Skip to main content

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး မေလအတွင်း အပြီးသတ် လုပ်ဆောင်မည်ဟု ဦးခွန်ဥက...



နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး မေလအတွင်း အပြီးသတ် လုပ်ဆောင်မည်ဟု ဦးခွန်ဥက္ကာ ပြောကြား



တောင်ငူ၊ မတ် ၁၆



တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ငြိမ်းချမ်းရေး လိုလားကြောင်း တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များက ယုံကြည်လာသောကြောင့် ၂၀၁၄ မေလ မကုန်မီ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးနိုင်မည် ဖြစ်ကြောင်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့မှ ဦးခွန်ဥက္ကာက ပြောကြားသည်။



ယခုနှစ် မတ်လ ၉ ရက်နှင့် ၁၀ ရက်နေ့များတွင် မြန်မာငြိမ်းချမ်းရေး စင်တာတွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအဖွဲ့ NCCT နှင့် တပ်မတော် ခေါင်းဆောင် အချို့ ညှိနှိုင်းပြီး ဧပြီလ ပထမပတ် အတွင်း နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ရေးအတွက် ကရင်ပြည်နယ် ဘားအံမြို့တွင် အကြိုဆွေးနွေးပွဲ ပြုလုပ်ရန် သဘောတူခဲ့သည်။



ယင်းဆွေးနွေးပွဲတွင် နိုင်ငံလုံးဆိုင်ရာ အပစ်ရပ် စာချုပ်ကို နှစ်ဖက် သဘောတူညီချက်ဖြင့် အပြီးသတ် ရေးဆွဲမည် ဖြစ်ကြောင်း ဦးခွန်ဥက္ကာက ထပ်လောင်း ပြောကြားသည်။



“ဧပြီမှာ ဘားအံ ဆွေးနွေးပွဲမှာ စာချုပ်ကိစ္စ အပြီးသတ်မယ်။ မေမှာ ရန်ကုန် (သို့မဟုတ်) နေပြည်တော်မှာ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးနိုင်ဖို့ NCCT အဓိကထား လုပ်နေတယ်” ဟု ဦးခွန်ဥက္ကာ ဆိုသည်။



လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီမှ ၁၉၉၀ ရွေးကောက်ပွဲတွင် ပါဝင်ခဲ့သူ နိုင်ငံရေးသမားဟောင်း တစ်ဦးကမူ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်နှင့် ပတ်သက်ပြီး “နောက်ဆုံးအကြိမ် တွေ့ဆုံ ဆွေးနွေးမှုမှာတော့ တပ်မတော် ထိပ်တန်းခေါင်းဆောင် အချို့ ပါဝင်လာတာ မြင်တွေ့ရတဲ့ အတွက် အရင်ကထက်စာရင် ပိုနီးစပ်လာပြီ ဆိုတာတော့ မြင်တွေ့ရတယ်” ဟု သုံးသပ် ပြောဆိုသည်။



အစိုးရက၂၀၁၃ ခုနှစ် ဒီဇင်ဘာလ မတိုင်မီ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးနိုင်မည်ဟု ပြောဆိုခဲ့သော်လည်း ကချင်ပြည်နယ်တွင် KIO/KIA တပ်ဖွဲ့နှင့် အပစ်အခတ် ရပ်စဲနိုင်ခြင်း မရှိသောကြောင့် လက်မှတ် ရေးထိုးနိုင်ခဲ့ခြင်း မရှိပေ။



ထို့ကြောင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံး ပါဝင်သော ညီလာခံ နှစ်ခု ကျင်းပကာ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးအတွက် စာချုပ် ရေးဆွဲခဲ့ပြီး ယင်းစာချုပ်၏ နောက်ဆုံး အဆင့်ကို လာမည့် ဧပြီလအတွင်း ပြုလုပ်မည့် ဘားအံ ဆွေးနွေးပွဲတွင် အပြီးသတ် ညှိနှိုင်းမည်ဟု NCCT ခေါင်းဆောင်များက ပြောဆိုထားသည်။





from The Voice Weekly's Facebook Wall http://ift.tt/1gsGTDh

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...