Skip to main content

Posts

Showing posts from February 17, 2015

မကြာခဏ နုံးချည့်ညောင်းညာ တတ်သူတို့ စွမ်းအင် တိုးစေမည့် နည်းများ

မကြာခဏ နုံးချည့် ညောင်းညာပြီး ပင်ပန်း သလိုလို စွမ်းအင် မရှိသလိုလို ဖြစ်နေ ပါသလား။ ရိုးစင်းတဲ့ ဘဝ နေထိုင်မှု ပုံစံကို ပြောင်းလဲ ပေးလိုက်ရုံနဲ့ သင့်ဘဝမှာ စွမ်းအင်တွေ ပြန်ရှိ လာပါ လိမ့်မယ်။ (၁) ရေများများသောက်ပေးပါ ရေဓာတ် ခန်းခြောက်မှု ဖြစ်ရင် ခန္ဓာကိုယ်ရဲ့ လုပ်ငန်း ဆောင်တာတွေကို ထိထိ ရောက်ရောက် လုပ်ဆောင်စွမ်း ကျစေတာကြောင့် နုံးချည့် ပင်ပန်း နေတတ်ပါတယ်။ ဒါကြောင့် မကြာခဏ ရေသောက် ပေးရပါမယ်။ (၂) ကဖင်းဓာတ်ကို သတိထားပါ တစ်နေ့မှာ ကဖင်းပါတဲ့ အရည် (ဥပမာ- ကော်ဖီ၊ လက်ဖက်ရည်နဲ့ ကိုလာ) တို့ကို တစ်ခွက်၊ နှစ်ခွက် သောက်တာက စွမ်းအင် တိုးစေပြီး စိတ်ရွှင်လန်း စေပါတယ်။ ဒါပေမဲ့ ကဖင်းဓာတ်ကို များများ မှီဝဲတာ (ဥပမာ- တစ်နေ့ ခြောက်ခွက်ခန့်) က ရင်တုန်တာ၊ ကတုန်ကယင် ဖြစ်တာနဲ့ သက်လုံ ကျဆင်းတာ တို့ကို ဖြစ်စေ နိုင်ပါတယ်။ (၃) နံနက်စာကို ပုံမှန်စားပါ နံနက်စာကို မှန်မှန်စားတာက ဇီဝရုပ် ဖြစ်ပျက်မှုကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင်ကို ရရှိစေပါတယ်။ ဦးနှောက်ဟာ လောင်စာအဖြစ် ဂလူးကို့စ် ပေါ်မှာ မူတည် နေတဲ့ အတွက် ကာဗိုဟိုက်ဒရိတ် များများပါတဲ့ နံနက်စာကို စားပေးသင့်ပါတယ်။ အစာမစားဘဲ နေရင် သွေးတွင်း သကြားဓာတ်ကို လျော

ဆေးလိပ်က အမျိုးသား အင်္ဂါကို တိုစေ

တကယ့် ပေါက်ပေါက် ရှာရှာ ဆေးပညာရှင်တို့ လေ့လာ တွေ့ရှိထားမှု တစ်ခု ဖြစ်ပါတယ်။ လေ့လာတွေ့ ရှိချက် ကတော့ ဆေးလိပ် သောက်ခြင်းရဲ့ ဆိုးကျိုး တစ်ချက် ကတော့ အမျိုးသားကို လိင်အင်္ဂါကို တိုစေခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ ဆေးလိပ်က အဆုပ်ကိုပဲ ထိခိုက် စေတာ မဟုတ်ပါဘူး။ ခန္ဓာ ကိုယ်တွင်း သွေးလည်ပတ်မှုကို အနှောက်အယှက် ပေးပါတယ်။ အထူးသဖြင့် အမျိုးသားတို့ အင်္ဂါကို သွေးမရောက်အောင် ညစ်ထား တတ်ပါတယ်။ ဒါကြောင့် elastic ဖြစ်နှုန်း ကျဆင်းပြီး နဂိုရှိရင်း ထက်တောင် တိုသွား တယ်လို့ လေ့လာ ထားကြ ပါတယ်။ နှစ်ရှည်ကြာ စွဲသောက်သူ အပေါ် လေ့လာချက် အရ ၁ စင်တီမီတာ တိုသွားတယ်လို့ ဆိုပါတယ်။ ဒါတင်မက အင်္ဂါသို့ ရောက်အောင် သွားတဲ့ ဟိုမုန်း တွေကိုလည်း သေဖို့ အကြောင်းပိုများ ပါတယ်။ မျိုးပွားနိုင်တဲ့ သွေးဆဲလ်တွေ ကိုလည်း သေဆုံးပြီး ကလေးရနိုင်ချေ နည်းသွား ပါတယ်။ အကယ်၍ ရရင်လည်း ရတဲ့ ကလေး အပေါ် သက်ရောက် မှု အနည်းနဲ့အများ ရှိနိုင်တယ်လို့ ဆိုပါတယ်။ ဥပမာ- ကလေး ကြီးထွားမှု မမှန်ခြင်း လိုမျိုး ဖြစ်ပါတယ်။ သုတေသနတို့ရဲ့ နောက်ထပ် တွေ့ရှိချက် ကတော့ အမျိုးသားတို့ ဆေးလိပ် သောက်သုံးခြင်းဟာ နှလုံးကို ထိခိုက်ခြင်းထက် အင်္ဂါထိခိုက်မှုကို ပိုမို တိုက်ရိုက် ဆက်စပ်

ဆံပင်ဆိုးဆေး များကြောင့် ကင်ဆာ ရောဂါ ဖြစ်ပွားနိုင်

ဆံပင်ဆိုးဆေး များကြောင့် ကင်ဆာ ရောဂါ ဖြစ်ပွားနိုင် ဆံပင် ဆိုးဆေးကို အသုံးပြုများတာကြောင့် သားမြတ်၊ ဆီးအိမ်၊ မမျိုးဥအိမ်၊ ဦးနှောက်နဲ့ သွေးကင်ဆာတွေ ဖြစ်နိုင် တယ်လို့ ယခင်က လေ့လာမှုတွေ အရ သိရှိခဲ့ပြီး ဖြစ်ပေမယ့် အခုချိန်မှာ ဆံပင် ဆိုးဆေးကို အသုံးပြု သူတွေ များပြားလျက် ရှိတယ်လို့ သိရှိ ရပါတယ်။ ဆံပင်ဆိုး ဆေးမှာ ပါဝင်တဲ့ ဓာတု ပစ္စည်း တွေဟာ ဆေးလိပ်ငွေ့နဲ့ တခြား လေထု ညစ်ညမ်း စေတဲ့ ပစ္စည်းတွေနဲ့ ထိတွေ့တဲ့ အခါမှာ ကင်ဆာ ဖြစ်နိုင်တဲ့ အစွမ်းထက်ဆုံး ဒြပ်ပေါင်း တစ် မျိုးကို ဖန်တီးပေးနိုင် တယ်လို့သိပ္ပံ ပညာရှင်တွေက တွေ့ရှိ ထားပါတယ်။ ယနေ့ အချိန်ခါမှာ အမျိုးသမီး သုံးပုံတစ်ပုံခန့် ယောက်နှုန်း ဆံပင် ဆိုးဆေးကို အသုံးပြု နေကြတယ်လို့ သိရပါတယ်။ တစ်နှစ်ကို ကိုးကြိမ်ထက် ဆံပင်ဆိုးဆေး အသုံးပြု တဲ့ အမျိုးသမီး တွေဟာ သွေးကင်ဆာ ဖြစ်နိုင်ခြေ ၆၀ ရာခိုင်နှုန်း မြင့်မားတယ်လို့ တွေ့ရှိ ထားပါတယ်။ Secondary Amines ဝင်တတ်ပြီး ဆံပင်ဆိုးပြီး နောက်ဦး ရေပြား အတွင်း ဝင်ရောက်နိုင် ကာဆံပင် ပေါ်မှာလည်း သီတင်း ပတ်ပေါင်း၊ လပေါင်း များစွာ ရှိနေ နိုင်ပါတယ်။ နှစ်ပေါင်း များစွာ ထိတောင် ရှိနေ နိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။ အဲဒီ ဓာတု ပစ္စည်းဟ