Skip to main content

Posts

Showing posts from November 15, 2014

ပညာရေး ဥပဒေ ကန့်ကွက်မှုတွေကို ထောက်ခံကြောင်း NNER ပြော

အမျိုးသား ပညာရေး ဥပဒေကို ကန့်ကွက်ကြောင်း ကျောင်းသား အစည်းအဝေးရဲ့ ဆုံးဖြတ်ချက်ကို စနေနေ့မှာ ကျင်းပခဲ့တဲ့ NNER မြန်မာနိုင်ငံ ပညာရေး စနစ် ပြုပြင် ပြောင်းလဲရေး နိုင်ငံလုံး ဆိုင်ရာ ကွန်ရက် အစည်းအဝေးမှာ သဘောတူခဲ့ကြပါတယ်။ အမျိုးသား ပညာရေး ဥပဒေမှာ ပါတဲ့ အချက်တွေထဲမှာ ဒီမိုကရေစီ မကျတာ၊ လူ့အခွင့် အရေးနဲ့ လူ့ဂုဏ်သိက္ခာကို ထိခိုက်တာ၊ ပညာရေး လွတ်လပ်ခွင့်ကို ထိခိုက်တာတွေ ဖြစ်နေတာကြောင့် ကျောင်းသားတွေ ကန့်ကွက် ဆန္ဒပြရတာ ဖြစ်တယ်လို့ NNER တာဝန်ခံ ဒေါက်တာ သိန်းလွင်က ပြောပါတယ်။ အမေရိကန် သမ္မတ အိုဘားမားနဲ့ အရပ်ဖက် လူမှု အဖွဲ့အစည်း ကိုယ်စားလှယ်တွေ တွေ့ဆုံခဲ့တုန်းက ပညာရေး ဥပဒေ အပါအဝင် တခြား ဥပဒေတွေကို ပြည်သူတွေ မပါပဲ အစိုးရက တဘက်သတ် ချုပ်ကိုင်ပြီး ရေးဆွဲခဲ့တယ် ဆိုတာကို တင်ပြနိုင်ခဲ့ကြောင်းနဲ့ သမ္မတ အိုဘားမားကလည်း လူထု ပါဝင်တဲ့ ပြုပြင် ပြောင်းလဲမှုတွေ ဖြစ်လာအောင် မြန်မာ အစိုးရကို တိုက်တွန်း ပြောသွားမယ်လို့ ပြန်ပြောခဲ့ကြောင်း ဒေါက်တာ သိန်းလွင်က ပြောပါတယ်။ NNER ရဲ့ အစည်းအဝေးမှာ လာမယ့် ဒီဇင်ဘာလမှာ ပညာရေး ဆွေးနွေးပွဲ တခု ကျင်းပနိုင်ရေးနဲ့ အဲဒီ ဆွေးနွေးပွဲ ကျရင် ပညာရေး ပြုပြင် ပြောင်းလဲမှုမှာ ဆရာတွေက ဘယ် အခန်းကဏ္ဍဍက ပါဝင်

တာချီလိတ် လေဆိပ်ရှိ လေယာဉ်အချက်ပြ မီးကြိုးများ ခိုးယူခံရ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ် မြန်မာ့ လေကြောင်း ဦးစီးဌာနမှ အငယ်တန်း စာရေး ဦးသောင်းစိုး က ယမန်နေ့ နံနက် ၁၁နာရီခန့်တွင် တာချီလိတ်မြို့မ ရဲစခန်းသို့ စာဖြင့် ရေးသား တိုင်ကြား ချက်အရ တာချီလိတ်လေ ဆိပ် လေယာဉ်ပြေးလမ်း မြောက်ဘက်ရှိ လေယာဉ်အချက်ပြ Approach Light မီးကြိုးပေ ၆ဝဝခန့် တန်ဖိုးငွေကျပ် ၂၃၇၂ဝ၄ ခန့်ကို နိုဝင်ဘာ ၅ရက် ညနေ ၅နာရီခန့်က တစ်ကြိမ်၊ မီးကြိုး ပေ ၂ဝဝ ခန့်နှင့် ၁၁ လုံး တန်ဖိုး ငွေကျပ် ၁၂၉၈ဝ၆၈ခန့်ကို နိုဝင်ဘာ ၁ဝ ရက် ညနေ ၄ နာရီခွဲက တစ်ကြိမ် ခိုးယူခံခဲ့ရ သဖြင့် စုစုပေါင်းတန်ဖိုး ငွေကျပ် ၁၅၃၅၂၇၂ခန့် ဆုံးရှုံးကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ တာချီလိတ်မြို့မရဲစခန်းက (ပ)၂၃၂/၂ဝ၁၄၊ ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ ၆(၁)ဖြင့် အမှုဖွင့်လှစ်၍ ခိုးယူသူ ကို စုံစမ်း ဖော်ထုတ်လျက် ရှိကြောင်း သိရသည်။ မြ၀တီ http://ift.tt/1BsNVpH from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1BzTvZS

ဆော်ဒီအာရေဗျ နိုင်ငံအတွင်း အကြမ်းဖက်တိုက်ခိုက်ရန် ISIS စစ်သွေးကြွ အဖွဲ့ခေါင်းဆောင် က တိုက်တွန်း

ဘေရွတ် ၊ ၁၆-၁၁-၂၀၁၄ ISIS စစ်သွေးကြွ အဖွဲ့ခေါင်းဆောင် အဘူဘာကာ အယ်လ်ဘတ်ဒါဒီ သည် ဆော်ဒီအာရေဗျ နိုင်ငံအတွင်း အကြမ်းဖက် တိုက်ခိုက်မှု များကို လုပ်ဆောင်ရန် ၄င်းကို ထောက်ခံသူ အကြမ်းဖက် သမားများအား နိုဝင်ဘာ ၁၃ ရက်က တိုက်တွန်း လိုက်ကြောင်း သိရသည်။ ISIS စစ်သွေးကြွ အဖွဲ့သည် ၄င်းတို့၏ နိုင်ငံကို ဆော်ဒီအာရေဗျ မှတစ်ဆင့် ခြေကုပ်ယူ၍ အခြား အာရပ်နိုင်ငံ များသို့ ချဲ့ထွင် နိုင်ရေးအတွက် ကြိုးပမ်းလျက် ရှိသည်ဟု ISIS ခေါင်းဆောင် ဘတ်ဒါဒီ က ပြောကြား ထားသည်။ ထို့ပြင် ဆီးရီးယား နှင့် အီရတ်နိုင်ငံများ အတွင်းရှိ ၄င်းတို့၏ အဖွဲ့များအပေါ် လေကြောင်းမှ တိုက်ခိုက်လျက် ရှိသည့် အမေရိကန် အစိုးရ က ဦးဆောင်သည့် ညွန့်ပေါင်း အဖွဲ့၏ ကြိုးပမ်းချက်မှာ ရှုံးနိမ့်လျက် ရှိပြီး ၄င်းတို့ကို မောင်းထုတ်ရန် ဂျီဟတ်ဒ် စစ်သွေးကြွ များကို တောင်းဆိုခဲ့သည်။ အမေရိကန် ဦးဆောင်သည့် ညွန့်ပေါင်း တပ်များ၏ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိ သို့မဟုတ် သေဆုံး ခဲ့သည်ဟု သတင်း ထွက်ပေါ် ခဲ့သည့် ဘတ်ဒါဒီ သည် အဆိုပါ သတင်းများ ထွက်ပေါ်ပြီး ချိန်မှစ၍ ပထမဆုံး အကြိမ်အဖြစ် အသံဖမ်းစက် ဖြင့် ပြောကြား ခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် အသံဖမ်းစက်မှ ထွက်ပေါ် လာသည့် အသံသည် ISI

အခွံမာသီးကို စားသုံးပါက အသည်းရောဂါကို လျှော့ချနိုင်

အစိမ်းရောင် ဟင်းရွက်၊ နေကြာဆီ၊ အခွံမာသီးနဲ့ ဟင်းနုနယ်ရွက် တွေဟာ အသည်း ရောဂါရဲ့ လက္ခဏာ တွေကို လျှော့ချနိုင်တယ်လို့ လေ့လာမှု အသစ်အရ တွေ့ရှိ ထားပါတယ်။ ဗီတာမင် E မြင့်မားစွာ ပါဝင်တဲ့ အစားအစာ တွေကို စားသုံး တာကြောင့် အဝလွန်တဲ့ အတွက် ဖြစ်နိုင်တဲ့ အသည်းရောဂါ ဆိုင်ရာ လက္ခဏာ တွေကို လျှော့ချ နိုင်တယ်လို့ သိပ္ပံပညာရှင် တွေက ယုံကြည် ကြပါတယ်။ အဝလွန်တာကြောင့် အသည်း အဆီဖုံး ရောဂါ ဖြစ်ပေါ်တတ်ပါ တယ်။ အသည်းမှာ အဆီတွေစုကာ အတာကြောင့် မဟုတ်တဲ့ အသည်း အဆီဖုံး ရောဂါဖြစ်ပြီး ဆိုးရွားတဲ့ ရောဂါဖြစ်ကာ Cirrhosis ခေါ်တဲ့ အသည်းမှာ အမာရွတ် ဖြစ်ပေါ် ပါတယ်။ အဲဒီ ရောဂါကြောင့် အသည်း အလုပ် မလုပ်နိုင်တာနဲ့ အသည်း ကင်ဆာ ဖြစ်တတ် ပါတယ်။ လေ့လာမှု တွေအရ ဗီတာမင် E ဟာ အဝလွန် တာကြောင့် ဖြစ်တဲ့ အသည်း အဆီဖုံး ရောဂါ ဝေဒနာတွေကို သက်သာ စေနိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဗီတာမင် E မှာ ဓာတ်တိုး ဆန့်ကျင်တဲ့ ဂုဏ်သတ္တိ ရှိတာကြောင့် နှလုံးရောဂါ၊ ကင်ဆာနဲ့ အယ်လ်ဇိုင်းမား ရောဂါအပါ အဝင် ရောဂါမျိုးစုံကို ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။ အသက်ကြီး သူတစ် ယောက်အတွက် ဗီတာမင် E နေ့စဉ် လိုအပ်ချက် ပမာဏဟာ လေးမီလီဂရမ် ဖြစ်ပါတယ်။ ပဲပိစပ်၊ ပြောင်းဖူးနဲ့ သံလွင်ဆီမှာ ဗီတာမ

မကွေးမြို့နယ် ကန်ပြားကျေးရွာ အောင်ရတနာဓာတ်ဆီဆိုင် မီးလောင်မှုဖြစ်ပွား

မကွေး နိုဝင်ဘာ ၁၅ မကွေးမြို့နယ် ကန်ပြားကျေးရွာ အုပ်စု ကန်ပြားကျေးရွာရှိ အောင် ရတနာဓာတ်ဆီဆိုင်တွင် ယမန်နေ့ မွန်းလွဲ ၁၂ နာရီ မိနစ် ၄ဝ က ပီပါ များအတွင်းသို့ ဆီလှယ်ထည့်စဉ် မီးလောင်မှုဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ ဂါလန် ၂၈ဝဝ ဆံ့ ဆီဘောက်ဆာအတွင်းမှ ပီပါများ အတွင်းသို့ ဆီလှယ်ထည့်စဉ် တည် ငြိမ်လျှပ်စစ်ဖြစ်ပေါ်ကာ မီးလောင်မှု ဖြစ်ပွားခြင်းဖြစ်သည်။ မီးလောင်မှုဖြစ်ပွားရာ နေရာသို့ မကွေးတိုင်းဒေသကြီး မီးသတ် ဦးစီးဌာနမှူး ဦးစီးသည့် တပ်ဖွဲ့ဝင် ၄၁ ဦးနှင့် မီးသတ်ယာဉ် ရှစ်စီး၊ မင်းဘူးမြို့နယ်မှ မီးသတ်ယာဉ် နှစ်စီး၊ ရေနံချောင်း၊ နတ်မောက်မြို့သစ်၊ တောင်တွင်းကြီးမြို့နယ်များမှ မီးသတ် ယာဉ် ခုနစ်စီး၊ တပ်မတော်(လေ)မှ ရေသယ်ယာဉ်တစ်စီး၊ ဆည်မြောင်း ဦးစီးဌာနမှတစ်စီး၊ စည်ပင်သာယာရေး အဖွဲ့မှ တစ်စီး စုစုပေါင်း ၂၃ စီးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ သွားရောက် မီးငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၂ နာရီ မိနစ် ၄ဝ တွင် မီးလုံးဝငြိမ်းသွားကြောင်း သိရသည်။ မီးလောင်မှုဖြစ်စဉ်တွင် အောင်ရတနာ ဓာတ်ဆီဆိုင်၏ သွပ်မိုး၊ အုတ်ကာ၊ အုတ်ခင်းဆိုင်ခန်း လေးခန်း၊ စက်သုံးဆီပီပါ အလုံး ၁၃ဝ မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။ ခင်မာလာ(မကွေး) The Mirror Daily http://ift.tt/1n2

ချောင်းသာကမ်းခြေတွင် ရေနစ်သေဆုံး

ပုသိမ် နိုဝင်ဘာ ၁၅ ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့နယ် ချောင်းသာကမ်းခြေ အမှတ်(၁) ရက်ကွက် အုန်းတော အတွင်းရှိ တည်းခိုခန်းတွင် ရောက်ရှိ တည်းခိုလျက်ရှိသော မောင်---(၂ဝ)နှစ် ရန်ကုန်မြို့ သင်္ဃန်းကျွန်း မြို့နယ်နေသူသည် နိုဝင်ဘာ ၁၂ ရက်က အစ်ကို၊ အစ်မဖြစ်သူ တို့နှင့်အတူ အုန်းတော ကမ်းခြေတွင် ရေဆင်းကူး ရာမှ ပင်လယ် ရေဆွဲအားကြောင့် ရေနက်ပိုင်းသို့ ရောက်ရှိပြီး နစ်မြုပ်သွား ခဲ့ကြောင်း သိရသည်။ ရေနစ်သူ ပြန်လည်တွေ့ရှိနိုင်ရေးအတွက် ချောင်းသာနယ်မြေရဲစခန်းမှ ရေပြင်အသက်ကယ်အဖွဲ့နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကမ်းခြေတစ်လျှောက် လိုက်လံရှာဖွေလျက်ရှိရာ နိုဝင်ဘာ ၁၃ ရက် နံနက်တွင် အလောင်းအား ကမ်းခြေသောင်ပြင်၌ ပြန်လည်တွေ့ရှိသဖြင့် ချောင်းသာနယ်မြေရဲစခန်းက သေမှု သေခင်းဖြင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။ မောင်မောင်မြင့်(IPRD) The Mirror Daily http://ift.tt/1n2DVIZ from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1vcK7Zw

ကားမှောက် ရေနစ် (၂)ဦး သေဆုံး

လမ်းအကွေ့တွင် အရှိန်မထိန်းနိုင်သောယာဉ် ဆည်ရေမြောင်းအတွင်းသို့ထိုးကျတိမ်းမှောက်၍ (၂)ဦးရေနစ်သေဆုံး နေပြည်တော်၊ နိုဝင်ဘာ ၁၅ ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက် ၆ နာရီခွဲအချိန် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းကျေးရွာတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ တောင်ခင်ရန်း ရဲကင်းရဲစခန်းမှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ ကလေးမြို့မှ ဂန့်ဂေါမြို့သို့ ကလေးမြို့၊ တာဟန်းရပ်ကွက်နေ ခင်မောင်သန်း(၅၅)နှစ်မောင်းနှင်ပြီး ဇနီးဖြစ်သူ မ၀င်းဝင်း(၅၃)နှစ်နှင့် သားဖြစ်သူ မောင်သော်ဇင်စိုး(၂၀)နှစ်တို့ လိုက်ပါလာသော 9C /xxxx ပါဂျဲရိုးခဲရောင်ယာဉ်သည် ကလေး-ဂန့်ဂေါကားလမ်း၊ မိုင်တိုင်အမှတ်(၃၅/၅-၄)ကြား၊ မြောက်ခင်ရန်း ကျေးရွာ၊ ရွာအ၀င်ဆိုင်းဘုတ်အနီး လမ်းအကွေ့တွင် အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက် အကျယ်(၂၅)ပေ၊ အနက်(၆)ပေခန့်ရှိ ဆည်ရေမြောင်းအတွင်းသို့ ထိုးကျတိမ်းမှောက်ခဲ့ကြောင်း သိရှိရသည်။ ယာဉ် တိမ်းမှောက်မှုကြောင့် ခင်မောင်သန်းနှင့် မောင်သော်ဇင်စိုးတို့ ၂ ဦးမှာ ရေမွန်း၍ သေဆုံးသွားခဲ့ပြီး ဒေါ်ဝင်းဝင်းတွင် ပွန်းပဲ့နာကျင်ဒဏ်ရာများရရှိခဲ့ကြောင်းနှင့် ဖြစ်စဉ်နှင့်ပတ်သက်၍ ယ

စစ်သွေးကြွအဖွဲ့ကို အမေရိကန်လေကြောင်းတိုက်ခိုက်မှု ရုပ်သံထုတ်ပြန်

အမေရိကန် စစ်တပ် အလယ်ပိုင်းဒေသ စစ်ဌာနချုပ်က ထုတ်ပြန်ထားတဲ့ ဗွီဒီယိုမှာ အစ္စလာမ္မစ်နိုင်ငံတော် အမည်ခံ အိုင်အက်စ်တိုက်ခိုက်ရေး သမားတွေကို အမေရိကန်က ဦးဆောင်ပြီး လေကြောင်း တိုက်ခိုက် နေပုံကို ရိုက်ကူးထားပါတယ်။ အီရတ်နိုင်ငံ ဘိုင်ဂျီမြို့နားမှာ နိုဝင်ဘာလ ၄ ရက်နေ့က တိုက်ခိုက်နေတဲ့ပုံကို ရိုက်ကူးထားတာပါ။ သူပုန်တွေ သိမ်းယူထားတဲ့ အီရတ်ရဲ့ အကြီးဆုံး ရေနံချက်စက်ရုံကို ပြန်သိမ်းဖို့ တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ ဇွန်လက အစ္စလာမ္မစ်တိုက်ခိုက်ရေးသမားတွေဟာ ဘို်င်ဂျီမြို့ကို သိမ်းပြီး အနားက ရေနံထုတ်လုပ်ငန်း တွေကိုလည်း သိမ်းခဲ့ပါတယ်။ အီရတ်အစိုးရ စစ်တပ်က အစပိုင်းမှာ ခုခံနိုင်စွမ်း မရှိခဲ့ပေမယ့် ဒီရက်သတ္တပတ်တွေ အတွင်းမှာတော့ အမေရိကန် လေကြောင်း စစ်ကူတွေကြောင့် အိုက်အက်စ်တပ်ဖွဲ့တွေကို ရင်ဆိုင်နိုင်နေပါတယ်။ အစိုးရတပ်တွေဟာ မနေ့က ရေနံချက်စက်ရုံအနားက မိုင်ဝက်ဝန်းကျင်အထိ ချိတက်နိုင်ပါတယ်။ အမေရိကန် ဦးဆောင်တဲ့ စစ်ဆင်ရေးမှာ HH-60 ရဟတ်ယာဉ်တွေလည်း ပါဝင်ပြီး ရှာဖွေရေး၊ ကယ်ဆယ်ရေး၊ ဆေးကုသရေး၊ လူသားချင်း စာနာမှု အကူအညီပေးရေး ကိစ္စတွေကို ဆောင်ရွက်နေပါတယ်။ By ဒီဗွီဘီ http://ift.tt/1EIshfS from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit

ဇနီးနှင့်သမီးများကို ရဲဒင်းဖြင့်ခုတ်သူအား လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းမိ

နေပြည်တော်၊ နိုဝင်ဘာ ၁၅ ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့ ည ၈ နာရီအချိန်ခန့်က ရှမ်းပြည်နယ်၊ တာချီလိတ် မြို့နယ်၊ တာလေမြို့နယ်ခွဲ၊ မဟိုဆန်ဒါ(၁)ရွာနေ လောဖ(၄၀)နှစ်မှ အရက်မူးပြီး ဇနီးဖြစ်သူ မမိဂျူ(၃၉)နှစ်၊ သမီးများဖြစ်ကြသည့် မအစူးစာ(၄)နှစ်နှင့် မမာလိယာ(၂)နှစ်တို့အား ရဲဒင်းဖြင့်ခုတ်၍ ဒဏ်ရာများရရှိ နေကြောင်း ၁၄-၇-၂၀၁၄ ရက်နေ့ နံနက် ၇ နာရီခွဲအချိန် တာဝန်သိ ပြည်သူတစ်ဦး၏ အကြောင်းကြား ချက်အရ တာလေနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။ ထိုသို့သွားရောက်စဉ် တောင်သုံးအပေါ်ရွာနှင့် အလယ်ရွာကြား၊ တောင်တက် လမ်း၌ လောဖာအား ဟွန်ဒါဝေ့ဖ်-၁၁၀ ဆိုင်ကယ် မောင်းနှင်လာသည်ကိုတွေ့ရှိရသဖြင့် ဖမ်းဆီးစစ်ဆေး ခဲ့ရာ ၎င်းင်း၏ကျောတွင်လွယ်ထားသော အရှည် ၅ ပေခန့်ရှိ တူမီးသေနတ်(၁)လက်၊ ဖြူးစ်တပ်ထားသည့် တရုတ်နိုင်ငံလုပ် လက်ပစ်ဗုံး(၂)လုံး၊ ယမ်းများထည့်ထားသော ပလတ်စတစ်ဗူး(၁)ဗူး၊ ယမ်းကတ်(၁၀) ကတ်ပါ ပလတ်စတစ်ဗူး(၁)ဗူးနှင့် ခဲသီးများထည့်ထားသော ပလတ်စတစ်ဗူး(၁)ဗူးတို့ တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။ ဆက်လက်၍ ပူပေါင်းအဖွဲ့သည် မဟိုဆန်ဒါ(၁)ရွာရှိ လောဖ၏နေအိမ်သို့ သွားရောက် စစ်ဆေးရာ နေအိမ်၌ မမိဂျူ၊ မအစူ

ယာဉ်တိမ်းမှောက်စဉ် လမ်းဘေးတွင်ထိုင်နေသူ အမျိုးသမီးပေါ်သို့ ပိမိသဖြင့် သေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၁၅ ၁၄.၁၁.၂၀၁၄ရက်နေ့ ၁၈၄၅အချိန် ကွမ်းခြံကုန်းမြို့နယ်၊ ဝါးကောက်တော ကျေးရွာ၊ ဗိုလ်ချုပ်လမ်း အတိုင်း ဒေးဒရဲမြို့ဘက်မှ ကွမ်းခြံကုန်းမြို့ဘက်သို့ ဧရာဝတီတိုင်း ဒေသကြီး၊ ဒေးဒရဲမြို့နယ်နေ ယာဉ်မောင်း ကိုအောင်ကိုလတ် (၃၀)နှစ် မောင်းနှင်လာသော 8F---ကင်တာ ကုန်တင်အငှားယာဉ်သည် မိုင်တိုင်အမှတ် (၄/၀)နှင့် (၄/၁)ကြားရှိ တံတားဖြူအနီးအရောက် လမ်း၏ယာဘက်ဘေးတွင် ဝါးများတင်ဆောင်၍ ရပ်ထားသော ယာဉ်အား ရှောင်တိမ်းရန်အတွက် ၎င်း၏ကားအား ဘရိတ်အုပ် လိုက်စဉ် အဆိုပါယာဉ်မှာ တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး လမ်းဘေးတွင် ထိုင်နေသူ ဒေါ်ခိုင်ခိုင်မိုးပေါ်သို့ လဲကျပိမိ သွားခဲ့ပါသည်။ ယာဉ်တိမ်းမှောက်ပိမိသဖြင့် ဒေါ်ခိုင်ခိုင်မိုးတွင် မျက်နှာ၊ ကျောကုန်းနှင့် ရင်ဘတ်တို့၌ ညိုမဲဒဏ်ရာများ ရရှိခဲ့ကာ ကွမ်းခြံကုန်းဆေးရုံတွင် အတွင်းလူနာ(စိုးရိမ်ရ)အဖြစ် ဆေးကုသမှုခံယူနေစဉ် ယင်းနေ့ ၁၉၄၅ အချိန်တွင် သေဆုံးသွားခဲ့ပါသည်။ ယင်းသို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း ကိုအောင်ကိုလတ်အား ကွမ်းခြံကုန်းမြို့မရဲစခန်း ယာဉ်(ပ)၂၃/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၂၇၉ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။ Yangon Police http://ift.tt/1oASl5N

ခင်ပွန်းဖြစ်သူ အရက်သောက်လို့  ဇနီးအဆိပ်သောက်သေဆုံး

တိုက်ကြီးမြို့နယ်တွင် အမျိုးသမီးတစ်ဦးအဆိပ်သောက်သေဆုံး ရန်ကုန်၊ နိုဝင်ဘာ ၁၅ ၁၄.၁၁.၂၀၁၄ ရက်နေ့ ၁၅၀၀ အချိန်တွင် တိုက်ကြီးမြို့မ ရဲစခန်းမှ တပ်ဖွဲ့ ဝင်များသည် တိုက်ကြီး ဆေးရုံသို့ အမျိုးသမီးတစ်ဦး အဆိပ်သောက် သေဆုံး ရောက်ရှိလာကြောင်း သတင်းအရ သွားရောက် စစ်ဆေးခဲ့ရာ သေဆုံးသူမှာ တိုက်ကြီးမြို့နယ်နေ အသက်(၁၈)နှစ်အရွယ် အမျိုးသမီး ငယ်တစ်ဦး ဖြစ်ကြောင်း သိရှိရပါသည်။ ဖြစ်စဉ်အားစုံစမ်းရာ ၁၄၂၀အချိန်ခန့်တွင် သေဆုံးသူသည် ခင်ပွန်းဖြစ်သူ အရက်သောက်သည့် ကိစ္စနှင့် ပတ်သက်၍ စကားများရန်ဖြစ်ကြပြီး ခင်ပွန်းဖြစ်သူ အပြင်သို့ ထွက်သွားခိုက် ပိုတက်ပိုးသတ်ဆေး သောက်ကာ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။ ၎င်းသေဆုံးမှုနှင့် ပတ်သက်၍ တိုက်ကြီးမြို့မ ရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၂၈/၂၀၁၄)ဖြင့် ရေးဖွင့် စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။ Yangon Police http://ift.tt/1oASl5N from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1y1dFGq