Skip to main content

Posts

Showing posts from March 12, 2015

သင့်အမျိုးသားကို ကျွေးသင့်သော အစာ ၁၀ မျိုး

အမျိုးသား အများစုက အစာကို စနစ်တကျ ရွေးချယ်ပြီး စားလေ့ မရှိကြပါဘူး။ ဒါ့အပြင် ကျန်းမာရေးကိုလည်း ဂရုမစိုက်ဘဲ လျစ်လျူရှုထားလေ့ ရှိကြပါတယ်။ ဒီအချက်ဟာ အမျိုးသားတွေရဲ့ သက်ရှည် ကျန်းမာရေးကို အဟန့်အတား ဖြစ်စေတဲ့ အချက်တစ်ခု ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဇနီးမယားတွေကပဲ သင့်အမျိုးသား အတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစာတွေ ပါဝင်အောင် ပြင်ဆင်ပေးသင့်ပါတယ်။ (၁) ဂျုံမှုန့်အကြမ်း အမျိုးသားတွေအတွက် အကောင်းဆုံးနံနက်စာမှာ ဂျုံမှုန့်အကြမ်း ပါဝင်သင့်ပါတယ်။ ဒါမှသာ နှလုံးရောဂါ ဖြစ်နှုန်း လျော့ကျမှု ရှိမှာပါ။ ချက်ပြီးသား ဂျုံမှုန့်အကြမ်း တစ်ခွက်မှာ ပျော်ဝင်တဲ့ အမျှင်ဓာတ် သုံးဂရမ် ပါဝင်တာကြောင့် ကြာကြာ ဗိုက်ပြည့်စေပြီး သွေးတွင်း သကြားဓာတ် တည်ငြိမ်ကာ သွေးတွင်းကို လက်စထရောအဆင့် လျော့ကျမှု ရှိစေပါတယ်။ ဂျုံမှုန့်အကြမ်းမှာ ကိုယ်ခံစွမ်းအား ကောင်းစေတဲ့ သွပ်ဓာတ်၊ စိတ်ဖိစီးမှု တွန်းလှန်ပေးတဲ့ ဗီတာမင်ဘီနဲ့ အင်တီအောက်ဆီးဒင့် အစွမ်းရှိတဲ့ တခြား ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်ပါတယ်။ (၂) ငှက်ပျောသီး ငှက်ပျောသီးမှာ ပိုတက်စီယမ် အများအပြား ပါဝင်တဲ့အတွက် အမျိုးသားတွေရဲ့ သွေးဖိအားကို ထိန်းညှိပေးနိုင်သလို ကြွက်တက်တာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးပါတ

ရင်ပြည့်ရင်ကယ်နှင့် လေရောဂါအတွက် ဆေးနည်း

လေရောဂါအမျိုးမျိုးကြောင့် အစာမကြေ၊ ရင်ပြည့်ရင်ကယ်၊ လေထိုးလေအောင့် ရောဂါများအတွက် ကိုယ်တိုင်လုပ်ဆေးနည်းလေးကို မျှဝေပေးလိုက်တယ်။ ပါဝင်သည့်ပစ္စည်းများ (၁) သိန္ဓောဆား ၁၀ ကျပ်သား (၂) ဆားပုပ် ၁၀ ကျပ်သား (၃) ဇ၀က်သာ ၁၀ ကျပ်သား (၄) ပဲခူးဆား ၁၀ ကျပ်သား (ရိုးရိုးဟင်းခတ်ဆား) (၅) မြန်မာဆားခါး ၁၀ ကျပ်သား ၄င်းဆားငါးမျိုးကို လေလုံအောင် ပုလင်းထဲတွင် ရောစပ်ထည့်ထား၍ လက်ဖက်စားဇွန်းဝက်ခန့်ကို ရှောက်ရည်၊ သံပုရာရည်၊ ဆိုဒါရည် တစ်မျိုးမျိုးနှင့် သင့်ရုံမျှ ရောစပ်၍ မနက်၊ နေ့၊ ည တစ်နေ့ ၃ ကြိမ် သောက်ပါ။ ဆီးပူ၊ ဆီးအောင့်၊ ဆီးထိုးရောဂါအတွက်လည်း ၄င်းဆားငါးပါးဆေးကို မြင်းခွါရွက်သတ္ထုရည်နှင့် ရောစပ်၍ သောက်ပေးပါက ဆီးရောဂါအမျိုးမျိုးကို သက်သာပျောက်ကင်းစေပါသည်။ ၄င်းဆားများကို မိမိတို့အနားမှာရှိသည့် ပရဆေးဆိုင်များတွင် အလွယ်တကူ ၀ယ်ယူရရှိနိုင်ကြပါသည်။ ရောဂါများကင်းစင်၍ ကျန်းမာပျော်ရွှင်နိုင်ကြပါစေ။ စောနွဲ့ နေဆိုင်(ပူတာအို) ကိုးကား ။ ။ တိုင်းရင်းမြန်မာဆေးနည်းကျော်များစာအုပ် ကျန်းမာရေးသတင်းများ from သစ်ထူးလွင် (ကျန်းမာရေး) - Thit Htoo Lwin http://ift.tt/1wC1eF8

မျက်စိအားကောင်းစေမည့် အစားအစာများ

ဇက်ကြောခဏခဏတက်သူများ၊ မျက်စိညောင်းပြီး ခေါင်းကိုက်သူများဟာ ဗီတာမင်အေ၊ ဗီတာမင်အီးတို့လို ဓါတ်ချို့ယွင်းအားနည်းနေသည့်အတွက် မကြာခဏ ထိုကဲ့သို့ ဖြစ်ရပါတယ်။ ဒါ့ကြောင့် ဗီတာမင်အေ၊ ဗီတာမင်ဘီ၊ ဗီတာမင်အီးတို့ ပြည့်ဝစွာပါဝင်ထားတဲ့ အစိမ်းရောင်နဲ့အ၀ါရောင်များပါဝင်တဲ့ အောက်ပါသစ်သီးများနဲ့ အစားအစာများကို များများစာပေးသင့်ပါတယ်။ (၁) ပန်းဂေါ်ဖီအမျိုးမျိုး (၂) မုန်လာဥနီ (၃) ဟင်းနုနယ်ရွက် (၄) ငရုတ်ပွသီး (၅) စပျစ်သီး (၆) ထောပတ်သီး (၇) စတော်ဘယ်ရီသီး (၈) ကန်ဇွန်းဥ (၉) အဆီနည်းသော ငါးအမျိုးမျိုး (၁၀) ပဲဆန်၊ ပဲစိအမျိုးမျိုး တို့ဖြစ်ပါတယ်။ ဒီအစားအစာ(၁၀)မျိုးကို တစ်မျိုးပြီးတစ်မျိုး မကြာခဏ စားသုံးပေးပါ။ မျက်စိအာရုံကြောအားကောင်းလာပြီး မျက်စိမှုန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ဇက်ညောတက်ခြင်းများ ကင်းဝေးသွားပါလိမ့်မည်။ စောနွဲ့ နေဆိုင်(ပူတာအို) ကိုးကား ။ ။ 10 Super foods For Eyes ကျန်းမာရေးသတင်းများ from သစ်ထူးလွင် (ကျန်းမာရေး) - Thit Htoo Lwin http://ift.tt/1MwpL0c