Skip to main content

Posts

Showing posts from June 2, 2014

လတ်တလော တိုက်ပွဲများ ဖြစ်ပွားထားသည့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီးရှိ မောင်တြော...

လတ်တလော တိုက်ပွဲများ ဖြစ်ပွားထားသည့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီးရှိ မောင်တောမြို့သို့ နိုင်ငံသားစိစစ်ရေးကတ်ပြား မပါသူများကို ဝင်ခွင့်မပြုကြောင်း မောင်တော ဒေသခံများထံမှ သိရှိရသည်။ ဘူးသီးတောင်မြို့မှ မောင်တောမြို့သို့ သွားရာလမ်း ခြောက်မိုင်နှင့် သုံးမိုင်ဂိတ်တွင် ယင်းသို့ စစ်ဆေးနေခြင်း ဖြစ်ပြီး ယင်းအစီအစဉ်ကို ဇွန်လ ၂ ရက်နေ့တွင် စတင် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း စစ်ဆေးရေးဂိတ်မှ ရဲတပ်ဖွဲ့ဝင်တစ်ဦး၏ ပြောဆိုချက်ကို ကိုးကားကာ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးက ပြောကြားသည်။ နိုင်ငံသားစိစစ်ရေးကတ် မပြနိုင်ပါက မောင်တောသို့ ဝင်ခွင့်မပြု - သစ်ထူးလွင် (နေ့စဉ်သတင်း) www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1tDzU1O

အိန္ဒိယနိုင်ငံ ဥတ္တရာပရာဒေ့ရှ်ပြည်နယ်တွင် မကြာမီက ၀မ်းကွဲညီအစ်မနှစ်ဦးကို အုပ်စုလိ...

အိန္ဒိယနိုင်ငံ ဥတ္တရာပရာဒေ့ရှ်ပြည်နယ်တွင် မကြာမီက ၀မ်းကွဲညီအစ်မနှစ်ဦးကို အုပ်စုလိုက် အဓမ္မပြုမှုဖြစ်ခဲ့ပြီးနောက် တစ်ပတ်အကြာတွင် နောက်ထပ်အမျိုးသမီးငယ်တစ်ဦး အုပ်စုလိုက်အဓမ္မပြုကျင့်ခံရပြီး လည်ပင်းညှစ်သတ်ဖြတ်ကာ မျက်နှာကို မမှတ်မိနိုင်စေရန် အက်စစ်လောင်း ဖျက်ဆီးခဲ့မှု စနေနေ့က ထပ်မံဖြစ်ပွားခဲ့သည်။ အိန္ဒိယနိုင်ငံ ဥတ္တရာပရာဒေ့ရှ်တွင် အမျိုးသမီးတစ်ဦးကို အုပ်စုလိုက် အဓမ္မပြု သတ်ဖြတ်ကာ... www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1tDzRTD

နိုင်ငံသားစိစစ်ရေးကတ် မပြနိုင်ပါက မောင်တောသို့ ဝင်ခွင့်မပြု

မောင်တော၊ ဇွန် ၂ လတ်တလော တိုက်ပွဲများ ဖြစ်ပွားထားသည့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီးရှိ မောင်တောမြို့သို့ နိုင်ငံသားစိစစ်ရေးကတ်ပြား မပါသူများကို ဝင်ခွင့်မပြုကြောင်း မောင်တော ဒေသခံများထံမှ သိရှိရသည်။ ဘူးသီးတောင်မြို့မှ မောင်တောမြို့သို့ သွားရာလမ်း ခြောက်မိုင်နှင့် သုံးမိုင်ဂိတ်တွင် ယင်းသို့ စစ်ဆေးနေခြင်း ဖြစ်ပြီး ယင်းအစီအစဉ်ကို ဇွန်လ ၂ ရက်နေ့တွင် စတင် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း စစ်ဆေးရေးဂိတ်မှ ရဲတပ်ဖွဲ့ဝင်တစ်ဦး၏ ပြောဆိုချက်ကို ကိုးကားကာ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးက ပြောကြားသည်။ “ဒေသ အခြေအနေအရ အထက်က ညွှန်ကြားလို့ စစ်ဆေးတာပါလို့ ပြောတယ်။ မှတ်ပုံတင် မပါပေမယ့် ရခိုင်တွေကို ဒီနေ့တစ်ရက် ခြွင်းချက်ဆိုပြီး သွားခွင့်ပြုလိုက်တယ်။ နောက်နေ့ မရဘူးလို့ ပြောတယ်” ဟု ဇွန်လ ၂ ရက်နေ့ နံနက်ပိုင်းက ကြုံတွေ့ခဲ့ရပုံကို မောင်တောဒေသခံ တစ်ဦးဖြစ်သူ ၎င်းက ရှင်းပြသည်။ ယင်းအစီအစဉ်ကို ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန၊ အကောက်အခွန်၊ မူးယစ် အထူးနှိမ်နင်းရေး တပ်ဖွဲ့တို့ ပူးပေါင်းကာ လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း စစ်ဆေးရေး ဂိတ်များထံမှ သိရှိရသည်။ ဘဂၤါလီမ်ားကိုမူ အေ

၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်း ပုသိမ်ပြန်ကြားရေး တာဝန်ခံ ဖမ်းဆီးခံရ ပုသိမ်၊...

၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်း ပုသိမ်ပြန်ကြားရေး တာဝန်ခံ ဖမ်းဆီးခံရ ပုသိမ်၊ ဇွန် ၂ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ဗီဒီယို ရိုက်ကူးရေးလုပ်ငန်း လုပ်ကိုင်နေသည့် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၏ သတင်းပြန်ကြားရေး တာဝန်ခံ ဦးမြင့်ကိုတွင် ဗီဒီယိုလုပ်ငန်း လိုင်စင် မရှိသည့်အတွက် မေလ ၃၀ ရက်နေ့က ဖမ်းဆီးခံရကြောင်း ပုသိမ်မြို့မ ရဲစခန်းထံမှ သိရသည်။ ဦးမြင့်ကိုတွင် လုပ်ငန်းလိုင်စင် ရှိခဲ့သော်လည်း သက်တမ်းပြည့်သည်မှာ ၁၇ လကျော် ရှိပြီ ဖြစ်ကြောင်း၊ ယင်းသို့ သက်တမ်းပြည့်ပြီး တစ်နှစ်ကျော်လျှင် လုပ်ငန်းလိုင်စင် ပျက်ပြယ်သည်ဟု မြန်မာ့ရုပ်ရှင်လုပ်ငန်းက သတ်မှတ်ထားခြင်းကြောင့် တိုင်းဦးစီးမှူး၏ ညွှန်ကြားချက်ဖြင့် ဖမ်းဆီးရခြင်း ဖြစ်သည်ဟု တိုင်းဗီဒီယို အခြေခံအဖွဲ့ ဥက္ကဋ္ဌ ဦးတင်လှက ပြောဆိုသည်။ ပုသိမ်မြို့ပေါ်တွင် နိုင်ငံရေးလုပ်ခြင်း၊ အလှူ၊ မင်္ဂလာဆောင်များတွင် မှတ်တမ်းတင် ရိုက်ကူးကြသည့် လုပ်ငန်းရှင်များအနက် အများဆုံး ရိုက်ကူးရခြင်းကြောင့် စီးပွားရေးလုပ်ငန်း ပျက်စီးအောင် ရိုက်ချိုးလိုက်ခြင်း၊ နေအိမ်တွင် မရှိစဉ် ဖမ်းဆီးခြင်းမှာ အငြိုးအာဃာတကြောင့် ဖမ်းဆီးခြင်း

ခရီးသွားဘလော့ဂါတစ်ဦး ရီယိုဒီဂျနေးရိုးမြို့ရှိ ခရစ်တော်ရုပ်တုပေါ်တက် ဓာတ်ပုံရိုက်...

ခရီးသွားဘလော့ဂါတစ်ဦး ရီယိုဒီဂျနေးရိုးမြို့ရှိ ခရစ်တော်ရုပ်တုပေါ်တက် ဓာတ်ပုံရိုက် -------- ရီယိုဒီဂျနေးရိုး- Flash Pack အမည်ဖြင့် အင်တာနက်ခရီးသွား ဘလော့ဂ်စာမျက်နှာတစ်ခု ဖွင့်ထားသည့် သွမ်ဆင်ဆိုသူသည် ကမ္ဘာ့ဖလားပွဲအတွက် ပြင်ဆင်ရန် ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့သို့ သွားရောက်စဉ် Christ the Re deemer ရုပ်တုပေါ်သို့တက်၍ မိမိကိုယ်ကိုယ် ဓာတ်ပုံရိုက်ကူးခဲ့သည်။ သတင်းအပြည့်အစုံ... http://ift.tt/1p31Ig0 ခရီးသွားဘလော့ဂါတစ်ဦး ရီယိုဒီဂျနေးရိုးမြို့ရှိ ခရစ်တော်ရုပ်တုပေါ်တက် ဓာတ်ပုံရိုက် 7daydaily.com ရီယိုဒီဂျနေးရိုး- Flash Pack အမည်ဖြင့် အင်တာနက်ခရီးသွား ဘလော့ဂ်စာမျက်နှာတစ်ခု ဖွင့်ထားသည့် သွမ်ဆင်ဆိုသူသည် ကမ္ဘာ့ဖလားပွဲအတွက် ပြင်ဆင်ရန် ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့သို့ သွားရောက်စဉ် Christ the Re deemer ရုပ်တုပေါ်သို့တက်၍ မိမိကိုယ်ကိုယ် ဓာတ်ပုံရိုက်ကူးခဲ့သည်။ from 7Day News Journal's Facebook Wall http://ift.tt/1p31Go9

အိန္ဒိယနိုင်ငံ ဥတ္တရာပရာဒေ့ရှ်တွင် အမျိုးသမီးတစ်ဦးကို အုပ်စုလိုက် အဓမ္မပြု သတ်ဖြတ်...

အိန္ဒိယနိုင်ငံ ဥတ္တရာပရာဒေ့ရှ်တွင် အမျိုးသမီးတစ်ဦးကို အုပ်စုလိုက် အဓမ္မပြု သတ်ဖြတ်ကာ မျက်နှာကိုအက်စစ်လောင်း ဖျက်ဆီးမှု ဖြစ်ပွား ----------- လပ်က်နောင်း (အိန္ဒိယ)- အိန္ဒိယနိုင်ငံ ဥတ္တရာပရာဒေ့ရှ်ပြည်နယ်တွင် မကြာမီက ၀မ်းကွဲညီအစ်မနှစ်ဦးကို အုပ်စုလိုက် အဓမ္မပြုမှုဖြစ်ခဲ့ပြီးနောက် တစ်ပတ်အကြာတွင် နောက်ထပ်အမျိုးသမီးငယ်တစ်ဦး အုပ်စုလိုက်အဓမ္မပြုကျင့်ခံရပြီး လည်ပင်းညှစ်သတ်ဖြတ်ကာ မျက်နှာကို မမှတ်မိနိုင်စေရန် အက်စစ်လောင်း ဖျက်ဆီးခဲ့မှု စနေနေ့က ထပ်မံဖြစ်ပွားခဲ့သည်။ သတင်းအပြည့်အစုံ... http://ift.tt/1p31IfO အိန္ဒိယနိုင်ငံ ဥတ္တရာပရာဒေ့ရှ်တွင် အမျိုးသမီးတစ်ဦးကို အုပ်စုလိုက် အဓမ္မပြု သတ်ဖြတ်ကာ... 7daydaily.com လပ်က်နောင်း (အိန္ဒိယ)- အိန္ဒိယနိုင်ငံ ဥတ္တရာပရာဒေ့ရှ်ပြည်နယ်တွင် မကြာမီက ၀မ်းကွဲညီအစ်မနှစ်ဦးကို အုပ်စုလိုက် အဓမ္မပြုမှုဖြစ်ခဲ့ပြီးနောက် တစ်ပတ်အကြာတွင် နောက်ထပ်အမျိုးသမီးငယ်တစ်ဦး အုပ်စုလိုက်အဓမ္မပြုကျင့်ခံရပြီး လည်ပင်းညှစ်သတ်ဖြတ်ကာ မျက်နှာကို မမှတ်မိနိုင်စေရန် အက်စစ်လောင်း ဖျက်ဆီးခဲ့မှု စနေနေ့က ထပ်မံဖြစ်ပ… from 7Day News Journal's Facebook Wall http://ift.tt/1kz4Mjo

ကမ္ဘာ့ဖလား အချပ်ပိုလက်ဆောင် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို စိတ်ဝင်တစား စောင့်ကြည့်...

ကမ္ဘာ့ဖလား အချပ်ပိုလက်ဆောင် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို စိတ်ဝင်တစား စောင့်ကြည့်နေသည့် The Voice ပရိသတ်များ၏ ဆန္ဒကို ဖြည့်ဆည်းပေးသည့် အနေနှင့် ကမ္ဘာ့ဖလား အထူးအချပ်ပို (ရောင်စုံစာမျက်နှာ လေးမျက်နှာ) ကို ဇွန်လ ၈ ရက်နေ့တွင် ထွက်ရှိမည့် The Voice နေ့စဉ်ထုတ် သတင်းစာမှ စတင်ကာ ထည့်သွင်း ဖော်ပြပေးသွားမည် ဖြစ်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။ အယ်ဒီတာ from The Voice Weekly's Facebook Wall http://ift.tt/1wYL2L6

ရေကျော်ဈေးသစ် သတ်မှတ်ရက်အတွင်း ပြီးစီးမည် ရန်ကုန်၊ ဇွန် ၂ ပုဇွန်တောင်မြို့နယ်...

ရေကျော်ဈေးသစ် သတ်မှတ်ရက်အတွင်း ပြီးစီးမည် ရန်ကုန်၊ ဇွန် ၂ ပုဇွန်တောင်မြို့နယ်ရှိ ရေကျော်ဈေးကို အဆင့်မြှင့်တင်ရန် ဈေးအပါအဝင် အထပ်မြင့် အဆောက်အအုံသစ် တည်ဆောက်လျက် ရှိရာ အခက်အခဲအချို့ ရှိသော်လည်း သတ်မှတ်ရက် ဖြစ်သည့် ၂၀၁၅ ခုနှစ် နှစ်ကုန်ခန့်တွင် ပြီးစီးအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တည်ဆောက်ခွင့်ရ အောင်မြင်ပြည့်စုံ ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးအောင်မင်းက ပြောကြားသည်။ ဆောက်လုပ်ရေး အစပိုင်းတွင် ပိုင်တူးစက် ငှားမရသဖြင့် ဆောက်လုပ်ချိန် နောက်ကျသော်လည်း သတ်မှတ်ကာလအတွင်း အဆောက်အအုံ ပြီးစီးရန်နှင့် ဆိုင်ခန်းများကို သတ်မှတ်ကာလအတွင်း ပြန်လည် အပ်နှံနိုင်ရေးအတွက် ဆောင်ရွက်လျက် ရှိကြောင်း၊ ယင်းအဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်းမှာ တစ်နှစ်ခွဲခန့် ကြာမြင့်မည် ဖြစ်ပြီး ဆိုင်ခန်းများကို တစ်နှစ်နှင့် လေးလအကြာတွင် မူလနေရာ အကျယ်အဝန်းအတိုင်း ပြန်လည် ပေးအပ်မည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ ဆိုင်ခန်း၂၀၀ ကျော်ရှိသော ရေကျော်ဈေး မြေနေရာတွင် အဆင့်မြင့်ဈေး အပါအဝင် ရှစ်ထပ် အဆောက်အအုံ တည်ဆောက်လျက် ရှိကြောင်း၊ ယင်းအဆောက်အအုံ၏ မြေညီထပ်တွင် ဆိုင်ခန်းများအတွက် နေရာ၊ ဆူပါမားကက်တစ်ခု၊ လူငယ်အကျိုးပြု ဆိုင်ခန်းများ၊ ယာဉ်

အီရန်နိုင်ငံမြို့တော် တီဟီရန်တွင် သဲမုန်တိုင်းတိုက်ခတ်မှုကြောင့် လူလေးဦးသေဆုံး၊...

အီရန်နိုင်ငံမြို့တော် တီဟီရန်တွင် သဲမုန်တိုင်းတိုက်ခတ်မှုကြောင့် လူလေးဦးသေဆုံး၊ ဒါဇင်နှင့်ချီ ဒဏ်ရာရ ------ တီဟီရန်- အီရန်နိုင်ငံမြို့တော် တီဟီရန်တွင် တနင်္လာနေ့ညနေ လူစည်ကားသည့် ရုံးဆင်းချိန်၌ ကြီးမားပြီး အရှိန်ပြင်းထန်သည့် သဲမုန်တိုင်း တိုက်ခတ်မှုကြောင့် လူထောင်နှင့်ချီ၍ အကာအကွယ်များနောက် ပုန်းခိုနေထိုင်ခဲ့ရကာ လျှပ်စစ်မီးများပြတ်တောက်ခြင်း၊ အဆောက်အအုံများပျက်စီးခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။ သတင်းအပြည့်အစုံ... http://ift.tt/1o1Z5LT အီရန်နိုင်ငံမြို့တော် တီဟီရန်တွင် သဲမုန်တိုင်းတိုက်ခတ်မှုကြောင့် လူလေးဦးသေဆုံး၊ ဒါ� 7daydaily.com တီဟီရန်- အီရန်နိုင်ငံမြို့တော် တီဟီရန်တွင် တနင်္လာနေ့ညနေ လူစည်ကားသည့် ရုံးဆင်းချိန်၌ ကြီးမားပြီး အရှိန်ပြင်းထန်သည့် သဲမုန်တိုင်း တိုက်ခတ်မှုကြောင့် လူထောင်နှင့်ချီ၍ အကာအကွယ်များနောက် ပုန်းခိုနေထိုင်ခဲ့ရကာ လျှပ်စစ်မီးများပြတ်တောက်ခြင်း၊ အဆောက်အအုံများပျက်စီးခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။ from 7Day News Journal's Facebook Wall http://ift.tt/1o1Z629

ပုတီးကုန်းမြိုတွင် ကျောင်းဝရန်တာ ပြို၍ ကျောင်းသား ၁၇ ဦး ဒဏ်ရာရ ပြည်၊ ဇွန် ၂ြ...

ပုတီးကုန်းမြိုတွင် ကျောင်းဝရန်တာ ပြို၍ ကျောင်းသား ၁၇ ဦး ဒဏ်ရာရ ပြည်၊ ဇွန် ၂ ပြည်ခရိုင် ပုတီးကုန်းမြို့တွင် ၂၀၁၄-၁၅ ပညာသင်နှစ်အတွက် ပထမဆုံး ကျောင်းစဖွင့်ရက် ဖြစ်သည့် ဇွန်လ ၂ ရက် နံနက်ပိုင်းက နှစ် ၆၀ သက်တမ်းရှိ အထက်တန်း နှစ်ထပ်ကျောင်းဆောင်၏ ဝရန်တာပြို၍ ကျောင်းသား ၁၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပုတီးကုန်းမြို့မ ရဲတပ်ဖွဲ့စခန်းထံမှ စုံစမ်းသိရှိရသည်။ ကျောင်းစတင် ဖွင့်လှစ်ချိန်တွင် တက်ရောက်ရမည့် အဋ္ဌမတန်း “ဃ” စာသင်ခန်းမှာ တံခါးမဖွင့်သေး၍ အခန်းရှေ့ ဝရန်တာတွင် ကျောင်းသားများ စုရုံး စောင့်ဆိုင်းနေစဉ် ပြိုကျသွားခဲ့ခြင်း ဖြစ်ကြောင်း ပုတီးကုန်းဆေးရုံတွင် ကုသနေရသည့် ဒဏ်ရာရ ကျောင်းသားများထံမှ စုံစမ်းသိရှိရသည်။ နံနက် ၈ နာရီ ဝန်းကျင်တွင် ကျောင်းတက်ချိန် မတိုင်မီ ဝရန်တာ ပြိုကျခဲ့ရာ အဋ္ဌမတန်း ကျောင်းသား၊ ကျောင်းသူများ ထိခိုက်ဒဏ်ရရာခဲ့ပြီး ကိုးဦးမှာ အတွင်းလူနာ၊ ရှစ်ဦးမှာ ပြင်ပလူနာအဖြစ် ဆေးရုံတွင် ကုသနေရကြောင်း ပုတီးကုန်း တိုက်နယ်ဆေးရုံမှ တာဝန်ကျ ဆရာဝန်တစ်ဦးက ပြောကြားသည်။ “အတွင်းလူနာတွေက စိုးရိမ်ရတဲ့ အခြေအနေ မရှိဘူး။ အတွင်းလူနာထဲက ကျောင်းသားတစ်ယောက်က ခါးနာနေတာကြောင့် မိဘက စိတ်ပူပြီး ရန်ကုန်ဆေးရုံကြီးကို ပို့တယ

အမြန်လမ်းသွားရာ လမ်းဘေးရှိ လယ်မြေဈေးနှုန်း တစ်နှစ်အတွင်း ငါးဆမြင့်တက် တောင်ငူ၊...

အမြန်လမ်းသွားရာ လမ်းဘေးရှိ လယ်မြေဈေးနှုန်း တစ်နှစ်အတွင်း ငါးဆမြင့်တက် တောင်ငူ၊ ဇွန် ၂ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တက်သည့် လမ်းများနံဘေးရှိ လယ်ယာမြေများကို စီးပွားရေး လုပ်ငန်းရှင်ကြီးများက စက်ရုံအလုပ်ရုံများ တည်ဆောက်ရန် ဝယ်ယူမှု မြင့်တက်လာခြင်းကြောင့် လယ်တစ်ဧက ဈေးနှုန်းသည် တစ်နှစ်အတွင်း ငါးဆနီးပါး မြင့်တက်ခဲ့ကြောင်း ဖြူးမြို့ဒေသခံ အိမ်ခြံမြေ အရောင်းအဝယ် သမားများနှင့် ဒေသခံများက ပြောကြားသည်။ ယမန်နှစ်က ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ဖြူးမြို့နယ် မင်းဂံရိုး ကျေးရွာအုပ်စု ဒိုင်းတရာ၊ ဆားကုန်း၊ ရေလျှံကြီးကျေးရွာနှင့် ခရမ်းကျေးရွာ အနီးတစ်ဝိုက်ရှိ လယ်ယာမြေများကို တစ်ဧက ငွေကျပ် သိန်း ၄၀ အထိသာ ပေးဝယ်ယူခဲ့ကြသော်လည်း ယခုနှစ် အစောပိုင်းမှ စတင်ကာ စီးပွားရေး လုပ်ငန်းရှင်ကြီး တစ်ဦးက သောက်ရေသန့် စက်ရုံနှင့် သောက်ရေသန့် ကော်ဘူး ထုတ်လုပ်သည့် စက်ရုံကြီးတစ်ခု တည်ဆောက် ဖွင့်လှစ်ခဲ့သည့် နောက်ပိုင်း ရင်းနှီးမြှုပ်နှံမှု ပြုလိုသူအချို့နှင့် စားသောက်ဆိုင် ဖွင့်လှစ်လိုသူများမှ အလုံးအရင်းလိုက် ဝယ်ယူ ရင်းနှီးမြှုပ်နှံခဲ့ကြခြင်းကြောင့် လက်ရှိတွင် ကတ္တရာလမ်းဘေး လယ်မြေ တစ်ဧကလျှင် ငွေကျပ် သိန်း ၂၀၀ မှ ၂၅၀ အထိ ပေါက်

ရွှေတြိဂံဒေသရှိနိုင်ငံများအနက် မြန်မာနိုင်ငံ၏ ဘိန်းစိုက်ပျိုးထုတ်လုပ်

from Eleven Daily News http://ift.tt/1wYzc3J

သံလွင်မြစ်ရေကို ထိုင်းနိုင်ငံကို တူးမြောင်းဖြင့် ပို့လွှတ်ရောင်းချမ

from Eleven Daily News http://ift.tt/1wYzc3E

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချု

from Eleven Daily News http://ift.tt/1wYzc3A

အခြေခံပညာကျောင်းများ ၂၀၁၄-၁၅ ပညာသင်နှစ်စတင်ဖွင့်

from Eleven Daily News http://ift.tt/1wYzbgd

Miss Asia Pacific World 2014 ဆုရှင်မေမြတ်နိုး Korean Actress

from Eleven Daily News http://ift.tt/1wYzbg1

ဝန်ကြီးဌာနများနှင့်ဦးစီးဌာနများ၏ သုံးစွဲငွေများ ကျပ်ဘီ

from Eleven Daily News http://ift.tt/1wYzaZH
ဘီဘီစီမြန်မာပိုင်းအစီအစဉ်၏ ဌာနမှူး ဒေါ်တင်ထားဆွေနှင့် တွေ့ဆုံမေးမြန်းခန်း Women in Myanmar Society (Epi 12,May 11-2014 on mrtv) from Mizzima - News in Burmese's Facebook Wall http://ift.tt/1uc1TI5
လေလွင့်ခွေးများဂေဟာတည်ထောင်သူ ဒေါ်ရိုဇာဝင်းနဲ့ တယ်ရီ Women in Myanmar Society Episode- 14 (May 25 on mrtv) from Mizzima - News in Burmese's Facebook Wall http://ift.tt/1uc1UMf
အဲပုဂံလေကြောင်းလိုင်းရဲ့ လေယာဉ်မှူး ဒေါ်နှင်းဦးဝေနဲ့တွေ့ဆုံခြင်း Women in Myanmar Society (Epi-15, June 1 on mrtv) from Mizzima - News in Burmese's Facebook Wall http://ift.tt/1uc1Try

ပြင်ဆင်ရန်၊ ပယ်ဖျက်ရန်နှင့် အသစ်ပြန်ရေးရမည့် ဥပဒေ ၁၃၀ ကျော်ရှိဟု လွှတ်တော်ကော်မတီ...

ပြင်ဆင်ရန်၊ ပယ်ဖျက်ရန်နှင့် အသစ်ပြန်ရေးရမည့် ဥပဒေ ၁၃၀ ကျော်ရှိဟု လွှတ်တော်ကော်မတီဆို နေပြည်တော်၊ ဇွန် ၂ ပြည်ထောင်စုအဆင့် လွှတ်တော်သုံးရပ်၏ လက်ကျန် သက်တမ်း ၁ နှစ်ကျော် ကာလအတွင်း ပြင်ဆင်၊ ပယ်ဖျက်၊ အသစ်ရေးဆွဲရန် လိုအပ်နေသော ဥပဒေပေါင်း ၁၃၆ ခု ရှိနေကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ အဖွဲ့ဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်းဦးက ပြောကြားသည်။ လွှတ်တော်သုံးရပ် အပါအဝင် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၏ အဆင့်ဆင့် စိစစ်မှုအရ ရုပ်သိမ်းရန် ဥပဒေ ၉ ခု၊ ပြင်ဆင်ရန် ဥပဒေ ၆၇ ခု၊ ရုပ်သိမ်း၍ အသစ်အစားထိုး ပြဋ္ဌာန်းရန် ဥပဒေ ၄၁ ခုနှင့် အသစ်ရေးဆွဲရန် ဥပဒေ ၁၉ ခုဟူ၍ စာရင်းပြုစု ရရှိထားကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။ အဆိုပါဥပဒေ အားလုံးနီးပါးမှာ အုပ်ချုပ်ရေးအဖွဲ့များနှင့် တိုက်ရိုက် သက်ဆိုင်သည့် ဥပဒေများ ဖြစ်ပြီး ပြည်ထောင်စု တရားလွှတ်တော်ချုပ်နှင့် သက်ဆိုင်သည့် ဥပဒေနှစ်ခုနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးနှင့် သက်ဆိုင်သော ဥပဒေ တစ်ခုကိုလည်း လိုအပ်သလို ဆောင်ရွက်ရန် စိစစ်တွေ့ရှိထားကြောင်း ဇွန်လ ၂ ရက်နေ့က ထုတ်ပြန်သည့် ပူးပေါင်းကော်မတီ အစီရင်ခံစာအရ သိရသည်။ ဆက်လက် ဆောင်ရွက်ရမည့် ဥပဒေများ

ငါးဖမ်းခွင့် ပိတ်ထားသည့် ကမ်းဝေး ငါးဖမ်းသင်္ဘော ၃၅ ရာခိုင်နှုန်းကို ပြန်လည်ခွင့်ပြု...

ငါးဖမ်းခွင့် ပိတ်ထားသည့် ကမ်းဝေး ငါးဖမ်းသင်္ဘော ၃၅ ရာခိုင်နှုန်းကို ပြန်လည်ခွင့်ပြု ရန်ကုန်၊ ဇွန် ၂ ငါးမဖမ်းရ ရာသီ ငါးမဖမ်းရ ဧရိယာ သတ်မှတ်ပြဋ္ဌာန်းချက်အရ ငါးဖမ်းခွင့် ပိတ်ထားသည့် ကမ်းဝေး ငါးဖမ်းသင်္ဘော ၃၅ ရာခိုင်နှုန်းကို ဇွန်လ ၁ ရက်နေ့မှ စတင်၍ ပြန်လည် ခွင့်ပြုလိုက်ကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ငါးလုပ်ငန်း ဦးစီးဌာန၏ ထုတ်ပြန် ကြေညာချက်များအရ သိရသည်။ ပြီးခဲ့သည့် ဧပြီလနှင့် မေလတွင် ငါးမဖမ်းရ ရာသီအဖြစ် သတ်မှတ်ခဲ့သော်လည်း ဝန်ကြီးဌာနက ကမ်းဝေး ငါးဖမ်းသင်္ဘော လုပ်ငန်းရှင်များ၏ တောင်းဆိုမှုများကြောင့် ကမ်းဝေး ငါးဖမ်းသင်္ဘော ၆၅ ရာခိုင်နှုန်းကို ငါးဖမ်းရန် ခွင့်ပြုခဲ့ပြီး ကျန်ရှိသည့် ငါးဖမ်းသင်္ဘောများကို ဇွန်လ ၁ ရက်နေ့မှ စတင်၍ ငါးဖမ်းဆီးခွင့်ပြုခြင်း ဖြစ်သည်။ ယင်းသို့ မြန်မာ့ပင်လယ်ပြင်တွင် ငါးဖမ်းဆီးခွင့် ပိတ်ထားခြင်းကြောင့် ပြည်တွင်း ငါးဈေးကွက်အတွင်း ဈေးနှုန်းများ မြင့်မားခဲ့ကြောင်း ကြည့်မြင်တိုင် စံပြငါးဈေးမှ သိရသည်။ “လှေတွေ အကုန်လုံး ငါးဖမ်းခွင့်ပြုလိုက်ပြီ ဆိုပေမယ့် ငါးဈေးကတော့ ကျမယ့်ပုံ မရှိဘူး။ ပင်လယ်မှာလည်း လှိုင်းကကြီးနေတော့ ငါးဖမ်းရ ခက်နေတယ်” ဟု ကမ်းဝေး ငါးဖမ

KBZ အသင်း နည်းပြချုပ်အဖြစ် မြန်မာ့လက်ရွေးစင်ဟောင်း ဦးစိုးမြတ်မင်းကို ခန့်အပ် K...

KBZ အသင်း နည်းပြချုပ်အဖြစ် မြန်မာ့လက်ရွေးစင်ဟောင်း ဦးစိုးမြတ်မင်းကို ခန့်အပ် KBZ အသင်းသည် အသင်း၏ နည်ပြချုပ်အဖြစ် မြန်မာ့လက်ရွေးစင်နှင့် KBZ အသင်း၏ကစားသမားဟောင်းဖြစ်သူ ဦးစိုးမြတ်မင်းအား ခန့်အပ်လိုက်ကြောင်း KBZ အသင်း၏ Facebook တွင်ဖော်ပြချက်အရ သိရှိရသည်။ ဦးစိုးမြတ်မင်းသည် ၂၀၀၉-၁၀ ရာသီများက KBZ အသင်း၏အဓိက ကစားသမားအဖြစ် ပါဝင်ခဲ့သူဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၃ ရာသီတွင် KBZ လူငယ်အသင်းနည်းပြအဖြစ် တာဝန်ယူခဲ့သူဖြစ်သည်။ ဦးစိုးမြတ်မင်းသည် KBZ အသင်းကို ဇွန်(၂)ရက်က စတင်တာဝန်ယူကိုင်တွယ်နေပြီ ဖြစ်ကြောင်းလည်း သိရသည်။ “ဦးစိုးမြတ်မင်းကို အသင်း နည်းပြချုပ်အဖြစ် တာဝန်ပေးလိုက်ပါပြီ။ MNL ပွဲစဉ် (၁၁) ကစပြီး အသင်းကိုတာဝန်ယူမှာပါ” ဟု KBZ အသင်းတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ KBZ အသင်းသည် MNL ပွဲစဉ် ၁၀ အပြီး၌ ရမှတ် ၁၈ မှတ်ဖြင့် အဆင့် ၅ နေရာတွင် ရပ်တည်လျက်ရှိသည်။ (မြန်မာအသင်းနည်းပြ အေဗရာမိုဗစ်နှင့် ဦးစိုးမြတ်မင်းတို့ကို တွေ့ရစဉ် (ဓာတ်ပုံ - သက်ထွန်းအောင်)) from Eleven Media Group's Facebook Wall http://ift.tt/1oqAA9x

ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ကိုလံဘီယာအသင်း အပြီးသတ်လူစာရင်းမှ အဓိကတိုက်စစ်မှူးဖယ်လ်ကာအ...

ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ကိုလံဘီယာအသင်း အပြီးသတ်လူစာရင်းမှ အဓိကတိုက်စစ်မှူးဖယ်လ်ကာအို ချန်လှပ်ခံရ ကိုလံဘီယာအသင်း၏ အဓိကတိုက်စစ်မှူး ဖယ်လ်ကာအိုသည် ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်မည့်အသင်း၏ အပြီးသတ်(၂၃)ဦးစာရင်းမှ ချန်လှပ်ခံခဲ့ရကြောင်း သိရသည်။ ဖယ်လ်ကာအိုသည် ၎င်း၏ ကလပ်မိုနာကိုအသင်း၏ ပြင်သစ်လီဂူးပွဲစဉ်တစ်ပွဲတွင် ပါဝင်ကစားရင်း ဒူးဒဏ်ရာပြင်းထန်စွာရရှိခဲ့ ခြင်းဖြစ်ပြီး ဇန်န၀ါရီလကတည်းက အနားယူနေခဲ့ရသူဖြစ်သည်။ ဖယ်လ်ကာအိုသည် လက်ရွေးစင်အသင်းပဏာမစာရင်းတွင် ရွေးချယ်ခံခဲ့ရသော်လည်း ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန် ကြံ့ခိုင်မှုမပြည့်ဝခြင်းကြောင့် အပြီးသတ်လူစာရင်းမှ ချန်လှပ်ခံခဲ့ရခြင်းဖြစ်သည်။ ဖယ်လ်ကာအိုသည် ကိုလံဘီယာလက်ရွေးစင်အသင်းနည်းပြ ပီကာမန်နှင့်အတူ ယနေ့(၃-၆-၂၀၁၄)မနက်ပိုင်းက သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ အပြီးသတ်လူစာရင်းမှ ချန်လှပ်ခံခဲ့ရခြင်းအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ (သတင်းစာရှင်းလင်းပွဲ ရောက်ရှိလာသည့် ဖယ်လ်ကာအိုနှင့် ကိုလံဘီယာ လက်ရွေးစင်အသင်းနည်းပြ ပီကာမန် (Photo:AFP)) from Eleven Media Group's Facebook Wall http://ift.tt/1oqAy18

မြန်မာနိုင်ငံတွင် AFC (A) လိုင်စင်ရ နည်းပြ အရေအတွက် ၃၉ ဦးအထိရှိလာ ရဲရင့်ဋ္ဌေး| အ...

မြန်မာနိုင်ငံတွင် AFC (A) လိုင်စင်ရ နည်းပြ အရေအတွက် ၃၉ ဦးအထိရှိလာ ရဲရင့်ဋ္ဌေး| အင်္ဂါနေ့၊ ဇွန်လ ၃ ရက်၊ ၂၀၁၄ ခုနှစ် မြန်မာ့ဘောလုံးလောကတွင် အာရှဘောလုံးအဖွဲ့ချုပ် အသိအမှတ်ပြု A လိုင်စင်ရ နည်းပြအရေအတွက် ၁၅ ဦးသာ ရှိရာမှ ယခုအခါ မေလ ၆ ရက်မှ ဇွန်လ ၁ ရက်အထိ ဖွင့်လှစ်ခဲ့သော သင်တန်းအပြီးတွင် ၃၉ ဦးအထိရှိလာခဲ့ပြီ ဖြစ်သည်။ အဆိုပါ A လိုင်စင်သင်တန်းကို အာရှ ဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်တို့ပူးပေါင်းပြီး AFC (A) လိုင်စင်သင်တန်းကို မြန်မာနိုင်ငံတွင် ဒုတိယအကြိမ် ဖွင့်လှစ်သင်ကြားခဲ့ပြီး သင်တန်းသား ၂၄ ဦး တက်ရောက်သင်ကြားကာ A လိုင်စင်ရခဲ့သည်။ ယင်း A လိုင်စင်သင်တန်းတွင် ဖိလစ်ပိုင်နိုင်ငံသား ကာစလစ်ဘ်နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နည်းစနစ်ဒါရိုက်တာ ဦးဝင်းသူမိုးတို့က သင်တန်းဆရာများအဖြစ် သင်ကြားပေးခဲ့သည်။ “ကျွန်တော်တို့နိုင်ငံမှာ A လိုင်စင်ရ နည်းပြအရေအတွက်က အရမ်းနည်းတယ်။အခုလို သင်တန်းမျိုးတွေ များများရှိတာ အကျိုး ရှိပါတယ်။ အဖွဲ့ချုပ်အနေနဲ့ နောက်ထပ်လည်း ဒီလိုသင်တန်းမျိုးတွေ ဆက်လုပ်ဖို့ ရှိပါတယ်” ဟု မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် နည်းစနစ်ဒါရိုက်တာ ဦးဝင်းသူမိုး က ပြောသည်။ အာရှဘောလုံ

နိုင်ငံတကာသတင်းတိုများ အယ်လ်ကိုင်ဒါလေးဦးကို ဖမ်းဆီး ယီမင်နိုင်ငံ တောင်ပိုင်းေ...

နိုင်ငံတကာသတင်းတိုများ အယ်လ်ကိုင်ဒါလေးဦးကို ဖမ်းဆီး ယီမင်နိုင်ငံ တောင်ပိုင်းဒေသဟာ ဒရာမောင့်သ်ပြည်နယ်ရှိ ဟိုတယ်တစ်ခု အတွင်းသို့ ရဲတပ်ဖွဲ့များ ၀င် ရောက်စီးနင်းရာ ယီမင်အခြေစိုက် အယ်လ်ကိုင်ဒါ အဖွဲ့ဝင်လေးဦးအား ဖမ်းဆီးနိုင်ခဲ့ကြောင်း လုံခြုံရေး အာဏာပိုင်များက ဇွန်လ ၂ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ သေနတ်မတော်တဆကျည်ထွက် လူများဒဏ်ရာရ တရုတ်နိုင်ငံ ရဲတပ်ဖွဲ့ဝင်နှစ်ဦးသည် နိုင်ငံတကာ ကလေးများနေ့ အထိမ်းအမှတ်အဖြစ် မူကြိုကျောင်းတွင် လုံခြုံ ရေးသရုပ်ပြပွဲပြုလုပ်ရာ၌ ရဲတပ်ဖွဲ့ဝင်တစ်ဦး၏ သေနတ်မှ မတော်တဆ ကျည်ထွက်သွားခဲ့ရာ ကလေးငယ်တစ်ဦးနှင့် မိဘလေးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း အာဏာပိုင်များကဆိုသည် ဟု ဇွန်လ ၂ ရက်က အေအက်ဖ်ပီ သ တင်းတစ်ရပ်တွင် ဖော်ပြထားသည်။ အာဆတ်စည်းရုံးရေးစတင် ပြည်သူများကြားမှ ပျောက်ကွယ်နေသော ဆီးရီးယားသမ်္မတ အာဆတ်က ယခင်ပုံစံများနှင့်မတူ ယုံကြည် ချက်ပြည့်ဝစွာဖြင့် ပြည်သူများကြား ထဲ ပြန်လည်ပေါ်ထွက်လာခဲ့ပြီး ၎င်း၏ ဇနီးဖြစ်သူ အက်စ်မာနှင့်အတူ ဇွန် ၃ ရက်တွင် ကျင်းပပြုလုပ်မည့် သမ်္မတ ရွေးကောက်ပွဲအတွက် စည်းရုံးလှုံ့ဆော်ရေးများ စတင်ဆောင် ရွက်နေပြီ ဖြစ် သည်ဟု ဇွန်လ ၂ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ

မိုက်ခရိုဆော့ဖ်၏ အာရှဒေသဆိုင်ရာဥက္ကဋ္ဌ မြန်မာနိုင်ငံလာမည် စ, ချိုကို| အင်္ဂါနေ့၊ ဇွန...

မိုက်ခရိုဆော့ဖ်၏ အာရှဒေသဆိုင်ရာဥက္ကဋ္ဌ မြန်မာနိုင်ငံလာမည် စ, ချိုကို| အင်္ဂါနေ့၊ ဇွန်လ ၃ ရက်၊ ၂၀၁၄ ခုနှစ် Microsoft Corporation ၏ အာရှ ပစိဖိတ်ဒေသဆိုင်ရာ ဥက္ကဋ္ဌဖြစ်သူ Cesar Cernuda နှင့် တာဝန်ရှိသူများ မြန်မာနိုင်ငံသို့ ဇွန် ၁၂ ရက်တွင် လာရောက်ရန် ရှိသည်ဟု Microsoft Knowledge Centricity (My anmar) pte Ltd မန်နေဂျာ ဦးလှိုင်ဖြိုးက ပြောသည်။ ၎င်း၏ မြန်မာနိုင်ငံ ခရီးစဉ်တွင် အစိုးရ၀န်ကြီးဌာနအချို့နှင့် တွေ့ဆုံပြီး နည်းပညာကဏ္ဍတွင် အကူအညီပေးရေး ကိစ္စရပ်များကိုလည်း ဆွေးနွေးသွားရန် ရှိသည်ဟုလည်း ၎င်းက ပြောသည်။ ဦးလှိုင်ဖြိုးက “အစိုးရ၀န်ကြီးဌာန တချို့ကို ပညာရေးနဲ့ နည်းပညာပိုင်းဆိုင်ရာ အကူအညီပေးရေး ကိစ္စရပ်တွေလည်း ဆွေးနွေးသွားဖို့ ရှိနေတယ်။ ပညာရေးနဲ့ နည်းပညာဆိုင်ရာ ကိစ္စရပ်တွေအပြင် ဘယ်လိုနေရာတွေမှာ အထောက်အပံ့ ပေးသွားမယ်ဆိုတာ သူတို့ တွေ့ဆုံဆွေးနွေးကြလိမ့်မယ်” ဟု ပြောသည်။ မြန်မာနိုင်ငံသို့ လာရောက်သည့် ခရီးစဉ်အတွင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာန၊ ပညာရေးဝန်ကြီး၊ သိပ္ပံနှင့်နည်းပညာ ၀န်ကြီးဌာန၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံရန် စီစဉ်ထားသည်

မွန်နှင့် ကရင်ပြည်နယ်ရှိ မြို့ရှောင်လမ်းမကြီးများနှင့် တံတားစီမံကိန်းကို JICA ခေ...

မွန်နှင့် ကရင်ပြည်နယ်ရှိ မြို့ရှောင်လမ်းမကြီးများနှင့် တံတားစီမံကိန်းကို JICA ချေးငွေဖြင့် တည်ဆောက်မည် မော်လမြိုင်၊ ဇွန် ၂ ရန်ကုန်-မော်လမြိုင် ဆက်သွယ်ပေးသည့် သထုံမြို့ရှောင် အဝေးပြေးလမ်းမကြီးနှင့် မော်လမြိုင်-မြဝတီ ဆက်သွယ်ပေးသည့် ကျားကလေးမြို့ရှောင် အဝေးပြေးလမ်းမကြီး ဖောက်လုပ်ခြင်း အပါအဝင် ယင်းကားလမ်းများနှင့် ဆက်စပ်နေသည့် တံတားကြီးလေးစင်းကို ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) ချေးငွေဖြင့် တည်ဆောက်မည် ဖြစ်ကြောင်း ယင်းအေဂျင်စီ လေ့လာရေးအဖွဲ့ဝင် ဦးတင်အောင်မိုးက ပြောကြားသည်။ အာဆီယံကုန်သွယ်မှု အဝေးပြေးကားလမ်း ဖောက်လုပ်ရန်အတွက် စီမံကိန်းဆွဲထားသည့် ဘုရားကြီး- ထားဝယ် အဝေးပြေးကားလမ်း၊ သထုံ-အိန္ဒု အဝေးပြေးကားလမ်း၊ အိန္ဒု-မြဝတီ အဝေးပြေးကားလမ်း၊ မော်လမြိုင်-အိန္ဒု အဝေးပြေးကားလမ်းနှင့် ဘုရားသုံးဆူ အဝေးပြေးကားလမ်းတို့၏ စုစုပေါင်း အရှည်သည် ၈၅၂ ကီလိုမီတာ ရှိကြောင်းနှင့် အသစ်ဆောက်လုပ်မည့် နောင်လုံတံတား၊ ဂျိုင်း-ကော့ကရိတ်တံတား၊ ဇာသပြင်တံတားနှင့် အတ္ထရံ တံတားတို့၏ စုစုပေါင်း အရှည်သည် ၁၈၁၅ မီတာ ရှိကြောင်း ၎င်းက ပြောဆိုသည်။ လက်ရှိ ဆောင်ရွက်ဆဲ လုပ်ငန်းများကို ပြည်သူ့ဆောက်လုပ်ရေးနှင့် ဂျပန်

အစိုးရပါဝင်ခြင်းမရှိပါက တန်ဖိုးနည်းအိမ်ရာများ ဈေးနှုန်းမြင့်တက်မှုကို ထိန်းရန် မလ...

အစိုးရပါဝင်ခြင်းမရှိပါက တန်ဖိုးနည်းအိမ်ရာများ ဈေးနှုန်းမြင့်တက်မှုကို ထိန်းရန် မလွယ်ဟုဆို ထင်လင်းအောင်| အင်္ဂါနေ့၊ ဇွန်လ ၃ ရက်၊ ၂၀၁၄ ခုနှစ် အစိုးရပါဝင်ခြင်းမရှိပါက ရောင်းလိုအားနှင့် ၀ယ်လိုအားမျှတသည့် အခြေအနေ ဖန်တီးပေးနိုင်မည်မဟုတ်ဘဲ တန်ဖိုးနည်းအိမ်ရာများ ရောင်းချပြီး နောက်ပိုင်း ဈေးမြင့်တက်လာခြင်းကို ထိန်းချုပ်နိုင်မည်မဟုတ်ဟု တော်ဝင်ဆောက်လုပ်ရေးကုမ္ပဏီ ဥက္ကဋ္ဌဦးကိုကိုထွေးက မဇ်္ဈိမကို ပြောသည်။ မေလ ၃၁ ရက်က ကျင်းပသော တော်ဝင်မိသားစု၏ အလက(၄)စမ်းချောင်း ကျောင်းဆောင်သစ် ပေးအပ် လှူဒါန်းပွဲတွင် တွေ့ဆုံစဉ် မုဒိတာတန်ဖိုးနည်းအိမ်ရာ (၃) စီမံကိန်းဆောက်လုပ်မှုနှင့် စပ်လျဉ်း၍ မဇ်္ဈိမ၏ မေးမြန်းမှုကို ၎င်းက ပြောဆိုခြင်း ဖြစ်သည်။ ဦးကိုကိုထွေးက “မုဒိတာအိမ်ရာ(၁) နဲ့ (၂)က အခန်းတွေ ရောင်းတာ ကုန်သလောက်ဖြစ်သွားပြီ။ မုဒိတာ အိမ်ရာ(၃)ကို ဆက်လုပ်ဖို့ စီစဉ်ထားတယ်။ အခုထိ မုဒိတာ (၃) အတွက် မြေနေရာက အခက်အခဲ ရှိနေတယ်။ ဈေးတက်လာတဲ့ကိစ္စက ရောင်းနိုင်တဲ့အခန်းက နည်းပြီး ၀ယ်မယ့်သူ များနေတယ်။ ဒါကို လိုအပ်တဲ့ ပမာဏအတိုင်း အခန်းများများ ရောင်းနိုင်ဖို့ အစိုးရက ပါဝင်ဖို့ လိုတယ်”ဟု ပြောသည်။ ထို့အပြင် တန်ဖိုးနည်းအိမ်ရာ အများစုသည် စတင်ရောင်းခ

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ပြဿ နာ ပြေလည်မှုရ ------------ ပြီးခဲ့သည့် တစ်ပတ်က...

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ပြဿ နာ ပြေလည်မှုရ ------------ ပြီးခဲ့သည့် တစ်ပတ်က ဖြစ်ပွားခဲ့သည့် နှစ်နိုင်ငံနယ်စပ် အကြားတင်းမာမှုများပြေလည် သွားပြီဖြစ်ကြောင်း မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက ပြောသည်။ သတင်းအပြည့်အစုံ... http://ift.tt/1n72asS မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ပြဿနာ ပြေလည်မှုရ 7daydaily.com ပြီးခဲ့သည့် တစ်ပတ်က ဖြစ်ပွားခဲ့သည့် နှစ်နိုင်ငံနယ်စပ် အကြားတင်းမာမှုများပြေလည် သွားပြီဖြစ်ကြောင်း မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက ပြောသည်။ ဘင်္ဂလားဒေ့ရှ် နယ်ခြား စောင့်တပ်ဖွဲ့ဝင်တစ်ဦး သေဆုံး သည်အထိဖြစ်ပွားခဲ့သော နှစ်နိုင် ငံနယ်ခြားစောင့်တပ်များ၏ မေလ၁၈ ရက်ပစ်ခတ်မှုများနောက်ပိုင်း တွင် မြန်မာနှင်… from 7Day News Journal's Facebook Wall http://ift.tt/1n72asW

မြန်မာ့ဆေးဝါးစက်ရုံ ပိုလျှံမြေကိစ္စ မြေယာစီမံခန့်ခွဲမှု ကော်မတီ အဆင့်ဆင့် စစ်ဆေးမည...

မြန်မာ့ဆေးဝါးစက်ရုံ ပိုလျှံမြေကိစ္စ မြေယာစီမံခန့်ခွဲမှု ကော်မတီ အဆင့်ဆင့် စစ်ဆေးမည် မန္တလေး၊ ဇွန် ၂ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်က လုပ်ကိုင်လျက်ရှိသော မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ မြန်မာ့ဆေးဝါးစက်ရုံပိုင် ပိုလျှံမြေများများနှင့် ပတ်သက်ပြီး မူလတောင်သူများနှင့် အငြင်းပွားနေသည့် ကိစ္စ ကျေးရွာ/မြို့နယ်/ခရိုင် မြေယာစီမံခန့်ခွဲမှု ကော်မတီများက ဇွန်လ ပထမပတ်အတွင်းမှ စတင်ကာ ပြန်လည်စိစစ် ပေးသွားမည် ဖြစ်ကြောင်း မြန်မာ့ဆေးဝါးစက်ရုံ (ပြင်ဦးလွင်) စက်ရုံမှူး ဦးသန်းထူးက The Voice သို့ ပြောကြားသည်။ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့် ပြီးခဲ့သည့် မေလကုန်ခန့်တွင် ရောက်လာပြီး ယင်းမြေယာကိစ္စများကို ပြန်လည်စိစစ်ပေးရန် ညွှန်ကြားချက်အရ မြေယာစီမံခန့်ခွဲမှု ကော်မတီ အဆင့်ဆင့်က ဆောင်ရွက်ရန် စီစဉ်ရခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ ယင်းဆေးဝါးစက်ရုံ ပိုလျှံမြေများနှင့် ပတ်သက်၍ မေလ ၂၃ ရက်နေ့ နံနက်က ပြင်ဦးလွင်မြို့ ညံညင်းသာကျေးရွာ၊ ကန်ကြီးကုန်းကျေးရွာ၊ စည်ကားကျေးရွာ၊ မြတ်မင်္ဂလာကျေးရွာ၊ အောင်ချမ်းသာ ကျေးရွာတို့မှ တောင်သူအင်အား ၁၀၀ ခန့်သည် ယင်းပိုလျံမြေများ ပြန်လည်ရရှိရေးအတွက် လယ်ယာမြေ ခုတ်ထွင်ရှ

၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် မသမာမှု မလုပ်ခဲ့ဟု ကာတာ,တာဝန်ရှိသူများ ငြင်းဆန်၊ အြ...

၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် မသမာမှု မလုပ်ခဲ့ဟု ကာတာ,တာဝန်ရှိသူများ ငြင်းဆန်၊ အပြစ်ရှိကြောင်း သက်သေပြနိုင်ပါက အိမ်ရှင်ပြန်လည်ရွေးချယ်ရန် FA ဥက္ကဋ္ဌတောင်းဆို ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပရေး ကော်မတီက မိမိတို့အနေဖြင့် ယင်းပြိုင်ပွဲအား လက်ခံကျင်းပခွင့်ရရန် မရိုးမသား ပြုလုပ်ခဲ့ခြင်း မရှိကြောင်း ငြင်းဆန်ပြောကြားခဲ့သည်။ ဗြိတိန်ထုတ် The Sunday Times သတင်းစာက အာရှဘောလုံးအဖွဲ့ချုပ် (AF) ဥက္ကဋ္ဌနှင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) အမှုဆောင်ကော်မတီ အဖွဲ့ဝင်ဟောင်း ဘင်ဟမ်းမန်းအနေဖြင့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို ကျင်းပခွင့်ရရန် ဒေါ်လာငါးသန်း လာဘ်ပေးခဲ့ကြောင်း ရေးသားဖော်ပြခဲ့သည်။ ဘင်ဟမ်းမန်းမှာ အာဖရိကနိုင်ငံများရှိ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌများအား တစ်ဦးလျှင် ဒေါ်လာနှစ်သိန်းစီနှင့် ဖီဖာဒုဥက္ကဋ္ဌဟောင်း ဂျက်ဝါနာအား ဒေါ်လာ ၁ ဒသမ ၆ သန်း လာဘ်ပေးခဲ့ပြီး ယင်းသို့ပြုလုပ်ခဲ့သည့် အထောက်အထားများ၊ အီးမေးလ်များနှင့် ငွေလွှဲပြောင်းခြင်းဆိုင်ရာ အချက်အလက်များ ရရှိထားကြောင်း The Sunday Times က ဖော်ပြခဲ့သည်။ ထို့ကြောင့် ၂၀၂၂ ပြိုင်ပွဲကျင်းပရေး ကော်မတီက မိမိတို့အနေဖြင့် စည်းမျဉ်းများအား ချိုးဖောက်ခဲ့ခြင်း မရှိသလို ဘင်ဟမ်းမန်းမှာလည်

မျိုးစောင့်ဥပဒေဆိုင်ရာ ဟောပြောမည် ကျော်စွာဝင်း| အင်္ဂါနေ့၊ ဇွန်လ ၃ ရက်၊ ၂၀၁၄ ခုနှ...

မျိုးစောင့်ဥပဒေဆိုင်ရာ ဟောပြောမည် ကျော်စွာဝင်း| အင်္ဂါနေ့၊ ဇွန်လ ၃ ရက်၊ ၂၀၁၄ ခုနှစ် မျိုးစောင့်ဥပဒေထောက်ခံပွဲနှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဇွန်လ ၁၂ ရက် နေ့လယ် ၁၂နာရီတွင် မန္တလေးမြို့၊ ဘုရားကြီးအနောက်မုခ်သာသနာ၂၅၀၀ ဓမ္မာရုံကြီးတွင် ပြုလုပ်သွားမည်ဖြစ်သည်။ “ကိုယ့်အမျိုးဘာသာလုံခြုံမှုအတွက်လုပ်နေတယ်။ ဘယ်သူ့ကိုမှ မတိုက်ခိုက်ဘူးတရားနည်းလမ်းကျကျလုပ်နေ တယ်။ ကန့်သတ်ချုပ်ချယ်ထားတာမရှိဘူး။ လွတ်လွတ်လပ်လပ်ပဲ”ဟု မဘသ(အထက်မြန်မာပြည်) ဦးဆောင် ဆရာတော် အရှင် ဣန္ဒာစက်္ကာဘိဝံသက မဇ္ဈိမကို မိန့်သည်။ မဘသအဖွဲ့အစည်းသည်မည်သည့် ပါတီအဖွဲ့အစည်းလက်အောက်မှ မဟုတ်ဘဲ အမျိုးဘာသာသာသနာ ကာကွယ်ရေးအတွက်သာလုပ်ဆောင်ရပ်တည်နေခြင်းဖြစ်ပြီး ပါတီအဖွဲ့အစည်းများ၏ ထောက်ပံ့မှုများကို လက်ခံ၍ဆောင်ရွက်နေသော အဖွဲ့အစည်းမဟုတ်ဟုဆိုသည်။ ဟောပြောပွဲသို့ ပြည်သူလူထုတက်စေချင်ကြောင်း အဆိုပါနေ့တွင် မျိုးစောင့်ဥပဒေထောက်ခံ လက်မှတ်များ လည်း ဆက်လက် ကောက်ခံသွားမည်ဖြစ်ကြောင်း၊ မျိုးစောင့်ဥပဒေဟောပြောပွဲများသို့ သံဃာများသာတက် ရောက်ကြပြီး ပြည်သူများ တက်ရောက်မှု နည်းကြောင်းသိရသည်။ from Mizzima - News in Burmese's Facebook Wall

လူမျိုးခြားသမ္မတဖြစ်မည့် ပုဒ်မ ၅၉(စ)ကို မပြင်သင့်ဟု ဒီမိုကရက်တစ်(မြန်မာ) ဆို မြ...

လူမျိုးခြားသမ္မတဖြစ်မည့် ပုဒ်မ ၅၉(စ)ကို မပြင်သင့်ဟု ဒီမိုကရက်တစ်(မြန်မာ) ဆို မြတ်မင်း| အင်္ဂါနေ့၊ ဇွန်လ ၃ ရက်၊ ၂၀၁၄ ခုနှစ် ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ ၄၃၆ ပါ ပုဒ်မ ၅၉ (စ)ကို ပြင်ဆင်လိုက်မည်ဆိုလျှင် လူမျိုးခြားဘာသာခြားများ သမ္မတဖြစ်လာနိုင်သည့်အတွက် အခြေခံဥပဒေပုဒ်မ ၅၉ (စ)ကို မပြင်ဆင်သင့်ကြောင်း ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ မန္တလေးတိုင်း လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်တင်မာက မဇ္ဈိမကို ပြောသည်။ “အခြေခံဥပဒေပုဒ်မ၄၃၆မှာ ၅၉(စ)က ထိပ်ဆုံးကပါတယ်။ ဒါပေမဲ့ ပုဒ်မ ၄၃၆ ကို ပြင်မယ်ဆိုရင် ၅၉ (စ) က အဓိက မကျဘူး။ ၅၉(စ)ကို အဓိကထား မပြင်သင့်ဘူး။ ဘယ်သူကိုမှ ဖြစ်စေချင်တာ၊ မဖြစ်စေချင်တာ မရှိပါဘူး။ “နောင်အရှည်ကို တွက်တယ်ဆိုရင် ပြင်လိုက်ရင် နိုင်ငံအတွက်မကောင်းဘူးလို့ ယူဆတယ်”ဟု ဒေါ်တင်တင်မာက ပြောသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၃)မှာ ပါဝင်သော ပုဒ်မ ၅၉(စ)သည် အမျိုးဘာသာသာသနာ့ ထိန်းသိမ်းစောင့်ရှောက် ကာကွယ်ရေးနှင့် သက်ဆိုင်နေကြောင်း၊ မိမိတို့ နိုင်ငံမှာ ဗုဒ္ဓဘာသာနိုင်ငံဖြစ်သည့်အလျာက် မိမိတိုနိုင်ငံနှင့် မိမိတို့လူမျိုးကို အခြားဘာသာခြား၊ လူမျိုးခြားပုဂ်္ဂိုလ်များ ၀င်ရောက် မလွှမ်းမိုးနိုင်စေရန် မချုပ်ကိုင်နိုင်စေရန် ကာကွယ်ထားသည့် အမျိုး

ပြည်တွင်းဖြစ်ပဲ သောက်ကြပါ စည်သူအောင်မြင့် ဇွန်လ ၂ ရက်ထုတ် အစိုးရပိုင် မြန်မာ့အ...

ပြည်တွင်းဖြစ်ပဲ သောက်ကြပါ စည်သူအောင်မြင့် ဇွန်လ ၂ ရက်ထုတ် အစိုးရပိုင် မြန်မာ့အလင်းသတင်းစာ စာမျက်နှာ-၄ မှာ ထူးခြားတဲ့ ကြော်ငြာလိုလို၊ သတိပေးချက်လိုလို ကြေညာချက်တစ်ခု စာလုံးကြီးတွေနဲ့ ဖော်ပြထားတာ တွေ့ရပါတယ်။ ဖတ်ကြည့်ကြရအောင်။ ခေါင်းစဉ်က “တရားမ၀င် အရက်၊ ဘီယာ၊ ၀ိုင်နှင့် စီးကရက်များ ရောင်းဝယ် ဖောက်ကားမှုအပေါ် သတိပြုရန်”လို့ တပ်ထားပါတယ်။ အောက်မှာဆက်ပြီး ဖော်ပြထားတာက “ယခုအခါ တရားမ၀င် အရက်၊ ဘီယာ၊ ၀ိုင်နှင့်၊ စီးကရက် အမြောက်အမြား ပြည်ပမှ ပြည်တွင်းသို့ နည်းအမျိုးမျိုးဖြင့် ၀င်ရောက်လျက်ရှိပါသည်။ “ယင်းပစ္စည်းများသည် ကြီးကြပ်ကန့်သတ်မှုဖြင့် ပြည်တွင်း၌ တရားဝင်ထုတ်လုပ်၍ အခွန်ပေးဆောင်နေသော လုပ်ငန်းများကို နစ်နာစေကြောင်း တွေ့ရပါသည်။ ၎င်း တရားမ၀င် အရက်၊ ဘီယာ၊ ၀ိုင်နှင့် စီးကရက်များကို ရောင်းဝယ်ဖောက်ကားနေခြင်းသည် ဥပဒေကို ဖောက်ဖျက်နေခြင်းပင်ဖြစ်ရာ ထိုသို့ ဆောင်ရွက်မှုအားလုံးကို ရပ်တန့်ကြပါရန် သတိပေးနှိုးဆော်ပါသည်” ဆိုပြီး ဖော်ပြပါရှိပါတယ်။ ဒါဘာ ကြော်ငြာလဲ၊ ဘယ်သူက ထည့်တာလဲ၊ ဘာရည်ရွယ်ချက်နဲ့လဲ၊ ဘာအကျိုးဆက်တွေ ဖြစ်လာနိုင်သလဲ ဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။ ပထမ ဆွေးနွေးဖို့လိုတာက ဒီကြေငြာစာကို ဘယ်သူ၊ ဘယ်အဖွဲ့အစည်းက ထည