Skip to main content

Posts

Showing posts from November 29, 2014

လည်ပင်းညှစ်ကာ ၀ါးတုတ်ချွန်နှင့် လည်ဂုတ် လည်ပင်း ထိုးသတ်မှု ဖမ်းမိ

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင်ဖြစ်ပွားခဲ့သော လူသတ်မှုမှ ပြစ်မှုကျူးလွန်သူအား ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှ တိုင်ကြားပြီး(၂)နာရီအတွင်း ဖော်ထုတ် ဖမ်းဆီးရမိ ရန်ကုန်၊ နိုဝင်ဘာ ၃၀ ၂၉.၁၁.၂၀၁၄ ရက်နေ့တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်နေ ဦးစိန်ဖေမှ မြေးဖြစ်သူ မောင်ကောင်းခန့်နိုင်၊ (၁၆)နှစ်မှာ ပျောက်ဆုံး နေကြောင်းသိရှိရ သဖြင့် မိသားစုနှင့်အတူ လိုက်လံရှာဖွေခဲ့ရာ ၁၅၀၀ အချိန်ခန့်တွင် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ (၄၁)ရပ်ကွက်၊ ရွှေယင်းမာလမ်းဘေး ရေမြောင်းအတွင်း၌ မြေးဖြစ်သူအား လည်ပင်းတွင် ၀ါးစိုက်ဝင်နေသော ဒဏ်ရာ(၁)ချက်နှင့် လည်ပင်း ၀ဲဘက်နောက် ထိုးသွင်းဒဏ်ရာ(၂)ချက်တို့ဖြင့် လဲကျသေဆုံး နေသည်ကိုတွေ့ရှိ ရသဖြင့် မြေးဖြစ်သူအား သေဆုံးအောင်ပြုလုပ်သူကို အရေးယူပေးရန်တိုင်တန်း လာခဲ့သဖြင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မရဲစခန်း(ပ)၆၆၉/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့် စုံစမ်းဆောင်ရွက်ခဲ့ပါသည်။ အမှုနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူအား စုံစမ်းဖော်ထုတ်နိုင်ရေးအတွက် အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ၏ စီမံကြီးကြပ်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှတပ်ဖွဲ့ဝင်များ၊ အရှေ့ပိုင်းခရိုင် ရဲတပ်ဖွ

စာရေးဆရာ ထင်လင်းဦး ကို သံဃာတွေ သပိတ်မှောက်ကံဆောင်

NLD ပါတီ၊ ဗဟိုပြန်ကြားရေး ကော်မတီအဖွဲ့ဝင် စာရေးဆရာ ထင်လင်းဦးကို စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ နယ်လုံးဆိုင်ရာ သံဃာတော်များက နိုဝင်ဘာလ ၂၉ ရက်နေ့ မနေ့က မွန်းလွဲ ၂ နာရီမှာ ပတ္တနိက္ကုဇ္ဇန ကံဆောင်ပြီး သပိတ်မှောက် ကြတယ်လို့သိရပါတယ်။ ချောင်းဦးမြို့၊ မေဃဝန်ကျောင်းတိုက်၊ ဝိသုံဂါမ မဟာ သိမ်တော်ကြီးမှာ ပြုလုပ်တဲ့ ကံဆောင်ပွဲကို သံဃာတော် အပါး ၂၅ဝ ကျော် တက်ရောက်ခဲ့ ကြတယ်လို့ ချောင်းဦးမြို့ မဟာဓမ္မာရုံကျောင်းတိုက် ဆရာတော် အရှင် ဓမ္မပီယ က RFA ကိုမိန့်ကြားပါတယ်။ "တက်ရောက်က ၂၅၂ ပါးရှိတယ်ဗျ၊ မတက်ရောက်နိုင်လို့ ဆန္ဒပေးတယ်ပေါ့နော်၊ အဲ့လိုဆန္ဒပေးတာက ၁၄၈ ပါးရှိတယ်ဗျ၊ ကမ္မဝါဖတ်ပြီးတော့ သပိတ်မှောက် ကံဆောင်မိတယ်ပေါ့၊ ထင်လင်းဦးဟောပြောတဲ့ ကောက်နှုတ်ချက်လေးတွေကို ဦးဇင်းက သံဃာတွေကိုဖတ်ပြပေးတယ်ပေါ့၊ video ကိုလဲဖွင့်ပြပေးတယ်ဗျ၊ သံဃာပေါ်ကို စော်ကားထားတဲ့ စကားလုံးတွေကို ဖတ်ပြပေးတယ်၊ ပြီးတော့ မေတ္တာသုတ်ရွတ်တယ်၊ မေတ္တာသုတ်ရွတ်ပြီးတော့ ဆရာတော်ကြီးတွေ ကမ္မဝါဖတ်ပြီးတော့ သပိတ်မှောက်ကြတယ်" စာရေးဆရာထင်လင်းဦးအနေနဲ့ မိမိတို့ထံလာရောက်ပြီး ဝန်ချတောင်းပန်မယ် ဆိုရင်သပိတ်လှန်ပေးနိုင်ကြောင်းလည်း အရှင်ဓမ္မပီယ ကမိန့်ကြားပါတယ်။ပတ္တနိက

အင်္ဂါဂြိုဟ်ပေါ်တွင် သက်ရှိလူသား နှစ်ဦးကို တွေ့မြင်ခဲ့ဟု NASA ဝန်ထမ်းဟောင်း တစ်ဦး ပြောကြား

အင်္ဂါဂြိုဟ်ပေါ်တွင် လမ်းလျှောက်နေသည့် လူသားနှစ်ဦးကို ၁၉၇၉ ခုနှစ်ခန့်က တွေ့မြင် ခဲ့ရကြောင်း NASA အာကာသ ဌာနတွင် တာဝန် ထမ်းဆောင်ခဲ့ဖူးသည့် ဝန်ထမ်းတစ်ဦး ဖြစ်သူ ဂျက်ကီက အခိုင်အမာ ပြောကြားသည်။ အဆိုပါ လူသားနှစ်ဦးသည် အာကာသ အတွင်း၌ မိမိတို့ ဝတ်ဆင်လေ့ ရှိသည့် အရွယ်အစား ကြီးမားသော အာကာသဝတ်စုံ မဟုတ်သည့် အာကာသ ဝတ်စုံများကို ဝတ်ဆင်ထား ခဲ့ကြောင်း၊ သို့ရာတွင် အဆိုပါ လူသားနှစ်ဦး၏ ပုံစံကို မြင်တွေ့ရသည်မှာ လုံခြုံမှုရှိသည့် ပုံစံဖြစ်ကြောင်း၊ ၄င်းတို့နှစ်ဦးသည် မြေပြင်ပေါ်တွင် လမ်းလျှောက်နေသည့် ပုံစံဖြင့် အင်္ဂါဂြိုဟ် ပေါ်တွင် လမ်းလျှောက်ကာ မိမိတို့၏ Viking Explorer အင်္ဂါဂြိုဟ်ဆင်း ယာဉ်ဆီသို့ ဦးတည် လျှောက်လှမ်း လာခဲ့ကြောင်း Coast to Coast ရေဒီယိုဌာနမှ တစ်ဆင့် ဂျက်ကီက ပြောကြားသည်။ အဆိုပါ ထူးဆန်းသည့် မြင်ကွင်းနှင့် ပတ်သက်၍ အဖြေထုတ်နိုင်ရန် ကြိုးပမ်းခဲ့သည်မှာ ၂၇ နှစ်ခန့် ကြာမြင့်ခဲ့ပြီ ဖြစ်ကြောင်း၊ အဆိုပါ မြင်ကွင်းကို မိမိတွေ့မြင် ခဲ့ချိန်တွင် Viking Explorer ယာဉ်အတွင်း၌ မိမိ၏ လုပ်ဖော် ကိုင်ဖက် ခြောက်ဦးလည်း ရှိနေခဲ့ကြောင်း သူမက ထပ်လောင်း ပြောကြားသည်။ Viking Explorer အာကာသယာဉ်သည် အင်္ဂါဂြိုဟ်၏ ပုံရိပ်များကို ရိုက

တရုတ်နိုင်ငံအနောက်ပိုင်း အကြမ်းဖက်မှု ၁၅ ဦး သေဆုံး

တရုတ်နိုင်ငံ အနောက်ပိုင်းက ရှင်းကျန်းပြည်နယ်မှာ နိုဝင်ဘာ ၂၈ ရက်နေ့က အကြမ်းဖက်တိုက်ခိုက်မှု တခုဖြစ်ပွားခဲ့ပြီး လူအနည်းဆုံး ၁၅ ဦးသေဆုံးခဲ့ပါတယ်။ အကြမ်းဖက်တစုက လူအုပ်ထဲ ဗုံးတွေပစ်သွင်းခဲ့ပြီး ဓားတွေ၊ ပုဆိန်တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာနက ဆိုပါတယ်။ သေဆုံးခဲ့သူ ၁၅ ဦးထဲမှာ အကြမ်းဖက်သူ ၁၁ ဦးပါဝင်ပြီး ကင်းလှည့်လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ပစ်သတ်လိုက် တာလို့လည်း သတင်းက ဆိုပါတယ်။ တခြားလူ ၁၄ ဦး ဒဏ်ရာ ရရှိ ခဲ့ပြီး ဆေးကု သမှုခံယူနေပါတယ်။ ရှင်းကျန်းပြည်နယ်ဟာ မွတ်စလင် ပြည်နယ်ဖြစ်ပြီး တိုက်ခိုက်မှုဖြစ်ပွားခဲ့တဲ့ မြို့နယ်ဟာ ပြည်နယ်မြို့တော်နဲ့ ကီလိုမီတာ ၂ ရာအကွာက Shache မြို့နယ်မှာ ဖြစ်ပွားခဲ့တာပါ။ ဇူလိုင်လကလည်း ရှင်းကျန်းပြည်နယ်မှာပဲ အကြမ်းဖက်တိုက်ခိုက်မှုအတွင်း တိုက်ခိုက်သူ ၅၉ ဦးအပါအ၀င် လူ ၁၀၀ လောက်သေဆုံးခဲ့ပါသေးတယ်။ အခုနှစ်ထဲမှာ ရှင်းကျန်းပြည်နယ်အကြမ်းဖက်မှုတွေကြောင့် လူ ၁၅၀ ကျော် သေဆုံးခဲ့ပြီဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုတွေကို ပြည်နယ်ခွဲထွက်ရေး အကြမ်းဖက်မှုတွေဆိုပြီး ဒေသခံ ၀ီဂါလူမျိုးတွေကို တရုတ်အစိုးရက ပြစ်တင်ထားပါတယ်။ ဒါပေမယ့် ဒေသခံတွေကတော့ တရုတ်အစိုးရရဲ့ လူမျိုးရေး၊ ဘာသာရေး