Skip to main content

Posts

Showing posts from February 28, 2015

သရက်သီးကို ဘာကြောင့် စားသင့်သလဲ

နွေရာသီ ရောက်ပြီ ဆိုတာနဲ့ ဝင်းပနေတဲ့ သရက်သီး မှည့်တွေကို ပေါများစွာ တွေ့လာရပါပြီ။ သရက်သီးကို စားပေးရင် ကျန်းမာရေး အကျိုး ကျေးဇူးတွေ ရှိတာ မှန်ပေမယ့် ယင်မနားအောင် ဂရု စိုက်ပေးဖို့ လိုအပ်သလို သရက်သီး မစားခင်မှာ ရေနဲ့ စင်ကြယ်အောင် ဆေးကြောပြီး စားပေးဖို့လည်း လိုအပ်ပါတယ်။ လတ်ဆတ်သန့်ရှင်းတဲ့ သရက်သီးကို စားပေးမယ်ဆိုရင် အောက်ပါ စွမ်းပကားတွေ ကို ရရှိစေနိုင်ပါတယ်။ (၁) ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်ပါတယ် လေ့လာမှုအရ သရက်သီးမှာ ပါဝင်တဲ့ အင်တီအောက်ဆီးဒင့်တွေဟာ အူမကြီးကင်ဆာ၊ ရင်သားကင်ဆာ၊ ဆီးကျိတ်ကင်ဆာ စတဲ့ ကင်ဆာရောဂါ တချို့ကို မဖြစ်အောင် ကာကွယ်ပေးနိုင်စွမ်း ရှိ တယ်လို့ သိရပါတယ်။ သရက်သီးမှာ quercetin, isoquercitrin, astragalin, fisetin, gallic acid နဲ့ methylgallat ဆိုတဲ့ ဓာတ်တွေ ပါဝင်လို့ပါ။ (၂) သွေးတွင်း မကောင်းတဲ့ ကိုလက်စထရောကို လျော့ကျစေပါတယ် သရက်သီးမှာ အမျှင်ဓာတ်၊ ပက်တင်နဲ့ ဗီတာမင်စီတို့ များစွာ ပါဝင်တာကြောင့် သွေးတွင်း ကိုလက်စထရော အဆင့်ကို လျော့ကျစေပါတယ်။ (၃) အသားအရေကို ကြည်လင်စေပါတယ် သရက်သီးကို အသားအရေ လှပဖို့ အတွက်ပါ သုံးနိုင်ပါတယ်။ သရက်သီးကို ပါးပါးလှီးပြီး မျက်နှာပေါ်မှာ ညင်ညင်သာသာ ကပ်ပေးရင်ေ

ကြက်သွန်ဖြူ အစိမ်းစားခြင်းက အဆုတ်ကျန်းမာရေးကို အထောက်အကူပြု

တစ်ပတ်လျှင် နှစ်ကြိမ်မျှ ကြက်သွန်ဖြူ အစိမ်းစားပေးခြင်းသည် အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေကို သိသိသာသာ လျော့ကျသွားစေနိုင်ကြောင်း သိရှိရ ကြက်သွန်ဖြူ အစိမ်းစားခြင်းသည် အဆုတ် ကျန်းမာရေးအတွက် အထောက်အကူ ဖြစ်စေနိုင်ကြောင်း သုတေသီများက ပြောကြားလိုက်သည်။ တစ်ပတ်လျှင် နှစ်ကြိမ်မျှ ကြက်သွန်ဖြူ အစိမ်းစားပေးခြင်းသည် အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေကို သိသိသာသာ လျော့ကျသွားစေနိုင်ကြောင်း သိရှိရသည်။ တရုတ်နိုင်ငံတွင် ပြုလုပ်သော ကျန်းမာရေး စစ်တမ်း အစီရင်ခံစားများကို အခြေခံသည့် သုတေသနပြုမှုတွင် အဆိုပါ ရလဒ်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ သုတေသီများသည် လူပေါင်း (၆၀၀၀)နီးပါး၏ နေထိုင်စားသောက်မှု အလေ့အထများနှင့် အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေ ဆက်စပ်မှုများအပေါ် ခြေရာခံ လေ့လာခဲ့ခြင်း ဖြစ်သည်။ ဂျီယန်ဆူး စီရင်စုရှိ ရောဂါထိန်းချုပ် ကာကွယ်ရေး ဌာနမှ ပညာရှင်များသည် ကျန်းမာသန်စွမ်းသူ (၄၅၀၀)နှင့် အဆုတ်ကင်ဆာ ရောဂါ ခံစားနေရသူ (၁၄၂၄)ဦးတို့၏ နေ့စဉ်ဘဝ ဖြတ်သန်းခဲ့မှုများကို နှိုင်းယှဉ်ခဲ့ကြသည်။ ကြက်သွန်ဖြူ အစိမ်းစားခြင်းသည် အဆုတ်ကင်ဆာကို တားဆီးသည့် အဓိက အချက်တစ်ခု ဖြစ်သလို ဆေးလိပ်မသောက်ခြင်းသည်လည်း အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေကို (၃၀)ရာခိုင်နှုန်း ဝန်းကျင်မျှ က

ခေါက်ဆွဲထုပ်ကို အန္တာရာယ်ကင်းအောင် ချက်ပြုတ်စားသောက်နည်း

ခေါက်ဆွဲထုပ်ကို အန္တာရာယ်ကင်းအောင် ချက်ပြုတ်စားသောက်နည်းလူအများစုဟာ ရေးနွေးထဲ အဆင်သင့် ထည့်စားရုံ လွယ်ကူတဲ့ ခေါက်ဆွဲခြောက် ထုပ်တွေကို စားသုံးမှု များကြပါ တယ်။ ဒါတွေက ကြာရှည်လည်း အ ထားခံတဲ့အတွက် နောက်ပိုင်းမှာ တဖြည်း ဖြည်း ပိုမိုတွင်ကျယ်လာပါတယ်။ အဆင်သင့် ခေါက်ဆွဲခြောက်ထုပ်( Instant Noddle) တွေကို ဂျပန်ကုမ္ပဏီ တစ်ခုက စတင်ထုတ်လုပ်ခဲ့တာဖြစ်ပါ တယ်။ အဆင်သင့် ခေါက်ဆွဲခြောက်ထုပ် တွေကို နေ့စဉ် စားနေတာဟာ ကျန်းမာရေးကို အန္တရာယ်ပေးနိုင်ပါတယ်။ အကြောင်းကတော့ အာဟာရတန်ဖိုး နည်းပါးပြီး ဆား(ဆိုဒီယမ်)၊ အဆီ၊ အချို မှုန့်၊ အရသာ စတဲ့ အရာတွေ ပါဝင်မှု များတာကြောင့်ပါ။ ဆား(ဆိုဒီယမ်) ပါဝင်မှု များတာ ကြောင့် အဆင်သင့် ခေါက်ဆွဲခြောက် ထုပ်တွေကို နေ့တိုင်းစားရင် သွေးတိုးရော ဂါ ဖြစ်စေနိုင်ပါတယ်။ အဲဒီကတစ်ဆင့် နှလုံးရောဂါ၊ လေဖြတ်တာနဲ့ ကျောက် ကပ်ထိခိုက်တာတို့ ဖြစ်တတ်ပါတယ်။ အ ရွယ်ရောက်သူနဲ့ လေးနှစ်ကျော်တဲ့ က လေးတွေရဲ့ တစ်နေ့မှာ ဆိုဒီယမ် စားနိုင် တဲ့ ပမာဏက ၁၅၀ဝ မီလီဂရမ်ဖြစ်ပြီး ပျမ်းမျှအားဖြင့် ခေါက်ဆွဲထုပ်တစ်ထုပ် မှာ ပါဝင်တဲ့ ဆိုဒီယမ်က ၂၇၀ဝ မီလီဂ ရမ်ဖြစ်ပါတယ်။ ခေါက်ဆွဲ ခြောက်ထုပ်မှာ ပါဝင်တဲ့ ဆီဟာ ချက်ပြုတ်စားသောက်နည်း မမှန် ရ