Skip to main content

သမ္မတက ဆန္ဒရှိရင် NLD နဲ့ လက်တွဲလုပ်နိုင်တယ် (ဦးဌေးဦး)



အထွေထွေ ရွေးကောက်ပွဲ ပြီးစီးသွားတဲ့ နောက်ပိုင်းမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD နဲ့ ပြည်ထောင်စု ကြုံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP တို့ ပူးပေါင်း လက်တွဲပြီး ညွန့်ပေါင်း အစိုးရ ဖွဲ့စည်းရေး ဆိုတာ မဖြစ်နိုင်စရာ မရှိဘူးလို့ ပြည်ထောင်စု ကြုံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဒုတိယ ဥက္ကဌ ဦးဌေးဦး က ပြောကြားလိုက်ပါတယ်။

အခုလ ၂၂ ရက်နေ့ ဗုဒ္ဓဟူးနေ့က ပြည်ခိုင်ဖြိုးပါတီ ဌာနချုပ်မှာ RFA က တွေ့ဆုံမေးမြန်းခဲ့တုန်းမှာ ပြင်ပလောကမှာ ပြောဆိုနေကြတာတွေနဲ့ ပတ်သက်ပြီးမေးမြန်းလို့ ဦးဌေးဦးက အဲ့ဒီလိုပြောခဲ့တာပါ။


မြန်မာနိုင်ငံမှာ သမ္မတ ဦးဆောင်တဲ့ စနစ် ရှိနေတာမို့ သမ္မတဖြစ်သူက သူနဲ့အဆင်ပြေမယ့် အစိုးရအဖွဲ့ ဖွဲ့စည်းမှာဖြစ်ကြောင်း၊ သမ္မတရဲ့ စိတ်ဆန္ဒအပေါ်မူတည်တာမို့ နှစ်ပါတီလက်တွဲ လုပ်ကိုင်ဖို့ ဖြစ်နိုင်ကြောင်း ပြောသွားပါတယ်။


NLD ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် သူ့အနေနဲ့ ဘယ်လိုမြင်ပါသလဲလို့ မေးမြန်းတဲ့အခါမှာ ဦးဌေးဦးက


"သူလည်း ကိုယ့်တိုင်းပြည်အတွက်ကို ကောင်းအောင်လုပ်မယ်လို့ ကျနော်မြင်ပါတယ်၊ သို့သော်လည်းပဲ လုပ်နည်းလုပ်ဟန်တွေနဲ့ ပတ်သက်လို့တော့ တူတာတွေလည်းရှိတယ်၊ မတူတာတွေလည်းရှိတယ်၊ ကျနော်တို့ သဘောကျနိုင်တာတွေလည်းရှိတယ်၊ မကျနိုင်တာတွေလည်းရှိတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် သူလည်း စေတနာထားပြီးလုပ်မယ်လို့ပဲ ကျနော်မြင်ပါတယ်"


အဲ့ဒီ မေးမြန်းခန်းမှာ ဦးဌေးဦးက မြန်မာနိုင်ငံမှာ ဒီမိုကရေစီ လမ်းကြောင်းပေါ် လျှောက်လှမ်းဖို့ အခြေခံတွေ ရရှိနေပြီဖြစ်ကြောင်း၊ မီဒီယာလွတ်လပ်ခွင့်နဲ့ တခြားလွတ်လပ်ခွင့်တွေ ပေါ်ထွက်နေပြီ ဖြစ်လို့ တိုးတက်နေတယ်လို့ ဆိုနိုင်ကြောင်းလည်း ပြောသွားပါတယ်။


ဒါ့အပြင် သူ့အနေနဲ့ သမ္မတ တာဝန်ထမ်းဆောင်ဖို့ ရည်ရွယ်ချက် ရှိမရှိ မေးမြန်းရာမှာ ဦးဌေးဦးက လက်ရှိအချိန်အထိ ရည်မှန်းခြင်းမရှိပါဘူးလို့ ဖြေကြားပါတယ်။


RFA Burmese

http://ift.tt/1kBhvP9






from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1FLUJRC

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...