Skip to main content

Posts

Showing posts from January 6, 2015

နှုတ်ခမ်းတွေခြောက်သွေ့နေပြီဆိုရင် ......

အရေပြားထိန်းသိမ်းမှုကို ပြုလုပ်ဖို့ မေ့တတ်သူတိုင်း နှုတ်ခမ်းသား ခြောက်သွေ့မှုကို ကြုံရတတ်ပါတယ်။ နှုတ်ခမ်းသားခြောက်သွေ့မှုဟာ ရာသီဥတုအကူးအပြောင်း ဆောင်းတွင်းလေနဲ့ ဆောင်းအကုန် နွေအကူးမှာ အဖြစ်များတတ်ပါတယ်။ ခြောက်သွေ့နေတဲ့ နှုတ်ခမ်းတစ်စုံကြောင့် တင်းကျပ်ကျပ်ခံစားမှုနဲ့ နေမထိ၊ ထိုင်မသာ ခံစားရတတ်သလို နှုတ်ခမ်းအရေပြား ကွာတာ၊ ကွဲအပ်တာ၊ သွေးထွက်တာနဲ့ ဖြူဖပ်ဖြူရော်ဖြစ်တာတွေကို ခံစားကြရတတ်ပါတယ်။ ဒါကို ဂရုမပြုဘဲထားလိုက်မယ်ဆိုရင် နှုတ်ခမ်းမှာ အရေးကြောင်းတွေ ဖြစ်ပေါ်လာတတ်ပါတယ်။ ကျန်းမာပြီးလှပတဲ့နှုတ်ခမ်းတစ်စုံဟာ ပန်းသွေးရောင်သန်းပြီး ပြည့်ဖောင်းနေကာ အရေးကြောင်း ကင်းစင်ပါတယ်။ ဒါကြောင့် နှုတ်ခမ်းလှလှလေးဖြစ်စေဖို့ နှုတ်ခမ်းသားခြောက်သွေ့မှုကို ကာကွယ်ဖို့ လိုအပ်ပါတယ်။ အမှန်တကယ် အကျိုးသက်ရောက်စေတဲ့ နည်းလမ်းတွေရှိပါတယ်။ ၁။ နှုတ်ခမ်းနီအရောင်တစ်မျိုး မဆိုးခင် နှုတ်ခမ်းနီအဆီတစ်မျိုးဖြစ်တဲ့ Lip Balm တစ်မျိုးကို နှုတ်ခမ်းအတွက် အခြေခံတစ်ခုအနေနဲ့ ဆိုးပေးသင့်ပါတယ်။ Lip Balm ကို သဘာဝအရင်းအမြစ်ကို အခြေခံတဲ့ ဗီတာမင်အီးပါဝင်တာမျိုးကို ရွေးချယ်ပေးရပါမယ်။ လိုအပ်ရင် ဆောင်းတွင်းဖြစ်ပါစေ၊ နေရောင်ခြည်ထဲက UV ကို ကာကွယ်နိုင်တဲ့ SPF ပါဝင်တာ

ရေမှာပျော်ဝင်တဲ့ သက်စောင့်ဓာတ်များ

ဗီတာမင်ဘီဝမ်းဓာတ် ခန္ဓာကိုယ် ဇီဝကမ္မ ဖြစ်စဉ်များအတွက် လိုအပ်တဲ့ဓာတ်ဖြစ်တယ်။ ထို့ပြင် အစာကြေဖို့နဲ့ နှလုံးသားအကြောများ သန်မာကောင်းမွန်စေဖို့ အားပေးတယ်။ ဘီဝမ်းချို့ယွင်းရင် ဆုံနာစို၊ ဆုံနာခြောက်ဖြစ်ခြင်း၊ အကြောများ အင်အားလျော့၍ ခြေ၊လက် မသယ်ချင်ဖြစ်ခြင်း၊ နှလုံးတုန်မောပန်းခြင်း၊ အစာမကြေခြင်း၊ ဖောရောင်ခြင်း၊ ကလေးများ တက်ခြင်းတို့ဖြစ်ပြီး အတက်ကြမ်းပါက ရုတ်တရက် သေဆုံးတတ်သည်။ ဘီဝမ်းဓာတ်ဟာ ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်နဲ့ ကလေးသူငယ်များအတွက် လိုအပ်တဲ့ ဓာတ်ဖြစ်တယ်။ ဗီတာမင်ဘီဝမ်း ကြွယ်ဝတဲ့ အစာတွေက မောင်းထောင်း ဆန်၊ ပြုတ်ဆန်၊ ဆန်လုံးညို၊ပဲ၊ အသား၊ အသည်းနဲ့ ဥတို့ဖြစ်တယ်။ ဗီတာမင်ဘီတူး ယင်းဓာတ်ဟာ ခန္ဓာကိုယ်အတွင်း အင်ဇိုင်းများ ပါဝင်တယ်။ အင်ဇိုင်းများဟာ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မ ဖြစ်စဉ်အတွက် အဓိကလိုအပ်သော ဗီတာမင်ဘီတူးဟာ အရေးကြီးလိုအပ်တယ်။ ကျီးကန်း ပါးစပ်နာဖြစ်ခြင်း၊ နှာခေါင်းအရေပြား လန်ခြင်း၊ နှုတ်ခမ်းကွဲခြင်း၊ သွေးကြောရောင်ခြင်း၊ မျက်သားနီခြင်း၊ မျက်နှာမှာ တင်းတိပ်များ ပေါ်ခြင်းတို့ ဖြစ်တတ် တယ်။ ဘီတူးကြွယ်ဝတဲ့ အစားအစာတွေက နို့၊ ကြက်ဥ၊ အသား၊ အသည်း၊ ပဲပင်ပေါက်၊ ပဲအမျိုးမျိုး၊ ငှက်ပျောသီး၊ သင်္ဘောသီး၊ ရွှေဖရုံသီး တု

အမျိုးသမီး ရောဂါများ ကာကွယ်နိုင်ရန် Kegel လေ့ကျင့်ခန်း

Kegel လေ့ကျင့်ခန်း ပြုလုပ်ပါက မိန်းမကိုယ် လမ်းကြောင်းတစ်လျှောက်တွင် ဖြစ်တတ်သော ရောဂါများကို ကာကွယ်နိုင်သဖြင့် အရွယ်ရောက်ပြီး မိန်းကလေးတိုင်း လုပ်သင့်သော လေ့ကျင့်ခန်းတစ်မျိုး ဖြစ်ကြောင်း မြောက်ဥက္ကလာပ ဆေးရုံမှ မီးယပ်နှင့်သားဖွား အထူးကု ဆရာဝန်ကြီး ဒေါက်တာ ဖြူသွယ်စင်က ပြောကြား ခဲ့သည်။ ''ဒီလေ့ကျင့်ခန်းက သားအိမ်၊ စအိုဝ၊ အူအတွင်းပိုင်းနဲ့ မိန်းမကိုယ် လမ်းကြောင်းက ကြွက်သားတွေ ကိုသန်မာစေပြီး အူမကြီးကင်ဆာနဲ့ သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ခြေ လျော့ကျနိုင်တယ်'' ဟု ၎င်းက ပြောကြား ခဲ့သည်။ Kegel လေ့ကျင့်ခန်းသည် တင်ပါးဆုံ အတွင်းပိုင်းမှ ကြွက်သားများကို လုပ်ဆောင်ချက် ကောင်းမွန်စေပြီး ကိုယ်ဝန်ဆောင်သည်များ လေ့ကျင့်ခန်း ပြုလုပ်ပါက ကြွက်သား တင်းမာမှုများ လျော့ကျ စေကြောင်း၊ ကိုယ်ဝန်ဆောင် မိခင်များ ကလေး မွေးဖွားချိန်တွင် ပိုမို လွယ်ကူစေသဖြင့် သားဖွားဆရာမများ လေ့ကျင့်ခိုင်းလေ့ ရှိသော လေ့ကျင့်ခန်း ဖြစ်ကြောင်း သိရသည်။ အဆိုပါ လေ့ကျင့်ခန်း ပြုလုပ်မည် ဆိုပါက ဆီးသွားချိန်တွင် ဆီးကို ရုတ်တရက် ရပ်တန့်သကဲ့သို့ တင်ပါး ကြွက်သားများကို မလှုပ်ရှားစေပဲ မိန်းမကိုယ်မှ ကြွက်သားများကို စက္ကန့်ငါးဆယ်ခန့် ကျုံလိုက်၊ ဆန

ကိုယ်အလေးချိန် ကျဆင်းနိုင်သော အစားအစာများ ...(ဝိန်ချခြင်းသော သူများအတွက် )

နောက်ဆုံးလေ့လာမှုတွေအရ တချို့အစားအစာတွေဟာ ဆာလောင်မှုကို ပျောက်ကင်းစေပြီး ဇီဝရုပ်ဖြစ်ပျက်မှု မြန်ဆန်ကာ အဆီတွေမြန်မြန် လောင်ကျွမ်းစေနိုင်တယ်လို့ သိရပါတယ်။ အောက်ပါအစားအစာတွေကို ကြည့်ပြီး သင့်ခန္ဓာကိုယ်အလေးချိန် ၁၀ ပေါင်၊ ပေါင် ၂၀၊ ပေါင် ၃၀ ဒါမှမဟုတ် ဒီပေါင်ချိန်တွေထက် ပိုလျော့အောင် ပြုလုပ်ပါ။ ၁။ အစာစားချင်စိတ် လွန်ကဲမှုပျောက်ကင်းအောင် ငရုတ်သီးစားပါ လေ့လာမှုတစ်ခုအရ ဇွန်းတစ်ဝက်စာ ငရုတ်သီးမှုန့်ပါဝင်တဲ့ စွပ်ပြုတ်ရည်သောက်သူတွေဟာ အချိုစာ၊ အဆီစာနဲ့ အငန်စားချင်စိတ် လွန်ကဲမှု ထက်ဝက်ခန့် လျော့သွားတာကို အံ့သြဖွယ်ရာ တွေ့ရှိခဲ့ပါတယ်။ ဒါ့အပြင် လေးနာရီအတွင်း ၁၀ ကယ်လိုရီ ပိုမိုလောင်ကျွမ်းနိုင်တာမို့ တစ်ပတ်အတွင်း နှစ်ပေါင်လျော့ကျသွားနိုင်ပါတယ်။ အဆီလောင်ကျွမ်းမှု လျှို့ဝှက်ချက် ငရုတ်သီးမှာပါတဲ့ Capsaican တွေဟာ (ပူတဲ့ အရသာပေးတဲ့ ဒြပ်ပေါင်းပါ) ဦးနှောက်နဲ့ လည်ပင်းကို ပေးပို့တဲ့ အာရုံကြော (Trigeminal Nerve) ကို လှုံဆော်ပေးမှုကြောင့် ခံတွင်းလိုက်အား ပြောင်းလဲကာ ဇီဝရုပ်ဖြစ်ပျက်နှုန်း တိုးတက်လာတာကြောင့်လို့ သုတေသီတွေက ဆိုပါတယ်။ ရှလကာရည် အသုံးပြုနိုင်ပါတယ်။ လေ့လာမှုပြုလုပ်ရာမှာ ပါဝင်သူတွေဟာ ရှလကာရည် နှစ်ဇွန်းမှ သုံးဇွန်း ပါ

အရက်သောက်သူများအတွက် .....

သင်ဟာ တခါတရံမှာ အများကြီး သောက်မိတယ်ဆိုရင် ပျား၇ည်ကို သုံးစွဲကြည့်ပါ ။ ပျားရည်ဟာ အစာအိမ်ကို သိမ်မွေ့စေပြီး fructose ပါဝင်တဲ့အတွက် အသည်းကနေ အရက်ကို oxidation ဖြစ်စေတဲ့အရှိန်ကို မြင့်တက်စေပါတယ် ။ ဒါကို sobering agent လို့လည်းခေါ်ပါတယ် ။ လိမ္မော်ရည် 80ml မှာ ပျားရည် 15ml နှင့် ဒိန်ချဉ် 70ml ရောစပ် မွှေနှောက်ကာ အရက်နာကျခြင်းကို ဖြေပေးနိုင်ပါတယ် ။ -ချောင်းဆိုး အာသီးရောင်ခြင်း အာသီးရောင်ချောင်းဆိုးခြင်းကိုလည်း ပျားရည်က နိုင်စေပါတယ် ။ Professional singer တွေဟာ sore throats ကိုကာ ကွယ်ပေးနိုင်ဖို့အတွက် သီချင်းမဆိုခင်မှာ ပျား၇ည်ကို သောက်သုံးလေ့ရှိကြပါတယ် ။ တ ရုတ်တွေ ကတော့ အပူများရင်အာသီးရောင်တယ်လို့ ယုံကြည်ကြပြီး ပျားရည်ကို သောက်သုံးကြပါတယ် ။ ပျားရည်နှစ် ဇွန်းခန့်နဲ့ lemon လေးဇွန်း ကိုရောစပ် ဆားအနည်းငယ်ထည့်ပြီး အာသီးရောင်နေ စဉ်အ တွင်း သောက် သုံးကြည့်ပါ ။ - အိပ်မပျော်ခြင်း သင်အိပ်မပျော်ဘူးလား ။ နို့နဲ့ပျားရည်ကို သောက်သုံးကြည့်ပါ ။ နို့ပူပူလေး တစ်ခွက်ကို ပျားရည်တစ် ဇွန်းခန့်ရော စပ်ပြီး အအေးခံသောက်သုံးပါက နှစ်ခြိုက်စွာ အိပ်ပျော်စေပါတယ် ။ Mg Mandalay http://ift.tt/1nbNydq from သစ်ထူးလွင် (ကျန်းမာရေး

အရက် သောက် သုံး ခြင်း ကြောင့် ဖြစ်တတ်သော နောက် ဆက် တွဲ ကျန်း မာ ရေး ပြဿနာ များ ကာ ကွယ်ရေး နှိုးဆော်ချက်

နေပြည်တော် ၊ ဇန်နဝါရီ ၆ နှစ်စဉ် ကမ္ဘာ့လူဦးရေ သန်း ၂ဝဝဝ ကျော်သည် အရက်ကို စွဲစွဲမြဲမြဲ သောက်သုံးနေကြပြီး သန်း ၈ဝ နီးပါးသည် အရက်ကြောင့်ဖြစ်သော နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာများ ခံစားနေရကြောင်း၊ လူငယ် အမျိုးသား၊ အမျိုးသမီး များသည်ပင် အရက်ဆိုင် ထိုင်ကာ အရက်သောက်သုံး မှုများကို တွေ့ရှိရကြောင်း၊ အရက် သောက်သုံးမှုကြောင့် နောက်ဆက်တွဲ ဖြစ်ပွားသော ရောဂါများအပြင် မတော်တဆ ထိခိုက်မှုများ ဖြစ် ပွားခြင်းကြောင့် သေဆုံးမှု ပိုမိုများပြားခြင်း၊ လူမှုရေး ပြဿနာများ၊ ရာဇဝတ်မှုများ ပိုမို များပြားလာကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့စစ်တမ်းများ အရ တွေ့ရှိရသည်။ အရက် သောက်သုံးခြင်းကြောင့် နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာဖြစ်သော အသည်းရောင်ခြင်း၊အသည်းခြောက်ခြင်း၊ အသည်း ကင်ဆာ ဖြစ်ခြင်း၊ သွေးအန်ခြင်း၊ အစာအိမ် ရောဂါဖြစ်ခြင်း၊ နှလုံးရောဂါ ဖြစ်ခြင်း၊ ဦးနှောက်နှင့် အာရုံကြော ရောဂါဖြစ်ခြင်း၊ ပန်းသေပန်းညှိုး ဖြစ်ခြင်း၊ သားသမီး မရခြင်း၊ စိတ်ရောဂါများ ဖြစ်ပေါ်နိုင်သည်။ ထို့အပြင် အရက်ကြောင့်ဖြစ်သော နောက်ဆက်တွဲ စိတ်ကျန်းမာရေး ဆိုင်ရာ ပြဿနာဖြစ်သော အရက်မူးခြင်းကြောင့် ရာဇဝတ်မှုများကို ဆင်ခြင်မှု ကင်းမဲ့စွာ ပြုမူခြင်း၊ စိတ်ဖောက်ပြန်ခြင်း၊ စိတ်ကြ