Skip to main content

ပုတီးကုန်းမြိုတွင် ကျောင်းဝရန်တာ ပြို၍ ကျောင်းသား ၁၇ ဦး ဒဏ်ရာရ ပြည်၊ ဇွန် ၂ြ...



ပုတီးကုန်းမြိုတွင် ကျောင်းဝရန်တာ ပြို၍ ကျောင်းသား ၁၇ ဦး ဒဏ်ရာရ



ပြည်၊ ဇွန် ၂



ပြည်ခရိုင် ပုတီးကုန်းမြို့တွင် ၂၀၁၄-၁၅ ပညာသင်နှစ်အတွက် ပထမဆုံး ကျောင်းစဖွင့်ရက် ဖြစ်သည့် ဇွန်လ ၂ ရက် နံနက်ပိုင်းက နှစ် ၆၀ သက်တမ်းရှိ အထက်တန်း နှစ်ထပ်ကျောင်းဆောင်၏ ဝရန်တာပြို၍ ကျောင်းသား ၁၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပုတီးကုန်းမြို့မ ရဲတပ်ဖွဲ့စခန်းထံမှ စုံစမ်းသိရှိရသည်။



ကျောင်းစတင် ဖွင့်လှစ်ချိန်တွင် တက်ရောက်ရမည့် အဋ္ဌမတန်း “ဃ” စာသင်ခန်းမှာ တံခါးမဖွင့်သေး၍ အခန်းရှေ့ ဝရန်တာတွင် ကျောင်းသားများ စုရုံး စောင့်ဆိုင်းနေစဉ် ပြိုကျသွားခဲ့ခြင်း ဖြစ်ကြောင်း ပုတီးကုန်းဆေးရုံတွင် ကုသနေရသည့် ဒဏ်ရာရ ကျောင်းသားများထံမှ စုံစမ်းသိရှိရသည်။



နံနက် ၈ နာရီ ဝန်းကျင်တွင် ကျောင်းတက်ချိန် မတိုင်မီ ဝရန်တာ ပြိုကျခဲ့ရာ အဋ္ဌမတန်း ကျောင်းသား၊ ကျောင်းသူများ ထိခိုက်ဒဏ်ရရာခဲ့ပြီး ကိုးဦးမှာ အတွင်းလူနာ၊ ရှစ်ဦးမှာ ပြင်ပလူနာအဖြစ် ဆေးရုံတွင် ကုသနေရကြောင်း ပုတီးကုန်း တိုက်နယ်ဆေးရုံမှ တာဝန်ကျ ဆရာဝန်တစ်ဦးက ပြောကြားသည်။



“အတွင်းလူနာတွေက စိုးရိမ်ရတဲ့ အခြေအနေ မရှိဘူး။ အတွင်းလူနာထဲက ကျောင်းသားတစ်ယောက်က ခါးနာနေတာကြောင့် မိဘက စိတ်ပူပြီး ရန်ကုန်ဆေးရုံကြီးကို ပို့တယ်။ ပွန်းပဲ့ထိခိုက် ဒဏ်ရာတွေရယ်၊ ကြောက်လန့်တာတွေရယ်ကြောင့် ဆေးရုံ ရောက်လာကြတယ်” ဟု ၎င်းကဆိုသည်။



ပြိုကျခဲ့သည့် ကျောင်းအဆောက်အအုံကို အမှတ် (၆၆) ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေးတပ်မှ စစ်အင်ဂျင်နီယာများ လာရောက် စစ်ဆေးသွားခဲ့ပြီး နှစ်ကာလ သက်တမ်း ၆၀ ခန့် ရှိနေပြီ ဖြစ်ပြီး သံကူကွန်ကရစ် အမျိုးအစား အဆောက်အအုံမှာ အန္တရာယ် ရှိနိုင်သည့်အနေအထားတွင် ရှိကြောင်း လာရောက်စစ်ဆေးသည့် အင်ဂျင်နီယာများက သုံးသပ်ပြောကြားခဲ့သည်။



၁၉၅၂ ခုနှစ်က စတင် ဆောက်လုပ်ခဲ့သည့် RC နှစ်ထပ်ကျောင်းဆောင်တွင် ပညာသင်ကြားရမည့် အဋ္ဌမတန်း စာသင်ခန်း သုံးခန်းနှင့် နဝမတန်း စာသင်ခန်း နှစ်ခန်းရှိ ကျောင်းသား ၂၀၀ ခန့်ကို ကျောင်းခန်းမဆောင်သို့ ပြောင်းရွှေ့၍ သင်ကြားပို့ချလျက် ရှိကြောင်း ပုတီးကုန်း အထက်တန်းကျောင်းထံမှ စုံစမ်းသိရှိရသည်။







from The Voice Weekly's Facebook Wall http://ift.tt/S0Leso

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...