Skip to main content

Posts

Showing posts from February 23, 2015

အကျပ်လွန်ဘောင်းဘီဝတ်ခြင်း၏ ဆိုးကျိုးများ

ဖက်ရှင်အလှအပများ ပေါလွန်းလှသည့် အချိန်တွင် အမျိုးသား၊ အမျိုးသမီးများအတွက် ရွေးချယ်စရာများကလည်း များပြားလှသည်။ လူအများရွေးချယ်သည့် အ၀တ်အစားသည် ဖက်ရှင်ကျလှပရုံသာမက ကျန်းမာရေးအတွက် သက်ရောက်မှုလည်းရှိသည်။ နေ့စဉ်ဝတ်ဆင် သည့် အ၀တ်အစားများကို ပုံမှန်လဲလှယ်မှု မရှိ သည့်အတွက် လုံလောက်သော သန့်ရှင်းမှုမရှိ ခြင်း၊ ကျပ်လွန်းသည့် အ၀တ်အစားများကြောင့် သတိမပြုမိသော်လည်း နောက်ဆက်တွဲကျန်းမာ ရေးဆိုင်ရာ ဆိုးကျိုးများ ခံစားကြရနိုင်ကြောင်း အရေပြားအထူးကု ဆရာဝန်များကပြောပါ သည်။ ယခုအခါတွင် ခန်္ဓာကိုယ်အလှကို ပေါ်လွင် စေသည့် ဘောင်းဘီ ကျပ်ကျပ်များ လူငယ်ထု အတွင်း ပိုမိုအကြိုက်များလာကြသည်။ ထို ဘောင်းဘီအကျပ်များသည် အမျိုးသမီးများတွင် အဖြစ်များသည့် ဆီးလမ်းကြောင်း ပိုးဝင်ခြင်း ရောဂါဖြစ်စေသည့် အကြောင်းအရင်းများစွာထဲ မှတစ်ခုလည်း ဖြစ်နိုင်ကြောင်းသိရသည်။ ဘောင်းဘီကျပ်ကျပ်သည် စမတ်ကျလှပသော် လည်း သက်သောင့်သက်သာတော့ မရှိလှပေ။ လှုပ်ရှားသွားလာနေသူများအတွက် ကျပ်နေ သည့် ဘောင်းဘီသည် အရေပြားပွန်းခြင်းများ၊ နီရဲလာခြင်းများနှင့် သွေးခြည်ဥခြင်း များအထိ ဖြစ်နိုင်ပြီး အကြောင်းအမျိုးမျိုးကြောင့် ပွန်းနေ သည့် အရေပြားမှတဆင့် ဆီးလမ်းကြောင်းထဲ ပိုး

အနားယူဖို့ လိုအပ်ကြောင်း ခန္ဓာကိုယ်က ဖော်ပြနေသောအချက်များ

၁။ ခေါင်းကိုက်ခြင်း တစ်ပတ်လုံး ခံစားခဲ့ရတဲ့ စိတ်ဖိစီးမှုတွေက စနေ၊ တနင်္ဂနွေရုံးပိတ်ရက်ရောက်တဲ့အခါ ခေါင်းတစ်ခြမ်းကိုက် ဝေဒနာကို ဆိုးဆိုးရွားရွား ခံစားရတာမျိုးဖြ ... စ်တတ်ပါတယ်။ အဲဒီလို မဖြစ်ရလေအောင် သင်ဘယ်လောက်ပဲ အလုပ်များများ အိပ်ချိန်၊ စားချိန်ကို ပုံမှန်ဖြစ်အောင် ကြိုးစားပါ။ ၂။ ကြွက်တက်ခြင်း တစ်ခါတစ်ရံ စိတ်ဖိစီးတာများလွန်းတဲ့အခါ ကြွက်တက်တာကို နာနာကျင်ကျင် ခံစားရနိုင်ပါတယ်။ စိတ်ဖိစီးတာကြောင့် ခန္ဓာကိုယ်တွင်းက ဟော်မုန်းတွေ မညီမမျှ ဖြစ်တာကြောင့်ပါ။ အဲဒီလိုမဖြစ်ရလေအောင် အားကစားရုံသွားပြီး တတ်ကျွမ်းတဲ့ နည်းပြရဲ့ စနစ်တကျ သင်ပြတဲ့ လေ့ကျင့်ခန်းတွေကို ဂရုတစိုက် သင်ယူလေ့ကျင့်ပေးပါ။ ထိန်းချုပ်မှုမဲ့ အာရုံကြောရဲ့ လုပ်ဆောင်ချက်တွေကို လျှော့ချပေးနိုင်တာကြောင့် ကြွက်တက်တာမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ ၃။ မေးရိုးနာကျင်ခြင်း သင်သွားကြိတ်တာကြောင့် ဖြစ်ရတာပါ။ သင့်မှာ စိတ်ဖိစီးမှုတွေများတဲ့အခါ ညအိပ်နေရင်း သင်မသိလိုက်ပေမယ့် သွားကြိတ်မိတတ်ပါတယ်။ အဲဒီလိုမဖြစ်အောင် သွားကိုကာကွယ်ပေးတဲ့ သွားဖုံးစွပ်တပ်ပြီးအိပ်ပါ။ ၇၀ ရာခိုင်နှုန်းထိ သွားမကြိတ်အောင် ကာကွယ်နိုင်ပါတယ်။ တချို့တွေမှာ သွားလုံးဝမကြိတ်တော့တဲ့အထိ ထိရောက်မှုရ

အိပ်ထမတင် လေ့ကျင့်ခန်း ပြုလုပ်ခြင်း၏ ကောင်းကျိုးများ

အိပ်ထမတင် လေ့ကျင့်ခန်း ပြုလုပ်ခြင်း၏ ကောင်းကျိုးများ အိပ်ထမတင် လေ့ကျင့်ခန်း ပြုလုပ်တာက တခြား ထိုင်-ထ လေ့ကျင့်ခန်းနဲ့ တခြား ကိရိယာလွတ် လေ့ကျင့်ခန်းတွေကို ပြုလုပ်တာလိုပဲ ကျန်းမာရေး ကောင်းကျိုးတွေကို ထိထိရောက်ရောက် ရရှိစေပါတယ်။ အိပ်ထမတင် လေ့ကျင့်ခန်း ပြုလုပ်တာကြောင့် သန်စွမ်း ကြံ့ခိုင်မှုအဆင့်ကို မြင့်တက်စေပြီး ထိရောက်တဲ့ အောက်ပါ ကောင်းကျိုးတွေကို ရရှိစေပါတယ်။ ခန္ဓာကိုယ်အပေါ်ပိုင်းအား သန်စွမ်းစေခြင်း အိပ်ထမတင်လေ့ကျင့်ခန်း ပြုလုပ်တာက ခန္ဓာကိုယ် အပေါ်ပိုင်း၊ အထူးသ ဖြင့် ရင်အုံပိုင်း၊ ပခုံးပြင်နဲ့ လက်မောင်းသားရှိ ကြွက်သားတွေကို သန်စွမ်းကျစ် လျစ်စေပါတယ်။ အိပ်ထမတင် လေ့ကျင့်ခန်း လုပ်တာကြောင့် ရင်အုံပိုင်းရှိ အဓိက ကြွက်သားတွေကို ခိုင်မာသန်စွမ်းကျစ် လျစ်စေပြီး သင့်ကို အားကစား သက်လုံ ကောင်းမွန်စေပါတယ်။ ဝမ်းဗိုက်သား သန်စွမ်းချပ်ရပ်ခြင်း ကျောပြင်က အိကျနေရင် အလွန် အမင်း ဆွဲဆန့်ထားသလို ဖြစ်သွားကာ ထိခိုက်ဒဏ်ရာရစေနိုင်ပါတယ်။ အိပ်ထမ တင် လေ့ကျင့်ခန်းလုပ်တဲ့ အခါ ကျောရိုး မကြီးက သဘာဝအနေအထားအတိုင်း မာကျော ကွေ့ကောက်နေပါလိမ့်မယ်။ အိပ်ထ မတင်လေ့ကျင့်ခန်း လုပ်တဲ့အတွက် ဝမ်းဗိုက်သားကြွက်သားတွေကို လည်း သန်စွမ်းစေပါတယ်။

အရက်နဲ့ တွဲဖက် မစားသင့်တဲ့ စားစရာများ

(၁) မုန်လာဥနီ မုန်လာဥနီထဲမှာ ပါတဲ့ မုန်လာဥနီ ဓါတ်က အရက်ထဲမှာ ပါတဲ့ အရက်ပြန်နဲ့ ဓါတ်ပေါင်းရင် အဆိပ်ပါတဲ့ ဓါတ်ပစ္စည်းတွေ ထွက်တတ်တယ်။ (၂) ပဲတီစိမ်းအဖတ် ပဲတီစိမ်း အဖတ် ချက်လုပ်တဲ့အခါ ကျောက်ချဉ် အသင့်အတင့် ထည့်ရပါတယ်။ ဒါကြောင့် ပဲတီစိမ်း အဖတ်နဲ့ အရက်ကို တွဲစားမိရင်၊ အရက်ပြန်က သွေးထဲမှာ နေတဲ့အချိန် ကြာရှည် လာစေပြီး အရက်ပိုမူး စေတယ်လို့ ဆိုတယ်။ (၃) ဝက်အူချောင်း ဝတ်အူချောင်းထဲမှာ nitrosoamines ဓါတ်ပါလို့ အရက်နဲ့ တွဲပြီး စားသောက်ရင် အသည်းကို ထိခိုက်နိုင်တဲ့ အပြင် အစာအိမ်နဲ့ အူကင်ဆာ တွေကိုလည်း ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။ (၄) အသားကင် အသားကင်တဲ့အခါ benzpyrene လို့ခေါ်တဲ့ ကင်ဆာရောဂါ ဖြစ်စေနိုင်တဲ့ ဓါတ်ပစ္စည်း တစ်မျိုး ပေါ်ထွက် တတ်တယ်။ အရက်ထဲမှာ အရက်ပြန်ဟာ အစာအိမ်နဲ့ အူရဲ့ သွေးကြောတွေ ကျယ်လာစေပြီး ကင်ဆာ ဖြစ်စေနိုင်တဲ့ ဓါတ်ပစ္စည်းတွေ သွေးကြောထဲကို အလွယ်တကူ ဝင်လာ စေနိုင်ပါတယ်။ myawadynews from သစ်ထူးလွင် (ကျန်းမာရေး) - Thit Htoo Lwin http://ift.tt/17sBU8M

ထိပ်ပြောင်သူများ အတွက် ကြက်သွန်နီ

ထိပ်ပြောင်သူများ အတွက် ကြက်သွန်နီ ဆေးပညာရှင်များ၊သိပ္ပံပညာရှင် များစွာ ရောဂါကာကွယ်ဆေး၊ ကုသ ဆေးမျိုးစုံတီထွင်ဖန်တီးလျက်ရှိကြ သည်။ ဆံပင်ကျွတ်ခြင်း၊ ထိပ်ပြောင် ခြင်းအတွက် ထိထိရောက်ရောက် ကုသနိုင်မည့်နည်းလမ်းမရှိသေး။ ထူ ထဲ တောက်ပြောင်သော ဆံကေသာသည် ငယ်ရွယ်ခြင်း၏ ဝိသေသတစ်ခု ဖြစ်သည်။ ဆံပင်ကျွတ် ခြင်းကြောင့် စိတ်ဖိစီးမှုနှင့် စိတ်ကျ ဝေဒနာတို့ ခံစားရတတ်သည်။ နေထိုင် မှုပုံစံပြောင်းလဲခြင်း၊ ပတ်ဝန်းကျင်ညစ် ညမ်းမှုနှင့် ကျန်းမာရေး ပြဿနာများ ကြောင့် ဆံပင်ကျွတ်လေ့ရှိသည်။ အံ့အားသင့်ဖွယ် ကောင်းသော အချက်မှာ စီးပွားဖြစ်ရောင်းချနေ သော ဆံပင်ပေါက်ဆေး များတွင် ကြက်သွန်နီ ပါဝင်လေ့ရှိသည်။ ကြက် သွန်နီကို ဆံပင်ပြန်ပေါက် ဆေးတွင် ထည့်သွင်းသည်မှာ ကြောင်တောင် တောင်နိုင်သော်လည်း ဆံပင်ကျွတ် ခြင်း၊ ထိပ်ပြောင်ခြင်းတို့ကိုကုသ ရာတွင် အဓိကဆေးပစ္စည်း အဖြစ် အသုံးပြုလေ့ရှိသည်။ ကြက်သွန်နီတွင် ဆာလဖာဓါတ် ကြွယ်ဝစွာပါဝင်သောကြောင့် ဆံပင် ကျွတ်ခြင်းမှ ကာကွယ်နိုင်သည်။ ဆာလဖာဓါတ်သည် သွေးလည်ပတ်မှု ကောင်းစေပြီး အရေပြားရောင်ရမ်း နာများ သက်သာစေသည်။ ဆာလဖာ ကြောင့် ကိုလာဂျင်ပရိုတိန်းများထုတ် လုပ်မှုကောင်းစေပြီး ထိုပရိုတိန်းများ ကြောင့် အရေပြာြးေ

စောစောအိပ်တတ်သူလား၊နောက်ကျမှအိပ်တတ်သူလား?

ုင်ခြေ၊နာကျင်မှုအ ဆင့်နဲ့ကင်ဆာဖြစ်နိုင်ခြေကိုပြောင်းလဲသွားစေပါတယ်။မိမိရဲ့ကိုယ်ရည်ကိုယ် သွေးပေါ်မှာတောင်ပြောင်းလဲမှုရှိနိုင်ပါတယ်။ ဆစ်ဒနီနဲ့လီဗားပူးမှသုတေသီတွေကလူပေါင်း၂၀၀ ကျော်ရဲ့ကိုယ်ရည် ကိုယ်သွေးနဲ့အိပ်စက်တဲ့အကျင့်ကိုမေးမြန်းကာသုတေသနပြုလုပ်ရာမှ အောက်ပါတို့ကိုတွေ့ရှိခဲ့ပါတယ်။ခန္တာကိုယ်မှာရှိတဲ့တုံ့ပြန်မှုတိုင်း၊ဟော်မုန်း မျိုးရိုးဗီဇပြောင်းလဲမှုအစရှိတဲ့အားလုံးအပေါ်ဇီဝနရီ ကပဲထိန်းချုပ်ထားပါ တယ်။ဒီဇီဝနရီကပဲ သင့်ကိုစောစောထတတ်အောင် သင့်ကိုနောက်ကျမှအိပ် ရာထပြီးညအချိန်ထိအလုပ်လုပ်အောင်ပြုလုပ်ပေးပါတယ်။ စောစောအိပ်တတ်တာ၊ဒါမှမဟုတ်နောက်ကျမှအိပ်တတ်တာတွေကို Period-3 ခေါ်တဲ့မျိုးရိုးဗီဇ ဂျင်းကဆုံးဖြတ်ပေးပါတယ်။သိပ္ပံပညာရှင်တွေလေ့ လာမှုပြုလုပ်ရာမှာ Long version နဲ့ Short version ဆိုတဲ့မျိုးရိုးဗီဇ ဂျင်း ရှုထောင့်နှစ်မျိုးရှာဖွေတွေ့ရှိခဲ့ပါတယ်။Long version ရှိတဲ့သူတွေဟာစော စောအိပ်တတ်သူတွေဖြစ်ပြီး Short version ရှိသူတွေဟာဇီးကွက်လိုမျိုး နောက်ကျမှအိပ်တတ်သူတွေဖြစ်ပါတယ်။ မိဘတစ်ယောက်ဆီမှ Period-3 မျိုးရိုးဗီဇဂျင်း Two version ကို ရရှိကြပါ တယ်။Long version နှစ်မျိုးစလုံးရတဲ့သူ ဒါမှမဟုတ် Short version နှစ်မျိုး စလ