Skip to main content

Posts

Showing posts from February 7, 2015

အသားပက်၍ ခြေဖနောင့်ကွဲနေပါသလား ?

ခြေဖနောင့်ကွဲခြင်း အတွက်ထိရောက်တဲ့ အိမ်တွင်းသဘာဝ ကုထုံးလေးတွေရှိပါတယ်။ စမ်းကြည့်နိုင်ပါတယ်။ ခြေထောက်ကြမ်း သူများလဲဥတုမ ရွေးလုပ်ဆောင်နိုင်ပါသည်။ ၁။ သံလွင်ဆီ သို့ မဟုတ်အုန်း ဆီ ကို ညမအိပ်မှီ ခြေဖနောင့်ကိုလိမ်းပေးပါ။ မလိမ်းမှီ ခြေထောက်ကို သန့် စင်အောင်ဆေးဖို့ လိုပါတယ်။ ထို့ နောက် ချည်သားခြေအိတ်စွပ်၍ အိပ်လိုက်ပါ။ ၂။ ငှက်ပျောသီး အမှည့် တစ်လုံးကို ခြေလိုက်ပါ။ ပြီးလျှင် စိမ့်ဝင်အောင် ပွတ်လူးပါ။ ၁၀ - ၁၅ မိနစ် ခန့် ထား ၍ ရေနွေးနွေးနှင့် ဆေးလိုက်ပါ။ ထို့ နောက်ရေအေးနှင့် ခနစိမ်လိုက်ပါ။ နေ့ စဉ်လုပ်ပေးနိုင်ပါသည်။ နူးညံ့အိစက်သော ခြေဖဝါး လေးဖြစ်လာပါလိမ့်မည်။ ၃။ ပျားရည် တစ်ခွက်ကိုရေ တစ်ပုံးနှင့်ရော ပါ။ ခြေထောက်ကို ၁၅ မိနစ်မှ မိနစ် ၂၀ ခန့် စိမ်၍ တိုက်ချွတ်ပေးပါ။ တစ်ပတ် တစ်ခါ လုပ်နိုင်ပါသည်။ အထက်ပါနည်း ၃ မျိုးထဲမှမိမိနှင့် အဆင်ပြေသည့်နည်းကိုရွေးချယ်လုပ်ဆောင်နိုင်ပါသည်။ Dr.Marie အမျိုးသမီးနှင့်ကျန်းမာရေး from သစ်ထူးလွင် (ကျန်းမာရေး) - Thit Htoo Lwin http://ift.tt/1Iok6wo

မီးဖိုချောင်ထဲက စဉ်းတီတုံးကို သတိထား

စဉ်းတီတုံးသည် မီးဖိုချောင် တစ်ခုတွင် မပါမဖြစ် ပစ္စည်းဖြစ်သည်။ သူရှိမှ အသားငါး တင်ခုတ် လို့ရသည်။ အသီးအရွက် တင်ဖြတ်လို့ ရသည်။ လူသားတို့ စားသမျှ အတော် များများသည် စဉ်းတီတုံးပေါ်တွင် ခုတ်ထစ် ဖြတ်တောက်ခံပြီးမှ ဒယ်အိုးထဲ ရောက်ကာ လူသားတို့ အစာအိမ်ထဲ ရောက်လာခြင်း ဖြစ်သည်။ နောက်ဆုံး လေ့လာမှု စစ်တမ်းသစ် တစ်ရပ်အရကား စဉ်းတီတုံးသည် အိမ်သာ ဘိုထိုင် ကြွေခွက် ထက်ပင် ဘက်တီးရီးယား (၂၀၀) ရာခိုင်နှုန်း ပိုများနေကြောင်း သိရသည်။ လေ့လာမှု စစ်တမ်းကို တစ်ကိုယ်ရေ သန့်ရှင်းရေးဆိုင်ရာ ကောင်စီ ဖြစ်သော Global Hygiene Council က ပြုလုပ်ခြင်း ဖြစ်သည်။ အစာ အဆိပ်သင့်ခြင်း (၄၀) ရာခိုင်နှုန်းသည် အိမ်တွင်း တစ်ကိုယ်ရေ သန့်ရှင်းရေး ညံ့ဖျင်းခြင်း အရင်းခံဖြစ်ကြောင်းလည်း GHC က ပြောသည်။ စဉ်းတီတုံး အပါအ၀င် အိမ်တွင် မကြာမကြာ ကိုင်တွယ် ခံရသော ပစ္စည်းများသည် အီကိုလိုင်ကဲ့ သို့သော ဘက်တီးရီးယားများ စွဲကပ်လျက်ရှိသည်။ ““အိမ်တွင်း သန့်ရှင်းမှု မရှိဆုံး နေရာတွေကို ရွေးထုတ် သုတေသန ပြုကြည့်တော့ အံ့အားသင့်စရာ ကောင်းလောက်အောင် တွေ့ရတာ ကတော့ စဉ်းတီတုံးပဲ။ သူတော်တော် ဘက်တီးရီးယားများတာ တွေ့လိုက်ရတယ်။ ကိုယ့်အိမ် ကိုယ်လည်း ပြန်သုံးသပ် ကြည့်မယ် ဆိုရင် စ

နားကိုက်ခြင်းအတွက် သဘာဝဆေးကောင်းများ

Earache လို့ခေါ်တဲ့ နားကိုက်ခြင်းဟာ နားထဲမှာ အကောင်တစ်ကောင်ဝင်ပြီး ကိုက်နေသလို ခံစားရပြီး အလွန်ဆိုးရွားပါတယ်။ နားကိုက်ခြင်းဝေဒနာကို ခံစားရဖူးသူတိုင်း နားလည်သဘောပေါက်ကြမှာပါ။ နားကိုက်ခြင်းဖြစ်ရတဲ့အကြောင်းရင်းများကတော့ နားထိခိုက်မှုရှိခြင်း၊ နားဖာချေးပိတ်ဆို့ခြင်း၊ နားပြွန်ပိတ်ဆို့ခြင်း၊ သွားဖုံးပိုးဝင်ခြင်း၊ သွားပိုးစားခြင်း၊ အဆစ်ရောင်ခြင်း၊ အာသီးရောင်ခြင်း၊ လည်ချောင်းနာခြင်း စသည့်အကြောင်းများကြောင့် ဖြစ်ပါတယ်။ နားကိုက်ခြင်းကို သက်သာပျောက်ကင်းစေမည့် သဘာဝဆေးနည်းများကို မျှဝေပေးလိုက်ပါတယ်။ (၁) ပင်စိမ်းရွက်၏ သတ္ထုရည်ကို နားထဲကို ၂ စက်ခန့် ထည့်ပေးပါ။ (၂) ကြက်သွန်ဖြူကို ရေနွေးပူပူထဲထည့်ပြုတ်ပြီး ကျက်လာလျှင် ပုဝါသန့်သန့်ဖြင့်ထုပ်ကာ နားပေါ်တွင် အုံထားပေးပါ။ ချက်ချင်း သက်သာစေပါတယ်။ (၃) နားရောင်ရမ်းကိုက်ခဲမှုအတွက် မုန်ညင်းဆီ ၂စက်၊ ၃စက်ခန့် နားထဲကို ခတ်ပေးလျှင် သက်သာပျောက်ကင်းစေပါတယ်။ (၄) ဂျင်းတက်ကို ထုထောင်း၍ အ၀တ်သန့်သန့်ဖြင့် အရည်ညစ်ယူကာ နားထဲကို ၂ စက်ခန့် ခတ်ပေးလျှင် နားကိုက်ခြင်း သက်သာပျောက်ကင်းစေပါတယ်။ (၅) နားကိုက်နေလျှင် လိမ္မော်သီး၊ ရှောက်သီး၊ သံပုရာသီး၊ စတော်ဘယ်ရီ၊ ဂရိတ်ဖရုသီး စသည့်အသီးများ