Skip to main content

Posts

Showing posts from October 27, 2014

ထိုင်းနိုင်ငံတောင်ပိုင်း လူသတ်မှု ပတ်သက်၍ မိသားစုနှင့်တွေ့ဆုံမေးမြန်းခန်း

DVB TV -27-10-2014 ထိုင်းနိုင်ငံတောင်ပိုင်းလိပ်ကျွန်းမှာ လူသတ်မှု နှင့် ပတ်သက်၍ မိသားစုနှင့်တွေ့ဆုံမေးမြန်းခန်း တင်ဆက် - အေးနိုင် ရိုက်ကူး - ခွန်ဘသာ from သစ်ထူးလွင် (သတင်းစာ၊ ဂျာနယ်နှင့် ရုပ်သံ) - Myanmar News Now http://ift.tt/1xyFZiW via IFTTT

ဖမ်းဆီးခံ မြန်မာနှစ်ဦး ထိန်းသိမ်းရက် ထပ်တိုး

ထိုင်းနိုင်ငံ ခိုတောင်းကျွန်းမှာ ဗြိတိန်နိုင်ငံ သားနှစ်ဦး အသတ်ခံရမှုနဲ့ ဖမ်းဆီး ထိန်းသိမ်း ခံနေရတဲ့ မြန်မာလူငယ် နှစ်ဦးဖြစ်သူ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ကို နောက်ထပ်အနည်းဆုံး ၁၂ ရက် ထိန်းသိမ်းထားမယ်လို့ သိရပါတယ်။ အဲ့သလို ထိန်းသိမ်းရက် ထပ်တိုးပေးဖို့ အစိုးရရှေ့နေတွေရဲ့ ဒုတိယအကြိမ်လျောက်လဲချက်ကို ကော့စမွီ ခရိုင်တရားရုံးက အတည်ပြုခဲ့ပါတယ်။ မြန်မာလူငယ်နှစ်ဦး ထိန်းသိမ်းခံနေရတာ ဒီကနေ့ဆိုရင် ၂၅ ရက်ရှိပြီဖြစ်ပါတယ်။ သူတို့အပေါ် အခုထိ စွဲချက်မတင်နိုင်သေးပါဘူး။ ထိုင်း ဥပဒေအရ စွပ်စွဲခံရသူတွေကို ၈၄ ရက်အထိ ထိန်းသိမ်းထားခွင့်ရှိပြီး၊ အဲ့ဒီရက်အတွင်း လုံလောက်တဲ့ စွဲချက်မတင်နိုင်ဘူးဆိုရင် ပြန်လွှတ်ပေးရမှာဖြစ်ပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး တနင်္ဂနွေနေ့က ဗြိတိန် မှုခင်းကျွမ်းကျင်သူတွေ ခိုတောင်းကျွန်းကို သွားရောက်စုံစမ်းခဲ့ကြပါတယ်။ ထိုင်း အစိုးရရှေ့နေတွေကလည်း အခင်းဖြစ်ပွားပြီး ကျန်ရစ်ခဲ့တဲ့ မိုဘိုင်းဖုန်းဟာ သေဆုံးသူ ဗြိတိန်နိုင်ငံသားရဲ့ဖုန်းဖြစ်ကြောင်း ဗြိတိန် မှုခင်းကျွမ်းကျင်သူတွေဆီက တရားဝင်ရေးသားချက်ရရှိအောင် ထိုင်း စုံစမ်းစစ်ဆေးသူတွေကို ကြိုးစားခိုင်းနေတယ်လို့ ဘန်ကောက်ပို့စ်သတင်းက ဖော်ပြပါတယ်။ ဒီအတွင်း ခ

အိန္ဒိယထောင်ပြေး လွတ်မြောက်လာမှုကြောင့် ထိုင်းနိုင်ငံ ဖူးခက်တွင် လုံခြုံရေး တိုးမြှင့်

ဘန်ကောက် ၊ ၂၈-၁၀-၂၀၁၄ အိန္ဒိယနိုင်ငံ ပန်ဂျပ်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ကို သတ်ဖြတ်မှုဖြင့် ထောင်ဒဏ် ကျခံပြီးနောက် ထွက်ပြေး လွတ်မြောက်လျက် ရှိသည့် လူသတ်သမား တစ်ဦးသည် နိုင်ငံ အတွင်းသို့ ဝင်ရောက် လာနိုင်ဖွယ် ရှိသည် ဟူသော သတင်းကြောင့် ထိုင်းနိုင်ငံ အတွင်းရှိ အပန်းဖြေ စခန်းတစ်ခု ဖြစ်သည့် ဖူးခက်၌ ယမန်နေ့တွင် လုံခြုံရေးကို တင်းကျပ် ခဲ့ရကြောင်း ဒေသအတွင်းရှိ မီဒီယာ တစ်ခုက ဖော်ပြခဲ့သည်။ ထိုင်းအာဏာပိုင် များသည် ပန်ဂျပ်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဖြစ်သူ ဘီယန့်ဆင်းဂ် ကို သတ်ဖြတ် ခဲ့သည့် လူသတ်သမား ဂျက်တာဆင်းဂ် ဟာဝါရာ သည် နိုင်ငံအတွင်း သို့ ဝင်ရောက်ရန် မလေးရှား နယ်စပ် အနီး၌ တွေ့ရှိခဲ့ ပြီးနောက် အစိုးရ ၏ သတင်းပေး ပို့ခြင်းကို လက်ခံရရှိ ခဲ့ခြင်း ဖြစ်ကြောင်း အမှတ် (၄) ဒေသ၏ ပြည်တွင်း လုံခြုံရေး ဆိုင်ရာ စစ်ဆင်ရေး ဌာနချုပ် ( ISOC ) မှ လက်ထောက် အတွင်းရေးမှူးချုပ် ဂျာတူပွန် ကလမ်ပါဆွတ် က ပြောကြားခဲ့သည်။ ထောင်ပြေး ဂျက်တာဆင်းဂ် ဟာဝါရာ သည် ဆွန်ဂိုင်ကိုလော့၊ နာရာသီဝပ် ပြည်နယ်မှ တစ်ဆင့် ပါကစ္စတန်နိုင်ငံ သို့ ဆက်လက် ထွက်ခွာနိုင်ဖွယ် ရှိကြောင်း ထိုင်းအစိုးရက ယူဆထားသည်။ ထောင်ပြေး ဂျက်တာဆင်းဂ် ဟာဝါရာ သည် ၁၉၉၅ ခုနှစ်အတွင်

ဗြိတိန်ဓားစာခံတစ်ဦးကို ဖမ်းဆီးခဲ့သည့် အခြား ဗီဒီယိုဖိုင်တစ်ခုကို စစ်သွေးကြွများ ၀က်ဘ်ဆိုက်ပေါ်တွင် ထပ်မံဖော်ပြ

လန်ဒန် ၊ ၂၈-၁၀-၂၀၁၄ ဆီးရီးယားနိုင်ငံရှိ ISIS စစ်သွေးကြွ များသည် လွန်ခဲ့သော နှစ်နှစ်နီးပါး ခန့်က ဗြိတိန်နိုင်ငံသား ဓာတ်ပုံ သတင်းထောက် တစ်ဦးကို ဖမ်းဆီးခဲ့သည့် ဗီဒီယိုဖိုင် တစ်ခုကို အင်တာနက် ဝက်ဘ်ဆိုက် တစ်ခုပေါ်သို့ ထပ်မံ ဖော်ပြခဲ့ကြောင်း သိရသည်။ အဆိုပါ ဗီဒီယိုဖိုင်တွင် အသက် ၄၃ နှစ်အရွယ် ဂျွန်ကန်တလီ အမည်ရှိ ၄င်းဓာတ်ပုံ သတင်းထောက် က ဓားစာခံများ လွတ်မြောက်ရေး နှင့် ပတ်သက်၍ ဗြိတိန်နှင့် အမေရိကန် နိုင်ငံတို့ကြား စေ့စပ် ဆွေးနွေးမှုများ အပေါ် ဝေဖန်ပြစ်တင် ထားသည့် လက်ရေးမူဖြင့် ရေးသားထားသော စာရွက်ကို ဖတ်ပြခဲ့သည်။ ထို့ပြင် ၄င်း သတင်းထောက်သည် ISIS စစ်သွေးကြွ အဖွဲ့နှင့် ဓားစာခံများ၏ မိသားစုဝင် များကြား အပြန်အလှန်ရေးသားခဲ့သည့် အီးမေးလ်များ ကိုလည်း ဖတ်ပြခဲ့ကြောင်း သိရသည်။ အဆိုပါ ဗီဒီယိုဖိုင်သည် ကန်တလီ၏ ဖခင်ဖြစ်သူ အသက် ၈ဝ နှစ်အရွယ်ရှိ ပေါကန်တလီ နမိုးနီးယား ရောဂါဖြင့် သေဆုံးခဲ့ပြီး နောက်တစ်ရက်တွင် ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။ #PyiChitThar http://ift.tt/1DUWH00 Isis releases John Cantlie video claiming battle for Kobani nearly over Mujahideen just mopping up now in Syrian city, says hostage in latest Islam

အကြမ်းဖက်အန္တရာယ် အခြေအနေ သတင်းထုတ်ပြန်မည်

မြန်မာနိုင်ငံအတွင်း အကြမ်းဖက်သမားတွေ ဖမ်းဆီးမိတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး တပ်မတော်နဲ့ ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး အကြမ်းဖက်မှု လုပ်ရပ်တွေကို စုံစမ်းဖော်ထုတ် နေရာမှာ၊ တချို့ကိစ္စတွေကို ဖော်ထုတ်ဆဲ ဖြစ်တာကြောင့် အားလုံး စစ်ဆေးပြီး စီးတဲ့ အခါ သတင်းထုတ်ပြန်သွားမယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောပါတယ်။ မြန်မာနိုင်ငံမှာ အကြမ်းဖက်သမားတွေ ဖမ်းဆီးရမိ ထားတယ်လို့ ပြည်တွင်း မီဒီယာတွေမှာ ရေးသားဖော်ပြခဲ့တာနဲ့ ပတ်သက်ပြီး RFA က မနေ့က မေးမြန်းရာမှာ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ပြောကြားခဲ့တာပါ။ "ပြည်ထဲရေးရဲ့ အဓိကတာဝန်က နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေးဆိုတော့ နိုင်ငံတော်မှာရှိတဲ့ နိုင်ငံအကျိုးအတွက်ကို အဲ့ဒီနီုင်ငံတော်ရဲ့ အချုပ်အခြာအာဏာ ထိခိုက်ဖို့ကိစ္စမှန်သမျှသည် နိုင်ငံတော် ကာကွယ်ရေး ဝန်ကြီးဌါနနဲ့ ကျနော်တို့ တပ်မတော်နဲ့ အဓိကကတော့ ပြည်ထဲရေးဝန်ကြီးဌါန ရဲအပိုင်းပေါ့၊ လုံခြုံရေးဆိုင်ရာ အပိုင်းပေါ့ အဓိကထားလုပ်နေတယ်၊ ဒါတွေသည် နိုင်ငံတော်အတွက် အချုပ်အခြာအာဏာ ထိခိုက်မဲ့ကိစ္စမှန်သမျှကို ကျနော်တို့ ဖော်ထုတ်နေတယ်၊ တချို့ဖော်ထ

UNFC က ထွက်ဖို့ KNU ဆုံးဖြတ်

ကရင်အမျိုးသား အစည်းအရုံး KNU အနေနဲ့ ညီညွတ်သော တိုင်းရင်းသားများ ဖယ်ဒရယ် ကောင်စီ UNFC ကနေနုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်ကြောင်း သိရပါတယ်။ မနေ့က ကျင်းပ ပြီးစီးသွားတဲ့ KNU ဗဟိုအလုပ် အမူဆောင် အစည်းအဝေးက ဆုံးဖြတ်ခဲ့တာ ဖြစ်ကြောင်း မြဝတီမြို့ KNU ဆက်ဆံရေးရုံး တာဝန်ခံ စောမိုးဇက်က RFA ကိုပြောပါတယ်။ အောက်တိုဘာလ ၂၃ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ ဖားအံခရိုင် လေးဝါးစခန်းမှာ ကျင်းပခဲ့တဲ့ အစည်းအဝေးမှာ KNU အနေနဲ့ UNFC မှာဆက်လက်ပါဝင်ဖို့ သင့်မသင့် ဆွေးနွေးခဲ့ကြပါတယ်။ UNFC မှာ KNU အဖွဲ့ ဆက်ပြီး ပါဝင်ဖို့ ဗဟိုအလုပ်အမူဆောင် အဖွဲ့ဝင်တွေအတွင်း အပြန်အလှန် ဆွေးနွေးမူတွေ ရှိခဲ့ကြောင်း၊ မနေ့ကတော့ UNFC ကနေ နုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်ကြောင်း စောမိုးဇက်က ပြောပါတယ်။ "လူစုနည်းနည်းပေါ့နော် UNFC ကမခွဲထွက်ဘူး၊ အဝေးရောက် ကရင်အမျိုးသားတွေကလည်း မခွဲထွက်ဖို့ပြောတယ်၊ ပြောပေမဲ့ အခု ကရင်မျိုးသား အစည်းအရုံးအနေနဲ့ကတော့ ခွဲထွက်ဖို့ကိုတော့ လူများနေတယ်ပေါ့နော်၊ အဲ့ဒါနဲ့ လူအနည်းနဲ့ ဆန့်ကျင်ဘက်ဖြစ်သွားပါတယ်၊ ကျနော်တို့ KNU က ဒီအပစ်အခတ် ရပ်စဲရေးမလုပ်ခင်တုန်းက ကျန်တဲ့အဖွဲ့အစည်း ရှမ်းတို့၊ ဝ တို့၊ ကိုးကန့်တို့သာ အပစ်အခတ်ရပ်စဲရေးကိုလုပ်တာ ကရင်

အစိုးရ ငြိမ်းချမ်းရေးကော်မတီနဲ့ SSPP/SSA တွေ့မယ်

အစိုးရတပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့ ရှမ်းပြည် တိုးတက်ရေး ပါတီ SSPP/SSA နဲ့ အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင် မှု ကော်မတီတို့ အောက်တိုဘာ လကုန်မှာ နေပြည်တော်မှာ တွေ့ဆုံဖို့ ရှိပါတယ်။ အခုလို နှစ်ဘက် တွေ့ဆုံဖို့ SSPP/SSA ဘက်က တောင်းဆိုခဲ့တာပါ။ ဒီတွေ့ဆုံမှုဟာ အစိုးရတပ်တွေနဲ့ SSPP/SSA တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားအပြီး ဒုတိယ အကြိမ်မြောက် တွေ့ဆုံတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ လဆန်းပိုင်းလောက်က ရှမ်းပြည်တောင်ပိုင်း SSA ဌာနချုပ် ဝမ်ဟိုင်း အနီး တာဖာဆောင် တပ်စခန်း အပါအဝင် နေရာ ၅ နေရာမှာ နှစ်ဘက်အကြား တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲတွေ ဖြစ်ပွားအပြီး အောက်တိုဘာလ ၁၈ရက်နေ့က လားရှိုးမြို့မှာ နှစ်ဘက် တွေ့ဆုံခဲ့စဉ်တုန်းက အစိုးရက တောင်းဆိုထားတဲ့ တပ်နေရာ ချထားရေးနဲ့ ပတ်သက်တဲ့ အချက် ၄ချက်နဲ့ ပတ်သက်လို့ အခု တခေါက်မှာ ဆွေးနွေးဖို့ ရှိတယ်လို့ သိရပါတယ်။ SSPP/SSAဟာ အစိုးရနဲ့ ၂၀၁၂ ခုနှစ်က ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး လက်မှတ်ထိုးထားတာ ဖြစ်ပါတယ်။ ဘီဘီစီ (မြန်မာပိုင်း) http://ift.tt/1rPzPaC လောလောဆယ်မှာ တိုက်ပွဲတွေ ထပ်မဖြစ်အောင် ထိန်းထား တယ်လို့ SSPP/SSA ဘက်ကပြော

Cooking Oils စားသုံးဆီ

1. Tint Swe Trans Fats ကျန်းမာရေးနှင့် မသင့်သော စားသုံးဆီ 2. Tin Lay ရှေးက မြန်မာကုက္ကိုပင်စည်ကြီးတွေကို ဆီဆုံလုပ်ခဲ့ကြတာ။ သင်္ဘောကုက္ကိုမဟုတ်ဘူးပေါ့။ ဆီဆုံနဲ့ ဆီကြိတ်တဲ့အခါ တချို့နွားက အသုံးပြုလို့မရဘူး။ မူးနေတတ်လို့တဲ့။ လောကီဘုံသား ဆုံလည်နွားသို့ ဆိုတာလို တလည်လည်လှည့်နေရတာ။ ဆုံမှာထိုင်ပြီး နွားမောင်းနေရတဲ့သူလည်း မူးတာပါပဲ။ 3. Kyaw Ngwe ဆရာရေ ခုမင်းရွာမှာရော ဗန့်ချီက ရွာအတော်များများမှာ တစ်နိုင်ဆီကြိတ်ဆုံတွေ ထောင်ပြီး နဝလီ ကြိတ်နေကြတယ်ဗျာ။ နွားနဲ့မဟုတ်၊ တရုတ်အင်ဂျင်နဲ့။ ဆုံက နှစ်လုံးတွဲတွေ။ မရောမနှော ပဲဆီသန့်သန့် ကြိတ်သူရှိသလို စားအုံးဆီနဲ့ပလေးပြီးရောင်းတဲ့သူလည်းရှိကြတယ်။ ကျွန်တော့မရီးမှာ အဲလိုဆီဆုံထောင်ပြီးလုပ်ကိုင်စားနေကြလို့ သန့်သန့်လုပ်ကြ၊ စားမကုန်နိုင်ဘူးလို့ပြောထားရတယ်။ 4. Hla Myint ပြည်တွင်းကိုတင်သွင်းနေတဲ့ စားအုန်းဆီတွေဟာ စားသုံဖို့ မသင့်မြတ်တဲ့အကြောင်း လွှတ်တော်မှာ သက်ဆိုင်ရာဝန်ကြီး လာရောက် ရှင်းလင်းသွားကြောင်းသိရပါတယ်။ ဘယ်ဆီတွေဘယ်လိုကောင်းတယ်ပြောပြော ကျုပ်တို့ ပြည်တွင်းကထွက်တဲ့ဆီကိုမမှီပါဘူး။ ဝန်ကြီးက စားသုံသင့်တယ်ပြောနေပေမဲ့ တဖက်နိုင်ငံက တရားမဝင် တင်သွင်နေတဲ့ဆီတွေမှာ ဓါတုဗေဒဆေး

Trans Fats ကျန်းမာရေးနှင့် မသင့်သော စားသုံးဆီ

ငယ်ငယ်က နွေရာသီကျောင်းပိတ်ရင် ဇာတိရွာကိုသွားလည်နေကျ။ အိမ်တိုင်းမှာ ဆီကြိတ်တဲ့ဆုံ ဆိုတာရှိတယ်။ သစ်ပင်ကြီးကြီးရဲ့ အောက်ခြေပင်စည်ကို အလည်မှာ တွင်းပေါက်တခု ထွင်းပြီး ဆုံလုပ်တာပါ။ ဆုံထဲကို မြေပဲဖြစ်ဖြစ် နှမ်းဖြစ်ဖြစ်ထည့်၊ သစ်ကျဉ်ပွေ့မှာ ဝါးကိုင်းတပ်ပြီး နွားတကောင်ကို ဆွဲခိုင်းတယ်။ ဆုံအောက်ခြေမှာ သစ်သားပြားကြီးကို ခွထောက်လုပ်ပြီး ထောက်ပေးထားတာမို့ နွားက ပတ်ခြာလည်သွားရတယ်။ သစ်သားပြားကြီပေါ်မှာ တက်စီးလိုက်ရတာ ပျော်စရာကောင်းတယ်။ ကြာတော့ နှမ်းကနေ နှမ်းဆီ၊ မြေပဲကနေ မြေပဲဆီတွေထွက်လာပြီ၊ လူကြီးတွေက ဆီစစ်စစ်က မွှေးတယ်လို့ပြောတာကို နားမလည်တတ်သေးတဲ့အရွယ်ကပေါ့။ တချိန်က ဗမာပြည်ဟာ တကယ်ကို “ဆီကိုရေချိုး၊ ဆေးရိုးမီးလှုံ” အဆင့်မှာ ရှိခဲ့တာပါ။ ဆီဆုံခေတ်ကနေ ဆီစက်ခေတ် ရောက်တော့ အမျိုးမျိုးအထွေထွေသော ဆီဆိုတာတွေ ပေါ်လာတယ်။ မြေပဲထဲ၊ နှမ်းထဲ တခြားအစေ့အဆံတွေ ရောရတော့တဲ့ခေတ် ရောက်လာတယ်။ ဒီနောက်တော့ ဆီကိုရေချိုးဘို့ နေနေသာသာ လက်ဖက်ကိုဆမ်းဘို့တောင် မလောက်တော့ပါ။ နိုင်ငံရေးလဲ စိတ်ဝင်စားတဲ့ဆရာဝန်မို့ ယှဉ်ပြောရရင် ဆီကောင်းသုံးနိုင်ခဲ့တာက ပါလီမာန် ဒီမိုကရေစီခေတ်၊ ဆီအရောသုံးရတာက (မဆလ) ခေတ်။ ဒိနောက်ခေတ်မှာ ဘာတွေ ပိုဆိုးလာသလဲ၊

Junk-food and Cholesterol ကိုလက်စထော

ကျမသွေးထဲမှာ အဆီနဲနဲများတယ်ဆရာ။ အသက်ကလည်း လေးဆယ်နားနီးနေပြီ။ ကျမသောက်သင့်လားရှင့်။ ဘယ်ချိန် သောက်ရင် ပိုပြီး သင့်တော်လဲဆရာ။ ဆရာဝန်တစ်ယောက်နဲ့ပြတော့ Aztor10 နဲ့ Betex ကို ညအိပ်ခါနီးမှာ သောက်နေရပါတယ်။ လူတိုင်းအသက် ၂ဝ ကျော်လာရင် Cholesterol levels (ကိုလက်စထော) အနည်း-အများစစ်တာကို ၅ နှစ်တခါ လုပ်သင့်တယ်လို့ သတ်မှတ်ထားတယ်။ Lipid profile လို့ ခေါ်တယ်။ ယောက်ျားဆို ၃၅ နှစ်ကျော်ရင်၊ မိန်းမဆိုရင် ၄၅ နှစ်ကျော်ရင် ပိုပြီးခပ်စိပ်စိပ် စစ်သင့်သေးတယ်။ စစ်ရင် - 1. LDL (low-density lipoprotein cholesterol) = Bad cholesterol 2. HDL (high-density lipoprotein cholesterol) = Good cholesterol 3. Triglycerides နဲ့ 4. Total Cholesterol တွေကိုသိရမယ်။ 1. LDL Cholesterol (ကိုလက်စထော) အဆိုး၊ • Less than 100 mg/dL = အကောင်းဆုံး၊ • 130 – 159 mg/dL = အကောင်း-အဆိုးကြား၊ • 160 – 189 mg/dL = မြင့်နေ၊ • 190 mg/dL and above = အတော်မြင့်နေ။ 2. HDL Cholesterol (ကိုလက်စထော) အကောင်း • 60 mg/dLနဲ့ အထက် ရှိသင့်တယ်၊ • ယောက်ျားတွေမှာ 40 mg/dLထက်နည်းပြီး၊ • မိန်မတွေမှာ 50 mg/dLထက်နည်းနေရင် နှလုံးရောဂါဖြစ်လာမှာစိုးရတယ်၊ • 60mg/dLထက

အမျိုးသမီးတွေကို ဘိုကိုဟာရမ်က ရှေ့တန်း ပို့နေ

နိုင်ဂျီးရီးယား နိုင်ငံမှာ ရှိတဲ့ အစ္စလာမ္မစ် အစွန်းရောက် ဘိုကိုဟာရမ် အဖွဲ့ဟာ သူတို့ ဖမ်းဆီးသွားတဲ့ အမျိုးသမီးနဲ့ မိန်းကလေး တွေကို သူတို့ စစ်တိုက်ရာမှာ ကူညီဖို့ စစ်မြေပြင် ရှေ့တန်းကို အတင်းအကြပ် ပို့လွှတ် အသုံးပြုနေကြောင်း လူ့အခွင့်အရေး လေ့လာ စောင့်ကြည့်ရေး အဖွဲ့ HRW ရဲ့ အစီရင်ခံစာ အရ သိရပါတယ်။ ၂၀ဝ၉ ခုနှစ် နောက်ပိုင်း ဘိုကို ဟာရမ်အဖွဲ့က ဖမ်းဆီး သွားခဲ့တဲ့ အမျိုးသမီးနဲ့ မိန်းကလေး အရေအတွက်ဟာ ခုချိန်အထိ ၅၀ဝ လောက် ရှိသွားပြီလို့ ယူဆရကြောင်း HRW ရဲ့ အစီရင်ခံစာက ဆက်လက် ဖော်ပြပါတယ်။ အဲဒီ အရေ အတွက်ဟာ အခုနှစ် ဧပြီလက ဖမ်းဆီး ခံခဲ့ရတဲ့ ကျောင်းသူ ၂၀ဝ လည်း အပါအဝင် ဖြစ်ပါတယ်။ သူတို့ လွတ်မြောက်ရေး ဆောင်ရွက်ဖို့ နိုင်ဂျီးရီးယား အာဏာပိုင်တွေ ဘက်က ဆိုးဆိုးရွားရွား ပျက်ကွက် ခဲ့ကြတယ်လို့ အစီရင်ခံစာ ထဲမှာ စွပ်စွဲ ထားပါတယ်။ မကြာသေးခင် ကတော့ နိုင်ဂျီးရီးယား အစိုးရက ဘိုကိုဟာရမ် စစ်သွေးကြွ တွေနဲ့ အပစ်ရပ်ဖို့ သဘော တူညီမှု ရခဲ့ပြီး၊ သဘောတူညီချက် တစိတ်တပိုင်း အရ မိန်းကလေးတွေ ပြန်လွတ် လာမယ်လို့ ပြောခဲ့ ပေမယ့် ဘိုကိုဟာရမ် ဘက်ကတော့ ဒီကိစ္စအပေါ် တစုံတရာ အတည်ပြုခြင်း မရှိခဲ့ပါဘူး။ အဲဒီလို အပစ်ရပ်ဖို့ သဘောတူညီပြီး နောက်ပိုင

တောင်ဒဂုံက လယ်သမားဆန္ဒပြပွဲ (ရုပ်/သံ)

ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ်က လယ်ယာမြေ ၁၅ ဧကမှာ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီရဲ့ အခွန်ဦးစီးဋ္ဌာနပိုင်မြေဆိုပြီး ခြံစည်းရိုးခတ်လိုက်တဲ့အတွက် ကန့်ကွက်ကြောင်း ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၅ ရက်နေ့က လယ်သမား ၁ဝဝ ကျော်က တောင်ဒဂုံမြို့နယ်အတွင်း လမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။ RFA သတင်းထောက် ကိုသီဟထွန်း တင်ပြထားပါတယ်။ RFA Burmese ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1u05qwA

ဆရာဦးအောင်သင်း ဈာပနအခမ်းအနား (ရုပ်/သံ)

အောက်တိုဘာလ ၂၅ ရက် စနေနေ့က ရန်ကုန်မြို့ စမ်းချောင်းနေအိမ်မှာ ကွယ်လွန်ခဲ့တဲ့ စာရေးဆရာကြီး ဦအောင်သင်းရဲ့ ရုပ်အလောင်းကို ဒီကနေ့ ညနေက ရေဝေးသုသာန်မှာ ဂူသွင်းသင်္ဂြိုလ်ခဲ့ပါတယ်။ ဆရာ ဦးအောင်သင်းရဲ့ ဈပနာအခမ်းနား အပြည့်အစုံကို RFA အဖွဲ့သား ကိုဂျေက တင်ပြထားပါတယ်။ RFA Burmese ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1u05rRe

ရွှေနှင့်ရတနာပစ္စည်းတန်ဖိုး ၃၈၆ သိန်းကျော်ခိုးယူသူများဖမ်းမိ

မန္တလေး အောက်တိုဘာ ၂၇ မန္တလေးမြို့တွင် ရွှေနှင့်ရတနာ ပစ္စည်းမျိုးစုံ တန်ဖိုး ၃၈၆ သိန်းကျော် နှင့် အရေးကြီး စာရွက်စာတမ်းများ ထည့်သွင်း သိမ်းဆည်း ထားသည့် မီးခံ သေတ္တာနှင့် အခြားပစ္စည်းများ ခိုးယူ ခံရမှုကို မန္တလေးခရိုင် မှုခင်းနှိမ်နင်း ရေးဌာနစိတ်မှ ဖော်ထုတ် ဖမ်းဆီးခဲ့ ကြောင်း သိရသည်။ ဖြစ်စဉ်မှာ မန္တလေးမြို့(၆၈)လမ်း (၃၄x၃၅)လမ်းကြားနေ ဒေါ်မြမြဝင်း မိသားစုသည် အောက်တိုဘာ ၅ ရက် ညက အခြားနေအိမ်သို့သွားရောက် အိပ်ခဲ့ကြပြီး အောက်တိုဘာ ၆ ရက် တွင် အိမ်သို့ပြန်ရောက်စဉ် မီးခံ သေတ္တာနှင့်အခြားပစ္စည်းများ ပျောက် ဆုံးနေသည်ကိုတွေ့ရှိရ၍ မန္တလေးမြို့ အမှတ်(၃)နယ်မြေရဲစခန်းတွင် ခိုးယူ သွားသူများအား စုံစမ်းအရေးယူပေး ပါရန် တိုင်ကြားခဲ့သည်။ အမှုနှင့်ပတ်သက်၍ မန္တလေး ခရိုင် မှုခင်းနှိမ်နင်းရေးဌာနစိတ်မှ ရဲအုပ်ကြည်ဇင်က အဖွဲ့ဝင်များဖွဲ့၍ စုံစမ်းခဲ့ရာ အောက်တိုဘာ ၁၆ရက် ညနေ ၃ နာရီခန့်တွင် နေဇင်လတ်(ခ)ဖြူဖွေးနှင့် မဖြိုးသန္တာထွေး(ခ)မဖြိုး တို့သည် အမှုမှ ပျောက်ဆုံးရတနာ အချို့အားရောင်းချရန် မဟာ အောင်မြေမြို့နယ် မန်းမြို့ဈေးအတွင်း ရှိ ရွှေဆိုင်များအား လိုက်လံပြသနေ သည်ကိုသတင်းရရှိသဖြင့် မန္တလေး ခရိုင် ရဲတပ်ဖွဲ့မှူးရုံးသို့ ခေါ်ယူ စစ်ဆေးခဲ့သည်။ စ

လားရှိုးမြို့ တွင် ခရီးသည်တင်ယာဉ်တစ်စီး၏ ယာဉ်ဝန်ထမ်းများအား သုံးဘီးမောင်းသူ များက အုပ်စုဖြင့် ရိုက်နှက်

လားရှိုး၊ အောက် (၂၇) အောက်တိုဘာလ (၂၇) ရက်နေ့ ၊ နံနက်ပိုင်းက လားရှိုးမြို့ သို့ ဆိုက်ကပ်လာသော ခရီးသည်တင် Express ယာဉ် တစ်စီး၏ ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက် (၂) ဦးကို သုံးဘီးမောင်းသူများက ၀ိုင်းဝန်း ရိုက်နှက်ခဲ့ သည့် ဖြစ်စဉ် တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်ပွားပုံမှာ ယနေ့ နံနက် ၁၀း၁၅ အချိန်ခန့် က AA Family ယာဉ်လိုင်းမှ မကွေး-လားရှိုး Express ယာဉ်သည် လားရှိုးမြို့  တွင်းသို့  ၀င်ရောက်လာရာ ရပ်ကွက် (၁) GE တပ်ပေါက်ဝအနီးတွင် ဆင်းသက်လိုသော ခရီးသည်များ ရှိသဖြင့် ခေတ္တရပ်တန့် ပေးခဲ့သည်။ Express ယာဉ်ရပ်တန့် လျင် ဆင်းလာမည့်ခရီးသည်အချို့ က သုံးဘီးငှားကြလေ့ရှိသောကြောင့် သုံးဘီးယာဉ်ငယ် များကလည်း ယင်း Express ကားရပ်တန့် ရာသို့  ရောက်ရှိလာကြပြီး ခရီးသည်များကို အပြိုင်အဆိုင်ခေါ်တင်ခဲ့ကြ သည်။ ထိုသို့ ခရီးသည်အပြိုင်ခေါ်ကြရင်း အမည်မသိသုံးဘီးမောင်းသူတစ်ဦးက Express ယာဉ်ပေါ်တက်ကာ ခရီးသည်ရရှိရန် အလို့ ငှာမေးမြန်းခဲ့သည်။ Express ယာဉ်နောက်လိုက်များကလည်း ခရီးသည်ပစ္စည်းလုံခြုံရေး အတွက် ကားထဲထိမတက်ရန် ဟန့် တားရာမှ ယင်းသုံးဘီးမောင်းသူနှင့် ကတောက်ကဆဖြစ်ခဲ့ပြီး ယာဉ်အောက် တွင် Express ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်

အောက်တိုဘာလ (၂၈)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ

အောက်တိုဘာလ (၂၈)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ အောက်တိုဘာလ (၂၈)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://feedproxy.google.com/~r/thithtoolwin/yIWV/~3/c3NqJHYGHBI/blog-post_5871.html