Skip to main content

Posts

Showing posts from October 31, 2014

နွားနို့ သည် အရိုးများကို သန်မာစေခြင်းမရှိဘဲ အသက်အရွယ်ကြီးရင့်စေကြောင်း အသစ်လေ့လာတွေ့ ရှိ

ကျန်းမာရေး၊ အောက် ၃၁၊ သမန်းကျား နွားနို့ သည် အရိုးများကို ကြီးထွားသန်မာစေသည်ဟု မူလကယုံကြည်ထားချက်သည် မှားယွင်းနေပြီး နွားနို့ တွင် ပါရှိသော သကြားဓါတ်များက အသက်အရွယ်ကြီးရင့်မှုကို မြန်ဆန်စေကြောင်း ဆွီဒင်နိုင်ငံ အပ်ပဆာလာတက္ကသိုလ် မှ သုတေသီများက အသစ်လေ့လာတွေ့ ရှိ ထုတ်ပြန်ကြေငြာထားသည်။ ဆွီဒင်နိုင်ငံတွင် လူပေါင်း (၁)သိန်းထက်မနည်းတို့ ၏ နွားနို့ နှင့်နို့ ထွက်ပစ္စည်း စားသုံးခြင်းကို သုတေသီများက စောင့်ကြည့်လေ့လာခဲ့ကြသည်။ ၁၉၈၇ ခုနှစ်မှ ၁၉၉၀ အတွင်း အမျိုးသမီး ၆၁၄၀၀ ဦး ကိုလည်းကောင်း၊ ၁၉၉၇ နောက်ပိုင်းတွင် အမျိုးသား ၄၅၃၀၀ ဦးကိုလည်းကောင်း နွားနို့ ၊ ဒိန်ခဲနှင့် နို့ ချဉ် မည်ရွေ့ မည်မျှသောက်သုံးသည် ကို မေးမြန်းစာရင်းပြုစုထားရှိခဲ့ပြီး အမျိုးသမီးများကို နောက်ထပ် (၂၀) နှစ်၊ အမျိုးသားများကို နောက်ထပ် (၁၁) နှစ် စောင့်ကြည့်လေ့လာခဲ့ကြရာ တစ်ရက်လျင် နွားနို့  (၃) ခွက်ထက်ပို၍သောက်သော အမျိုးသမီးများသည် နွားနို့  အသောက်နည်းသော အမျိုးသမီး များထက် အရိုးကျိုးသည့်နှုန်းပိုသည်ကို တွေ့ ရှိခဲ့ကြခြင်းဖြစ်သည်။ နွားနို့ အသောက်များတဲ့ အမျိုးသမီးတွေက အရိုးကြွပ်ပြီး ပိုကျိုးလွယ်ပါတယ်။ နွားနို့ အသောက်များတဲ့ အမျိုးသား တွေရေ

IS အပါအဝင် အစွန်းရောက်တွေနဲ့ ပူးပေါင်းဖို့ သွားသူတွေ တစ်သောင်းခွဲလောက် ရှိ

ဆီးရီးယားနဲ့ အီရတ် တို့မှာ ရှိတဲ့ IS အစွန်းရောက် အဖွဲ့ အပါအဝင် အခြား ဂျီဟတ်ဝါဒီ တိုက်ခိုက်ရေး သမားတွေဆီကို ပူးပေါင်းဖို့ ကမ္ဘာ တလွှားကနေ သွားရောက် ကြသူတွေပေါင်း တစ်သောင်းခွဲလောက် ရှိတယ် လို့ ကုလသမဂ္ဂ ရဲ့ အစီရင် ခံစာ တစ်စောင် ထဲမှာ ဆိုပါတယ်။ အဲဒီ့ အစီရင်ခံစာ ကို လုံခြုံရေး ကောင်စီထံ တင်သွင်းခဲ့တာ ဖြစ်ပြီး၊ ကမ္ဘာတလွှား လို့ ဆိုရာမှာ နိုင်ငံပေါင်း ၈၀ ကျော်တယ် လို့ ရေးသား ထားပါတယ်။ အခုဆိုရင် အစွန်းရောက် သမားတွေ ဆီမှာ ဗုံးလုပ်နည်း အသစ် တစ်ခုလည်း ရှိနေပြီ ဆိုတဲ့ အထောက် အထားတွေ ရထားကြောင်း လည်း အစီရင်ခံစာ က ဆိုပါတယ်။ အဖွဲ့တွေ အနေနဲ့ နာမည်တွေ ဘယ်လိုကွဲကွဲ၊ အယ်ကိုင်းဒါး ခေါင်းဆောင်တွေပဲ ဖြစ်ဖြစ်၊ IS ခေါင်းဆောင်တွေပဲ ဖြစ်ဖြစ်၊ သူတို့မှာ တူညီတဲ့ မဟာဗျူဟာမြောက် ဘုံ ရည်မှန်းချက် ပန်းတိုင် ရှိကြတယ် ဆိုပြီး အစီရင်ခံစာ ထဲမှာ ဖော်ပြ ထားပါတယ်။ ဘီဘီစီ (မြန်မာပိုင်း) http://ift.tt/1tKcsUo အစွန်းရောက်တွေဆီမှာ ဗုံးလုပ်နည်း အသစ် တွေ ရှိနေပြီလို့ ကုလ အစီရင်ခံစာ မှာ ရေးသားထား။ from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1tKcsUr

UPWC နှင့် SSPP တို့ နေပြည်တော်တွင်တွေ့ဆုံ၊ ဆုံးဖြတ်ချက်မချရသေး

အောက်တိုဘာ ၃၁ ရက် ၂၀၁၄ အစိုးရနှင့် သျှမ်းပြည်တိုးတက်ရေးပါတီ/ သျှမ်းပြည်တပ်မတော် SSPP/SSA တို့ ပူးတွဲဖွဲ့စည်းမည့် နယ်မြေတည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုး တက်မှုအဖွဲ့ တွင် နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူမှုအဖွဲ့ အစည်းများနှင့် လူရိုသေ ရှင်ရိုသေ ရှိသည့် ပုဂ္ဂိုလ်များပါဝင် နိုင်ရန် SSPP/SSA ကတင်ပြ ဆွေးနွေးခဲ့ကြောင်း အထွေထွေ အတွင်းရေးမှူးကပြောသည်။ အောက်တိုဘာ ၃၁ ရက်နေ့ နံနက် ၉ နာရီတွင် ပြည်ထောင်စုငြိမ်းချမ်းရေး လုပ် ငန်းဖေါ်ဆောင်ရေးကော်မတီ ဒုတိယ ဥက္ကဌ ၁ ပြည်ထောင်စုဝန်ကြီး ဦးအောင် မင်း ဦးဆောင်သည့်အဖွဲ့က သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည် တပ်မတော် SSPP/SSA အထွေထွေအတွင်းရေးမှူး စ၀်ခွန်ဆိုင်ခေါင်းဆောင်သော အဖွဲ့အား နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့ကြသည်။ ထိုတွေ့ဆုံပွဲတွင် သျှမ်းပြည်တပ်မတော်နှင့် အစိုးရတပ်မတော်တို့ကြား တိုက်ပွဲ များလျှော့ချရေးအတွက် နှစ်ဖက်ပါဝင်သည့် နယ်မြေတည်ငြိမ်အေး ချမ်းရေးနှင့် ဖွံ့ဖြိုးတိုး တက်ရေးပူပေါင်းဆောင်ရွက်ရေးကော်မတီ ဖွဲ့စည်း ရန် အောက်တိုဘာ ၁၈ ရက်က လားရှိုးမြို့တွင်တွေ့ ဆုံစဉ် ပြည်ထောင် စုငြိမ်းချမ်းရေးဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဌ ၂ ဦးသိန်းဇော်၏တိုက်တွန်းချက်များအာ

ဘူးသီးတောင်တွင် ဗုံးနှစ်လုံးပေါက်ကွဲ

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တွင် အောက်တိုဘာ ၃၁ ရက်နေ့ ညဥ့် ၉ နာရီခန့်က ဗုံး နှစ်လုံး ပေါက်ကွဲခဲ့သည်ဟု သိရသည်။ “ ဗုံးပေါက်တာက မနေ့ ညဥ့် ၉ နာရီ ၁၅ မိနစ်မှာ ဖြစ်ပါတယ်။ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး ရိပ်သာရှေ့မှာ ပေါက်တာ ဖြစ်ပါတယ်။ ထိခိုက်ဒဏ်ရာ ရတာတွေမရှိပါဘူး” ဟု ဘူးသီးတောင်မြို့မှ အရပ်ဘက် အဖွဲ့ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးအောင်ကိုကိုက ပြောသည်။ ယင်းဗုံးများမှာ လက်လုပ် အမျိုးအစား ဖြစ်ပုံရပြီး ဗုံးပေါက်ကွဲသော နေရာမှ လက်ကိုင်မိုဘိုင်းဖုန်း တစ်လုံး၊ စက်ဘီး ဘားစေ့များနှင့် ပုလင်းကွဲများကိုတွေ့ရသည်ဟု သူက ဆိုသည်။ ဘူးသီးတောင်မြို့တွင် မီးပေးဝေနေသော မီးစက်ကြီး ပျက်နေသည်မှာ သုံးရက်ခန့်ရှိနေပြီး မသမာသူများက လျှပ်စစ်မီး မရှိသဖြင့် အမှောင်ကို အသုံးပြုလျှက် ဗုံးများကို ဖေါက်ခွဲခဲ့ပုံရကြောင်း သူက ဆိုသည်။ ဗုံးပေါက်ကွဲသော အသံမှာ သိပ်မကျယ်လောင်ကြောင်း၊ ယခုအခါ ဗုံးပေါက်ကွဲမူနှင့် ဆက်စပ်ပြီး ကွင်းဆက်များကို လိုက်လံ စုံစမ်းဖေါ်ထုတ်နေသည်ဟု ရဲတာဝန်ရှိသူ တစ်ဦးက ပြောသည်။ “ မြို့လူထုက တော့ သိပ် အထိတ်တလန့် မဖြစ်ပါဘူး။ ခုလို ဗုံးကွဲတဲ့ အတွက် နောက်ဆက်တွဲ ဘာတွေ ဖြစ်လာမလဲဆိုတာကိုဘဲ လူတွေက စုံစမ်းသိချင်နေကြတဲ့

အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲဖြစ်ရေး အိုဘားမား တိုက်တွန်း

သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ခေါင်းဆောင် ၁၄ ဦးရဲ့ မနေ့က ဆွေးနွေးပွဲမတိုင်ခင် လေး ငါး နာရီအလိုမှာ အမေရိကန်သမ္မတ အိုဘားမားက သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို သီးခြားစီ တယ်လီဖုန်းနဲ့ ဆက်သွယ် စကားပြောဆိုခဲ့ပါတယ်။ သမ္မတ ဦးသိန်းစိန်နဲ့ ပြောဆိုခဲ့ရာမှာ ၂၀၁၅ ရွေးကောက်ပွဲဟာ အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲဖြစ်အောင်၊ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိအောင် အချိန်တိုအတွင်း အစွမ်းကုန်ကြိုးစားဖို့ တိုက်တွန်းခဲ့သလို၊ ရခိုင်ပြည်နယ်က မွတ်စလင်တွေရဲ့ လူမှုရေး၊ နိုင်ငံရေးအခွင့်အလမ်းတွေ ပိုမိုတိုးတက်မှုရှိလာအောင် ဆောင်ရွက်ပေးဖို့ တိုက်တွန်းတောင်းဆိုခဲ့ကြောင်း အိမ်ဖြူတော် ကြေညာချက်က ဖေါ်ပြပါတယ်။ ဒါ့ပြင် အာဆီယံညီလာခံတက်ရောက်ဖို့ လာရောက်မယ့် မြန်မာနိုင်ငံခရီးစဉ်နဲ့ ပတ်သက်ပြီးတော့လည်း ဆွေးနွေးပြောဆိုခဲ့တယ်လို့ သိရပါတယ်။ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြောဆိုခဲ့ရာမှာ လက်ရှိ မြန်မာ့နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု အခင်းအကျင်းတွေ၊ ၂၀၁၅ ရွေးကောက်ပွဲဆိုင်ရာ အခြေအနေတွေ ဆွေးနွေးခဲ့သလို၊ အမေရိကန်သမ္မတက မြန်မာနိုင်ငံမှာ

ပုဂ္ဂလိက အာကာသ ခရီးသွားလုပ်ငန်း အတွက် စမ်းသပ် ပျံသန်းတဲ့ ဗာဂျင်း ဂလဲတစ် ယာဉ် ပျက်ကျ

Virgin Galactic လို့ ခေါ်တဲ့ အာကာသယာဉ်ဟာ အမေရိကန် ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား ပြည်နယ် သဲကန္တာရထဲမှာ၊ အစမ်း ပျံသန်းမှု ပြုလုပ်စဉ်၊ ပျက်ကျ သွားတဲ့ အတွက်၊ အာကာသယာဉ်မှုးတစ်ယောက် သေဆုံးပြီး နောက် တစ်ဦး လည်း အပြင်းအထန် ဒဏ်ရာ ရသွား ပါတယ်။ အာကာသထဲကို ခရီးသွား လိုတဲ့ သူတွေဆီက အခကြေးငွေ ယူပြီး ပို့ ဆောင်ပေးမယ့် အာကာသ ခရီးသွား လုပ်ငန်း လုပ်ဆောင်ဖို့ ဒီ Virgin Galactic ယာဉ်ကို ဗြိတိသျှ စီးပွားရေး လုပ်ငန်း ဖြစ်တဲ့ Virgin အုပ်စုက တည်ဆောက် ထားတာ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ် ထဲမှာ လုပ်ငန်း စတင်နိုင်ဖို့ အခုလို စမ်းသပ် ပျံသန်းမှုတွေ လုပ်ဆောင် နေကြတာပါ။ အာကာသ ခရီး ထွက်လိုကြတဲ့ ရာနဲ့ချီတဲ့ သူတွေ ကြိုတင် လက်မှတ် ယူထား ကြပြီးလည်း ဖြစ်ပါတယ်။ BBC Burmese http://ift.tt/1qQiOB8 from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1u458o1

အမေရိကန် အရေးယူမှု ထိရောက်ဖို့ လိုအပ်

အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက လူပုဂ္ဂိုလ် တဦးချင်းစီအတွက် စီးပွားရေးအရ ဒဏ်ခတ်တဲ့ အနေနဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိ အာဏာရ နိုင်ငံရေး ပါတီက သြဇာကြီးမားတဲ့ တောင်သာ လွှတ်တော်အမတ် ဦးအောင်သောင်းကို အမည်မည်း စာရင်းမှာ ထည့်သွင်း လိုက်ပါတယ်။ အခုလို အရေးယူတာဟာ ထိရောက်မှု မရှိဘူးလို့ မြန်မာ့အရေး သုံးသပ်သူတွေက ဝေဖန်လိုက်ပါတယ်။ အပြည့်အစုံ ကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက အရင်ကတည်းက မြန်မာ စစ်အစိုးရ အဖွဲ့ တခုလုံးကို အရေးယူ ဒဏ်ခတ်မှုတွေ ချထားရာကနေ သောကြာနေ့မှာတော့ CDN လို့ခေါ်တဲ့ လူပုဂ္ဂိုလ် တစ်ဦးချင်းကို စီးပွားရေး အရ အရေးယူ ဒဏ်ခတ်တဲ့သဘောနဲ့ လွှတ်တော် အမတ် ဦးအောင်သောင်းကို အမည်မည်း စာရင်း သွင်းကြောင်း ကြေညာ လိုက်တာပါ။ အခုလို အရေးယူတဲ့အတွက် အမေရိကန်နိုင်ငံ ထဲက ဦးအောင်သောင်းရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်တာနဲ့အတူ အမေရိကန် နိုင်ငံသားတွေအနေနဲ့ သူနဲ့ အကျိုးတူ စီးပွားရေး လုပ်ခွင့် မရှိတော့ပါဘူး။ ဒါပေမဲ့ ဦးအောင်သောင်းလို အရင်ကတည်းက အမေရိကန်နဲ့ အဆက်အဆံ မရှိသူကို အရေးယူ တာဟာ ထိရောက်မှု မရှိဘူးလို့ အမေရိကန် ပြည်ထောင်စု မှာ နိုင်ငံတကာ ကုန်သွယ်မှုတွေကို လေ့လာနေတဲ့ ဦးအောင်မိုးဝင်းက ပြော

Euro Sports Vol 5 No 31

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။ from သစ်ထူးလွင် (သတင်းစာ၊ ဂျာနယ်နှင့် ရုပ်သံ) - Myanmar News Now http://ift.tt/13poMjh via IFTTT

90:00 Minutes Sports Vol 6 No 43

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။ from သစ်ထူးလွင် (သတင်းစာ၊ ဂျာနယ်နှင့် ရုပ်သံ) - Myanmar News Now http://ift.tt/13poOrg via IFTTT

MH370 ပျောက်ဆုံးမှု ပထမဆုံး အမှုဖွင့် တရားစွဲ

ပျောက်ဆုံးသွားတဲ့ မလေးရှား လေယာဉ် MH370 နဲ့ အတူ ပါသွားတဲ့ မလေးရှား လူမျိုး ဖခင် တစ်ယောက်ရဲ့ ကျန်ရစ်သူ သား ၂ ယောက်က မလေးရှား လေကြောင်းလိုင်းနဲ့ မလေးရှား အစိုးရ အပေါ် အမှုဖွင့် တရားစွဲဆို လိုက်ပါတယ်။ ဒီအမှုဟာ ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့က MH370 ပျောက်ဆုံး သွားပြီးကတည်းက ဥပဒေကြောင်း အရ ရင်ဆိုင် စွဲဆိုတဲ့ ပထမဆုံး အမှုအခင်း ဖြစ်ပါတယ်။ စွဲဆိုချက်တွေမှာ လုံခြုံ စိတ်ချရတဲ့ ခရီးစဉ် ဖြစ်အောင် ဆောင်ရွက်စရာ ရှိတာတွေ အားလုံးကို လုပ်ဆောင်ဖို့ ပျက်ကွက်ခဲ့တယ် ဆိုပြီး လေကြောင်းလိုင်းကို စွဲဆိုထားသလို အရပ်ဘက် လေကြောင်း ဌာန၊ လူဝင်မှု ကြီးကြပ်ရေး ဌာနနဲ့ လေတပ် တို့ကိုပါ ပေါ့ဆမှု တွေနဲ့ စွဲဆိုထားပါတယ်။ ရှေ့နေတွေဟာ လေယာဉ်ပေါ် ပါသွားတဲ့ ခရီးသည် Jee Jing Hang ရဲ့ အသက် မပြည့်သေးတဲ့ ကျန်ရစ်သူ သား ၂ ယောက် အတွက် ကိုယ်စားပြု ရင်ဆိုင်သွားမှာ ဖြစ်ပါတယ်။ ကွာလာလမ်ပူ ကနေ ဘေဂျင်း မြို့ကို ပျံသန်းတဲ့ MH370 လေယာဉ်ပေါ်မှာ လူ ၂၃၀ ယောက် လိုက်ပါသွားပါတယ်။ ဘီဘီစီ (မြန်မာပိုင်း) http://ift.tt/1wOHSd0 လေယာဉ်ပျောက်ရဲ့ အပျက်အစီး တစုံတရာ မတွေ့ရသေး from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1wOHSd5

နိုဝင်ဘာလ (၂)ရက်နေ့ ထုတ် Euro Sports Vol 5 No 31

နိုဝင်ဘာလ (၂)ရက်နေ့ ထုတ် Euro Sports Vol 5 No 31 မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1vptRP2

အမျိုးသား ပညာရေးဥပဒေ ဆန့်ကျင်ရေး မန္တလေးမှာ ဆန္ဒပြ

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ၈ ခရိုင်က အမျိုးသား ပညာရေး ဥပဒေ ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြပွဲကို မန္တလေးမြို့မှာ ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။ ဒီဆန္ဒပြပွဲကို ကျောင်းသားတွေ အပြင်၊ လူငယ်အဖွဲ့တွေဖြစ်တဲ့ ဗလသ ခေါ် ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်များသမဂ္ဂနဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေးနှင့် ပြည်သူ့လွတ်မြောက်ရေး သုံးရောင်ခြယ် ကဒေါင်းလူငယ်အဖွဲ့ကလည်း ပူးပေါင်းခဲ့ကြပြီး၊ မန္တလေးမြို့လယ်ခေါင် ဈေးချိုတဝိုက်က လမ်းမတွေပေါ်မှာ ချီတက်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့  ဗကသများအဖွဲ့ချုပ် အထက်ဗမာပြည်ဘဏ္ဍာရေးမှူး ကိုသန်းထိုက်က RFA ကိုအခုလိုပြောပါတယ်။ "အမျိုးသား ပညာရေးဥပဒေကို မကြိုက်လို့ တစ်လျှောက်လုံး ဗကသအနေနဲ့ ကန့်ကွက်တယ်၊ အခုလည်း ထပ်ပြီးကန့်ကွက်တယ်၊ အားလုံးပေါင်း ၈ ခရိုင်ဗျ ဆန္ဒပြကြတာ၊ တခြားအင်အားစုတွေကလည်း ပါတယ်ခင်ဗျ၊ နာရီဝက် ၄၅ မိနစ်လောက်ကြာပါတယ်" ဆန္ဒပြပွဲမှာ လူငယ်ကျောင်းသား အယောက် ၁ ရာနီးပါးပါဝင်ကြပြီး၊ ပြည်သူတွေရဲ့ အားပေးထောက်ခံမှုလည်း တွေ့ရတယ်လို့ ကိုသန်းထိုက်က ပြောပါတယ်။ သူတို့ရဲ့ အမျိုးသား ပညာရေးဥပဒေ ဆန္ဒပြပွဲဟာ အနှောင့်အယှက်မရှိ ငြိမ်းငြိမ်းချမ်းချမ်း ပြီးဆုံးသွားခဲ့ပေမယ့်၊ ဗကသမျာ

Burkina Faso သမ္မတ နှုတ်ထွက်

အနောက်အာဖရိက ကုန်းတွင်းပိတ် နိုင်ငံ ဘာကီနာဖာဆိုရဲ့ ကာလရှည် နိုင်ငံ အာဏာ ရယူထားတဲ့ သမ္မတ Blaise Compaore ရာထူးက ဆင်းသွားပြီးနောက်မှာ စစ်တပ် အကြီးအကဲ က နိုင်ငံအာဏာ ရယူလိုက်ပြီလို့ ပြောဆိုလိုက်ပါတယ်။ ဗိုလ်ချုပ်ကြီး Honore Traore က သူက နိုင်ငံ အကြီးအကဲ ဖြစ်ပါတယ်ဆိုပြီး မြို့တော် Ouagadougou မှာ သောကြာနေ့ ဒီကနေ့မှာ သတင်းထောက်တွေ ကို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ မနေ့ ကြာသပတေးနေ့က မြို့တော်မှာ သမ္မတကို ဆန့်ကျင် ဆန္ဒပြကြသူတွေရဲ့ အကြမ်းဖက်မှု အပြီးမှာ ပြုပြင်ပြောင်းလဲရေး အစိုးရတရပ် ဖွဲ့စည်းဖို့ ညမထွက်ရ အမိန့်တရပ် ထုတ်ပြန်ချိန် ကြာသပတေးနေ့က အာဏာကို ပထမဆုံး အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပေါင်း ၉၀ ထားရှိဖို့ မစ္စတာ Compaore က သူ့ရဲ့ ကြေညာချက်ထဲမှာ ထည့်သွင်း ဖော်ပြတာကို ဒေသတွင်း မီဒီယာတွေက ထုတ်လွှင့်နေကြပါတယ်။ အရင် ဘာကီနာဖာဆို နိုင်ငံကို ကိုလိုနီ အဖြစ် အုပ်ချုပ်ခဲ့တဲ့ ပြင်သစ် နိုင်ငံကတော့ အခု သမ္မတ နုတ်ထွက်တာကို ခပ်မြန်မြန်ပဲ ကြိုဆိုကြောင်း ပြောဆိုခဲ့ပါတယ်။ သမ္မတဟောင်းဟာ သမ္မတ နန်းတော်မှာ လက်နက်ကိုင် အစောင့် တင်းတင်းကျပ်ကျပ် နဲ့ ရှိနေတယ်လို့ Burkina 24 ရုပ်မြင်သံကြားက ကြေညာ ပါတယ်။ မစ္စတာ C

တရုတ် အရာရှိ အိမ်မှာ ဒေါ်လာ ၃၃ သန်း ပမာဏ ဖမ်းမိ

တရုတ် နိုင်ငံမှာ အဂတိ လိုက်စားမှုနဲ့ ပတ်သက်ပြီး ငွေကြေး ပမာဏ အများဆုံး ဖမ်းဆီးရမိမှု အဖြစ် အရာရှိ တစ်ဦးရဲ့နေအိမ်ကနေ အမေရိကန် ဒေါ်လာ ၃၃ သန်းနဲ့ ညီမျှတဲ့ တရုတ် ငွေစက္ကူ ယွမ် သန်း ၂၀ဝ ကျော်ကို သိမ်းဆည်း ရမိခဲ့တယ်လို့ သတင်း ရရှိပါတယ်။ အမျိုးသား စွမ်းအင် စီမံခန့်ခွဲရေး ထိပ်တန်း အရာရှိ တစ်ဦး ဖြစ်တဲ့ မစ္စတာ Wei Pengyuan ရဲ့ နေအိမ်ကနေ သိမ်းဆည်း ရမိတာ ဖြစ်ပြီး သူ့ကို ပြီးခဲ့တဲ့ မေလ ကတည်းက လာဘ်ယူမှုနဲ့ ဖမ်းဆီး စစ်ဆေးနေတာ ဖြစ်ပါတယ်။ တရုတ် နိုင်ငံရဲ့ အဂတိမှုတွေကို တိုက်ဖျက်ဖို့ တရုတ် သမ္မတ ရှီကျင်းပင်က ကတိပြု ထားခဲ့ပါတယ်။ အခုနှစ် ၂၀၁၄ တစ်နှစ်တည်းမှာ ပထမ ၉ လ အတွင်း ခြစားမှုနဲ့ ပြစ်ဒဏ် ချမှတ် ခံရတဲ့ တရုတ် အရာရှိပေါင်း ၁၃၀ဝ၀ ကျော် ရှိသွားပြီ ဖြစ်ပါတယ်။ ဘီဘီစီ (မြန်မာပိုင်း) http://ift.tt/1G2M0dU သောင်းနဲ့ ချီတဲ့ တရုတ် အရာရှိတွေ အဂတိမှုနဲ့ စစ်ဆေးခံရ from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1G2M0uf

ထိုင်းက တရားမဝင် အလုပ်သမားတွေ အတွက် မှတ်ပုံတင် နောက်ဆုံးရက်

ထိုင်း နိုင်ငံမှာ တရား မဝင် ရောက်နေတဲ့ မြန်မာ ၊ လော နဲ့ ကမ္ဘာဒီးယား နိုင်ငံသား တွေကို ထိုင်း နိုင်ငံက အလုပ် လုပ်ခွင့် မှတ်ပုံတင် ပေးရမှာ သောကြာနေ့ က နောက်ဆုံး နေ့ ဖြစ်ပါတယ်။ အလုပ် သမားတွေနဲ့ ပတ်သက်ပြီး အုပ်စု ၂ ခု ခွဲထား ကာ မှတ်ပုံတင်ဖို့ နောက်ဆုံးနေ့ အထိ စာရင်း ပေးထားတဲ့ သူတွေ အားလုံးကို၊ လက်မှတ် တွေ ထုတ်ပေး သွား မှာ ဖြစ်တယ် လို့ ထိုင်း အလုပ် သမား ဝန်ကြီး ဌာန ညွှန်ကြားရေးမှူးချုပ် စူမေတ် မဟိုစွတ် က ဘီဘီစီ ကို ပြောပါတယ်။ ပြီးရင် တော့ သက်ဆိုင် နိုင်ငံ တွေ အနေနဲ့ နိုင်ငံသား စိစစ်ပြီး၊ နိုင်ငံကူး လက်မှတ်တွေ ထုတ်ပေး တာကို ဆက်လုပ် သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ နိုင်ငံကူး လက်မှတ် လုပ်ဖို့ အခက် အခဲ ရှိသူတွေ အတွက်တော့ သူတို့ရဲ့ နောက်ဆုံး အခြေ အနေကို လေ့လာပြီး အကောင်းဆုံး အဖြေ ထုတ်နိုင် အောင်တော့ လုပ်ဆောင် သွားမှာ ဖြစ်သလို၊ တရားဝင် အလုပ် သမား ဖြစ်အောင် လုပ်သွားမှာ ဖြစ်တယ် လို့လည်း သူက ပြောပါတယ်။ ကြာသပတေးနေ့ အထိ မှတ်ပုံတင် တဲ့ အလုပ် သမားက ၁ သန်းခွဲ ရှိခဲ့ ပြီး၊ ဒီ အထဲမှာ အလုပ် သမား အသစ်တွေ ပါသလို၊ အဟောင်း တွေလည်း ပါဝင် ကြပါ တယ်။ လုံးဝ မှတ်ပုံ မတင်တဲ့ အလုပ် သမားတွေကိုတော့ စိစစ်ပြီး အရေးယူ သွားမယ်လိ

အီရတ်နိုင်ငံ အန်ဘာပြည်နယ် မှ မျိုးနွယ်စုဝင် လူ ၂၅၅ ဦးကို ISIS စစ်သွေးကြွ များသတ်ဖြတ်

ဘဂ္ဂဒက် ၊ ၃၁-၁၀-၂၀၁၄ ISIS စစ်သွေးကြွ များသည် အီရတ်နိုင်ငံ အနောက်ပိုင်းရှိ အန်ဘာပြည်နယ် အတွင်းသို့ ဝင်ရောက် တိုက်ခိုက် ခဲ့ပြီးနောက် ဒေသတွင်းရှိ ရဲတပ်ဖွဲ့နှင့် မျိုးနွယ်စုဝင် လူ ၂၅၅ ဦး ကို သတ်ဖြတ် ခဲ့ကြကြောင်း ပြည်နယ် လုံခြုံရေးအဖွဲ့ က ယမန်နေ့တွင် ပြောကြားခဲ့သည်။ အဆိုပါ သတ်ဖြတ်ခံရ သူများအနက် လူ ၁၅ဝ မှာ ဆွန်နီ တိုက်ခိုက်ရေး သမားများနှင့် ဒေသတွင်းရှိ ရဲတပ်ဖွဲ့ဝင်များ ဖြစ်ပြီး ၄င်းတို့သည် ISIS စစ်သွေးကြွ များကို ခုခံ တိုက်ခိုက်သူများ ဖြစ်ကြောင်း အမည် မဖော်လိုသူ ပြည်နယ် လုံခြုံရေး တပ်ဖွဲ့မှ အရာရှိ တစ်ဦးက ပြောကြား ခဲ့သည်။ အဆိုပါ ISIS စစ်သွေးကြွ များသည် အစောပိုင်းတွင် မြို့တော် ဘဂ္ဂဒက်မှ အနောက်ဘက် ကီလိုမီတာ ၁၆ဝ ကွာဝေးသည့် ဟိဂ်မြို့ အတွင်းသို့ စီးနင်း ဝင်ရောက်ခဲ့ခြင်း ဖြစ်ပြီး ဆွန်နီ မျိုးနွယ်စုဝင် အမျိုးသား များကို ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါ သတ်ဖြတ်မှု များသည် ISIS စစ်သွေးကြွ များ က အယ်ဘူနီမာ မျိုးနွယ်စုဝင် အမျိုးသား ၃ဝ ကို သတ်ဖြတ်ခဲ့ပြီး တစ်ရက် အကြာတွင် ထွက်ပေါ် လာခဲ့ခြင်း ဖြစ်သည်။ ISIS စစ်သွေးကြွ များသည် ယခုအခါ ဟိဂ်မြို့၏ ၈ဝ ရာခိုင်နှုန်းကို သိမ်းယူထားပြီး ဖြစ်ကြော

ဖမ်းမိမူးယစ်ဆေးဝါးကြောင့် တောင်ပိုင်း ဝ ခေါင်းဆောင်၏ စီးပွားရေး လုပ်ငန်း ချိတ်ပိတ်ခံရ

အောက်တိုဘာ ၃၁ ရက် ၂၀၁၄ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများသည် တောင်ပိုင်း ဝ ခေါင်းဆောင်နှင့် ပတ်သက်ဆက်နွယ်သည် ဟုဆိုကာ သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ်အတွင်း ဝ တပ်ဖွဲ့ခေါင်းဆောင်ပိုင် စီးပွားရေးလုပ်ငန်း အချို့ချိတ်ပိတ်ခံထားရ သည်ဟု ဆိုသည်။ သျှမ်းပြည်တောင်ပိုင်း မိုင်းတုံမြို့နယ် ပုံပါကျင်မြို့နယ်ခွဲ အသွားလမ်းမပေါ်ရှိ တောင်ပိုင်း ဝ တပ်ဖွဲ့ ဝေ့ရှော်ယင် ပိုင်ဆိုင်သည့် နေအိမ်၊ ရာဘာခြံ၊ ဓါတ်ဆီဆိုင်နှင့် အခြားပတ်သက်ဆက်နွယ်သည့် စီးပွားရေးလုပ်ငန်းများအား မြန်မာ့ အာဏာပိုင်များက ချိတ်ပိတ်လိုက်သည်ဟု ဆိုသည်။ “လွယ်ဆမ်ဆုံ(မ်) က လာတဲ့ ကားနှစ်စီးကို အစိုးရ တပ်မတော်နဲ့ရဲတပ်ဖွဲ့မူးယစ်တို့က တားဆီးစစ်ဆေး ဖမ်းဆီးတယ်။ ဘိန်းဖြူ ၊ ယာဘ တင်ဆောင်တဲ့ကားနှစ်စီးကို ဖမ်းဆီးလိုက်တာ။ နှစ်လ လောက်ရှိ တော့မယ်။ ပိုင်ရှင်က ၀ ခေါင်း ဆောင်လို့ပြောတယ်။ ဒါကြောင့် အာဏာပိုင်တွေက ဟွေ့အော့က သူတို့ရဲ့ ဓါတ်ဆီဆိုင်၊ နေအိမ်နဲ့ တခြားပတ်သက်တဲ့ လုပ်ငန်းတွေကို ချိတ်ပိတ်လိုက်တာ” – ဟု ဟွေ့အော့ရောက် မိုင်းတုံဒေသခံ တဦးကပြောသည်။ မိုင်းတုံမြို့နယ်အတွင်း ဝေ့ရှော်ယင်ခေါင်းဆောင်သောတောင်ပိုင်း ဝ တပ်ဖွဲ့က ရာဘာလုပ်ငန်း၊ အုတ်လုပ်ငန်း၊ ဓါတ်ဆီအရောင်းဆို

KAF ဖွဲ့စည်းခြင်းကို အားလုံးပါဝင်မှုဖြင့် လုပ်ဆောင်သွားရန် ဆုံးဖြတ်

အောက်တိုဘာ ၃၁ရက်၊ ၂၀၁၄ခုနှစ်။ ကရင်တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင်များဖြင့် စုဖွဲ့ထားသည့် ကော်သူးလေ တပ်မတော်(KAF) ဖွဲ့စည်းခြင်းဆိုင်ရာ အစည်းအဝေးတွင် KAF ဖွဲ့စည်းခြင်းကို အားလုံးပါဝင်သော လုပ်ဆောင်မှုဖြင့် ဆောင်ရွက်သွားရန် ဆုံးဖြတ်လိုက်ကြောင်း အောက်တိုဘာ ၃၀ရက်(ယမန်နေ့)က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်(DKBA)ဌာနချုပ် (ကော်သူးမွဲခီး)ဆုံဆည်းမြိုင်တွင် အောက်တိုဘာ ၂၉ရက်မှ ၃၀ရက်နေ့ အထိ ကျင်းပသည့် ယင်းအစည်းအဝေးအပြီး ထုတ်ပြန်ချက်တွင် KAF ဖွဲ့စည်းခြင်းကို အားလုံး ပါဝင်သော ဦးဆောင်မှုဖြင့် လုပ် ဆောင်ခြင်း၊ တက်ရောက်သူ အဖွဲ့အစည်းကိုယ်စားလှယ်များ KAF ဖွဲ့စည်းမှုကို သဘောတူခြင်းနှင့် KAF သည် ကရင်အမျိုးသား ခေါင်းဆောင်ကြီး စောဘဦးကြီး၏ မူလေးချက်အပေါ် ရပ်တည်သွားခြင်း အပါအ၀င် အချက် ၅ချက် ဖော်ပြပါရှိသည်။ ထုတ်ပြန်ကြေညာချက်အပေါ် KNU ၏ ခွဲထွက်ကရင်လက်နက်ကိုင်အဖွဲ့များ ပြန်လည်ပေါင်းစည်းရေးလုပ်ငန်းကော်မတီ အတွင်း ရေးမှူး ဗိုလ်မှူးကြီးစောဖောဒိုက “အခုအစည်းအဝေးက DKBA က တစ်ဖွဲ့တည်း ဦးဆောင်ပြီး လုပ်နေတဲ့ အနေအထားဖြစ်နေတဲ့ အတွက် တစ်ခုတည်း သဘောမဖြစ်ဖို့ နောက်လာမယ့် အဖွဲ့အားလုံးတွေ့ဆုံပြီး