Skip to main content

Posts

Showing posts from October 24, 2014

ဝန်ကြီးဌာနများ ဖြည့်စွက်ဘတ်ဂျက်တောင်းခံမှု များပြားလွန်း

၂၀၁၄-၁၅ ဘဏ္ဍာနှစ်မှာ ဖြည့်စွက်ဘတ်ဂျက်ငွေ တောင်းခံတဲ့ ၀န်ကြီးဌာနတွေ အများအပြားရှိပြီး သမဝါယမ ၀န်ကြီးဌာနက မူလခွင့်ပြုထားတဲ့ ဘဏ္ဍာငွေ ထက် ၆၀၀% ကျော် ထပ်မံတောင်းခံတယ်လို့ ဇမ္ဗူသီရိမြီု့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြောကြားလိုက်ပါတယ်။ အဲဒီလိုဖြည့်စွက်ဘတ်ဂျက်ငွေ တောင်းခံတဲ့အထဲမှာ ပတ်ဝန်းကျင်ထိမ်းသိမ်းရေးနဲ့ သစ်တောဝန်ကြီးဌာနနဲ့ ဟိုတယ်ခရီးသွားလာရေး ၀န်ကြီးဌာနတွေအပြင် နေပြည်တော် စည်ပင်သာယာအဖွဲ့ကလည်း နေပြည်တော်မှာ ဗိုလ်ရှုခံစင်မြင့်ဆောက်လုပ်ဖို့ဆိုပြီး ကျပ်သန်းပေါင်း ၆၀၀၀ ကျော်တောင်းခံထားတယ်လို့ ဒေါ်စန္ဒာမင်းက ပြောပါတယ်။ "အဲဒါက နဂိုတုန်းက ၂ဝ၁၄-၂ဝ၁၅ ဘတ်ဂျက်တုန်းက မတောင်းပဲနဲ့ ထပ်မံပြီး အသုံးစရိတ်ကျမှ ဒီဟာကိုတင်ပြလာတာတွေ့ပါတယ်၊ ကျမတို့စစ်ဆေးကြီးလိုက်တဲ့အခါမှာ လျှပ်စစ်လိုင်းသွယ်တာတွေ၊ ဆိုဖာခုံတွေ၊ နောက်ဆုံးပြောရရင် စကားပြောတဲ့ ဒီကျွန်းစားပွဲလေးတစ်ခုတောင် သိန်း ၃ဝ တန် ပြထားတာတွေ့ပါတယ်၊ ပစ္စည်းတွေကို ကုမ္ပဏီကနေလာပြီးတော့ ဆောင်ရွက်ပေးတယ်ဆိုလို့ရှိရင် ကုမ္ပဏီကားနဲ့ပဲ လာရမှာပေါ့၊ ဒါပေမဲ့ အဲ့လိုတောင်မဟုတ်ပါဘူး၊ သယ်ယူစရိတ်တောင် ၁ဝ သိန်းတောင်ပြထားတာ တွေ့ပါတယ်" အခုလိုနေပြည်တော်စည်ပင်က တောင်း

ထိုင်း နိုင်ငံမှ ကမ္ဘာ့ အကြီးဆုံး လက်ပိုင်ရှင် အမျိုး သမီးကြီး ရောဂါဆန်း တစ်ခု ခံစား နေရ

ထိုင်းနိုင်ငံ ဆူရင်ပြည်နယ်မှ အသက် ၅၉ နှစ်အရွယ် ကမ္ဘာ့အကြီးဆုံး လက်များပိုင်ရှင် အမျိုးသမီးကြီးသည် လက်နှစ်ဖက်အရွယ်အစား အလွန်ကြီးမားလွန်းသော ကြောင့် နာကျင်ကိုက် ခဲနေသည့် ရောဂါဆန်း တစ်မျိုးကို ခံစားနေရကြောင်း သိရသည်။ ဆာမက်စ်ဆာမန် အမည်ရှိ အဆိုပါ အမျိုးသမီးကြီးသည် ၎င်းရောဂါဆန်းကို ငယ်ရွယ်စဉ်ကပင် ခံစားခဲ့ရခြင်းဖြစ်ပြီး သူမ၏ လက်အရွယ်အစား ကြီးမားနေမှုကြောင့် ခေါင်းလျှော်ခြင်း သို့မဟုတ် ခေါင်းဖြီးခြင်း ကဲ့သို့သော သာမန်လုပ်ဆောင်မှုများ ကို လုပ်ဆောင်ရာတွင် အခက်အခဲနှင့် ကြုံတွေ့ရသည်ဟု သိရသည်။ သူမ၏ အခြေအနေကြောင့် ဆာမက်စ်ဆာမန်မှာ ကျောင်းမနေခဲ့ရသည့်အပြင် အသက် ၂ဝ နှစ်အထိ အိမ်တွင်းပုန်း ဘဝအဖြစ် နေထိုင်ခဲ့ရသည်။ သို့သော် အသက် ၂ဝ အရွယ်တွင် မိဘနှစ်ပါး အိုမင်းလာခြင်းကြောင့် မိသားစု ကုန်စုံဆိုင်ကို တာဝန်ယူ လုပ်ဆောင်ခဲ့ရာမှ သူမ၏ ထူးဆန်းသည့် အခြေအနေမှာ သတင်း ပျံ့နှံ့သွားခဲ့ပြီး အသက် ၂၅ နှစ်အရွယ်တွင် ခွဲစိတ်မှု စတင်ခဲ့သည်။ သို့ရာတွင် ခွဲစိတ်မှုမှာ မအောင်မြင်ဘဲ ပိုမိုဆိုးရွား လာခဲ့ခြင်းကြောင့် ငါးလခန့်အကြာတွင် ခွဲစိတ်မှုနှစ်ကြိမ် ထပ်မံပြု လုပ်ခဲ့ရသည်ဟု သိရသည်။ နှစ်ပေါင်းများစွာအကြာတွင် ဂျပန်နိုင်ငံမှ ခွဲစိတ်ဆရာဝန် တစ်ဦး

အမေရိကန်မှ လူငယ်တစ်ဦး ကမ္ဘာ့ လျှာအရှည်ဆုံး အဖြစ် ဂင်းနစ် စံချိန်တင်

အမေရိကန် ပြည်ထောင်စု ကာလီဖိုးနီးယား ပြည်နယ်မှ အသက် ၂၄ နှစ် အရွယ်ရှိ နစ်ခ်စတိုးဘယ်လ်သည် အကြိမ်(၆ဝ)မြောက် ၂ဝ၁၅ ခုနှစ် ဂင်းနစ် ကမ္ဘာ့မှတ်တမ်း စာအုပ်တွင် ကမ္ဘာ့ လျှာအရှည်ဆုံး လူသားအဖြစ် မှတ်တမ်းတင် ခံခဲ့ရကြောင်း သိရသည်။ အိုင်းရစ် မျိုးရိုးဝင် စတိုးဘယ်လ်၏ လျှာသည် ၁ဝ ဒသမ ၁ စင်တီမီတာ အရှည်ရှိပြီး ၎င်း၏လျှာသည် ကလေး ဘဝကတည်းက အခြားသူများထက် ပိုမိုရှည်ခဲ့သည်ဟု ၎င်းကိုယ်တိုင်က ပြောကြားခဲ့သည်။ ယင်းနောက် ၎င်းသည် လျှာကို နှာခေါင်းထိ လှန်တင်နိုင်ကြောင်း သိရသည်။ လွန်ခဲ့သောနှစ်က ဂင်းနစ် မှတ်တမ်းတင်ရန် အတွက် ပြိုင်ပွဲဝင် ၅ဝဝဝဝ ခန့် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သဖြင့် ဂင်းနစ်မှတ်တမ်း စာအုပ် ထုတ်လုပ်ရန် အတွက် အခက်အခဲများဖြင့် ကြုံတွေ့ခဲ့ရကြောင်း ယင်းမှတ်တမ်းအား တည်းဖြတ်သူ ကာရေးဂ် ဂလန်ဒေးက ပြောကြားခဲ့သည်။ မြ၀တီ http://ift.tt/1oFF4sG from သစ်ထူးလွင် (ကျန်းမာရေးနှင့် အနုပညာ) - Thit Htoo Lwin http://ift.tt/1xm97tF

ဗြိတိန်ကမ္ဘာလှည့်ခရီးသည် ဘန်ကောက်တွင် အလှအပဆိုင်ရာ ခွဲစိတ်မှုခံယူနေစဉ် သေဆုံး

ဗြိတိန်ကမ္ဘာလှည့်ခရီးသည် ဂျွိုင်း နိုအာ ဝီလျံဟာ ဘန်ကောက်မြို့ အလှပြင်ဆေးခန်းမှာ အောက်တိုဘာလ ၂၃ ရက်နေ့က အလှအပဆိုင်ရာ ခွဲစိတ်မှုခံယူနေတုံး သေဆုံးခဲ့ပါတယ်။ ဘန်ကောက်လူနေရပ်ကွက် ဖြစ်တဲ့ လဒ်ဖ ရာအို ရပ်ကွက်ထဲက SP အလှအပဆိုင်ရာ ခွဲစိတ်ဆေးခန်းမှာ အသက် ၂၄ နှစ်အရွယ် ဝီလျံရဲ့အလောင်းကို တွေ့တယ်လို့ ရဲတွေက ပြောပါတယ်။ ဆိုင်ရှင် အသက် ၅၀ အရွယ် ဆွန်ပေါ့ ဆာအန်စီရီနဲ့ ဝီလျံကိုခွဲစိတ်တဲ့ ဆရာဝန်ကို စစ်မေးရာ မှာတော့ မေ့ဆေးပေးထားလို့ သတိလစ်အပြီး သူ့ကို သတိပြန်လည်လာအောင် လုပ်ပေးဖို့ ပျက်ကွက်ခဲ့ကြောင်း သက်သေခံတယ်လို့ ရဲက ပြောပါတယ်။ ဝီလျံဟာ တင်ပါးပိုကြီးအောင် ပစ္စည်းထည့်ဖို့ ဆေးခန်းကို အောက်တိုဘာ ၁၅ ရက်နေ့ မတိုင်ခင်က လာခဲ့တယ်။ အဲဒီနောက် ခွဲစိတ်ခံဖို့ အောက်တိုဘာ ၂၃ ရက်နေ့က ပြန်လာခဲ့တာလို့ ဆေးခန်းဝန်ထမ်းတွေက ပြောပါတယ်။ ရဲတွေကတော့ ဆိုင်ရှင်ကို လျစ်လျူရှုမှုနဲ့ တရားစွဲမယ်လို့ ပြောပါတယ်။ ပြစ်မှုထင်ရှားရင် ဆိုင်ရှင်ဟာ ထောင်ဒဏ်အများဆုံး ၁၀ နှစ် ကျခံရနိုင်ပါတယ်။ သေဆုံးရတဲ့ အကြောင်းအရင်းကို စုံစမ်းစစ်ဆေးဖို့ အလောင်းကို ရဲမှုခင်းဆေး ပညာဌာနဆီ ပို့ပြီးပြီလို့ ရဲက ပြောခဲ့ပါတယ်။ By ဒီဗွီဘီ http://

IS အဖွဲ့သည် ရေ နံ စိမ်း ရောင်း ရ ငွေ တစ်နေ့ လျှင် ဒေါ်လာ တစ်သန်းရှိ ကမ္ဘာ့ အချမ်းသာဆုံး အကြမ်းဖက် အဖွဲ့ဖြစ်လာ

IS အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့သည် ရေနံ မှောင် ခိုရောင်း ချမှု၊ ပြန်ပေး ဆွဲမှုနှင့် ခြိမ်းခြောက် ငွေညှစ်မှုတို့မှ တစ်လလျှင် ဝင်ငွေသန်းပေါင်း များစွာ ရရှိသဖြင့် ကမ္ဘာ့ အချမ်းသာဆုံး အကြမ်းဖက် အဖွဲ့အစည်း ဖြစ်လာခဲ့ကြောင်း ကျွမ်းကျင် သူများက အောက်တိုဘာ ၂၃ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ အဆိုပါ အကြမ်းဖက် အဖွဲ့သည် ယခုနှစ် အစောပိုင်းက အီရတ်နှင့် ဆီးရီးယားနိုင်ငံ တစ်ဝန်းရှိ ၎င်းတို့ သိမ်းပိုက်ထားသော ဒေသ များမှ ထွက်ရှိသည့် ရေနံစိမ်းများကို ရောင်းချခြင်းဖြင့် တစ်နေ့လျှင် အမေရိကန်ဒေါ်လာ ၁သန်း ဝင်ငွေရှိကြောင်း အမေရိကန် အကြမ်းဖက်မှုနှင့် ဘဏ္ဍာရေးဆိုင်ရာ ထောက်လှမ်းရေး အကြီးအကဲ ဒေးဗစ် ကိုမာန်က ပြောကြားခဲ့သည်။ IS အဖွဲ့ဟုကျော်ကြားသည့် ယင်း အကြမ်းဖက်အဖွဲ့သည် မသမာသော နည်းလမ်း များနှင့် အခြားအကြမ်းဖက် အဖွဲ့များထက် ကြွယ်ဝနေခြင်း ဖြစ်ကြောင်း၊ ထိုအ ချက်သည် အမေရိကန်နှင့် မဟာမိတ်နိုင်ငံ များ၏ ငွေကြေး စီးဆင်းမှုကို အဟန့်အတား ဖြစ်စေနိုင်သည့် စိန်ခေါ်မှုတစ်ခု ဖြစ်လာနိုင်ကြောင်း ကိုဟန်က ထပ်လောင်း ပြောကြားခဲ့သည်။ မြ၀တီ http://ift.tt/1oFF4sG from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1tlAExk

ကိုပါကြီးဇနီးက ဥပဒေနဲ့အညီ ရင်ဆိုင်မယ်လို့ ပြော

မွန်ပြည်နယ်တွင်းမှာ တပ်မတော်ကနေ ဖမ်းဆီး သတ်ဖြတ်ခံခဲ့ရတဲ့ အလွတ်သတင်းထောက် ကိုပါကြီး ခေါ် ကိုအောင်ကျော်နိုင်နဲ့ပါတ်သက်ပြီး ဥပဒေအရ ဆက်လက် ရင်ဆိုင်သွားမယ်လို့ ဇနီးသည် မသန္တာက ပြောပါတယ်။ အစိုးရဘက်က သတင်းထုတ်ပြန်ချက်မှာတော့ ကိုပါကြီးဟာ ကရင်လက်နက်ကိုင် KKO ရဲ့ ပြန်ကြားရေး တာဝန်ခံဖြစ်ပြီး ဖမ်းဆီးထားစဉ် ထွက်ပြေးဖို့ ကြိုးစားတဲ့အတွက် ပစ်သတ်ဖမ်းဆီးခဲ့တာလို့ ဖော်ပြပါတယ်။ ကြာသပတေးနေ့ နေ့စွဲနဲ့ တပ်ဘက်က ထုတ်ပြန်ချက်အရ ကိုပါကြီးဟာ အောက်တိုဘာလဆန်းကတည်းက သေဆုံးခဲ့ပါတယ်။ ဒီကြားထဲမှာ ဇနီးသည်နဲ့အတူ မိတ်ဆွေတွေနဲ့ မွန်နိုင်ငံရေး အသိုင်းအဝိုင်းက လူတွေက ကိုပါကြီးအကြောင်း လိုက်လံစုံစမ်းခဲ့ပေမယ့် သတင်းအတိအကျ မရခဲ့ကြပါဘူး။ ကိုပါကြီးဟာ သမားရိုးကျသေဆုံးတာ မဟုတ်ပဲ ညှဉ်းပမ်းနှိပ်စက်ခံရပြီး သေဆုံးတဲ့အတွက် ကျူးလွန်သူတွေကို ဥပဒေအရ ရင်ဆိုင်သွားမယ်လို့ ကျန်ရစ်သူ ဇနီးသည် မသန္တာက ပြောပါတယ်။ ဘီဘီစီ (မြန်မာပိုင်း) http://ift.tt/1tlvvFw ကိုပါကြီး ခေါ် ကိုအောင်ကျော်နိုင် from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1tlvuBv

ကာကွယ်ရေးဘတ်ဂျက် တိုးမြှင့်တောင်းခံမှု လွှတ်တော်မှာ ကန့်ကွက်ဆွေးနွေး

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွက် ကာကွယ်ရေးဝန်ကြီးဌာနက တောင်းခံတဲ့ ဘဏ္ဍာငွေနဲ့ ပတ်သက်ပြီး ပြည်ထောင်စု လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်တချို့က ဒီနေ့ ကန့်ကွက်ဆွေးနွေးခဲ့ကြပါတယ်။ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ သတ္တုတွင်းတွေ လုံခြုံရေးအတွက် ဘတ်ဂျက်ငွေ ထည့်သွင်းတောင်းခံထားတာဟာ မဖြစ်သင့်တဲ့အကြောင်း အခုလိုဆွေးနွေးခဲ့ပါတယ်။ "ကာကွယ်ရေးဝန်ကြီးဌာနက သတ္တုတွင်းတွေ လုံခြုံရေးအတွက် တပ်ရင်း ၄ ရင်းစာကို ပေးရတယ်ဆိုရင် မိတ္ထီလာမှာသွားပြီးတော့ ထိန်းသိမ်းတဲ့တပ်အတွက် ပြည်ထဲရေးကပေးရမှာလား၊ ရခိုင်ပြည်နယ်မှာ သွားပြီးတော့ လုံခြုံရေးသွားလုပ်တဲ့ တပ်တွေအတွက် ဘယ်ဌာနကပေးမလဲ၊ ဒါဆိုရင် ကျနော်တို့ ထွေပြားရှုပ်ထွေးမှုရှိပါတယ်၊ တစ်နိုင်ငံလုံးရဲ့ လုံခြုံရေးဟာ တပ်မတော်မှာ တာဝန်ရှိပါတယ်၊ တစ်နိုင်ငံလုံးရဲ့ လုံခြုံရေးကို လုပ်နေရဲ့သားနဲ့ သတ္တုတွင်းကို လုံခြုံရေးလုပ်နေတဲ့ ၄ ရင်းစာကို သတ္တုတွင်းက တောင်းရတာတို့၊ သစ်တောလုံခြုံရေးလုပ်တဲ့သူက တောင်းရတာတို့ဆိုတာ ဒီခေတ်စနစ်မှာတော့ မကိုက်ညီတော့တဲ့အတွက်ကြောင့်မို့ နောင်လာမယ့် ဘတ်ဂျက်တွေမှာတော့ သတ္တုတွင်းက ဘတ်ဂျက်ကိုယူသုံးမယ့်အစား မိမိတို့ရဲ့ ကာကွယ်ရေးဌာနကသာလျှင် ထည်

မန္တလေးဆေးရုံကြီးပေါ် လိုက်လံခိုးယူနေသူကို ဖော်ထုတ်ဖမ်းဆီးရမိ

မန္တလေး အောက်တိုဘာ ၂၄ မန္တလေးခရိုင် မှုခင်းနှိမ်နင်းရေး ဌာနစိတ် တာဝန်ခံရဲအုပ် ကြည်ဇင်ဦးစီးသည့် အဖွဲ့၏ စစ်ဆေး ဖော်ထုတ်ချက်အရ ကွင်းဆက်ခိုးမှု ခြောက်မှု ပေါ်ပေါက်ခဲ့ကြောင်း သိရသည်။ ရဲအုပ်ကြည်ဇင်နှင့်အဖွဲ့သည် အောက်တိုဘာ ၉ ရက် ညနေပိုင်း က ၂၂ လမ်း ၉ဝx၉၁ လမ်းကြားတွင် စိုးသူခိုင်(ခ)ဂျမားကို Huawei အမျိုးအစား လက်ကိုင်ဖုန်း တစ်လုံးနှင့်အတူ မသင်္ကာဖွယ်တွေ့ရှိ၍ မန္တလေးခရိုင်ရဲတပ်ဖွဲ့ မှူးရုံးသို့ ခေါ်ဆောင်ကာ သက်သေများရှေ့တွင် စစ်မေးရာ ပိုင်ဆိုင်ကြောင်းအထောက်အထားတစ်စုံ တစ်ရာပြသနိုင်ခြင်းမရှိသည့်အပြင် အဆိုပါဖုန်းအား အောက်တိုဘာ ၇ ရက် ညနေ၃ နာရီက မန္တလေးပြည်သူ့ဆေးရုံကြီးဝင်းအတွင်းရှိ ခွဲစိတ်ဆောင်အတွင်း အိပ်ပျော်နေသည့် လူနာစောင့်အမျိုးသားတစ်ဦး၏ အိတ်ကပ်အတွင်းမှ ခိုးယူခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ် ပေါက်ခဲ့သဖြင့် အမှတ်(၈)မြို့မ ရဲစခန်းတွင် အမှုဖွင့်အရေးယူ ဆောင်ရွက်ခဲ့သည်။ ဆက်လက်၍ ကွင်းဆက်အမှုများကို စစ်မေးရာ အောက်တိုဘာလ (နေ့ရက်မမှတ်မိ) နံနက် ၃ နာရီခွဲက မန္တလေးပြည်သူ့ဆေးရုံကြီး ခွဲစိတ်ဆောင်(၂)အတွင်း အားသွင်းထားသည့် Huawei အဖြူရောင် လက်ကိုင်ဖုန်းတစ်လုံးကို လည်းကောင်း၊ စက်တင်ဘာ ၂၇ ရက် နံနက် ၄ နာရီက ဖျားနာဆောင်(၃) အရှေ့ဘက

အီဘိုလာကုသရေးထိုးဆေး ရှေ့နှစ်အသင့်လို့ ပြော

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ WHO က လာမဲ့ ၂၀၁၅ နှစ်ကုန်ပိုင်းမှာ အီဘိုလာ ရောဂါ စမ်းသပ်ကုသမဲ့ ထိုးဆေး တွေ သန်းနဲ့ ချီ ထုတ်လုပ်မဲ့ အကြောင်း ပြောပါတယ်။ ဒီထိုးဆေး ကို ဖေါ်ထုတ်ရေး နဲ့ ဖြန့်ဝေရေး အစီအစဉ် ကိုလည်း လျင်မြန်စေဖို့ WHO မှ ထိတ်တန်း အရာရှိ Marie-Paule Kieny က ချမှတ် နေပြီ ဖြစ်တဲ့ အကြောင်း၊ ရှင်းပြပါတယ်။ ရောဂါ ကုသရာမှာ ထိရောက်မှု ရှိမယ် လို့ မှတ်ယူထားတဲ့ ထိုးဆေး ၂ မျိုး ကိုလည်း စမ်းသပ် ကုသ ပြီးတဲ့ အကြောင်း နဲ့ နောက်ထပ် ထိုးဆေး ၅ မျိုးကို လည်း ဖေါ်စပ် ထားတဲ့ အကြောင်း ပြောပါတယ်။ ဆေး ကုမ္ပဏီ တွေ ဘက်ကလည်း ၂၀၁၅ နှစ်စ ပိုင်းမှာကို ထိုးဆေး ကို စမ်းသပ် နိုင်ရေးအတွက် လုပ်ကိုင်နေပြီ ဖြစ်တဲ့ အကြောင်း ပြောတာပါ။ WHO အနေနဲ့ အီဘိုလာ ထိုးဆေးတွေ အမြန်ဆုံး ဖေါ်ထုတ် လိုတဲ့နေရာမှာ အရင်က တခါမှ ကြိုးပန်းခဲ့ဖူးခြင်း မရှိတဲ့ အကြောင်း ဘီဘီစီ သတင်းထောက် က ပြောပါတယ်။ ဥရောပ သမဂ္ဂ ကလည်း အီဘိုလာ တိုက်ဖျက်ရေး အတွက် ဒေါ်လာ ၁ ဒဿမ ၄ ဘီလီယံ ထည့်ဝင်လိုက်ပါပြီ။ မာလီနိုင်ငံ မှာ အီဘိုလာ ကူးစက်ခံရတဲ့ ၂ နှစ် အရွယ် ကလေး ကတော့ ကွယ်လွန်သွားပါပြီ။ ဒီကလေးနဲ့ ထိတွေ့သူ လူပေါင်း ၄၀ ကျော် ကိုလည်း မာလီ အာဏာပိုင်တွေ က စောင့်ကြည့်နေကြပါတယ်။ အမေရိကန

အီဘိုလာ အကူးစက်ခံရသူ ကန် သူနာပြုတွေ ပျောက်ကင်းပြီ

အီဘိုလာရောဂါ ရှိတဲ့ လိုင်ဘေးရီးယား လူနာကို ပြုစုကုသပေးပြီး ရောဂါကူးခံရတဲ့ အမေရိကန် သူနာပြုနှစ်ဦးဟာ အခု ရောဂါ ကင်းသွားပါပြီ။ နယူးယောက်မြို့တွင်းနဲ့ ပတ်ဝန်းကျင် အရပ်တွေမှာတော့ နောက်ထပ် အမေရိကန်နိုင်ငံသားတဦး အီဘိုလာရောဂါ ရထားတာကြောင့် သီးခြားခွဲထားတဲ့ လုပ်ဆောင်ချက်အသစ်တွေ လုပ်နေရပါတယ်။ အမေရိကန်မြေပေါ်မှာ ပထမဆုံး အီဘိုလာလူနာကို ကုသပေးတဲ့ တက္ကဆက်စ်ပြည်နယ်၊ ဒါးလက်စ်မြို့က သူနာပြု Nina Pham ဟာ သောကြာနေ့ မှာ ဆေးရုံကဆင်းပြီးတဲ့နောက် သမ္မတ ဘရာ့ခ် အိုဘားမားက တွေ့ဆုံပါတယ်။ ၀ါရှင်တန်မြို့တော်နား မေရီလန်းပြည်နယ်က အမျိုးသားကျန်းမာရေး အင်စတီကျူရဲ့ ဆေးရုံကနေဆင်းလာပြီး သိပ်မကြာခင်မှာပဲ သူနာပြု Nina Pham ကို သမ္မတအိုဘားမားက အိမ်ဖြူတော်မှာ လက်ခံတွေ့ဆုံပြီး ပွေ့ဖက် နှုတ်ဆက်ပါတယ်။ အီဘိုလာရောဂါနဲ့ နောက်ထပ် ကုသမှုခံယူနေတဲ့ သူနာပြု Amber Vinson မှာလည်း ဗိုင်းရပ်စ်မရှိတော့တာ သိသာထင်ရှားပေမယ့် သူ ကုသမှုခံယူနေတဲ့ အတ္တလန်တာဆေးရုံတခုကနေ ဘယ်တော့ ပေးဆင်းမယ်ဆိုတဲ့ ရက်ကို မသတ်မှတ်ရသေးဘူးလို့ ကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။ ဒီအတောအတွင်းမှာပဲ အနောက်အာဖရိကဒေသမှာ အီဘိုလာရောဂါသည်တွေနဲ့ ထိတွေ့မှုရှိထားတဲ့ ဘယ်သူမဆို သူတို့ ပြည်န

GPS စနစ်၌ အသေးစိတ် လမ်းညွှန်မြေပုံထည့် သွင်းထားသော ပြည်တွင်းရှိ မြို့ ကြီးများ အရေအတွက် တိုးမြင့်လာ

ရန်ကုန် ၊ ၂၄-၁၀-၂၀၁၄ Global Positioning System(GPS) စနစ်၌ အသေးစိတ် လမ်းညွှန်မြေပုံ ထည့်သွင်း အသုံးပြု ထားသော မြန်မာနိုင်ငံရှိ မြို့ကြီးများ အရေအတွက် သည် ယခင်ကထက် ပိုမိုများပြား လာပြီး ယခုအခါ မြို့ကြီး ၁ဝဝ နီးပါးအထိ ရှိလာပြီဖြစ်ကြောင်း Concordia International Co., Ltd. မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ '' GPS စနစ် ထည့်သွင်းလို့ ရတဲ့ မြို့အရေအတွက် ဟာ အရင်ကထက် စာရင် ပိုများလာတယ်။ ကျွန်တော်တို့ ကလည်း အမြဲတမ်း Upgrade လုပ်ပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံက မြို့ကြီး ၁ဝဝ နီးပါးလောက် အထိ အသေးစိတ် မြေပုံလမ်းညွှန် ပါတဲ့ GPS စနစ်ကို ထည့်သွင်း အသုံးပြုလို့ ရပါပြီ ... ''ဟု ၄င်းက ပြောသည်။ ယခင်က ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် အစရှိသော မြို့ကြီးများ အပါအဝင် စုစုပေါင်း ၂၅ မြို့ခန့်သာ GPS စနစ်တွင် အသေးစိတ် ထည့်သွင်း နိုင်ခဲ့ခြင်း ဖြစ်ပြီး ယခုအခါ အခြားသော လူစည်ကားရာ မြို့ကြီးများ၏ အသေးစိတ် မြေပုံများကိုပါ GPS စနစ်တွင် ထည့်သွင်းလာနိုင် ခြင်းဖြစ်ကြောင်း သိရသည်။ Concordia International Co., Ltd. အနေဖြင့် Upgrade လုပ်ထားသော GPS စနစ်မြေပုံ အသစ် ထည့်သွင်းလို သူများကို တစ်ဦးလျှင် ငွေကျပ် ခြောက်သောင်း

၁၁ ကြိမ်မြောက် အာဆီယံ ညီလာခံ လုံခြုံရေး

လာမဲ့ နိုဝင်ဘာလ မှာ မြန်မာနိုင်ငံ မှာ အာဆီယံ ထိပ်သီးညီလာခံ နဲ့ အရှေ့အာရှ ထိပ်သီး ညီလာခံ တွေ ကျင်းပ မှာပါ။ ဒီညီလာခံ ကို ဒေသတွင်း ခေါင်းဆောင်တွေ သာ မက၊ အမေရိကန် သမ္မတ အိုဘားမား လည်း လာတက် မှာပါ။ အဲဒီ အတွက် မြန်မာ အစိုးရ က လုံခြုံရေး အင်အား ကို သောင်းဂဏန်း သုံးမယ် လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ က ပြောပါတယ်။ ဒီ လုံခြုံရေး ကိစ္စ နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ နယ်စပ်ဖြတ်ကျော် မှုခင်းများ ဆိုင်ရာ ဌာနကြီးမှူး ဦးစိုးမြိုင် က ဒီညီလာခံ ဟာ ခါတိုင်းထက် ပို အရေးကြီးတယ် လို့ ခံယူထား တဲ့ အတွက် အရင် လုပ်တဲ့ လုံခြုံရေး တာဝန်တွေ အပြင် ဥပမာ အားဖြင့် ဒေသတွင်း နိုင်ငံတွေ က ရဲတပ်ဖွဲ့ တွေ နဲ့ ပါ၊ သတင်းဖလှယ်ခြင်း၊ မေးမြန်းခြင်း၊ ပူးပေါင်း ဆောင်ရွက်ခြင်း စတာတွေ ပြုတဲ့ အကြောင်း၊ တခါ အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ အင်တာပို နဲ့ လည်း ပူးပေါင်း ဆောင်ရွက်မှု ရှိကြောင်း ဘီဘီစီ ကို ရှင်းပြပါတယ်။ ရဲဝန်ထမ်း အင်အား တိုးမြှင့် သုံးစွဲမယ် ဆိုတဲ့ အခါမှာလည်း၊ နေပြည်တော် မှာတင် သောင်းဂဏန်း တာဝန်ချမဲ့ အကြောင်း ပြောပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံ ဝင်ပေါက် ထွက်ပေါက်၊ နယ်စပ်ဒေသ၊ လေဆိပ်၊ ရန်ကုန်၊ မန္တလေးမြို့ကြီး တွေ မှာပါ လုံခြုံရေး တ

မြောက်ကိုရီးယားနဲ့ နျူကလီယား အရေး ဆွေးနွေးဖို့ ကန်လိုလား

မြောက်ကိုရီးယားနဲ့ နျူကလီးယား ဖျက်သိမ်းရေး ဆိုင်ရာ ဆွေးနွေးပွဲတွေ လုပ်ဖို့ အမေရိကန် ပြည်ထောင်စုက ဆန္ဒရှိတယ်လို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဂျွန် ကယ်ရီ ကပြောလိုက်ပါတယ်။ ဒါပေမဲ့လည်း ဆွေးနွေးတယ်ဆိုတာ သက်သက် အတွက် မဟုတ်သလို ကိုရီးယားကျွန်းဆွယ်က အမေရိကန် တပ်ဖွဲ့တွေကို လျှော့ချဖို့ ကိစ္စ ပြောဖို့ကလည်း အချိန်မတန် သေးဘူးလို့ ပြောပါတယ်။ တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး Yun Byung-se နဲ့ သောကြာနေ့က ၀ါရှင်တန်မြို့တော်မှာ တွေ့ဆုံဆွေးနွေးအပြီး ကယ်ရီရဲ့ အခုပြောဆိုချက် ထွက်လာတာပါ။ ဘယ်လိုဆွေးနွေးပွဲမျိုးမှ မစခင်မှာ မြောက်ကိုရီးယားအနေနဲ့ နိုင်ငံတကာ လိုက်နာ ပြုမူ လုပ်ဆောင်ရမှာတွေအတိုင်း လုပ်တယ်ဆိုတာ သေချာဖို့လိုတယ်လို့ ၀န်ကြီး ကယ်ရီကပြောပါတယ်။ တရုတ်၊ အမေရိကန်၊ ဂျပန်၊ ရုရှားနဲ့ တောင်မြောက်ကိုရီးယားနိုင်ငံတွေ ပါဝင်တဲ့ ခြောက်နိုင်ငံဆွေးနွေးပွဲ ဆိုတာတွေဟာ အခက် အခဲ အတားအဆီး ရှိထားပါတယ်။ ၂၀၀၅ ခုနှစ်တုန်း ကတော့ မြောက်ကိုရီးယား က နျူကလီးယား အစီအစဉ်ကို ဆိုင်းငံ့ပြီး အပြန် အလှန်အားဖြင့် အကူအညီတွေပေးဖို့ သဘောတူညီချက်တခု ရဖူးပါတယ်။ အနာဂတ်မှာ စစ်ပွဲတပွဲနဲ့ ကြုံလာရင် နှစ်နိုင်ငံပူးတွဲတပ်ဖွဲ့တွေကို အမေရိကန်ပြည်ေ

ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာလအတွင်း ကယားပြည်နယ် သွားမည်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် နိုဝင်ဘာလ ၈ရက်နေ့မှာ ကယားပြည်နယ် လွိုင်ကော်မြို့မှာ ဒေသခံလူထုနဲ့ တွေ့ဆုံမယ်လို့ ပြည်နယ်အန်အယ်လ်ဒီ တာဝန်ရှိ သူတွေက ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကယားပြည်နယ် ဥက္ကဌ ဒေါက်တာ ဒေါ်ခင်စည်သူက အခုလို ပြောပါတယ်။ "အခုလာမယ်ဆိုရင်တောင်မှ တရားဝင်ကြီးကြီးကျယ်ကျယ်ကြီး ထုတ်မပြန်ပဲနဲ့ တဆင့်ကြားလေးတောင်မှ ငါတို့ဖြင့်သွားကြမယ်၊ ရွာကလူတွေဆိုရင် ဘယ်လိုစီစဉ်ပြီးသွားကြမယ်ဆိုတဲ့ သတင်းတွေလေးတော့ ကြားနေတာပေါ့နော်၊ အားလုံးကလည်း ဒေါ်အောင်ဆန်းစုကြည်ကို လာစေချင်နေတာ၊ တိုင်းနဲ့ပြည်နယ်တွေမှာ အထူးသဖြင့် ပြည်နယ်တွေသွားတဲ့အခါမှာ ကယားပြည်နယ်တစ်ခုက ကျန်နေသလိုလေးဖြစ်တယ်၊ အဲ့ဒါကြောင့် ကယားပြည်နယ် လူထုတွေကလည်း အရမ်းတောင့်တနေတယ်" ဒေါ်အောင်ဆန်းစုကြည်က ကယားပြည်နယ်ကို လွန်ခဲ့တဲ့ ၁၉၈၉ ခုနှစ်က ပထမဆုံးအကြိမ် ရောက်ခဲ့ပြီး အခုလာမယ့်ခရီးစဉ်မှာ လွိုင်ကော်မြို့မှာရှိတဲ့ ကယားဒေးကွင်းမှာ ဒေသခံလူထုနဲ့တွေ့ဆုံဖို့ စီစဉ်ထားပြီး ကယားပြည်နယ် အစိုးရထံ တင်ပြထားတယ်လို့ သိရပါတယ်။ RFA Burmese http://ift.tt/1mveILg from သစ

၂၀၁၅ မှာ WHO Ebola ဆေး သိန်းချီ ထုတ်မည်

လာမယ့် ၂၀၁၅ ခုနှစ် ပထမ ၆ လအတွင်းမှာ အီဘိုလာ ကာကွယ်ဆေး သိန်းနဲ့ချီပြီး အဆင်သင့် ဖြစ်စေဖို့ ပြင်ဆင်နေတယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO က ပြောဆိုလိုက်ပါတယ်။ အီဘိုလာ ကာကွယ်ဆေး ၂ မျိုးတို့နဲ့ စတင်စမ်းသပ် ကုသနေပြီ ဖြစ်ပြီး နောက်ထပ် ကာကွယ်ဆေး အသစ် ၅ မျိုးတို့ ကိုတော့ နောက်နှစ်မှာ စမ်းသပ်ကုသနိုင်ဖို့ ဆောင်ရွက်နေပြီလို့ WHO က Marie-Paule Kieny က သောကြာနေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။ သုတေသန လုပ်ငန်း အတွက် အလှုရှင်နိုင်ငံတွေကလည်း ငွေကြေးထောက်ပံ့ဖို့ ကတိပြုထားပါပြီ။ ဂီနီနိုင်ငံတွင်းက အီဘိုလာ ဗိုင်းရပ်စ် ကူးစက်ခံထားရသူတွေကို မကြာခင်က သွားရောက် ကုသပေးခဲ့သူ နယူးယောက်ခ် မြို့က ဆရာဝန်တဦးဟာ နယူးယောက်ခ် မြို့အတွင်း ပထမဆုံး အီဘိုလာ ကုသမှု ခံယူရသူ ဖြစ်ပါတယ်။ အီဘိုလာ ဗိုင်းရပ်စ် ကူးစက်ခံရတဲ့ ဒေါက်တာ Craig Spencer ကို သီးခြားခွဲ ထား ရှိပြီး ပြည်သူတွေ အနေနဲ့ စိုးရိမ်ထိတ်လန့်စရာလည်း မရှိပါဘူးဆိုပြီး နယူးယောက်ခ် မြို့တော်ဝန် Bill de Blasio က အတည်ပြု ပြောဆိုခဲ့ပါတယ်။ နယ်စည်းမထား ဆရာဝန် အဖွဲ့မှာ အလုပ်လုပ်ခဲ့သူ ဒေါက်တာ Spencer ဟာ အီဘိုလာ ကူးစက်ခံရတဲ့ လက္ခဏာ ၂ ခုဖြစ်တဲ့ အပြင်းဖျားပြီး အော့အန်တာကို ကြာသပတေးနေ့မှာ သ

မွတ်စလင် ၁၀ ဦး သတ်ဖြတ်မှု တောင်ကုတ်ဒေသခံ ၇ ဦးကို ထောင်ဒဏ်တွေ ချမှတ်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှာ အစ္စလာမ်ဘာသာဝင် ၁ဝ ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံထားရ တဲ့ တောင်ကုတ်မြို့ ကန်ပိုင်ရပ်ကွက်က ဒေသခံ ၇ ဦးကို အပြင်းအထန်နာကျင်စေမှုနဲ့ သံတွဲခရိုင်တရားရုံးက ဒီကနေ့ ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက်ပါတယ်။ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဒေါ်နွဲ့နွဲ့ငြိမ်းက ပြည်နယ်တရားလွှတ်တော်ထံ အယူခံတင်သွားမယ် လို့ ပြောပါတယ်။ "ပြစ်မှုဆိုင်ရာပုဒ်မ ၃၂၅ အရ ထောင် ၁၀ နှစ်ချတဲ့ကိစ္စမှာ ကျမတို့ အယူခံဝင်ဖို့အတွက်ကို အဆင်အသင့်ပြင်ဆင်နေပါပြီရှင့်၊ ကျမတို့ တနလာင်္နေ့ကျရင် တရားလွှတ်တော်ကို အယူခံတက်မယ်" ပြီးခဲ့တဲ့ ၂ဝ၁၂ ခုနှစ် ဇွန်လ ၃ ရက်နေ့က ရန်ကုန်ကနေ ထွက်လာတဲ့ ရိုးမသစ္စာခရီးသည်တင်ကားမှာ လိုက်ပါခဲ့တဲ့ အစ္စလာမ် ဘာသာဝင် ၁ဝ ဦး ဟာ ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ အသတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ အမှုမှာ ပါဝင်ခဲ့သူလို့ ယူဆရတဲ့ တောင်ကုတ်မြို့ ဒေသခံ ၇ ဦးကို ပြီးခဲ့တဲ့နှစ် ဇူလိုင်လ ၁၇ ရက်နေ့မှာ ဖမ်းဆီးခဲ့ပြီး လူသတ်မှု ပုဒ်မ ၃ဝ၂၊ လူသတ်ရန် လူစုလူဝေးနဲ့ ကြိုတင်ကြံစည်မှု ပုဒ်မ ၃၄ တို့နဲ့ တရားစွဲခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် စွဲချက်တင်တဲ့အခါ အပြင်းအထန်နာကျင်စေမှု ပုဒ်မ ၃၂၅ နဲ့ တင်ခဲ့တာဖြစ်ပြီး ဒီကနေ့ အမိန့်ခ

အားကစားမြင်ကွင်းဂျာနယ် အတွဲ(၃) အမှတ်(၄၂)

SportsViewJournal_ (3-42) by TheMyawadyDaily အားကစားမြင်ကွင်းဂျာနယ် အတွဲ(၃) အမှတ်(၄၂) from သစ်ထူးလွင် (သတင်းစာ၊ ဂျာနယ်နှင့် ရုပ်သံ) - Myanmar News Now http://ift.tt/1z584CC via IFTTT