံးရောဂါ၏ ဆိုးကျိုး အန္တရယ်များ သက်ရောက်ရန် ပုံမှန်ထက် ၆၀ရာခိုင်နှု

ဆေးစွမ်းတစ်ချက် ရှီးပတီး(ခေါ်) ဆောင်းပိုးနွေမြက်

ကချင်ဘာသာစကားဖြင့် တံတိုင်ရု Tungtai ruတွင် တုံ Tung မှာ ပိုးကောင်၊ တိုင် Tai မှာ ဖြစ်ခြင်း၊ ရု RU မှာ ရှင်သန်ရာနွယ်ဟု တစ်လုံးချင်း သီးခြား အဓိပ္ပာယ်ရသည်ဖြစ်ရာ မြန်မာဘာသာစကားဖြင့် ဆေးပိုးနွယ်ရှင်(သို့) ပိုးဆေးနွယ်ရှင်ဟု စာပေဆန်ဆန် ရေးသားရသော်လည်း တိဘက်ဒေသအခေါ် ရှီးပတီး Shae- pa- deဟုသာ အခေါ်များ အသိများကြ၏။ ဆောင်းရာသီ၌ ပိုးကောင်၊ နွေရာသီ၌ မြက်ပင်သဏ္ဍာန်ရှိ၍ သုတေသီအချို့က Winter-worm, summer- grass ဟု မှတ်သားကြရာမှ ‘ဆောင်းပိုးနွေမြက်’ ဟု အမည်တွင်ပြန်သည်။ စင်စစ် ရုက္ခဗေဒ အခေါ်အားဖြင့် Cordyceps sinensis သာဖြစ်သည်။ အီတလီနိုင်ငံမီလန်တက္ကသိုလ်မှဇီဝဗေဒပညာရှင်Alssandroboesi၏ လေ့လာမှုအရ ရှီးပတီးသည် ကပ်ပါးမှိုတစ်မျိုးဖြစ်ပြီး Clavicipitaceae မျိုးရင်းတွင် ပါဝင်ကြောင်း မှို၏စပိုးခေါ် မျိုးမှုန်များသည် တချို့သော ဖလံမျိုးစိတ်များ Hepialus spp, hepai-lidae, Lepidoptera များ၏ ကိုယ်တွင်း၌ကူးစက်ပေါက်ဖွားခြင်းဖြင့် ရှီးပတီး ဖြစ်လာကြောင်း သုတေသနပြု တင်ပြခဲ့ပေသည်။ အဆိုပါဖလံမျိုးနှင့်မှိုများသည်တရုတ်ပြည်သူ့တမ္မတနိုင်ငံ၊အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတွင် မြောက်ဘက်စွန်း အမြင့်ပေ(၁၂၀၀၀)ခန့်ရှိ တောင်ပေါ် ထင်းရှူးတောမြက်ခ

ကြိုတင်ရှောင်ရှား ရောဂါမများ

အမြင်အာရုံမျက်လုံးနှင့် အကြောပိုင်းဆိုင်ရာအားနည်းခြင်းရောဂါဝေဒနာကို လူအများ တိုးတက်ဖြစ်ပေါ်လာနေသည့် အတွက်အသိပေး တင်ပြခြင်းဖြစ်ပါသည် ။ ကျန်းမာရေး အသိတွေရတော့ ရှောင်သင့်တာကိုရှောင်လိုက်ခြင်းဖြင့် ရောဂါများ များပြားလာခြင်း သို့ တည်းမဟုတ် တိုးပွားနိုင်လာခြင်း လျှော့နည်းပါလိမ့်မည် ။ မြို့ ပြတောရွာမကျန် အိုင်တီခေတ်ကြောင့် နည်းပညာနှင့် အသုံးဆောင်ပစ္စည်းတွေ သုံးစွဲမှု့ မြင့်မားလာခြင်းနှင့် အတူ မသိမသာ သုံးစွဲသူ လူတစ်ယောက်တွင် ကျန်းမာရေးဆိုင်ရာ တစ်ချို့ တစ်လေ အားနည်းလာပါတယ် ဒါကလဲ သတိမထားမိတော့ မဖြစ်ဘူးလို့ ထင်နေကြမှာပါ ။ တစ်ချို့ မိဘတွေ ကိုယ့်ကလေးငယ်ငယ်လေးတွေကို MP-4 နှင့် တစ်ခြား အိုင်တီခေတ်ပစ္စည်းများကို ပေးကိုင်ခိုင်းခြင်း ပြု့ လုပ်စေပါတယ် တကယ်တမ်းမှာ ရုပ်မြင်စေသည့် ဖန်ပြားပြင်သည့် နုနယ်သော ကလေးတွေမှာ ကြာလာသည့်နှင့် အမျှ အမြင်အာရုံကို ချိုးတဲ့ ထိခိုက်စေပါသည် ။ ခေတ်ကာလအတွင်းက အရွယ်ရောက် ယောင်္ကျားလေးများနှင့် မိန်းကလေးများတို့ သည့် မိမိလက်ကိုင်ဖုံးမှနေပြိး အင်တာနက်ကို အချိန်ကြာမြင့်စွာ တစိုက်မတ်မတ် သုံးစွဲလာကြပါတယ် အဲလို့ အမြင်ကို ကျန်းမာရေးအရ ပြောရရင် မကောင်းပါဘူး လူ့ ခန္ဓာကိုယ့် ကြာလာသည့်နှင့်အမ

ညမအိပ်စက်မိ လက်ကိုင်ဖုန်းနှင့် တက်ဘလက် သုံးသူများ သတိထား

ညဘက်များတွင် လက်ကိုက်ဖုန်းနှင့် တက်ဘလက် ကွန်ပျူတာသုံးသူများ အိပ်စက်ခြင်းနှင့် ပတ်သက်၍ အနှောင့်အယှက်ဖြစ်လာနိုင်ပါသည် ။ သင်သည် ညမအိပ်မီ လက်ကိုင်ဖုန်းနှင့် တက်ဘလက်များသုံးလျှင် မျက်စိမှ ၁၂ လက်မခန့်  အကွာအဝေးတွင် ထားရှိပြီး အသုံးပြု့ သင့်ကြောင်းကို သုတေသီများကလည်း အကြံပြု့ ထားပါသည် ။ ညဖက်တွင် အသုံးပြု့ နေသော အိုင်တီပစ္စည်းများ၏ မျက်နှာပြင်မှ အလင်းတန်းများကြောင့်ဖြစ်ပါတယ် ။ မျက်စိအမြင်အာရုံကို အယ်လ်အီးဒီမီးရောင်ရိုတ်ခတ်သဖြင့် လူကို အိပ်ပျော်စေသည့် မေလာနင်ဟိုမုန်းဓာတ်ကို ပျက်ပြယ်သွားစေပြီး အိပ်ချင်စိတ်ပျောက်သွားတက်ပါသည် ။ လူတစ်ယောက်သည့် အိပ်ချင်စိတ်ပျောက်သွားခဲ့လျှင် မျက်စိကြောင်ခြင်းနှင့်အတူ အိပ်စက်ခြင်းမရတော့ပါ ။ထိုကဲ့သို့ အိပ်စက်ခြင်းပျောက်လာသည့် ညအချိန်များစွာ ဖြစ်လာခဲ့လျှင် လူ့ ကျန်းမာရေးကို ဆိုးရွားစွာ ဖြစ်ပေါ်လာနိုင်ပါသည် ။ အိပ်ရေးပျက်လျှင် ရေရှည်တွင် အဝလွန်ရောဂါနှင့် ဆီးချို ၊ နှလုံး ၊ စိတ်ကျရောဂါများ အစ လူကြီးများတွင် လေဖြစ်ရောဂါအထိ ရရှိနိုင်ပါသည် ။ ဒါကြောင့် သင်သည်မဖြစ်မနေ အိုင်တီပစ္စည်များကို ညပိုင်း အိပ်စက်ခြင်း မပြု့ မိ အသုံးပြု့ လေ့ရှိလျှင် မျက်စိမှ ၁၂ လက်မခန့်  အကွာအဝေးတွင် ထ