Skip to main content

စာရေးဆရာ ထင်လင်းဦး ကို သံဃာတွေ သပိတ်မှောက်ကံဆောင်



NLD ပါတီ၊ ဗဟိုပြန်ကြားရေး ကော်မတီအဖွဲ့ဝင် စာရေးဆရာ ထင်လင်းဦးကို စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ နယ်လုံးဆိုင်ရာ သံဃာတော်များက နိုဝင်ဘာလ ၂၉ ရက်နေ့ မနေ့က မွန်းလွဲ ၂ နာရီမှာ ပတ္တနိက္ကုဇ္ဇန ကံဆောင်ပြီး သပိတ်မှောက် ကြတယ်လို့သိရပါတယ်။ ချောင်းဦးမြို့၊ မေဃဝန်ကျောင်းတိုက်၊ ဝိသုံဂါမ မဟာ သိမ်တော်ကြီးမှာ ပြုလုပ်တဲ့ ကံဆောင်ပွဲကို သံဃာတော် အပါး ၂၅ဝ ကျော် တက်ရောက်ခဲ့ ကြတယ်လို့ ချောင်းဦးမြို့ မဟာဓမ္မာရုံကျောင်းတိုက် ဆရာတော် အရှင် ဓမ္မပီယ က RFA ကိုမိန့်ကြားပါတယ်။

"တက်ရောက်က ၂၅၂ ပါးရှိတယ်ဗျ၊ မတက်ရောက်နိုင်လို့ ဆန္ဒပေးတယ်ပေါ့နော်၊ အဲ့လိုဆန္ဒပေးတာက ၁၄၈ ပါးရှိတယ်ဗျ၊ ကမ္မဝါဖတ်ပြီးတော့ သပိတ်မှောက် ကံဆောင်မိတယ်ပေါ့၊ ထင်လင်းဦးဟောပြောတဲ့ ကောက်နှုတ်ချက်လေးတွေကို ဦးဇင်းက သံဃာတွေကိုဖတ်ပြပေးတယ်ပေါ့၊ video ကိုလဲဖွင့်ပြပေးတယ်ဗျ၊ သံဃာပေါ်ကို စော်ကားထားတဲ့ စကားလုံးတွေကို ဖတ်ပြပေးတယ်၊ ပြီးတော့ မေတ္တာသုတ်ရွတ်တယ်၊ မေတ္တာသုတ်ရွတ်ပြီးတော့ ဆရာတော်ကြီးတွေ ကမ္မဝါဖတ်ပြီးတော့ သပိတ်မှောက်ကြတယ်"


စာရေးဆရာထင်လင်းဦးအနေနဲ့ မိမိတို့ထံလာရောက်ပြီး ဝန်ချတောင်းပန်မယ် ဆိုရင်သပိတ်လှန်ပေးနိုင်ကြောင်းလည်း အရှင်ဓမ္မပီယ ကမိန့်ကြားပါတယ်။ပတ္တနိက္ကုဇ္ဇနကံဆောင်ထားတဲ့ လက်ရှိကာလအတွင်း စာရေးဆရာထင်လင်းဦး ထံကနေတစ်စုံတစ်ခုသော ဒေယျဓမ္မကိုမျှ အလှူခံခြင်း၊ သူနဲ့ဆက်ဆံခြင်းများ မပြုလုပ်ပဲ ရပ်ဆိုင်းထားကြဖို့ မြန်မာနိုင်ငံတစ်ဝှမ်းရှိ သံဃာတော်များကိုလျှောက် ထားပါကြောင်းဖြင့်လည်း ချောင်းဦးမြို့နယ် သံဃာတော်တွေရဲ့ မနေ့ကထုတ်ပြန် ချက်မှာ ဖေါ်ပြထားပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး စာရေးဆရာ ထင်လင်းဦး ကိုRFA က ဆက်သွယ်လို့ မရသေးပါဘူး။အရှင်ဓမ္မပီယ နဲ့ RFA အဖွဲ့သား ဦးခင်မောင်စိုး ဆက်သွယ်မေးမြန်းထားတာကိုနားဆင်ပါ။


အရှင်ဓမ္မပီယနဲ့ မေးမြန်းချက်


ဦးခင်မောင်စိုး။ ။ အရှင်ဘုရား...အရှင်ဘုရားတို့ မနေ့က စစ်ကိုင်းတိုင်း ချောင်းဦးမြို့မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က စာရေးဆရာထင်လင်းဦး က ပတ္တနိက္ကုဇ္ဇနကံဆောင်တော်မူတယ်လို့ တပည့်တော်ကြားရပါတယ်၊ အဲ့ဒါဟုတ်ပါသလား ဘုရား


အရှင်ဓမ္မပီယ။ ။ ဟုတ်ပါတယ်...ဟုတ်ပါတယ်


ဦးခင်မောင်စိုး။ ။ ဘာကြောင့်များ အဲ့ဒီလို သပိတ်မှောက်ကံဆောင်ရတာပါလဲ ဘုရား


အရှင်ဓမ္မပီယ။ ။ ဘာကြောင့်လဲဆိုတော့ သူက သံဃာစော်ကားထားလို့ပေါ့ဗျာ


ဦးခင်မောင်စိုး။ ။ တင်ပါ့ဘုရား အဲ့ဒါက ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၃ ရက်နေ့က စာပေဟောပြောပွဲမှာ စာရေးဆရာ ထင်လင်းဦး ဟောပြောခဲ့တဲ့ စကားတွေကို ရည်ညွှန်းတာပါလား ဘုရား


အရှင်ဓမ္မပီယ။ ။ ဟုတ်တယ်...ဟုတ်တယ်ဗျ.. အားလုံးကိုတော့ မဟုတ်ဘူးပေါ့ဗျာ၊ သံဃာတွေကို စော်ကားပြောထားတဲ့ စကားကိုပဲ ရည်ညွှန်းတာပေါ့ဗျာ


ဦးခင်မောင်စိုး။ ။ အရှင်ဘုရားတို့ မနေ့က ဘယ်လိုသပိတ်မှောက် ကံဆောင်ခဲ့လဲ ဆိုတာ တပည့်တော်ကို နဲနဲလောက်မိန့်ကြားပါလား ဘုရား


အရှင်ဓမ္မပီယ။ ။ ကျင်းပတာက မေဃဝန်ကျောင်းတိုက်၊ ဝိသုံဂါမ မဟာသိမ်တော်ကြီးမှာ ကျနော်တို့ ကျင်းပတာဖြစ်တယ်ဗျ၊ ပထမဦးဆုံး ချောင်းဦးမြို့ရဲ့ မဟာဓမ္မာရုံ စာသင်တိုက်က ဆရာတော်ကြီးကနေပြီးတော့ ပတ္တနိက္ကုဇ္ဇနကံ ပြုရခြင်းရဲ့ အကြောင်းအရာလေးတွေပေါ့နော်၊ ဘာကြောင့် သူ့ကိုပြုထိုက်တယ်ဆိုတဲ့ အကြောင်းအရာလေးတွေကို သြဝါဒလေးနဲ့ပြောတယ်၊ အဲ့ဒီနောက်မှာ တက်ရောက်တဲ့ သံဃာအရေအတွက်၊ နောက်မတက်ရောက်နိုင် လို့ ဆန္ဒပေးတဲ့ သံဃာအရေအတွက်၊ ဒါလေးကို ကြေညာပေးတယ်


ဦးခင်မောင်စိုး။ ။ တင်ပါ့ဘုရား၊ အဲ့သံဃာတော်တွေက ဘယ်လောက်တက်ရောက်ပါလဲ ဘုရား


အရှင်ဓမ္မပီယ။ ။ တက်ရောက်က ၂၅၂ ပါးရှိတယ်ဗျ၊ မတက်ရောက်နိုင်လို့ ဆန္ဒပေးတယ်ပေါ့နော်၊ အဲ့လိုဆန္ဒပေးတာက ၁၄၈ ပါးရှိတယ်ဗျ၊ အဲ့မှာတော့ ဦးဇင်းတို့ က ကမ္မဝါဖတ်ပြီးတော့ သပိတ်မှောက် ကံဆောင်မိတယ်ပေါ့၊ ဦးဇင်းကတော့ ထင်လင်းဦးဟောပြောတဲ့ ကောက်နှုတ်ချက်လေးတွေကို ဦးဇင်းက သံဃာတွေကိုဖတ်ပြပေးတယ်ပေါ့၊ video ကိုလဲဖွင့်ပြပေးတယ်ဗျ၊ သံဃာပေါ်ကို စော်ကားထားတဲ့ စကားလုံးတွေကို ဖတ်ပြပေးတယ်၊ ပြီးတော့ မေတ္တာသုတ် ရွတ်တယ်၊ မေတ္တာသုတ်ရွတ်ပြီးတော့ ဆရာတော်ကြီးတွေ ကမ္မဝါဖတ်ပြီးတော့ သပိတ်မှောက်ကြတယ်၊ အဲ့ဒီနောက်မှာကျတော့ ဆရာတော်တစ်ပါးကနေ ပြီးတော့ ဒီသပိတ်မှောက် ကံဆောင်ပြီးတော့ ရဟန်းတော်တို့လိုက်နာရမယ့် အချက်လေးတွေကို ရှင်းပြတယ်ဗျ၊ ဒီသပိတ်မှောက် ကံဆောင်ပြီးရင် ထင်လင်းဦး နဲ့ဆက်ဆံမှုရပ်ဆိုင်း လိုက်တယ်ဆိုတာကို ပြောတာပေါ့ဗျာ၊


ဦးခင်မောင်စိုး။ ။ ဘယ်လို အခြေအနေမျိုးမှာမှ ပြန်ပြီးတော့ သပိတ်လှန်မှာလဲ ခင်ဗျ၊


အရှင်ဓမ္မပီယ။ ။ သူကနေပြီး ဦးဇင်းတို့ဆီ လာဝန်ချတောင်းပန်တဲ့ အချိန်ပေါ့နော်၊ အဲ့ဒါဆိုရင် ဦးဇင်းတို့က ပြန်ပြီးသပိတ်လှန်ပေးလို့ ရတယ်ပေါ့ဗျာ၊


ဦးခင်မောင်စိုး။ ။ တင်ပါ့ဘုရား၊ အရှင်ဘုရား အခု စာရေးဆရာထင်လင်းဦး ပြောတဲ့ ကိစ္စတွေပေါ့လေ ဘယ်လိုအကြောင်းအရာတွေကြောင့် အရှင်ဘုရားတို့ ကံဆောင်တယ်ဆိုတာလေး တပည့်တော် အရှင်ဘုရားရဲ့ အမြင်လေး အနှစ်ချူပ် သိပါရစေ ဘုရား၊


အရှင်ဓမ္မပီယ။ ။ ဦးဇင်းရဲ့ အမြင်အရပြောရမယ်ဆိုရင်တော့ သူပြောတဲ့ စကားတွေဟာ ဘုရားသင်္ဃန်းဝတ်လာတဲ့ လူတွေကပြောတာတို့၊ မြန်မာပြည်မှာ မိန်းမအမျိုးအစား လူတန်းစား ၅ သိန်းရှိတယ်တို့၊ ဟုတ်တယ်မှတ်လား၊ နင်နဲ့ ငါနဲ့ ထမိန်ရှိတာနဲ့ မရှိတာနဲ့ ကွာတယ် ဟဲ့ကောင်ရဲ့တို့၊ ပြောတဲ့ဟာတွေဟာ သံဃာ ထုတစ်ရပ်လုံးကို ရည်ညွှန်းပြီးပြောလိုက်တဲ့ စကားတွေဗျ၊ မိန်းမအမျိုးအစား လူတန်းစား ၅ သိန်းကျော်ဆိုတာ မြန်မာပြည်မှာ သံဃာတော် ၅ သိန်းကျော် ရှိတယ်ဗျာ၊ ဒါသံဃာထု တစ်ရပ်လုံးကို ရည်ရွယ်ပြီး ပြောလိုက်တဲ့ စကားပဲလေ၊ နောက်ဒီဗုဒ္ဒဘာသာကို အဲ့ဒီသင်္ဃန်းဝတ်တွေ ဖျက်ဆီးနေတယ် လို့ ပြောတဲ့ဟာ ကလဲ အထိရောက်ဆုံးပဲ ဒကာကြီး၊


ဦးခင်မောင်စိုး။ ။ တင်ပါ့ဘုရား


အရှင်ဓမ္မပီယ။ ။ သူပြောသွားတဲ့ စကားလုံးတွေက သာသနာတော်ကြီးတစ်ရပ် လုံးကို ထိခိုက်တဲ့ စကားလုံးတွေပဲဗျ၊ ထင်လင်းဦးကို ဟောပြောပွဲပြီးစ မှာပေါ့နော်၊ ရွာခံဆရာတော်တစ်ပါး ဦးကောဝိ ဆိုတာရှိတယ်၊ အဲ့ဒီ ဦးကောဝိကနေပြီးတော့ သူ့ကို ဆွေးနွေးချင်လို့ ခေါ်တဲ့အခါကျတော့ သူက ဦးကောဝိဆိုတာ သူနဲ့သိတာမရှိဘူး၊ အဲ့တော့ ဆွေးနွေးစရာလဲမလိုဘူးလို့ သူကပြောတယ်ဗျ၊ ဆွေးနွေးခဲ့ရင်လဲ သူ့အတွက်ဒီလောက်ကြီး ဖြစ်ချင်မှဖြစ်လာမှာပေါ့နော်


ဦးခင်မောင်စိုး။ ။ တင်ပါ့ဘုရား


RFA Burmese

https://www.facebook.com/pages/RFA-Burmese/39218993127?fref=nf






from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://feedproxy.google.com/~r/thithtoolwin/yIWV/~3/D8k2WiasURg/blog-post_463.html

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...