Skip to main content

Posts

Showing posts from October 23, 2014

ပါးစပ်အတွင်း အနံ့ဆိုး ကင်းစင်စေဖို့နဲ့ သွားကျန်းမာရေးအတွက် သိကောင်းစရာ (အပိုင်း ၂)

အပြုံးပန်းတွေ ထာဝစဉ်ပွင့်နိုင်ဖို့ နဲ့ ပါးစပ်တွင်းမှာ ဖြစ်တတ်တဲ့ရောဂါတွေနဲ့ အလှမ်းဝေးနိုင်ဖို့ သွားကျန်းမာရေးကို အထူးဂရုပြုဖို့လိုသလို ခံတွင်းပိုင်းကိုလည်း အမြဲတမ်း ဂရုစိုက်၊ သန့်စင်ပေးနိုင်ဖို့လိုပါတယ်။ မိမိရဲ့ လွဲမှားတဲ့ သို့မဟုတ် သတိနည်းပါးတဲ့ အပြုအမူ တချို့ကြောင့်လဲ ခံတွင်းနာကျင်မှုပြဿနာတချို့ကို ရင်ဆိုင်ရတတ်ပါတယ်။ ကြုံလာရတဲ့ ဒီအခက်အခဲပြဿနာတွေကို ဘယ်လို ဖြေရှင်းမယ်ဆိုတာနဲ့ သတိတရား ဘယ်လိုထားကြမယ်လဲဆိုတာ အပိုင်း (၁)မှာ ဖော်ပြထားပြီး ဖြစ်သလို ထပ်မံသိသင့်တဲ့အချက်တွေကိုတော့ ခုလို အပိုင်း (၂) မှာ ဖော်ပြပေးလိုက်ပါတယ်နော်။ ခံတွင်းမှ အနံ့ဆိုးထွက်ခြင်း ပါးစပ်ထဲမှာ ဘက်တီးရီးယားတွေ သန်းနဲ့ချီ ရှိနေပါတယ်။ ဘက်ဘီးရီးယားတွေ ဝင်ရောက် နေရာယူလိုက်ပြီဆိုရင် ခံတွင်းအနံ့ဆိုး ထွက်စေပါတယ်။( ဖြစ်တတ်တာက မနက်အိပ်ရာမှ နိုးလာချိန်ပါပဲ။ ဒါကလည်း ညအချိန်မှာ တံတွေးထုတ်လုပ်မှု လျော့နည်းလို့ ဖြစ်ပေါ်လာတာပါ။ ခံတွင်းခြောက်တာဟာ ပါးစပ်အနံ့ဆိုးထွက်ခြင်းရဲ့ အဓိက အကြောင်းရင်း တစ်ခုဆိုပေမဲ့ တခါတရံ ခန္ဓာကိုယ်ရဲ့ ဇီဝအရ ဖြစ်တတ်တဲ့ သဘောသဘာဝသာဖြစ်ပါတယ်။ တချို့ရဲ့ခန္ဓာကိုယ်မှာ ဆာလဖာ ထုတ်လုပ်တဲ့ ဘက်တီးရီးယားပိုတွေ များစေတာကြောင့် ခံတွင

မူးယစ်သောက်စားပြီး ဆိုင်ကယ်မဆင်မခြင် မောင်းနှင်သောကြောင့် ယာဉ်ကြောမှားယွင်း ၀င်တိုက်ကာသေဆုံး

သထုံ အောက်တိုဘာ ၂၃ သထုံမြို့နယ်၊ မိုးကောင်းကျေးရွာ၊ ရန်ကုန်-သထုံ အဝေးပြေးလမ်းမပေါ်တွင် အရက်သေစာ သောက်စားပြီး ဆိုင်ကယ် မဆင်မခြင် မောင်းနှင်သောကြောင့် တစ်ဖက်ယာဉ်ကြောမှ ၁၂ ဘီး ကုန်တင်ယာဉ်အား ၀င်ရောက် တိုက်မိကာ ဆိုင်ကယ်မောင်းနှင်သူ သေဆုံးခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာလ ၂၂ ရက်၊ ညနေ ၅ နာရီခွဲ အချိန်ခန့်က အရက်သေစာ သောက်စားထားပြီး ဆိုင်ကယ်စီး ဦးထုပ်မဆောင်းဘဲ ဘီးလင်းမှ သထုံဘက်သို့ သထုံမြို့နယ်၊ တောကြီးကျေးရွာအုပ်စုတွင် နေထိုင်သော မြင့်ဝင်းဆိုသူ မောင်းနှင်လာသည့် ဆိုင်ကယ်မှာ မိုးကောင်းကျေးရွာအုပ်စု၊ ရန်ကုန်-သထုံ ကားလမ်းမိုင်တိုင်အမှတ် (၁၃၆/၂) နှင့် (၁၃၆/၃)အကြားတွင် ယာဉ်ကြောမှားယွင်း ၀င်ရောက်ပြီး တစ်ဖက် ယာဉ်ကြောမှ ယာဉ်မောင်း မျိုးသိန်းဌေး မောင်းနှင်လာသည့် ၁၂ ဘီး ကုန်တင်ယာဉ်အား ၀င်ရောက်တိုက်မိရာ ဆိုင်ကယ်မောင်းသူမှာ ဒဏ်ရာပြင်းထန်စွာရရှိပြီး နေရာတွင် သေဆုံးသွားခဲ့သည်။ အဆိုပါ ယာဉ်မဆင်မခြင် မောင်းနှင်သူ မြင့်ဝင်းအား သိမ်ဆိပ်နယ်မြေရဲစခန်းမှ ဒုရဲအုပ် နေမျိုးသန့် ကတရားလိုပြုလုပ်ကာ ယာဉ်(ပ)၃၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။ MOI Webportal Myanmar http://ift.tt/1ouhij1 fr

ဘန်ကောက်တွင် မြန်မာအလုပ်သမားများထံ ငွေလိမ်ခဲ့သည့် ကုမ္ပဏီကို ၀င်ရောက်စီးနင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မြန်မာ အလုပ်သမား တွေဆီက ဘတ်ငွေ သန်းပေါင်း ၃၀ နီးပါး လိမ်လည်ခဲ့တဲ့ ကုမ္ပဏီကို သက်ဆိုင်ရာ စစ်တပ်နဲ့ ရဲတွေက ၀င်ရောက် ဖမ်းဆီး ခဲ့ပါတယ်။ ထိုင်းနိုင်ငံ စီးပွားရေး ဆိုင်ရာ ဒုစရိုက်မှုနှိမ်နင်းရေး ဌာနက တာဝန်ရှိ ရဲတပ်ဖွဲ့ဝင်နဲ့ မြန်မာ အလုပ်သမားကူညီရေးအဖွဲ့အစည်းက ကိုယ်စားလှယ်တွေ ပါဝင်တဲ့ အင်အား ၃၀ နီးပါးဟာ ဘန်ကောက် ဖလမ်းဆောင်နယ်မြေ ဒီကေအိမ်ယာမှာရှိတဲ့ စန်ကျောက်ပင်း (Sun Jao Ping) ကုမ္ပဏီကို အောက်တိုဘာ ၂၃ ရက် ညနေ ၃ နာရီလောက်မှာ ၀င်ရောက်စီးနင်းခဲ့တာ ဖြစ်ပါတယ်။ ဒီစီးနင်းမှုမှာ မြန်မာနိုင်ငံသား ကုမ္ပဏီဝန်ထမ်းတွေအပါအ၀င် ၁၅ ဦးကို ကုမ္ပဏီရောင်း ကုန်ပစ္စည်းတွေနဲ့ အတူ ဖမ်းထားတယ်လို့ တွဲလက်ညီအလုပ်သမားအဖွဲ့ဝင် ကိုကျော်လင်းဦးက ဒီဗွီဘီကို ခုလို ပြောပြပါတယ်။ “တာဝန်ရှိတဲ့ ၀န်ထမ်းတွေနဲ့အတူ ကျနော်ပါ ပါသွားပါတယ်ခင်ဗျ။ တာဝန်ရှိသူတွေက ကုမ္ပဏီထဲဝင်ပြီး ဘယ်သူမှထွက်ပြေးလို့မရအောင် တံခါးပိတ်လိုက်တယ်။ အထဲက ၀န်ထမ်းတွေကို စစ်ဆေးမေးမြန်းတယ်။ ရုံးခန်းထဲက စာရွက်စာတမ်းတွေ ၊ ကွန်ပြူတာ၊ ရောင်းကုန်ပစ္စည်းတွေ ပက်ပ်စီ ဘီယာတွေရော အားလုံးကို သိမ်းဆည်းလိုက်ပါတယ် ၊ အားလုံး ၁၅ ယောက်၊ မြန်မာက ၁၃ ယောက် အဓိကက ကိုလေ

ISIS အဖွဲ့ခေါင်းဆောင် သည် CIA အဖွဲ့ဝင်ဖြစ်ကြောင်း ချေချင်ညာ ခေါင်းဆောင် ပြောကြား

ဂရိုဇနီ ၊ ၂၄-၁၀-၂၀၁၄ အဘူဘာကာ အယ်လ် - ဘက်ဒါဒီ အဖြစ် လူသိများသော အစ္စလာမ်မစ် စစ်သွေးကြွ ခေါင်းဆောင် အီဘရာဟင် ဆမာရီ သည် အမေရိကန် ဗဟို ထောက်လှမ်းရေး အေဂျင်စီ (CIA) အတွက် အလုပ်လုပ်ပေး နေသည့် အဖွဲ့ဝင် တစ်ဦး ဖြစ်ကြောင်း ရုရှား ချေချင်ညာ ဒေသမှ ခေါင်းဆောင် ရမ်ဇန်ကာဒီရော့ဗ် က ပြောကြား ခဲ့သည်။ ဘက်ဒါဒီ သည် ၄င်း၏ မျက်နှာဖုံးကို ချွတ်၍ CIA အမှုထမ်း ဖြစ်သည်ကို ရှင်းရှင်းလင်းလင်း ဝန်ခံ ပြောကြား သင့်ကြောင်း ကာဒီရော့ဗ် က အောက်တိုဘာ ၂၁ ရက်တွင် ပြောကြား ခဲ့သည်။ ထို့ပြင် အီရတ် နှင့် ဆီးရီးယားနိုင်ငံ အတွင်းရှိ မျိုးနွယ်စု များကို အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများ အပါအဝင် ရက်စက် ကြမ်းတမ်းသော လုပ်ရပ်များကို ဝန်ခံ ပြောကြားရန် ဆမာရီ ကို ချေချင်ညာ ခေါင်းဆောင် က တောင်းဆို ခဲ့ကြောင်း သိရသည်။ အနောက်နိုင်ငံ များရှိ ထောက်လှမ်းရေး အဖွဲ့များသည် အကြမ်းဖက် သမားများကို နည်းလမ်း အမျိုးမျိုးဖြင့် အကူအညီများ ပေးလျက် ရှိကြောင်း၊ ISIS စစ်သွေးကြွ များနှင့် ပူးပေါင်းမည့် ချေချင်ညာ မျိုးနွယ်စုများ ကိုလည်း ဒေသအတွင်းသို့ ပြန်လာခွင့် ပြုမည် မဟုတ်ကြောင်း ၄င်းက ထပ်လောင်း ပြောကြား ခဲ့သည်။ ထို့ကြောင့် ချေချင်ညာ ဒေသရှိ တပ်ဖွဲ့ဝင် များသည်

Auto World Journal volume-3-Issue-41

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။ from သစ်ထူးလွင် (သတင်းစာ၊ ဂျာနယ်နှင့် ရုပ်သံ) - Myanmar News Now http://ift.tt/1znqI9S via IFTTT

ဘဲခြံပိုင်ရှင် ထိုင်းလင်မယားကို သတ်သူ မြန်မာ နှစ်ဦး ဖမ်းမိ

ထိုင်းနိုင်ငံ၊ ရတ်ခ်ျ ဘူရီ ခရိုင်၊ ဖိုထာရမ်းမြို့မှာ ဘဲမွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေကြသူ ထိုင်းအမျိုးသားနဲ့ မြန်မာ အမျိုးသမီး ဇနီးမောင်နှံ အသတ်ခံခဲ့ရတဲ့အမှုမှာ၊ ဘဲခြံမှာ လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမား ၄ ယောက် ကျူးလွန်ခဲ့ကြတာဖြစ်ပြီး၊ အဲ့ဒီထဲက မြန်မာ အမျိုးသားနှစ်ယောက်ကို ဖမ်းမိထားကြောင်း ထိုင်း ရဲတပ်ဖွဲ့က ကြေညာပါတယ်။ ရတ်ခ်ျ ဘူရီ ခရိုင် ရဲအရာရှိတစ်ဦးက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ရာမှာ အမှု နဲ့ပတ်သက်ပြီး အသက် ၂၆ နှစ် နဲ့ ၁၆ နှစ်အရွယ် မြန်မာအလုပ်သမားနှစ်ဦးကို ဖမ်းဆီးမိခဲ့ကြောင်း၊ သူတို့ရဲ့ထွက်ဆိုချက်အရ ဘဲခြံပိုင်ရှင်တွေဟာ ဘဲဥရောင်းရငွေ ဘတ်ငွေ တစ်သိန်းခွဲ ရရှိထားတာသိရတဲ့အတွက် ငွေလိုချင်လို့ ကျူးလွန်ခဲ့ကြတာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ သေဆုံးသူတွေဟာ အောက်တိုဘာ ၁၉ ရက်နေ့က သူတို့ရဲ့ အိပ်ခန်းထဲမှာ ဓား ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ကြတာဖြစ်ပြီး၊ ဘတ်ငွေ တစ်သိန်းခွဲနဲ့ ဆိုင်ကယ်တစ်စီး ပျောက်ဆုံးခဲ့ပါတယ်။ ကျူးလွန်သူ လေးယောက်ဟာ ပိုင်ရှင်ရဲ့ ဆိုင်ကယ်နဲ့ ထွက်ပြေးခဲ့ကြတယ်လို့ ဆိုပါတယ်။ ညနေပိုင်းမှာ အဲ့ဒီဆိုင်ကယ်ကို ဓါတ်ဆီဆိုင်တစ်ဆိုင်မှာ ရပ်ထားခဲ့ပြီး၊ ငှားရမ်းထားတဲ့ ကားတစ်စီးနဲ့ ကန်ချနဘူရီခရိုင်၊ ဆန်ခ

ဘိုကိုဟာရမ်တွေ အမျိုးသမီး ဓားစာခံတွေ ဆက်လက် ဖမ်းနေဆဲလား စုံစမ်းနေ

နိုင်ဂျီးယား နိုင်ငံမှာ အစိုးရ စစ်တပ် နဲ့ စစ်သွေးကြွ ဘိုကိုဟာရမ် အုပ်စု အကြား၊ အပစ်ရပ် ကြေညာခဲ့ အပြီးမှာကို၊ အမျိုးသမီးနဲ့ မိန်းကလေး ငယ်တွေကို အဆိုပါ စစ်သွေးကြွတွေ က ဖမ်းဆီး ခေါ်ဆောင် သွားမှုတွေ ရှိနေဆဲ ဆိုတဲ့ သတင်းတွေ အပေါ် စုံးစမ်း နေပါကြောင်း နိုင်ဂျီးရီးယား အစိုးရက ဆိုပါတယ်။ တကယ် ဘာတွေ ဖြစ်ခဲ့သလဲ ဆိုတာကို ခွဲခြမ်း စိတ်ဖြာ အတည်ပြု နိုင်ဖို့ တာဝန်ရှိသူ တွေ ဆောင်ရွက် နေကြောင်း အစိုးရ ပြောခွင့်ရ မိုက်ခ် အိုမာရီ က ဘီဘီစီ ကို ပြောပါတယ်။ နိုင်ဂျီးရီးယား ရဲ့ အရှေ့မြောက်ပိုင်း ဒေသ မှာ အမျိုးသမီး နဲ့ မိန်းကလေးငယ် အယောက် ၄၀ လောက်ကို ဘိုကိုဟာရမ် တွေက ခေါ်ဆောင် သွားကြတယ် ဆိုပြီး ဒေသခံ ရွာသားတစ်ဦး က ပြောပါတယ်။ ဘိုကိုဟာရမ် အဖွဲ့နဲ့ အပစ်ရပ်ကြောင်း၊ အရင် သီတင်းပတ် ကတည်းက ကြေညာ ထားခဲ့ပေမယ့်၊ အကြမ်းဖက် ဖြစ်ရပ်တချို့ ဆက်လက် ဖြစ်ပေါ်နေဆဲ ဖြစ်ပြီး၊ အဲဒီ့ အုပ်စု ဖမ်းဆီး ထားတာ ၆ လကြာပြီ ဖြစ်တဲ့ ကျောင်းသူ ၂၀ဝ ကျော်လည်း ပြန်လွတ်လာမယ့် အရိပ်အယောင် မတွေ့ရ သေးပါဘူး။ ဘီဘီစီ (မြန်မာပိုင်း) http://ift.tt/1FLUQg1 အပစ်ရပ် ကြေညာထားတဲ့ ဘိုကိုဟာရမ်တွေ အမျိုးသမီးတွေ အပေါ် ဆက်လက် ပစ်မှတ် ထားနေကြ ဆဲလား ဆိုတာ စုံစမ်းနေ။ fro

သမ္မတက ဆန္ဒရှိရင် NLD နဲ့ လက်တွဲလုပ်နိုင်တယ် (ဦးဌေးဦး)

အထွေထွေ ရွေးကောက်ပွဲ ပြီးစီးသွားတဲ့ နောက်ပိုင်းမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD နဲ့ ပြည်ထောင်စု ကြုံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP တို့ ပူးပေါင်း လက်တွဲပြီး ညွန့်ပေါင်း အစိုးရ ဖွဲ့စည်းရေး ဆိုတာ မဖြစ်နိုင်စရာ မရှိဘူးလို့ ပြည်ထောင်စု ကြုံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဒုတိယ ဥက္ကဌ ဦးဌေးဦး က ပြောကြားလိုက်ပါတယ်။ အခုလ ၂၂ ရက်နေ့ ဗုဒ္ဓဟူးနေ့က ပြည်ခိုင်ဖြိုးပါတီ ဌာနချုပ်မှာ RFA က တွေ့ဆုံမေးမြန်းခဲ့တုန်းမှာ ပြင်ပလောကမှာ ပြောဆိုနေကြတာတွေနဲ့ ပတ်သက်ပြီးမေးမြန်းလို့ ဦးဌေးဦးက အဲ့ဒီလိုပြောခဲ့တာပါ။ မြန်မာနိုင်ငံမှာ သမ္မတ ဦးဆောင်တဲ့ စနစ် ရှိနေတာမို့ သမ္မတဖြစ်သူက သူနဲ့အဆင်ပြေမယ့် အစိုးရအဖွဲ့ ဖွဲ့စည်းမှာဖြစ်ကြောင်း၊ သမ္မတရဲ့ စိတ်ဆန္ဒအပေါ်မူတည်တာမို့ နှစ်ပါတီလက်တွဲ လုပ်ကိုင်ဖို့ ဖြစ်နိုင်ကြောင်း ပြောသွားပါတယ်။ NLD ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် သူ့အနေနဲ့ ဘယ်လိုမြင်ပါသလဲလို့ မေးမြန်းတဲ့အခါမှာ ဦးဌေးဦးက "သူလည်း ကိုယ့်တိုင်းပြည်အတွက်ကို ကောင်းအောင်လုပ်မယ်လို့ ကျနော်မြင်ပါတယ်၊ သို့သော်လည်းပဲ လုပ်နည်းလုပ်ဟန်တွေနဲ့ ပတ်သက်လို့တော့ တူတာတွေလည်းရှိတယ်၊ မတူတာတွေလည်းရှိတယ်၊ ကျနော်တို့ သဘော

ကနေဒါ ပါလီမန် တိုက်ခိုက်မှုကို တစ်ကိုယ်တော် ကျူးလွန်တာ ဖြစ်နိုင်ကြောင်း ကနေဒါရဲတွေ ယူဆ

ကနေဒါနိုင်ငံ မြို့တော် အော့တဝါ မှာ ဖြစ်ခဲ့တဲ့ စစ်သားတစ်ဦး သေနတ်နဲ့ ပစ်သတ် ခံရပြီး၊ ပါလီမန် အဆောက်အဦ အတိုက်အခိုက် ခံရမှူမှာ ကျူးလွန်ခဲ့သူ မီခေး ဇာဟက်ဖ် ဘီဘူး ဆိုသူဟာ တစ်ကိုယ်တော် ပြုမူခဲ့တာ လို့ ယုံကြည် ရကြောင်း ကနေဒါ ရဲတပ်ဖွဲ့ က ပြောပါတယ်။ အခုလို တိုက်ခိုက်မှု ကျူးလွန်ဖို့ရာ မစ္စတာ ဘီဘူးကို အားပေးကူညီ ထောက်ပံ့သူ တွေ ရှိမရှိကို ဆက်လက် စုံစမ်း နေပါတယ် လို့ ရဲမင်းကြီး ဘော့ဘ် ပေါလ်ဆင် က ဆိုပါတယ်။ အသက် ၃၂ အရွယ် မစ္စတာ ဘီဘူးဟာ မွတ်ဆလင်တစ်ဦး အဖြစ် ဘာသာ ကူးပြောင်း ဝင်ရောက် လာခဲ့သူ ဖြစ်ပြီး၊ သူ့ကို အဆိုပါ ဖြစ်ရပ်အတွင်း အသေဖမ်းဆီး ရခဲ့ပါတယ်။ ဒီသတင်းပတ် အစောပိုင်းတုန်း ကလည်း ကနေဒါနိုင်ငံ ခိုဘက် ဒေသမှာ စစ်သားတစ်ယောက် အသတ်ခံခဲ့ ရပါသေးတယ်။ ဒါပေမယ့် ဒီ ဖြစ်ရပ် ၂ ခု ဆက်စပ်မှု ရှိကြောင်း ဘယ်လို အထောက် အထားမှ မတွေ့ရ သေးဘူး လို့ ရဲမင်းကြီး ပေါလ်ဆင် က ပြောပါတယ်။ မစ္စတာ ဘီဘူး ရဲ့ မိခင်ဖြစ်သူ ကတော့ သူမအနေ နဲ့ အတိုက်အခိုက် ခံခဲ့ရသူတွေ အတွက်သာ ငိုကြွေး ရပါကြောင်း ဆိုပါတယ်။ ဘီဘီစီ (မြန်မာပိုင်း) http://www.bbc.co.uk/burmese/world/2014/10/141023_canada_ottawa_attack အော့တဝါ ပါလီမန် အကြမ်းဖက်မှု တစ်ကိုယ်တော် ကျူးလွန

တရားရုံး၌ ကွာရှင်းခွင့်တောင်းထားသော ဇနီးမယားအား ခင်ပွန်းဖြစ်သူက မျက်နှာကို ဓားနဲ့ခြစ်

ရန်ကုန်၊ အောက်တိုဘာ ၂၃ တရားရုံး၌ ကွာရှင်းခွင့် တောင်းထားသော ဒေါ်ဋ္ဌေးဋ္ဌေးသန်း အသက်(၂၄)နှစ်(ဘ) ဦးခင်စိုးက ခင်ပွန်းဖြစ်သူ ဦးထွန်းဝင်းလတ် (ခ) ထွန်းမင်းလတ် အသက်(၂၆)နှစ် (ဘ) ဦးသန်းထွန်းအား နှစ်ဘက်လူကြီးများရှေ့ တွင် ပြန် မပေါင်းလို ကြောင်းပြောသည့် အတွက် ၎င်း၏ မျက်နှာကို ဦးထွန်းဝင်းလတ်က ဓားဖြင့်ခြစ်မှု ဖြစ်ပွား ခဲ့ ကြောင်း ဒေါ်ဋ္ဌေးဋ္ဌေး သန်းက အောက်တိုဘာ၂၃ ရက်တွင် မြန်မာသံတော် ဆင့်သို့ ပြောသည်။ ““အောက်တိုဘာ၂၁ရက်နေ့က ရုံးကအပြန် ကျွန်မခင်ပွန်းက ကားပေါ်တက် စကားပြောမယ်ဆို ပြီးပြော တယ်။ နောက်တော့ ကားကို ဟိုမောင်းဒီမောင်းနဲ့ အချိန် လည်းတော်တော် လွန်နေပြီ။ နောက် ဆုံးဘယ်လိုမှ မရတဲ့ အဆုံးဟိုဘက် လူကြီး ဒီဘက်လူကြီးတွေနဲ့ သူ့ အဒေါ်အိမ်ဖြစ်တဲ့အမှတ်(၃၆) မာန် ပြေလမ်း၂၀၊ ၃ရပ်ကွက် သာကေတ မှာ စကားတွေပြောကြတယ်။ …ကျွန် မတို့မှာ ၅နှစ်အရွယ် ကလေးလည်း ရှိတယ်။ သူက ကျွန်မ ကို နှိပ်စက်လို့ တရားရုံးမှာ ကွာရှင်းခွင့်တောင်း ထားတာပါ။ ဘယ်လိုမှ ပြန်ပေါင်း နိုင်လို့ မဖြစ်တဲ့ အတွက် လူကြီး တွေ ရှေ့မှာပဲ မပေါင်းနို င်ကြောင်း ပြောတယ်။ အဲဒါကိုသူက ကျွန်မ နားလာပြီး ပလိတ်ဓားနဲ့မျက်နှာကို ခြစ်လိုက်တယ်””ဟုဒေါ်ဋ္ဌေးဋ္ဌေးသန်း က မြန်မာသံတော်ဆင့် သို့ပြော

ကနေဒါ သေနတ်သမား တကိုယ်တော် လှုပ်ရှားခဲ့

ဗုဒ္ဓဟူးနေ့က ကနေဒါနိုင်ငံမှာ တာဝန်ကျ စစ်သားတစ်ဦးကို ပစ်သတ်ပြီးတော့ လွှတ်တော်တွင်း ဝင်ပြေးသွားခဲ့တဲ့ သေနတ်သမားဟာ တစ်ဦးတည်း လှုပ်ရှားခဲ့ တာဖြစ်တယ်လို့ ကနေဒါ အာဏာပိုင်တွေက ပြောဆိုပါတယ်။ အဲ့ဒီ့သေနတ်သမား ကို ပါလီမန် အတွင်းမှာ ရဲက ပစ်သတ်လိုက်ပါတယ်။ အဲ့ဒီ့ အသက် ၃၂နှစ်အရွယ် Michael Zehaf-Bibeau ဆိုသူဟာ ကနေဒါ မှာ မွေးဖွားသူ နိုင်ငံသား ဖြစ်ပြီးတော့ လစ်ဗျားနိုင်ငံသားအဖြစ်လည်း ခံယူထားဖွယ် ရှိတယ်လို့ ကြာသပတေးနေ့မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ Michael Zehaf-Bibeau ဟာ မကြာခင် ကနေဒါနိုင်ငံသား နိုင်ငံကူး လက်မှတ်ကို လျှောက်ထားခဲ့ပြီး ဆီးရီးယားနိုင်ငံကို သွားဖို့ ပြင်ဆင်နေ တယ်လို့ မျှော်လင့်ရတဲ့ အကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ နိုင်ငံကူး လက်မှတ်ကိစ္စနဲ့ ပတ်သက်ပြီး သူဟာ Ottawa မြို့မှာ ရောက်ရှိနေတာလို့ ဆိုပါတယ်။ ကြာသပတေးနေ့ မှာ ကနေဒါနိုင်ငံရဲ့ လွှတ်တော်မှာ ဥပဒေပြု လွှတ်တော် အမတ်တွေက ဗုဒ္ဓဟူးနေ့က ပစ်ခတ်သတ်ဖြတ်ခံခဲ့ရတဲ့ တပ်ကြပ်ကြီး Kevin Vickers ကို မတ်တပ်ရပ်ပြီး ဂုဏ်ပြုခဲ့ကြပါတယ်။ သူဟာ လွှတ်တော်အနီးမှာ ရှိတဲ့ စစ်ပွဲ အထိမ်းအမှတ် ရင်ပြင် ကို ဂုဏ်ပြု စောင့်ရှောက်မှု တာဝန်ကျစဉ်မှာ ပစ်သတ်ခံခဲ့ရတာဖြ

ကိုဘာနီမြို့ အရှေ့ပိုင်းတွင် အိုင်အက်စ်တို့ ဓာတုလက်နက်သုံး တိုက်ခိုက်ဟုဆို

ကိုဘာနီ အောက်တိုဘာ ၂၃ တက်ဖီရီ စစ်သွေးကြွများသည် ဓာတုလက်နက်များ အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း အိုင်အက်စ်တို့ကို တိုက်ခိုက်နေသော ဆီးရီးယားနိုင်ငံ ကိုဘာနီမြို့ ကာ့ဒ်တိုက်ခိုက်ရေး သမားများက ပြောသည်။ အိုင်အက်စ်အစွန်းရောက်များ သည် အင်္ဂါနေ့နှောင်းပိုင်းက ကိုဘာနီမြို့ အရှေ့ပိုင်းတိုက်ခိုက်မှု တစ်ရပ်တွင် အဆိပ်သင့် ဓာတ်ငွေ့တစ်မျိုးသုံး၍ တိုက်ခိုက်ခဲ့ကြောင်း ကာ့ဒ်တာဝန်ရှိသူများနှင့် ဆရာဝန်များက ဗုဒ္ဓဟူးနေ့က ပြောကြားသည်။ သေဆုံးသူများသည် ဒဏ်ရာဒဏ်ချက်များ မရှိဘဲ သေဆုံးနေသည်ကို တွေ့ရကြောင်း၊ အဆိပ်ငွေ့သုံး တိုက်ခိုက်ခြင်း ဖြစ်နိုင်ကြောင်း ကိုဘာနီအခြေစိုက် ကာ့ဒ်ထိပ်တန်း တာဝန်ရှိသူ အိုက်ဆာအဗ္ဗဒူလာက ပြောသည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသူများကို အိမ်နီးချင်း တူရကီနိုင်ငံသို့ ပို့ဆောင်ကာ ဆေးကုသပေးလျက်ရှိကြောင်း အချို့သောသတင်းများက ရေးသားဖော်ပြသည်။ အီရတ်ဘာ့သ်ပါတီမှ အိုင်အက်စ် အဖွဲ့သို့ အများအပြားဝင်ရောက်လျက်ရှိကြောင်း၊ ယင်းတို့သည် ဓာတုလက်နက်များ အသုံးပြုတိုက်ခိုက်လေ့ရှိ ကြောင်းသတင်းများက ဖော်ပြသည်။ အိုင်အက်စ်အစွန်းရောက်များသည် အီရတ်နှင့် ဆီးရီးယားဒေသ အချို့ကို သိမ်းပိုက်ထားပြီး ယင်းတို့ဒေသများ၌ အစုအပြံ

IS နဲ့ ပူးပေါင်းမယ့် ၃ ဦးကို မလေးရှား ရုံးတင်

ဆီးရီးယားမှာ ရှိတဲ့ IS စစ်သွေးကြွတွေနဲ့ သွားရောက် ပူးပေါင်းဖို့ ကြိုးစားတယ် ဆိုတဲ့ မလေးရှား လူမျိုး အမျိုးသား ၃ ဦးကို ဒီကနေ့ ရုံးတင်လိုက်ပါတယ်။ သူတို့ကို ပြီးခဲ့တဲ့ လက ကွာလာလမ်ပူ လေဆိပ်မှာ တူရကီကို ထွက်ခွာမယ့် လေယာဉ်ပေါ် မတက်ခင် ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ သူတို့ ၃ ဦးမှာ ဗိသုကာ တစ်ဦး၊ အင်ဂျင်နီယာ တစ်ဦးနဲ့ စီးပွားရေးသမား တစ်ဦး တို့ဖြစ်ပြီး အဲဒီထဲက တစ်ယောက်က IS အဖွဲ့ရဲ့ အလံကို သယ်လာတယ်လို့ ဆိုပါတယ်။ အခုလို ဖမ်းဆီးရမှုဟာ အလယ်အလတ် သဘောထားရှိတဲ့ မွတ်ဆလင်နိုင်ငံ အဖြစ် မလေးရှားကို ဂုဏ်ယူလေ့ရှိတဲ့ မလေးရှား ခေါင်းဆောင်တွေအဖို့ စိုးရိမ် ပူပန်စရာ ဖြစ်ကြောင်း ဘီဘီစီ သတင်းထောက်က ပြောပါတယ်။ IS စစ်သွေးကြွတွေနဲ့ အဆက်အသွယ် လုပ်တယ် ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးရမိသူ အခုနှစ်အတွင်း မလေးရှားမှာ ၃၇ ဦး ရှိသွားပြီ ဖြစ်ပါတယ်။ BBC Burmese http://ift.tt/1qQiOB8 from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1wnl6rx

လူ့အခွင့်အရေးကာကွယ်တဲ့ အမျိုးသမီးကွန်ရက် N-Peace ဆု ဒီနေ့ရမယ်

ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် UNDP ရဲ့ အာရှ ပစိဖိတ် ဒေသဆိုင်ရာ ဌာနက ချီးမြှင့်တဲ့ N-Peace Awards ငြိမ်းချမ်းရေး ဆုကို မြန်မာ နိုင်ငံက ဒေါ်နော်အုန်းလှနဲ့ မသန္တာတို့ ဦးဆောင်ပါဝင်တဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး အမျိုးသမီး ကွန်ရက် အဖွဲ့ကို ဒီနေ့ ချီးမြှင့်မှာ ဖြစ်ပါတယ်။ အဆိုပါ ကွန်ရက်အဖွဲ့ ရရှိတာကတော့ Thinking outside the box ရှေးရိုး ဓလေ့ ထုံးတွေ ဘောင်တွေ ကနေ တိုးထွက် စဉ်းစား နိုင်တယ် ဆိုတဲ့ ကဏ္ဍဍမှာပါ။ အဲဒီ့ ကွန်ရက် အဖွဲ့ဟာ မြန်မာနိုင်ငံ မှာ လက်ရှိ တွေ့ကြုံ နေရတဲ့ ခွဲခြား ဆက်ဆံ ခံရမှုတွေ ၊ မတရားမှု တွေနဲ့ ပတ်သက် လို့ ကိုင်တွယ် ဖြေရှင်း ပေးနေတဲ့ အပြင် လယ်လုပ်သူ လယ်ပိုင်ခွင့်တွေ အတွက်ပါ ဆောင်ရွက် ပေးနေတာ ဖြစ်တယ် လို့ UNDP အာရှ-ပစိဖိတ် ဆိုင်ရာ ဌာနက ကျားမ မရွေး ပါဝင်တဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှု ပိုင်းဆိုင်ရာ အစီအစဉ် ကျွမ်းကျင်သူ မစ္စ ရာဒီကာ ဘေရုရီယား က ပြောပါတယ်။ အခုချီးမြှင့်တဲ့ N-Peace Awards တွေကို ပြီးခဲ့တဲ့ ၂၀၁၁ က စတင် ချီးမြှင့်ခဲ့တာ ဖြစ်ပြီး၊ အာရှ နိုင်ငံတွေ မှာ ငြိမ်းချမ်းမှု တည်ဆောက်ရေး အတွက် အောက်ခြေကနေ အမျိုးသားအဆင့် အထိ အပြောင်းအလဲ တွေ ဖြစ်လာဖို့ ကြိုးပမ်း ဆောင်ရွက် နေသူတွေကို အသိအမှတ်ြ

အမြန်လမ်းပေါ်က ခရီးသည်ယာဉ် တစ်စီး (ဓါတ်ပုံ)

အောက်တိုဘာ ၂၂ ရက်နံနက်ပိုင်းက အမြန်လမ်းမိုင်တိုင် (၃၃၇)တွင် လိုက်ထရပ်ယာဉ်တစ်စီး ကိုယ်ထည်ပိုင်းနှင့် ခေါင်မိုးပေါ်တွင် ခရီးသည် များ အပြည့်တင်ဆောင်၍ မန္တလေးမှ နေပြည်တော်သို့ မောင်းနှင်သွားလာ နေသည်ကို တွေ့ရစဉ်။ ဒီစီအီး(မန္တလေး) The Mirror Daily http://ift.tt/1n2DVIZ from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1wnl42V

90:00 Minutes Sports Vol 6 No 42

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။ from သစ်ထူးလွင် (သတင်းစာ၊ ဂျာနယ်နှင့် ရုပ်သံ) - Myanmar News Now http://ift.tt/1DFrRsj via IFTTT

မူဆယ်၌ တစ်သောင်းတန်ငွေစက္ကူအတုများ သိမ်းဆည်းရမိ

မူဆယ် အောက်တိုဘာ ၂၃ ရှမ်းပြည်နယ်(မြောက်ပိုင်း)၌ အောက်တိုဘာ ၂ ရက်တွင် မူဆယ်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ် ဆန်းဝင်းနိုင်နှင့် ရဲတပ်ဖွဲ့ဝင်များ ကင်းလှည့်နေစဉ် စွမ်စော်ရပ်ကွက် ဆုံဆည်းရာတည်းခိုခန်း အနီးရှိ ဆံသဆိုင်ရှေ့တွင် မောင်ဝမ်ယုကွမ်း (၁၆)နှစ် စွမ်စော်ရပ်ကွက် မူဆယ်မြို့၊ မောင်ကျောင်ယုံဟု (၁၈)နှစ် ခိုဝိန်ရပ် မူဆယ်မြို့၊ မောင်ယိယွင်စန်း (၁၆)နှစ် ခိုဝိန်ရပ် မူဆယ်မြို့နေသူ သုံးဦးအား မသင်္ကာဖွယ်တွေ့ရှိ ၍ စစ်ဆေးရှာဖွေခဲ့ရာ မြန်မာငွေစက္ကူ ကျပ် ၁ဝဝဝဝ တန်အတုဟု ထင်ရသောငွေစက္ကူခုနစ်ရွက် တွေ့ရှိခဲ့သည်။ ဆက်လက်စုံစမ်းရာ ကောင်းမှုတုံရပ်ကွက် ဆင်ဖြူဈေး စိန်ရွှေအမိန့်ရအပေါင်ဆိုင်တွင် (Kenbo- 125)ဆိုင်ကယ်အား ၎င်းတို့ သွားရောက်ပေါင်နှံစဉ် ဆိုင်ပိတ်သွားခဲ့၍ အမျိုးသားတစ်ဦးက ငွေကျပ် ၁၅ဝဝဝဝ ဖြင့် ဝယ်ယူသဖြင့် ရောင်းချခဲ့ရာ ၎င်းတို့ထံမှ သိမ်းဆည်းမိသော ၁ဝဝဝဝတန် ငွေစက္ကူများ ပါလာခဲ့သည်ဟုဆိုသည်။ အောက်တိုဘာ ၂၁ ရက် မွန်းလွဲပိုင်းတွင် လူငယ်သုံးဦးထံမှ ဆိုင်ကယ်ဝယ်သူ ကောင်းမှုတုံရပ်ကွက် ဆင်ဖြူဈေးဝန်းနေ ထွန်းထွန်းဦး(ခ)အိုက်ထွန်း (၃၆)နှစ်အား နေအိမ်တွင် ဖမ်းဆီးမိခဲ့သည်။ ၎င်း၏ထွက်ဆိုချက်အရ ငွေစက္ကူအတုများအား (၁ဝ၅)မိုင် မိုင်

Net Guide Journal Vol 3 No 57

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။ from သစ်ထူးလွင် (သတင်းစာ၊ ဂျာနယ်နှင့် ရုပ်သံ) - Myanmar News Now http://ift.tt/1wgwDvb via IFTTT

အောက်တိုဘာလ (၂၄)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ

အောက်တိုဘာလ (၂၄)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ အောက်တိုဘာလ (၂၄)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1rnWs5U