Skip to main content

Posts

Showing posts from December 12, 2014

ပြင်သစ်စစ်ဘက်သုံး လေ့ကျင့်ရေး ဂျက်လေယာဉ် တစ်စင်း ဂေဟာတစ်ခုပေါ်သို့ ပျက်ကျ

ပဲရစ် ၊ ၁၃-၁၂-၂ဝ၁၄ ပြင်သစ် စစ်ဘက်သုံး လေ့ကျင့်ရေး ဂျက်လေယာဉ် တစ်စင်းသည် ဒီဇင်ဘာ ၁၁ ရက်ညတွင် လေ့ကျင့်ပျံသန်း နေစဉ် အတွင်း မသန်စွမ်း ပြုစု စောင့်ရှောက်ရေး ဂေဟာ တစ်ခုပေါ်သို့ ပျက်ကျ သွားခဲ့ရာ တစ်ဦး သေဆုံးပြီး ငါးဦးဒဏ်ရာ ရရှိခဲ့ကြောင်း အာဏာပိုင် များက ပြောကြားသည်။ အဆိုပါ လေယာဉ် ပျက်ကျမှု သည် နိုင်ငံ အလယ်ပိုင်း ဗူးဗရေးဒေသ လွိုင်ရီ တောင်ကြားရှိ တူးမြို့ အနီးတွင် ဒီဇင်ဘာ ၁၁ ရက် ညက ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး အဆိုပါ လေယာဉ်သည် ညပိုင်း ပျံသန်းမှု လေ့ကျင့်ခြင်း လုပ်ဆောင် နေစဉ်အတွင်း ပျက်ကျ သွားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ လေယာဉ် ပျက်ကျသွား ခဲ့သော်လည်း လေယာဉ်မှူး နှင့် သင်တန်းသား လေယာဉ်မှူး တို့မှာ လေယာဉ် မပျက်ကျမီ လေထီးဖြင့် ခုန်ချ နိုင်ခဲ့ခြင်းကြောင့် အသက် အန္တရာယ် မရှိကြောင်း၊ သေဆုံးခဲ့ သူမှာမူ လေယာဉ် ပျက်ကျခဲ့သည့် ဂေဟာ အတွင်း၌ နေထိုင်သူ အသက် ၆၃ နှစ်အရွယ် အမျိုးသား တစ်ဦး ဖြစ်ကြောင်း၊ ဒဏ်ရာရရှိသူ ငါးဦးအနက် တစ်ဦးမှာ စိုးရိမ်ရသည့် အခြေအနေ တွင်ရှိကြောင်း၊ လေယာဉ် ပျက်ကျမှုနှင့် ပတ်သက်၍ တာဝန်ရှိ သူများ အနေဖြင့် စုံစမ်း စစ်ဆေးမှုများ ပြုလုပ်လျက် ရှိကြောင်း လေ့ကျင့်ရေး လေယာဉ် စတင် ပျံသန်းခဲ့သည့် လေတပ် အြေ

အင်တာနက် အသုံးပြုခွင့်ကို လူ့အခွင့်အရေးတစ်ရပ် ဟု အသိအမှတ်ပြုပေးရန် တီထွင်သူ တောင်းဆို

ဝါရှင်တန် ၊ ၁၃-၁၂-၂၀၁၄ ကမ္ဘာ့ပေါ်တွင် အင်တာနက် သုံးစွဲမှုကို အစိုးရ အဖွဲ့များက စောင့်ကြည့်မှု ပိုလာပြီး အင်တာနက် အသုံးပြုသော နိုင်ငံများ၏ ၈၄ ရာခိုင်နှုန်းတွင် ဥပဒေများ ထုတ်ပြန် ကန့်သတ် ထားသည့် အတွက် အွန်လိုင်းဆင်ဆာ ဖြတ်တောက်မှု ပိုလာပြီး အင်တာနက် လွတ်လပ်ခွင့်မှာ တဖြည်းဖြည်း နည်းပါးလာကာ တစ်နိုင်ငံနှင့် တစ်နိုင်ငံ မျှတမှု ခြင်းလည်း ညီမျှမှု မရှိတော့ကြောင်း World Wide Web ဖောင်ဒေးရှင်း က အစီရင်ခံစာ ထုတ်ပြန် ထားကြောင်း သိရသည်။ ထို့အတွက် Web တီထွင်သူ Sir Tim Berners Lee က အင်တာနက် အသုံးပြုခွင့်ကို လူ့ အခွင့်အရေး တစ်ရပ်ဟု အသိအမှတ် ပြုပေးရန် တောင်းဆို လိုက်ပြီး အင်တာနက် ၏ လူမှုစီးပွားနှင့် နိုင်ငံရေး အဆောက်အုံတို့ အပေါ် အကျိုး သက်ရောက်မှု ရှိပုံကို နိုင်ငံပေါင်း ၈၆ နိုင်ငံတွင် တိုင်းတာပြီး သုံးသပ် ပြထားသည်။ အင်တာနက် သုံးစွဲမှုကို စောင့်ကြည့်ပြီး အင်တာနက် စာမျက်နှာ တစ်ခုကို တစ်ပြိုင်တည်း ဝင်ရောက် ကြည့်ရှုသူ ဦးရေ (Traffic) ကို ခွဲခြား သတ်မှတ် တတ်သော နိုင်ငံ ၇၄ ရာခိုင်နှုန်း၊ အင်တာနက် ကြောင့် လူထု အုံကြွမှု၊ နိုင်ငံရေး မငြိမ်သက်မှု တို့ကို အစပျိုး စေသည်ဟု ယူဆသော နိုင်ငံ ၆၂ ရာခိုင်နှုန်း၊ အွန်လိုင်းမှ တစ်ဆင့်

ကြည့်မြင်တိုင် မီးလောင်မှု သတင်း အပြည့်အစုံ

ကြည့်မြင်တိုင် မြို့နယ်တွင် ခြင်ဆေးခွေ မီးမှ တစ်ဆင့် နေအိမ်အား မီးလောင်ကျွမ်းရာမှ ပတ်ဝန်းကျင်ရှိ နေအိမ်(၆)လုံးသို့ ကူးစက် လောင်ကျွမ်းမှုဖြစ် ရန်ကုန်၊ ဒီဇင်ဘာ ၁၃ ၁၃.၁၂.၂၀၁၄ ရက်နေ့ ၀၀၄၀ အချိန်တွင် ကြည့်မြင်တိုင်မြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင် များသည် ကြည့်မြင်တိုင် မြို့နယ်၊ မကျည်းတန်းမြောက် အရှေ့ရပ်ကွက်၊ စကားဝါပင်လမ်းတွင် မီးလောင်မှုဖြစ်ပွား ကြောင်း သတင်း အရ သွားရောက် စစ်ဆေး ခဲ့ပါသည်။ ထိုသို့ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါလမ်းနေ ဦးသန်းညွန့်သည် ၎င်း၏နေအိမ် နောက်ဖေးခန်းအတွင်း ခြင်ဆေးခွေ ထွန်းညှိထားရာမှ ကြမ်းခင်းမှ တစ်ဆင့် နေအိမ်အား မီးကူးစက် လောင်ကျွမ်းခဲ့ကြောင်း၊ ၎င်း၏နေအိမ်မှတဆင့် ဝဲ/ယာရှိ နေအိမ်(၆)လုံးတို့အား မီးကူးစက် လောင်ကျွမ်းခဲ့ရာ မီးသတ်ယာဉ် (၅၂)စီးတို့ ရောက်ရှိ ငြှိမ်းသတ်ခဲ့သဖြင့် ၀၂၀၀ အချိန်တွင် မီးငြိမ်းသွား ခဲ့ကြောင်း၊ မီးစတင် လောင်ကျွမ်းခဲ့သည့် ဦးသန်းညွန့်၏ နေအိမ်အတွင်းမှ မီးလောင်ကျွမ်းသေဆုံး နေသူ တစ်ဦးအား တွေ့ရှိရသဖြင့် စိစစ်ရာ သေဆုံးသူမှာ ဦးသန်းညွန့်၏ဇနီး ဒေါ်ဝင်းဝင်းမာ(၅၂)နှစ်ဖြစ်ကြောင်း သိရှိရပါသည်။ ယင်းသို့ မီးပေါ့ဆစွာ အသုံးပြုသူ ဦးသန်းညွန်းအား ကြည့်မြင်တိုင်မြို့မ ရဲစခန်း (ပ)၈၂၄

သုံးခွမြို့နယ်၊ စစ်ကုန်းတောစွန်း လူသတ်မှုမှ သေဆုံးအောင် ၀ိုင်းဝန်း ရိုက်နှက်ခဲ့သူ (၄)ဦးအား ဖမ်းဆီးရမိ

အရက်သောက်ရင်း စကားများခဲ့သည့် ကိစ္စကို မကျေနပ်ဖြစ်ကာ သေဆုံးအောင် ၀ိုင်းဝန်း ရိုက်နှက်ခဲ့သူ (၄)ဦးအား ဖမ်းဆီးရမိ ရန်ကုန်၊ ဒီဇင်ဘာ ၁၂ ၂၉.၁၁.၂၀၁၄ ရက်နေ့ ၂၁၀၀ အချိန်တွင် သုံးခွမြို့နယ်၊ စစ်ကုန်းတောစွန်း ကျေးရွာအုပ်စု၊ တောစွန်း ကျေးရွာနေ ဦးအောင်ကြိုင်သည် နေအိမ်တွင်ရှိနေစဉ် သားဖြစ်သူ မောင်ခင်(၃၅)နှစ်မှာ ရွာတောင် ပိုင်းရိုးပြတ်ချောင်းဘေးတွင် အရိုက်ခံထားရကြောင်း ကြားသိရသဖြင့် သွားရောက်ကြည့်ရှုခဲ့ပါသည်။ ထိုသို့ သွားရောက်ကြည့်ရှုရာ သားဖြစ်သူမှာ ဖူးရောင်၊ ပေါက်ပြဲဒဏ်ရာများဖြင့် လဲကျနေသည်ကို တွေ့ရှိရသဖြင့်မေးမြန်းခဲ့ရာ သုံးခွမြို့နယ်၊ တင်းတောင်းချောင် ကျေးရွာနေ မြင့်နိုင်၊ ညီညီဆွေ၊ ၀င်းဌေးနှင့်သက်ဝေဖြိုးတို့(၄)ဦးတို့မှ လွန်ခဲ့သော (၃)လခန့်က အရက်သောက်ရင်း စကားများခဲ့သည့် ကိစ္စကို မကျေနပ်ဖြစ်ကာ ၀ါးတုတ်များဖြင့် ၀ိုင်းဝန်း ရိုက်နှက်ခဲ့ကြကြောင်း ပြောပြသိရှိရပြီး သားဖြစ်သူမှာ ဆေးရုံသို့ ပို့ဆောင်စဉ် လမ်းခရီး၌သေဆုံးသွား ခဲ့သောကြောင့် မြင့်နိုင်ပါ(၄)ဦးတို့အား အရေးယူပေးရန် တိုင်တန်းခဲ့ပါသည်။ တိုင်တန်းချက်အရ သုံးခွမြို့မရဲစခန်း(ပ)၄၃၀/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂/၁၁၄ ဖြင့် အမှုဖွင့်ပြီး ပြစ်မှုကျူး လွန်သူများအား ဖမ

ဘင်္ဂလားဒေ့ရှ် လမုတော ပျက်စီးမယ့် အန္တရာယ် ရင်ဆိုင်နေရ

Sundarbans ဒေသမှာရှိတဲ့ Sela မြစ်ထဲ လောင်စာဆီ ဂါလံ ၉ သောင်းကျော် တင်ဆောင်လာတဲ့ ရေယာဉ် နစ်မြုပ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံတောင်ပိုင်း ဘင်္ဂလားပင်လယ်အော်ထဲမှာ လောင်စာဆီ ယိုဖိတ်မှုတွေ ဖြစ်ပွါးခဲ့တဲ့အတွက် ကမ္ဘာ့ထိမ်းသိမ်းရမယ့် အမွေအနှစ်အဖြစ် ကုလသမဂ္ဂ ယူနက်စကို UNESCOအဖွဲ့က သတ်မှတ်ထားတဲ့ Sundarbans လမုတောဒေသ ပျက်စီးနိုင်တဲ့ ဘေးနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီသီတင်းပါတ် အစောပိုင်းက Sundarbans ဒေသမှာရှိတဲ့ Sela မြစ်ထဲ လောင်စာဆီ ဂါလံ ၉ သောင်းကျော် တင်ဆောင်လာတဲ့ ရေယာဉ် နစ်မြုပ်ခဲ့ပြီးလောင်စာဆီ ယိုဖိတ်မှုတွေ ဖြစ်ခဲ့တာပါ။ အခုချိန်အထိ ရေထဲကိုလောင်စာဆီ ဘယ်လောက် ယိုဖိတ်ခဲ့တယ် ဆိုတာ မသိရသေးသလို သဘာဝဝန်းကျင် ဘယ်အတိုင်းတာထိ ပျက်စီးမှု ရှိတယ် ဆိုတာ မသိရသေးပါဘူး။ ဒါ့အပြင် ယိုဖိတ်နေတဲ့ လောင်စာဆီတွေကို ဘယ်လို ဖယ်ရှားရမယ် ဆိုတာ အခုထိ အာဏာပိုင်တွေက မစီစဉ်ကြ သေးဘူး လို့ သောကြာနေ့ထုတ် Dhaka Tribune သတင်းမှာ ဖေါ်ပြထားပါတယ်။ လမုတော ရှိရာ များပြားလှတဲ့ မြစ်ကြောင်းတွေ ဆုံရာ မြစ်ဝကျွန်းပေါ် ဒေသ တလျှောက်က ဒေသခံတွေကို အာဏာပိုင်တွေက ရေပေါ်က ဆီတွေ တတ်နိုင်သလောက် လိုက်ပြီး စုဆောင်းယူဖို့ ပန်ကြားနေတယ် လို့လည်း ရေးပါတယ်။ Sundarbans လမုတောဟာ ရ

ဒ​လိုင်း​လား​မား​နဲ့ သီး​သန့်​တွေ့​ဆုံ​ဖို့ ပုပ်​ရဟန်းမင်းကြီး ငြင်း​ဆို

တရုတ်နဲ့ ဆက်ဆံရေး တိုးတက်ဖို့ ကြိုးစားနေတဲ့ အတွက် ဒလိုင်းလားမားနဲ့ တွေ့ဆုံဖို့ ဗာတီကန်က ငြင်းဆိုခဲ့ပါတယ်။ တရုတ်နဲ့ ဆက်ဆံရေးကို ငဲ့ကွက်ပြီး တိဘက် ရဲ့ ဘာသာရေး ခေါင်းဆောင် ဒလိုင်းလားမား နဲ့ သီးသန့် တွေ့ဆုံဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ငြင်းဆို လိုက်ပါတယ်။ ငြိမ်းချမ်းရေး နိုဘဲလ် ဆုရှင်များ ရဲ့ ထိပ်သီး အစည်းအဝေးကို တက်ဖို့ ရောမမြို့ကို လာမှာ ဖြစ်တဲ့ ဒလိုင်းလားမား ဆရာတော်က သူ ရောမမြို့မှာ ရှိနေတုန်း ပုပ်ရဟန်းမင်းနဲ့ တွေ့ဖို့ တောင်းဆိုခဲ့တဲ့ အပေါ် ဗာတီကန်က အခုလို ငြင်းဆိုခဲ့တာ ဖြစ်ပါတယ်။ အခုလို ဗာတီကန်ရဲ့ ငြင်းဆိုမှု ကို သူ့ အနေနဲ့ စိတ်ပျက်ရပေမယ့် အခြေအနေ အပေါ် နားလည်ပါကြောင်း ဒလိုင်းလားမား က ပြောပါတယ်။ တရုတ် ပြည်တွင်းမှာ တရုတ် ကွန်မြူနစ် ပါတီက တရားဝင် ခွင့်ပြုထားတဲ့ ကက်သလစ် ကျောင်းတော် နဲ့၊ ပုပ်ရဟန်းမင်းကြီး အပေါ်မှာသာ ကျိုးနွံ သစ္စာခံတဲ့ မြေအောက် ကက်သလစ် အဖွဲ့တွေ ဆိုပြီး ၂ မျိုးကွဲ တည်ရှိ နေကြပြီး၊ ဒီ အခြေအနေ မှာ တရုတ်ပြည် နဲ့ ဆက်ဆံရေး တိုးတက်ဖို့ ဗာတီကန် အနေနဲ့ ကြိုးစား နေတာ ဖြစ်ပါတယ်။ ဘီဘီစီ (မြန်မာပိုင်း) http://ift.tt/1BsAOUf from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift

ထိုင်း အိမ်ရှေ့မင်း ကြင်ရာတော် ဆီရတ် တော်ဝင်ဘွဲ့ ကို စွန့်လွှတ်

ထိုင်းနိုင်ငံမှာ အိမ်ရှင်မင်း ဝပ်ချယ်ရာ လောင်ကွမ်းန် ရဲ့ ဇနီး မင်းသမီး ဆီရက်ထ် ဟာ၊ သူမရဲ့ တော်ဝင်ဘွဲ့ ကို စွန့်လွှတ် လိုက်ပါတယ်။ ထိုင်း နန်းတော်ရဲ့ ကြေညာ ချက်ထဲမှာ အကြောင်းပြချက် ပေး မထား ပေမယ့်၊ မင်းသမီး ဆီရက်ထ်နဲ့ နီးစပ်တဲ့ ဆွေမျိုး တော်တော် များများဟာ၊ အကျင့်ပျက် ခြစားမှု စွဲချက်တွေနဲ့ အရေးယူ ခံခဲ့ ရတဲ့နောက်ပိုင်း အခုလို ကြေညာချက် ထွက်ပေါ် လာခဲ့တာပါ။ ပြီးခဲ့တဲ့ လကပဲ၊ အိမ်ရှေ့မင်းသား ကနေ မင်းသမီးဘက်က မိသားစုတွေ ကို တော်ဝင်မျိုးရိုး ဘွဲ့နာမည် စွန့်လွှတ်ရမယ် ဆိုပြီး အမိန့် ပေးခဲ့ပါတယ်။ ဒါဟာ အိမ်ရှေ့မင်း အနေနဲ့ သူ့ရဲ့ ဇနီးသည်ကို ကွာရှင်းဖို့ ကြိုးစားမှုရဲ့ ပထမ ခြေလှမ်းပဲ ဆိုပြီး လူအများက ထင်မြင် နေကြပါတယ်။ BBC Burmese http://ift.tt/1qQiOB8 from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1z2Rcvr

မြန်မာကိုယ်စားပြုအလှမယ် ဂျူးစံသာ အာရှအလှဆုံးမယ်ဆုဆွတ်ခူး

ဗင်နီဇွဲလားနိုင်ငံ လာရာပြည်နယ် ဘာကီစီမီတိုမြို့၌ ကျင်းပခဲ့သော (၉)ကြိမ်မြောက် နိုင်ငံတကာ Miss Tourism 2014 ပြိုင်ပွဲတွင် အာရှ၏ အလှဆုံးမယ်အဖြစ် မြန်မာနိုင်ငံကိုယ်စားပြုအလှမယ် ဂျူးစံသာက ဆွတ်ခူးရရှိခဲ့ကြောင်း သတင်းရရှိသည်။ ဆုရရှိခဲ့ခြင်းအပေါ် Miss Golden Land Myanmar Organization မှ ကိုဝေယံအောင်က ''ကျွန်တော်တို့ အဖွဲ့အစည်းကနေ ကိုယ့်မြန်မာနိုင်ငံအတွက် သွားရောက်ယှဉ်ပြိုင်တဲ့ အလှမယ်တစ်ယောက်အနေနဲ့အခုလို ဆုကြီးဆွတ်ခူးရယူနိုင်ခဲ့တဲ့အတွက် ဝမ်းသာဂုဏ်ယူရပါတယ်။ အကောင်းဆုံးကြိုးစားမှုနဲ့အတူ မိဘပြည်သူတွေရဲ့ အားပေးမှုကြောင့် သူအောင်မြင်မှု ရခဲ့တာလို့ ကျွန်တော်ယူဆမိတယ်။အခုပြိုင်ပွဲကို နိုဝင်ဘာ ၃ဝ ရက် ကနေ ဒီဇင်ဘာ ၁ဝ ရက်ထိ ပြုလုပ်တာပါ။နိုင်ငံပေါင်း ၅၈ နိုင်ငံက အလှမယ်ပေါင်း ၅၈ ယောက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတာပါ။ Miss Tourism 2014 ဆုကို ဂျပန်နိုင်ငံမှ တိုမိုမိ ကွန်ဒိုးက ဆွတ်ခူးသွားတာပါ။ ဂျူးစံသာက ဗင်နီဇွဲလားနိုင်ငံကနေ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ဒီဇင်ဘာ ၁၃ ရက် ညနေ ၄နာရီခွဲ လောက်မှာ ပြန်ရောက်လာမှာပါ။အကောင်းဆုံးနဲ့ အနွေးထွေးဆုံး ကြိုဆိုသွားဖို့ ပြင်ဆင်ထားပါတယ်''ဟု ပြောကြားသည်။ ဗြိတိန်အခြေစိ

ဒီဇင်ဘာလ (၁၃)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ

ဒီဇင်ဘာလ (၁၃)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ ဒီဇင်ဘာလ (၁၃)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1xbnpBj

ညောင်လေးပင်မြို့၌ လမ်းလျှောက်လာသူ ကားနှင့်ချိတ်မိရာမှ ဗိုက်ပွင့်ထွက် ဒဏ်ရာများဖြင့် သေဆုံး

ပဲခူးတိုင်း ဒေသကြီး ညောင်လေးပင်မြို့ မှာ လမ်းလျှောက်လာသူ တစ်ဦး ကားနှင့် ချိန်မိရာမှ သေဆုံးမှု ဖြစ်ပွါးခဲ့ကြောင်း သိရပါတယ်။ ညောင်လေးပင်မြို့ ၊ မြို့ မရဲစခန်းမှ ဒုရဲအုပ်မျိုးမင်းအောင် တာဝန်မှူး တာဝန်ဆောင်ရွက်နေစဉ် ဒီဇင်ဘာလ(၁၂)ရက်နံနက်(၈း၄၅)နာရီ အချိန်တွင် ယာဉ်တိုက်မှု ဖြစ်ကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ ရန်ကုန်- မန္တလေးလမ်း မိုင်တိုင်အမှတ် ၉၈/၉၉ ကြားတွင် ရန်ကုန် မှ မန္တလေးဘက်သို့ မောင်းနှင်လာသော ယာဉ်မောင်း ဇော်မိုးလွင်(၃၂)နှစ် (ဘ) ဦးကျော်ကျော် စံပယ်ပင်ရွာ ကျောက်ပန်းတောင်းမြို့ နေသူ မောင်းနှင်လာသော( ၅ခ/ ------ )NISSAN DIESEL အမျိုးအစား အပြာရောင်ယာဉ်အား မောင်းလာစဉ် ၊ ၄င်းလမ်းအတိုင်းလမ်းလျှောက်လာသူ ဦးအောင်မြင့်(၅၅)နှစ် ကျောက်တံခါးမြို့ နေသူအား ကား၏ ညာဖက်နောက်ခြမ်းနှင့် ချိတ်မိရာ ၀ဲပေါင်စုတ်ပြဲဒဏ်ရာ၊ ညာလက်စုတ်ပြဲဒဏ်ရာ၊ ခါးစုတ်ပြဲဒဏ်ရာ၊ ဗိုက်ပွင့်ဒဏ်ရာများဖြင့် သေဆုံးခဲ့တာကို တွေ့ ရှိရသည်။ သို့ ပါ၍ယာဉ်အား မဆင်မခြင်မောင်းနှင်သူ ဇော်မိုးလွင်အား ဥပဒေအရ အရေးယူပေးပါရန် ဒုရဲအုပ်မျိုးမင်းအောင်မှ တရားလို ပြုလုပ်တိုင်တန်းသဖြင့် ညောင်လေးပင်မြို့ မရဲစခန်းမှ ယာဉ်(ပ)၄၃/၁၄ ပြစ်မှု့ ပုဒ်မ ၃၀၄ -က ဖြင့် အေ

မြန်မာကလေးသူငယ်တွေ တရုတ်နဲ့ ထိုင်းကို ရောင်းစားခံနေရ

တစ်ကမ္ဘာလုံးမှာ နှစ်စဉ်လူကုန်ကူးခံနေရတဲ့ ကလေးပေါင်း ၁၂ သန်းလောက်ရှိရာမှာ မြန်မာနိုင်ငံက ကလေးငယ်အများစုဟာ ထိုင်းနဲ့ တရုတ်နိုင်ငံတွေကို ရောင်းစားခံနေရတယ်လို့ "ရွှေ့ပြောင်းသွားလာနေသော ကလေးများဆိုင်ရာကွန်ရက်"က ထုတ်ပြန်ပြောကြားလိုက်ပါတယ်။ ဒီကနေ့ ကျရောက်တဲ့ "ကလေးသူငယ် လူကုန်ကူးမှု ဆန့်ကျင်တိုက်ဖျက်ရေးနေ့" အထိမ်းအမှတ်အဖြစ် ထုတ်ပြန်ကြေညာချက်မှာ အခုလိုဖေါ်ပြထားတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စီးပွားရေးမပြေလည်မှုကြောင့် ကလေးငယ်တွေကို အလုပ်စေခိုင်းရာကနေ လူကုန်ကူးမှုတွေအထိ ဖြစ်ပေါ်နေတယ်လို့ ရွှေ့ပြောင်းသွားလာနေသော ကလေးများဆိုင်ရာကွန်ရက်အဖွဲ့ဝင် ဦးရဲရင့်မောင်က ပြောပါတယ်။ "အဓိက မြန်မာပြည်မှာ လိုနေတာက စားဝတ်နေရေးပါ၊ မိသားစုတွေ စားဝတ်နေရေး အဆင်မပြေတဲ့အခါမှာ ကလေးတွေကို စတေးတဲ့ဟာတွေရှိပါတယ်၊ ကလေးတွေ အလုပ်ခိုင်းတာကနေတဆင့် ရောင်းစားခံရတဲ့ အခြေအနေ ဖြစ်သွားတာပေါ့၊ ကလေးသူငယ် လူကုန်ကူးမှု တားဆီးရေးစာချုပ်ပါ၊ မြန်မာနိုင်ငံကလည်း ၂ဝဝ၃ မှာ လက်မှတ်ရေးထိုးထားပါတယ်၊ နိုင်ငံတွေက လက်မှတ်ထိုးပြီးပြီဆိုရင် ဥပဒေပြဌာန်းပေးရပါတယ်၊ မြန်မာအနေနဲ့ လက်မှတ်ထိုးပြီးပြီပေါ့နော် ဒါပေမဲ့ ဥပဒေမပြဌာန်းသေးဘူး" အ

၁၂ ပွင့်ဆိုင် တွေ့ဆုံရေးတောင်းဆိုမှုများ သမ္မတက လေ့လာသုံးသပ်သွားမည်

ပြည်ထောင်စု လွှတ်တော်က ၆ ပွင့်ဆိုင် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ဖို့ အတည်ပြု တောင်းဆိုထားပေမဲ့ တိုင်းရင်းသား အဖွဲ့တွေအားလုံး ပါဝင်နိုင်မယ့် ၁၂ ပွင့်ဆိုင်အဖြစ်ကျင်းပဖို့ ရန်ကုန်တိုင်း ဒေသကြီးနဲ့ စစ်ကြီးတိုင်း ဒေသကြီးတွေက တောင်းဆိုလာတဲ့အပေါ် သမ္မတက လေ့လာသုံးသပ်သွားမှာဖြစ်တယ်လို့ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က RFA ကို ပြောပါတယ်။ "၄ ပွင့်ဆိုင်တို့၊ ၆ ပွင့်ဆိုင်တို့ စပြောတဲ့အချိန်ကစပြီးတော့မှ သမ္မတကြီးရဲ့မူကတော့ ဖြစ်နိုင်သမျှ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်တဲ့ပုံစံမျိုးကို လိုလားပါတယ်၊ ဒါကြောင့် ကျနော်တို့စခဲ့တုန်းက အဖွဲ့ကြီးငါးဖွဲ့နဲ့စခဲ့တာပေါ့၊ ကျနော်တို့ကတော့ ဖြစ်ပေါ်လာတဲ့ နောက်ထပ်တိုင်းဒေသကြီး အစိုးရများရဲ့ ဆုံးဖြတ်ချက်တွေကိုလည် အလေးထားပြီးတော့မှ လေ့လာသွားမှာဖြစ်ပါတယ်" ဒါ့အပြင် အခုလိုတောင်းဆိုလာတာဟာ မြန်မာ့အရေးမှာ အားလုံးကျယ်ကျယ်ပြန့်ပြန့် ပါဝင်လာနိုင်မယ့် စဉ်စားချက်တွေဖြစ်တာကြောင့် သူ့အနေနဲ့ကြိုဆိုကြောင်း ၀န်ကြီး ဦးရဲထွဋ်က ပြောပါတယ်။ ဒါပေမဲ့ နိုင်ငံမှာအမြင့်ဆုံးဖြစ်တဲ့ ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားတဲ့ ၆ ပွင့်ဆိုင်တွေ့ဆုံရေးကို တိုင်းဒေသကြီးတွေက

ကိုရီးယား လေကြောင်းလိုင်း အရာရှိဟောင်း တောင်းပန်

နှုတ်ထွက်သွားတဲ့ လေကြောင်း အမှုဆောင် အရာရှိဟောင်း Heather Cho တောင်းပန်စဉ်။ ကိုရီးယား လေကြောင်းပိုင် လေယာဉ်ပေါ်မှာ လေယာဉ် အမှုထမ်းရဲ့ ဆောင်ရွက်ပုံကို မကျေနပ်လို့ လေယာဉ် ခရီးစဉ်ကို နှောင့်နှေး စေခဲ့တာနဲ့ ပတ်သက်ပြီး လေကြောင်းလိုင်း ကုမ္ပဏီရဲ့ အမှုဆောင် အရာရှိဟောင်း Heather Cho က လူထု ပရိသတ်ကို တောင်းပန် ခဲ့ပါတယ်။ မစ္စက် Cho ဟာ ရာထူးကနေ နှုတ်ထွက် ခဲ့သလို သူမရဲ့ ဖခင် ဖြစ်တဲ့ လေကြောင်းလိုင်းရဲ့ ဥက္ကဋ္ဌဌကလည်း သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး တောင်းပန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က နယူးယောက် ကနေ အင်ချွန်းကို ပျံသန်းမယ့် ကိုရီးယား လေကြောင်း လေယာဉ်ပေါ်မှာ မစ္စက် Cho ကို လေယာဉ်မယ်က မြေပဲ တည်ခင်းရာမှာ ပန်းကန်နဲ့ ထည့်မပေးဘဲ အိတ်နဲ့ ချပေးတာနဲ့ ပတ်သက်လို့ လေယာဉ် အမှုထမ်း အကြီးအကဲကို လေဆိပ်မှာ ချန်ထားခဲ့ဖို့ မစ္စက် Cho က ညွှန်ကြား ခဲ့တာကြောင့် ခရီးစဉ် နှောင့်နှေး ခဲ့ရတာ ဖြစ်ပါတယ်။ ဒီကိစ္စဟာ သတင်းတွေမှာ ဟိုးလေးတကျော် ဖြစ်သွားခဲ့တဲ့ အတွက် တောင်ကိုရီးယား အစိုးရကပါ ဒီအမှုကို စုံစမ်းနေတယ်လို့ ဆိုပါတယ်။ ဘီဘီစီ (မြန်မာပိုင်း) http://ift.tt/1zfENmI from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1wj3G