Skip to main content

Posts

Showing posts from February 1, 2015

ကျောက်ကပ်တွင်'ကျောက်'မဖြစ်စေရန် ကာကွယ်ခြင်း

ကျောက်ကပ်ရောဂါနှင့် ပတ်သက်ပြီး ကျန်းမာရေးသတင်းများသို့ မကြာခဏ မေးမြန်းလာကြသည့်အတွက် ကျောက်တည်သည့်ရောဂါ မဖြစ်အောင် ဆောင်ရန်၊ ရှောင်ရန်နည်းလမ်းများကို Myat Thu Ya ၏ ပေးပို့ချက်အတိုင်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။ (၁) ရှောင်ရန် ဘီယာ၊ ကွမ်း၊ အရိုးပါဝါးစား၍ရသော ငါးကလေးများ၊ ပုဇွန်ကျော့၊ မှို၊ မျှစ်၊ ဝမ်းတွင်းသားကလီစာများ၊ နီသောအသားများ(အမဲသား ဆိတ်သား စသည်) (၂) လျှော့စားရန် ချဉ်ပေါင်၊ ဇီးသီး၊ ဟင်းနုနွယ်ရွက်၊ စတော်ဘယ်ရီသီး၊ ခရမ်းချဉ်သီး၊ ပဲပင်ပေါက်။ (၃) လျှော့သောက်ရန် လ္ဘက်ရည်၊ ကော်ဖီ၊ နွားနို့ ၊ ချောကလက်တို့ကို အလွန်အမင်းသောက်ခြင်းမှ ရှောင်ရန်။ (၄) ဆောင်ရန် ရေများများသောက်ရန် ။ ရေသည်ဆေးပင်ဖြစ်သည်။ ရေများများသောက်ပေးခြင်းဖြင့် ကျောက် အတုံးအခဲအဖြစ် မဖွဲ့စည်းနိုင်မှီ အမှုန့်ဘဝမှာပင် ဆီးများများဖြင့် ဆေးချလိုက်သကဲ့သို့ဖြစ်သည်။ တစ်နေ့ ရေသန့်ဗူး(၂)ဗူးခန့် သောက်ပေးရန်။ ရာသီဥတုပူ၍ချွေးထွက်များလျှင် ရေသန့်ဗူး (၃)ဗူးစာ သောက်ပေးရန်။ သို့တည်းမဟုတ် 'ဆီး အရောင် ကြည်၍ အရောင်မရှိသည်အထိ' သောက်ပေးရန်။ (ဖျော်ရည် ဖျော်သောက်ခြင်းမျိုး ဖျော်ရည်ကို ရေအစား သောက်ခြင်းမျိုး မပြုရန်) ကျောက်ကပ်တွင် ကျောက်တည်ခြင်းေ

အူကျရောဂါ

အူကျရောဂါဖြစ်ခြင်းသည် အဓိကအားဖြင့် ၁။ ဗိုက်ထဲမှာ ဖိအားများလို့ ၂။ ကြွက်သားအားနည်းလို့ ဖြစ်ရတယ်။ အမျိုးသားတွေ၊အဝလွန်သူတွေမှာ ပိုတွေ့ရတယ်။ မွေးကင်းစအရွယ်မှာ umbilical hernia ဆိုတာ တွေ့ရပေမယ့် သိပ်မကြာခင် သူ့နေရာမှန်ပြန်ရောက်သွားတယ်။ hernia မှာ အနေအထိုင်က အရေုးကြီးပါတယ်။ ကိုယ့်ဘာသာ နေတတ်အောင် နေရတယ်။အလေးအပင်မလို့ မရဘူး။ ကုန်းရ၊ထရတဲ့အလုပ်တွေ ရှောင်သင့်တယ်။ ချောင်းဆိုးရင် ပိုဆိုးလာတာကြောင့် အအေးမခံသင့်ဘူး။ အစားအသောက်မှာ ပျော့တာပဲ စားပေးသင့်တယ်။ဝမ်းချုပ်ရင် ညစ်တဲ့အခါ ပိုဆိုးလာတယ်။ ဒါ့ကြောင့် ဝမ်းချုပ်စေမယ့်အစားအသောက်ရှောင်ပေးရတယ်။ အသီးအရွက်များများစားပါ။ ရေများများသောက်ပါ။ အဆီ၊အသားလျော့စားပါ။ ဝိတ်များတဲ့လူတွေမှာ အဖြစ်များလို့ ဝိတ်ကျအောင် ကြိုးစားသင့်တယ်။ တနေ့ကို လေ့ကျင့်ခန်း နာရီဝက်လောက် လုပ်ပေးပါ။ ဒါပေမယ့် ပြင်းထန်တဲ့လေ့ကျင့်ခန်း၊ အကုန်းအကွ လုပ်ရတာတွေ ရှောင်ထားသင့်တယ်။ အိပ်လျက် စက်ဘီးစီးရတဲ့လေ့ကျင့်ခန်းတွေ၊ရေကူးတာတွေက ခန္ဓာကိုယ်ကို ဖိအားမသက်ရောက်စေလို့ ကောင်းပါတယ်။ ကုသတဲ့အခါ သိပ်မဆိုးသေးရင် စောင့်ကြည့်ပါတယ်။ အူကျလာတဲ့အခါမှာ ကိုယ့်ဘာသာ ပြန်ထည့်လို့ရတာရှိတယ်။ inguinal herniaဖြစ်ရင် ရေခဲအိတ်တ