Skip to main content

Posts

Showing posts from January 24, 2015

အဆီကျစေတဲ့ ကြက်သွန်နီသုပ်

ကြက်သွန်နီကို ဟင်းချက်နည်းမျိုးစုံအတွက် အသုံးပြုပြီး စားသုံးနေကြပါတယ်။ ချက်ပုံနဲ့စားပုံများ မတူညီကြသလို သူ့ရဲ့အကျိုးပေးအာနိသင်ကလည်း ကွဲပြားကြပါတယ်။ ယခုဖော်ပြပေးမည့် နည်းလေးကတော့ ကြက်သွန်နီကို အဆီကျဆေးအဖြစ် အစိမ်းသုပ်စားရတဲ့ စားသုံးနည်းတစ်ခု ဖြစ်ပါတယ်။ (၁) ကြက်သွန်နီကို ပါးပါးလှီး၍ ပန်းကန်ထဲ ထည့်ပါ။ (၂) သံပုရာသီး ညှစ်ထည့်ပါ။ အနံ့ပြင်း၍ စပ်နေသော ကြက်သွန်နီကို သံပုရာသီးအချဉ် ညှစ်ထည့်လိုက်ပါက အချိုဓါတ်သို့ ပြောင်းသွားစေပါသည်။ (၃) သခွါးသီး ထည့်လိုပါက (အနည်းငယ်မျှ) ပါးပါးလှီး၍ ထည့်နိုင်ပါသည်။ (၄) အစပ်ကြိုက်ပါက ငရုတ်သီးစိမ်း အနည်းငယ် လှီးထည့်နိုင်ပါသည်။ (၅) ဆားအနည်းငယ်မျှ ထည့်ပေးပါ။ ဆားမပါလျှင် အရသာပေါ့မည်။ ဆားများလွန်းရင်လည်း အငံကြောင့် သွေးတိုးစေပါသည်။ (၆) ကြက်သွန်မိတ် (သို့မဟုတ်) ကုလားနံနံပင်တို့ကိုလည်း အနံ့ကြိုက်တတ်လျှင် အနည်းငယ်မျှ ထည့်နိုင်ပါသည်။ ၄င်းတို့ကို နယ်ပြီးလျှင် ကြက်သွန်ချဉ်သုပ်ကလေး စားလို့ရပါပြီ။ ဒီအတိုင်း မစားချင်လျှင် ထမင်း၊ ကြာဇံကြော်၊ ပဲပလာတာ၊ ခေါက်ဆွဲကြော် စသည့် သူနှင့်လိုက်ဖက်မည့် အစားအစာများနှင့် တွဲဖက်၍ မကြာခဏ စားသုံးပေးနိုင်ပါသည်။ ပါးစပ်မနံအောင် ကြက်သွန်ဖြူ၊ ကြက်သွ

အစာအိမ်အောင့်ပြီး နာလာလျှင် ဒါတွေကို သတိထားပါ

၁။ ဆေးလိပ်သောက်လျှင် ရပ်ပစ်ပါ။ ဆေးလိပ်အနံ့ မရအောင် ရှောင်ပါ။ ဆေးလိပ်ငွေ့ သည် အစာအိမ်မှ အက်စစ်ဓါတ်ထွက်မှုကို ပိုမိုဆိုးဝါးစေပါတယ်။ ၂။ အရက်သောက်ပါက ခေတ္တရပ်ထားပါ။ ကဖိန်းဓါတ်ပါသော ကော်ဖီ၊ လက်ဖက်ရည်တို့ကို လျှော့သောက်ပါ။ ၄င်းတို့သည် အက်စစ်ဓါတ်ကို ပိုမိုမြင့်တက်စေပြီး အစာအိမ်ကို ပို၍ နာကျင်စေပါသည်။ ၃။ အစာကို တစ်ထိုင်တည်း အ၀မစားပဲ အဆာပြေရုံသာ စားပါ။ တစ်နေ့ကို ၅ကြိမ်၊ ၆ ကြိမ်ခန့် စားပေးပါ။ အချိန်ယူ၍ အစာကြေအောင် အေးဆေးစွာ စားပါ။ ၄။ စိတ်ပူစရာ၊ ပူပန်စရာ သောကများကို လျှော့ချပါ။ စိတ်ဖိစီးမှုများလျှင် အစာအိမ်နှင့် ဆက်စပ်နေသောကြောင့် စိတ်ဖိစည်းမှုနည်းအောင် နေပါ။ ၅။ နို့ထွက်ပစ္စည်းများ၊ ချောကလက်များ၊ အသားငါးတို့၏ အဆီများ၊ အကြော်များ စတဲ့ အဆီပါသော အစားအစာများကို လျှော့စားပါ။ ၆။ အစာစားပြီးချိန်၊ ညဖက်အနားယူ အိပ်စက်ချိန်တို့မှာ အစာအိမ်နာလာပါက အန္တရာယ်ကြီးနိုင်သည့်အတွက် ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပါ။ လူတိုင်း ကျန်းမာစွာ အသက်ရှည်နိုင်ကြပါစေ။ စောနွဲ့နေဆိုင် (ပူတာအို) ဘာသာပြန်သည်။ Ref: Care for Stomachache ကျန်းမာရေးသတင်းများ from သစ်ထူးလွင် (ကျန်းမာရေး) - Thit Htoo Lwin http://ift.tt/1CH0izH

ရှားစောင်းလက်ပပ် ဆေးစွမ်းထက် ( အမျိုးသမီးများအတွက် ပိုအသုံးတည့်သည် ပေါ့ပေါ့ပါးပါး ဆေးတစ်ခွက် )

ရှားစောင်းလက်ပပ်သည် မီးယပ်ဆေးအဖြစ် အလွန်အသုံးဝင် ထင်ရှားသည်။ရှားစောင်း လက်ပပ်ကို ပါးပါး လှီး၍ ဟင်းချက် စားပါက ဓမ္မတာကို မှန်စေသည်။ရှားစောင်း လက်ပပ်ကို လိမ်းဆေးအဖြစ် အနှစ်ကို ခပ်ပါးပါး လှီး၍ သွေးစုနာ၊ အကြိတ် အဖုအနာ၊ သွေးလုံး၊ လေလုံး အပေါ် ကပ်ထား ပေးခဲ့သော် ပြင်ပသို့ ထုတ်ဆောင်ပြီး အကြိတ် ကြေစေသည်။ ပြည်ပေါက် မြန်၍ ငန်းမန်း ကြေစေသည်။ ရှားစောင်း လက်ပပ် အနှစ်ကို မျက်စိ အုံပေးပါက မျက်စိ နာခြင်း၊ ကိုက်ခြင်း၊ ပူစပ်ခြင်း၊ ယားယံခြင်း တို့ကို ပျောက်စေသည်။ ရှားစောင်း လက်ပပ် အတွင်းသားကို အရည်ညှစ်ပြီး မီးနွေးနွေး ပြု၍ နားတွင်းသို့ ခတ်ပေးပါက နားကိုက်၊ နားနာ မြန်စွာပျောက်သည်။ ကိုယ်ရေ၀ါ ရောဂါရှိသူများ အတွင်းသား စားပါက ဆီးဝမ်း သက်သာပြီး ရောဂါ ပျောက်၏။ ရှားစောင်း လက်ပပ် အနှစ်ကို လက်ချား မီးပေါက် အနည်းငယ် ဖြူး၍ စားလျှင် ရေဖျဉ်း ရောဂါ ပျောက်၏။ ရှားစောင်း လက်ပပ် အနှစ်ကို ခြစ်ယူ၍ ဆန်ဆေးရည်တွင် စိမ်ပြီး သကြား ထည့်သောက် ပါက ဆီးပူ၊ ဆီးအောင့်၊ ဆီးထိုး ရောဂါ ပျောက်ကင်း၏။ သတ္တုရည်သည် အအေးမိခြင်း ဖျားခြင်းတို့ကို သက်သာ ပျောက်ကင်း စေနိုင်သည်။ Mg Mandalay from သစ်ထူးလွင် (ကျန်းမာရေး) - Thit Htoo Lwin http://ift.tt/1CG9

ကျန်းမာရေးအတွက်ဒီလောက်ကောင်းတဲ့ ကြံရည်တစ်ခွက်

၁- ကျောက်ကပ်ကျန်းမာရေးနှင့်တကွ ကျောက်ကပ်နှင့်ဆိုင်တဲ့ ရောဂါများကိုကာကွယ်နိုင်ပြီး ကျောက်ကပ်ကျောက်တည်ခြင်းမှလဲကာကွယ်ပေးခြင်း ၂- လည်းချောင်းနှင့်ဆိုင်သောရောဂါနှင့်တုပ်ကွေးဖြစ်ခြင်းမှလည်း သက်သာစေခြင်း ၃- ကင်ဆာရောဂါကာကွယ်မှုနှင့် အထူးသဖြင့် ရင်သားကင်ဆာသမားများအတွက် ကောင်းမွန်ခြင်း ၄- ကိုယ်တွင်းအပုပ်အညစ်များကိုကျစေခြင်း ၅- ဖျားနာနေမကောင်းဖြစ်ပြီးလျှင် ကြံရည်သောက်သင့်တဲ့အဓိကအချက်ကတော့ နေမကောင်းဖြစ်ချိန်တွင်ပျောက်ဆုံးသွားသော ပရိုတိန်းဓါတ်နှင့် သကြားဓါတ်များကိုပြန်လည်ဖြည့်တင်းပေးခြင်း ၆- အသားအရည်တွင်မရှိမဖြစ်လိုအပ်တဲ့ ရေဓါတ်ကိုဖြည့်တင်းပေးပြီး ၀က်ခြံများထွက်ခြင်းမှသက်သာစေခြင်းနှင့် ကြံရည်ကို သင့်မျက်နှာပေါ်မှာ လိမ်းပြီး မိနစ်ပိုင်းထားပေးခြင်းကို ပုံမှန်လုပ်ပေးခြင်းဖြင့် အိုမင်းရင့်ရော်ခြင်းမှ ကင်းဝေးစေခြင်း ၇- ကယ်လ်စီယမ်၊ကိုဗော့၊ကြေး၊မဂ္ဂနီဆီယမ်၊ဖော့စဖောရပ်၊ ပိုတက်ဆီယမ်နှင့်သံဓါတ်တို့ ပါဝင်ပါတယ်။ ၈- ဗီတာမင်များအနေဖြင့်လည်း ဗီတာမင် B1,B2,B3,B5 တို့ ပါဝင်ပြီး အမျှင်ဓါတ်နှင့်ပရိုတိန်းတို့ လည်းပါဝင်ပါတယ်။ ၉- သင့်လက်သည်းမှာ အဖြူအစက်ကလေးတွေရှိရင် သင့်အစားအစာထဲမှာသကြားဓါတ်အလွန်နည်းနေတာကြောင့် သကြားပြည

မြန်မာ့ဆေးဖက်ဝင် တမာပင်

Item Name -------- Margosa or Nim tree (တမာပင်) Category ----------- Raw Material Botany Term ------- Azadirachta indica A Juss Species Family ----- Meliaceae မြန်မာနိုင်ငံ အပူပိုင်းဒေသတွင် ပေါက်ရောက်သည်။သဘာဝအလျောက် ပေါက်ရောက်သည်။ အပင်ကြီးမျိုး ဖြစ်သည်။ ငှက်မွှေးရွက်ပေါင်းဖြစ်၍ ရွက် မွှာများသည် ငါးစုံမှ ခြောက်စုံအထိ ရှိသည်။ လှံစွပ်ပုံအရွက်များ ရွက်ဆိုင်ထွက်သည်။ ရွက်ထိပ်ချွန်ပြီး ရွက်ရင်းအနားတစ်ဖက် သွယ်သည်။ အဖြူ ရောင် အပွင့်ငယ် လေးများ ပွင့်သည်။ တစ်စေ့ခွံသီးဖြစ်ပြီး လုံးဝိုင်း သည်။ အပင် ပင်စည် ဖြောင့်သော အမြဲစိမ်း သစ်မာပင်မျိုး ဖြစ်၏ ။ အမြင့်ဆုံး ပေ ၅၀၀ ထိရှိတတ်သည်။ အခေါက် မွဲပြာရောင်ရှိ၍ ကြမ်းသည်။ အရွက် ငှက်မွေး ရွက်ပေါင်း ဖြစ်၍ ရွက်လွှဲ ထွက်သည်။ အလျား ၈-၁၅ လက်မ ရှည်သည်။ ရွက်မြွာများ မျက်နှာချင်းဆိုင်ထွက်သည်။ လှံစွပ်ပုံရှိသည်။ ရွက်ထိပ်ချွန်ပြီး ရွက်ရင်းသွယ်သည်။ ရွက်နား ခွေးသွားစိပ် ရှိ၏ ။ အပွင့် အပွင့်ငယ်သည်။ ချိုမွှေးခါးသက်သော အနံ့ရှိ၍ ဖြူဝါ၀ါအရောင်ရှိ၏ ။ တပေါင်းလမှ ကဆုန်လအထိ ပွင့်၏ ။ အသီး ရှည်မျောမျော ပုံဖြစ်သည်။ အစေ့ တစ်စေ့သာ ပါသည်။ အစေ့ အနီဖျော့ရောင်ရှိသည်။ အသီးအရောင်မှာ နုစဉ်စိမ်း၍

သင့်ကျန်းမာရေး (ခန္ဓာကိုယ်အတွက် လိုအပ်သော ဗီတာမင်အာဟာရများ)

အသက်ရှည်ရာ အနာမဲ့ကြောင်းအတွက် ကျန်းမာရေး ဆွေးနွေးပွဲတွေမှာ အစားအစာများမှ အာဟာရ သို့မဟုတ် ဗီတာမင်များပါဝင်တဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး ဝိုင်းဆွေးနွေးကြတယ်။ ဗီတာမင်ဆိုတဲ့ ဒီအသုံးအနှုန်း မစတင်ကတည်းက လူတို့စားသုံးတဲ့ အစားအစာတွေမှာ ပါပြီးသားပါ။ လူတွေက အစားအစာကို ကောင်းသည် ထက်ကောင်းအောင် ချက်ပြုတ်ပြီး အထူးပြုအာဟာရ အဖြစ်နဲ့ စားသောက်လာကြတာပါ။ ဒါကြောင့် အစာလည်းဆေး၊ ဆေးလည်းအစာဆိုသလို အစာထဲမှာ ဗီတာမင်ပါဝင်မှုကို လေ့လာသင့်ပါတယ်။ ရေမှာပျော်ဝင်တဲ့ ဗီတာ မင်က ဗီတာမင်ဘီနဲ့စီအုပ်စုတို့ဖြစ်ပြီး အဆီမှာပျော်ဝင်တဲ့ ဗီတာမင်က အေ၊ ဒီ၊ အီးနဲ့ ကေအမျိုးအစားတွေပါဝင်တယ်။ ဗီတာမင်အေကို အဓိက အားဖြင့် အမြင်အားဆေး (မျက်လုံးအားဆေး) အနေနဲ့ သိထားကြတယ်။ အသည်း၊ ဥအနှစ်၊ မလိုင်ပြည့်နို့၊ ထောပတ်များ၊ ဒန့်သလွန်ရွက်၊ ကန် စွန်းရွက်၊ ဟင်းနုနယ်ရွက်၊ ကင်းပုံရွက်၊ သရက်သီး၊ သင်္ဘောသီး၊ ရွှေဖရုံသီး၊ ကန်စွန်းဥနဲ့ မုန်လာဥနီတို့ ပါဝင်ကာ ရရှိဖော်ထုတ် ပြီး အာနိသင်အရ မျက်စိ အမြင်ဓာတ်ကို စူးရှစေပါတယ်။ ဗီတာမင်အေ ချို့တဲ့ရင် ညအခါ မျက်စိမမြင်ခြင်း၊ မျက်ခမ်းစပ်၍ မျက်စိကွယ်ခြင်း၊ အမြင်အာရုံဝေဝါးခြင်း၊ ကလေးငယ် ဆယ်ကျော်သက်များ ဘယ်လက်ဖျံနှင့် ညာဒူးထက်တွ

ဆံပင် ၂-ခွ မဖြစ်စေလို

ဆံပင်ထိပ်ဖျားလေးတွေ ကွဲထွက်လာခြင်းကို ဆံပင် ၂-ခွဖြစ်တယ်လို့အလွယ်ခေါ်လေ့ ရှိပါတယ်။ သေသေချာချာကြည့်တဲ့အခါ၊ ၂-ခွမကဘဲ ၄-ခွ/၅-ခွ လောက်ထိ ကွဲထွက် တတ်ကြပါတယ်။ ဆံစထိပ်ဖျားကို ကတ်ကြေးနဲ့ တိညှပ်ပေးရုံမှတပါး တခြားဘယ်လို နည်းနဲ့ မှ ကွဲနေတဲ့ဆံပင်ထိပ်ဖျားကို မူလအတိုင်းပြန်ကောင်းအောင်လုပ်လို့ မရနိုင်ပါ။ သို့ သော် စိတ်မပျက်ပါနဲ့ ။ ညှပ်ပြီးတဲ့ ဆံ ပင်ထိပ်ဖျားတွေ နောက်ထပ်ကွဲမ ထွက် လာအောင်အောက်ပါနည်းလမ်းကောင်းများဖြင့် ထိန်းသိမ်းလို့ ရပါတယ်။ (၁) ဆံပင် ၂-ခွဖြစ်နေရင်၊ သူဆက်လက်ကွဲထွက်နိုင်တဲ့ အပေါ်ပိုင်းရောက်တဲ့အထိ (ဥပမာ.. ဆံပင်ထိပ်ဖျားကနေ လက်တဆစ် လောက်အထိ) ကို ကတ်ကြေးနဲ့ ညှပ်ပေး လိုက်ပါ။ မကြာခဏ ဆံသားခြောက်သွေ့ ကွဲထွက်လေ့ရှိသူများအဖို့ ၊ ရက်သတ္တ ၆-ပတ် (သို့ မဟုတ်) ၂-လ တစ်ကြိမ်လောက် ဆံပင်ထိပ်ဖျားကို ညှပ်ပေးပါ။ (၂) နေပူပူထဲ ထွက်တော့မယ်ဆိုရင်၊ ဆံပင်ကို ဖားလျားချမသွားဘဲ ခေါင်းစည်းကြိုးဖြင့် စည်းနှောင်ထားသင့်ပါတယ်။ နောက်ပြီး ခေါင်းစည်းပုဝါ(သို့ မဟုတ်)ဦးထုပ်(သို့ မဟုတ်)ထီး စသည်တို့ ကို အကာအကွယ်ယူ၍ နေပူထဲထွက်ပါ။ (၃) ခေါင်းလျှော်ပြီးတဲ့အခါ conditioner သုံးတဲ့အလေ့ကျင့်ကောင်းကိုမွေးမြူပါ။ ဒီနည်း က ဆံပင်ထိပ် ၂-ခွဖြစ်မလ

Anti Emetics အအန်ပျောက်ဆေးများ

မင်္ဂလာပါဆရာ။ သမီးအသက်က ၁၇ နှစ်ပါ။ သမီး ၁ ရက် ကို ၅ ခါ ၆ ခါ လောက် ပျို့ပြီး အော့အန်နေခဲ့တာ ၄ လ ကျော်ရှိနေပါပြီ။ အန်တယ်ဆိုပေမဲ့လည်း ဒီအတိုင်း အစာမပါဘဲ အရည်ပဲ အန်တာပါ။ တစ်ခါတစ်လေတော့ အရည်လည်း မအန်ဘဲ ပျို့တက်လာပြီး မျက်ရည်တွေပဲ ထွက်လာပါတယ်။ အရမ်းပင်ပန်းပါတယ်ဆရာ။ ပြီးတော့လည်း တစ်ခါတစ်ခါ ဗိုက်ထဲက ဘယ်လိုကြီးမှန်းလည်း မသိဘူး တင်းနေသလိုပဲဆရာ။ အဲ့ဒါ သမီး ဘာဆက်လုပ်သင့်သလဲဆိုတာကို သိပါရစေဆရာ။ ဆရာ့ကို ယုံကြည်လေးစားလျက်။ ပျို့ချင်-အန်ချင်ဖြစ်သည်မှာ လက္ခဏာတခုဖြစ်သည်။ ရောဂါမဟုတ်ပါ။ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်စေပါသည်။ ကိုယ်ဝန်ရှိစဉ်၊ ခရီးသွားစဉ်၊ ဝမ်းလျောဝမ်းပျက်စဉ် အန်ခြင်းတို့အပြင် အစာဆိပ်သင့်ခြင်း၊ သည်းခြေအိပ်ရောဂါများ၊ အစား အလွန်အကြွံစားခြင်း၊ နှလုံးရောဂါ၊ ဦးခေါင်းအားထိခိုက်မိခြင်း၊ ဦးနှောက်ထဲအကျိတ်ဖြစ်ခြင်း၊ ကြောက်စိတ်ဝင်ခြင်း၊ အစာအိမ်လေနာ၊ မကြိုက်သည့် အနံ့ဆိုးရှူမိခြင်း၊ မေ့ဆေးပေးရခြင်း၊ ကင်ဆာဆေးပေးရခြင်းတို့ကြောင့် ပျို့ချင်-အန်ချင် ဖြစ်ရသည်။ အအန်ပျောက်ဆေးများအား antihistamine နှင့် anticholinergic နှစ်မျိုး ရောစပ်ထားသည်။ Anti-Emetics အအန်ပျောက်ဆေးများ • Antihistamines (Cyclizine, Cinnariz

ခရီးသွားစဉ် ပျို့-အန်ခြင်း (Motion sickness )

၁။ ကျွန်တော် အသက် ၃၁ နှစ်ဖြစ်နေပြီ။ အခုချိန်ထိ ခရီးဝေးသွားရင် ကားစီးတ့အခါ ခေါင်းချွေးတွေထွက်ပြီး မူးပြီးအန်တယ်။ အဲကွန်းပါပေမယ့် အလုံးပိတ်ဆိုရင် ကားစီးပြီး ၃ နာရီကြာလောက်ဆို ကားမူးပြီး ဆေးကြိုသောက်ပေမယ့်လည်း မရဘူး။ ခရီးသွားရင် အစာမစားရဲဘူး။ စားရင်အန်တယ်။ ရေသောက်ရင် ရေပြန်အန်တယ်ဆရာ။ ကိုယ်ရဲ့ immune system အားနည်းလို့လား။ အဓိကတော့ ချွေးစေးထွက်ပြီးမူးတာ။ လေရရင် သက်သာတယ်။ ခရီးသွားရင် ကားမမူးအောင် ဘယ်လိုပြင်ဆင်ရမလဲ။ ၂။ အသက်က ၂၆ နှစ်ရှိပါပြီ။့ မှာ အလုပ်လာလုပ်တာ ၃ လ လောက်ပဲရှိပါသေးတယ်။ အလုပ်ကစိတ်ဖိစီးမှု နည်းနည်း ရှိပါတယ်။ ရန်ကုန်မှာနေတုန်းက ကားမူးပြီးအန်ချင်တာလောက်ပဲရှိတာပါ။ ဆေးခန်းပြတာလဲ စကားပြော အဆင်မပြေတာကြောင့်ပါ။ ခရီးသွားစဉ် မူးဝေအော့အန်ခြင်းဖြစ်ရတာက မျက်စိကမြင်သိပြီး ဦးနှောက်ဆီပို့လွှတ်တဲ့ အာရုံကြောစနစ်ရဲ့ပေးပို့ချက်နဲ့ ကိုယ်ခန္ဓာ အတတ်-အဆင်း၊ ဘယ်ကွေ့-ညာကွေ့ဖြစ်တဲ့အခါ နားအတွင်းထဲရှိတဲ့ အင်္ဂါအစိတ်အပိုင်းက ပို့လွှတ်တဲ့ ပေးပို့ချက်တွေ သဟဇတမဖြစ်လို့ မူးဝေအော့အန်ဖြစ်စေခြင်းဖြစ်တယ်။ ဒါကြောင့် နားအတွင်းကလာမဲ့ ပေးပို့ချက်ကို ဦးနှောက်က အန်ခြင်းကို ဖြစ်စေတဲ့နေရာဆီ မရောက်စေအောင် တားဆီးမဲ့ဆေးကိ

သွေးတိုးရောဂါသမားများ စားသင့်သော အစားအစာများ

သွေးတိုးရောဂါရှိသူများ အောက်ပါ အစားအသောက်များကို စားသုံးပေးပါက သွေးတိုးရောဂါ သက်သာပျောက်ကင်းစေပါတယ်။ (၁) အားလူးမီးဖုတ် အားလူးကို မီးဖုတ်ပြီး စားပေးလျှင် အားလူးထဲမှ မဂ္ဂနီစီယမ်ဓါတ်နဲ့ ပိုတက်စီယမ်ဓါတ်တို့ဟာ ခန္ဓာကိုယ်ကို သွေးတိုးခြင်းဖြစ်စေတဲ့ အပိုဆိုဒီယမ်ဓါတ်များကို လှောင်ကျွမ်းသွားစေတယ်လို့ လေ့လာမှုများအရ ဖော်ပြထားပါတယ်။ (၂) အဆီမပါတဲ့ နွားနို့ အဆီထုတ်ထားတဲ့ နွားနို့မှာ ကာလ်စီယမ်ဓါတ်နဲ့ ဗီတာမင်ဒီ အာဟာရဓါတ်နှစ်မျိုး ပါရှိနေတာကြောင့် သွေးတိုးခြင်းကို ၅ ရာခိုင်းမှ ၁၀ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။ (၃) ငှက်ပျောသီး ငှက်ပျောသီးမှာ ပါဝင်ထားတဲ့ ပိုတက်စီယမ်အာဟာရဓါတ်ကြောင့် တစ်နေ့တစ်လုံး စားပေးပါက သွေးတိုးကို လျှော့ချပေးနိုင်ပါတယ်။ (၄) မုန်လာဥနီ ဖျော်ရည် မုန်လာဥနီဖျော်ရည်မှာ ပါဝင်တဲ့ နိုက်ထရိတ်ဓါတ်ဟာ သွေးတိုးနှုန်းကို ၁၀ ရာခိုင်နှုံးအထိ လျှော့ပေးနိုင်တာကြောင့် သွေးတိုးရှိသူများ တစ်နေ့တစ်ခွက် သောက်သုံးသင့်ပါတယ်။ (၅) နှမ်းဆီ နှမ်းဆီမှာ ပါဝင်တဲ့ အင်ဒီအောက်ဆီးဒဲန့်ဓါတ်ဟာ သွေးကြောများ၏ လှုပ်ရှားမှုကို ပိုမိုသန်မာစေသည့်အတွက် သွေးတိုးရောဂါကို ကာကွယ်ပေးနိုင်တာကြောင့် နှမ်းဆီကိုလည်း မြ

ခါးနာ လက်တွေ့ ပျောက်တဲ့ သဘာဝဆေးနည်း

အားကစားလုပ်၍ ခါးနာသွားသည်ဖြစ်စေ၊ အလေးအပင်မ၍ ခါးနာသွားသည်ဖြစ်စေ၊ ကွန်ပျူတာရှေ့ အထိုင်များပြီး ခါးနား၍ ဖြစ်စေ အောက်ပါလက်တွေ့ ပျောက်ကင်းစေနိုင်သည့် သဘာဝဆေးနည်းလေးကို စမ်းသပ်နိုင်ကြပါတယ်။ (၁) အာလူးတစ်လုံးကို စင်ကြယ်အောင်ရေဆေးပြီး ခပ်ပါးပါးလေး အကွင်းလိုက် အကွင်းလိုက် လှီးလိုက်ပါ။ (၂) ညအိပ်ခါနီး နာနေတဲ့ ခါးပေါ်ကို အာလူးအကွင်းများ ကပ်ပေးပြီး အားကစားသမားများသုံးတဲ့ အယ်လပ်စတစ် ခါးပတ်ကို အပေါ်ကနေ ပတ်ပေးထားပါ။ (အဲဒီ ခါးပတ်မရှိသော်လည်း အ၀တ်သန့်သန့်ဖြင့် အာလူးများ ခွါမသွားအောင် စည်းပေးထားပါ)။ မနက်အိပ်ယာထတဲ့အချိန် ၄င်းအာလူးများကို ခွါလိုက်လိုက်ပါ။ ၃ ရက်ခန့် ဆက်တိုက်လုပ်ပေးပါက ခါးနာသိသာစွာ သက်သာလာမည်။ ၅ ရက်နဲ့ တစ်ပတ်ခန့် ဆက်လုပ်ပေးပါက ခါးနာဝေဒနာကို ယူပစ်လိုက်သလို ပျောက်ကင်းသွားပါလိမ့်မည်။ လက်တွေ့ ပျောက်ကင်းသွားသော မိတ်ဆွေများ အမြာက်အများရှိပြီမို့  ယုံကြည်စွာ သုံးကြည့်နိုင်ပါတယ်။ ခါးနာဝေဒနာရှင်များ သက်သာပျောက်ကင်းနိုင်ကြပါစေ။ စောနွဲ့ နေဆိုင် (ပူတာအို) ကိုးကား ။ ။ နက္ခတ္တရောင်ခြည်မဂ္ဂဇင်း ကျန်းမာရေးသတင်းများ from သစ်ထူးလွင် (ကျန်းမာရေး) - Thit Htoo Lwin http://ift.tt/1z3B8vs

အဆိပ်အတောက်ရှိသော မစားကောင်းသည့် မှိုကို ရွေးချယ်စားတတ်စေဖို့

အဆိပ်အတောက်ရှိသော မစားကောင်းသည့် မှိုကို ရွေးချယ်စားတတ်စေဖို့ မိုးဦး ကာလတွင် မှိုကို ရာသီစာ အဖြစ် ဟင်းပွဲများတွင် ပါဝင်လေ့ ရှိသည်။ မှိုကိုကန်စွန်း ရွက်ဖြင့် ကြော်စားလေ့ ရှိကြသည်။ ကန်စွန်းရွက်သည် အနည်းငယ် သောအဆိပ် အတောက်ကို ပြေ စေသော်လည်း အဆိပ် အတောက်များသော အသီးအရွက်များအတွက် ထူးခြားမှုရှိမည် မဟုတ် ပါချေ။ ဥပမာ - ဝက်စတူးကဲ့ သို့သော ဟင်းလျာအတွက် ကန်စွန်းရွက် အထိန်း အဖြစ် ပါရှိအောင် ထည့်သွင်းချက် ကြသည်။ မိုးရာသီ ရောက်လေတိုင်း မှိုစားမိသောကြောင့် အစာအဆိပ်သင့်သော သတင်းများလည်း မကြာခဏ ကြားနေရ တတ်၏။ မှို၏အရသာသည်ဆိမ့်၏။ သို့သော် အဆိပ် အတောက် မရှိသော မှိုကိုရွေးချယ်တတ်ဖို့ လိုပေလိမ့်မည်။ အဆိပ်အတောက်ရှိပြီး မစားကောင်း သည့်မှိုများတွင် အောက်ပါအမှတ်လက္ခဏာများပါရှိမည် ဖြစ်သည်။သို့အတွက် ဗဟုသုတရရှိစေရန် အတွက်ဖော်ပြ လိုက်ပါသည်။ ၁။ မှိုကိုချိုး၍ လျှာဖြင့် တို့ကြည့်ပါက အလွန်အပူပြီး ငရဲမီးနံ့ထွက် နေလျှင် မစားသင့်ပါ။ ၂။ မှိုကို ချိုးလိုက်ပါက အလွန်ဖြူ ၍ ပျစ်သော နွားနို့နှင့်တူသော အစေးများ ထွက်လာလျှင်မစား သင့်ပါ။ ၃။ မှိုပေါ်တွင် ဆားအနည်းငယ် ဖြူးကြည့်ခြင်း၊ ဆားရည်တွင်စိမ် ကြည့်ခြင်းဖြင့် ညို၊ပြာ၊နက် အရောင်များ ဖြစ်ခဲ့ေ

ခံတွင်း ပျက်နေသူများ အစာစားချင်စိတ် ပြန်ကောင်း လာစေရန်

ရောဂါ ဝေဒနာ တစ်ခုခုကို ခံစားနေရပြီး ကျန်းမာရေး မကောင်း သူတွေဟာ ခံတွင်းပျက်ပြီး အစာ စားချင်စိတ် လျော့နည်း တာကြောင့် ကိုယ်အလေး ချိန်တွေ လျော့ကျ လာတတ်ပါတယ်။ အဲဒီအခါ ကိုယ်ခံ စွမ်းအားလျော့ကျပြီး ရောဂါဝေဒနာကို ခံနိုင်ရည်ရှိမှု လျော့နည်းလာပြီး ပိုမို နေထိုင်မကောင်းတာမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုမဖြစ်စေဖို့ အစာစားချင်စိတ် ပြန်ကောင်းလာအောင် လိုက်နာ သင့်တဲ့ နည်း လမ်းတွေကို ရေးသားလိုက်ရပါတယ်။ မိသားစုစုံညီ သို့မဟုတ် မိတ်ဆွေ သူငယ်ချင်းများနှင့်အတူ စားပါ တစ်ယောက်တည်း အစာစားရင် အစာစားရမှာကို ပျင်းနေတတ်ပါတယ်။ အစာစားချိန်ဆိုတာ လူအများနဲ့ ပေါင်းဖော်ပြီး အတူစားရတဲ့ အချိန်ပါ။ အများနဲ့အတူ မစားရင် အထီးကျန်တဲ့ စိတ်ခံစား မှု ဖြစ်စေပြီး အစာစားချင်စိတ် လျော့ကျစေနိုင်ပါတယ်။ အိမ်မှာ မိသားစု စုံညီ အစာစားပါ ဒါမှမဟုတ် အလုပ်မှာ မိတ်ဆွေ သူငယ်ချင်းတွေနဲ့အတူ အစာစားပါ။ စားချင်စိတ်ရှိသော အစာကို စားပါ ကျွန်မတို့တွေဟာ ကိုယ်ကြိုက်တဲ့ အစာဆိုရင် များများ စားချင်တတ်ကြပါတယ်။ ခံတွင်းပျက်နေချိန်မှာ အစာစားချင်စိတ် ဖြစ်လာအောင် ကိုယ်ကြိုက်တဲ့အစာကို စားပေးပါ။ ဒါပေမဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစာဆိုရင် အများကြီးမစားပါနဲ့။ သစ်သီးတွေကို စားခ

အနှိပ်ခံခြင်းကြောင့် ရရှိနိုင်သော ကောင်းကျိုး နှင့် ဆိုးကျိုးများ

အနှိပ်ခံခြင်းသည် ရောဂါအချို့အား သက်သာစေနိုင်သလို ရောဂါကူးစက် ပျံ့ပွားမှုလည်း ဖြစ်နိုင်သည့်အတွက် အထူးဂရုပြုအနှိပ်ခံသင့်ကြောင်းပ ညာရှင်တို့က အကြံပြုပြောဆိုကြသည်။ သွေးတိုးဝေဒနာရှင်တို့၏ ခန္ဓာကိုယ်အားနှိပ်နယ်ပေးခြင်း အားဖြင့် သွေးလည်ပတ်မှု ကောင်းမွန်စေပြီး အပေါ်သွေး(၁ဝ)မီ လီမီတာအထိ ကျဆင်းစေနိုင်ကြောင်း ဆရာဝန်များထံက သိရှိရသည်။ ''အနှိပ်ခံလိုက်ရရင် စိတ်သောကတွေပြေပျောက်ပြီး စိတ်ဓါတ်ကျဆင်းနေတာတွေလည်း လျော့နည်းသွားစေနိုင်ပါတယ်။ ဒါ့အပြင်သွေးတိုးသမားတွေကို နှိပ်ပေးရင် အပေါ် သွေး(၁ဝ)မီလီမီတာအထိ ကျဆင်းနိုင်ပြီးအိပ်ယာထဲလဲနေတဲ့လူနာကို တင်ပါးနှိပ်ပေးရင် အိပ်ယာနာတွေ ထွက်မလာအောင် တားဆီးထားနိုင်သလို ခွဲစိတ်ကုသထားတဲ့သူ ကို သွေးကြော ထဲမှာ သွေးမခဲရအောင် ခြေသလုံးကိုနှိပ်နယ်ပေးဖို့ လိုပါတယ်''ဟု အလုံမြို့ နယ်မှ ဒေါက်တာမြင့်ဦး(ဂျီပီ)က ပြောသည်။ အနှိပ်ပညာအမျိုးအစားပေါင်း(၁ဝဝ)နီးပါးရှိပြီး အဆီလူး၍နှိပ်နယ်ခြင်း၊ ဦးခေါင်းနှင့် ခါးရိုး တစ်လျှောက်နှိပ်နယ်ခြင်း၊ သာငန်ရည်ကြောများအား နှိုးဆွနှိပ်နယ်ခြင်း၊ အနှိပ်ထိုင်ခုံပေါ်၌ နှိပ်နယ်ခြင်း၊ လက်ချောင်းအဖျားလေးများဖြင့် စန္ဒားယားခလုတ်တီးသလိုနှိပ်နယ်ခြင်း အစ ရှိသ

ကားထဲတွင်ကျန်သော ရေသန့်ဘူးမှ ရေကို မသောက်သင့်

အနောက်တိုင်း ဆေးပညာရှင်များရဲ့  လေ့လာတွေ့ရှိချက်ဖြစ်ကြောင်း ဆိုပါတယ်။ ကားထဲမှာ အချိန်အတော်ကြာ ထားရှိခဲ့တဲ့ ရေသန့်ဘူး မှ ရေများကို သောက်သုံးခြင်းဟာ ကင်ဆာ နှင့် အခြားသော ရောဂါ များကို ပိုမိုဖြစ်လွယ်စေကြောင်း သိရပါတယ်။ ကားအတွင်း အပူအချိန်ဟာ ပြင်ပ အပူချိန်ထက် သိသိသာသာ ပိုနေ တတ်ပြီး ယင်းထဲမှာ အကြာကြီးချိန်ထားတဲ့ ပလပ်စတစ် နဲ့ ပြုလုပ်ရေ သန့်ဘူး ဟာ Dioxins လို့ခေါ်တဲ့ ဓာတုဗေဒ ဓာတ်တစ်မျိုးကို ထုတ်လုပ်တယ်လို့ ဆိုပါတယ်။ ယင်း ဓာတုဗေဒ ဓာတ်ဟာ အမျိုးသမီးတွေ မှာ ရင်သားကင်ဆာ ဖြစ်စေဖို့အတွက် အဓိက ထောက်ပံ့ပေးတဲ့ ပိုးမွားဖြစ်ပြီး အမျိုးသမီးတင်မက၊ အမျိုးသားများကိုပါ ကင်ဆာနဲ့ ဆက်စပ်ရောဂါ များကို ဖြစ်ပွားစေကြောင်း ဆိုပါတယ်။ Dioxin တွေဟာ ရေနဲ့ ရောနှောသွားပြီး လူ့ခန္ဓာကိုယ်ကို ဆိုးကျိုးပေး တတ်တဲ့ ရောဂါပိုးအသွင်ကို ပြောင်းလဲသွားပါတယ်။ အဓိကကတော့ အပူဒဏ်ပါ။ ရေသန့်ဘူး တွေဟာ သာမန် အခန်းအပူချိန်မှာထားလို့ အဆင်ပြေပေမယ့် ယင်းထက် ပူလောင်တဲ့ ဘယ်လို အပူချိန် မှာပဲ ထားထား ပလပ်စတစ်နဲ့ ဓာတုဗေဒဓာတ်များ လောင်ကျွမ်းပြီး လူတို့ရဲ့  ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက် စေပါတယ်။ ဒါကြောင့် ရေသန့်ဘူးထဲကို ရေပူထည့်ခြင်း၊ အပူလွန်ကဲနေသော