Skip to main content

Posts

Showing posts from March 19, 2014

ABSDF ငွေရတုအခမ်းအနား ထားဝယ်တွင်လည်း ကျင်းပမည် ထားဝယ်-မတ်၂၀ ABSDF (ကျောင်းသား...

ABSDF ငွေရတုအခမ်းအနား ထားဝယ်တွင်လည်း ကျင်းပမည် ထားဝယ်-မတ်၂၀ ABSDF (ကျောင်းသားတပ်မတော်)ဟုလူသိများသော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(မကဒတ)ကျောင်းသားတပ်မတော်ဖွဲ့စည်း ထူထောင်ခြင်း၂၅နှစ်ပြည့်ငွေရတုအထိမ်းအမှတ်အခမ်းအနားကို တနင်္သာရီတိုင်းဒေသ ကြီး၊ထားဝယ်မြို့ရှိဇေယျဝတီပရိယတ္တိစာသင်တိုက် ဓမ္မဘေရီဗိမာန်တော်ကြီးတွင် ဧပြီလ ၁ ရက်နေ့ နံနက် ၈ နာရီအချိန်တွင်ကျင်းပမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါအခမ်းအနားနှင့်အတူဒီမိုကရေစီသူရဲကောင်းဂုဏ်ပြုမှတ်တမ်း လွှာပေးအပ်ခြင်းနှင့်ကျဆုံး၊ သေဆုံးသွာသောကျောင်းသား တပ်မတော်ရဲဘော်များအားရည်စူး၍ရေစက်သွန်းချအမျှပေးဝေမည်ဖြစ်သည်။ ၁၉၈၈ ခုနှစ်မြန်မာတစ်နိုင်ငံလုံးလူထုအုံကြွမှုအပြီး တပ်မတော်က အာဏာသိမ်းယူပြီးနောက် ကျောင်းသားများပါဝင်သော ABSDF ကျောင်းသားတပ်မတော်ကိုထိုင်း - မြန်မာနယ်စပ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ထားဝယ်ဒေသနှင့်မြိတ်ဒေသတို့မှကျောင်းသား၊ကျောင်းသူအများအပြားလက်နက်ကိုင်တော်လှန်ရေးတွင်ပါဝင်ခဲ့ကြသည်။ ထားဝယ်ဒေသမင်းသမီးစခန်းတွင်ဖွင့်လှစ်ခဲ့သည့် ABSDF ကျောင်းသားတပ်ရင်းအမှတ် ၂၀၁ သည်အင်အားအများဆုံးတပ်စခန်းများထဲမှ တစ်ခုဖြစ်ခဲ့သည်။ တနင်္သာရီတိုင်းဒေသကြီးထား

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း ကို ယနေ့ကျင်းပမည့် ပြည်သ...

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း ကို ယနေ့ကျင်းပမည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် လက်ခံဆွေးနွေးရန် အဆိုတင်သွင်းမည် ရန်ကုန်၊ မတ် ၂၀ ယနေ့ကျင်းပမည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် လစ်လပ် မဲဆန္ဒနယ်မြေများအတွက် ကြားဖြတ်ရွေး ကောက်ပွဲကျင်းပခြင်း၊ နိုင်ငံ့ဝန်ထမ်းများ၏ ဆေးကုသမှုကုန်ကျစရိတ်ကို နိုင်ငံတော်ကကျခံခြင်း၊ မြန်မာနိုင်ငံ၏ ချေးငွေများပေးဆပ်ရန် မည်မျှကျန်ရှိခြင်း၊ ဘဏ္ဍာရေးစည်းမျဉ်းနှင့် ညီညွတ်ခြင်းမရှိမှုများကို အရေးယူခြင်း၊ မြေယာဝေခြမ်းရေးဆိုင်ရာ ဥပဒေတစ်ရပ်ကို အမြန်ဆုံးပြဋ္ဌာန်းခြင်း၊ ပိန်းဥနှင့် ကန်စွန်းဥကို နိုင်ငံတကာဈေးကွက်သို့ တင်ပို့ခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်းသောမေးခွန်းများကို ကိုယ်စားလှယ် (၆)ဦးတို့ကမေးမြန်းကြမည်ဖြစ်ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းကို လက်ခံဆွေးနွေးရန် အဆိုတင်သွင်းကြမည်ဖြစ်ကြောင်းသိရသည်။ from Popular Myanmar News Journal's Facebook Wall http://ift.tt/1j6be29

ရွှေစက်တော် ဘုရားပွဲ၌ မီးလောင်

မကွေး၊ မတ် ၁၉ဗုဒ္ဓခြေတော်ရာ နှစ်ဆူကို ပူဇော်သည့် ရွှေစက်တော် ဘုရားပွဲတွင် မတ်လ ၁၉ ရက် နံနက် ၂ နာရီအချိန်က မီးလောင်မှု ဖြစ်ပွားခဲ့ရာ အရေးကြီး ဧည့်သည်များ တည်းခိုဆောင် သုံးခု အပါအဝင် အခြား တည်းခိုဆောင် ၁၁ ခုကို မီးကူးစက် လောင်ကျွမ်းခဲ့သဖြင့် ကျပ်သိန်း ၃၀ နှင့် သုံးသောင်းဖိုးခန့် ဆုံးရှုံးခဲ့ကြောင်း မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်သိန်းက ပြောကြားသည်။ from Voice http://ift.tt/1hEwF54

ရန်ကုန်၊ မန္တလေး၊ ပဲခူး ဝန်ကြီးချုပ်များ စင်ကာပူ ဝန်ကြီးများနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆွေးနွေး

ရန်ကုန်၊ မတ် ၁၉ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဉာဏ်ဝင်းတို့သည် စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး Law K Shanmugam ၏ ဖိတ်ကြားချက်ဖြင့် စင်ကာပူနိုင်ငံ၌ ယင်းနိုင်ငံမှ ဝန်ကြီးများ၊ အာဏာပိုင် အဖွဲ့အစည်းများနှင့် စီးပွားရေး ကိစ္စရပ်များ ဆွေးနွေးနေကြောင်း စင်ကာပူ သံရုံးမှ တာဝန်ရှိသူ တစ်ဦးက The Voice သို့ ပြောကြားသည်။ from Voice http://ift.tt/1hEwF4Y

ရန်ကုန်တွင် သင်္ကြန် ရေကစား မဏ္ဍပ်ကြီး ၁၆ခု ယမန်နှစ်ထက် ထပ်တိုးခွင့်ပြုမည်

ရန်ကုန်၊ မတ် ၁၉သင်္ကြန်ရေသဘင် ပွဲတော်ကာလတွင် ရန်ကုန်မြို့တော် သင်္ကြန် ပိုမို စည်ကားစေရန် သင်္ကြန်ရေကစား မဏ္ဍပ်အကြီး ဆောက်လုပ်ခွင့်ကို ယခင်နှစ်ထက် ၁၆ ခု ထပ်တိုးခွင့် ပြုမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာ ဌာန (လမ်းနှင့်တံတား) မှ အကြီးတန်း အရာရှိ တစ်ဦးက ပြောကြားသည်။ from Voice http://ift.tt/1qXPxTe
Sweet surrender: French patisserie hits the spot www.mmtimes.com La Tartine is a Yangon bakery offering about 25 kinds of French cakes and breads made with ingredients imported from France. from The Myanmar Times's Facebook Wall http://ift.tt/1eUmZBo
Commission plans by-elections before 2015 www.mmtimes.com A second round of by-elections for up to 28 constituencies will be held before the 2015 general election, the head of the Union Election Commission has revealed. from The Myanmar Times's Facebook Wall http://ift.tt/1l5M6c7

ICT ကဏ္ဍ ဖွံ့ဖြိုးရေး ဥပဒေကြမ်း မေလတွင် အစိုးရထံတင်မည် ရန်ကုန်၊ မတ် ၁၉ မြန်မာနို...

ICT ကဏ္ဍ ဖွံ့ဖြိုးရေး ဥပဒေကြမ်း မေလတွင် အစိုးရထံတင်မည် ရန်ကုန်၊ မတ် ၁၉ မြန်မာနိုင်ငံ ကွန်ပျူတာ ဖွံ့ဖြိုးရေး ဥပဒေကို ပြင်ဆင် ရေးဆွဲနေသည့် ICT ကဏ္ဍ ဖွံ့ဖြိုးရေး ဥပဒေကြမ်းကို လာမည့် မေလတွင် အစိုးရထံ တင်သွင်းမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်မှ အထွေထွေ အတွင်းရေးမှူး ဦးဇော်မင်းဦးက The Voice သို့ ပြောကြားသည်။ “စပြီး ပြင်ဆင် ရေးဆွဲနေပြီ။ လာမယ့် မေလလောက် မူကြမ်းပြီးမယ်။ အစိုးရဆီ ဆက်တင်မယ်။ ကျန်တာကတော့ အစိုးရအပိုင်းပေါ့” ဟု ၎င်းကဆိုသည်။ ၁၉၉၆ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် မြန်မာနိုင်ငံ ကွန်ပျူတာ ဖွံ့ဖြိုးရေး ဥပဒေသည် ခေတ်နှင့် လျော်ညီခြင်း မရှိသောကြောင့် ICT ကဏ္ဍ တိုးတက်ရန် လိုအပ်နေသည့် ဥပဒေကို မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်က ဦးဆောင် ရေးဆွဲခြင်း ဖြစ်ကြောင်း အဆိုပါ အသင်းထံမှ သိရသည်။ “ဥပဒေဆိုတာက အားလုံးရဲ့ အချုပ်ပဲ။ ဒီကနေ့ ဆက်သွယ်ရေးကဏ္ဍ တိုးတက်လာတာတွေ အားလုံးက ဆက်သွယ်ရေး ဥပဒေကြောင့်။ ဒီဥပဒေသာ မရှိရင် ဘာမှ လုပ်လို့ မရဘူး။ အရင် ဥပဒေကို ICT ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်မယ့် ဥပဒေတစ်ခုအဖြစ် ကျွန်တော်တို့ ပြန်လည် ပြင်ဆင်နေတာပါ” ဟု ဦးဇော်မင်းဦးက ဆိုသည်။ လက်ရှိ အချိန်တွင် ICT ကဏ္ဍ ဖွံ့ဖြိုးရေးအတွက်

ရန်ကုန်၊ မန္တလေး၊ ပဲခူး ဝန်ကြီးချုပ်များ စင်ကာပူ ဝန်ကြီးများနှင့် ရင်းနှီးမြှုပ်န...

ရန်ကုန်၊ မန္တလေး၊ ပဲခူး ဝန်ကြီးချုပ်များ စင်ကာပူ ဝန်ကြီးများနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆွေးနွေး ရန်ကုန်၊ မတ် ၁၉ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဉာဏ်ဝင်းတို့သည် စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး Law K Shanmugam ၏ ဖိတ်ကြားချက်ဖြင့် စင်ကာပူနိုင်ငံ၌ ယင်းနိုင်ငံမှ ဝန်ကြီးများ၊ အာဏာပိုင် အဖွဲ့အစည်းများနှင့် စီးပွားရေး ကိစ္စရပ်များ ဆွေးနွေးနေကြောင်း စင်ကာပူ သံရုံးမှ တာဝန်ရှိသူ တစ်ဦးက The Voice သို့ ပြောကြားသည်။ “လေ့လာရေး ခရီးစဉ်ပါ။ စီးပွားရေး ကိစ္စရပ်တွေ အဓိကထားပြီး သွားကြတာပါ။ စင်ကာပူ အနေနဲ့က မြန်မာနိုင်ငံရဲ့ စီးပွာရေး ကိစ္စရပ်တွေမှာ ပါဝင်မှု များပါတယ်။ ဟံသာဝတီလေဆိပ် ကိစ္စကိုလည်း သူတို့ ပြောကြမှာ။ ဆက်သွယ်ရေး တင်ဒါတို့၊ ဟံသာဝတီ လေဆိပ်တို့လို ဟာတွေမှာ စင်ကာပူ ကုမ္ပဏီတွေ ဝင်ပြိုင်ကြပေမယ့် အဆင်မပြေခဲ့ကြဘူး။ ဒီတော့ စင်ကာပူ ကုမ္ပဏီတွေအတွက် မြန်မာပြည်မှာ စီးပွားရေး အခွင့်အလမ်းတွေ ပိုရအောင် ဆွေးနွေးကြလိမ့်မယ်။ အခုဆို အိမ်၊ ခြံ၊ မြေနဲ့ အိမ်ရာ လုပ်ငန်းတွေမှာ စင်ကာပူက ဝင်လာတာတွေ အများကြီးပဲလေ” ဟု ၎င်းကဆိုသည်။ ၎င်းတို့ေ

ရွှေစက်တော် ဘုရားပွဲ၌ မီးလောင် မကွေး၊ မတ် ၁၉ ဗုဒ္ဓခြေတော်ရာ နှစ်ဆူကို ပူဇော်သည့...

ရွှေစက်တော် ဘုရားပွဲ၌ မီးလောင် မကွေး၊ မတ် ၁၉ ဗုဒ္ဓခြေတော်ရာ နှစ်ဆူကို ပူဇော်သည့် ရွှေစက်တော် ဘုရားပွဲတွင် မတ်လ ၁၉ ရက် နံနက် ၂ နာရီအချိန်က မီးလောင်မှု ဖြစ်ပွားခဲ့ရာ အရေးကြီး ဧည့်သည်များ တည်းခိုဆောင် သုံးခု အပါအဝင် အခြား တည်းခိုဆောင် ၁၁ ခုကို မီးကူးစက် လောင်ကျွမ်းခဲ့သဖြင့် ကျပ်သိန်း ၃၀ နှင့် သုံးသောင်းဖိုးခန့် ဆုံးရှုံးခဲ့ကြောင်း မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်သိန်းက ပြောကြားသည်။ မတ်လ ၁၉ ရက်နေ့ နံနက် ၂ နာရီခန့်တွင် နမ္မဒါ တည်းခိုဆောင် အဆောင် (၅) အခန်း (၆) ၌ ငှားရမ်း နေထိုင်သော ဦးဇော်မင်းသိန်း ထွန်းညှိသည့် ခြင်ဆေးခွေမှ တစ်ဆင့် ကူးစက် လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း အထက်ပါ အရာရှိက ရှင်းပြသည်။ “အမေက ကလေးနဲ့ ကုန်းပေါ်တက်နေဆိုလို့ ကျွန်မလည်း သွားနေရတယ်။ ကျွန်မတို့ ကုန်းပေါ်တက်တော့ ၂ နာရီခွဲ ရှိပြီ” ဟု တည်းခိုဆောင် ပိုင်ရှင်ဖြစ်သူ အမျိုးသမီး တစ်ဦးက ဆိုသည်။ ယင်းမီးလောင်မှုနှင့် ပတ်သက်၍ ၂ နာရီ မိနစ် ၂၀ တွင် သတင်းရရှိရာ တိုင်းဒေသကြီး မီးသတ်ဦးစီး ဌာနမှူး ဦးအောင်ဝင်းစိန် ဦးဆောင်သော မီးသတ် တပ်ဖွဲ့ဝင် ၆၃ ဦး၊ မီးသတ် အုပ်ချုပ်မှု ယာဉ်တစ်စီး၊ မီးသတ်ယာဉ် တစ်စီး၊ မင်းဘူးမြို့မှ မီးသတ်

ရန်ကုန်တွင် သင်္ကြန် ရေကစား မဏ္ဍပ်ကြီး ၁၆ခု ယမန်နှစ်ထက် ထပ်တိုးခွင့်ပြုမည် ရန်ကုန်၊...

ရန်ကုန်တွင် သင်္ကြန် ရေကစား မဏ္ဍပ်ကြီး ၁၆ခု ယမန်နှစ်ထက် ထပ်တိုးခွင့်ပြုမည် ရန်ကုန်၊ မတ် ၁၉ သင်္ကြန်ရေသဘင် ပွဲတော်ကာလတွင် ရန်ကုန်မြို့တော် သင်္ကြန် ပိုမို စည်ကားစေရန် သင်္ကြန်ရေကစား မဏ္ဍပ်အကြီး ဆောက်လုပ်ခွင့်ကို ယခင်နှစ်ထက် ၁၆ ခု ထပ်တိုးခွင့် ပြုမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာ ဌာန (လမ်းနှင့်တံတား) မှ အကြီးတန်း အရာရှိ တစ်ဦးက ပြောကြားသည်။ ယခင်နှစ်တွင် ပေ ၁၀၀ နှင့် အထက် သင်္ကြန်မဏ္ဍပ် အကြီး ၄၁ ခုသာ ခွင့်ပြုပေးခဲ့ပြီး ယခုနှစ်တွင် ယခင်နှစ်ထက် ၁၆ ခု ထပ်တိုးကာ စုစုပေါင်း မဏ္ဍပ်ကြီး ၅၇ ခုထိ ထပ်တိုးခွင့် ပြုမည် ဖြစ်ကြောင်း၊ ကန်တော်ကြီးပတ်လမ်းတွင် မဏ္ဍပ်ကြီး ၁၆ ခု၊ ကမ္ဘာအေးဘုရားလမ်းတွင် ၁၀ ခု၊ ပြည်လမ်းတွင် လေးခုနှင့် ကျန်နေရာများတွင် မဏ္ဍပ်ကြီးများကို အသီးသီး ခွင့်ပြုမည် ဖြစ်ကြောင်း အထက်ပါ အကြီးတန်း အရာရှိက ပြောကြားသည်။ ကမ္ဘာအေးဘုရားလမ်းတွင် မဏ္ဍပ် ဆောက်လုပ်ခွင့် လျှောက်ထားမှု ၈၀ ကျော် ရှိပြီး မဏ္ဍပ်ဆောက်လုပ်ခွင့် လျှောက်ထားမှု အများဆုံး ဖြစ်ကြောင်း၊ ကန်တော်ကြီးပတ်လမ်းတွင် မဏ္ဍပ်ဆောက်လုပ်ခွင့် လျှောက်ထားမှု ၅၄ ခု ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာ ဌာန (လမ်းနှင့်တံတား
ဝိုင်းအောင် မန်းရွှေစက်တော်ဘုရား ဂေါပကပိုင် နမ္မဒါအထူးဧည့်ဆောင်ရှိ အခန်းပေါင်း ၃၀ ခန့် မီးလောင်ကျွမ်းမှု မတ်လ ၁၉ရက် နံနက်၂ နာရီခန့်က ဖြစ်ပွားခဲ့သည်ဟု မကွေးတိုင်းမီးသတ်ဦးစီးဌာနမှ မီးသတ်အရာရှိ တစ်ဦးက မဇ်္ဈိမကို အတည်ပြုပြောကြားသည်။ မကွေးတိုင်း၊ မင်းဘူးခရိုင်၊ မင်းဘူး/စကုမြို့နယ် မန်းရွှေစက်တော်ဘုရားတွင် မတ် ၁၉ ရက်၊ နံနက် ၂ နာ ရီ အချိန်ခန့်က မန်းရွှေစက်တော် ဘုရားပွဲတော်အထက်သောင် ဘုရားဂေါပကပိုင် နမ္မဒါဧည့်ဆောင်ရှိ အ လျားဆယ်ပေ၊ အနံတစ်ဆယ့်ငါးပေးအကျယ်၊ သက်ငယ်မိုး၊ ပြင်ခင်းအဆောင်အခန်းအမှတ် (၅/၆)အား ငှားရမ်းနေထိုင်သူ ဦးဇော်မြင့်သိန်း(၄၅)နှစ်သည် ခြင်ဆေးခွေထွန်း၍ အိပ်စက်ရာမှ ကာရံထားသော်ထရံ ကို စတင်၍ မီးစွဲလောင်ခြင်းဖြစ်သည်ဟု တိုင်းမီးသတ်က ထုတ်ပြန်သည်။ ၎င်းမှတစ်ဆင့် အဆောင်အခန်းပေါင်း ၃၀ ခန့် မီးကူးစက်သွားကြောင်း၊ ၎င်းမီးလာင်ရာသို့ မကွေးတိုင်း မီးသတ်ဦးစီးမှူး ဦးအောင်ဝင်းစိန် ဦးဆောင်၍ သန္ဓေမီးသတ်(၂၇)ဦး၊ အရန်မီးသတ် (၉၆)ဦး၊ မီးသတ်အုပ် ချုပ်ရေးယာဉ်တစ်စီး၊ မကွေးမြို့ မီးသတ်ယာဉ်တစ်စီး၊ မင်းဘူးမြို့မှ မီးသတ်ယာဉ်နှစ်စီး၊ ငဖဲမြို့မှ မီးသတ် ယာဉ်တစ်စီး၊ ရွှေစက်တော် မီးသတ်ယာဉ်တစ်စီးတို့ဖြင့် ၀ိုင်းဝန်း၍ မီးငြှိမ်းသတ
စည်သူမောင်မောင် ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်တရားရုံး တရားခွင်တွင် တရားသူကြီးမပါဝင်ဘဲ ရှေ့ဖတ်စာရေးနှင့် တရားလို၊ တရားခံနှစ်ဖက်ရှေ့နေများကို မေးခွန်းမေးမြန်း စစ်ဆေးခြင်းများရှိနေရာ အမှုမှန် စီရင်ဆုံးဖြတ် ပေးနိုင်ရေး အဟန့်အတားများရှိနေသည်ဟု တရားရင်ဆိုင်နေရသူတချို့နှင့် ရှေ့နေတချို့က ဝေဖန်ပြော ဆိုသည်။ အဆိုပါတရားရုံးတွင် တရားသူကြီးနှစ်ဦးသာရှိပြီး တရားခွင်သုံးခုဖြင့် အမှုစစ်ဆေးခြင်းများပြုလုပ်နေသည့် အတွက် အချို့သောတရားခွင်များတွင် တရားသူကြီးမတက်ရောက်နိုင်ဘဲ ရှေ့ဖတ်စာရေးသာ ရှိနေခြင်း ဖြစ်ကြောင်းလည်း ၎င်းတို့က ဆိုသည်။ “ကျွန်တော်တို့အမှု တရားခွင်မှာ တရားသူကြီး ထိုင်တာ တစ်ခါပဲရှိတယ်။ ကျန်တာတွေတော့ ရှေဖတ်စာ ရေးနဲ့ နှစ်ဖက်ရှေ့နေတွေနဲ့ စစ်ဆေးတာတွေပဲ ရှိတယ်။ အခုလိုစစ်ဆေးတော့ အမှုမှန်ဖြစ်ပေါ်ဖို့ အတား အဆီးတွေဖြစ်တယ်။ ရှေ့ဖတ်စာရေးတွေ ကျွန်တော်တို့ တရားရုံးမှတော့ ချုပ်ကိုင်နေတယ်”ဟု အဆိုပါ တရားရုံးတွင် တရားမမှုနှင့် ရင်ဆိုင်နေရသူ ရေကြည်မြို့၊ ဗထူးရပ်ကွက်နေ ဦးတင်မောင်ဝင်းက ပြောသည်။ ရေကြည်မြို့နယ်တရားရုံးတွင် မြို့နယ်တရားသူကြီးတစ်ဦးနှင့် ဒုတိယမြို့နယ်တရားသူကြီးတစ်ဦးက လက်ရှိတွင် တရားစွဲဆိုထားသည် အမှုပေါင်း ၁၄၆
ကေဇူး ရခိုင်ပါတီနှစ်ခုကို တစ်ခုတည်းအဖြစ် ပေါင်းစည်းထားသော ရခိုင်အမျိုးသားပါတီ ANP ၏ ဥက္ကဋ္ဌနှင့် ဒု-ဥက္ကဋ္ဌများကို မတ်လ ၂၇ ရက်တွင် ပြန်ရွေးမည်ဟု ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအေးသာအောင် က မတ် ၁၉ ရက်တွင် ပြောသည်။ ပါတီ၏ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်များသည် စစ်တွေမြို့တွင် မတ် ၂၃ ရက်နှင့် ၂၄ ရက်များတွင် တွေ့ ဆုံပြီး ပါတီ၏မူဝါဒများကို ဆွေးနွေးကြရန် စီစဉ်ထားသည်။ ရခိုင်အမျိုးသားပါတီ ANP သည် မတ် ၆ ရက်က ပါတီတည်ထောင်ခွင့် မှတ်ပုံတင်ကျခဲ့ပြီးနောက် စစ်တွေ မြို့တွင် ပထမဆုံးအကြိမ် အစည်းအဝေးပြုလုပ်သည်။ “ပါတီရဲ့ခေါင်းဆောင်က ရခိုင်တစ်ပြည်လုံးရဲ့ခေါင်းဆောင်ဖြစ်မှာပဲ။ ဒါကြောင့် အရေးကြီးပါတယ်”ဟု ဗဟိုအလုပ်အမှုဆောင် ဦးခင်မောင်ကြီးက ပြောသည်။ ရခိုင်အမျိုးသားပါတီသည် ရခိုင်ပြည်နယ် မြို့နယ်အများစု၏ လူထုနှင့်တွေ့ဆုံပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေး ဟောပြောပွဲများ ပြုလုပ်လျက်ရှိသည်။ ရခိုင်ဒီမိုကရေစီပါတီနှင့် ရခိုင်အမျိုးသားတိုးတက်ရေးပါတီနှစ်ခုသည်၂၀၁၄ဇန်န၀ါရီ ၁၃တွင် ရွေးကောက် ပွဲကော်မရှင်က ပူးပေါင်းခွင့်ပြုခဲ့ပြီးနောက် ဇန်န၀ါရီ ၂၇ တွင် ပါတီတစ်ခုတည်းအဖြစ် မှတ်ပုံတင်ခဲ့သည်။ from Mizzima
ရေခဲ(ပြည်) မတ်လ ၁၇ ရက်မှစတင်ကာ အလုပ်သမားများက သပိတ်စခန်းဖွင့်ဆန္ဒပြမှုများ ပေါ်ပေါက်နေပြီး စက်ရုံလိုင် စင်မရှိ၍ ယာယီပိတ်သိမ်းထားသည့် ပြည်မြို့ စက်မှုဇုန်ရှိ သီတာမြန်မာအထည်စက်ရုံတွင် အလုပ်သမား များ၏ နစ်နာကြေးတောင်းဆိုမှု အပြည့်အ၀မရရှိသေးကြောင်း အလုပ်သမားခေါင်းဆောင် မဆွေရည်မွန် က မတ်လ ၁၉ ရက်တွင် ပြောသည်။ “စက်ရုံတွေပိတ်လိုက်ရရင် သုံးလစာ နစ်နာကြေးရတာရှိတယ်။ တရားမ၀င်တဲ့အတွက် အပိတ်ခံလိုက်ရရင် ခြောက်လစာ ရတာရှိတယ်။ သူတို့လိုမျိုး လိုချင်ပါတယ်။ အလုပ်ရှင်ဘက်က နှစ်လစာပဲပေးမယ်ပြောတယ်” ဟု ပြောသည်။ ထို့အပြင် လုပ်ငန်းခွင်အတွင်း နစ်နာဆုံးရှုံးခဲ့ရသော အချိန်ပိုကြေးများ ရှင်းပေးရန် အလုပ်သမားများ၏ တောင်းဆိုချက်ကိုလည်း အလုပ်ရှင်က မလိုက်လျောခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။ နစ်နာကြေး သုံးလစာပေးရန် အလုပ်ရှင်နှင့် အလုပ်သမား ညှိနှိုင်းပေးခဲ့ရာ အလုပ်သမားများက လက်ခံ သော်လည်း အလုပ်ရှင်ဘက်က ပြန်လည်စဉ်းစားနေကြောင်း အလုပ်သမားဖျန်ဖြေရေးအဖွဲ့ဥက္ကဋ္ဌ ပြည်မြို့ နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက်က ပြောသည်။ from Mizzima - News in Burmese's Facebook Wall http://ift.tt/Oz8oFl
ဇာနည်အောင် မတ်လ ၂၁ ရက်မှ ၂၃ ရက်အထိ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗန်းရှင်းစင် တာတွင် ကျင်းပမည့် အာဆီယံပြည်သူ့ဖိုရမ်၌ ခေါင်းစဉ်ကြီးငါးရပ်ဖြင့် ဆွေးနွေးသွားမည်ဟု ဖိုရမ်ဖြစ် မြောက်ရေးဥက္ကဋ္ဌ ဒေါ်မေမေပြုံးက မတ်လ ၁၉ ရက် YMCA တွင်ပြုလုပ်သည့် စာနယ်ဇင်းရှင်းလင်းပွဲတွင် ပြောသည်။ “နိုင်ငံအချင်းချင်း ပွင့်လင်းမြင်သာမှုကို အဓိကထား ဆွေးနွေးမည့်အပြင် ရလဒ်များအား အာဆီယံအစိုးရ များထံ တင်ပြမှာ ဖြစ်ပါတယ်”ဟု ဆိုသည်။ ဖိုရမ်တွင် အရပ်ဘက်အဖွဲ့အစည်းပေါင်း ၁,၀၀၀ ကျော် တက်ရောက်မည်ဖြစ်ပြီး လူအခွင့်အရေးနှင့် တရားမျှတရေး၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး၊ အာဆီယံဒေသတွင်း ဖွံ့ဖြိုးတိုးတတ်ရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၊ အာဆီယံဒေသအတွင်း ရှေ့လျှောက် လက်တွဲပူးပေါင်းမှုများ စသည့်အချက်များကို သက် ဆိုင်ရာအဖွဲ့အစည်းများမှ ဆွေးနွေးမည့်အပြင် နိုင်ငံအလိုက် ယဉ်ကျေးမှုဆိုင်ရာ နှီးနှောဖလှယ်ပွဲများ၊ ဓာတ်ပုံပြပွဲများ၊ မြန်မာနိုင်ငံရွှေ့ပြောင်းကလေးများကိုယ်တိုင် ရေးသားပုံဖော်ထားသည့် ဇာတ်လမ်းတိုများ အား ထည့်သွင်းပြုလုပ်မည်ဟု ပြောသည်။ ဖိုရမ်ဖြစ်မြောက်ရေးကော်မတီဝင် ဦးအောင်မျိုးမင်းက “ပြည်သူများကြား ဖြစ်ပျက်နေတဲ့
ဇာနည်အောင် စွမ်းအင်ကဏ္ဍတွင် အစိုးရမှ ပွင့်လင်းမြင်သာမှုရှိရှိ တာဝန်ယူရန် လိုအပ်နေသည့်အပေါ် အာဆီယံလူထု ဖိုရမ် ၂၀၁၄ ၏ တွဲဖက်ဆွေးနွေးပွဲအဖြစ် စွမ်းအင်ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်များနှင့် ကြီးမားသောစီမံကိန်း များခေါင်းစဉ်ဖြင့် မတ်လ ၂၀ ရက်တွင် ပြုလုပ်သွားမည်ဟု မတ်လ ၁၉ ရက်က အာဆီယံပြည်သူ့ဖိုရမ် ကျင်းပရေး ပြင်ဆင်မှုများ၏ နောက်ဆုံးအခြေအနေများနှင့်ပတ်သက်သည့် စာနယ်ဇင်းရှင်းလင်းပွဲတွင် FREDA ဥက္ကဋ္ဌ ဦးအုန်းက ပြောသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲမှာ “အာဆီယံနိုင်ငံများအတွင်း အရင်းအမြစ်များနှင့် အသက်မွေးဝမ်းကျောင်း ဆိုင်ရာများအပေါ် ရေအားလျှပ်စစ်စီမံကိန်းများ၏ အကျိုးသက်ရောက်မှုများဆိုင်ရာ” အလုပ်ရုံဆွေးနွေးပွဲ အဖြစ် အမှတ် ၄၉၇၊ အခန်း ၂၀၈ ဒုတိယထပ်၊ တာဝါအီဒိုင်းမွန်းကွန်ဒို၊ ပြည်လမ်း ကမာရွတ်မြို့နယ်တွင် ပြုလုပ်မည်ဖြစ်သည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို ကမ္ဘောဒီးယား၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများ မှ အရပ်ဘက်အဖွဲ့အစည်းများကွန်ရက်မှ အကြံပြုချက်ဖြင့် ဖိုရမ်တွဲဖက်အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်း ဖြစ်သည်။ “စွမ်းအင်ကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမှာ အစိုးရအနေဖြင့် ပွင်းလင်းမြင်သာမှုရှိရှိ တာဝန်ယူရန် လိုအပ်နေသေးတာနဲ့ပတ်သက်

ကုန်ပစ္စည်းကြော်ငြာလုပ်ငန်း လုပ် ကိုင်သော လုပ်ငန်းရှင်များ၊ ကြော်ငြာ သရုပ်ဆောင်မျ...

ကုန်ပစ္စည်းကြော်ငြာလုပ်ငန်း လုပ် ကိုင်သော လုပ်ငန်းရှင်များ၊ ကြော်ငြာ သရုပ်ဆောင်များအနေဖြင့် နောက်ဆက် တွဲ အကျိုးဆက်များကို တာဝန်ယူရတော့ မည်ဖြစ်ကြောင်း သိရသည်။ မတ်၁၄ ရက်က နိုင်ငံတော်လက် မှတ်ဖြင့် ပြည်ထောင်စုလွှတ်တော်က ပြ ဋ္ဌာန်းလိုက်သည့် စားသုံးသူအကာအကွယ် ပေးရေး ဥပဒေအရ စီးပွားရေးလုပ်ငန်းရှင် များ(သို့မဟုတ်) ကြော်ငြာလုပ်ငန်းဆောင် ရွက်သူတို့သည် မိမိတို့ကြော်ငြာ၏အကျိုး ဆက်များကို တာဝန်ယူရမည်ဖြစ်သည်။ ကုန်ပစ္စည်းကြော်ငြာလုပ်ငန်းများ စားသုံးသူအခွင့်အရေးအတွက် တာဝန်ယူရတော့မည် - သစ်ထူးလွင� www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1hEofL6

မြန်မာ့တပ်မတော် (ရေ) က မတ်လ ၁၉ ရက်မှ ၂၇ ရက်အတွင်း ပြုလုပ်ရန် ကြေညာထားသော စစ်ရေး...

မြန်မာ့တပ်မတော် (ရေ) က မတ်လ ၁၉ ရက်မှ ၂၇ ရက်အတွင်း ပြုလုပ်ရန် ကြေညာထားသော စစ်ရေး လေ့ကျင့်မှုကို စတင်လိုက်ပြီး အသစ် တည်ဆောက်ထားသော စစ်ရေယာဉ်နှင့် အသစ် တပ်ဆင်ထားသော လက်နက်သစ် များလည်း လေ့ကျင့်မည် ဖြစ်ကြောင်း မြန်မာ့တပ်မတော် (ရေ) တာဝန်ရှိသူများက ပြောကြားသည်။ တပ်မတော် (ရေ) စစ်ရေး လေ့ကျင့်မှု စတင်၊ စစ်ရေယာဉ်သစ်နှင့် လက်နက်အသစ်များ ပါဝင်မည် - သစ်ထူး www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1qXIU3g

ခရီးသည် ၂၂၇ ဦးနှင့် လေယာဉ် ဝန်ထမ်း ၁၂ ဦး၊ စုစုပေါင်း လူ ၂၃၉ ဦးကို တင်ဆောင်သွာ...

ခရီးသည် ၂၂၇ ဦးနှင့် လေယာဉ် ဝန်ထမ်း ၁၂ ဦး၊ စုစုပေါင်း လူ ၂၃၉ ဦးကို တင်ဆောင်သွားသော မလေးရှား လေကြောင်းလိုင်းပိုင် ဘိုးရင်း ၇၇၇ လေယာဉ်ကြီး ပျောက်ဆုံးနေသည်မှာ ဆယ်ရက်ကျော် ကြာမြင့်လာပြီးသည့် နောက်တွင် စုံစမ်းသိရှိရသော အချက်အလက်များပေါ် မူတည်၍ ဖြစ်နိုင်ခြေ ရှိသည့် သီအိုရီများ အများအပြား ပေါ်ပေါက်လာခဲ့သည်။ မလေးရှား လေယာဉ်ပျောက်ဆုံးမှုအတွက် အရိုးရှင်းဆုံးနှင့် ယုတ္တိအရှိဆုံး ဖြစ်နိုင်ခြေ - သစ� www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1qXITMC

၁၉.၃.၂၀၁၄ ရက်နေ့ ၁၈၃၀ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွ...

၁၉.၃.၂၀၁၄ ရက်နေ့ ၁၈၃၀ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့ဈေးအတွင်း၌ ငြိမ်းသူ(၃၂)နှစ်(ဘ)ဦးတင်ယု၏ ဆိုင်ခန်းအမှတ် (n-၂၂/၂၃)၊ ကုန်ခြောက်ဆိုင်အတွင်း ထွန်းညှိထားသော ခြင်ဆေးခွေမီးမှ ကုန်ခြောက်များကိုစတင်လောင်ကျွမ်းခဲ့ပြီး ဈေးဆိုင်ခန်း များသို့ကူးစက်လောင်ကျွမ်းခဲ့ရာ မီးသတ်ယာဉ်များရောက်ရှိငြှိမ်းသတ် ခဲ့သဖြင့်၂၀၁၀ အချိန်တွင် မီးငြိမ်းသွားခဲ့ပါသည်။ သုံးခွဈေးအတွင်း ခြင်ဆေးခွေမီးမှ စတင်ကာ မီးလောင်ကျွမ်းမှုဖြစ် - သစ်ထူးလွင် (နေ့စဉ်သတင်� www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1hEo9D7

သုံးခွဈေးအတွင်း ခြင်ဆေးခွေမီးမှ စတင်ကာ မီးလောင်ကျွမ်းမှုဖြစ်

ရန်ကုန်၊ မတ် ၂၀ ၁၉.၃.၂၀၁၄ ရက်နေ့ ၁၈၃၀ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့ဈေးအတွင်း၌ ငြိမ်းသူ(၃၂)နှစ်(ဘ)ဦးတင်ယု၏ ဆိုင်ခန်းအမှတ် (n-၂၂/၂၃)၊ ကုန်ခြောက်ဆိုင်အတွင်း ထွန်းညှိထားသော ခြင်ဆေးခွေမီးမှ ကုန်ခြောက်များကိုစတင်လောင်ကျွမ်းခဲ့ပြီး ဈေးဆိုင်ခန်း များသို့ကူးစက်လောင်ကျွမ်းခဲ့ရာ မီးသတ်ယာဉ်များရောက်ရှိငြှိမ်းသတ် ခဲ့သဖြင့်၂၀၁၀ အချိန်တွင် မီးငြိမ်းသွားခဲ့ပါသည်။ မီးလောင်မှုကြောင့် ဈေးဆိုင်ခန်း(၁၀)ခန်းနှင့်ကုန်ပစ္စည်းများ စုစုပေါင်း တန်ဘိုးငွေကျပ်(၂၄)သိန်းခန့်ဆုံးရှုံးခဲ့ပြီး မီးငြှိမ်းသတ်စဉ်ထိခိုက်မိသဖြင့် ကိုသက်အောင်တွင် ၀ဲလက်ဖျံနှင့်ကျောကုန်းပွန်း၊ ခါးနာကျင်ဒဏ်ရာ၊ အရန်မီးသတ်ဦးမြအုန်းတွင် ကျောကုန်းဖူးရောင်၊ယာခြေဖမိုးပြတ်ရှဒဏ်ရာတို့ရရှိခဲ့ကြသောကြောင့် သုံးခွဆေးရုံတွင် အတွင်းလူနာ(မစိုးရိမ်ရ)များ အဖြစ် တက်ရောက်ကုသခဲ့ရပါသည်။ ယင်းကဲ့သို့ မီးပေါ့ဆစွာသုံးစွဲသူ ငြိမ်းသူကို သုံးခွမြို့မရဲစခန်း (ပ)၁၀၁/၂၀၁၄၊ ပုဒ်မ၂၈၅ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိပါသည်၊ Yangon Police from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1j648uB

မလေးရှား လေယာဉ်ပျောက်ဆုံးမှုအတွက် အရိုးရှင်းဆုံးနှင့် ယုတ္တိအရှိဆုံး ဖြစ်နိုင်ခြေ

ခရီးသည် ၂၂၇ ဦးနှင့် လေယာဉ် ဝန်ထမ်း ၁၂ ဦး၊ စုစုပေါင်း လူ ၂၃၉ ဦးကို တင်ဆောင်သွားသော မလေးရှား လေကြောင်းလိုင်းပိုင် ဘိုးရင်း ၇၇၇ လေယာဉ်ကြီး ပျောက်ဆုံးနေသည်မှာ ဆယ်ရက်ကျော် ကြာမြင့်လာပြီးသည့် နောက်တွင် စုံစမ်းသိရှိရသော အချက်အလက်များပေါ် မူတည်၍ ဖြစ်နိုင်ခြေ ရှိသည့် သီအိုရီများ အများအပြား ပေါ်ပေါက်လာခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ မူလ အယူအဆ ဖြစ်သည့် စက်ချို့ယွင်းမှု တစ်ခုခုကြောင့် သမုဒ္ဒရာ အတွင်းသို့ ပျက်ကျသွားခြင်း သို့မဟုတ် လေထဲတွင် ပေါက်ကွဲသွားခြင်း ဖြစ်မည်ဟူသော အယူအဆမှာ မှေးမှိန်သွားပြီး အသေးစိတ် ကြိုတင် ကြံစည်ထားသည့် ပြန်ပေးဆွဲမှု၊ အကြမ်းဖက်မှု၊ လေယာဉ်ခိုးယူမှုကြီး တစ်ခုဖြစ်မည်ဟူသော သီအိုရီများမှာ ပိုမို အားကောင်းလာခဲ့သည်။ ထိုသီအိုရီများအရ လေယာဉ် ပြန်ပေးဆွဲမှု သို့မဟုတ် အကြမ်းဖက်မှု သို့မဟုတ် ခိုးယူမှုကို ကျူးလွန်သူများသည် လေယာဉ် အကြောင်းကို ကောင်းစွာသိသူ၊ ကျွမ်းကျင်သူ ဖြစ်မည်ဟု ကောက်ချက် ချရမည် ဖြစ်သဖြင့် တာဝန်ရှိသူများက MH 370 လေယာဉ်ကို တာဝန်ယူ မောင်းနှင်သွားသည့် လေယာဉ်မှူး နှစ်ဦး၏ နောက်ကြောင်း ရာဇဝင်နှင့် ၎င်းတို့၏ အိမ်များကို စုံစမ်းရှာဖွေခဲ့ပြီး လေယာဉ်ပေါ်တွင် လိုက်ပါသွားသည့် ခရီးသည်များ၏ နောက

တပ်မတော် (ရေ) စစ်ရေး လေ့ကျင့်မှု စတင်၊ စစ်ရေယာဉ်သစ်နှင့် လက်နက်အသစ်များ ပါဝင်မည်

ရန်ကုန်၊ မတ် ၁၉ မြန်မာ့တပ်မတော် (ရေ) က မတ်လ ၁၉ ရက်မှ ၂၇ ရက်အတွင်း ပြုလုပ်ရန် ကြေညာထားသော စစ်ရေး လေ့ကျင့်မှုကို စတင်လိုက်ပြီး အသစ် တည်ဆောက်ထားသော စစ်ရေယာဉ်နှင့် အသစ် တပ်ဆင်ထားသော လက်နက်သစ် များလည်း လေ့ကျင့်မည် ဖြစ်ကြောင်း မြန်မာ့တပ်မတော် (ရေ) တာဝန်ရှိသူများက ပြောကြားသည်။ ကိုကိုးကျွန်းရှေ့ ရေပြင်တွင် ပြုလုပ်မည့် တပ်မတော် (ရေ) ၏ ပင်လယ်ပြင် လက်တွေ့ လေ့ကျင့်ခန်းနှင့် လက်နက်များ လေ့ကျင့် ပစ်ခတ်ခြင်း အစီအစဉ်များမှာ တပ်မတော်ကို အဆင့်မီ တပ်မတော် တစ်ခုအဖြစ် တည်ဆောက်မည့် အစီအစဉ် အစိတ်အပိုင်း တစ်ခုဖြစ်ကြောင်း တပ်မတော် တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။ လေ့ကျင့်ခန်း ပြုလုပ်စဉ် ကာလအတွင်း သတ်မှတ် ဧရိယာမှ ၅ မိုင် ပတ်လည်အတွင်း ရေယာဉ်အမျိုးမျိုး ဖြတ်သန်းသွားလာခြင်း၊ ငါးဖမ်းလုပ်ငန်းများ လုပ်ကိုင်ခြင်း မပြုရန်နှင့် လေယာဉ်၊ ရဟတ်ယာဉ်များ အမြင့်ပေ ၁၅,၀၀၀ အထက်မှသာ ပျံသန်းရန် တပ်မတော် (ရေ) က သတိပေးချက် ထုတ်ပြန်ထားသည်။ အဆိုပါ စစ်ရေး လေ့ကျင့်မှု မတိုင်မီ မတ်လဆန်းပိုင်းကလည်း တပ်မတော် (ရေ) ၏ အနော်ရထာ စစ်ရေယာဉ်မှ ရေယာဉ်ပစ် ဒုံးပျံ တစ်စင်းကို အောင်မြင်စွာ ပစ်လွှတ်နိုင်ခဲ့ပြီး အဆိုပါ စမ်းသပ်မှုသို့ ကာကွယ်ရေး ဦးစီးချုပ် (ရေ)

ကုန်ပစ္စည်းကြော်ငြာလုပ်ငန်းများ စားသုံးသူအခွင့်အရေးအတွက် တာဝန်ယူရတော့မည်

ကုန်ပစ္စည်းကြော်ငြာလုပ်ငန်း လုပ် ကိုင်သော လုပ်ငန်းရှင်များ၊ ကြော်ငြာ သရုပ်ဆောင်များအနေဖြင့် နောက်ဆက် တွဲ အကျိုးဆက်များကို တာဝန်ယူရတော့ မည်ဖြစ်ကြောင်း သိရသည်။ မတ်၁၄ ရက်က နိုင်ငံတော်လက် မှတ်ဖြင့် ပြည်ထောင်စုလွှတ်တော်က ပြ ဋ္ဌာန်းလိုက်သည့် စားသုံးသူအကာအကွယ် ပေးရေး ဥပဒေအရ စီးပွားရေးလုပ်ငန်းရှင် များ(သို့မဟုတ်) ကြော်ငြာလုပ်ငန်းဆောင် ရွက်သူတို့သည် မိမိတို့ကြော်ငြာ၏အကျိုး ဆက်များကို တာဝန်ယူရမည်ဖြစ်သည်။ အဆိုပါဥပဒေပုဒ်မ(၁၄)အရ ကုန် စည်(သို့မဟုတ်) ဝန်ဆောင်မှု၏ ပေးအပ် နိုင်သောအချိန်၊ အာမခံပေးထားမှုအပေါ် မဟုတ်မမှန်သော သတင်းအချက်အလက် များပါဝင်သည့် ကြော်ငြာများ၊ ယင်းတို့ကို အသုံးပြုခြင်းဖြင့် အန္တရာယ်ရှိမှုအား အ သိပေးခြင်းမရှိသော ကြော်ငြာများ၊ ဥပ ဒေပြဋ္ဌာန်းချက်များ၊ လူမှုကျင့်ဝတ်များ ကို ဖောက်ဖျက်သည့် ကြော်ငြာများကို စီးပွားရေးလုပ်ငန်းရှင်များမှ ကြော်ငြာ ခြင်းမပြုလုပ်ရန် ပြဋ္ဌာန်းထားသည်။ ''နိုင်ငံတကာမှာဆိုရင် လုပ်ငန်းရှင် တွေတင်မကဘူး ကြော်ငြာတဲ့မင်းသား၊ မင်းသမီး၊ မော်ဒယ်တွေကပါ ကိုယ်ကြော် ငြာတဲ့ ကုန်ပစ္စည်းကို တာဝန်ယူရပါတယ်။ ကိုယ့်နိုင်ငံမှာလဲ တာဝန်ယူသင့်ပါတယ်'' ဟု စားသုံးသူကာကွယ်ရေးအသင်း ဥက္ကဋ္ဌ ဦးဗအု