Skip to main content

မေးသည့် မေးခွန်းကို တည့်တည့်ဖြေရန် သမဝါယမ ဒုတိယဝန်ကြီးကို သူရဦးရွှေမန်း အသိပေး...



မေးသည့် မေးခွန်းကို တည့်တည့်ဖြေရန် သမဝါယမ ဒုတိယဝန်ကြီးကို သူရဦးရွှေမန်း အသိပေး



နေပြည်တော်၊ ဇွန် ၎



လွှတ်တော်ကိုယ်စားလှယ်များ မေးမြန်းသော မေးခွန်းများကို တည့်တည့် ဖြေဆိုပေးရန် သမဝါယမ ဒုတိယဝန်ကြီး ဦးသန်းထွန်းကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဇွန်လ ၄ ရက်နေ့၌ ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အသိပေး ပြောဆိုလိုက်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။



“လွှတ်တော် ကိုယ်စားလှယ်များက တည့်တည့်မေးတာ တည့်တည့်ဖြေပါ” ဟု သူရဦးရွှေမန်းက ပြောဆိုသည်။



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် ဖြစ်သော ပုသိမ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က သမဝါယမ ဝန်ကြီးဌာန အနေနှင့် အများပြည်သူ စီးပွားမြှင့်တင်ရေးနှင့် ဆင်းရဲမှု လျှော့ချရေးအတွက် နိုင်ငံပိုင် ထုတ်ချေးငွေများကို မည်သည့် ပါတီနှင့် မည်သည့် အဖွဲ့အစည်းမဆို ထုတ်ချေးပါသလား ဟူသော မေးခွန်းကို ဒုတိယဝန်ကြီးက သွယ်ဝိုက် ဖြေကြားနေသဖြင့် ၎င်းက ယင်းသို့ ထောက်ပြ ပြောဆိုခဲ့ခြင်း ဖြစ်သည်။



အဆိုပါ ဝန်ကြီးဌာနက သမဝါယမ အသင်းသား ဖွဲ့စည်းခြင်းနှင့် ချေးငွေ ထုတ်ပေးသည့် လုပ်ငန်းများတွင် ပါတီစွဲ ဂိုဏ်းကဏ္ဍ စွဲများဖြင့် ငွေထုတ်ချေးနေခြင်း ပပျောက်ရန် ယင်းသို့ မေးမြန်းရခြင်း ဖြစ်ကြောင်း မေးခွန်းမေးသူ ဦးဝင်းမြင့်က ရှင်းပြသည်။



သမဝါယမ ဝန်ကြီးဌာန အနေနှင့် အသင်းသား ဖွဲ့စည်းခြင်းတွင် ဝိုင်းကြီးချုပ် စနစ်ဖြင့် ကျေးရွာဒေသအလိုက် ငါးဦးစီ ခေါင်းဆောင် ဖွဲ့စည်းပေးပြီး ချမှတ်ထားသော မူဝါဒများအလိုက် မည်သည့် ပါတီဝင်ကိုမဆို ချေးငွေ ထုတ်ယူလိုပါက အသင်းသားအဖြစ် လက်ခံဆောင်ရွက်ကြောင်း သမဝါယမ ဒုတိယဝန်ကြီး ဦးသန်းထွန်းက ဆိုသည်။



သူရဦးရွှေမန်းသည် ဇွန် ၃ ရက်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင်လည်း ယေဘုယျဆန်သော စကားလုံးများဖြင့် လွှတ်တော်အတွင်း မေးမြန်းပြောဆိုခြင်း မလုပ်ရန် လွှတ်တော်ကိုယ်စားလှယ်များကို သတိပေးခဲ့သည်။







from The Voice Weekly's Facebook Wall http://ift.tt/1owpOhT

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3