Skip to main content

Posts

Showing posts from June 4, 2014

ပုဒ်မ ၄၃၆ ပြင်ဆင်ရန် လက်မှတ်ထိုးသူစာရင်း ရဲတပ်ဖွဲ့ဝင်များက တောင်းဆို ကလေး၊ ဇွန...

ပုဒ်မ ၄၃၆ ပြင်ဆင်ရန် လက်မှတ်ထိုးသူစာရင်း ရဲတပ်ဖွဲ့ဝင်များက တောင်းဆို ကလေး၊ ဇွန် ၄ စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် ကလေးဝမြို့တွင် ဇွန်လ ၁ ရက်နေ့မှ စ၍ ၂၀၀၈ အခြေခံဥပဒေတွင် ပါဝင်သည့် ပုဒ်မ ၃၄၆ ပြင်ဆင်ရေး ဆန္ဒပြု လက်မှတ် ရေးထိုးပွဲများ ပြုလုပ်လျက် ရှိရာ လက်မှတ်ထိုးသူ စာရင်းကို မြို့နယ်ရဲတပ်ဖွဲ့ဝင်များက နေ့စဉ် တောင်းခံလျက် ရှိကြောင်း ယင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အတွင်းရေးမှူး ဦးအောင်ဇော်ဦးက ပြောကြားသည်။ “ခရိုင်ကနေ ညွှန်ကြားလို့ တောင်းခိုင်းတာ ဆိုပြီး လာတောင်းတဲ့ နယ်မြေခံ ရဲတပ်ဖွဲ့ဝင်တွေက ပြောတယ်။ ဒါပေမဲ့ သူလာတောင်းတာက အလွတ်သဘော၊ သတင်းအတွက် လာမေးတဲ့ပုံစံ၊ ကျွန်တော်တို့ကလည်း လက်မှတ်ထိုးတဲ့ လူစာရင်းကို ပေးပိုင်ခွင့် မရှိတဲ့အတွက် မပေးဘူး။ တကယ်လိုအပ်ရင် ရုံးပိုင်းဆိုင်ရာ တရားဝင် ညွှန်ကြားစာနဲ့ လာတောင်းပါ ဆိုပြီး လာတောင်းတဲ့သူကို ရှင်းပြလိုက်တယ်။ ဒီနေ့တော့ လာမတောင်းသေးဘူး” ဟု ၎င်းက ဇွန်လ ၄ ရက်နေ့တွင် ပြောကြားသည်။ ကလေးဝမြို့နယ်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရန်အတွက် ကျေးရွာများတွင် မေလ ၂၇ ရက်နေ့ မြို့ပေါ်တွင် ဇွန်လ ၁ ရက်နေ့မှ စ၍ လက်မှတ်များ ကောက်ခံလျက်ရှိရာ လက်ရှ

နည်းပြအပေါ် မချေမငံပြု၍ ကျော်ကိုကိုအား အရေးယူရန်ရှိ ---------- --------- ရန်ကုန်ယ...

နည်းပြအပေါ် မချေမငံပြု၍ ကျော်ကိုကိုအား အရေးယူရန်ရှိ ---------- --------- ရန်ကုန်ယူနိုက်တက် တိုက်စစ်မှူးကျော်ကိုကို၏ ဇွဲကပင်အသင်းနှင့် ပွဲစဉ်တွင် ပြုလုပ်ခဲ့သော အပြုအမူနှင့်ပတ်သက်၍ အရေးယူရန် အသင်းတာဝန်ရှိသူများနှင့် တိုင်ပင်ဆွေးနွေး သွားမည်ဖြစ်ကြောင်း နည်းပြချုပ် အဲရစ်ဝီလျံက ပြောသည်။ http://ift.tt/1xaR4s5 from 7Day News Journal's Facebook Wall http://ift.tt/1xaR4s7

သူရဦးရွှေမန်းနှင့် ကေအင်န်ယူဥက္ကဋ္ဌ ပထမဆုံးအကြိမ်တွေ့ဆုံ ပြည်ထောင်စုလွှတ်တော် နာယက...

သူရဦးရွှေမန်းနှင့် ကေအင်န်ယူဥက္ကဋ္ဌ ပထမဆုံးအကြိမ်တွေ့ဆုံ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနှင့် ကေအင်န်ယူဥက္ကဋ္ဌ စောမူတူးစေးဖိုး ဦးဆောင်သော ကေအင်န်ယူအဖွဲ့တို့သည် ယနေ့နံနက်ပိုင်းက ပထမဆုံးအကြိမ်တွေ့ဆုံဆွေးနွေးခဲ့သည်။ သတင်းအပြည့်အစုံ ==> http://ift.tt/1j0dWkC သူရဦးရွှေမန်းနှင့် ကေအင်န်ယူဥက္ကဋ္ဌ ပထမဆုံးအကြိမ်တွေ့ဆုံ 7daydaily.com ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနှင့် ကေအင်န်ယူဥက္ကဋ္ဌ စောမူတူးစေးဖိုး ဦးဆောင်သော ကေအင်န်ယူအဖွဲ့တို့သည် ယနေ့နံနက်ပိုင်းက ပထမဆုံးအကြိမ်တွေ့ဆုံဆွေးနွေးခဲ့သည်။ from 7Day News Journal's Facebook Wall http://ift.tt/1xaR6QL

သက်ဆင်ကိုလိုလားသောရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးမှူးများကို ထိုင်းစစ်အစိုးရဖယ်ရှား...

သက်ဆင်ကိုလိုလားသောရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးမှူးများကို ထိုင်းစစ်အစိုးရဖယ်ရှား ဝန်ကြီးချုပ်ဟောင်းသက်ဆင်ကို သစ္စာခံသည်ဟုသတ်မှတ်ခံထားရသော အရာရှိများ၏သြဇာအာဏာအားနည်းသွားစေရန် ထိုင်းစစ်ဘက်က စနစ်တကျနေရာရွှေ့ပြောင်းမှုများပြုလုပ်နေသည်ဟု ရိုက်တာသတင်းဌာနက ဖော်ပြသည်။ သတင်းအပြည့်အစုံ==> http://ift.tt/1xaR37s သက်ဆင်ကိုလိုလားသောရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးမှူးများကို ထိုင်းစစ်အစိုးရဖယ်ရှား 7daydaily.com ဝန်ကြီးချုပ်ဟောင်းသက်ဆင်ကို သစ္စာခံသည်ဟုသတ်မှတ်ခံထားရသော အရာရှိများ၏သြဇာအာဏာအားနည်းသွားစေရန် ထိုင်းစစ်ဘက်က စနစ်တကျနေရာရွှေ့ပြောင်းမှုများပြုလုပ်နေသည်ဟု ရိုက်တာသတင်းဌာနက ဖော်ပြသည်။ စစ်အစိုးရ၏ ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေး အမျိုးသားကောင်စီ၏အဆိုအရ ပြည်နယ်ဒေသ ၁၃ ခုမှ အုပ်ချုပ်ရေးမှူး ၁၃ ဦးကို နေရာရွှေ့ပြေ… from 7Day News Journal's Facebook Wall http://ift.tt/1j0dSBs

စစ်ကိုင်းတိုင်းဒေသကြီးတွင် ယာဉ်တိုက်မှုကြောင့် ငါးလအတွင်း လူတစ်ရာ့ရှစ်ဆယ်ကျော် သေ...

စစ်ကိုင်းတိုင်းဒေသကြီးတွင် ယာဉ်တိုက်မှုကြောင့် ငါးလအတွင်း လူတစ်ရာ့ရှစ်ဆယ်ကျော် သေဆုံး မုံရွာ၊ ဇွန် ၄ မော်တော်ယာဉ် လေးသိန်းကျော်နှင့် လူဦးရေ ခြောက်သန်းကျော် ရှိသော စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀၁၄ ခုနှစ် ဇန်နဝါရီလမှ မေလအထိ ငါးလတာ ကာလအတွင်း ယာဉ်မတော်တဆမှု ၆၃၄ ကြိမ ဖြစ်ပွားခဲ့ပြီး ၁၈၈ ဦး သေဆုံးခဲ့ကြောင်း မုံရွာမြို့ အမှတ် (၁၄) ယာဉ်ထိန်း ဒုတပ်ဖွဲ့မှူးရုံး စာရင်းဇယားများအရ သိရသည်။ ယင်းငါးလတာ ကာလအတွင်း သင်္ကြန်ပွဲတော် ကာလဖြစ်သည့် ဧပြီလတွင် ယာဉ်တိုက်မှု ဖြစ်ပွားနှုန် အများဆုံး ဖြစ်ခဲ့ပြီး ဧပြီလတွင် ယာဉ်မတော်တဆမှု ၁၆၂ ကြိမ် ဖြစ်ပွားခဲ့ကာ၊ အနည်းဆုံးလမှာ ဖေဖော်ဝါရီလ ဖြစ်ပြီး ၉၈ ကြိမ် ဖြစ်ပွားခဲ့ကြောင်း ယာဉ်တိုက်မှုကြောင့် သေဆုံးမှုနှုန်း အမြင့်ဆုံးလမှာ မတ်လဖြစ်ပြီး ၅၅ ဦး သေဆုံးခဲ့ကြောင်း၊ အနည်းဆုံးလမှာ ဖေဖော်ဝါရီလ့ ဖြစ်ပြီး ၁၉ ဦး သေဆုံးခဲ့သည်ဟု ယင်းစာရင်းဇယားများတွင် ဖော်ပြထားသည်။ “ဧပြီလတုန်းက ယာဉ်တိုက်မှု များပေမယ့် မေလမှာ ပြန်လျော့သွားတယ်။ မုံရွာမြို့ပေါ်မှာ နေ့စဉ် ဆိုင်ကယ်တွေကို ဖမ်းဆီး စစ်ဆေးနေပေမယ့်လည်း ဦးထုပ်မဆောင်းတဲ့ သူတွေက လျော့မသွားဘူး။ နေ့စဉ် ဦးထုပ်မဆောင်းလို့ ဖမ်းမိတဲ့ ဆိုင်ကယ်စီးရေက ၆၀ ဝန်
Shan coffee perks to highs near season's close www.mmtimes.com Upper Myanmar coffee growers say a bean shortage pushed recent coffee prices to highs not seen in three years, driven by Chinese demand for the beverage. from The Myanmar Times's Facebook Wall http://ift.tt/1odUExy

ဖွဲ့စည်းပုံပြင်ဆင်ရေး အတိုက်အခံများ တွန်းအားပေး ---------- ---------- မြန်မာနိုင...

ဖွဲ့စည်းပုံပြင်ဆင်ရေး အတိုက်အခံများ တွန်းအားပေး ---------- ---------- မြန်မာနိုင်ငံ၏ အဓိက အတိုက်အခံပါတီ NLD က ဖွဲ့စည်းပုံပြောင်းရေး ကင်န်ပိန်းလှုပ်ရှားမှု စတင်လိုက်ပြီး ၎င်းတို့၏ အနာဂတ်တွင် လူထုထောက်ခံမှုများ ရရှိလာရန် မျှော်လင့်ထားသည်။ ဒီချုပ် အမတ်တစ်ဦးဖြစ်ပြီး ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးဝင်းထိန်က ‘‘ဒါဟာ ၂၀၁၅ ရွေးကောက်ပွဲအတွက် ကင်န်ပိန်းလုပ်တာပဲ’’ ဟု ပြောဆိုသည်။ ဆောင်းပါးအပြည့်အစုံ ==> http://ift.tt/UdJH4u from 7Day News Journal's Facebook Wall http://ift.tt/UdJIW8
Two dozen-plus new species found www.mmtimes.com Scientists have identified more than two dozen new species of plants and animals in Myanmar highlighting what they say is the need for greater conservation efforts to help protect the country’s unique habitat. from The Myanmar Times's Facebook Wall http://ift.tt/1jTfDzN

မြန်မာနိုင်ငံတွင် ၂၀၁၅ ၌ ကွန်ပျူတာ သုံးစွဲသူထက် တက်ဘလက် သုံးစွဲသူ များပြားမည်ဟု...

မြန်မာနိုင်ငံတွင် ၂၀၁၅ ၌ ကွန်ပျူတာ သုံးစွဲသူထက် တက်ဘလက် သုံးစွဲသူ များပြားမည်ဟု Microsoft ခန့်မှန်း ရန်ကုန်၊ ဇွန် ၄ ဆက်သွယ်ရေးနှင့် နည်းပညာကဏ္ဍ ဖွံ့ဖြိုးလာသောကြောင့် ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ကွန်ပျူတာ သုံးစွဲသူထက် တက်ဘလက် (Tablet) သုံးစွဲသူ ပိုများလာမည် ဖြစ်ကြောင်း Microsoft မှ တာဝန်ရှိသူတစ်ဦးဖြစ်သူ Mr. Alvin Chua က ပြောကြားသည်။ မြန်မာနိုင်ငံတွင် လက်ရှိ ကွန်ပျူတာသုံးစွဲသူ အရေအတွက်မှာ တစ်သန်းအောက်သာ ရှိနေသော်လည်း လာမည့် နှစ်များတွင် မိုဘိုင်းလ် ဆင်းမ်ကတ်များ လွယ်ကူစွာ သုံးစွဲလာနိုင်ခြင်း၊ ကွန်ပျူတာထက် ဈေးနှုန်းသက်သာခြင်းတို့ကြောင့် ဘက်စုံ အသုံးပြုနိုင်သည့် တက်ဘလက်များ ဈေးကွက်အတွင်း ပိုမိုနေရာရလာမည် ဖြစ်ကြောင်း Microsoft ကုမ္ပဏီက ခန့်မှန်းထားသည်။ “နိုင်ငံတကာမှာလည်း ဒီလိုပါပဲ။ ဒီမှာက အင်တာနက်ကို Facebook လောက် သုံးကြတာ များတော့ ကွန်ပျူတာထက် ဖုန်းတွေ တက်ဘလက်တွေနဲ့ ပိုအဆင်ပြေတယ်။ လုပ်ငန်းအတွက် လိုအပ်လို့ ဝယ်တာမျိုးက လွဲလို့ လူအများစုက ဈေးနှုန်းပိုကြီးတဲ့ ကွန်ပျူတာထက် တက်ဘလက်တို့ မိုဘိုင်းလ်ဖုန်း ကောင်းကောင်းတို့ကို ပိုဝယ်လာကြတယ်။ Desktop ကွန်ပျူတာတွေဆို တော်တော် အရောင်းကျသွားတယ်” ဟု မြ

အိန္ဒိယသမုဒ္ဒရာအတွင်း ရွက်လွှင့်နေစဉ် ပျောက်ဆုံး မလေးရှားလေယာဉ်ကို မြင်တွေ့ကြောင်း...

အိန္ဒိယသမုဒ္ဒရာအတွင်း ရွက်လွှင့်နေစဉ် ပျောက်ဆုံး မလေးရှားလေယာဉ်ကို မြင်တွေ့ကြောင်း ဗြိတိန်အမျိုးသမီးပြော ကက်သရင်းတီး အမည်ရှိ ဗြိတိန်အမျိုးသမီးတစ်ဦးက ၎င်းရွက်လွှင့်နေစဉ် ပျောက်ဆုံးနေသော မလေးရှားလေယာဉ် MH 370 ဟု ယူဆရသည့် လေယာဉ်တစ်စီးကို တွေ့မြင်ခဲ့သည်ဟုပြောသည်။ သတင်းအပြည့်အစုံ==> http://ift.tt/1mcVO83 အိန္ဒိယသမုဒ္ဒရာအတွင်း ရွက်လွှင့်နေစဉ် ပျောက်ဆုံး မလေးရှားလေယာဉ်ကို မြင်တွေ့ကြောင်း... www.7daydaily.com ကက်သရင်းတီး အမည်ရှိ ဗြိတိန်အမျိုးသမီးတစ်ဦးက ၎င်းရွက်လွှင့်နေစဉ် ပျောက်ဆုံးနေသော မလေးရှားလေယာဉ် MH 370 ဟုယူဆရသည့်လေယာဉ်တစ်စီးကိုတွေ့မြင်ခဲ့သည်ဟုပြောသည်။ from 7Day News Journal's Facebook Wall http://ift.tt/1odN5a7

တက္ကသိုလ်၊ ကောလိပ်ဆရာ၊ ဆရာမများ နေရာအပြောင်းအရွှေ့ ထွက်မလာသေး၍ မကျေနပ်မှုဖြစ် -----...

တက္ကသိုလ်၊ ကောလိပ်ဆရာ၊ ဆရာမများ နေရာအပြောင်းအရွှေ့ ထွက်မလာသေး၍ မကျေနပ်မှုဖြစ် ---------- ---------- ဇွန်လ ၃ရက် ညပိုင်းတွင်နေ ရာအပြောင်းအရွှေ့နှင့် ရာထူးတိုး ကြေညာမည့် သတင်းထွက်ပေါ် လာ၍ ဆရာ၊ဆရာမများစောင့်ဆိုင်းနေခဲ့သော်လည်း ကြေညာချက်မှာ နောက်ဆုတ်သွားကြောင်းတက္ကသိုလ်ဆရာ၊ဆရာမများက ပြောသည်။ သတင်းအပြည့်အစုံ ==> http://ift.tt/1l7y0FI from 7Day News Journal's Facebook Wall http://ift.tt/1l7y2h0

အခြေခံလစာ တိုးမြှင့်ပေးရန် Han Jen အထည်ချုပ်လုပ်သား ၆၀၀ ဆန္ဒပြ ရန်ကုန်၊ ဇွန် ၄...

အခြေခံလစာ တိုးမြှင့်ပေးရန် Han Jen အထည်ချုပ်လုပ်သား ၆၀၀ ဆန္ဒပြ ရန်ကုန်၊ ဇွန် ၄ မြန်မာနိုင်ငံတွင် အနည်းဆုံး လုပ်အားခ သတ်မှတ်နိုင်ခြင်း မရှိသေးရာ ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာစက်မှုဇုန် အမှတ် (၂) မှ Han Jen အထည်ချုပ် အလုပ်သမား ၆၀၀ ဝန်းကျင် အခြေခံလစာ တိုးမြှင့်ပေးရန် ဇွန်လ ၂ ရက်နေ့မှ စတင်ကာ ဆန္ဒပြ တောင်းဆိုနေကြောင်း အလုပ်သမား ကိုယ်စားလှယ် ဒေါ်အိအိငြိမ်းက ပြောကြားသည်။ လက်ရှိ ရရှိနေသည့် အခြေခံလုပ်အားခ ကျပ်ခြောက်သောင်းကို နှစ်သောင်းကျပ် ထပ်မံတိုးမြှင့်ပေးရန်၊ တစ်နှစ်ပြည့် အလုပ်သမားများကို နှစ်တိုးကြေး ကျပ်သုံးထောင်ပေးရန်၊ အချိန်ပိုနှင့် အလုပ်ဆင်းချိန် တိတိကျကျ ခွဲခြားသတ်မှတ်ပေးရန်၊ လုပ်အားခကို လဆန်း ၅ ရက်နေ့တွင် ထုတ်ပေးရန်၊ အလုပ်ဆင်းရန် ပျက်ကွက်သည့် လုပ်သားများကို ရာထူးမချရန် အချက်တို့ကို တောင်းဆိုခြင်း ဖြစ်ကြောင်း အလုပ်သမားများထံမှ သိရှိရသည်။ နေစရိတ်နှင့် စားစရိတ်များက ဈေးတက်နေသဖြင့် အခြေခံလုပ်ခလစာ ကျပ်ခြောက်သောင်း ရရှိသော်လည်း နယ်ဝေးမှ လာသည့် အလုပ်သမားများအတွက် အဆင်မပြေသဖြင့် ဆန္ဒပြ တောင်းဆိုခြင်း ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်မှ လာရောက် လုပ်ကိုင်သူလည်း ဖြစ်သူ ဒေါ်အိအိငြိမ်းက ဆိုသည

"Myanmar Treasure Resorts မှ ပုပ္ပား၊ ပုဂံ၊ အင်းလေး Drazzle Relax Package များ စီ...

"Myanmar Treasure Resorts မှ ပုပ္ပား၊ ပုဂံ၊ အင်းလေး Drazzle Relax Package များ စီစဉ်" မြန်မာနိုင်ငံ၏ ခရီးစဉ် ဒေသများ ဖြစ်သော ပုဂံ၊ ပုပ္ပားနှင့် အင်းလေး ဒေသ တို့သို့ လည်ပတ်လို သူများ အတွက် Myanmar Treasure Resorts မှ Drazzle Relax Package များ စီစဉ် ထားကြောင်း သိရသည်။ မြန်မာပြည် အတွက် Trip Advisor Awards များ ရရှိထားသော Myanmar Treasure Resorts ၏ Package အစီအစဉ် များကို ယခုနှစ် မေလ ၁ ရက်မှ စက်တင်ဘာ ၃ဝ ရက် အထိ စီစဉ် ထားခြင်းဖြစ်ကြောင်း သိရ သည်။ ပုပ္ပားနှင့် ပုဂံ နှစ်ညအိပ် သုံးရက် ခရီးစဉ်အတွက် မြန်မာနိုင်ငံသား တစ်ဦး လျှင် ၁၆၆၅ဝဝ ကျပ်နှင့် နိုင်ငံခြားသား တစ်ဦးလျှင် ကန်ဒေါ်လာ ၂ဝဝ ဖြင့် စီ စဉ် ထားကြောင်း သိရသည်။ အဆိုပါ ခရီးစဉ်တွင် Myanmar Trasure Resorts Bagan ၏ Superior အခန်း တွင်တစ်ည၊ Popa Mountain Resort ၏ Deluxe တွင် တစ်ည တည်းခို ရမည် ဖြစ်ပြီး နေ့စဉ် မနက်စာ၊ ညစာ၊ ပုဂံနှင့် ပုပ္ပား အသွားအပြန် ဝန်ဆောင်မှု၊ တစ်နေ့တာလုံး လည်ပတ်ခွင့် အပြင် ဟိုတယ် အကြိုအပို့ ဝန်ဆောင်မှုပါ ပါဝင် မည်ဟု သိရသည်။ Myanmar Treasure Resorts Bagan နှစ်ညအိပ် သုံးရက် ခရီးစဉ် ဈေး နှုန်း မှာ မြန်မာနိုင်ငံသား တစ်ဦးလျှ

ကြားဖြတ်ရွေးကောက်ပွဲ လုပ်ငန်းစဉ်များ ဆွေးနွေးရန် NLD ဗဟိုကော်မတီ အစည်းအဝေး ခေါ်ယူ...

ကြားဖြတ်ရွေးကောက်ပွဲ လုပ်ငန်းစဉ်များ ဆွေးနွေးရန် NLD ဗဟိုကော်မတီ အစည်းအဝေး ခေါ်ယူ ရန်ကုန်၊ ဇွန် ၄ ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်နေရာ အားလုံး ဝင်ရောက် ယှဉ်ပြိုင်မည်ဟု ကြေညာထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီသည် ရွေးကောက်ပွဲတွက် အနိုင်ရရှိရေး အဓိကထား ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ဆွေးနွေးရန် ဗဟိုကော်မတီ အစည်းအဝေး ခေါ်ယူထားကြောင်း အဆိုပါ ပါတီ ဗဟိုကော်မတီ အတွင်းရေးမှူး ဦးဉာဏ်ဝင်းက The Voice သို့ ပြောကြားသည်။ ဇွန်လ ၇ ရက်နှင့် ၈ ရက် နှစ်ရက်တိုင် ပြုလုပ်မည့် အဆိုပါ အစည်းအဝေးကို တစ်နိုင်ငံလုံးရှိ NLD ပါတီ ကိုယ်စားလှယ်များ တက်ရောက် ဆွေးနွေးမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။ “ပါတီတွင်း စည်းကမ်းအရ ဆွေးနွေးမယ့် အစီအစဉ်တွေကို အသေးစိတ် ထုတ်ပြန်လို့ မရပါဘူး” ဟု ၎င်းကဆိုသည်။ အဆိုပါ ဗဟိုကော်မတီ အစည်းအဝေးတွင် အခြေခံဥပဒေပြင်ဆင်ရေး ပုဒ်မ ၄၃၆ ပြင်ဆင်ရန် ဆန္ဒပြု လက်မှတ်များ ကောက်ခံရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တွေ့ကြုံရသော အခက်အခဲများနှင့် ပါတီတွင်း လိုအပ်ချက်များကို ညှိနှိုင်း ဆွေးနွေးမည် ဖြစ်ကြောင်း NLD ပါတီထံမှ သိရသည်။ အဆိုပါ ဗဟိုကော်မတီ အစည်းအဝေးသည် ၂၀၁၂ ခုနှစ် NLD ညီလာခံအပြီး တ

သီလ၀ါဇုန်တွင် ရင်းနှီးမြှုပ်နှံရန် နိုင်ငံပေါင်း ၁၀ နိုင်ငံမှ ကုမ္ပဏီငါးဆယ်ကျော်...

သီလ၀ါဇုန်တွင် ရင်းနှီးမြှုပ်နှံရန် နိုင်ငံပေါင်း ၁၀ နိုင်ငံမှ ကုမ္ပဏီငါးဆယ်ကျော် ဆွေးနွေးနေ ---------- ---------- သီလ၀ါအထူးစီးပွားရေးဇုန်တွင် မြေကွက်များ စတင် ရောင်းချသည့် တစ်လအတွင်း စက်ရုံတည်ဆောက်ရန် ကမ္ဘာ့ နိုင်ငံပေါင်း ၁၀ နိုင်ငံမှ ကုမ္ပဏီပေါင်း ငါးဆယ်ကျော်နှင့် ဆွေးနွေးနေပြီး မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များလည်း ပါဝင်နေကြောင်း မြန်မာ−ဂျပန် သီလ၀ါဖွံ့ဖြိုးတိုးတက်မှုလီမိတက် ဥက္ကဋ္ဌ မစ္စတာ တာကာရှီက ပြောကြားသည်။ ပထမအဆင့် (Class A စီမံကိန်း) မြေကွက်များကို မေလက စတင်ရောင်းချခဲ့ပြီး ရင်းနှီးမြှုပ်နှံရန် လာရောက်ဆွေးနွေးသည့် ကုမ္ပဏီပေါင်း ၅၀ ကျော် ရှိကြောင်း ၎င်းက ပြောကြားသည်။ http://ift.tt/1hd57IR from 7Day News Journal's Facebook Wall http://ift.tt/1nijI5r

မေးသည့် မေးခွန်းကို တည့်တည့်ဖြေရန် သမဝါယမ ဒုတိယဝန်ကြီးကို သူရဦးရွှေမန်း အသိပေး...

မေးသည့် မေးခွန်းကို တည့်တည့်ဖြေရန် သမဝါယမ ဒုတိယဝန်ကြီးကို သူရဦးရွှေမန်း အသိပေး နေပြည်တော်၊ ဇွန် ၄ လွှတ်တော်ကိုယ်စားလှယ်များ မေးမြန်းသော မေးခွန်းများကို တည့်တည့် ဖြေဆိုပေးရန် သမဝါယမ ဒုတိယဝန်ကြီး ဦးသန်းထွန်းကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဇွန်လ ၄ ရက်နေ့၌ ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အသိပေး ပြောဆိုလိုက်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။ “လွှတ်တော် ကိုယ်စားလှယ်များက တည့်တည့်မေးတာ တည့်တည့်ဖြေပါ” ဟု သူရဦးရွှေမန်းက ပြောဆိုသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် ဖြစ်သော ပုသိမ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က သမဝါယမ ဝန်ကြီးဌာန အနေနှင့် အများပြည်သူ စီးပွားမြှင့်တင်ရေးနှင့် ဆင်းရဲမှု လျှော့ချရေးအတွက် နိုင်ငံပိုင် ထုတ်ချေးငွေများကို မည်သည့် ပါတီနှင့် မည်သည့် အဖွဲ့အစည်းမဆို ထုတ်ချေးပါသလား ဟူသော မေးခွန်းကို ဒုတိယဝန်ကြီးက သွယ်ဝိုက် ဖြေကြားနေသဖြင့် ၎င်းက ယင်းသို့ ထောက်ပြ ပြောဆိုခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဝန်ကြီးဌာနက သမဝါယမ အသင်းသား ဖွဲ့စည်းခြင်းနှင့် ချေးငွေ ထုတ်ပေးသည့် လုပ်ငန်းများတွင် ပါတီစွဲ ဂိုဏ်းကဏ္ဍ စွဲများဖြင့် ငွေထုတ်ချေးနေခြင်း ပပျောက်ရန် ယင်းသိ

အင်္ဂလန်ကွင်းလယ်လူ ချမ်ဘာလိန် ကမ္ဘာ့ဖလားနှင့် လွဲချော်ဖွယ်ရှိ

အင်္ဂလန်လက်ရွေးစင်အသင်း၏ တောင်ပံကစားသမား ချမ်ဘာလိန်သည် အီကွေဒေါအသင်းနှင့် ခြေစမ်းပွဲတွင် ဒူးဒဏ်ရာရရှိခဲ့သဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲနှင့် လွဲချော်ရဖွယ်ရှိနေကြောင်း သိရသည်။ (၂-၂)ဂိုးဖြင့် သရေကျခဲ့သော ယင်းခြေစမ်းပွဲတွင် ချမ်ဘာလိန်သည် ပွဲချိန် (၆၃)မိနစ်၌ အီကွေဒေါအသင်းမှ ဂရူဇိုနှင့် ထိခိုက်မိကာ ဒူးဒဏ်ရာရရှိသွားခဲ့ခြင်းဖြစ်ပြီး လူငယ်ကစားသမား စတာလင်နှင့် လူစားလဲခဲ့ရသည်။ ချမ်ဘာလိန်၏ ဒူးဒဏ်ရာအခြေအနေမှာ ခွဲစိတ်မှုခံယူရသည်အထိ ဆိုးရွားဖွယ်ရှိနေပြီး အသေးစိပ်စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။ ချမ်ဘာလိန်၏ ဒဏ်ရာအခြေအနေ ဆိုးရွားခဲ့ပါက နည်းပြရွိုင်းဟော့ဒ်ဆန်အနေဖြင့် အရန်ကစားသမားများဖြစ်သော ကလီဗာလေ၊ မိုက်ကယ်ကာရစ်တို့ဖြင့် အစားထိုးသွားမည်ဖြစ်ကြောင်း သိရသည်။ အင်္ဂလန်အသင်းသည် အီကွေဒေါနှင့် ခြေစမ်းပွဲတွင် ရလဒ်ပိုင်းမကောင်းမွန်ခဲ့သလို၊ ဒဏ်ရာရရှိခဲ့သည့် ချမ်ဘာလိန်အစား လူစားဝင်ခဲ့သည့် စတာလင်မှာလည်း အီကွေဒေါကွင်းလယ်လူ ဗလင်စီယာနှင့် အချင်းများခဲ့၍ အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရသောကြောင့် စိတ်ပျက်စရာ ဖြစ်ခဲ့ရသည်။ Sport from Eleven Daily News http://ift.tt/Sw1vGo

အင်္ဂလန်ကွင်းလယ်လူ ချမ်ဘာလိန် ကမ္ဘာ့ဖလားနှင့် လွဲချော်ဖွယ်ရှိ အင်္ဂလန်လက်ရွေးစင်အသင်...

အင်္ဂလန်ကွင်းလယ်လူ ချမ်ဘာလိန် ကမ္ဘာ့ဖလားနှင့် လွဲချော်ဖွယ်ရှိ အင်္ဂလန်လက်ရွေးစင်အသင်း၏ တောင်ပံကစားသမား ချမ်ဘာလိန်သည် အီကွေဒေါအသင်းနှင့် ခြေစမ်းပွဲတွင် ဒူးဒဏ်ရာရရှိခဲ့သဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲနှင့် လွဲချော်ရဖွယ်ရှိနေကြောင်း သိရသည်။ (၂-၂)ဂိုးဖြင့် သရေကျခဲ့သော ယင်းခြေစမ်းပွဲတွင် ချမ်ဘာလိန်သည် ပွဲချိန် (၆၃)မိနစ်၌ အီကွေဒေါအသင်းမှ ဂရူဇိုနှင့် ထိခိုက်မိကာ ဒူးဒဏ်ရာရရှိသွားခဲ့ခြင်းဖြစ်ပြီး လူငယ်ကစားသမား စတာလင်နှင့် လူစားလဲခဲ့ရသည်။ ချမ်ဘာလိန်၏ ဒူးဒဏ်ရာအခြေအနေမှာ ခွဲစိတ်မှုခံယူရသည်အထိ ဆိုးရွားဖွယ်ရှိနေပြီး အသေးစိပ်စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။ ချမ်ဘာလိန်၏ ဒဏ်ရာအခြေအနေ ဆိုးရွားခဲ့ပါက နည်းပြရွိုင်းဟော့ဒ်ဆန်အနေဖြင့် အရန်ကစားသမားများဖြစ်သော ကလီဗာလေ၊ မိုက်ကယ်ကာရစ်တို့ဖြင့် အစားထိုးသွားမည်ဖြစ်ကြောင်း သိရသည်။ အင်္ဂလန်အသင်းသည် အီကွေဒေါနှင့် ခြေစမ်းပွဲတွင် ရလဒ်ပိုင်းမကောင်းမွန်ခဲ့သလို၊ ဒဏ်ရာရရှိခဲ့သည့် ချမ်ဘာလိန်အစား လူစားဝင်ခဲ့သည့် စတာလင်မှာလည်း အီကွေဒေါကွင်းလယ်လူ ဗလင်စီယာနှင့် အချင်းများခဲ့၍ အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရသောကြောင့် စိတ်ပျက်စရာ ဖြစ်ခဲ့ရသည်။ from Eleven Media Group's Facebook Wall http://ift

" ဖုန်းမှ တစ်ဆင့်မဖွယ်မရာပြောဆိုမှုတိကျသော ဥပဒေမရှိခြင်းကြောင့် အရေးယူရန်ခက် "...

" ဖုန်းမှ တစ်ဆင့်မဖွယ်မရာပြောဆိုမှုတိကျသော ဥပဒေမရှိခြင်းကြောင့် အရေးယူရန်ခက် " မိုဘိုင်းဖုန်းမှတစ်ဆင့် အမျိုးသမီးများအား မဖွယ်မရာပြောဆိုခြင်း၊ ခြိမ်း ခြောက်ခြင်းကို တရားစွဲဆို အရေးယူနိုင်ရေးမှာ တိကျသောဥပဒေ မရှိခြင်းကြောင့် ထိရောက်မှု အားနည်းနေသေးကြောင်း သက်ဆိုင်ရာနယ်ပယ်အလိုက် ကျွမ်းကျင်သူများက ပြောသည်။ လက်ရှိတွင် ညအိပ်ချိန်များ၌ အမျိုးသမီးများ ကိုင်ဆောင်သည့် ဖုန်းများကို ဖုန်းမှားသည့်အသွင်ဖြင့် မဖွယ်မရာစကားများ၊ ခြိမ်းခြောက်မှုများကို အသံဖြင့်လည်းကောင်း၊ မက်ဆေ့ခ်ျ ပေးခြင်း ဖြင့် လည်းကောင်း ပြု လုပ်နေသည်ဟု ကိုယ်တိုင်ကြုံတွေ့သူများက ပြောသည်။ ''အိပ်ပျော်နေတုန်း ဖုန်းလာလို့ ကိုင်လိုက်မိတယ်။ တစ်ဖက်က ပြော တဲ့စကားဘယ်လောက်တောင် မိုက်ရိုင်းသလဲဆိုရင် အိပ်ချင် စိတ်တောင် ပျောက်ပြီးတော့ ဒေါသ အလိပ်လိပ် ထွက်ရပါတယ်'' ဟု အင်းစိန်မြို့နယ်မှ မထက်ထက်က ပြောသည်။ ယင်းအပြင် ပုဇွန်တောင်မြို့နယ်မှ အသက် ၃ဝ အရွယ် မဝင်းမာကလည်း အသိတစ်ယောက်ဖုန်းထင်၍ ကိုင်လိုက်သောအခါ တစ်ဖက်မှ မဖွယ်မ ရာများ ပြောဆိုသည့်အပြင် အုပ်စုနှင့်ရှိနေကြောင်း ခြိမ်းခြောက် ပြော ဆိုသွားသည့်အတွက် ဒေါသဖြင့် စိတ်ဆင်းရဲခဲ့ရကြောင်

အာဇာနည်ဗိမာန်ဗုံးခွဲမှုတွင် သေဆုံးခဲ့သည့် တောင်ကိုရီးယားအစိုးရအဖွဲ့ဝင် ၁၇ ဦးအတွက်...

အာဇာနည်ဗိမာန်ဗုံးခွဲမှုတွင် သေဆုံးခဲ့သည့် တောင်ကိုရီးယားအစိုးရအဖွဲ့ဝင် ၁၇ ဦးအတွက် အောက်မေ့ဖွယ် ကျောက်တိုင် ဇွန် ၆ ရက်တွင် ဖွင့်မည် ---------- ---------- အာဇာနည်ဗိမာန်၌ ဗုံးခွဲလုပ်ကြံခံခဲ့ရသော တောင်ကိုရီးယားအစိုးရအဖွဲ့ဝင် ၁၇ ဦး အတွက် အောက်မေ့ဖွယ်ကျောက် တိုင်ဖွင့်ပွဲကို ဇွန်လ ၆ ရက်တွင် ရန်ကုန်မြို့အာဇာနည်ကုန်း၌ပြု လုပ်မည်ဖြစ်ပြီး တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ယူဗြောင်စီး တက်ရောက်မည် ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ သတင်းရရှိသည်။ အောက်မေ့ဖွယ် ကျောက် တိုင်ဖွင့်ပွဲသို့ တောင်ကိုရီးယား ဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံခြား ရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့် ရန်ကုန်မြို့မှ သံတမန်အချို့ တက်ရောက်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးကြည်လင်း ကအတည်ပြုပြောကြားသည်။ သတင်းအပြည့်အစုံ ==> http://ift.tt/1rNaqTS from 7Day News Journal's Facebook Wall http://ift.tt/1tK9ifz

တက္ကသိုလ်ဝင်တန်း အွန်လိုင်းအောင်စာရင်း ဇူလိုင်လ နောက်ပိုင်းမှသာ ထုတ်ပြန်မည် ရန်က...

တက္ကသိုလ်ဝင်တန်း အွန်လိုင်းအောင်စာရင်း ဇူလိုင်လ နောက်ပိုင်းမှသာ ထုတ်ပြန်မည် ရန်ကုန်၊ ဇွန် ၇ ပညာရေးဝန်ကြီးဌာနက ၂၀၁၃-၂၀၁၄ တက္ကသိုလ်ဝင်တန်း အောင်စာရင်း ကြေညာချက်ကို သက်ဆိုင်ရာ စာဖြေဌာနများတွင် ဇွန်လ ၇ ရက်နေ့၌ ကြေညာမည် ဖြစ်သော်လည်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန အွန်လိုင်း စာမျက်နှာတွင်မူ ဇူလိုင်လ နှောင်းပိုင်းမှ ကြေညာနိုင်မည် ဖြစ်ကြောင်း အဆိုပါဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်က The Voice သို့ ပြောကြားသည်။ တက္ကသိုလ်ဝင်တန်း ဖြေဆိုသူ အားလုံး၏ စာရင်းအားလုံးကို ပြန်လည် စုစည်းရခြင်းကြောင့် အချိန်ကြန့်ကြာခြင်း ဖြစ်ကြောင်း ၎င်းထုတ်ပြန်မည့် ရက်အတိအကျကိုမူ မကြေညာနိုင်သေးကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။ “ကျောင်းသား နှစ်သိန်းကျော်လောက်ကို ပြန်စုရတာဆိုတော့ တစ်လကြာမှ ထွက်ဖို့တောင် တော်တော်ကြိုးစားရမယ်” ဟု ဦးမျိုးညွန့်က ပြောဆိုသည်။ နိုင်ငံတကာတွင် စာမေးပွဲ အောင်စာရင်းများကို အွန်လိုင်းပေါ်တွင်သာ အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်ပေးသည့်အတွက် ကျောင်းသား၊ ကျောင်းသူများ ပိုမိုအဆင်ပြေနိုင်ကြောင်း၊ မြန်မာနိုင်ငံတွင်လည်း စာရွက်စာတမ်းများနှင့် သိမ်းဆည်းသော စနစ်များမှ နည်းပညာနှင့် သိမ်းဆည်းသော စနစ်သို့ ပြောင်းလဲ

ကစားသမားများ၏ အသက်မှန်ကန်ရေး နည်းပြများတွင်တာဝန်ရှိဟု ဦးဇော်ဇော်ဆို ညီမိုဃ်း...

ကစားသမားများ၏ အသက်မှန်ကန်ရေး နည်းပြများတွင်တာဝန်ရှိဟု ဦးဇော်ဇော်ဆို ညီမိုဃ်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က ကစားသမားများ၏ အသက်မှန်ကန်ရေးမှာ နည်းပြများတွင် တာဝန်ရှိသည်ဟု ပြောကြားလိုက်သည်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် ယခုနှစ်မှစတင်၍ ကစားသမားများ၏ အသက်မှန်ကန်မှုကို တင်းကျပ်စွာ စစ်ဆေးခဲ့ပြီး မြန်မာနေရှင်နယ်လိဂ်နှင့် လိဂ်(၂) လူငယ်အသင်းများတွင် အသက်ကျော် ကစားသမား များ စစ်ဆေးတွေ့ရှိခဲ့သလို ဘောလုံးအဖွဲ့ချုပ် ဘောလုံးအကယ်ဒမီတွင်လည်း အသက်ကျော် ကစားသမား နှစ်ဦး တွေ့ရှိခဲ့ရသည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဦးဇော်ဇော်က “ပြည်တွင်းက နည်းပြတွေအနေနဲ့ ကိုယ့်အသင်းအောင် မြင်မှုရရှိဖို့ တစ်ခုတည်းအတွက် မကြည့်ဘဲ မြန်မာ့ဘောလုံးလောက တိုးတက်ဖို့ကို ၀ိုင်းဝန်း ကူညီသင့် တယ်လို့ ထင်ပါတယ်။ ကိုယ့်အသင်းအတွက်ပဲ ကိုယ်ကြည့်မယ်ဆိုရင် ကစားသမားတွေ အတွက်လည်းနစ် နာမှု ရှိနိုင်ပါတယ်။ ကိုယ့်အသင်း နိုင်ချင်စိတ်နဲ့ အသက်ကျော် ကစားသမားတွေကို ထည့်ကစားမယ် ဆိုရင် ပြိုင်ဘက်အသင်းက ကစားသမားတွေအတွက်လည်း အကျိုးမရှိနိုင်သလို ၂၃ နှစ်အရွယ်အတွက် အတွေ့ အကြုံကိုရယူရမယ့် ကစားသမားက ၂၀ နှစ်အောက် အတွေ့အကြုံကို ဆင်းယူနေရရ

ခိုက်ရန်ဖြစ်ပွားမှုများ တိုးပွားလာ၍ MNL ပွဲများ လုံခြုံရေးနှစ်ဆတိုးမည် ရဲရင့်ဌေး...

ခိုက်ရန်ဖြစ်ပွားမှုများ တိုးပွားလာ၍ MNL ပွဲများ လုံခြုံရေးနှစ်ဆတိုးမည် ရဲရင့်ဌေး ဇွန်လ ၉ ရက်တွင် ပြန်လည်စတင်မည့် မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်များအတွက် လုံခြုံရေးအင်အား ပိုမိုတိုးမြှင့်ချထားမည်ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးတင်အောင်က ပြောသည်။ ယခုနှစ် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်များတွင် ပရိသတ်အချို့၏ ဆိုးသွမ်းအပြုအမူများအပြင် ကစားသမား များနှင့် အသင်းတာဝန်ရှိသူ အချို့၏ ရမ်းကားသော အပြုအမူများကြောင့် လုံခြုံရေးကို ပိုမို တင်းကျပ်ရန် အဖွဲ့ချုပ်မှ စီစဉ်နေခြင်း ဖြစ်သည်။ “ကျွန်တော်တို့အနေနဲ့ လက်ကျန် ပွဲစဉ်တွေအတွက် လုံခြုံရေးအင်အားကို ပိုမိုတင်းကျပ်နိုင်ဖို့ စီစဉ်နေပါ တယ်။ မြန်မာနေရှင်နယ်လိဂ်ကို တစ်နှစ်ထက် တစ်နှစ်ပိုပြီး တိုးတက်အောင် ဆောင်ရွက်နေတဲ့ အချိန်မှာ အားလုံး ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။ ပထမအကျော့ပွဲစဉ်တွေကလို ဖြစ်ရပ်တွေ ထပ်မဖြစ်ဖို့ ကြိုးစား ဆောင်ရွက်နေပါတယ်” ဟု ဦးတင်အောင်က ဆိုသည်။ ၂၀၁၄ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် ၁၀ အပြီးတွင် ဒိုင်လူကြီးများ ကိုယ်ထိလက်ရောက် စော်ကားခံရ မှု၊ နှစ်ဖက် ကစားသမားများ ခိုက်ရန်ဖြစ်ပွားမှုစသည့် ဖြစ်ရပ်များ ဖြစ်ပွားခဲ့ပြီး နယ်ပွဲစဉ်များတွင်လည်း

အီဂျစ် ရွေးကောက်ပွဲ ကာကွယ်ရေးဦးစီးချုပ်ဟောင်း အယ်လ်စီစီ အနိုင်ရ ကိုင်ရို၊ ဇွန်...

အီဂျစ် ရွေးကောက်ပွဲ ကာကွယ်ရေးဦးစီးချုပ်ဟောင်း အယ်လ်စီစီ အနိုင်ရ ကိုင်ရို၊ ဇွန် ၄ အီဂျစ်နိုင်ငံတွင် လွန်ခဲ့သော သီတင်းပတ်က စ၍ သမ္မတ ရွေးကောက်ပွဲများ ကျင်းပခဲ့ရာ အီဂျစ် ကာကွယ်ရေးဦးစီးချုပ်ဟောင်း အယ်လ်စီစီက အနိုင်ရရှိသွားကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။ အီဂျစ်နိုင်ငံတွင် ကျင်းပသော သမ္မတ ရွေးကောက်ပွဲတွင် မဲပေးသူဦးရေ ရာခိုင်နှုန်းမှာ ၄၇ ဒသမ ၄၅ ရာခိုင်နှုန်းထိ ရှိကြောင်း အီဂျစ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ အန်ဝါရာရှတ်အယ်လ်အစီက သတင်းစာ ရှင်းလင်းပွဲတွင် ကြေညာခဲ့သည်။ အဆိုပါ ရွေးကောက်ပွဲတွင် အီဂျစ် စစ်တပ်အကြီးအကဲဟောင်း အယ်လ်စီစီက မဲအရေအတွက် ၉၆ ဒသမ ၉ ရာခိုင်နှုန်း ထောက်ခံမဲ ရရှိခဲ့ပြီး အနိုင်ရရှိခဲ့ခြင်း ဖြစ်ကြောင်း အီဂျစ်ရွေးကောက်ပွဲ ကော်မရှင်က ကြေညာခဲ့သည်။ စစ်တပ် အကြီးအကဲဟောင်း အယ်လ်စီစီ၏ တစ်ဦးတည်း ပြိုင်ဘက် ဟမ်ဒင်ဆာဘာဟီမှာ ထောက်ခံမဲ သုံးရာခိုင်နှုန်းသာ ရရှိခဲ့သည်။ အီဂျစ်နိုင်ငံတွင် အာဏာရှင်သမ္မတ မူဘာရတ်ကို ဖြုတ်ချအပြီး သမ္မတ ဖြစ်လာသော မွတ်ဆလင် ညီအစ်ကိုများအဖွဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သူ မိုဟာမက်မော်စီကို လွန်ခဲ့သော တစ်နှစ်ခန့်က ကာကွယ်ရေးဦးစီချုပ် ဖြစ်ပြီး ယခု ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော အယ်လ်စီစ

ပြည်ခိုင်ဖြိုးပါတီ တစ်လအသုံးစရိတ် ကျပ်သန်းတစ်ထောင်ကျော်ရှိ --------------- -----...

ပြည်ခိုင်ဖြိုးပါတီ တစ်လအသုံးစရိတ် ကျပ်သန်းတစ်ထောင်ကျော်ရှိ --------------- ------------ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပါတီဝင် စည်းရုံးရေးမှူး အဆင့်ဆင့်သို့ စရိတ်အဖြစ် ထောက်ပံ့ငွေနှင့် ပါတီအထွေထွေ အသုံးစရိတ်သည် လစဉ် ကျပ်သန်း ၁၂၀၀ ခန့် ရှိသည်ဟု ပါတီဗဟိုကော်မတီဝင်တစ်ဦးက ပြောသည်။ သတင်းအပြည့်အစုံ ==> http://ift.tt/1kDL8Tn from 7Day News Journal's Facebook Wall http://ift.tt/1jT1qmw

ဝါဝင်ခါ နီးလာခြင်းကြောင့် အိမ်ငှားခဈေးနှုန်း များ ထက်ဝက် နီးပါး ဈေးနှုန်းမြင့်...

ဝါဝင်ခါ နီးလာခြင်းကြောင့် အိမ်ငှားခဈေးနှုန်း များ ထက်ဝက် နီးပါး ဈေးနှုန်းမြင့် တက် သွားသည်ဟု အိမ်ငှားဈေးကွက် မှ သိရသည်။ ''ဝါဝင် မိုးကျတော့မယ် ဆိုတော့ အိမ်ပြင်ဆင် သင့်တာတွေ ပြင်ဖို့ အတွက် ဈေး ပိုတောင်းတာပါ။ ဘယ်လောက်နှုန်းထား တက်လဲ ဆိုတာ ကတော့ လက် ရှိ ဈေးကွက် ငှားရမ်းမှု ကို တွက်ချက်ပြီးတော့ တက်ဖြစ်တာပါ''ဟု ပုဇွန်တောင် မြို့နယ်မှ အိမ်ငှား စားသူ ဒေါ်အုံးမြင့်က ပြောသည်။ ဝါဝင်တော့မည် ဖြစ်၍ အိမ်ငှားခများ ဈေးတက် - သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1kJNefy

" တပ်မတော်သည် နိုင်ငံရေးတွင် ပါဝင်ပတ်သက်မှုမရှိကြောင်း နယ်စပ်ရေးရာ ဒုဝန်ကြီးဆို"...

" တပ်မတော်သည် နိုင်ငံရေးတွင် ပါဝင်ပတ်သက်မှုမရှိကြောင်း နယ်စပ်ရေးရာ ဒုဝန်ကြီးဆို" တပ်မတော်သည် နိုင်ငံတော်တည်ငြိမ်ရန် နှင့်တိုးတက်ရန်အတွက် အစိုးရအား အတတ်နိုင်ဆုံးလုံခြုံရေးကိုဆောင်ရွက်ပေးနေခြင်းသာဖြစ်ပြီး နိုင်ငံရေးတွင် ပါဝင်ပတ်သက်မူမရှိကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဗိုလ်ချုပ် မောင်မောင်အုန်းက ပြောသည်။ ယခုပြုလုပ်သောပထမအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေးစတုတ္တမြောက်နေ့ အစည်းအဝေးအပြီးတွင် မီဒီယာများအား ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။ ''လုံခြုံရေးကို ထိခိုက်ရင်တော့ တပ်မတော်က လက်မခံဘူး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကလည်း သမာသမတ်ကျကျနဲ့ တပ်မတော်ကြီးကို တိုးတက်အောင်လုပ်မယ်၊ ပြီးရင် နိုင်ငံတကာက အလေးအနက်ထားရတဲ့ တပ်မတော်ဖြစ်အောင် သွားမယ် '' ဟု ၎င်းက ပြောသည်။ အဆိုပါပြောကြားချက်နှင့် ပတ်သက်၍ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုဂျင်မီက အစိုးရအဖွဲ့တွင် ကာကွယ်ရေးဦးစီးချုပ် က တိုက်ရိုက်ခန့်ထားသောဝန်ကြီးများနှင့် လွှတ်တော်ကိုယ်စားလှယ် များပါဝင်နေခြင်းကို ကြည့်မည်ဆိုပါက တပ်မတော်က ပြည်တွင်းနိုင်ငံရေးတွင် ပါဝင်မှုမရှိဆိုသည်မှာ မှန်ကန်မှု

ထိုက်တန်သည့်တန်ဖိုးထက် ဈေးပိုပေးရသော ကစားသမားစာရင်းတွင် ဂါရတ်ဘေးလ် ဦးဆောင် ......

ထိုက်တန်သည့်တန်ဖိုးထက် ဈေးပိုပေးရသော ကစားသမားစာရင်းတွင် ဂါရတ်ဘေးလ် ဦးဆောင် ........................................... Timeline Photos ထိုက်တန်သည့်တန်ဖိုးထက် ဈေးပိုပေးရသော ကစားသမားစာရင်းတွင် ဂါရတ်ဘေးလ် ဦးဆောင် ........................................... အောင်ငြိမ်းသွေး ဆွစ်ဇာလန်၊ ဇွန် ၄ ဆွစ်ဇာလန်အခြေစိုက် CIES အဖွဲ့အစည်း၏ စစ်တမ်းများအရ ရီးယဲလ်မှ ၀ယ်ယူခဲ့သော ဝေးလ်တောင်ပံကစားသမား ဂါရတ်ဘေးလ်သည် ထိုက်တန်သည့်တန်ဖိုးထက် ဈေးပိုပေးရသော ကစားသမားစာရင်းတွင် ထိပ်ဆုံးမှ ဦးဆောင်လျက်ရှိသည်။ CIES အဖွဲ့အစည်းသည် ဘောလုံးနှင့်ပတ်သက်သော ဖြစ်ရပ်များကို မှတ်တမ်းများ၊ စစ်တမ်းများပြုလုပ်သည့် အဖွဲ့အစည်း ဖြစ်သည်။ CIES သည် ကစားသမားများ၏ အသက်အရွယ်၊ စာချုပ်သက်တမ်း၊ ကွင်းအတွင်းစွမ်းဆောင်ရည်နှင့် နိုင်ငံတကာ အတွေ့အကြုံများကို စစ်တမ်းပြုလုပ်ပြီး ထိုစာရင်းကို ကြေညာခဲ့ခြင်းဖြစ်သည်။ စစ်တမ်းတွက်ချက်မှုများအရ ရီးယဲလ်အသင်းသည် ဂါရတ်ဘေးလ်အတွက် ပေါင်သန်း ၃၀ ခန့် ပိုပေးခဲ့ရသည်ဟု ထွက်ပေါ်ခဲ့ သည်။ ဂါရတ်ဘေးလ်ကို ၀ယ်ယူခဲ့ရာတွင် ရီးယဲလ်အသင်းသည် ပေါင် ၈၀.၆ သန်းအသုံးပြုခဲ့ရသော်လည်း အမှန်တကယ် ထိုက်တန်သည့် ကြေးမှာ ပေါင် ၅၀.၉ သန်းသြာ

ကမ္ဘာ့ဖလားပြိုင်ပွဲ မစတင်မီ ဒီယေဂိုကော်စတာ ချယ်လ်ဆီးသို့ ရောက်ရန်နီးစပ်နေ ..........

ကမ္ဘာ့ဖလားပြိုင်ပွဲ မစတင်မီ ဒီယေဂိုကော်စတာ ချယ်လ်ဆီးသို့ ရောက်ရန်နီးစပ်နေ ....................................................... "ကော်စတာအားခေါ်ယူရန် ချယ်လ်ဆီးနည်းပြမော်ရင်ဟို၏ကြိုးပမ်းမှုမှာ အဆုံးသတ်လုနီးပါ ဖြစ်နေသော်လည်း ကစားသမား၏ ဒဏ်ရာအခြေအနေကြောင့် ကြန့်ကြာနေရခြင်းဖြစ်သည်..." (သတင်းအပြည့်အစုံကို ဒီနေရာမှာ ဖတ်ရှုနိုင်ပါပြီ) Mizzima Sport News အားကစားသတင်းမှန်သမျှ.....ဒီမှာ ရနေပြီ....။ from Mizzima - News in Burmese's Facebook Wall http://ift.tt/SsoZfv

မိုးကောင်းဘုရားလမ်းရှိ ဟိန္ဒူဘုရားကျောင်းရှေ့တွင် လူသတ်မှုဖြစ်

ရန်ကုန်၊ ဇွန် ၃ ရန်ကင်းမြို့နယ် အမှတ် (၁၃) ရပ်ကွက် မိုးကောင်းဘုရားလမ်းရှိ ဇီးကွက် ဟိန္ဒူဘုရားကျောင်းရှေ့တွင် ဇွန်လ ၃ ရက် နံနက် ၁ နာရီခွဲခန့်က အသက် ၃၀ အရွယ်ခန့်ရှိ အမျိုးသားတစ်ဦး ဦးခေါင်းကြေမွ ဒဏ်ရာများဖြင့် အသတ်ခံရကြောင်း ယင်းရပ်ကွက် နေသူများထံမှ စုံစမ်းသိရှိရသည်။ အမှတ် (၁၄) ရပ်ကွက် မိုးကောင်း ဘုရားလမ်းရှိ Blue Galaxy စားသောက်ဆိုင်မှ အကြော်ဆရာ ဦးချစ်သဲမှာ ယင်းညက အဆိုပါလမ်းရှိ အခြားသော စားသောက်ဆိုင် တစ်ဆိုင်မှ စားပွဲထိုးနှင့်အတူ အရက်သောက်ပြီး ဆိုင်သို့အပြန် ဟိန္ဒူဘုရားကျောင်း ရှေ့တွင် ဝါးဆစ်ပိတ်တုတ်ဖြင့် ရိုက်သတ်ခံရခြင်း ဖြစ်ကြောင်း ရန်ကင်းမြို့မ ရဲစခန်းမှ စခန်းမှူး ဒုတိယ ရဲမှူးဇော်ဇော်က ပြောကြားသည်။ “ဘုရားကျောင်းရှေ့မှာ ခေါင်းကြေမွပြီး လူတစ်ယောက် ပက်လက်လန် သေဆုံးနေတယ်လို့ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့က သတင်းပေးလို့ သွားစစ်ဆေးချိန် သေဆုံးသူရဲ့ အနားမှာ ရိုက်သတ်ခဲ့တဲ့ ဝါးဆစ်ပိတ် တုတ်တစ်ချောင်းကို တွေ့ရှိတယ်။ လူသတ်မှု ကျူးလွန်သူလို့ သံသယ ရှိထားသူက ထွက်ပြေး တိမ်းရှောင်နေလို့ တိုင်း/ခရိုင် အထူးတပ်ဖွဲ့တွေ ပူးပေါင်း စုံစမ်းနေပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။ အဆိုပါ အသတ်ခံရသူ ဦးချစ်သဲမှာ မကွေးတိုင်