Skip to main content

Posts

တစ်ပတ်အတွင်းSix Packထွက်စေမယ့် လေ့ကျင့်ခန်း - SHWEMOM

Six Packရဖို့ကို လူတိုင်းလိုချင်ကြပါတယ်။ ဒါပေမယ့် ကြိုးစားတဲ့နည်းစနစ်မှားနေရင်တော့ တစ်လလည်းထွက်လာ မှာမဟုတ်သလို ၂လလည်း မထွက်လာပါဘူး။ အခုဖော်ပြပေးမယ့် Youtube Video လေးကတော့ Six Pack ကို တစ်ပတ်အတွင်းထွက်အောင် နည်းမှတ်လမ်းမှန်နဲ့လေ့ကျင့်နည်းလေးဖြစ်ပါတယ်။ Youtube ပေါ်မှာ လူ၈သန်းလောက်ကြည့်ရှုခဲ့တဲ့ ဗီဒီယိုလေးဖြစ်ပြီး ကျေးဇူးတင်သူအများအပြားရခဲ့တဲ့ဗီဒီယိုလေး ဖြစ်ပါတယ်။ လေ့ကျင့်ခန်းတွေဟာ ရိုး၇ှင်းပြီး ထိရောက်တာကိုတွေ့ရပါတယ်။ Source: youtube The post တစ်ပတ်အတွင်းSix Packထွက်စေမယ့် လေ့ကျင့်ခန်း appeared first on SHWEMOM. from Latest Myanmar Breaking News ( မြန်မာ့ သတင်း) http://ift.tt/1VPFbGv via IFTTT
Recent posts

ရခိုင်အမျိုးသားပါတီမှ အစိုးရဖွဲ့ခွင့်ရရှိရေး သံတွဲနှင့် တောင်ကုတ်တွင် ဆန္ဒပြတောင်းဆ�

သတင်း ပြည်တွင်း စစ်တွေ၊ဧပြီ ၂၆ ။ ။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို ANP က ဦးဆောင်ဖွဲ့စည်းခွင့်ရရှိရေးအတွက် ယနေ့ ဧပြီ ၂၆ ရက်နေ့တွင် သံတွဲမြို့နယ်နှင့် တောင်ကုတ်မြို့နယ်များတွင် လူထုဆန္ဒဖော်ထုတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ဆန္ဒဖော်ထုတ်ပွဲကို သံတွဲမြို့နယ်တွင် လူဦးရေ ၁၂၀၀ ကျော်ခန့် တက်ရောက်ခဲ့ကြပြီး၊ တောင်ကုတ်မြို့နယ် ဆန္ဒဖော်ထုတ်ပွဲကို လူဦးရေ ၂၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။ ဆန္ဒဖော်ထုတ်ရာမှာ ကြွေးကြော်သံများအဖြစ် " ANP အစိုးရဖွဲ့စည်းရေး ဒို့အရေး၊ ရခိုင်အမျိုးပါတီကို ထောက်ခံတယ် ..ထောက်ခံတယ် ၊ တစ်ပါတီအာဏာရှင် စနစ်အလိုမရှိ၊ ရခိုင်ပြည်သူ ဆန္ဒကို လေးစားပါ..လေးစားပါ" စသည့် ပိုစတာ ဆိုင်းဘုတ်များကို ကိုင်ဆောင်ကြွေးကြော်ခဲ့ကြကြောင်းတောင်ကုတ်မြို့နယ် ဆန္ဒဖော်ထုတ်မှုတွင် ဦးဆောင်ပါဝင်သူ ရခိုင်လူမှုကွန်ရက် အဖွဲ့မှ ဦးညွှန့်အောင်က မဇ္ဈိမကို ယခုလို ပြောကြားခဲ့သည်။ “အဓိက ရည်ရွယ်ချက်ကတော့ ရခိုင်အမျိုးသားပါတီ အစိုးရအဖွဲ့ဖွဲ့စည်းရေးပါပဲ၊ ဒါဟာ ပြည်သူတွေရဲ့ ဆန္ဒပဲဖြစ်ပါတယ်။"၎င်းကဆိုသည်။ ရခိုင်အမျိုးသားပါတီ အစိုးရဖွဲ့စည်းရေးနှင့် ၁/၂၀၁၆ ကြေညာချက်ကို ထောက်ခံဆန္ဒဖော်ထုတ်မှုများအဖြစ် စစ်တွေ၊ မင်းပြား၊ြေ

အုတ်ကြားမြက်ပေါက် ရုပ်ရှင် ဇာတ်ကား မေလ ၆ရက်တွင် စတင် ရုံတင်မည်

ဖျော်ဖြေရေး ပြည်တွင်း ရန်ကုန် ၊ ဧပြီ ၂၆ ။ ။ ရွှေစင်ဦး ရုပ်ရှင် ၊ ဗီဒီယို ထုတ်လုပ်ရေးမှ စီစဉ် ပြီး ဒါရိုက်တာ ညွန့်မြန်မာညီညီအောင် ရိုက်ကူး ထားသည့် အုတ်ကြားမြက်ပေါက် ရုပ်ရှင် ဇာတ်ကားကြီး ကို မေ ၆ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ရုပ်ရှင်ရုံများတွင် စတင် ပြသ သွားမည် ဖြစ်သည်။ အုတ်ကြားမြက်ပေါက် ရုပ်ရှင် ဇာတ်ကားကို ဇာတ်လမ်း မောင်ရွှေစွန် ၊ ဇာတ်ညွှန်း ဆဲဗင်းဒေး ဖြစ်ပြီး ဒါရိုက်တာ ညွန့်မြန်မာညီညီအောင် ရိုက်ကူးကာ သရုပ်ဆောင်များ အဖြစ် နေတိုး ၊ နေမင်း ၊ ထွန်းထွန်း ၊ သက်မွန်မြင့် ၊ စိုးမြတ်သူဇာ နှင့် သရုပ်ဆောင် များစွာမှ ပါဝင် ထားကြသည်။ ဇာတ်ကားသည် မိဘတွေကြောင့် သားသမီးများ လမ်းမှား ရောက်ရပုံ ၊ လူငယ်တွေကြား ဖြစ်တတ်သည့် သဘာဝ နှင့် မိဘ များ၏ သားသမီးပေါ် ထားသည့် မေတ္တာတရား အကြောင်းတွေကို ဒါရိုက်တာ မှ ရိုက်ကူး ပုံဖော် ပေးထားခြင်း ဖြစ်သည်။ ဒါရိုက်တာ ညွန့်မြန်မာညီညီအောင် က " မိဘ နှင့် သားသမီး ကြား နားလည်မှု လွဲခဲ့လျှင် မိဘ က သားသမီး ထိန်းချုပ်သည့် လမ်းကြောင်း လွဲသွားလျှင် သားသမီးသည် လမ်းကြောင်း လွဲသွားနိုင်ကြောင်း မိဘ မှ အချစ် လွန်ပြီး ထိန်းချုပ်မှု များသွားလျှင် လည်း လမ်းကြောင်းလွဲသွားနိုင်ပုံများကို ပုံဖော

"သမ္မတ ဦးထင်ကျော်ထံသို့ တီမောလက်စ်တေသံအမတ်ကြီး ခန့်အပ်လွှာပေးအပ် "

နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ တီမောလက်စ်တေ ဒီမိုကရက်တစ်သမ္မတနိုင်ငံ သံအမတ် မစ္စတာ ဂျိုအာ ဖရိတက်စ် ဒီ ကမ်မာရာ သည် ယနေ့(ဧပြီ ၂၆ရက်) နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ သမ္မတအိမ်တော်သို့ သွားရောက်၍ ၎င်း၏ သံအမတ်ခန့်အပ်လွှာကို ပေးအပ်ကြောင်း သတင်းရရှိသည်။ ဓာတ်ပုံ-သမ္မတရုံး Let's block ads! (Why?) from Latest Myanmar Breaking News ( မြန်မာ့ သတင်း) http://ift.tt/1SLuJik via IFTTT

Listening Skillတိုးတက်ချင်သူတိုင်းနားထောင်သင့်တဲ့အသံဖိုင် - SHWEMOM

Listeningတိုးတက်ချင်သူတွေအတွက် အရမ်းကောင်းတဲ့အသံဖိုင်တင်ပေးလိုက်ပါတယ်။ How to…..ပါ။ သူက BBC ကနေ စီစဉ်တင်ဆက်ထားတာပါ။ နေ့စဉ်သုံးနေရတဲ့ အရာတွေကိုအဓိကထားပြီး ဖော်ပြထားတာပါ။ဥပမာ How to complain,How to give directions, How to gossipစသဖြင့်ပေါ့။ အရမ်းကိုမိုက်ပါတယ်။ Listeningလည်း တိုးတက်ပြီးSpeakingလည်းတိုးတက်နိုင်ပါတယ်။ အမြဲတမ်းဖုန်းထဲထည့်ထားပြီး ဘတ်စကားပေါ်မှာလည်းနားထောင်နိုင်ပါတယ်။ ညအိပ်ခါနီးလည်းနားထောင်နိုင်ပါတယ်။ Shwemomပရိတ်သတ်ကြီး အင်္ဂလိပ်စာအမြန်ဆုံးတိုးတက်ကြပါစေနော်။ အောက်ပါlinkမှာ ဒေါင်းလုပ် လုပ်နိုင်ပါတယ်။ Download Here source:bbc The post Listening Skillတိုးတက်ချင်သူတိုင်းနားထောင်သင့်တဲ့အသံဖိုင် appeared first on SHWEMOM. from Latest Myanmar Breaking News ( မြန်မာ့ သတင်း) http://ift.tt/1XU2AUy via IFTTT

လှချင်ရင် ဒီအစားအစာ(၅)မျိုးကိုစားပါ - SHWEMOM

အလှအပနဲ့ပတ်သက်ရင် လူတွေဟာ အပေါ်ယံအရေပြားကို ကြည့်ပြီး မျက်မြင်နဲ့ဆုံးဖြတ်ကြပါတယ်။ ဒါကလည်း ယေဘု ယျသဘောအရ မှန်ပါတယ်။ ဒီတော့ အလှအပနဲ့ ပတ်သက်လာတဲ့အခါ အသားအရေဟာ ယေဘုယျကျတဲ့ အလှတရား ထဲမှာ အရေးကြီးစွာ နေရာယူထားပါတယ်။ ဒါကြောင့် Shwemom ပရိသတ်ကြီးအတွက် အသားရေလှဖို့အတွက် သင့် တော်တဲ့ အစားအစာ (၅) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ (၁) ထောပတ်သီး ထောပတ်သီးဟာ အသားရေကိုသာမက ဆံပင်ကိုလည်း နက်မှောင်သန်စွမ်းစေပါတယ်။ ထောပတ်သီးမှာ Biotin ဓာတ်လို့ခေါ်တဲ့ ဗီတာမင် B ပါဝင်ပြီး အသားအရေကို ကျန်းမာစေပါတယ်။ ဗီတာမင် E လည်း ကြွယ်ဝစွာ ပါဝင်လို့ ဆံပင် နဲ့ ခန္ဓာကိုယ် အသားအရေအတွက် စိတ်ချရပါတယ်။ (၂) ခရမ်းချဉ်သီး ခရမ်းချဉ်သီးကို The post လှချင်ရင် ဒီအစားအစာ(၅)မျိုးကိုစားပါ appeared first on SHWEMOM. from Latest Myanmar Breaking News ( မြန်မာ့ သတင်း) http://ift.tt/1NvJ28F via IFTTT

ကမ္ဘာပေါ်မှာသရဲအခြောက်ဆုံး ဟိုတယ်(၃)ခု - SHWEMOM

Stanley Hotel Estes Park, CO The Shining ဆိုတဲ့ စာအုပ်ဖတ်ဖူးလား၊သို့မဟုတ် ရုပ်ရှင်ရောကြည့်ဖူးလား။ နာမည်ကျော်သရဲဝတ္ထုတွေကို အသက်သွင်းခဲ့သူ Stephen Kingဆိုတဲ့ စာရေးဆရာရဲ့ ကြောက်စရာအကောင်းဆုံးသရဲဝတ္ထုThe Shining ထဲက ဟိုတယ်ဟာ Stanley Hotelပဲဖြစ်ပါတယ်။ ဒီဟိုတယ်ကိုတည်ထောင်ခဲ့သူကတော့ Stanley Steamer Automomobiles များကိုတီထွင်ခဲ့သူလည်းဖြစ်ပါတယ်။ နာမည်က F.O. Stanleyဖြစ်ပါတယ်။ ဒီဟိုတယ်မှာ မကြာခဏဆိုသလို သူတို့လင်မယားရဲ့ဝိညင်တွေဟာ ခန်းမထဲမှာဖြတ်လျှောက်နေတတ်ပြီး တစ်ခါတစ်လေ စန္ဒရား တီးနေတတ်ကြပါတယ်။ ဒါ့အပြင် ဒီဟိုတယ်မှာ မကျွတ်မလွတ်သေးတဲ့ ဝန်ထမ်းတွေလည်း များစွာရှိနေပါတယ်။ အခန်း ၂၁၇ဆိုရင် ဘယ်သူမှမသွားရဲပါဘူး။ အဲ့ဒိအခန်းထဲမှာသေသွားတဲ့ဝန်ထမ်းဟာ အခုအချိန်အထိ လာသမျှ လူတိုင်းကို ခြောက်လှန့်တတ်လို့ပါ။ တစ်ခါတစ်လေ သရဲမယုံကြည်သူများကတော့ ဒီဟိုတယ်မှာ လေ့လာရေး အဖြစ်ညလာအိပ်တတ်ကြပြီး များသောအားဖြင့် ကြောက်လန့်သွားကြတတ်ကြပါတယ်။ The 1886 Crescent The post ကမ္ဘာပေါ်မှာသရဲအခြောက်ဆုံး ဟိုတယ်(၃)ခု appeared first on SHWEMOM. from Latest Myanmar Breaking News ( မြန်မာ့ သတင်း) http://ift.tt/1XU2xZ1 via IFTTT