Skip to main content

Posts

Showing posts from December 21, 2014

လူငယ်များကြားတွင်Facebook သုံးစွဲမှု စံချိန်တင်ကျဆင်း အမေရိကန်နှင့် ဥရောပနိုင်ငံများ၌ လူငယ်များ Facebook သုံးစွဲမှု ကျဆင်းမှု ၈ဝ ရာခိုင်နှုန်းရှိ

ရန်ကုန် ဒီဇင်ဘာ ၂ဝ အမေရိကန်နိုင်ငံ အခြေစိုက် Frank N Magid သုတေသနအဖွဲ့က ပြုလုပ်ခဲ့သောစစ် တမ်းတစ်ခုအရ ကမ္ဘာအရပ်ရပ်ရှိ လူငယ်များ ကြားတွင် Facebook သုံးစွဲမှု စံချိန်တင် ကျ ဆင်းလျက်ရှိ သည်ဟု တွေ့ရှိ ခဲ့ကြောင်း CBS သတင်းဌာနကဖော်ပြသည်။ Frank N Magid အဖွဲ့၏ စစ်တမ်းတွင် ပြီးခဲ့သည့်နှစ်အတွင်း အမေရိကန်နိုင်ငံရှိ အသက် (၁၃)နှစ်နှင့် (၁၇)နှစ်ကြားရှိ လူငယ်များကြားတွင် Facebook သုံးစွဲမှုမှာ ၈၈ရာခိုင်နှုန်းကျဆင်း သွားကြောင်း၊ အဆိုပါ အသက်အရွယ်အပိုင်း အခြားအတွင်းရှိ အမေရိကန်လူငယ်များကြား တွင် Facebook သုံးစွဲမှုကျဆင်းမှု အခြေအနေ မှာ ၂ဝ၁၂ ခုနှစ်တွင် ၉၅ ရာခိုင်နှုန်း၊ ၂ဝ၁၃ ခုနှစ်တွင် ၉၄ ရာခိုင်နှုန်းရှိကြောင်း၊ လူမှုကွန် ရက်သုံးစွဲသူများကြားတွင် Facebook ကို နှစ်ခြိုက်မှု အခြေအနေမှာ ပြီးခဲ့သည့်နှစ်က ၉၃ ရာခိုင်နှုန်း ရှိခဲ့သော်လည်း ယခုနှစ်တွင် ၉ဝ ရာခိုင်နှုန်းသာရှိတော့ကြောင်း၊ ဥရောပနိုင်ငံ များနှင့် အမေရိကန်နိုင်ငံရှိ လူငယ်များကြားတွင် Facebookသုံးစွဲမှုကျဆင်းမှုမှာစံချိန်တင်အနေ အထားသို့ရောက်ရှိ နေကြောင်း ဖော်ပြသည်။ Facebook သည် လက်ရှိအချိန်အထိ လူမှုကွန်ရက်များထဲတွင်သုံးစွဲသူအများဆုံး အခြေအနေကို ဆက်လက်ဆုပ်ကိုင်ထားနို

Osteoarthritis အရိုး-အဆစ်နာရောဂါ

ကျွန်မ အသက်က 34 နှစ်ရှိပါပြီ။ လက်ကောက်ဝတ်နား နာနေတာ 9 လပိုင်း 2013 ကတည်းက ဆေးထိုး ဆေးစားခဲ့ပါတယ်။ တလပိုင်း မနက်အိပ်ယာထချိန် မှာ လက်ဆစ် လက်မောင်းတွေ ခြေဆစ်ခြေသလုံးတွေ တောင့်တင်းပြီး အဆစ်တွေနာနေတာ ပုံမှန်ဖြစ်ဖို့ တနာရီကြာတယ်။ ခြေချောင်းအောက်ဖဝါးက ထောက်လိုက်ရင် နာနေတာ ဆရာဝန်သွားပြတော့ leflunomide 1 OD 6 လသောက်ခိုင်းတယ်။ ဒါပေမဲ့ ကျွန်မအဲဒီဆေးရဲ့s ide effect ကိုသိတော့ ဆက်မသောက်ရဲတော့ဘူး ရပ်လိုက်ပြီး celecoxib တို့ aceclofenac တွေသောက်တော့ သက်သာတယ်။ ဒါပေမဲ့ အခု 5 လပိုင်း 2 ရက်နေ့မှာ ပြန်ဖြစ်လာတယ်။ ဒီတစ်ခေါက်က ဂုတ်ရိုးနားပါ ပူပြီးနာလာတယ်။ ကျွန်မ OSA က normal RA က positive တဲ့၊ uric acid လည်း normal ESR စစ်တော့ 25mm/1hr တဲ့။ ဘာဆက်လုပ်သင့်တယ်ဆိုတာ ကူညီပေးပါဆရာရှင်။ ၃၅ နှစ်၊ ကျား၊ အိမ်ထောင်သက် ၅ နှစ်၊ အရက်၊ ဘီယာ၊ ဆေးလိပ်၊ အသား၊ လုံးဝ မသောက် မစားသည်မှာ ၁ဝ နှစ်ရှိ။ အသက် ၁၉ နှစ်ခန့်မှာ ရောဂါစတင် ခံစားရ၊ ရောဂါလက္ခဏာများမှာ လက်ချောင်းဆစ်များ၊ လက်ကောက်ဝတ်များ၊ လက်မောင်းရင်းများ၊ ဒူးဆစ်များ၊ ခြေမျက်စေ့များ၊ ခြေဖနောင့်များတွင် ရောင်ရမ်းလာ၊ နီမြန်းလာ၊ ပူလာပြီး လှုပ်ရှားမရ၊ ထိလျင်လည်း နာကျင်၊ ကွေးထားလျင်

Osteoporosis အရိုးပွရောဂါ

1. ကျမ၏အမေပါ။ အသက်ကတော့ ၅၈ နစ်ပါ။ အသွားအလာမရှိပါ။ အထိုင်များပါသည်။ သွေးဆုံးပြီး ကတည်းက ဒူးခေါင်းအကွေးအဆန့် ခက်ခဲလာပါ တယ်ရှင့်။ အိမ်သာအတက်အဆင်းလည်း အဆင်မပြေပါ။ ဓါတ်မှန် ရိုက်သော်လည်း ဘာရောဂါမှမရှိပါ။ ဒူးခေါင်းပြန်ကောင်းလာအောင် ဘယ်လိုပြုမူနေထိုင်ရမည်ကို ညွှန်ကြားစေလိုပါတယ်။ 2. ဆရာရှင့် မေးစရာရှိလို့မေးခွင့်ပြုပါ အမေအသက်က ၆၅ နှစ် ရှိပါပြီ။ အခုမိုးတွင်းမှာ ချော်လဲသွားလို့ လက်ကောက်ဝတ်နှင့် တင်ပဆုံရိုးအက်သွားပါတယ်။ အရိုးသိပ်သည်းဆတိုင်းတော့ အရိုးပွနေတယ်ပြောပါတယ်။ ဆေးထိုးလို့ရတယ်ပြောပါတယ်။ တစ်နှစ်ခံသောဆေးကို တစ်ခါထိုးတာနှင့် နေ့တိုင်း တစ်နေ့တစ်လုံးနှုံးနှင့် တစ်နှစ်ထိုးတာ ဘယ်နည်းမှာ အကျိုးအာနိသင် ကွာခြားမှုနှင့်ဆိုးကျိုးရှိမရှိသိချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ 3. ကျွန်တော့်အမေက ရန်ကုန်မှာနေပါတယ်။ အသက်က ၅၈ နှစ်ရှိပါပြီ။ ရောဂါဖြစ်တာက အောက်ပိုင်း ပူတဲ့ရောဂါ ဖြစ်ပါတယ်။ ခြေထောက်တွေပူတယ်။ ဆေးထိုးဆေးသောက် လုပ်ပါတယ်။ လွန်ခဲ့တဲ့ တစ်ပါတတ်ခန့်က အရိုးကို စစ်တဲ့စက်ဆိုလား အခမဲ့စစ်ပေးတယ်ဆိုလို့ စစ်ကြည့်တာ အရိုးပါးတာ အဆင့် ၃ ကိုရောက်နေပြီပြောပါတယ်။ အဲတာနဲ့ ဆေပေးလိုက်ပါတယ်တဲ့။ တစ်ပါတ်ကို တစ်လုံးသောက်ရတဲ့ဆေး။ အရိုး

ရန်ကုန်မြို့တွင် အလုပ်သမား တိုင်းရင်း ဆေးရုံသစ် ဖွင့်လှစ်ရန် စီစဉ်

ရန်ကုန် ဒီဇင်ဘာ ၂၁ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ ကြီးမှူးပြီး လူမှုဖူလုံရေး အဖွဲ့ဝင် အလုပ်သမားများ အတွက် တိုင်းရင်းဆေးရုံသစ် တစ်ခုကို လာမည့် ၂ဝ၁၅ ခုနှစ် နှစ်ဆန်းပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်သာယာမြို့နယ်၌ ဖွင့်လှစ်နိုင်စေရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ လက်ရှိတွင် ကျန်းမာရေး ဝန်ကြီးဌာန လက်အောက်ရှိ တိုင်းရင်း ဆေးခန်းများ၏ အကူအညီဖြင့် အလုပ်သမားများ အတွက် တိုင်းရင်း ဆေးရုံသစ်ကို လှိုင်သာယာတွင် စတင် ဖွင့်လှစ်ရန် စီစဉ်ထားခြင်း ဖြစ်ပြီး နောက်ပိုင်းတွင် ရန်ကုန်၊ မန္တလေးနှင့် ထန်းတပင် မြို့နယ်တို့တွင် ဖွင့်လှစ်ထား သော အလုပ်သမား ဆေးရုံကြီးများ၌လည်း တိုင်းရင်း နည်းပညာဖြင့် ဆေး ကုသပေးခြင်းများကို ထည့်သွင်း ဆောင်ရွက်သွားမည့် အပြင် အလုပ်သမား များသော မြို့နယ်များရှိ လူမှုဖူလုံရေး ဆေးပေး ခန်းများ၌လည်း ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက် သွားရန် အစီအစဉ် ရှိကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ လှိုင်သာယာမြို့နယ်တွင် ဖွင့်လှစ်မည့် အဆိုပါ အလုပ်သမား တိုင်းရင်း ဆေးရုံသစ်တွင် လာရောက် ဆေးကုသမှု ခံယူသော လူမှုဖူလုံရေး အဖွဲ့ဝင်

စိတ်ဖိစီးမှု ဖြစ်ခြင်းနှင့် ဆက်နွယ်နေသော ရောဂါများ

နေပြည်တော် ၊ ဒီဇင်ဘာ ၂၁ လူတိုင်းလိုလို၌ စိတ်ဖိစီးမှု အနည်းနှင့် အများရှိတတ်သည်။ အချို့က ''စိတ်ဖိစီးမှုဆိုတာ မဖြစ်သင့်ဘူး။ ကြုံတွေ့လာတဲ့ ပြဿနာကို ဖြေရှင်းလိုက်ရင် ပြီးတာပဲလို့ ဆင်ခြေပေးကြ ပြန်သည်။ သို့ပေမဲ့ ပြဿနာဆိုတာက ဖြေရှင်းတိုင်း အောင်မြင်မှု မရတတ်ပါ။ စိတ်ဖိစီးမှု ဆိုတာ ဝီရိယကြောင့်ဆိုလျှင် စာမေးပွဲအတွက် စိတ်ဖိစီးမှု အနည်းငယ်ရှိမှသာ စာကျက်နိုင်ပါ လိမ့်မည်။ သို့မှသာ စိတ်ပိုင်းဆိုင်ရာ အခြေအနေများကိုလည်း မြှင့်တင်နိုင်မည် ဖြစ်သည်။ ''ကျန်းမာခြင်း ဆိုသည်မှာ ရောဂါဝေဒနာ ကင်းရှင်းပြီး ကိုယ်အင်္ဂါချို့တဲ့မှု မရှိရုံမျှမက ကိုယ်ကျန်းမာမှုနှင့် ပြည့်စုံခြင်း၊ စိတ်ချမ်းသာမှု ရှိခြင်း၊ ပတ်ဝန်းကျင်နှင့် ပေါင်းသင်းဆက်ဆံမှု အဆင်ပြေ ကောင်းမွန်ခြင်းတို့ ဖြစ်ပါတယ်''ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတ်မှတ်ထားသည့် အတွက် စိတ်ကျန်းမာရေးသည် အရေးကြီးပါသည်။ စိတ်နှင့် ကျန်းမာရေး ကဏ္ဍလောကတွင် စိတ်ပျိုကိုယ်နု ဆိုသလို ကျန်းမာခြင်း၊ ခွန်အားသန်စွမ်းခြင်း၊ နုပျို လန်းဆန်းခြင်းတို့သည် စိတ်၏ လန်းဆန်းပျော်ရွှင်မှု အပူအပင်ကင်းမှု၊ စိတ်တည်ငြိမ်မှုတို့ အပေါ် မူတည်နေသည်။ စိတ်ညစ်ညူးခြင်း ပူပင်သောက ရောက်ခြင်း၊ ကြောက်လ

Rheumatism (2) လေးဘက်နာ (၂)

(၁) သမီးမှာ လေးဖက်နာရောဂါအတွက် Aspirin နဲ့ Prednisolone ကို သောက်နေရတာ ၃ လကျော်နေပါပြီ။ ASO က ၁၆ဝ ပဲရှိပေမယ့် ဒူးဆစ်ရောင်တာက မသက်သာသေးပါဘူး။ အဲဒီဆေးတွေ ကြာရှည်သောက်လျှင် နောက်ဆက်တွဲ ဘာဖြစ်နိုင်ပါသလဲဆရာ။ ဆရာဝန်ပြောင်းသင့်ပါသလား။ ပြန်ဖြစ်ခါစ ASO က ၅ဝဝ ကျော်ပါတယ်။ အထွေထွေရောဂါကု ပါမောက္ခကြီးတစ်ဦးနဲ့ပြနေတာပါဆရာ။ ကျေးဇူးတင်ပါတယ်ဆရာ။ (၂) သမီးမှာ RA positive ဖြစ်နေပါတယ်။ မည်သည့် အစားအစာများကို ရှောင်ရမလဲ။ RA သည် လေးဘက်နာနှင့် အတူတူဘဲလား။ အဆစ်တွေအားလုံး နာနေပါတယ်။ နံက်အိပ်ရာထချိန် အဆိုးဆုံးပါ။ (၃) ကျွန်မက လေးဖက်နာကြောင့် Penicillin V သောက်နေတာ လေးနှစ်ကျော်ပါပြီ။ အခုကလေးယူမယ်ဆိုတော့ ဒီဆေးကို ဆက်သောက်သင့်၊ မသင့်လည်း သိချင်ပါတယ်။ ပိုးသတ်ဆေးဆိုတော့ ကလေးရလာခဲ့ရင် ကလေးကို ထိခိုက်နိုင်သလား ဆိုတာလည်း သိချင်ပါတယ်။ (၄) ကျွန်မက လေးဖက်နာကြောင့် penicillin V သောက်နေတာ လေးနှစ်ကျော်ပါပြီ။ အခုကလေးယူမယ်ဆိုတော့ ဒီဆေးကို ဆက်သောက်သင့်၊ မသင့်လည်း သိချင်ပါတယ်။ ပိုးသတ်ဆေးဆိုတော့ ကလေးရလာခဲ့ရင် ကလေးကို ထိခိုက်နိုင်သလား ဆိုတာလည်း သိချင်ပါတယ်။ Rheumatoid factor test စမ်းသပ်နည်းကို Rheumatoid arthritis (ရူမက်တစ်) အဆစ်န

Rheumatism (1) လေးဘက်နာ (၁)

လေးဘက်နာဟာ သိသင့်တဲ့ ရောဂါတခုပါ။ ဆေးစာမှာတော့ အနီးစပ်ဆုံးက Rheumatism ဖြစ်ပါတယ်။ Rhumatic အဆစ်နာ၊ Rhumatic အဖျား၊ Rhumatic နှလုံးရောဂါ၊ စတာတွေကို ခြုံခေါ်တာ ဖြစ်ပါတယ်။ ဒီအသုံးက နဲနဲတော့ ခေတ်နောက်ကျသွားပါပြီ။ ရောကောသောကော လုပ်ရာကျနေလို့ပါ။ ဒီအုပ်စုဝင် Arthritis ရောဂါကို ကုရတာနဲ့ Lupus ကို ကုရတာ ဘာမှမဆိုင်အောင် မတူလို့ ရောဂါအုပ်စု တခုထဲလုပ်ဘို့ မဆီလျှော်လို့ ဖြစ်ပါတယ်။ အဆစ်နာတယ်ဆိုလိုက်ရင် လေးဘက်နာလို့ဘဲ ထင်ကြတယ်။ နဲနဲတော့ မှန်တယ်။ ဒါပေမဲ့ အဆစ်နဲ့ မဆိုင်တဲ့ နှလုံး၊ အရေပြား၊ ကျောက်ကပ်၊ အဆုပ်တွေမှာလည်း ဖြစ်တာတွေ ရှိသေးတယ်။ ရောဂါခွဲတွေက များသလား မမေးနဲ့၊ ၁ဝဝ-၂ဝဝ ရှိတယ်။ လည်ပင်း ကျီးပေါင်းတက်၊ ဂေါက်၊ အရေပြား၊ အရိုး၊ အဆစ်၊ တွယ်ဆက်(တစ်ရှူး) ရောဂါတွေ အများကြီး ပါနေတယ်။ ခြေနှစ်ဘက်၊ လက်နှစ်ချောင်းနာလို့ “လေးဘက်နာ” လို့ ဗမာတွေက ပြောကြတယ်။ ဟိုအဆစ်-ဒီအဆစ် ပြောင်းနာတာမို့ “ဟိုသွား-ဒီသွား အဆစ်နာ” လို့ ဆေးစာမှာ လာတယ်။ အဆစ်နာတာသာမက ဖျားတာ၊ လည်ပင်းနာတာ၊ နှလုံးရောဂါတွေလည်း ဆက်စပ်နေတယ်။ အများအားဖြင့် ခြေ၊ လက်၊ လည်ပင်း၊ ခါး၊ အဆစ်မှန်သမျှ ဒုက္ခပေးတယ်။ Arthritis အဆစ်နာအပြင် Tendonitis အရွတ်နာ၊ Bursitis အဆစ်ဖံ

ကလေး လူကြီးများ နားလေးရောဂါ ကြိုတင် ကာကွယ်ပါ

နေပြည်တော် ၊ ဒီဇင်ဘာ ၂၁ နားလေး ရောဂါသည် မြန်မာနိုင်ငံ၌ မထင်မှတ်ဘဲ များပြားလာသည်။ ကျောင်းသား၊ ကျောင်းသူများတွင် ၆ ရာခိုင်နှုန်းမှာ နားလေးရောဂါ ရှိသည်။ နားလေး ရောဂါ၏ ၈ဝ ရာခိုင်နှုန်းသည် နားပြည်ယိုခြင်းကြောင့် ဖြစ်သည်။ စာမလိုက်နိုင်သည့် ကလေးများတွင် နားလေးရောဂါကို ခံစားနေရသူများ ပါဝင်နေသည်။ နားလေး ရောဂါကို ကြိုတင် ကာကွယ်နိုင်သည် ဖြစ်ရာ ရောဂါဖြစ်မှ ကုသခြင်းထက် မဖြစ်မီ ကြိုတင် ကာကွယ်ခြင်းက ပိုမို အကျိုးသက်ရောက်မှု ရှိစေသည့် အပြင် ငွေကုန်မှု၊ အချိန်ကုန်မှုလည်း သက်သာ စေသည်။ နားကို အပြင်နား၊ အလယ်နား၊ အတွင်းနားဟူ၍ သုံးပိုင်း ခွဲခြားနိုင်သည်။ အပြင်နားနှင့် အလယ်နားသည် အသံကို ဖမ်းယူပြီး အတွင်းနားထဲသို့ ပို့ဆောင်ပေးသည်။ အပြင်နားနှင့် အလယ်နား၏ အင်္ဂါ အစိတ်အပိုင်းများ ချို့ယွင်း ပျက်စီးခဲ့လျှင် ပို့ဆောင်မှု လျော့နည်း၍ နားလေးခြင်း ဖြစ်သည်။ အတွင်းနားတွင် အသံနှင့် သက်ဆိုင်သည့် အာရုံကြောများ တည်ရှိရာ အတွင်းနား၏ အင်္ဂါ အစိတ်အပိုင်းများ ချို့ယွင်း ပျက်စီးလျှင် အာရုံကြော နားလေးခြင်း ဖြစ်သည်။ နားပြည်ယိုခြင်းသည် နား၊ နှာခေါင်း၊ လည်ချောင်း ရောဂါများမှ တစ်ဆင့် စတင် ဖြစ်ပေါ်လေ့ ရှိပြီး နှာစေးခြင်း၊ လည်ချောင်းနာခြင်း စတင်

အရေးပေါ် ထိခိုက် ဒဏ်ရာ ရခြင်း

နေပြည်တော် ၊ ဒီဇင်ဘာ ၂၁ ကလေးများ ထိခိုက်ပွန်းပဲ့ ဒဏ်ရာရလျှင် ဒဏ်ရာကို ဆပ်ပြာ၊ ရေတို့ဖြင့် ဆေးကြောသင့်သည်။ ဒဏ်ရာနေရာ တစ်ဝိုက်ကိုကွက်ပြီး ဆေး ကြောသင့်သည်။ ခြေထောက်တွင် ဖြစ်လျှင် ခါးအောက်ပိုင်းမှ ဆပ်ပြာ၊ ရေဖြင့် စင်ကြယ်အောင် ဆေးကြောပေးသင့်သည်။ ပြီးလျှင် တင်ချာ၊ ဆပ်ဒင်းလိမ်းပြီး ပိုးသတ်ထားသည့် ပတ်တီး စည်းပေးသင့်သည်။ ဆရာဝန် မညွှန်ကြားဘဲ ပင်နီဆီလင်၊ တက်ထရာဆိုင်ကလင်း အမှုန့်များ မထည့်သင့်ပါ။ အနာကို သန့်သန့်ရှင်းရှင်း ထားရှိရမည်။ ထိခိုက်ဒဏ်ရာ ရထားသော ခြေထောက်၊ လက်၏ အစိတ်အပိုင်းအချို့ကို ယာယီ ကျပ်စည်းကာ ဆရာဝန်နှင့် ပြသင့်သည်။ ဒဏ်ရာကြီးလျှင် ဆေးရုံ၊ ဆေးခန်း စေလွှတ်ပြီး ချုပ်သင့်သည်။ ဖုန်မှုန့်၊ နနွင်းမှုန့်တို့နှင့် မသိပ်သင့်ပါ။ ဒဏ်ရာကြီးပါက မေးခိုင်ကာကွယ်ဆေး တစ်ကြိမ်ပြီး နောက်ထပ်တစ်ကြိမ် ထိုးပေးသင့်သည်။ ခွေးကိုက် ခံရလျှင် ဒဏ်ရာကို ဆပ်ပြာ၊ ရေတို့ဖြင့် ဆေးကြောပြီး ဆရာဝန်ထံပြရမည်။ မိမိအိမ်၌ ကုသ၍မရပါ။ မိမိအိမ်မွေးခွေး ဖြစ်ပါက ၁ဝ ရက် အတွင်း ခွေးသေဆုံးသွားလျှင် သို့မဟုတ် ခွေးရူးပြန်ရောဂါ လက္ခဏာပြလျှင် ခွေးရူး ကာကွယ်ဆေးကို ပထမဆုံး တစ်လုံး၊ တစ်ပတ် အကြာ တွင်တစ်လုံး၊ နောက်တစ်ပတ်အကြာ တွင်တစ်လုံး ပေါင်းသုံးလုံ