Skip to main content

Posts

Showing posts from January 19, 2015

နားကျပ်ဖြင့် နားထောင်ခြင်း၏ ဆိုးကျိုးများ

နားကျပ်ဖြင့် သီချင်း၊ ရေဒီယို စသည်များကို ကျယ်လောင်စွာ ဖွင့်၍ နားထောင်ခြင်းသည် ဦးနှောက်နှင့် အာရုံကြောကို ထိခိုက်စေသည့်အတွက် မှတ်ဥာဏ်လျှော့ပါးခြင်း၊ မေ့လွယ်ခြင်း၊ အဝေးမှ အသံများကို မကြားရခြင်းများအပြင် ဖိုမဆက်ဆံခြင်းဆိုင်ရာ အာရုံကြောများကိုလည်း ထိခိုက်စေနိုင်ကြောင်း ကျန်းမာရေးဆိုင်ရာ သုတေသနပညာရှင်များက ထုတ်ဖော်ပြောကြားထားပါသည်။ ထို့ကြောင့် နားကျပ်ကို အလုပ်အတွက် မသုံးမဖြစ်သည့်အခါများကိုသာ အသုံးပြုသင့်ပြီး ကျယ်လောင်စွာဖွင့်၍ နားထောင်ခြင်းတို့မှလည်း ရှောင်ကြဉ်သင့်ကြောင်း သင့်ကျန်းမာရေးအတွက် အကြံပြုလိုက်ပါသည်။ စောနွဲ့နေဆိုင် (ပူတာအို) ကျန်းမာရေးသတင်းများ from သစ်ထူးလွင် (ကျန်းမာရေး) - Thit Htoo Lwin http://ift.tt/1ujluKG

မြန်မာ့ဆေးဖက်ဝင် သင်္ဘောပင်

Item Name --------- Papaya; Papaw (သင်္ဘောပင်) Category ------------ Raw Material Botany Term ------- Carica papaya Linn Species Family ---- Caricaceae မြန်မာ နိုင်ငံ အနှံ့ အပြား တွင် ပေါက်ရောက် သည်။ စိုက်ပျိုးပင် ဖြစ်သည်။သဲမြေတွင် ၁/၄ လက်မခန့် မြှုပ်၍ အလင်းရောင် လုံလောက်အောင် ရသော ကွင်းပြင်တွင် ပျိုးထောင် ပါက ၁၅-၂၀ ရက် အတွင်း အပင် ပေါက်လာသည်။ အရွက် လေးရွက် ထွက်ပါက ပျိုးပင် ကလေး များအား ပလတ်စတစ်အိတ် သို့မဟုတ် ကျည်တောက် များတွင် ရွှေ့ပြောင်း ပျိုးယူရသည်။ ပျိုးပင်များ အရွက် ၈ ရွက်ခန့် ထွက်လာပါက ရွှေ့ပြောင်း စိုက်ပျိုး နိုင်သည်။ အကျယ် အနက် ၃ ပေ ခန့် တူး၍ မြေဆွေး မြေသြဇာ များထည့်ပြီး စိုက်ပျိုးရမည်။ အပင် ခြေရင်း၌ လိုအပ်သလို ပေါင်းရှင်း ပေးသင့်သည်။ စိုက်စတွင် ရေမှန်မှန် လောင်းပေး သင့်သည်။ အဖို တစ်ပင် ရှိက အမ ဆယ်ပင် အတွက် လုံလောက်သည်။ ရေမ၀င်ရန် ဂရုစိုက် ပေးရမည်။ အသီး စိပ်လွန်းလျှင် ကျဲအောင် ခြွေပေး သင့်သည်။ သို့မှသာ အလုံးကြီး၍ ချိုမည်။ အပင်ရှည် မျိုးမှာ ၁၀ လ မှ ၁၂ လခန့် ကြာသည်။ မပြတ် သီးသော်လည်း တန်ဆောင်မုန်း၊ နတ်တော်လ နှင့် တပေါင်း၊ တန်ခူး တို့တွင် အသီးထွက် ကောင်းသည်။ပင်လတ်မျိုး ဖြစ်သည်။ ပင်စည

ဆေးဖက်ဝင်တဲ့ သပြေသီးမှည့်လေးများ

“ ၀ါဆိုဝါခေါင် ရေတွေကြီးလို့…သပြေသီးမှည့် ကောက်စို့ကွယ်။ ခရာဆူးချုံ ဟိုအထဲက …မျှော့နက် မည်းကြီး တွယ်တတ်တယ်။ မျှော့ နက်ဆိုတာ ချိုနဲ့လားကွဲ့…မြွေနဂါးေ တာင် ကြောက်ဖူးကွယ်။ တို့လဲကြောက်ပေါင် အတူသွားစို့… အုန်းလက်နွားလေး ထားခဲ့မယ်။ သွားကွယ်…သွားကွယ် ” မိုးတွင်းကာလ သပြေသီးမှည့်ပေါ်ချိန်ရောက်တဲ့အခါတိုင်း ဆရာကြီးမင်းသုဝဏ်ရေးသားခဲ့ပါေ သာ ငယ်ငယ်တုန်းကကျောင်းမှာ သံပြိုင် ဆိုခဲ့ဖူးတဲ့ကဗျာလေးကို အောက်မေ့သတိယမိပါ တယ်။ တစ်နှစ် မှတစ်ကြိမ်သာ အသီးသီးတဲ့သပြေကြီးပင်တို့ ဟာ အရိပ်ရ နှစ်ရှည်ပင် အမျိုး အစားဖြစ်ြ က ပါတယ်။ ပင်စည်ရဲ့ အသားဟာ ရေဒဏ်ခံနိုင်တာကြောင့် လည်း ရှေးအခါ က မြန် မာ နှင့် အိန္ဒိယနိုင်ငံ တွေရဲ့  မီး ရထားစလီဖားတုံးတွေ၊ မော်တာစက်ထိုင်ခုံတွေ၊ အိမ်ေ ထာင်ပရိဘောဂ အိမ်ဆောက်ပစ္စည်းတွေ၊ လယ်ယာသုံးပစ္စည်း တွေမှာ သပြေပင်များရဲ့ ပင် စည်ေ တွကို အသုံးပြုလေ့ရှိပါတယ်။ ကြက်သွေးရ င့်ေ ရာင် ဆန်ဆန် နက်မှောင်သော သပြေ သီး မှည့်၏ အရသာမှာ ချို၍၊ အတန်ငယ်ချဉ်ဖန်ပြီး လျှာပေါ်မှာ ခရမ်းရောင်စွဲထင်ကျန်ရစ် ခဲ့ပါ တယ်။ အသီးထဲမှာ အဖြူရောင်အစေ့ တစ်လုံး ပါရှိပြီး၊ ထိုအစေ့ကနေ အပင်စိုက်ပျိုးနိုင် ပါ တယ်။(သပြေကြီးအမျိုးအစားဖြစ်ကာ၊ အရ

ငါးမျက်စိနာအတွက် မရိုးပင်

ငါးမျက်စိနာကို အင်္ဂလိပ်လို Corn လို့ ခေါ်ကြပါတယ်။ ခြေထောက်မှာ ပေါက်တာ များပါတယ်။ အသားမာတက်လာပြီး အလိုလိုဖြစ်လာတဲ့ သဘောပါ။ ကြွက်နို့နှင့် အနည်းငယ် ဆင်တူပါတယ်။ ရောဂါကြီးကြီးမားမားတော့ မဟုတ်ပါ။ ဒါပေမယ့် ကူးစက်လွယ်ကူပါတယ်။ ငါးမျက်စိဖြစ်ပြီး ကြာလာလျှင် နာလာပါတယ်။ ထိမိတိုင်း၊ ဖိမိတိုင်း နာကျင်စွာ ခံစားရပါတယ်။ ဒါကြောင့် ပျောက်အောင်ကုသလျှင် အကောင်းဆုံးပါ။ ငါးမျက်စိနာပျောက်စေတဲ့ အနောက်တိုင်းထုတ် သောက်ဆေး၊ ထိုးဆေးအချို့ကို ဘေးထွက်ဆိုးကျိုးများကြောင့် ကျန်းမာရေးအဖွဲ့များမှ တားမြစ်ထားပါတယ်။ ငါးမျက်စိနာအတွက် သဘာဝနည်းဖြင့် အလွယ်တကူ ကုသလိုပါက မိမိအနားမှာ အလွယ်တကူ ရရှိနိုင်သည့် မုရိုးပင် (မရိုးပင်၊ ငဖြူကြီးပင် - ပုံထဲမှာ ပြပေးထားသည့်အပင်) ဖြင့် ကုသနိုင်ပါတယ်။ ကုသနည်း မရိုးပင်ကို၏ အရွက်နှင့် အကိုင်းတို့ကို ချိုးလိုက်ပါက အစေးဖြူဖြူလေးတွေ ထွက်လာပါမယ်။ ၄င်းအစေးဖြင့် ငါးမျက်စိပေါ်ကို တို့လိမ်းပေးပါ။ တစ်နေ့ကို (၃) ကြိမ်ခန့် တို့ပေးပါ။ (၅) ရက်၊ တစ်ပတ်ဆိုလျှင် ငါးမျက်စိနာ တဖြေးဖြေး ခြောက်သွေ့သွားပြီး ပျောက်ကင်းသွားပါလိမ့်မည်။ လူသားတိုင်း ကိုယ်စိတ်နှစ်ကျန်းမာချမ်းသာကြပါစေ။ ဦးစောနွဲ့နေဆိုင် (ပူတာအို) ကိုးကား ။

ဝမ်းဗိုက်ချပ်ရပ်စေမည့် နည်းလမ်းကောင်းများ

ပိုနေသော အဆီများကို လျှော့ချပြီး ၀မ်းဗိုက်ကို ချပ်ရပ်လာစေမည့် နည်းလမ်းကောင်းများကို မျှဝေပေးလိုက်ပါသည်။ (၁) တစ်နေ့ကို အနည်းဆံး ခြေလှမ်း ၁၀၀၀ လှမ်းလျှောက်ပေးပါ။ (၂) တစ်နေ့ကို ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်း မိနစ်(၂၀)ခန့်လုပ်ပါ။ တစ်ပတ်ကို (၅) ရက်သာလုပ်၍ (၂)ရက် အနားယူပါ။ (၃) တစ်နေ့ကို ထိုင်ထလေ့ကျင့်ခန်း အကြိမ် ၁၀၀ လုပ်ပါ။ (၄) ယောဂကျင့်စဉ်ကဲ့သို့သော လေ့ကျင့်ခန်းကို ကိုယ်နေဟန် မှန်အောင်ထား၍ ခါးမတ်မတ်ထိုင်၍ (၁၅) မိနစ်ခန့် အသက်ပြင်းပြင်းရှုထုတ်ပါ။ (၅) တစ်နေ့ကို အစာ(၃)ကြိမ် အ၀စားမည့်အစား နည်းနည်းစီသာ (၅)ကြိမ်ခန့် ခွဲ၍ စားပါ။ (၆) အစာမစားခင် ရေတစ်ဖန်ခွက်ကို အရင်သောက်ပေးပါ။ (၇) အစာကို ကျေညက်အောင် ဖြေးဖြေးစားပါ။ (၈) အချိုပါသော အစားအစာများ၊ သရေစာများကို ရှောင်ပါ။ (၉) ဆားပမာဏကို လျှော့စားပါ။ အငံဓါတ်ကို လျှော့စားပါ။ အဆီအဆိမ့်ပါသော အစားအစာများကို ရှောင်ပါ။ (၁၀) အရက်၊ ဘီယာ၊ ဆေးလိပ်၊ ကွမ်းယာစသည့် မူးယစ်များကို ရှောင်ပါ။ ဗိုက်သားချပ်ချပ်ဖြင့် လှပသောကိုယ်ခန္ဓာများကို ပိုင်ဆိုင်နိုင်ကြပါစေ။ စောနွဲ့ နေဆိုင် (ပူတာအို) ကိုးကား ။ ။ Beauty and Healthy Tips. ကျန်းမာရေးသတင်းများ from သစ်ထူးလွင် (ကျန်းမာရေး) - Thit H

မျိုးရိုးလိုက်ခြင်းဆိုင်ရာ

ဥာဏ်ရည်ထက်မြက်ခြင်း ကိန်းဘရစ်ခ်ျတက္ကသိုလ်၏ လေ့လာမှုမှတ်တမ်းအရ ဦးနှောက် ၏တွေးခေါ်နိုင်တဲ့ အစိတ်အပိုင်း ဟာ မိခင်ဘက်မှမျိုးရိုးလိုက်တတ် တဲ့ ဗီဇအထုံပါလာတာကြောင့်လို့ ဆိုပါတယ်။ အစားအသောက်ဓာတ်မတည့်ခြင်း မိခင်(သို့မဟုတ်)ဖခင်ထံမှ မျိုး ရိုးလိုက်တတ်ပါတယ်။ ဝေဒနာရှင် တစ်ဦးနဲ့တစ်ဦးဓာတ်မတည့်သည့် အစားအစာအမျိုး အစားချင်း မတူညီကြပါဘူး။ ကြက်ဥ၊ နွားနို့၊ ပုစွန်၊ ခုံးကောင်၊ကင်းမွန်၊ရေဘဝဲ၊ ပဲပိစပ်၊ ဂျုံ၊ မြေထောက်ပဲ၊ ပိန်းဥ၊ သခွားသီးစသည်တို့က အဖြစ်များ တဲ့ အစားအစာဓာတ်မတည့်ခြင်း တွေပါပဲ။ အိပ်ပျော်နေစဉ်ဟောက်ခြင်း အာရီဇိုးနားတက္ကသိုလ်၏ လေ့ လာဆန်းစစ်ချက်အရ အိပ်ပျော်နေ စဉ် ဟောက်တတ်သူအများစု၏ မိခင်တွေကလည်း ဟောက်တတ် ကြတာကြောင့် ဟောက်ခြင်းက မိခင်ထံမှ မျိုးရိုးလိုက်တာပါတဲ့။ ပန်းဝတ်မှုန်ဓာတ်မတည့်ခြင်း များသောအားဖြင့်မိခင်ဘက်က မျိုးရိုးလိုက်တတ်ပြီး ထိုမိခင်က မွေးဖွားလာတဲ့ သား(သို့မဟုတ်) သမီး(သို့မဟုတ်)သားသမီးအားလုံး လိုလိုမှာ ပန်းဝတ်မှုန်ဓာတ်မတည့် ခြင်းဖြစ်လာရပါတယ်။ဥပမာ-ချိုအီ အီပန်းရနံ့များဖြစ်ကြတဲ့ ညမွှေး ပန်း၊ ယုဇနပန်း၊ ရှဥ့်မတက်ပန်း၊ ဆောင်တော်ကူး ပန်းရနံ့တွေမှာ အဖြစ်များကြပါတယ်။ လူမှုရေးဝင်ဆံ့ခြင်း ကလေးတွေမှာ လူမှုရေ

အေးမြတဲ့ ဆောင်းရာသီနဲ့ လိုက်ဖက်တဲ့ အရောင်တွေ အသုံးပြုခြင်း

အခုလိုအေးမြတဲ့ ဆောင်းရာသီကို ရောက်လာပြီဆိုတာနဲ့ အလှအပသိပ်ကြိုက်တဲ့ ပျိုမေတွေ ဒုက္ခရောက်ရတော့တာပါပဲ။ သာမန်ဆိုးနေကျ နှုတ်ခမ်းနီ အရောင်တွေကလည်း အခုလို ဆောင်းတွင်းမှာ တစ်မျိုးကြီးဖြစ်နေတာမျိုး၊ သာမန်သုံးနေကျမိတ်ကပ်တွေကလည်း ဒီရာသီနဲ့အဆင်မပြေ တာမျိုးတွေ ကြုံကြရမှာပါ။ ဒီလိုမဖြစ်ရအောင် ဆောင်းရာသီနဲ့လိုက်ဖက်တဲ့ အရောင်လေးတွေရွေးချယ်ပြီး ဘယ်လိုအလှပြင်သင့်တယ်ဆိုတာကို Onway Beauty Land မှအလှအပရေးရာအကြံပေးဒေါ်လှလှယမင်းရဲ့ အကြံပေးချက်အတိုင်းဖော်ပြပေးလိုက်ပါတယ်။ မိတ်ကပ် အခုလိုဆောင်းရာသီမှာအရောင် ပါတဲ့မိတ်ကပ်တွေကိုအသုံးပြုမယ် ဆိုရင် အဆင်မပြေနိုင်တဲ့အတွက် အရောင်မရှိတဲ့ သဘာဝမိတ်ကပ် တွေကို အသုံးပြုပါ။ ဥပမာ- အညိုဖျော့၊ မီးခိုးဖျော့၊ ပန်းရောင် ဖျော့၊ ခရမ်းဖျော့စတဲ့အရောင်တွေ ကို သုံးပေးပါ။ ဆောင်းရာသီနဲ့ လိုက်ဖက်ပြီး ထူးခြားလှပနေတာ ကိုတွေ့ရပါမယ်။ အိုင်းလိုင်နာ ရာသီဥတုနဲ့လိုက်ဖက်တဲ့ အိုင်း လိုင်နာရယ်လို့ သီးသန့်အရောင် တော့မရှိပါဘူး။ ပုံမှန်ဆိုးနေကျ ချောကလက်ညိုရောင်၊ မီးခိုးရောင် ရင့်ရင့်ကို အသုံးပြုနိုင်ပါတယ်။ မျက်ဝန်းလိုင်း အပေါ်အောက်တစ် လျှောက်အသုံးပြုပေးနိုင်ပါတယ်။ မျက်ခွံ ဆောင်းရာသီနဲ့လိုက်ဖက်အောင် အရောင်ဖျေ

သင်စိတ်ဖိစီးမှု များနေကြောင်း ပြသနေသည့် လက္ခဏာ ငါးမျိုး

လူအများစုဟာ အလုပ်များတဲ့ နေထိုင်မှု ပုံစံကြောင့် စိတ်ဖိစီးမှု တွေကို အနည်းနဲ့အများ ဆိုသလို နေ့စဉ် ခံစားနေ ရပါတယ်။ စိတ်ဖိစီးမှု ခံစား နေရချိန်မှာ စိတ်ဖိစီးမှု သက်သာစေမယ့် နည်းတွေကို လိုက်နာပြီး သက်သာရာရအောင် လုပ်ဆောင်ဖို့ လိုပါတယ်။ စိတ်ဖိစီးမှု ခံစား ရချိန်ကြာသွားရင် စိတ်ဝေဒနာ အဖြစ် ပြောင်းသွားနိုင်လို့ စိတ်ဖိစီးမှု ဖြစ်နေကြောင်း ပြသတဲ့ အောက်ပါ လက္ခဏာ ငါးမျိုးကို သတိမူပြီး အမြန်ဆုံး လျှော့ချလိုက်ပါ။ (၁) ရုံးပိတ်ရက်တွင် ခေါင်းကိုက်ခြင်း အလုပ်လုပ်ရတဲ့ တစ်ပတ်လုံး စိတ်ဖိစီးမှုများခဲ့ တာကြောင့် လူအများစုဟာ ရုံးပိတ်ရက်မှာ ခေါင်းကိုက်ကာ ပင်ပန်းနွမ်းနယ် တတ်ကြပါတယ်။ စိတ်ဖိစီး မှုကြောင့် ခေါင်းကိုက်တာနဲ့ ခေါင်းတစ်ခြမ်းကိုက် တာတွေ လည်း ဖြစ်တတ်တဲ့အတွက် တစ်ပတ်လုံး စိတ်အေးချမ်း တည်ငြိမ်မှု ရှိအောင် ကြိုးစားနေထိုင် ရင်း ရုံးပိတ်ရက်ကို ကျန်းမာ လန်းဆန်းစွာ ဖြတ်သန်းပါ။ (၂) ရာသီလာစဉ် နာကျင်ကိုက်ခဲခြင်း စိတ်ဖိစီးမှုကြောင့် ဟော်မုန်းတွေကို ဟန်ချက် မညီမျှမှု ဖြစ်စေတဲ့အတွက် ရာသီလာစဉ်မှာ ကိုက်ခဲ နာကျင်မှု အဖြစ်များကြောင်း လေ့လာသူတွေက ဆိုပါတယ်။ ကိုယ်လက် လှုပ်ရှားမှု ပြုလုပ်တာက စိတ်ဖိစီးမှုနဲ့ ရာသီလာစဉ် ကိုက်ခဲ နာကျင်တဲ

Leukemia (လူကီးမီးယား) သွေးကင်ဆာ

၁။ ကျွန်နော်က leukemia cml ရောဂါခံစားနေရပါတယ်ဆရာ။ ကျွန်တော်ကနယ်ကပါ။ တခါတလေဆေးဝယ်မရလို့ဆေးပြတ်တဲ့အခါကျရင် သွေးဖြူဥတွေများလားပြီး ဒူးတွေ တင်ပါးဆုံတွမှာသွေးစုပြီးတော့ ကိုက်ခဲပါတယ်ဆရာ။ လွန်ခဲ့တဲ့ ၆ လလောက်တုံးက ကျွန်တော်သွေးဖြူဥတွေများပြီး ပထမဒူးမှာသွေးစုတယ်။ ၅ ရက်လောက်ကြာတော့ ဒူးကကောင်းသွားပြီး ဆီးလမ်းကြောင်းမှာလာဖြစ်တယ်ဆရာ။ ဆီးလမ်းကြောင်း အရမ်းတင်ပြီးကိုက်လို့ ကျွန်တော်ရန်ကုန်မှာဆေးခန်းသွားပြတယ်ဆရာ။့ မှာထိုင်တဲ့ ဆီးလမ်းကြောင်းခွဲစိတ်ဆရာဝန်က့ မှာခွဲမှရမယ်လို့ပြောတော့ ကျွန်တော်က ငွေကြေးမတတ်နိုင်လို့ မခွဲဖြစ်ဘူး။ ဒီလိုနဲ့ဆေးစားရင် သက်သာသွားတယ်ဆရာ။ ၂။ ဆရာ သမီးအမျိုးသားက သွေးကင်ဆာပါ ဆေးသောက်နေရတာ သုံးနှစ်ရှိပါပြီ။ ဆေးကြောင့်ကလေးမယူသင့်ဘူးလို့ သိရပါတယ်။ သားလေးကသုံးနစ်သားပါ။ နောက်တယောက်ထပ်ယူခြင်ပါတယ်ဆရာ။ နည်းလမ်းမရှိတော့ဘူးလား သိခြင်ပါတယ်ဆရာ။ သူသောက်တဲ့ဆေးက tasigna ပါဆရာ။ မေးခွန်း (၂) ပြောတာကိုမှန်းကြည့်ရရင် Chronic myeloid leukemia (CML) ရောဂါဖြစ်နိုင်တယ်။ ထင်တာကိုပြောတာပါ။ Tasigna ဆေးရဲ့ဘေးထွက်ဆိုးကျိုး ဆိုးလွန်းတာတွေ = သွေးအရေအတွက်နည်းခြင်းဖြစ်လို့ သွေးထွက်လွယ်မယ်။ ဆီးထဲသွေးပါနို

Kegel Exercise for Women (ကီဂယ်လ်) လေ့ကျင့်ခန်း

၁။ (ကီဂယ်လ်) လေ့ကျင့်ခန်းဆိုတာ ဘာလဲဆရာ။ မချူပ်ရဲလို့ လေ့ကျင့်ခန်းလုပ်မလို့ပါဆရာ။ ၂။ မင်္ဂလာပါနော်ဆရာ။ သားလေးကိုမွေးပြီးတာ တစ်လခွဲ ရှိပါပြီ။ ခွဲမွေးပေးခဲ့တဲ့ OG က ၄၅ ရက်ပြည့်ရင် ပြန်ပြဖို့ ချိန်းထားပါတယ်။ ဒါပေမဲ့ အခုအိမ်မှာ နာရေးရှိနေလို့ သွားဖို့အဆင်မပြေသေးဘူး ဖြစ်နေပါတယ်။ သိချင်တာက ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ဖို့ ဘယ်တော့လောက်၊ ဘယ်လို လေ့ကျင့်ခန်းတွေပြန်လုပ်လို့ရပြီလဲဆရာ။ ပြီးတော့ ကိုယ်ဝန်နဲ့တုန်းက ဆရာပြောပြတဲ့ ကီဂယ်လ် (စာလုံးပေါင်း မမှတ်မိ) လည်း လုပ်ခဲ့ပါတယ်။ အခုရော ဆက်လုပ်ရဦးမလား ဆရာ။ “တသားမွေး တသွေးလှ” ဆိုတာ အပေါ်ယံကြည့် ပြောကြတာများတယ်။ အတွင်းအင်္ဂါတွေပါ ကျန်းမာ သန်စွမ်းဘို့ လိုသေးတယ်။ အမျိုးသမီး ကြီး-ငယ်မဟူ၊ အပျိုရော အအိုပါ၊ တဒ်ါလာမှ မကုန်ဘဲ၊ အထဲက အင်္ဂါမှန်သမျှ ပြန်ကောင်းအောင် လုပ်လို့ရတဲ့နည်း၊ အသုံးများပေမဲ့ အသစ်နဲ့မခြား အားကောင်းနေစေမဲ့ နည်းကို ရေးပါမယ်။ ကိုယ်ဝန် တခါဆောင်ရင် တခါ အတွင်းအင်္ဂါတွေ အားနဲစေတယ်။ ကြာရင် အိမ်ထောင်ရေးကိုပါ ထိခိုက်နိုင်တယ်။ ကိုယ့်ကိုယ်ကို သိမ်ငယ်စိတ် ဝင်နိုင်တယ်။ စားဆေး-ထိုးဆေးနဲ့ မရပါ။ နတ်ရေကန်ထဲလဲ ဆင်းမရ၊ Pelvic floor exercises လုပ်မှ ကောင်းတယ်။ တင်ပါးဆုံအောက်

အရက်နှင့်ကျန်းမာရေး သင့်ကြိုက်တာရွေး

အရက်ကိုနေ့ စဉ်သောက်သုံးခြင်းကြောင့် ကျန်းမာရေးကို ထိခိုက်စေသည်ကို အသိဝင်သိနေပေမဲ့ သောက်မြဲသောက်သုံးသူတွေ တစ်နေ့ တစ်ခြား များပြားလာနေပါတယ် ။ မြန်မာနိုင်ငံတွင်အရက်သောက်သုံးသူ ရာခိုင်နှုန်းများပြားလာနေသည့်အတွင်းတွင် အမျိုးသမီးများလည်း ပါဝင်နေသည်ကို တွေ့ ရှိနေရပါသည် ။ တစ်ခါတစ်ရံသောက်သုံးခြင်းအတွက် ကျန်းမာရေးကို မထိခိုက်နိုင်ပေမဲ့ နေ့ စဉ်အလွန်အကျွံသောက်သုံးခဲ့လျှင်တော့ ဆိုးဝါးသော ကျန်းမာရေးကို ထိခိုက်စေပါလိမ့်မည် ။ အရက်စွဲလန်းခြင်းကြောင့် ကျန်းမာရေးဆိုင်ရာရောဂါများမှာ အသည်းပျက်စီးခြင်း ၊ ဦးနှောဏ်ကျုံ့ ခြင်း ၊ ကျောက်ကပ်ကောင်းမွန်စွာ မလုပ်ဆောင်နိုင်ခြင်း ၊ အသားရေများ ခြောက်ခန်းခြင်း နှင့် စိတ်ပိုင်းဆိုင်ရာ ဝေဒနာများကို ဖြစ်ပေါ်စေပါသည် ။ ထပ်မံပြီးတော့ အရက်ကြောင့် ဆိုးကျိုးများမှာ ကိုယ့်တွင်းကလိစာများကောင်းမွန်စွာလုပ်ဆောင်နိုင်ခြင်း မရှိခြင်းကြောင့် ကတုန်ကရင်ဖြစ်ခြင်း ၊ ခန္ဓာကိုယ်ဖောရောင်ခြင်း နှင့် လေဖြတ်ခြင်းကိုပါ ဖြစ်စေပြီး အသက်ရှင်ပေမဲ့ မိသားစုကိုပါ နောက်ဆက်တွဲ ဆိုးကျိုးများကို တွေ့ ကြုံခံစားစေပါသည် ။ တစ်ခါတစ်ရံ အရက်ကိုဆေးဖြစ်ဝါးဖြင့် သောက်သုံးခြင်းဆိုပေမဲ့ သောက်သုံးသည့်အခါတွင် လွန်ကဲစွာ

စပျစ်သီးမှ ကုသပေးသော ရောဂါများ

စပျစ်သီးမှာ ရေဓာတ်က ၇၀ မှ ၈၀ ရာခိုင်နှုန်း၊ သကြားဓာတ် ၁၅ မှ ၃၀ ရာခိုင်နှုန်း အထိ ပါဝင် ပါတယ်။ သူ့မှာ ကျန်းမာရေး အကျိုးကျေးဇူးများစွာ ရှိပါတယ်။ ၁။ ပန်းနာ ပျောက်ကင်းစေခြင်း ပန်းနာရင်ကြပ်နဲ့ လည်ချောင်းတစ်လျှောက် ရောဂါများ ကို ပျောက်ကင်း စေ ပါတယ်။ အထူးသဖြင့် စပျစ်သီးခြောက် စားသုံးခြင်းက များက ပန်းနာကို ပိုပျောက်ကင်းဖို့ ထိရောက် ပါတယ်။ ၂။ ဝမ်းချုပ် ရောဂါ ပျောက်ကင်းစေခြင်း စပျစ်သီးမှာ Cellulose, organic acid နဲ့ သကြားတို့ ပါဝင်ပြီး ယင်းဓာတ်များက ဝမ်းနှုတ်ဆေး သဖွယ် လုပ်ဆောင်ပေးပါတယ်။ ဒါကြောင့် စပျစ်သီး စားရင် ဝမ်းပျော့ပြီး ဘယ်လိုကြောင့်ပဲ ဝမ်းချုပ်၊ ဝမ်းချုပ် ဝမ်းပုံမှန် သွားစေပါတယ်။ ၃။ ခေါင်းတစ်ခြမ်းကိုက် ဝေဒနာ ကို ကုသခြင်း ခေါင်းတစ်ခြမ်း ကိုက်တတ်တဲ့ သူများအနေနဲ့ မနက်တိုင်း စပျစ်သီး ဖျော်ရည် မှီဝဲဖို့ တိုက်တွန်း ထားပါတယ်။ သို့ပေမယ့် ရေနည်းနည်းနဲ့ ဖျော်တဲ့ စပျစ်သီး ဖျော်ရည် ဖြစ်ရမှာ ဖြစ်ပြီး ဦးနှောက်ကို လန်းဆန်း စေပါတယ်။ ခေါင်းတစ်ခြမ်းကိုက် ဝေဒနာကို စပျစ်သီး ဖျော်ရည် သောက်သုံးခြင်းဖြင့် ပျောက်ကင်း စေပါတယ်။ ၄။ နှလုံးနှင့် ဆက်စပ်ရောဂါကို ကာကွယ်ခြင်း နှလုံးနဲ့ ဆက်စပ်ရောဂါအားလုံးကို တားဆီး ကာက

အသားစားသုံးမှုကို ရှောင်နိုင်သမျှ ရှောင်ခြင်းဖြင့် အဆီပြန်ခြင်းနှင့် အသားကြမ်းခြင်းကို နည်းပါးစေနိုင်

အသားအရေ လှပချောမွေ့လိုသူများ အနေဖြင့် နေ့စဉ်စားသုံးသည့် အစားအစာများတွင် အသား စားသုံးမှုကို ရှောင်နိုင်သမျှ ရှောင်ခြင်းဖြင့် အသားအရေ အဆီပြန်ခြင်းနှင့် အသားအရေ ကြမ်းတမ်းခြင်းများကို လျော့နည်း ပပျောက်စေကြောင်း အရေပြား အထူးကု ဆရာဝန်များ ထံမှ သိရသည်။ အသားအရေကို ထိန်းသိမ်းမှု အတွက်လည်း တစ်ကိုယ်ရေ သန့်ရှင်း စင်ကြယ်ရေး အတွက် ကိုယ်လက် သန့်စင်မှုကို ပြုလုပ်ရန် လိုအပ်ပြီး မျက်နှာ အသားအရေကို အပူငွေ့ကြောင့် ခြောက် ကပ်ခြင်း မဖြစ်စေရန် အစိုဓာတ် ဖြည့်တင်းပေးခြင်း အနေဖြင့် မျက်နှာသစ်ခြင်း၊ ရေဖတ် တိုက်ခြင်း၊ အရည်ရွှမ်း သစ်သီးဝလံများကို စားသုံးပေးခြင်း၊ ရေအေး မကြာခဏ သောက်သုံး ပေးခြင်းများ ကို ပြုလုပ်ရမည် ဖြစ်ကြောင်း အရေပြား အထူးကု ဆရာဝန်ကြီး ဒေါက်တာ မြတ်မင်းကျော်က ပြောသည်။ အသားအရေကို ထိခိုက်စေသော အန္တရာယ်ဖြစ်သည့် နေရောင်ခြည်ပြင်းများ အသားအရေ ပေါ်သို့ တိုက်ရိုက် ကျရောက်မှုဒဏ်မှ ကာကွယ်ရန် အင်္ကျီလက်ရှည် ဝတ်ခြင်း၊ သနပ်ခါးနှင့် မိတ်ကပ်များ လိမ်းခြယ်ခြင်းကြောင့်လည်း အသားအရေ ထိခိုက်မှုကို ကာကွယ်စေနိုင်ပြီး အသားအရေကို စိုပြည်လှပ စေနိုင်မည် ဖြစ်သည်။ ထို့အပြင် ခန္ဓာကိုယ်ပေါ်ရှိ ချွေးပေါက်များ ပိတ်ဆို့မှု မဖြစ်ပေါ်စေရန်အတွက် ခ