Skip to main content

ရွှေနှင့်ရတနာပစ္စည်းတန်ဖိုး ၃၈၆ သိန်းကျော်ခိုးယူသူများဖမ်းမိ



မန္တလေး အောက်တိုဘာ ၂၇

မန္တလေးမြို့တွင် ရွှေနှင့်ရတနာ ပစ္စည်းမျိုးစုံ တန်ဖိုး ၃၈၆ သိန်းကျော် နှင့် အရေးကြီး စာရွက်စာတမ်းများ ထည့်သွင်း သိမ်းဆည်း ထားသည့် မီးခံ သေတ္တာနှင့် အခြားပစ္စည်းများ ခိုးယူ ခံရမှုကို မန္တလေးခရိုင် မှုခင်းနှိမ်နင်း ရေးဌာနစိတ်မှ ဖော်ထုတ် ဖမ်းဆီးခဲ့ ကြောင်း သိရသည်။


ဖြစ်စဉ်မှာ မန္တလေးမြို့(၆၈)လမ်း (၃၄x၃၅)လမ်းကြားနေ ဒေါ်မြမြဝင်း မိသားစုသည် အောက်တိုဘာ ၅ ရက် ညက အခြားနေအိမ်သို့သွားရောက် အိပ်ခဲ့ကြပြီး အောက်တိုဘာ ၆ ရက် တွင် အိမ်သို့ပြန်ရောက်စဉ် မီးခံ သေတ္တာနှင့်အခြားပစ္စည်းများ ပျောက် ဆုံးနေသည်ကိုတွေ့ရှိရ၍ မန္တလေးမြို့ အမှတ်(၃)နယ်မြေရဲစခန်းတွင် ခိုးယူ သွားသူများအား စုံစမ်းအရေးယူပေး ပါရန် တိုင်ကြားခဲ့သည်။


အမှုနှင့်ပတ်သက်၍ မန္တလေး ခရိုင် မှုခင်းနှိမ်နင်းရေးဌာနစိတ်မှ ရဲအုပ်ကြည်ဇင်က အဖွဲ့ဝင်များဖွဲ့၍ စုံစမ်းခဲ့ရာ အောက်တိုဘာ ၁၆ရက် ညနေ ၃ နာရီခန့်တွင် နေဇင်လတ်(ခ)ဖြူဖွေးနှင့် မဖြိုးသန္တာထွေး(ခ)မဖြိုး တို့သည် အမှုမှ ပျောက်ဆုံးရတနာ အချို့အားရောင်းချရန် မဟာ အောင်မြေမြို့နယ် မန်းမြို့ဈေးအတွင်း ရှိ ရွှေဆိုင်များအား လိုက်လံပြသနေ သည်ကိုသတင်းရရှိသဖြင့် မန္တလေး ခရိုင် ရဲတပ်ဖွဲ့မှူးရုံးသို့ ခေါ်ယူ စစ်ဆေးခဲ့သည်။


စစ်ဆေး ဖော်ထုတ်ချက်အရ အောက်တိုဘာ ၆ ရက် နံနက် ၃ နာရီက နေဇင်လတ်(ခ)ဖြူဖွေး၊ ထွန်း ထွန်းနိုင်(ခ)ဝတုတ်နှင့် မျိုးမင်းသူ (ခ) ဆင်ကြီးတို့သုံးဦးသည် ဆိုင်ကယ် ဖြင့် (၆၈)လမ်း၊ (၃၄x၃၅) လမ်းကြား ရောက်ရှိလာပြီး အိမ်တံခါးပေါက်များ ပွင့်နေကာ ခြံတံခါးသော့ခတ်ထား သော ဒေါ်မြမြဝင်းအိမ်တွင် လူမရှိ သည်ကိုတွေ့ရ၍ ခြံတံခါးသော့ဖျက် ပြီး ဝင်ရောက်ခဲ့ကြောင်း၊ နေအိမ် အပေါ်ထပ်အိပ်ခန်းအတွင်းရှိ မီးခံ သေတ္တာတစ်လုံးနှင့် အောက်ထပ်မှ စက်ဘီးတစ်စီးကို ၄င်းတို့စီးနင်းလာ သည့်ဆိုင်ကယ်ဖြင့် နေဇင်လတ်(ခ)ဖြူဖွေး၏နေအိမ်သို့ ယူဆောင်ခဲ့ ကြောင်း၊ မီးခံသေတ္တာအားတူနှင့်စို့များ အသုံးပြု၍ရိုက်ဖွင့်ပြီး ရွှေထည်နှင့် ရတနာပစ္စည်းမျိုးစုံ၊ ငွေကျပ်ခုနစ်သိန်း ကို ယူဆောင်ခဲ့ကြောင်း၊ ရတနာ အချို့ကို ရောင်းချရန် နေဇင်လတ်(ခ)ဖြူဖွေးနှင့် မဖြိုးသန္တာထွေး(ခ) မဖြိုး တို့ မန္တလေးဈေးသို့လာရောက်ခြင်း ဖြစ်ကြောင်း သိရသည်။


ဆက်လက်၍ စစ်ဆေးဖော်ထုတ် ချက်အရ ကျန်ရှိသောပစ္စည်းများမှ အချို့ကို မူဆယ်မြို့၌ ရောင်းချရန် ထွန်းထွန်းနိုင်(ခ) ဝတုတ်နှင့် ရဲနေမျိုး(ခ)ဦးတီးပွားတို့ ထွက်ခွာသွား ကြောင်းနှင့် ကျန်ရတနာပစ္စည်းများ အားနေဇင်လတ်(ခ)ဖြူဖွေး၏နေအိမ် တွင် မြှုပ်နှံထားကြောင်း စစ်ဆေး သိရှိရ၍ မန္တလေးမြို့ ပြည်ကြီး တံခွန်မြို့နယ် သင်ပန်းကုန်းရပ်(ကျူး)ညညရပ်တွင် သွားရောက်ရှာဖွေရာ သက်သေခံပစ္စည်းကိုးမျိုးကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း၊ ဆက်လက်၍ ရဲအုပ် ကြည်ဇင် ဦးဆောင်သော ရဲအုပ် ဝင်းမင်းထွန်း၊ ရဲအုပ်ဗိုလ်ဗိုလ် အောင်၊ ရဲအုပ်သူရအဖွဲ့သည် အောက်တိုဘာ ၁၇ ရက်က မူဆယ်မြို့သို့ရောက်ရှိပြီး မူဆယ်မြို့ ဇီးကုန်းရပ်ကွက်တွင် ထွန်းထွန်းနိုင်(ခ) ဝတုတ်နှင့် ရဲနေမျိုး (ခ)ဦးတီးပွားတို့ကို အမှုမှ ပျောက်ဆုံးပစ္စည်းများဖြစ်သည့် ရွှေထည်ပစ္စည်းအမျိုး ၂ဝနှင့် ရွှေ/ ကျောက်ရတနာ ၂၁ မျိုးတို့ကို တွေ့ရှိဖမ်းဆီးရမိ၍ သက်သေများ ရှေ့တွင် ရှာဖွေပုံစံဖြင့်သိမ်းဆည်းပြီး ဆက်လက်အရေးယူနိုင်ရန် မန္တလေး မြို့အမှတ်(၃) နယ်မြေရဲစခန်းသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရ သည်။


အေးမြ(မန်းကိုယ်ပွား)

Myanmaalinn

https://www.facebook.com/MYANMAALINNNEWS






from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://feedproxy.google.com/~r/thithtoolwin/yIWV/~3/R7ebxfGM1dM/blog-post_710.html

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...