Skip to main content

Posts

Showing posts from October 20, 2014

ဖိနပ်မစီးဘဲ ရေစိုအဝတ်အစားဖြင့် မီးပလပ်ကြိုးအား ဖြုတ်သူအမျိုးသား ဓါတ်လိုက်ခံရသဖြင့် သေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၂၁ ၂၀.၁၀.၂၀၁၄ရက်နေ့ ၁၀၃၀အချိန်တွင် သင်္ဃန်းကျွန်းမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သင်္ဃန်းကျွန်း စံပြဆေးရုံတွင် အမျိုးသားတစ်ဦး ဓါတ်လိုက်ခံရသဖြင့် သေဆုံး ရောက်ရှိ နေကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ သင်္ဃန်းကျွန်းမြို့နယ်နေ သန်းအောင် (၃၄)နှစ်၊ သံချည်သံကွေးလုပ်သားဖြစ်ပြီး ၎င်းသည် ၀၉၃၀အချိန်ခန့်တွင် ရေစို အဝတ်အစားများဖြင့် ဖိနပ်မစီးဘဲ ဆောက်လက်စ တိုက်မြေညီထပ်တွင် ရေမော်တာဖြင့် ရေတင်နေရာမှ ရေပြည့်သဖြင့် မီးပလပ်ကြိုးအား ဆွဲဖြုတ်စဉ် ဓါတ်လိုက်ခံရကာသေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရှိခဲ့ရပါသည်။ ၎င်းသေဆုံးမှုနှင့် ပတ်သက်၍ သင်္ဃန်းကျွန်းမြို့မ ရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၃၁/၂၀၁၄)ဖြင့် ရေးဖွင့်စုံစမ်းစစ်ဆေး လျက်ရှိကြောင်း သတင်းရရှိပါသည်။ Yangon Police http://ift.tt/1nAnmKq from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1wlbzR2

ဂျူးမြစ်နှင့် ကျန်းမာရေး

ဂျူးမြစ်ကို ရှမ်းပြည်နယ်တွင် တောင်ကြီးမြို့နယ်၊ ဟိုပုံးမြို့နယ်၊ ပင်လောင်းမြို့နယ်၊ ပင်းတယမြို့နယ်နှင့် နောင်တရားမြို့နယ်ခွဲတို့တွင် စိုက်ပျိုးကြသည်။ ဂျူးမြစ်ကိုကြော်၍လည်းကောင်း၊ အတို့အမြှုပ်အဖြစ် လည်းကောင်း၊ ချဉ်ဟင်းချက်၍လည်းကောင်း၊ အသား၊ ပဲပုတ်တို့နှင့် ရောချက်၍လည်းကောင်း စားသုံးကြ သည်။ ဂျူးမြစ်ကို နေ့စဉ် ပုံမှန်စားသုံးခြင်းဖြင့် သွေးဖိအား ပုံမှန် ဖြစ်စေခြင်း၊ နှလုံးသွေးလွှတ်ကြောဆိုင်ရာ ရောဂါများ၊ အယ်ဇိုင်းမားဖြစ်ခြင်းနှင့် အိုမင်းရင့်ရော်ခြင်းကို ကာကွယ်နိုင်ခြင်း၊ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နှင့် မှိုကြောင့် ဖြစ်သော ရောဂါများ၊ အရိုးပါးရောဂါ၊ အဆုတ်နှင့် အူလမ်းကြောင်းကင်ဆာများကို ကာကွယ်နိုင်ခြင်း စသည့် ကောင်းကျိုးများ ရရှိစေပါသည်။ ဂျူးမြစ်တွင် ပါဝင်သော အာဟာရဓါတ်များမှာ ဂျူးမြစ် (၁၀၀) ဂရမ်လျှင် ကာဗွန်ဟိုက်ဒရိတ် ၄.၃၅ ဂရမ်၊ ပရိုတိန်း ၃.၂၇ ဂရမ်၊ အဆီ ၀.၇၃ ဂရမ်၊ ကိုလက်စထရော ၀.၀ မီလီဂရမ်၊ အမျှင်ဓါတ် ၂.၅ ဂရမ်၊ စွမ်းအင် ၃၀ KcaL ပါရှိပါသည်။ ဂျူးမြစ်တွင် ပါဝင်သော ဗီတာမင်များမှာ ဖောလစ်အက်ဆစ် ၁၀၅ µg၊ နိုင်ယာစင် ၂၁၂.၇ µg၊ ဗီတာမင် အေ ၄၃၅၃ lU၊ ဗီတာမင် ကေ ၂၁၂.၇ µg၊ သိုင်ယာမင်း ၀.၀၇၈ mg၊ ဗီတာမင် စီ ၅၈.၁ mg

ပျင်းကြောဆန့်ခြင်း

ပင်ပန်းနွမ်းလျချိန် ပျင်းကြောဆန့်ခြင်းဖြင့် နေသာထိုင်သာရှိစေသည်။ အလုပ်နှင့်လက် မပြတ်သူများအတွက် ပျင်းကြောဆန့်ခြင်းသည် ခန္ဓာကိုယ်အတွက် အကောင်းဆုံး လှုပ်ရှားနည်းတစ်မျိုးဖြစ်သည်။ လူခန္ဓာကျန်းမာဖို့အတွက် အဓိကအရေးပါသောအချက်မှာ ပုံမှန်သွေးလည်ပတ်မှုဖြစ်သည်။ အကြောင်းမှာ ခန္ဓာကိုယ်အစိတ်အပိုင်းများသို့ အာဟာရပေးဝေခြင်း၊ မလိုအပ်သည့်အရာများကို ဖယ်ရှားပေးခြင်း စသည့်အလုပ်ကို လည်ပတ်နေသည့်သွေးက လုပ်ဆောင်ပေးနေသောကြောင့်ဖြစ်သည်။ ပျင်းကြောဆန့်ခြင်းသည် ခန္ဓာကိုယ်ရှိကြွက်သားများကို ကျုံ့ဆန့်ပေးသည်။ စက္ကန့်ပိုင်းမျှ ပျင်းကြောအခါခါဆန့်ပေးခြင်းဖြင့် အနယ်ထိုင်နေသောသွေးများက နှလုံးဆီသို့ပြန်စီးပြီး သွေးလည်ပတ်မှုကို ပိုမိုကောင်းမွန်စေသည်။ တစ်ချိန်တည်းမှာပင် ကြွက်သားများကျုံ့ဆန့်ခြင်းဖြင့် ကြွက်သားအတွင်းရှိ သွေးများကိုလည်း လည်ပတ်အားကောင်းစေသည်။ ကြွက်သားအတွင်းရှိ မလိုအပ်သည့်အရာများကို သယ်ဆောင်ဖယ်ရှားပေးသဖြင့် ပင်ပန်းညောင်းညာမှုကို ပျောက်စေပြီး ခန္ဓာကိုယ်ကို လန်းဆန်းတက်ကြွစေသည်။ ထို့အပြင် ပျင်းကြောဆန့်ချိန် လူအများက လက်နှစ်ဖက်ကို နောက်သို့ ဆန့်တန်းတတ်သည့်အတွက် ရင်ဘတ်လှုပ်ရှားမှုကိုလည်းဖြစ်စေပါသည်။ Mg Mandalay http://ift.tt/1rx2

ဆောင်းရာသီတွင် ဖြစ်တက်သည့် ခြေဖနောင့်ကွဲအက်ခြင်း

ခြေဖနောက်ကွဲအက်ခြင်းသည် အရေပြား အလွန်အမင်း ခြောက်သွေ့ခြင်းကြောင့်ဖြစ်ရတဲ့ လက္ခဏာ တစ်ခု ဖြစ်ပါတယ်။ အက်ကွဲကြောင်းတွေဟာ ပိုပြီး အရာထင်မှု နက်ရှိုင်းလာခဲ့ရင် အခြေအနေ ပိုဆိုးလာပြီ ဖြစ်ပါတယ်။ လူအတော်များများဟာ အခြေအနေဆိုးတဲ့ အခါရောက်မှာသာလျှင် ကုသမှုခံယူဖို့ ပြုလုပ်လာလေ့ရှိပါတယ်။ တော်ရုံအက်ကွဲမှု ဖနောင့်ကိုတော့ ဘောက်ဆတ်ဆတ်နင်းပြီး လျှောက်လှမ်းလို့ နေလေ့ရှိပါတယ်။ဘာမှမဖြစ်သေးပါဘူး လျှောက်လို့ ရပါတယ်ဆိုပြီး လမ်းဆက်လျှောက်မယ် ပြုလုပ်ကြပါတယ် ။ စတင်ဖြစ်ပေါ်လာခြင်း …. ခြောက်သွေ့မှုများခြင်း၊ ဖနောင့်ဟာ ပွတ်တိုက်မှုများခြင်း၊ ဖနောင့်ရှိ အရေပြား မာမာထူထူများဟာ အချိန်ရှိသရွေ့ ပွတ်တိုက်မှုခံနေရခြင်း၊ ဖိအားခံနေရခြင်း၊ ဆီးချိုရှိနေခြင်း၊ ယားနာရှိနေခြင်း၊ လမ်းလျှောက်ပုံ၊ လမ်းလျှောက်နည်း မှန်ကန်မှုမရှိခြင်း၊ ဝန်ပိုပစ္စည်းများ မကြာခဏ သယ်ဆောင်ရလေ့ရှိခြင်း၊ ဖုန်မှုန့်သဲများနှင့် ထိတွေ့မှုများခြင်း၊ သွေးလည်ပတ်စီးဆင်းမှု အားနည်းခြင်း၊ အလုပ်ခွင်မှာပဲဖြစ်ဖြစ်၊ အိမ်မှာပဲဖြစ်ဖြစ် အချိန်ကြာညောင်းစွာ ရပ်နေရခြင်းတို့ကြောင့်ပဲ ဖြစ်ပါတယ်။ လွဲမှားစွာလုပ်ဆောင်ခြင်း …………. လွဲမှားစွာလုပ်ဆောင်ချက်တွေလည်း တွေ့ ရှိနေရပါတယ် ရေချိုးသည့်အခါ က

ဘာကြောင့် ဝရတာလဲ လို့ သင်သိချင်ပါသလား

ဝရတဲ့အကြောင်းရင်းကို တိုတိုရှင်းရှင်းပြရရင်တော့ အစာကို အလွန်အမင်းစားခြင်းနဲ့ ကိုယ်လက်လှုပ်ရှားမှု မလုံလောက်ခြင်းတို့ကြောင့်ပဲ ဖြစ်ပါတယ်။ ကိုယ်အလေးချိန် ကျဖို့ဆိုရင်တော့ ကိုယ်လက်လှုပ်ရှားမှု များများလုပ်ပြီး အစားအသောက်လျှော့စားကာ ကယ်လိုရီပမာဏ လျှော့ချဖို့လိုပါတယ်။ ဒီလိုပြောတော့ လွယ်ပေမယ့် လက်တွေ့မှာ လိုက်နာဖို့ကျတော့ ခက်လှပါတယ်။ ဒီနေ့ခေတ်အလုပ်တွေဟာ အထိုင်များပြီး လှုပ်ရှားမှုနည်းတဲ့ အလုပ်တွေဖြစ်လာတာကြောင့်နဲ့ အစားအသောက် စားသောက်တဲ့ အလေ့အထကြောင့် ဖြစ်ပါတယ်။ အစားအသောက်စားတဲ့နေရာမှာ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံများများ၊ ထမင်း အသင့်အတင့်နဲ့ အသား၊ ငါး အသင့်အတင့်ကိုပဲ စားသင့်တာဖြစ်ပေမယ့် ဝတဲ့သူ အများစုဟာ ထမင်းအများအပြား၊ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံနည်းနည်းကိုပဲ စားလေ့ရှိတာကြောင့်ပါ။ ဒါ့အပြင် အလုပ်လုပ်ချိန်ပိုရဖို့အတွက် အစာကိုခပ်မြန်မြန် စားသောက်တဲ့အကျင့်ကလည်း အစာကို ပိုမိုစားဖြစ်စေတဲ့အချက်ပါပဲ။ ဒီနေ့ခေတ်မှာ အားကစားလုပ်ဖို့ အချိန်မပေးနိုင်ဘူးဆိုတဲ့ အကြောင်းပြချက်ကြောင့်လည်း ဝစေပါတယ်။ အားကစားခန်းမ (Gym) သွားပြီး အားကစားကို တကူးတကမလုပ်နိုင်ရင်တောင် အိမ်မှာပဲ ရေမချိုးခင် လမ်းလျှောက်တာ၊ ထိုင်ထ လုပ်တာ၊

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်

Height အရပ်ရှည်နည်း

1) ဆရာ အလေးမတာတွေလုပ်လွန်းရင် အရပ်ထွက်တာနှေးတယ် ကြားဖူးပါတယ်ဆရာ။ အဲ့ဒီ အယူအဆ မှန်လားမှားလား သိပါရစေဆရာ။ 2) ကျနော်သားအတွက် အရပ်ရှည်စေခြင်လို့ လမ်းညွှန်မှုလေးပေးပါခင်ဗျား၊ ကလေးက အသက် ၁ဝ နှစ် ပြည့်ပါတော့မယ်၊ ဆေးအနေနဲ့ ဘယ်လိုအမျိုးစားတွေနဲ့ အထောက်ကူဖြစ်နိုင်ပါသလဲခင်ဗျ၊ စားဆေး၊ ထိုးဆေး ရှိတယ်လို့ ကြားလို့ပါ။ ကလေးရဲ့ ယခုအရပ်အမြင့်က ၄'-၂" ပါ၊ ဖခင် 5'-၄"၊ မိခင် 5'-၁" ရှိပါတယ်၊ မျိုးရိုးကတော့ အရပ်အရမ်းမနှိမ့်ပါ။ ကလေးရဲ့နှစ်ဖက်အဖိုး၂ ယောက်လုံး ဖခင်ထက်အရပ်ရှည်ကြပြီး၊ အဖွား၂ယောက်လုံးလဲ မိခင်ထက် အရပ်ရှည်ကြပါသည်၊ ကျနော်တို့ ၂ ယောက်သာပုနေသောကြောင့်၊ ကလေးလဲ အရပ်ပုမှာကြောက်လို့ ကူညီလမ်းပြပေးပါခင်ဗျ၊ အသက်တူကလေးများနဲ့ ယှဉ်လျှင်ပုနေပါသည်၊ ကျန်းမာရေးကောင်းပါသည်၊ အရပ်အမြင့် ၄'-၂"၊ လက်ရှိပါင်ချိန် ၆၈-၇ဝ ပါ၊ 3) မင်္ဂလာပါ ဒေါက်တာ။ ကျနော့်သမီးက ၁၆ နှစ်ပါ။ အရပ်က ၅ ပေ၊ ၁၃၈ ပေါင်။ အရပ်ရှည် စေချင်လို့ပါ။ ကိုယ်အလေးချိန် ကျဖို့ကို ရေကူးပါတယ်။ ကိုယ်ကာယလဲ ကစားနေပါတယ်၊ ဒါပေမဲ့လို့ အရပ်ပုနေလို့ ဆေးတိုက်ချင်လို့ပါ။ အရပ်ရှည်စေမဲ့ ဆေး ရှိပါသလား။ 4) ကျွန်တော့်သူငယ်ချင်းအတွက်မေးတာပါ။ အသက်က (၂၃

Pregnancy test ကိုယ်ဝန် ရှိ-မရှိ စမ်းသပ်နည်း

(၁) ဆရာရှင့် သမီးရာသီမလာတာ ၂ ပတ်ကျော်ပါပြီ။ ၁ ပတ်ကျော်တော့ ဆီးစစ်တဲ့ဟာဝယ်ပြီး စစ်ပါတယ်။ မျဉ်းကတကြောင်းဘဲ ပေါ်ပါတယ်။ ဆီးစစ်တဲ့ပစ္စည်းကလဲ မှားတတ်ပါသလားဆရာ။ တခါတရံမှာ ဆီးစပ်တွေအောင့်တယ်ဆရာ။ ဘယ်လို လုပ်သင့်ပါသလဲရှင်။ ဖြစ်နိုင်ရင်တော့ သူများနိုင်ငံမှာ ကလေးမလိုချင်သေးပါဘူးဆရာ။ တားဆေးသောက်ပါတယ်ဆရာ။ တလတကတ် ပုံမှန်သောက်ပါတယ်ရှင့်။ ကျေးဇူးပြုပြီးဖြေကြားပေးပါနော်ဆရာ။ (၂) ဆရာ တစ်ခုလောက်မေးပါရစေ။ မရိုသေစကားဖြစ်တဲ့တွက် ဦးစွာတောင်းပန်ပါတယ်။ ကျနော့်ဇနီးလို့ပဲပြောလို့ရပါတယ်။ ကျနော်တို့  ခိုးပြေခဲ့ပါတယ် ခုတော့ မိဘထံ ပြန်အပ်ပြီးပါပြီ။ သူမှာအခု ကိုယ်ဝန်ရှိနေတယ် ပြောပါတယ်။ မင်္ဂလာဆောင်ရက်ကလည်း တော်တော်လိုနေပါတယ်။ ဒါကြောင့် misoprosol တလုံးသောက်၊ တလုံးထည့် ဖျက်ခဲ့မိပါတယ်။ ည ၁၂ နာရီလောက်က သောက်တာ ည ၂ နာရီလောက် သွေးမဲမဲတွေဆင်းပါတယ်။ မနက်ရောက်တော့ ရပ်သွားပါတယ်။ သုံးရက်ကြာတော့ ဆီးစစ်တာ ၂ တန်းပဲ ပြမေပါသေးတယ်။ ကိုယ်ဝန်ဆက်ရှိနေတာလားဆရာ။ (၃) ဆရာ ကိုယ်ဝန်ရှိမရှိတိုင်းတဲ့ကိရိယာကို ဘယ်နှရက်ကြာမှာမှ တိုင်းတာနိုင်ပါသလဲ။ (၄) ဆီးစစ်ရင် ဆေးခန်းမှာ စစ်ရမှာလား။ ကျွန်တော်ကြားဖူးတာ ကိုယ်တိုင်လည်း စစ်ကြည့်လို့ ရတယ် ဟုတ်လားဆရာ။ တ

အစ္စလာမ်မစ် နိုင်ငံများ၌ မြန်မာ သင်္ဘောသားများအား ကမ်းဆင်းခွင့် ပိတ်ပင်

အစ္စလာမ်မစ် အကြမ်းဖက် အဖွဲ့အစည်း တစ်ခုဖြစ်သည့် IS အဖွဲ့သားများသည် မြန်မာနိုင်ငံကို ဦးတည် တိုက်ခိုက်မှု ပြုလုပ်ရန် ရည်ရွယ်ပြီး မြန်မာ သင်္ဘောသားများအား တိုက်ခိုက်မှုများ ပြုလုပ်မည်ကို စိုးရိမ်၍ နိုင်ငံခြား သင်္ဘောလိုင်းများမှ မြန်မာ သင်္ဘောသား များအား အစ္စလာမ်မစ် နိုင်ငံများသို့ သင်္ဘော ဆိုက်ကပ်ပါက ကမ်းဆင်းခွင့် ပိတ်ပင်ထားကြောင်း မြန်မာ သင်္ဘောသားများ အသိုင်းအဝိုင်းထံမှ သိရသည်။ ''သူကြီးကတော့ လုံခြုံရေးအရ ပိတ်တယ်လို့ ပြောတာပါပဲ။ သင်္ဘောက အီရန်၊ ကူဝိတ်၊ ဂျော်ဒန်၊ အိုမန်ကိုသွားတော့ ကျွန်တော် တစ်နိုင်ငံမှ ဆင်းလို့မရဘူး။ သူတို့နိုင်ငံတွေက ရဲတွေကလည်း မြန်မာသင်္ဘောသားတွေရဲ့ လုံခြုံရေးကို တာဝန် မယူပေးနိုင်တာကြောင့် မဆင်းတာက ပိုအဆင်ပြေပါတယ်။ လက်ရှိ အချိန်မှာတော့ သင်္ဘောလိုင်း အများစုက မြန်မာ သင်္ဘောသားတွေကို အစ္စလာမ်မစ် နိုင်ငံတွေမှာ ကမ်းပေါ် တက်ခွင့်မပေးဘူး''ဟု CDC စာအုပ်နံပါတ် နှစ်သောင်းကျော် ကိုင်ထားသည့် ဦးမျိုးဝင်းက ပြောသည်။ သင်္ဘောလိုင်းများမှ မြန်မာ သင်္ဘောသားများကို အစ္စလာမ်မစ် နိုင်ငံများ၌ ကမ်းဆင်း ခွင့်ပြုပေးသော်လည်း အဆိုပါ သင်္ဘောသားများ ဆင်းသည့် သက်ဆိုင်ရာ အစ္စလာမ်မစ် နိုင်ငံ ဆိပ်ကမ်းများသည် မြန်မာ

ရှေးဟောင်း ဘုရား ရုပ်ပွားတော် တစ်ဆူ တွေ့ရှိ

အမ်း အောက်တိုဘာ ၂၁ ရခိုင်ပြည်နယ်၊အမ်းမြို့ မြောက်ဘက်အုပ်စု၊ အေးမြသာယာကျောင်း မြောက်အရပ်၌ ရှိသော အမှတ်(၂) တပ်မတော်ဆေးရုံ ကုတင် (၃၀၀) တပ်နယ်မြေ အတွင်း ရေပိုက်လိုင်းများ ပြန်လည်ပြုပြင်ရာတွင် တပ်ကြပ်ကြီး ခင်မောင်ချို (ယာဉ်ပြင်) က တောင်ကမ်းပါးပြိုကျရာမှ ဘုရားရုပ်ပွားတော်အား (၁၇.၁၀.၂၀၁၄)ရက် နေ့လည် (၂)နာရီ အချိန်က တွေ့ရှိခဲ့သည်။ ရှေးဟောင်းဘုရားရုပ်ပွားတောါမှာ ရွှေသားအစစ်၊ ဉာဏ်တော်အမြင့်(၂) လက်မ၊ အလေးချိန် (၂)ကျပ် (၅)ပဲ (၂)ရွေးသားနှင့် ဘုရားပုလ္လင်တွင် စိန်နှင့်တူသော ကျောက်(၁၅)လုံး ပါရှိပါသည်။ အဆိုပါ ရုပ်ပွားတော်ကို အေးမြသာယာကျောင်း ဓမ္မာရုံ၌ ပူဇော်ထားရှိရာ ဒေသခံများ လာရောက်ဖူးမြှော်ကြသည်။ MOI Webportal Myanmar http://ift.tt/1ouhij1 from သစ်ထူးလွင် (ကျန်းမာရေးနှင့် အနုပညာ) - Thit Htoo Lwin http://ift.tt/1vZS4kh

ဆံပင်နှင့် လက်သည်းကို ကောင်းမွန်စွာရှင်သန်ဖို့ အထောက်အကူပြုသည့် အစားအစာ ၆ မျိုး

လူတစ်ဦးရဲ့အလှကို တန်ဖိုးဖြတ်ရာတွင် ဆံပင်နှင့် လက်သည်းတို့ရဲ့ အလှတရားဟာလည်း အခန်းကဏ္ဍတစ်ခုမှပါဝင်လျက်ရှိပါတယ်။ သို့သော် မျိုးရိုးဗီဇအရသော်လည်းကောင်း၊ ထိန်းသိမ်းနည်း လွဲမှား၍သော်လည်းကောင်း ယနေ့ခေတ် အမျိုးသား၊ အမျိုးသမီးအများစုဟာ ဆံပင်ပါးခြင်း၊ ဆံပင်ကျွတ်ခြင်းနှင့် လက်သည်းအလှအပထိန်းသိမ်းသင့် သည့်အမျိုးသမီးများတွင် လက်သည်းဖွံ့ဖြိုးမှုနှေးကွေးခြင်းနှင့် ခိုင်ခံ့မှုမရှိခြင်းစတဲ့ အလှပပြသနာများကို ရှင်ဆိုင်ရလျက်ရှိပါတယ်။ ဆံပင်နှင့် လက်သည်းအလှအပပြသနာများကို ဖြေရှင်းဖို့ရန်အတွက် အမျိုးအမည်စုံလင်လှတဲ့ အလှပြင်ပစ္စည်းတွေ စူပါမားကတ် အသီးသီးမှာရှိနေကြပေမယ့် အချို့အလှပြင်ပစ္စည်းများက အသုံးပြုသူများကို အထောက်အပံ့မပြုနိုင်တာကြောင့် သုံးစွဲသူများကိုယ်တိုင် သဘာဝကျကျ မိမိတို့ရဲ့အလှအပများကိုထိန်းသိမ်းနိုင်ဖို့ အရေးကြီးလှပါတယ်။ ယခုတစ်ပါတ် NewsWatch ဂျာနယ်ပရိတ်သတ်များကို ဖော်ပြပေးမည့် အစားစာ ၆ မျိုးက အသားရည်လှပစိုပြေစိုဖို့ ထိရောက်စွာ အထောက်ကူမပြုနိုင်သော်လည်း ဆံပင်နှင့် လက်သည်းကို ကျန်းမာသန်စွမ်းပြီး လှပစိုပြေနေစေဖို့ လိုအပ်သည့်ဓါတ်များမှာ အမျိုးမည်တစ်မျိုးတည်းဖြစ်တာကြောင့် ဖော်ပြပါ အထောက်ကူပြုအစားစာများက ပရိတ်သတ

Muscle twitch ကြွက်သားလှုပ်ခြင်း

1. ဆရာ ကျွန်မလေ ညာဘက်အောက်မျက်ခမ်းတွေလှုပ်နေတာ ၂ ရက်ရှိပြီဆရာ။ ရောဂါလက္ခဏာတခုခုကြောင့်များလားဆရာ။ လေတွေဘာတွေဖြတ်တတ်တယ်လဲပြောကြလို့ ဆရာ့ကို မေးကြည့်တာပါဆရာ ဆရာအချိန်ရရင်ပြန်ဖြေပေးပါနော်။ 2. ဆရာရှင့်ကျမအသက်၃၁ပါ။ အိမ်ထောင်မရှိ။ အခုတလောမျက်နှာကြွက်သားတွေအဆက်မပြတ်လှုပ်နေလို့။တခါတလေခေါင်းတခြမ်းကိုက်တယ်။ နှလုံးခုန်မြန်ပြီးဒူးတွေတုန်တယ်။ အဲ့တာလေဖြတ်တဲ့လက္ခဏာလားဆရာ။ဘယ်လိုလုပ်ရမလည်းရှင့်။ 3. ကျွန်တော့အမျိုးသမီး အသက် ၄၁နှစ်၊ ဘယ်ဘက် မျက်နှာခြမ်းက တွန့်တွန့်နေတာကြာပါပြီ။ ဆရာပြောပြတဲ့ အထက်ကအဆင့်ထိတော့မဖြစ်သေးပါ။ အမျိုးသမီးကပေါင် ၁၄ဝ၊ အရပ် ၅ ပေ ၂ လက်မပါ။ ဝပါတယ်။ ဆရာဝန်နဲ့ပြတော့RejuNuronဆိုတဲ့Methylcobalamin andAlpha Lipoic Acid Capsules ကို ညအိပ်ရာဝင် သောက်ရပါတယ်။အကြာကြီးသောက်ဖို့ညွန်ပါတယ်။ အတော်လေးသက်သာပါတယ်။ ပျောက်တော့ အရှင်းမပျောက်သေးပါ။ ဆက်လက်သောက်သွားရမှာလား။ ဆရာ၏အကြံပြုချက်ကလေးများ ပြောကြားပေးပါ။ ပဌမမေးခွန်း အသက်မသိပါ။ သွေးဖိအား မသိပါ။ စိတ်ကနေခိုင်းလို့ လှုပ်တာမဟုတ်ဘဲ Muscle twitch ကြွက်သားလှုပ်တာကိုဆေးစာနဲ့ Fasciculationခေါ်တယ်။ အပေါ်ယံအရေပြားမှာဖြစ်တာ (မြင်ရတယ်) နဲ့ အတွင်းပိုင်းမှာဖြစ်တာလို့ရှိတယ်။

Ringing in the Ears နားအူခြင်း

1. ဆရာရှင့် ကျွန်မ အသက် 28 ထဲမှာပါ။ ကျွန်မအလုပ်က Quantity Surveyor ပါ။ ကွန်ပျူတာနဲ့ စာရင်းဇယားလုပ်ရပါတယ်။ နားအူတာနဲ့ ပတ်သက်ပြီး မေးချင်ပါတယ်။ ပြီးခဲတဲ့တပတ် တနင်္ဂနွေနေ့ ညနေ ခေါင်းလျှော်ပါတယ်။ တနင်္လာနေ့ (13.10.2014) မနက် အိပ်ရာထတော့ နားနဲနဲအူပါတယ်။ အင်္ဂါနေ့လဲ နဲနဲအူပါတယ်။ ဗုဒ္ဓဟူးနေ့ မနက်ခေါင်းလျှော်မိပါတယ်။ နေ့ခင်းပိုင်း ရုံးမှာခေါင်းမူးလာလို့ နားအူတာလဲ မသက်သာတာနဲ့ ဆေးခန်းပြပြီး အိမ်ပြန်နားပါတယ်။ ဆေးပေးလိုက်ပါတယ် (Dhaperazine Prochlorperazine Maleate 5mg/Tab, Gitako Tabs, Vit C (250MG) ဆိုပြီး ဆေး ၃ မျိုးပေးပါတယ်။ ဆရာဝန်ပေးတဲ့ဆေး သောက်ပြီး အဲဒီနေ့ ညဘက်မှာ ကောင်းသွားပါတယ်။ ကြာသပတေး၊ သောကြာ နှစ်ရက်သက်သာပါတယ် နားလဲမအူပါဘူး။ စနေမနက် ပြန်ဖြစ်ပါတယ်။ ဆေးသောက် အနားယူတော့ စနေည ဘက် ပြန်ကောင်းပါတယ် တနင်္ဂနွေလဲ ကောင်းပါတယ်။ ယနေ့ တနင်္လာနေ့ (20.10.2014) မနက်ပြန်ပြီး နားအူပါတယ်။ နားအူတဲ့အခါ လူက နှုံး ချိချိ ဖြစ်နေတယ်လို့ ခံစားရပါတယ်။ တခါတခါ ခေါင်းပါမူးလာတယ်။ ဆရာရှင့် အဲလိုဖြစ်တာ နားကတခုတခုဖြစ်နေတာလား။ ဦးနှောက်နဲ့အာရုံကြော ကြောင့်ဖြစ်တာလား။ သွေးအားနည်းလို့ဖြစ်တာလား (သွေးပေါင်ချိန်ကတော့ 120/80 လို့ဆရာဝန်ပြော

ရှင်းကျန်း ဒေသတွင် ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုကြောင့် ၂၂ ဦးထက်မနည်း သေဆုံး

ပေကျင်း ၊ ၂၁-၁၀-၂၀၁၄ တရုတ်နိုင်ငံ အနောက်ဘက် ရှင်းကျန်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသရှိ ဈေးတစ်ခု၌ ဖြစ်ပွားခဲ့သော တိုက်ခိုက်မှု တစ်ခုကြောင့် ၂၂ ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိ ခဲ့ကြောင်း ဒေသတွင်း သတင်းဌာန တစ်ခုက အောက်တိုဘာ ၁၉ ရက်တွင် ထုတ်ပြန် ကြေညာ ခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုသည် ကက်ရှာ စီရင်စုနယ် တွင် လွန်ခဲ့သည့် ရက်သတ္တပတ် အတွင်းက ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ဖြစ်ပွားပုံမှာ ဖောက်ခွဲရေး ပစ္စည်းများ၊ ဓားများ နှင့် လက်နက်များကိုင်ဆောင် လာသော အမျိုးသား လေးဦး သည် ရဲအရာရှိများ နှင့် ကုန်သည်များကို တိုက်ခိုက်ရာမှ စတင်ဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်။ ယင်း တိုက်ခိုက်မှုတွင် တိုက်ခိုက်ရေး သမားများသည် ဒေသ စံတော်ချိန် နံနက် ၁ဝ နာရီခွဲ ခန့်တွင် မော်တော် ဆိုင်ကယ် များဖြင့် ရောက်ရှိလာပြီး ၄င်းတို့အနက် နှစ်ဦးက လမ်းမပေါ်တွင် ကင်းလှည့် နေသော ရဲအရာရှိ များကို စတင် တိုက်ခိုက် ခဲ့ကြောင်း ၊ အခြားနှစ်ဦးမှာ ဈေးဆိုင်ပိုင်ရှင် ဟန် မျိုးနွယ်စု များကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ရဲအရာရှိ တစ်ဦးဖြစ်သူ ဟာရှင်မ်အယ်လီ က ပြောကြား ခဲ့သည်။ အဆိုပါ တိုက်ခိုက်သူ များသည် ယူဂါ မျိုးနွယ်စု များဖြစ်ပြီး တိုက်ခိုက်ခံ

နီပေါရေခဲ့တောင်ပြိုကျမှု သေဆုံးသူ ၁၂ ဦး ထပ်မံတွေ့ရှိ

ပြီးခဲ့တဲ့တပတ်က နီပေါနိုင်ငံ ဟိမ၀န္တာ တောင်ပေါ် တနေရာမှာ ဆီးနှင်း မုန်တိုင်းမိပြီး ရေခဲတောင် ပြိုကျမှုနဲ့ သေဆုံးသူ နောက်ထပ် ၁၂ ဦး မနေ့က ရှာဖွေ တွေ့ရှိ ခဲ့ပါတယ်။ ဒါကြောင့် သေဆုံးသူ အားလုံး အနည်းဆုံး ၄၀ ရှိပြီး ကနေဒါ၊ အိန္ဒိယ၊ အစ္စရေး၊ နီပေါ၊ ပိုလန်နဲ့ စလိုဗက်နိုင်ငံ သားတွေ ဖြစ်ကြ ပါတယ်။ တောင်ပြိုကျမှု ငယ်လေးတွေ ဆက်ဖြစ်နေခဲ့တာကြောင့် တောင်ပြိုကျပြီး ၆ ရက်ကြာတဲ့အထိ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်ခဲ့ပါတယ်။ အားလုံးကို ကယ်တင်ခဲ့ပြီးလည်းဖြစ်လို့ ကယ်ဆယ်ရေးလုပ်ငန်းအားလုံးပြီးဆုံးပြီလို့ ဆိုပါတယ်။ တောင်တက်ဖို့ စာရင်းပေးသူအယောက် ၁၂၀ ပဲရှိတာမှာ ကယ်တင်ခဲ့ရသူအယောက် ၆၀၀ လောက်ရှိခဲ့တာကြောင့် တောင်တက်သမားတွေကို အခုထက်ပိုပြီး ကြပ်မတ်တော့မယ်လို့ နီပေါအာဏာပိုင်တွေက ပြောဆိုပါတယ်။ အများစုဟာ တောင်တက်လေ့ကျင့်မှုနဲ့ တောင်တက်အတွေ့အကြုံ မရှိတဲ့သူတွေလည်း ပါဝင်တယ်လို့လည်း ပြောပါတယ်။ သေဆုံးသူတွေဟာ အေးခဲ လမ်းပျောက်နေချိန်မှာ တောင်အောက်ကို ဆက်ဆင်းသွားသူတွေလို့ တွေ့ကြုံခဲ့ရသူတွေက ပြောပါတယ်။ ဒါကြောင့် တောင်တက်လမ်းတလျှောက် ၃ ကီလိုမီတာတိုင်းမှာ နားခိုရန် အဆောက်အဦ အလုံး ၂၀၀ ကျော် ဆောက်လုပ

တအာင်းတိုင်းရင်းသားနေအိမ်များအား အစိုးရတပ်မတော် ဝင်ရောက်စစ်ဆေး

အောက်တိုဘာ၂၀ ရက် ၂၀၁၄ သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ဆင်ခြေဖုံးရှိ တအာင်း(ပလောင်) တိုင်းရင်းသား လူမျိုးများ နေအိမ်အား အစိုးရတပ်မတော်မှ ယနေ့ ဝင်ရောက်စစ်ဆေးခဲ့သည်ဟု ဒေသခံများက ပြော သည်။ ၂၀၁၄ အောက်တိုဘာ ၂၀ ရက်နေ့ မွန်းတည့်ချိန်မှ စ၍ နမ့်ခမ်းမြို့ စခန်းသစ်နေ တပ်မ ၈၈ လက်အောက် ခံတပ်ရင်းက နမ့်ခမ်းမြို့နှင့် ကပ်လျက်ရှိသည့် လွယ်ဆာကျေးရွာ ပလောင်လူမျိုးများနေအိမ်အား ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့သည်။ “အုပ်ချုပ်ရေးမှူးကို ခေါ်လာတယ်။ တအိမ်တက် တအိမ်ဆင်းဘဲ။ ပလောင် လူမျိုးတွေရဲ့ အိမ်ဘဲ စစ်တာ။ ဘာမှ မယူပါဘူး။ သေနတ်တို့ လက်လုပ်ဗုံးတို့ ဖွတ်ထားတယ် ဆိုတဲ့ သတင်းရလို့ တဲ့ဗျာ။ ရိုင်းတော့ရိုင်းတယ်။ ဆက်ဆံရေးက” - ဟု စစ်ဆေးခံရသူတဦးက ပြောသည်။ အောက်တိုဘာ ၁၇ ရက်နေ့က နမ့်ခမ်းမြို့၌ လာရောက်အခြေစိုက်သည့် တပ်မ ၈၈ လက်အောက်ခံ စခန်းသစ် စခန်းအား အမည်မသိလက်နက်ကိုင်တပ်ဖွဲ့တခုက နှစ်ကြိမ် ဝင်ရောက်တိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် မှ ဝင်ရောက် တိုက်ခိုက် သည်၊ ဒေသခံ တအာင်းလူမျိုးများက ထောက်ပံ့ မှုပေးခဲ့သည်ဟု တပ်မ ၈၈ ကစွပ်စွဲသည်ဟု ဒေသခံများကပြောသည်။ “ကျနော်တို့က ဘယ်ကသေနတ်သွားယူမှာလဲဗျာ။ အကြမ်း

KIA တပ်ရင်း ( ၆ ) စခန်းနေရာ ရွှေ့မပေးနိုင်ဟု ငြင်းဆို

ကချင်ပြည်နယ် ဖားကန့်မြို့ ဥရုချောင်းဘေး အောင်ဘာလေ ကျေးရွာ အနီးမှာ တပ်စွဲထားတဲ့ KIA ကချင်လွတ်မြောက်ရေး တပ်မတော် တပ်ရင်း ( ၆ ) က မိမိတို့တပ်စခန်းကို ဖယ်မပေးနိုင်ကြောင်းနဲ့ အဲဒီ့လို ဆုံးဖြတ်ချက်ဟာ ကေအိုင်အိုဗဟိုရဲ့ ဆုံးဖြတ်ချက် ဖြစ်ကြောင်း ဒီနေ့ ပြောပါတယ်။ အစိုးရက အဲဒီ့နေရာကို ဖယ်ရှားပေဖို့ အကြောင်းကြားလာပေမယ့် KIO ဗဟိုဌာနချုပ်ရဲ့ အမိန့်ဖြစ်တာကြောင့် မိမိတို့အနေနဲ့ တပ်စခန်းကို ကာကွယ်သွားရမှာပဲလို့ KIA တပ်ရင်း ( ၆ ) ဒုတိယတပ်ရင်းမှုး ဗိုလ်မှုးတန်ဆန့်က RFA ကိုပြောပါတယ်။ "လုံးဝရွှေ့ဖို့လည်း ကျနော်တို့လည်း စိတ်မကူးပါဘူး၊ ဌာနချုပ်ကလည်း ဒါကိုရွှေ့ဖို့ လုံးဝသဘောမတူပါဘူး" အခုလ ၁၄ ရက်နေ့ကတည်းကစပြီး အစိုးရတပ်မ ၆၆ က KIA တပ်ရင်း ( ၆ ) ကို အဲဒီနေရာကနေ ဖယ်ရှားပေးဖို့ ဒေသခံတွေကနေတစ်ဆင့် အကြောင်းကြားခဲ့တာလို့ ဆိုပါတယ်။ တပ်မတော်နဲ့ KIA တပ်ရင်း ( ၆ ) တို့ဟာ ဥရုချောင်းတစ်ဘက်တစ်ချက်စီမှာ တပ်စွဲထားကြတာဖြစ်ပြီး ကံဆီးခေါ၊ ဆိုင်းငိုင်၊ အောင်ဘာလေ၊ ပေါက်ဆာဘီး၊ ကံဆီးရွာကြီး စတဲ့ရွာတွေဟာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနိုင်တဲ့ ဧရိယာထဲမှာ ရှိနေကြပါတယ်။ အဲဒီ့ရွာတွေမှာ ဒေသခံရွာသား ထောင်နဲ့ချီနေထိုင်ကြကာ လက်ရှိအချိန်ထိ စာသ