Skip to main content

Posts

Showing posts from December 23, 2014

အိပ်ဆေးမစားဘဲ အိပ်ပျော်စေနိုင်မည့် သဘာဝနည်းများ

ဆရာကြီး ဒေါက်တာမောင်မောင်ညို က ပြောသည်မှာ လူအပါအ၀င် သတ္တ၀ါအားလုံးအတွက် မရှိမဖြစ်လိုအပ်သော မရှောင်လွှဲနိုင်သော အလုပ်သုံးခုမှာ စားခြင်း၊ အိပ်ခြင်းနှင့် မေထုန်မှီဝဲခြင်းတို့ ဖြစ်သည်။ လူ့ခန္ဓာကိုယ်အတွက် အခြေခံလိုအပ်ချက်များဟူ၍လည်း သိပ္ပံပညာရှင်များနှင့် လူမှုရေးပညာရှင်များက ပြောဆိုကြသည်။ ထိုမရှောင်လွှဲနိုင်သော အလုပ် ၃-ခုအနက် စားခြင်းမှာ တခါတရံ ထိန်းသိမ်း၍ရ၏။ မေထုန်မှီဝဲခြင်းမှာလည်း ရှောင်လွှဲ၍ရ၏။ အိပ်ခြင်းကိုမူ မည်သူမျှ အကြာကြီး ရှောင်၍မရပေ။လူတို့သည် အကြောင်းအမျိုးမျိုးကြောင့် အိပ်မပျော်ဖြစ်နိုင်၏။ အိပ်မရဖြစ်နိုင်၏။ ထိုအခါ အိပ်မရသော် အိပ်ဆေးများ သုံးလာကြသည်။ အမေရိကန်နိုင်ငံ၌ တနှစ်လျှင် အိပ်ဆေးတန်ချိန် ၆၀၀-ကျော်မျှ ရောင်းချရ၏။ အမေရိကန်လူမျိုး သန်း ၅၀-ကျော်သည် အိပ်ဆေးမစားရပါက အိပ်၍မရဟု သိရသည်။ အိပ်ပျော်စေရန် သုံးသော ဆေးများမှာ ကမ္ဘာပေါ်တွင် လူသုံးအများဆုံးဆေးများ ဖြစ်ပါသည်။ အောက်ပါလုပ်ဆောင်ချက်များသည် အိပ်ဆေးမစားဘဲ အိပ်ပျော်စေနိုင်မည့် သဘာဝနည်းများ ဖြစ်ပါသည်။ (၁) အိပ်ရာမ၀င်မီ ရေချိုးခြင်း။ အိပ်ရာမ၀င်မီ ရေချိုးခြင်းမှာ လူကို လန်းဆန်း၍ သန့်စင်စေသလို အိပ်ရာဝင်သောအခါ၌ အိပ်ပျော်စေ၏။ ပူအိုက်သောရာသီတွင်

ကညွတ်စားသုံးခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများ

ကညွတ်တွင် Vitamin A ,Vitamin B-Complex, Vitamin C, Vitamin E , Manganese , Selenium စသည်ဖြင့် အဖိုးထိုက်တန်သော ဗီတာမင်များနှင့် သတ္တုဓာတ်များစွာပါဝင်ပါတယ်။ကညွတ်မြစ်ဟာ စိတ်ကျရောဂါကို တိုက်ဖျက်ပေးနိုင်စွမ်းပြီး စိတ်ခံစားမှုစွမ်းအားကို တိုးတက်ကောင်းမွန်စေပါတယ်။ ဒါ့အပြင် ကညွတ်ကို စားသုံးပေးခြင်းဖြင့် ဦးနှောက်နှင့် အာရုံကြော စွမ်းအားများကို တိုးမြှင့်ပေးရုံသာမက ကင်ဆာဖြစ်စေသောအရာများစွာကို ကာကွယ်ဟန့်တားပေးနိုင်ခြင်း ၊ နှလုံး ၊ ပန်းနာရင်ကြပ် ၊ မျက်စိအတွင်းတိမ် ၊ သည်းခြေရောဂါများ ၊ အဆစ်ရောင်ရောဂါ ၊ ဆီးပူ ၊ ဆီးအောင့် ၊ ဆီးကျောက်တည်ခြင်း နှင့် လေရောဂါများကို သက်သာပျောက်ကင်းစေနိုင်ခြင်း ၊ သွေးတွင်းရှိ သကြားဓာတ်ကို ထိန်းညှိပေးနိုင်ခြင်း ၊ အမျှင်ဓာတ်ပါဝင်သောကြောင့် ကိုယ်အလေးချိန်လျော့ချရာတွင် အထောက်အကူပေးနိုင်ခြင်း စတဲ့အကျိုးကျေးဇူးများစွာကို ပေးစွမ်းနိုင်ပါတယ်။ ဒါ့အပြင် Folate ကြွယ်ဝတာကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများ စားသုံးပါက လမစေ့ခင် ကလေးမီးဖွားခြင်းများ ၊ အာရုံကြောအားနည်းခြင်းများ ၊ ကျောရိုးနာဗ့်ကြောရောဂါဖြစ်ခြင်းများမှ ကာကွယ်ပေးနိုင်သော ဆေးဖက်ဝင် ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ပါတယ်။ ကညွတ်ကို

နှုတ်ခမ်းသားမည်းညစ်ခြင်း ကင်းဝေးရအောင်

နှုတ်ခမ်းတစ်စုံရဲ့ လှပမှုဟာ အမျိုးသမီးတွေအတွက် မရှိမဖြစ်ပါ။ ဒါကြောင့်လည်း အမျိုးသမီးတိုင်းလိုလိုမှာ အနဲဆုံး နှုတ်ခမ်းဆိုး ဆေးအရောင် ၃-မျိုးလောက်ရှိတတ်ကြပြီး၊ အပြင်သွားခါနီးတိုင်း မိမိဝတ်ဆင်မယ့် အ၀တ်အစား အရောင်နဲ့  အနီစပ်ဆုံး နှုတ်ခမ်း နီဗူးလေးကို ထုတ်ဆိုးလေ့ရှိကြပါတယ်။ ဘယ်လိုပင် နှုတ်ခမ်းဆိုးဆေး အကူအညီသုံးပြီး လှပနေပါစေ မိမိရဲ့ နှုတ်ခမ်းသား အရောင်ကို ပန်းဆီရောင်လေးသဖွယ် သဘာဝအတိုင်းလှနေချင်တာ မိန်းကလေး တိုင်းရဲ့ ဆန္ဒပါ။ အမျိုးသားတွေလဲ ထို့ အတူပါဘဲ နှုတ်ခမ်းမည်းမည်းကြီး မဖြစ်ချင်ကြပါဘူး။ အချို့  အမျိုးသား/အမျိုးသမီးတွေမှာ အရွယ်မတိုင်မီ နှုတ်ခမ်းသားတွေ မည်းလာ တတ်ကြပါတယ်။ အကြောင်းရင်းကတော့ ကော်ဖီ၊ လ္ဘက်ရည်၊ ဆေးလိပ်လွန်စွာ သောက် သုံးခြင်းကြောင့် ကဖိန်းဓာတ်ရဲ့ ဘေးထွက်ဆိုးကျိုးများ၊ နေပူထဲ အထွက်များ ၍နေလောင်ခြင်း၊ ရေနွေး၊ ဟင်းချို စတဲ့အရည်ပူပူတွေကို ခွက်ပူပူထဲ ကနေ စုပ် ယူသောက်လေ့ရှိခြင်း၊ ခဲဓာတ်များတဲ့ နှုမ်းခမ်းဆိုးဆေး အန္တရာယ၊် ရောဂါ တစ်ခုခုကြောင့်သောက်သုံးနေရတဲ့ ပဋိဇီဝဆေးတွေရဲ့ တန်ပြန်သက်ရောက်မှု စတာတွေကြောင့် နှုတ်ခမ်းသားကို မည်းလာစေပါတယ်။ အဲဒီအတွက် စိတ်မညစ်ကြ ပါနဲ့ ။ ဒီမှာ ရိုးရှင်းလွယ်ကူပြီး ငွေကုန

သားသမီးနှစ်ဦးထက်ပိုယူပါက ဇနီးမောင်နှံ ကျန်းမာရေးကိုထိခိုက်နိုင်

ဇနီးမောင်နှံများအနေဖြင့် ကလေးနှစ်ယောက်ထက်ပိုယူပါက ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေဖွယ်ရှိကြောင်း လေ့လာဆန်းစစ်မှုတစ်ခုတွင် ဖော်ပြထားကြောင်းသိရသည်။ အမျိုးသား၊ အမျိုးသမီး ၁ဒသမ ၅သန်းကို လေ့လာ ဆန်းစစ်ခဲ့ရာ မိဘဖြစ်လာသူများသည် ကင်ဆာ သို့မဟုတ် နှလုံးရောဂါ စသည့်ရောဂါဝေဒနာတို့ကို ဖြစ်ပွားရန် ပိုမို အလားအလာရှိကြောင်း တွေ့ရှိခဲ့ရသည်ဟုဆိုသည်။ မိဘဖြစ်လာသူအများစုသည် ကြီးမားလှသော မိသားစုကြီးအား ပြုစုစောင့်ရှောက်ရန် စိတ်ဖိစီးမှုနှင့် ငွေကြေးအခြေအနေများအား နိုင်နင်းစွာ ဆောင်ရွက်ရန် ရုန်းကန် ကြိုးပမ်းနေရသည့်အတွက် သူတို့၏ကျန်းမာရေးကို ဂရုမစိုက်နိုင်သောကြောင့်ဖြစ်သည်။ ဗြိတိသျှနှင့် နော်ဝေ သုတေသနပညာရှင်တို့၏ လေ့လာသုံးသပ်ချက်အရ ကလေး လေးယောက်ထက် ပိုရှိသော မိသားစုတွင် အမျိုးသမီးများမှာ သားအိမ်ခေါင်း ကင်ဆာဖြစ်ပွားမည့် ဘေးဥပဒ်ကို တိုးပွားစေပြီး အမျိုးသားများတွင်မူ မတော်တဆ သေဆုံးမှုနှင့် ယာဉ်တိုက်မှုကဲ့သို့ ပြင်းထန်စွာ ထိခိုက်သေဆုံးမှုများဖြစ်ပေါ်ကြောင်း တွေ့ရှိခဲ့ရသည်။ ကလေးသုံးယောက်ရှိသော မိသားစုမှ မိဘများမှာ ကျန်းမာရေးအဆိုး နှင့် အကောင်း ရောယှက်နေသော်လည်း ကလေးနှစ်ယောက်သာရှိသော မိဘများမှာမူ စိတ်ဖိစီးမှုနှင့် ပံ့ပိ

ကော်ဖီသောက်သုံးလျှင် အူသိမ်အူမ ကင်ဆာ သက်သာစေနိုင်

သုတေသီများ၏ လေ့လာတွေ့ ရှိချက်အရ တစ်နေ့ လျှင် ကော်ဖီလေးခွက်နှင့် အထက်သောက်သုံးပါက အူသိမ်အူမ ကင်ဆာရောဂါဖြစ်ပွားမှုကို သက်သာစေမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီ အသားပို အကျိတ်နှင့် ကင်ဆာဖြစ်ပွားခြင်းအား ကော်ဖီလေးခွက် သောက်လျှင် ၁၅ ရာခိုင်နှုန်းသက်သာစေနိုင်ပြီး ခြောက်ခွက်နှင့် အထက် သောက်သုံးပါက ၄၀ ရာခိုင်နှုန်း အထိလျှော့ချနိုင်သည် ။ ဗြိတိန်နိုင်ငံတွင် တစ်နေ့ လျှင် လူ ၄၀၀၀၀ ဦးခန့်  အူသိမ်အူမ ကင်ဆာဖြစ်ပွားမှုကို ကြုံတွေနေရသည် ။ ဂျပန်သုတေသီများ၏ လေ့လာချက်အရ ကော်ဖီသောက်သုံးခြင်း သည်ပါးစပ်နှင့် အစာပြွန်ဝေဒနာများကိုလည်း ကောင်းမွန်စေသည် ဟု သိရသည် ။ ကော်ဖီတွင် ပါဝင်သော ကဖိန်းဓာတ်ကြောင့် အဆိုပါသက်သာမှုများဖြစ်ပေါ်စေခြင်းဖြစ်ကာ ကိုယ်ဝန်ဆောင်များတွင်မူ ဆရာဝန်ညွှန်ကြားမှုဖြင့်သာ ကော်ဖီသောက်သုံးမှုကို ချင့်ချိန်သင့်ကြောင်း သိရသည် ။ Mg Mandalay http://ift.tt/1nbNydq from သစ်ထူးလွင် (ကျန်းမာရေး) - Thit Htoo Lwin http://ift.tt/1E9MlNw

အရပ်ရှည်စေမည့် အစားအစာများ

အရပ်ရှည်ခြင်းဟာ မျိုးရိုးဗီဇနဲ့ အတိုင်းအတာ တစ်ခုအထိ သက်ဆိုင် ပေမယ့် အာဟာရပြည့်ပြည့်ဝဝ ရရှိမှု အပေါ်မှာလည်း အဓိက မူတည်နေပါတယ်။ အရပ်ရှည်ဖို့အတွက် ခန္ဓာကိုယ်ကြီးထွား ဖွံ့ဖြိုးနေတဲ့အရွယ်ဖြစ်တဲ့ ကလေးဘဝနဲ့ ဆယ်ကျော်သက်ဘဝမှာ အာဟာရ လုံလောက်အောင် ရရှိဖို့ အလွန်အရေးကြီး ပါတယ်။ ပရိုတင်း၊ ဗီတာမင်နဲ့ သတ္တုဓာတ်ကြွယ်ဝတဲ့ အစားအစာတွေဟာ အရပ်ရှည်ခြင်းနဲ့ အဓိကသက်ဆိုင်တဲ့ ကြီးထွားဟော်မုန်း (Growth Hormone) ကိုမြှင့်တင်နိုင်ဖို့အတွက် အရေးကြီးပါတယ်။ သုတေသနတွေအရ ဗီတာမင်အေ၊ ပရိုတင်းနဲ့ ဇင့်ဓာတ်တွေဟာ အရပ်ရှည်တဲ့ ဖြစ်စဉ်ပေါ်မှာ အကောင်းဆုံးအကျိုးသက်ရောက်မှုရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့် ဒီအာဟာရဓာတ်တွေကိုချည်း စားရမှာမဟုတ်ဘဲ တခြားဗီတာမင်တွေ၊ သတ္တုဓာတ်တွေ၊ ကယ်လ်စီယမ်၊ အဆီနဲ့အမျှင်ဓာတ်တွေအပါအဝင် မျှတတဲ့ အစာအာဟာရတွေကို စားသောက်ပေးတာက ခန္ဓာကိုယ်ကျန်းမာဖို့နဲ့ အရပ်ရှည်ဖို့အတွက် မရှိမဖြစ်လိုအပ်ချက် ဖြစ်ပါတယ်။ အောက်ပါတို့ဟာ အရပ်ရှည်စေဖို့အတွက် အရေးကြီးတဲ့ အစာအာဟာရတွေ ဖြစ်ပါတယ်။ ဗီတာမင် အေ ဗီတာမင်အေဟာ အရပ်ရှည်ပြီး ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးဖို့အတွက် တွန်းအားပေးနိုင်ရုံ သာမက မျက်စိဖွံ့ဖြိုးမှု၊ မျိုးပွားအင်္ဂါတွေနဲ့ ခုခံအားစနစ်ရဲ့ လ