Skip to main content

Posts

Showing posts from March 16, 2014

ပြီးခဲ့တဲ့ အချိန်ပိုင်းကပဲ ကန်သွားခဲ့ကြတဲ့ အင်္ဂလိပ် ပရီးမီးယား ပွဲစဉ်ရလဒ်များ

Man Utd 0 - 3 Liverpool အသင်းခေါင်းဆောင် စတီဗင် ဂျာရတ်က ပင်နယ်တီကနေ ၂ လုံးသွင်းယူခဲ့ပြီး တတိယမြောက်ဂိုးကိုတော့ လူးဝစ် ဆွာရက်စ်က ပွဲကစားချိန် ၈၄ မိနစ်မှာ သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ မန်ယူရဲ့ နောက်တန်းကစားသမား ဗာဒစ်ဟာ ပွဲချိန် ၇၇မိနစ်မှာ ၂ ၀ါ ၁ နီနဲ့ အထုတ်ခံခဲ့ရပါတယ်။ ============ Tottenham 0 - 1 Arsenal လန်ဒန် မြို့ခံ ၂ သင်း တွေ့ကြတဲ့ ပွဲမှာတော့ အာဆင်နယ်က တော့တင်ဟမ် ဟော့စပါး အသင်းကို ၁ from Myanmar CNN http://ift.tt/Nmgz6y

ပျောက်ဆုံးလျက်ရှိသည့် မလေးရှားလေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ်အား မြန်မာ့တပ်မတော်(ရေ) စစ်ရေယာဉ် သုံးစင်းဖြင့် ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်လျက်ရှိ

မတ် ၈ ရက်တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူလေဆိပ်မှ တရုတ်နိုင်ငံ ပေကျင်းလေဆိပ်သို့ ပျံသန်းထွက်ခွာစဉ် လမ်းခရီး၌ ပျောက်ဆုံးသွားခဲ့သောမလေးရှားလေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ်ကို မြန်မာ့တပ်မတော်(ရေ)မှ စစ်ရေယာဉ်သုံးစင်းဖြင့် ကပ္ပလီပင်လယ်ပြင် မြန်မာ့သီးသန့်စီးပွားရေးဇုန်အတွင်း အောက်ပါဧရိယာ A နှင့် B များတွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို မတ် ၁၅ ရက်မှစတင်၍ ဆောင်ရွက်လျက်ရှိသည်- (က) အရှေ့ဘက်။ြေ from Myanmar CNN http://ift.tt/1fPQvMU

စစ်တွေအပါအ၀င် မြို့ (၁၁) မြို့တွင် သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာကို ထည့်ခွင့်ပြုမည်ကို ကန့်ကွက် ဆန္ဒပြ

(နိရဉ္စရာ- ၁၇ မတ်လ ၂၀၁၄) စစ်တွေ ဆန္ဒပြပွဲ မြင်ကွင်း (၁၆/၃/၂၀၁၄) ရခိုင်ပြည်နယ်မှ စစ်တွေ အပါအ၀င် မြို့ (၁၁) မြို့တွင် သန်းခေါင်စာရင်း ကောက်ယူသောအခါ ဘင်္ဂလီ လူမျိုးနေရာတွင် ရိုဟင်ဂျာဆိုသော နာမည်လိမ်အား ထည့်သွင်း အသုံးပြုမည်ကို ဆန့်ကျင်ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။ ကန့်ကွက် ဆန္ဒပြခဲ့ကြသော မြို့များမှာ စစ်တွေ၊ ကျောက်ဖြူ၊ မြောက်ဦး၊ မြေပုံ၊ မင်းပြား၊ ရမ်းဗြဲ၊ ကျောက်တော်၊ ပုဏ္ဍားကျွန်း၊ ရသေ့တောင်၊ from Myanmar CNN http://ift.tt/1fPQvwq

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး မေလအတွင်း အပြီးသတ် လုပ်ဆောင်မည်ဟု ဦးခွန်ဥက္ကာ ပြောကြား

တောင်ငူ၊ မတ် ၁၆တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ငြိမ်းချမ်းရေး လိုလားကြောင်း တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များက ယုံကြည်လာသောကြောင့် ၂၀၁၄ မေလ မကုန်မီ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးနိုင်မည် ဖြစ်ကြောင်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့မှ ဦးခွန်ဥက္ကာက ပြောကြားသည်။ from Voice http://ift.tt/1ofN700

မန္တလေးတွင် နွေရာသီ၌ လျှပ်စစ်မီး ပြတ်တောက်မှု မရှိစေရန် မီးစက်ကြီး ၂၄ လုံးဖြင့် ဓာတ်အား အစားထိုး ပေးသွားမည်

မန္တလေး၊ မတ် ၁၆မန္တလေးတိုင်း ဒေသကြီးတွင် နွေရာသီ၌ လျှပ်စစ်ဓာတ်အား ပြတ်တောက် မှုများ ရှိလာပါက အမေရိကန် ပြည်ထောင်စုနှင့် ဂျပန်နိုင်ငံထုတ် မီးစက်ကြီး ၂၄ လုံးဖြင့် အစားထိုး ဓာတ်အား ဖြန့်ချိပေးသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာ ဌာနထံမှ စုံစမ်း သိရှိရသည်။ from Voice http://ift.tt/1ofN6ZO

ဒဂုံတက္ကသိုလ် ကျောင်းသား လေးရာကျော် စာမေးပွဲကာလ ကြို၊ ပို့ယာဉ် ခက်ခဲဟုဆို

ရန်ကုန်၊ မတ် ၁၆လှည်းကူးနှင့် မင်္ဂလာဒုံ မြို့နယ်များရှိ ဒဂုံတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ လေးရာနီးပါး အတွက် မတ်လ ၁၉ ရက်နေ့တွင် စတင်မည့် ပထမနှစ်ဝက် စာမေးပွဲ ကာလအတွင်း ကြို၊ ပို့ယာဉ် မရှိမှုကြောင့် စာမေးပွဲ သွားရောက်ဖြေဆိုရန် အခက်အခဲ တွေ့နေကြောင်း ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုမင်းသုခက The Voice သို့ ပြောကြားသည်။ from Voice http://ift.tt/1ofN4Bj

ပျောက်ဆုံးနေသော မလေးရှား လေယာဉ်ကို မောင်းနှင် သွားသည့် လေယာဉ်မှူးမှာ နိုင်ငံရေး ခံယူချက် ပြင်းထန်သူ ဖြစ်ကြောင်း စုံစမ်းတွေ့ရှိ

ကွာလာလမ်ပူ၊ မတ် ၁၆လွန်ခဲ့သော ၉ ရက်ခန့်က ပျောက်ဆုံးသွားခဲ့သည့် မလေးရှား လေကြောင်းလိုင်းပိုင် ဘိုးရင်း ၇၇၇ ကို တာဝန်ယူပြီး မောင်းနှင် သွားခဲ့သည့် လေယာဉ်မှူးမှာ နိုင်ငံရေးခံယူချက် ပြင်းထန်သူ တစ်ဦးဖြစ်ပြီး မလေးရှား အတိုက်အခံ နိုင်ငံရေး ခေါင်းဆောင် အန်ဝါအီဘရာဟင်မ်ကို ထောက်ခံသူတစ်ဦး ဖြစ်သည်ဟု Daily Mail တွင် ဖော်ပြထားသည်။ from Voice http://ift.tt/1iTMXwr

ရှမ်းပါတီ ပူးပေါင်းရေး တွေ့ဆုံမည့်ရက် ညှိနှိုင်းမရ

ရန်ကုန်၊ မတ် ၁၆ရှမ်းနှစ်ပါတီ ပူးပေါင်းရေးအတွက် နှစ်ဖက် ဆွေးနွေး ညှိနှိုင်းရေး အဖွဲ့များ ပထမဆုံးအကြိမ် တွေ့ဆုံမည့် ရက်ကို ညှိနှိုင်း မရသေးကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ပါတီ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောကြားသည်။ from Voice http://ift.tt/1iTMYAn

တံတားနီ အထိမ်းအမှတ် သမဂ္ဂအလံများ ကျောင်းသားသမဂ္ဂ ၁၆ ဖွဲ့သို့ လွှဲပြောင်းပေးအပ်

ရန်ကုန်၊ မတ် ၁၆တက္ကသိုလ် ကျောင်းသားများစွာ သေဆုံးခဲ့သော တံတားနီ အရေးအခင်း ၂၆ နှစ်ပြည့် အခမ်းအနားတွင် ကျောင်းသားသမဂ္ဂ အလံများကို တက္ကသိုလ်အသီးသီးမှ တက်ရောက်လာသော ကျောင်းသားသမဂ္ဂ အဖွဲ့အစည်း ၁၆ ဖွဲ့သို့ ၈၈ မျိုးဆက် ကျောင်းသားများက လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း အဆိုပါ အခမ်းအနား ကျင်းပရေး ကော်မတီဝင် ဦးစိုင်းထင်ကျော်က ပြောကြားသည်။ from Voice http://ift.tt/1iTMXwh

သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာ ထည့်ခွင့်မပြုရန် ရခိုင်တွင် လူသိန်းချီ သပိတ်မှောက်

ရန်ကုန်၊ မတ် ၁၆သန်းခေါင်စာရင်း ကောက်ယူရာတွင် ဘင်္ဂါလီများကို ရိုဟင်ဂျာဟု ထည့်သွင်း ကောက်ယူခြင်း မပြုလုပ်ရန် ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၃ မြို့နယ်၌ မတ်လ ၁၆ ရက်နေ့တွင် ဒေသခံ တစ်သိန်းကျော် ဆန္ဒပြ တောင်းဆိုကြကြောင်း စစ်တွေမြို့ရှိ ရခိုင်ပြည်နယ်လုံး ဆိုင်ရာ ကျူးကျော် ဘင်္ဂါလီ သန်းခေါင်စာရင်း နာမည်လိမ် တိုက်ဖျက်ရေး ကော်မတီ၏ သတင်းပြန်ကြားရေး တာဝန်ခံ ဦးသန်းထွန်းက ပြောကြားသည်။ from Voice http://ift.tt/1ofN3xd

အစိုးရနှင့် တပ်မတော် တစ်သားတည်းရှိဟု နိုင်ငံတော်သမ္မတ ပြောကြား

မြစ်ကြီးနား၊ မတ် ၁၆နှစ်ပေါင်း ခြောက်ဆယ်ကျော် ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခ အဆုံးသတ်ရေး အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ဖော်ဆောင်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် အစိုးရနှင့် တပ်မတော်မှာ တစ်သားတည်း ရှိကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်သည်။ from Voice http://ift.tt/1ofN3gL

#weeklyelevencover မတ်လ ၁၇ ရက်နေ့ထုတ် Weekly Eleven News Journal မျက်နှာဖုံး

#weeklyelevencover မတ်လ ၁၇ ရက်နေ့ထုတ် Weekly Eleven News Journal မျက်နှာဖုံး from Eleven Media Group's Facebook Wall http://ift.tt/1mbQbMb

ပုဂ္ဂလိကဘဏ် ၂၂ ဘဏ်ရှိသည့်အနက် ၁၂ ဘဏ်သာ ထိပ်တန်းအခွန်ဆောင်စာရင်းတွင် ပါဝင်၊ မ,တည်...

ပုဂ္ဂလိကဘဏ် ၂၂ ဘဏ်ရှိသည့်အနက် ၁၂ ဘဏ်သာ ထိပ်တန်းအခွန်ဆောင်စာရင်းတွင် ပါဝင်၊ မ,တည်ထားသည့် ငွေများမှာ ငွေဖြူဖြစ်မဖြစ် စစ်ဆေးထားသည့် အထောက်အထားများ ချပြသင့် သတင်းဆောင်းပါး မြန်မာနိုင်ငံတွင် ပုဂ္ဂလိကဘဏ် ၂၂ ဘဏ်အထိ တည်ထောင်လုပ်ကိုင်ခွင့်ပြုထားပြီး အဆိုပါ ဘဏ်များထဲတွင် ၁၂ ဘဏ်သာ ထိပ်တန်းအခွန်ဆောင်သည့် စာရင်းတွင် ပါဝင်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာ၏ ထုတ်ပြန်ထားချက်များက ဖော်ပြလျက် ရှိပါသည်။ ၂၀၁၁-၂၀၁၂ ခုနှစ်က ထုတ်ပြန်ချက်အရ ၀င်ငွေခွန်ပေးဆောင်သည့် ထိပ်တန်း ၁၀၀ ဦးစာရင်းတွင် ဘဏ် ၁၀ ခုသာ ပါဝင်ပြီး ၂၀၁၂-၂၀၁၃ ခုနှစ်က ထုတ်ပြန်သည့် ထိပ်တန်းအခွန်ထမ်း ၅၀၀ ဦးစာရင်းတွင်လည်း ဘဏ် ၁၂ ဘဏ်သာ ပါဝင်ခဲ့ခြင်းဖြစ်သည်။ ဘဏ္ဍာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ၂၀၁၁-၂၀၁၂ ခုနှစ်အတွက် ထိပ်တန်းအခွန်ထမ်း ၁၀၀ ဦးစာရင်းနှင့် ၂၀၁၂-၂၀၁၃ ခုနှစ်အတွက် ထုတ်ပြန်သည့် ထိပ်တန်းအခွန်ထမ်း ၅၀၀ ဦးအထိ စာရင်းများတွင် နှစ်နှစ်စလုံး မပါဝင်သည့် ဘဏ်များထဲတွင် စင်ကာပူ Channel New Asia က Mr.Clean ဟု ခေါ်ဝေါ်သုံးစွဲခဲ့သော Mr.Serge Pun ၏ ရိုးမဘဏ်အပြင် ဦးအောင်သောင်း၏သား ဦးနေအောင် တည်ထောင်သည့် United Amara Bank(UAB) ဘဏ်၊ မြ၀တီဘဏ်၊ အင်းဝဘဏ်၊ နေပြည်တော် စည်ပင်ဘဏ်ကဲ့သို

မြန်မာနိုင်ငံ၏ ငွေကြေးဆိုင်ရာလုပ်ငန်းနှင့်စာရင်းကိုင်လုပ်ငန်း စွမ်းရည်မြှင့်တင်ေ...

မြန်မာနိုင်ငံ၏ ငွေကြေးဆိုင်ရာလုပ်ငန်းနှင့်စာရင်းကိုင်လုပ်ငန်း စွမ်းရည်မြှင့်တင်ရေးအတွက် ကုန်သည်များနှင့် စက်မှူလက်မှူ လုပ်ငန်းရှင်များအသင်းချူပ် နှင့် လန်ဒန်အခြေစိုက် ACCA တို့ နားလည်မှုစာချွန်လွှာ ရေးထိုး ရန်ကုန်-မတ်၁၇ မြန်မာနိုင်ငံ၏ ငွေကြေးဆိုင်ရာလုပ်ငန်းနှင့်စာရင်းကိုင်လုပ်ငန်း စွမ်းရည်မြှင့်တင်ရေး၊အုပ်ချူပ်မှုနှင့် ကျင့်ဝတ်ဆိုင်ရာမြှင့်တင်နိင်ရေး ၊ စီးပွားေးရးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေး ရည်ရွယ်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှူလက်မှူ လုပ်ငန်းရှင်များအသင်းချူပ် နှင့် လန်ဒန်အခြေစိုက် The Association of Chartered Certified Accountants (ACCA) တို့သည် မတ်လ ၁၆ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ နတ်မောက်လမ်းရှိ Chatrium Hotelတွင် နားလည်မှုစာချွန်လွှာ (MOU) ရေးထိုးပွဲကို ကျင်းပခဲ့သည်။ ACCA ၏ Head of Emerging Markets – ASIA , Mr.Reza Ali က “The Role of Finance Professionals in Building a Strong and Sustainable Economy” ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးစဈေးကွက်တွင် ငွေကြေးဆိုင်ရာနှင့်စာရင်းကိုင်ပညာ တို့အား အခြေခံအုတ်မြစ်ကောင်းထာ

မန်းရွှေစက်တော်ပွဲတော်တွင် ပွဲတော်ကွင်းအတွင်း ကားများ ရက်ဆက် ပြည့်လျှံသည်အထိ ဘုရာ...

မန်းရွှေစက်တော်ပွဲတော်တွင် ပွဲတော်ကွင်းအတွင်း ကားများ ရက်ဆက် ပြည့်လျှံသည်အထိ ဘုရားဖူးများဖြင့် စည်ကား မကွေးတိုင်း မင်းဘူးမြို့နယ်အတွင်း ဖေဖော်ဝါရီ ၄ ရက်မှ စတင်ကျင်းပနေသည့် ရွှေစက်တော်ပွဲတော်တွင် မတ်လဆန်းမှ လလယ်ပိုင်းအထိ ပွဲတော်ကွင်းအတွင်း ကားများရက်ဆက်၍ ပြည့်လျှံသည်အထိ ဘုရားဖူးများဖြင့် စံချိန်တင် စည်ကားနေကြောင်း ပွဲတော်တွင်း လုပ်ငန်းရှင်များထံမှ သိရသည်။ ယင်းပွဲတော်သို့ နှစ်စဉ်တပေါင်းလပြည့်ရက်တွင် ဘုရားဖူးအများဆုံး လာရောက်လေ့ရှိကြောင်း ယခုနှစ်တွင် အခြေခံပညာ အလယ်တန်းစာမေးပွဲ ပြီးစရက်များမှစ၍ ပွဲတော်တွင်းအနှံ့ ဘုရားဖူးကားများ ပြည့်လျှံနေသောကြောင့် ပွဲတော်တွင်း မ၀င်ရောက်နိုင်သည့် ကားများမှာ မကွေးမြို့သို့ လှည့်ပြန်ကာ မြသလွန်စေတီတွင် ညအိပ်နားနေကြရကြောင်း ဘုရားဖူးများနှင့် ရွှေစက်တော် လိုင်းကားမောင်းသူများထံမှ သိရသည်။ “အရင်တစ်ပတ် စနေ၊ တနင်္ဂ နွေရက်တွေက ပုသိမ်မုံရွာလမ်းကနေ ရွှေစက်တော်ကိုဝင်တဲ့ သုံးမိုင်လမ်းထိပ်အထိ ကားတွေပြည့်နေလို့ ရှစ်မိုင်လမ်းခွဲဘက်ကနေ ကားတွေပတ်ထွက်ခိုင်းရတယ်။ ပွဲတော်တွင်းနဲ့ သုံးမိုင်အကွာထိ ယာဉ်ကြောတွေ ပိတ်ကုန်တာ။ နောက်ဆုံးဘယ်လိုမှ မ၀င်နိုင်တော့လို့ ကားတွေ နောက်ကြောင်းပြန်လှည့်

မြင်သမျှ ကြားသမျှ ဒါမျိုးတွေ ထပ်လုပ်စေချင်တာလား အခုတလောခေတ်အစားဆုံး သတင်းကတော့...

မြင်သမျှ ကြားသမျှ ဒါမျိုးတွေ ထပ်လုပ်စေချင်တာလား အခုတလောခေတ်အစားဆုံး သတင်းကတော့ လိင်တူချင်းတရားဝင် လက်ထပ်လိုက်တဲ့သတင်းပါပဲ။ ကမ္ဘာမှာတောင်များများစားစားမရှိသေးတဲ့ အချိန်မှာ မြန်မာက ကမ္ဘာ ကို ထိုးဖောက်လိုက်တာလားဆိုတာ စဉ်းစားစရာ။ ဒါကို တရားဥပဒေအရ တားမြစ်ခြင်း၊ အရေးယူခြင်းမရှိဘူးလို့လည်း သိရပါတယ်။ တစ်ဦးတစ်ယောက်နစ်နာမှု မရှိလို့ တိုင်ကြားခြင်းမရှိလို့ပါတဲ့။ ဥပဒေအရ ဟုတ်ပါလိမ့်မယ်။ ဒါပေမဲ့ စဉ်းစားပါ။ ကင်ဆာရောဂါဖြစ်မှုမှာ မြန်မာက ကမ္ဘာမှာ ပထမ၊ လာဘ်စားမှု ပထမ၊ ဆင်းရဲမွဲတေမှုမှာ ပထမ၊ စသည်စသည်ဖြင့် မကောင်းတာအတော်များများမှာ Top Ten ထဲ အမြဲ တစေ ပါနတဲ့ ကျွန်တော်တို့နိုင်ငံမှာ မကြာခင်လိင်တူလက်ထပ်မှု အများဆုံးနိုင်ငံအဖြစ်ထပ်မံပြီး တိုးလာရင်ဘယ့်နှယ်လုပ်ကြမှာလဲ။ ကမ္ဘာကိုကြော်ငြာပြီး ”တို့နိုင်ငံဟာ လိင်တူချင်းတရားဝင်လက်ထပ်မှုအ များဆုံးနိုင်ငံဟေ့”လို့ ကြွေးကြော်ရဦးမှာလား။ ဒီလိုသာလုပ်ခွင့်ရရင် ထပ်လုပ်ကြမယ့်သူတွေအများကြီးပါ။တရားဥပဒေအရ အရေးယူ ရင်တောင် ကြည့်လုပ်ကြပါဦး။ ”မဟုတ်တာမှန်သမျှ တို့နိုင်ငံက” လို့ ပြောရမှာလား။ စဉ်းစားကြပါဦး။ စီးပွားရေးဆိုတာ လုပ်တတ်မှလား ဘီလ်ဂိတ်ဟာ ဝန်ကြီးသားမဟုတ်ပါဘူး။ ဘယ်အစိုးရနဲ့မှ မပတ်သက်

ယခုဘဏ္ဍာနှစ် ကိုးလအတွင်း ပြည်ပသို့ ကျောက်စိမ်းတင်ပို့မှုမှ ဒေါ်လာ သန်း ၉၂၀ ကျော် ရရှ...

ယခုဘဏ္ဍာနှစ် ကိုးလအတွင်း ပြည်ပသို့ ကျောက်စိမ်းတင်ပို့မှုမှ ဒေါ်လာ သန်း ၉၂၀ ကျော် ရရှိထားပြီး ယခင်ဘဏ္ဍာနှစ် တစ်နှစ်လုံးရငွေထက် သုံးဆကျော်ပိုများ ယခုဘဏ္ဍာနှစ် ကိုးလအတွင်း ပြည်ပသို့ ကျောက်စိမ်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၉၂၀ ကျော် ရရှိထားပြီး ယခင်ဘဏ္ဍာ နှစ်တစ်နှစ်လုံး ရငွေထက်ပင် သုံးဆကျော်အထိ ပိုမိုရရှိထားခြင်းဖြစ်ကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနက ထုတ်ပြန်ချက်အရ သိရသည်။ ကိုးလအတွင်း တင်ပို့မှုဟု ဆိုရာ၌ ၂၀၁၃ ခုနှစ် ဧပြီလမှ ဒီဇင်ဘာလအထိ တင်ပို့မှုဖြစ်ပြီး ယခင်ဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် ကာလတူတင်ပို့မှုမှ ရငွေမှာ အမေရိကန်ဒေါ်လာ ၂၉၇ သန်းကျော်သာ ရှိခြင်းကြောင့် သုံးဆကျော်နီးပါးရှိသည့် ဒေါ်လာသန်း ၆၀၀ ကျော်ကို ပိုမိုရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ပြည်ပသို့ ကျောက်စိမ်းတင်ပို့ရာ၌ ဧပြီ၊ မေနှင့် ဇွန်လများတွင် တင်ပို့နိုင်ခဲ့ခြင်း မရှိဘဲ ဇူလိုင်လမှစ၍ ပြန်လည်တင်ပို့ခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာလအတွင်း တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၃၃၆ သန်းကျော် ရရှိခဲ့ပြီး ၀င်ငွေအများဆုံး ရရှိခဲ့သည့် လတစ်လဖြစ်ကြောင်း သိရသည်။ အဓိကအားဖြင့် တရုတ်၊ ဟောင်ကောင်နှင့် အိန္ဒိယနိုင်ငံများသို့ တင်ပို့

ရုရှား-ယူကရိန်း ခရိုင်းမီးယားအရေးပြီးတော့ မြန်မာ-တရုတ် ‘၀’ အရေးလား၊ ကျောက်ဖြူ-ကူ...

ရုရှား-ယူကရိန်း ခရိုင်းမီးယားအရေးပြီးတော့ မြန်မာ-တရုတ် ‘၀’ အရေးလား၊ ကျောက်ဖြူ-ကူမင်း အမြန်ရထားလမ်းဖောက်လုပ်ရေး စီမံကိန်း အပါအ၀င် တရုတ်၏ မဟာဗျူဟာ လမ်းကြောင်းများကြောင့် မြန်မာနိုင်ငံ၏ ပြည်ထောင်စု တည်တံ့ခိုင်မြဲရေးအတွက် စိုးရိမ်စရာဖြစ်လာ ပြီးခဲ့သည့် နှစ်ကုန်ပိုင်းခန့်က ကျောက်ဖြူ-ကူမင်း ရေနံပိုက်လိုင်း လုံခြုံရေးအတွက် ‘၀’ တပ်သားများကို တာဝန်ပေးရန် အဆိုတစ်ရပ်အား တရုတ်အာဏာပိုင်များက မြန်မာအစိုးရ တာဝန်ရှိသူများအား အဆိုပြုသည်ဆိုသော သတင်းများ ထွက်ပေါ်ခဲ့သည်။ တရုတ်-မြန်မာ နယ်စပ်ရှိ စစ်ရေးအကဲခတ် သတင်းရင်းမြစ်များထံမှ ရရှိခဲ့သော ထိုသတင်းအတွက် သီးခြားအတည်ပြုချက် မရရှိခဲ့ပေ။ တရုတ်အာဏာပိုင်များ၏ အဆိုပြုချက်ကို မြန်မာအစိုးရ တာဝန်ရှိသူများက ငြင်းပယ်ခဲ့ကြောင်း ၎င်းတို့ကဆိုသည်။ မြန်မာနိုင်ငံ၏ ခါးလယ်ကို ဖြတ်သန်းပြီး တရုတ်နိုင်ငံ ကူမင်းမြို့သို့ သွယ်တန်းထားသော ကျောက်ဖြူ-ကူမင်း ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်း၏ အလားအလာမှာ တည်ငြိမ်မှုရှိပြီဟု မဆိုနိုင်ပေ။ ဒေသခံများ ကန့်ကွက်နေသည့် ကြားမှပင် အကောင်အထည် ဖော်နိုင်ခဲ့သည့် ထိုပိုက်လိုင်းနှင့် ဆက်စပ်ပြီး ဖြစ်ပေါ်နေသော ပဋိပက္ခများ၊ မကျေနပ်မှုများမှာ အားကောင်းနေဆဲဖြစ်သည်။

လက်ပံတောင်းတောင် စီမံကိန်းအား မြန်မာဝမ်ပေါင်ကုမ္ပဏီ အနေဖြင့် စနစ်တကျ စီမံခန့်ခွဲန...

လက်ပံတောင်းတောင် စီမံကိန်းအား မြန်မာဝမ်ပေါင်ကုမ္ပဏီ အနေဖြင့် စနစ်တကျ စီမံခန့်ခွဲနိုင်မှု မရှိကြောင်း ESIA အစီရင်ခံစာတွင် ဖော်ပြ စတင်ထုတ်လုပ်သည့်အချိန်မှ မိုင်းပိတ်သိမ်းချိန်အထိ ဆိုးကျိုးများစွာ ကြုံတွေ့နိုင်ပြီး စီမံကိန်းမှ ထွက်ပေါ်လာသည့် စွန့်ပစ်ကျောက် တစ်ဘီလျံတန်မှ အလွန်အမင်း ဆိုးရွားသော အန္တရာယ် ဖြစ်ပေါ်လာစေနိုင်သော လက်ပံတောင်းတောင်စီမံကိန်းအား လုပ်ဆောင်နေသည့် မြန်မာဝမ်ပေါင်ကုမ္ပဏီ အနေနှင့် စနစ်တကျ စီမံခန့်ခွဲနိုင်မှု မရှိကြောင်း သြစတြေးလျနိုင်ငံ အခြေစိုက် Knight Pie'sold-KP က ရေးသားထားသည့် ပတ်ဝန်းကျင်နှင့် လူမှုထိခိုက်ခြင်းဆိုင်ရာ ဆန်းစစ်ချက် အစီရင်ခံစာ (ESIA) တွင် ရေးသားဖော်ပြထားသည်။ “ကုမ္ပဏီကလည်း မလုပ်နိုင်ဘူး။ အစိုးရကရော လုပ်နိုင်ပါ့မလား။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ သတ္တုတွင်း ၀န်ကြီးဌာနရော၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနကပါ လုပ်နိုင်တဲ့ Capacity မရှိဘူး။ ကုမ္ပဏီကလည်း မလုပ်နိုင်ဘူး။ အစိုးရကလည်း မလုပ်နိုင်ဘူးဆိုရင် ဒီလောက်ကြီးတဲ့ အန္တရာယ်ကြီးကို ကျွန်တော်တို့ ဘယ်လိုရင်ဆိုင်မလဲ” ဟု Eco-Dev မှ ဦးဝင်းမျိုးသူက ပြောကြားသည်။ မြန်မာစီးပွားရေး ဦးပိုင်ကုမ္ပဏီလီမိတက်နှင်

ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေး တာဝန်များကို ဆုံးခန်းတိုင် ဆက်ပြီး ယူရန် လိုအပ်...

ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေး တာဝန်များကို ဆုံးခန်းတိုင် ဆက်ပြီး ယူရန် လိုအပ်ဟု (၂၆) နှစ်မြောက် ‘တံတားနီနေ့’ အခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည် ပေးပို့သော သ၀ဏ်လွှာတွင် ပါရှိ ရန်ကုန်တက္ကသိုလ်များ ကျောင်းသားလှုပ်ရှားမှု “တံတားနီနေ့” (၂၆)နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားကို ၂၀၁၄ ခုနှစ် မတ် ၁၆ ရက်က ရန်ကုန်မြို့ အင်းလျားကန်ပေါင်၌ ပြုလုပ်ခဲ့ရာ အဆိုပါ အခမ်းအနားသို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သ၀ဏ်လွှာပေးပို့ခဲ့ရာ တံတားနီနေ့ ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့သူများ အပါအ၀င် အားလုံးသည် မပြီးဆုံးသေးသည့် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး တာဝန်များကို ဆုံးခန်းတိုင် ဆက်ပြီးယူကြဖို့ လိုအပ်နေပြီဖြစ်သည်ဟု သ၀ဏ်လွှာတွင် ဖော်ပြပါရှိသည်။ “တံတားနီနေ့ အပါအ၀င် အထိမ်းအမှတ်နေ့တွေဟာ သမိုင်းရေးရာ တန်ဖိုးနဲ့ အချက်အလက်တွေကို မမေ့လျော့စေဖို့အပြင် ဒီနေ့ခေတ်ရဲ့ သမိုင်းတာဝန်တွေကို ဆက်ပြီးထမ်းဆောင်ဖို့၊ ကျေပွန်ဖို့ဆိုတဲ့ ရည်ရွယ်ချက်လည်း ပါရှိမယ်လို့ ယုံကြည်ရင်း ဒီသ၀ဏ်လွှာကို ပေးပို့လိုက်ရပါတယ်” ဟု အဆိုပါသ၀ဏ်လွှာတွင် ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားမှုကို ဖော်ပြထားသည်။ လွန်ခဲ့သည့် (၂၆)နှစ် ၁၉၈၈ ခုနှစ် မတ်လတွင် တစ်ပါတီ အာဏာရှင်စနစ်၏

ဖယ်ရှားခံရသော သမီးကလေးရွာ အပါအဝင် ရွာလေးရွာမှ ကလေးငယ် ၁၅ ဦး ဝမ်းရောဂါဖြစ် လှည်...

ဖယ်ရှားခံရသော သမီးကလေးရွာ အပါအဝင် ရွာလေးရွာမှ ကလေးငယ် ၁၅ ဦး ဝမ်းရောဂါဖြစ် လှည်းကူး၊ မတ် ၁၆ လှည်းကူးမြို့နယ်ရှိ သမီးကလေး ကျေးရွာနှင့်အတူ ဖယ်ရှားခံရသော ကျေးရွာ လေးရွာမှ နေထိုင်သူများ အနက် ကလေးငယ် ၁၅ ဦးမှာ ဝမ်းရောဂါများ ဖြစ်ပွားလျက် ရှိကြောင်း အင်းမတီး ကျေးရွာ ကျောင်းထိုင်ဆရာတော် ဦးစန္ဒိမာက The Voice သို့ မိန့်ကြားသည်။ အဆိုပါ သမီးကလေး ကျေးရွာမှ ၁၂ နှစ်အောက် ကလေး လေးဦး၊ အင်းမတီး ကျေးရွာမှ ၁၀ နှစ်အောက် ကလေး သုံးဦး၊ လက်ကျိုက်ကျေးရွာမှ ၁၅ နှစ်အောက် ကလေးငယ် ငါးဦး ဒေါ်ကာလီ ကျေးရွာတွင် ၁၀ နှစ်အောက် ကလေးငယ် သုံးဦးတို့မှာ ဝမ်းပျက်ရောဂါများ မတ်လ ၁၄ ရက်နေ့ကမှ စ၍ ဖြစ်ပွားလျက် ရှိကြောင်း အဆိုပါ ပြောင်းရွှေ့ခံ ရွာသူရွာသားများ ထံမှ စုံစမ်း သိရှိရသည်။ “ဒီမှာ သောက်ရေ အခက်အခဲ ရှိတယ်။ ကိုယ်တိုင် တူးထားတဲ့ လက်လုပ်တွင်းထဲက ရေတွေက ရွှံ့ရောင် ထနေတဲ့ ရေတွေ ချိုးရ၊ သောက်ရတာကြောင့် လူကြီးက မသိသာပေမယ့် ကလေးတွေ အထိနာတာပေါ့။ ရှိတဲ့ ဆေးမြီးတိုတွေ၊ ဝမ်းပိတ်ဆေးတွေပဲ တိုက်ထားရတယ်” ဟု ဝမ်းရောဂါ ဖြစ်ပွားနေသော အသက် ၁၂ အရွယ် ကလေးငယ်၏ မိခင် ဒေါ်တင်ရီက ပြောကြားသည်။ ဖယ်ရှားခံရသူများ နေထိုင်သော နေရာများတွင် သောက်သုံးရေ ရရှိရန်

ရွေးကောက်ပွဲ ကတိမတည်ဟု ဆိုကာ ရေဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကို တာဝ...

ရွေးကောက်ပွဲ ကတိမတည်ဟု ဆိုကာ ရေဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကို တာဝန်မှ ရုပ်သိမ်းရေး မဲဆန္ဒရှင်အချို့ ပြင်ဆင် ထားဝယ်၊ မတ် ၁၆ တနင်္သာရီတိုင်း ဒေသကြီး ရေဖြူမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဦးအား ရွေးကောက်ပွဲ ကတိမတည်ဟု ဆိုကာ လွှတ်တော် ကိုယ်စားလှယ် တာဝန်မှ ပြန်လည် ရုပ်သိမ်းပေးရေး အတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို တင်ပြရန် စတင် ပြင်ဆင်နေပြီ ဖြစ်ကြောင်း ယင်းလှုပ်ရှားမှုကို ကမကထ ပြုသည့် ကံပေါက်ဒေသ ဖွံ့ဖြိုးရေး ကွန်ရက်က ပြောကြားသည်။ ၂၀၁၀ ရွေးကောက်ပွဲတွင် ရွေးကောက်ခံရသော ရေဖြူ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဦးသည် ကံပေါက်ဒေသ ပြည်သူများအတွက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို လွှတ်တော်ကဏ္ဍတွင် သာမက ပြည်သူများနှင့် တွေ့ဆုံပြီး ဦးစီး ဆောင်ရွက်ပေးခြင်း မရှိခြင်းကြောင့် ယင်းသို့ ကန့်ကွက်ရန် ပြည်သူများ၏ သဘောထား လက်မှတ်များကို မတ်လ ၆ ရက်နေ့မှ စတင် စုဆောင်းခဲ့ခြင်း ဖြစ်ကြောင်း ယင်းကွန်ရက်မှ အဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။ “၂၀၁၀ မဲလာဆွယ်တုန်းကတော့ အမတ်လောင်းဖြစ်ရင် လမ်းဖောက်ပေးမယ်။ မီးရအောင် လုပ်ပေးမယ် ပြောပြီးတော့ အခု ၂၀၁၄ ရောက်သွားပြီ ဘာမှ မဖြစ်လာဘူး” ဟု အ

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး မေလအတွင်း အပြီးသတ် လုပ်ဆောင်မည်ဟု ဦးခွန်ဥက...

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး မေလအတွင်း အပြီးသတ် လုပ်ဆောင်မည်ဟု ဦးခွန်ဥက္ကာ ပြောကြား တောင်ငူ၊ မတ် ၁၆ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ငြိမ်းချမ်းရေး လိုလားကြောင်း တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များက ယုံကြည်လာသောကြောင့် ၂၀၁၄ မေလ မကုန်မီ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးနိုင်မည် ဖြစ်ကြောင်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့မှ ဦးခွန်ဥက္ကာက ပြောကြားသည်။ ယခုနှစ် မတ်လ ၉ ရက်နှင့် ၁၀ ရက်နေ့များတွင် မြန်မာငြိမ်းချမ်းရေး စင်တာတွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအဖွဲ့ NCCT နှင့် တပ်မတော် ခေါင်းဆောင် အချို့ ညှိနှိုင်းပြီး ဧပြီလ ပထမပတ် အတွင်း နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ရေးအတွက် ကရင်ပြည်နယ် ဘားအံမြို့တွင် အကြိုဆွေးနွေးပွဲ ပြုလုပ်ရန် သဘောတူခဲ့သည်။ ယင်းဆွေးနွေးပွဲတွင် နိုင်ငံလုံးဆိုင်ရာ အပစ်ရပ် စာချုပ်ကို နှစ်ဖက် သဘောတူညီချက်ဖြင့် အပြီးသတ် ရေးဆွဲမည် ဖြစ်ကြောင်း ဦးခွန်ဥက္ကာက ထပ်လောင်း ပြောကြားသည်။ “ဧပြီမှာ ဘားအံ ဆွေးနွေးပွဲမှာ စာချုပ်ကိစ္စ အပြီးသတ်မယ်။ မေမှာ ရန်ကုန် (သို့မဟုတ်) နေပြည်တော်မှာ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်

ရတနာပုံ ပရိသတ်များကို လူမှုကွန်ရက်တွင် ဆဲဆိုခဲ့သည့် မကွေးဂိုးသမားကို အရေးယူမည် မဟ...

ရတနာပုံ ပရိသတ်များကို လူမှုကွန်ရက်တွင် ဆဲဆိုခဲ့သည့် မကွေးဂိုးသမားကို အရေးယူမည် မဟုတ်ဟုဆို ရန်ကုန် မတ် ၁၆ လူမှုကွန်ရက် ဝက်ဆိုက် တစ်ခုဖြစ်သည့် ဖေ့ဘုတ် (Facebook) စာမျက်နှာမှ တစ်ဆင့် ရတနာပုံ ပရိသတ်များကို ကြမ်းတမ်းစွာ ဆဲဆိုခဲ့သည့် မကွေးအသင်း ဂိုးသမား ကျော်ဇင်ဖြိုးကို အရေးယူမည် မဟုတ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးစိုးမိုးကျော်က ပြောကြားသည်။ ရတနာပုံအသင်းနှင့် မကွေးအသင်းတို့ ယှဉ်ပြိုင် ကစားခဲ့သည့်ပွဲကို တာဝန်ယူခဲ့သည့် ကြီးကြပ်သူများနှင့် ပြိုင်ပွဲကျင်းပရေး တာဝန်ခံတို့က MFF သို့ တိုင်ကြားခဲ့ခြင်း မရှိကြောင်းနှင့် ပြိုင်ပွဲပြင်ပတွင် ဖြစ်ပေါ်ခဲ့သည့် ပြဿနာ ဖြစ်ခြင်းတို့ကြောင့် အရေးမယူခဲ့ခြင်း ဖြစ်သည်ဟု ၎င်းကဆိုသည်။ မြန်မာ့လက်ရွေးစင် ကစားသမားလည်း ဖြစ်သည့် ကျော်ဇင်ဖြိုးအနေနှင့် ပရိသတ်ကို ဆဲဆိုခြင်းမျိုး မလုပ်သင့်ကြောင်း၊ ပြိုင်ပွဲဝင် အသင်းများက တရားဝင် တိုင်ကြားမှသာ စည်းကမ်း ထိန်းသိမ်းရေး ကော်မတီအနေနှင့် ပြစ်ဒဏ်ပေးသင့်၊ မပေးသင့် ဆုံးဖြတ်နိုင်မည် ဖြစ်ကြောင်း၊ ယခုဖြစ်ရပ်မှာ စည်းကမ်း ထိန်းသိမ်းရေး ကော်မတီနှင့် သက်ဆိုင်ခြင်း မရှိကြောင်း ဝါရင့် အားကစား ကလောင်ရှင်လည်းဖြစ

မန္တလေးတွင် နွေရာသီ၌ လျှပ်စစ်မီး ပြတ်တောက်မှု မရှိစေရန် မီးစက်ကြီး ၂၄ လုံးဖြင့် ဓာ...

မန္တလေးတွင် နွေရာသီ၌ လျှပ်စစ်မီး ပြတ်တောက်မှု မရှိစေရန် မီးစက်ကြီး ၂၄ လုံးဖြင့် ဓာတ်အား အစားထိုး ပေးသွားမည် မန္တလေး၊ မတ် ၁၆ မန္တလေးတိုင်း ဒေသကြီးတွင် နွေရာသီ၌ လျှပ်စစ်ဓာတ်အား ပြတ်တောက် မှုများ ရှိလာပါက အမေရိကန် ပြည်ထောင်စုနှင့် ဂျပန်နိုင်ငံထုတ် မီးစက်ကြီး ၂၄ လုံးဖြင့် အစားထိုး ဓာတ်အား ဖြန့်ချိပေးသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာ ဌာနထံမှ စုံစမ်း သိရှိရသည်။ “နွေရာသီကို ရောက်ရင် ရေအားလျှပ်စစ် စီမံကိန်းတွေက ဓာတ်အား ထုတ်လုပ်မှု အားနည်းလာတယ်။ မန္တလေး အနေနဲ့က ရေအားလျှပ်စစ်က ထွက်လာတဲ့ ဓာတ်အား အားလုံးကို မဟာ ဓာတ်အားလိုင်းပေါ် တင်ပေးလိုက်တယ်။ ကျန်တဲ့ဓာတ်အား တစ်ဝက်ထဲကမှ မန္တလေးအတွက် လိုအပ်တဲ့ ဓာတ်အားကို သုံးစွဲတာ ဆိုတော့ နွေရာသီ ရောက်ရင် ဓာတ်အားကတော့ နည်းနည်း လျော့မယ့်အတွက် တိုင်းဒေသကြီးထဲမှာ အင်ဂျင် ၂၄ လုံးနဲ့ လိုအပ်တဲ့ နေရာတွေကို ဓာတ်အား ဖြည့်စွက်ပြီး ပေးသွားမယ်” ဟု မန္တလေးတိုင်း ဒေသကြီး လျှပ်စစ် အင်ဂျင်နီယာရုံး အကြီးတန်း အရာရှိတစ်ဦးက ဆိုသည်။ လက်ရှိ နွေရာသီတွင် လိုအပ်သော ဓာတ်အားများ ဖြည့်စွက် အသုံးပြုနိုင်ရေး အတွက် အမေရိကန်နိုင်ငံနှင့် ဂျပန်နိုင်ငံများက ထုတ်လုပ်သော 1000KVA Weld

ဒဂုံတက္ကသိုလ် ကျောင်းသား လေးရာကျော် စာမေးပွဲကာလ ကြို၊ ပို့ယာဉ် ခက်ခဲဟုဆို ရန်ကုန...

ဒဂုံတက္ကသိုလ် ကျောင်းသား လေးရာကျော် စာမေးပွဲကာလ ကြို၊ ပို့ယာဉ် ခက်ခဲဟုဆို ရန်ကုန်၊ မတ် ၁၆ လှည်းကူးနှင့် မင်္ဂလာဒုံ မြို့နယ်များရှိ ဒဂုံတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ လေးရာနီးပါး အတွက် မတ်လ ၁၉ ရက်နေ့တွင် စတင်မည့် ပထမနှစ်ဝက် စာမေးပွဲ ကာလအတွင်း ကြို၊ ပို့ယာဉ် မရှိမှုကြောင့် စာမေးပွဲ သွားရောက်ဖြေဆိုရန် အခက်အခဲ တွေ့နေကြောင်း ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုမင်းသုခက The Voice သို့ ပြောကြားသည်။ ခရီးဝေးသောကြောင့် မနက်ပိုင်း စာမေးပွဲ ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုချိန်အမီ မရောက်နိုင်သောကြောင့် တက္ကသိုလ် အုပ်ချုပ်သူများထံ ကြို၊ ပို့ယာဉ် စီစဉ်ပေးရန် တောင်းဆိုခဲ့သော်လည်း အကြောင်း ပြန်ကြားခြင်း မရှိသေးကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။ ယင်းကြောင့် ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်များနှင့် တက္ကသိုလ်ရှိ စားသောက်ဆိုင်ခန်း အချို့နှင့် ကျောင်းသား၊ ဆရာများထံက ကောက်ခံ ရရှိသော အလှူငွေတို့နှင့် ကြို၊ ပို့ယာဉ် ငှားရန် စီစဉ်နေကြောင်း၊ သို့သော် ကျောင်းသားဦးရေနှင့် ငှားရမ်းနိုင်သော ယာဉ်အစီးရေ လုံလောက်မှု မရှိကြောင်း အဆိုပါ ကျောင်းသားသမဂ္ဂထံမှ စုံစမ်း သိရှိရသည်။ “စာမေးပွဲ မီဖို့ဆို မနက် ခြောက်နာရီ က

ပျောက်ဆုံးနေသော မလေးရှား လေယာဉ်ကို မောင်းနှင် သွားသည့် လေယာဉ်မှူးမှာ နိုင်ငံရေး...

ပျောက်ဆုံးနေသော မလေးရှား လေယာဉ်ကို မောင်းနှင် သွားသည့် လေယာဉ်မှူးမှာ နိုင်ငံရေး ခံယူချက် ပြင်းထန်သူ ဖြစ်ကြောင်း စုံစမ်းတွေ့ရှိ ကွာလာလမ်ပူ၊ မတ် ၁၆ လွန်ခဲ့သော ၉ ရက်ခန့်က ပျောက်ဆုံးသွားခဲ့သည့် မလေးရှား လေကြောင်းလိုင်းပိုင် ဘိုးရင်း ၇၇၇ ကို တာဝန်ယူပြီး မောင်းနှင် သွားခဲ့သည့် လေယာဉ်မှူးမှာ နိုင်ငံရေးခံယူချက် ပြင်းထန်သူ တစ်ဦးဖြစ်ပြီး မလေးရှား အတိုက်အခံ နိုင်ငံရေး ခေါင်းဆောင် အန်ဝါအီဘရာဟင်မ်ကို ထောက်ခံသူတစ်ဦး ဖြစ်သည်ဟု Daily Mail တွင် ဖော်ပြထားသည်။ လူ ၂၃၉ ဦးကို တင်ဆောင်သွားသော မလေးရှား လေကြောင်းလိုင်းပိုင် လေယာဉ်သည် တစ်စုံတစ်ဦး၏ ရည်ရွယ်ချက်ရှိရှိ လမ်းကြောင်းပြောင်း မောင်းနှင်ခြင်းကို ခံခဲ့ရခြင်း ဖြစ်ကြောင်း တာဝန်ရှိသူများက အတည်ပြုပြီးသည့် နောက်တွင် မလေးရှား အာဏာပိုင်များက အသက် ၅၃ နှစ်အရွယ် လေယာဉ်မှူး ဇာဟာရီ အာမတ်ရှားနှင့် အသက် ၂၇ နှစ်အရွယ် တွဲဖက်လေယာဉ်မှူး ဖာရစ်အာ့ဘ်ဟာမစ်တို့၏ နောက်ကြောင်း ရာဇဝင်ကို စုံစမ်းစစ်ဆေးခဲ့ကာ ၎င်းတို့၏ နေအိမ်များကိုလည်း စစ်ဆေး ရှာဖွေခဲ့သည်။ ထိုကဲ့သို့ အာဏာပိုင်များက လေယာဉ်မှူး နှစ်ဦး၏ နောက်ကြောင်းကို စုံစမ်း စစ်ဆေးနေသည့် အချိန်မှာပင် လေယာဉ်မှူး ဇာဟာရီအာမတ်ရှားသည် မ