Skip to main content

Posts

Showing posts from November 9, 2014

သံပြားများအား လုယက် ယူဆောင်သွား သူများကို ဖမ်းဆီးရမိ

အလုံ ဆိပ်ခံ ဘောတံတား တည်ဆောက်ရေး လုပ်ငန်းခွင်မှ သံပြားများအား လုယက် ယူဆောင်သွား သူများကို ဖော်ထုတ် ဖမ်းဆီးရမိ ရန်ကုန်၊ နိုဝင်ဘာ ၁၀ ၆.၁၁.၂၀၁၄ ရက်နေ့ ၀၃၀၅ အချိန် အမှတ်(၁) အပြည်ပြည်ဆိုင်ရာ ဆိပ်ခံဘော တံတား တည်ဆောက် ရေး ကုမ္ပဏီဝင်း အတွင်း ဆိပ်ခံ ဘောတံတား ပေါ်တွင် ထားရှိသော သံပြားများအား လူငယ်(၄)ဦးခန့်မှ စက်လှေဖြင့်လာရောက် ခိုးယူနေသည်ကို လုံခြုံရေး ၀န်ထမ်း ဦးသန်းမြင့်မှ တွေ့ရှိသဖြင့် တားမြစ်စဉ် ၎င်းလူငယ်များအနက် ဓါးကိုင်ထားသည့် လူငယ်(၁)ဦးမှ ငြိမ်ငြိမ်နေရန်၊ မအော်ရန် ပြောဆိုကာ သံပြားများအား စက်လှေဖြင့် လုယက်ယူဆောင် သွားကြသဖြင့် ကုမ္ပဏီ တာဝန်ရှိ သူများအား အကြောင်းကြားပြီး စစ်ဆေးကြည့်ရာ အလျား(၄)ပေ၊ အနံ(၁)ပေခွဲ၊ ထု(၁)လက်မခန့်ရှိသံပြား (၆)ပြား၊ အလျား(၄)ပေ၊ အနံ(၁)ပေခွဲ၊ ထု(၁)မတ်ခန့်ရှိသံပြား(၂၅)ပြား စုစုပေါင်းတန်ဖိုးငွေကျပ် (၁၄၇၀၀၀၀)ခန့် ပါဆုံး သွားကြောင်း သိရှိရ၍ အရေးယူ ပေးပါရန်တိုင်တန်း ချက်အရ အလုံမြို့မရဲစခန်း (ပ)၂၉၉/ ၂၀၁၄၊ ပြစ်မှု ပုဒ်မ ၃၈၂/၃၄ ဖြင့် အမှုဖွင့်လှစ်ကာ စုံစမ်း စစ်ဆေး ခဲ့ပါသည်။ အမှုနှင့်ပတ်သက်၍ အနောက်ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေး ဌာနစုမှ တပ်ဖွဲ့ဝင်များမှ စုံစမ်း ဆောင

တရုတ် - မြန်မာ ပြည်သူချင်း ဆက်ဆံရေး တိုးမြှင့် ဖို့ ပြန်ကြားရေးဝန်ကြီး တိုက်တွန်း

ဒေသတွင်း အိမ်နီးချင်း နိုင်ငံတွေအပေါ် တရုတ်ပြည်ရဲ့ သံခင်းတမန်ခင်း ဆက်ဆံရေးဟာ ဒေသတခွင်လုံးရဲ့ ဘက်ပေါင်းစုံ အပြန်အလှန် ပူးပေါင်း ဆောင်ရွက်ရေး ကို ဖြည်းဖြည်း မှန်မှန် တိုးတက်လာအောင် ကျေး ဇူးပြု နေတယ်လို့ သမ္မတရဲ့ပြောခွင့် ရသူ ပြန်ကြားရေး ၀န်ကြီး ဦးရဲထွဋ်က ပြောဆိုကြောင်း တရုတ်အစိုးရ China Daily သတင်းကဖေါ်ပြပါတယ်။ ဆင်ဝှာသတင်း ဌာနက တွေ့ဆုံမေးမြန်းရာမှာ ပြောဆိုခဲ့တာပါ။ တရုတ် - မြန်မာဆက်ဆံရေး၊ တရုတ်နဲ့ အာဆီ ယံနိုင်ငံတွေကြား ဆက်ဆံရေးဟာလည်း အရှိန် အဟုန် မြင့်မားလာနေကြောင်း၊ သမ္မတ ဦးသိန်းစိန် ဟာလည်း သမ္မတတာဝန်ယူပြီးချိန်ကစလို့ အလည် အပတ်သွားရောက်တဲ့ အကြိမ်အများ ဆုံးနိုင်ငံဟာ တရုတ်ပြည်ဖြစ်ပြီး၊ အခုထိ အလည်အပတ် ၆ ကြိမ် သွားရောက်ခဲ့ပြီးဖြစ်ကြောင်း၊ ဒါပေမဲ့ အပြန်အလှန် ဆက်ဆံရေးတွေမှာ ပြဿနာတွေ၊ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရတာတွေရှိကြောင်း၊ ဒါကလည်း တချို့နိုင်ငံတွေက တရုတ်ပြည်ရဲ့ ငြိမ်းငြိမ်းချမ်းချမ်း တိုးတက်ဖွံ့ဖြိုးနေတာနဲ့ ပတ်သက်ပြီး၊ မဟုတ်မမှန်လုပ်ကြံစွပ်စွဲနေ တာတွေကြောင့်ဖြစ်ကြောင်း၊ ဒါတွေကို ရင်ဆိုင်နိုင်ဖို့ အစိုးရနှစ်ရပ်ကြား ဆက်ဆံနေရုံနဲ့ မလုံလောက်ပဲ၊ ပြည် သူနှစ်ရပ်ကြား ထိတွေ့ဆက်ဆံမှုတွေ အားကောင်းလာအောင်

အရှေ့အလယ်ပိုင်း ဒေသမှ ပြန်လည် ရောက်ရှိလာသည့် ISIS စစ်သွေးကြွဟု ယူဆရသူသုံးဦးကို မလေးရှားရဲတပ်ဖွဲ့ ဖမ်းဆီး

ကွာလာလမ်ပူ ၊ ၁၀-၁၁-၂၀၁၄ မလေးရှား ရဲတပ်ဖွဲ့သည် အရှေ့ အလယ်ပိုင်း ဒေသမှ ပြန်လည် ရောက်ရှိ လာသည့် ISIS စစ်သွေးကြွ ဟု ယူဆရသူ သုံးဦးကို ဖမ်းဆီးရမိ ခဲ့ကြောင်း ဒေသတွင်း သတင်းဌာန တစ်ခုက နိုဝင်ဘာ ၈ ရက်တွင် ထုတ်ပြန် ခဲ့သည်။ ဖမ်းဆီးခံ ထားရသူ များသည် မလေးရှားနိုင်ငံ အတွင်းရှိ ၄င်းတို့၏ လုပ်ဖော် ကိုင်ဖက် နှစ်ဦးကို လိုက်လံ ရှာဖွေရန် စီစဉ် ထားကြောင်း ရဲတပ်ဖွဲ့ ၏ ပြောကြားချက် အရ သိရသည်။ ရဲတပ်ဖွဲ့က ဖမ်းဆီးထား သူများအနက် အဘူဒေယန် အမည်ခံ ထားသည့် မိုဟာမက် ဖာအူဇီ အမည်ရှိ အမျိုးသား တစ်ဦးလည်း ပါဝင်သည်။ မလေးရှား အာဏာပိုင် များသည် ယခုနှစ် ဧပြီလမှစ၍ ISIS စစ်သွေးကြွ များနှင့် ဆက်နွှယ်သူ ၃၇ ဦးကို ဖမ်းဆီးရမိ ခဲ့ပြီဖြစ်ပြီး မလေးရှား အစိုးရသည် အဆိုပါ စစ်သွေးကြွ အဖွဲ့ကို အကြမ်းဖက် အဖွဲ့တစ်ဖွဲ့ အဖြစ် သတ်မှတ်ထားပြီး အကြမ်းဖက် ဝါဒကို တိုက်ဖျက် သွားမည် ဖြစ်ကြောင်း ယင်းနိုင်ငံ ဝန်ကြီးချုပ်က ယခုနှစ် စက်တင်ဘာလ အတွင်းက တရားဝင် ထုတ်ပြန် ကြေညာခဲ့သည်။ ယခု ဖမ်းဆီးရမိ သူများနှင့် စပ်လျဉ်း၍ ရဲတပ်ဖွဲ့က ဆက်လက် စုံစမ်း စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။ #PyiChitThar http://ift.tt/10JZbzq Royal Malaysian Police showed Malaysian Poli

စပိန်တွင် ဘုရားဖူးများလိုက်ပါလာသည့် ဘတ်စ်ကားတိမ်းမှောက် ၁၄ ဦးသေဆုံး

စပိန်နိုင်ငံတွင် လူ ၅၀ ကျော်လိုက်ပါလာသည့် ဘတ်စ်ကားတစ်စီး စနေနေ့က တိမ်းမှောက်ခဲ့ ရာ လူ ၁၄ ဦး သေဆုံးပြီး လူ ၃၀ ကျော် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ ဘတ်စ်ကားသည် လမ်းမမှ တိမ်းချော်ကာ ၁၅ မီတာအနက်ရှိ ခြောက်သွေ့နေသော ရေကာတာကြီး တစ်ခု အတွင်းသို့ လိမ့်ကျသွားခဲ့ခြင်းဖြစ်သည်။ အခင်းဖြစ်ပွားခဲ့သည့်နေရာသည် မက်ဒရစ်မြို့တော်မှ ကီလိုမီတာ ၃၅၀ အကွာရှိ Cieza မြို့နယ်တွင်ဖြစ်သည်။ အဆိုပါဘတ်စ်ကားပေါ်တွင် လိုက်ပါလာသူများသည် ဘုရားဖူးပြီးနောက် မက်ဒရစ်မြို့သို့ ပြန်လာနေကြခြင်းဖြစ်ကြောင်းနှင့် အားလုံးမှာ စပိန်နိုင်ငံသားများ ဖြစ်ကြကြောင်း ဒေသန္တရမီဒီယာများတွင် ဖော်ပြကြသည်။ ရုပ်သံပြကွက်များတွင် တစ်စောင်းလဲနေသော ဘတ်စ်ကားနှင့် မှန်ပြတင်းပေါက် များ ကွဲကြေနေပုံကို တွေ့မြင်ရသည်။ ယာဉ်သို့ ယာဉ်တိမ်းမှောက်မှုမဖြစ်ပွားမီ ယာဉ်မောင်းဖြစ်သူက ဘရိတ်ပေါက်သွားကြောင်း ဟစ်အော်လိုက်သံကို ကြားခဲ့ရ သည်ဟု ခရီးသည်တစ်ဦးက ထုတ်ဖော်ပြောဆိုထားသည်။ ယခုအခါတွင် ခရီးသည် ၂၇ ဦးအား ဆေးရုံသို့ပို့ဆောင်ထားပြီး တာဝန်ရှိသူများက အခင်းဖြစ်ရပ်ကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်းသိရသည်။ Ref:The Guardian စည်သူကျော်စွာ News Watch(စောင့်ကြည့်သတင်းဂျာနယ်) http://ift.tt

The Street View Journal Vol-3 ,Issue -43

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။ from သစ်ထူးလွင် (သတင်းစာ၊ ဂျာနယ်နှင့် ရုပ်သံ) - Myanmar News Now http://ift.tt/1zFxM0W via IFTTT

ပင်လယ်ပြင်တွင် မျောပါနေသော ရေလုပ်သား ၁၇၄ ဦးကို ထပ်မံဆယ်ယူ

တပ်မတော်(ရေ)စစ်ရေယာဉ်များမှ ပင်လယ်ပြင်မျောပါနေသော ရေလုပ်သား ၁၇၄ ဦးကို ဒုတိယအကြိမ် ထပ်မံဆယ်ယူခဲ့ပြီး ပင်လယ်ပြင်ရှာဖွေမှုများ ဆက်လက်လုပ်ဆောင်မည် ရန်ကုန် နိုဝင်ဘာ ၉ ပင်လယ်ပြင်တွင် မျောပါလျက်ရှိနေသာ ကျားဖောင်သမား ရေလုပ်သားများကို တပ်မတော်(ရေ)မှ စစ်ရေ ယာဉ်များသည် နိုဝင်ဘာ ၇ ရက်မှ စတင်၍ လိုက်လံရှာဖွေကယ်ဆယ်မှုများ ပြုလုပ်ခဲ့ရာ နိုဝင်ဘာ ၉ ရက် နံနက်ပိုင်းတွင် ၁၇၄ ဦး ဒုတိယအကြိမ်အဖြစ် ထပ်မံရှာဖွေကယ်ဆယ်ခဲ့ကြောင်း တပ်မတော်(ရေ)မှ သိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာ ၅ ရက် ညနေပိုင်းက မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သော လေဖိအားနည်းရပ်ဝန်းသည် မုန်တိုင်းငယ်အဖြစ် ရောက်ရှိခဲ့ပြီး ယင်းမုန်တိုင်းငယ်ကြောင့် ပင်လယ်ပြင်တွင် ငါးဖမ်းရှာဖွေမှုများ ပြုလုပ်လျက်ရှိ သည့် ကျားဖောင်များနှင့်အတူ ရေလုပ်သားအမြောက်အမြား ပင်လယ်ပြင်တွင် မျောပါခဲ့ကြသည်။ အဆိုပါ ရေလုပ်သားများကို နိုဝင်ဘာ ၇ ရက် မှ စတင်၍ တပ်မတော်စစ် ရေယာဉ်များဖြင့် ရှာဖွေခဲ့ရာ နိုဝင်ဘာ ၈ ရက် နံနက်ပိုင်းက ရေလုပ်သား ၂၅၂ ဦးကို ကယ်ဆယ်နိုင်ခဲ့သည်။ '' တပ်မတော် စစ်ရေယာဉ် ၅၆၃၊ တွဲဆွဲရေယာဉ် နဝရတ်

အမြန်လမ်းပေါ်တွင် ပေါက်တူးကိုင်နှောက်ယှက်သူများကို ဖမ်းဆီး အရေးယူ

ရန်ကုန် - မန္တလေး အမြန်လမ်း မကြီးပေါ်တွင် ပေါက်တူးကိုင် နှောက်ယှက်သူ များအား အမြန်လမ်း ရဲတပ်ဖွဲ့မှ ဖော်ထုတ် ဖမ်းဆီး အရေးယူ ဆောင်ရွက်လျက်ရှိ နေပြည်တော် နိုဝင်ဘာ ၉ အမြန်လမ်း ရဲတပ်ဖွဲ့အနေဖြင့် အမြန်လမ်း မကြီး မိုင်တိုင် (၉၉/၄) အနီး တွင် ဖြစ်ပွားခဲ့သော အရက်မူးပြီး ပေါက်တူးကိုင်၍ ခရီးသွား ယာဉ်များအား အနှောင့် အယှက်ပေးရန် ကြံစည် ဆောင်ရွက်ခဲ့သည့် ကျူးလွန်သူများကို ဖော်ထုတ် ဖမ်းဆီး ရရှိ ခဲ့ကြောင်း သိရသည်။ နိုဝင်ဘာ ၆ ရက် ညနေ ၅ နာရီ ခန့်တွင် ရန်ကုန်-မန္တလေး အမြန်လမ်း မကြီး အတိုင်း နေပြည်တော်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသော ကိုယ်ပိုင်ယာဉ်ငယ်လေးစီးအား ကျောက်တံခါး မြို့နယ် မြို့ချောင်း အမြန်လမ်း ရဲစခန်းအပိုင် မိုင်တိုင်အမှတ် (၉၉/၄) အရောက်တွင် အမြန်လမ်း၏ အနောက်ဘက်ခြမ်း အပိုင်းတွင် ရပ်နေသူများထဲမှ လူတစ်ဦးသည် ၎င်းကိုင်ထားသည့် ပေါက်တူးဖြင့် ယာဉ်ကို အန္တရာယ်ပြုသည့်သဘောဖြင့် ချိန်ရွယ်ရမ်းခဲ့ကြောင်း၊ ယာဉ်တစ်စုံတစ်ရာဖြစ်ပွားပါက လုယက်ရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း နိုဝင်ဘာ ၇ ရက် Facebook လူမှုကွန်ရက် စာမျက်နှာများတွင် ဖော်ပြပါရှိခဲ့သည်။ ဖော်ပြပါသတင်းနှင့် ပတ်သက်၍ နေပြည်တော်ရှိ အမြန်လမ်း ရဲတပ်ဖွဲ့

ဒွန်းညက်စ်မှာ တိုက်ပွဲတွေ ပြင်းထန်

ယူကရိန်း အရှေ့ဘက် ပိုင်းက ရုရှား သူပုန်တွေ ထိန်းချုပ် ထားတဲ့ ဒွန်းညက်စ် မြို့မှာ အစိုးရနဲ့ သူပုန်တွေ အကြား တညလုံး တိုက်ပွဲတွေ ပြင်းထန် နေခဲ့ပြီး လက်နက်ကြီး တွေနဲ့ ပစ်ခတ် သံတွေကိုလည်း ကြားနေ ရပါတယ်။ ဒွန်းညက်စ် မြို့ အများ စုကို သူပုန်တွေက ထိန်းချုပ် ထားတာ ဖြစ်ပြီး၊ တိုက်ပွဲ တွေ ထပ်ပြီး ပြင်းထန်လာ နိုင်တဲ့ အတွက် သူပုန် တွေဟာ ရှေ့တန်း နေရာ တွေမှာ အင်အား ထပ်ဖြည့် နေတယ်လို့ မျက်မြင် တွေ့ရှိ သူတွေက ပြောပါတယ်။ ဒီသူပုန်တွေ အတွက် ရုရှား ကနေ သံချပ်ကာ တပ်ဖွဲ့တွေ စေလွှတ် ခဲ့တယ် ဆိုပြီး ယူကရိန်း အစိုးရရဲ့ စွပ်စွဲ ချက်တွေ ကိုတော့ ရုရှား ဘက်က ပယ်ချ လိုက်ပါတယ်။ ဥရောပ စောင့်ကြည့်ရေး အဖွဲ့ ကတော့ တင့်ကား ၉ စီး ပါတဲ့ ယာဉ်တန်းဟာ သူပုန်တွေ ထိန်းချုပ် ထားတဲ့ နေရာကို ဖြတ်ပြီး အနောက် ဘက်ကို ရွေ့လျား သွား နေတယ်လို့ ပြောပါ တယ်။ ဘီဘီစီ (မြန်မာပိုင်း) http://ift.tt/1zcwDuN ဒွန်းညက်စ် မြို့ အများ စုကို သူပုန်တွေက ထိန်းချုပ် ထားတာ ဖြစ်ပါတယ် from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1zcwDL4

မြန်မာ့ နိုင်ငံရေး ဆန်းစစ်တဲ့ ဆွေးနွေးပွဲ

မြန်မာ့ နိုင်ငံရေး လားရာများ အမည်နဲ့ ဆွေးနွေးပွဲ တခု ကို မန္တလေးမြို့မှာ တနဂင်္နွေ နေ့ ညနေ က ကျင်းပ ခဲ့ပါတယ်။ စာရေးဆရာ ကျော်ဝင်း၊ ဖေမြင့် တို့နဲ့ အတူ ၈၈ မျိုးဆက်က ဦးကိုကိုကြီး တို့ ပါဝင် ဆွေးနွေး ခဲ့တဲ့ ဒီဆွေးနွေးပွဲမှာ PR စနစ်နဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ် တွေလို လတ်တလော နိုင်ငံရေး ဖြစ်စဉ် တွေကို ဆွေးနွေး ခဲ့ကြတယ် လို့ စီစဉ် ကျင်းပတဲ့ ယုံကြည်ရာ အသိပညာ ပြန့်ပွားရေး အသင်း က ဒေါက်တာ တေဇာစန်း က ဘီဘီစီကို ပြောပါတယ်။ လက်ရှိ နိုင်ငံရေး အပြောင်းအလဲ အနေအထား သိမ်မွေ့ ခက်ခဲမှု နဲ့ အကူးအပြောင်း အပီအပြင် မဖြစ်ပေါ်ဘဲ သောင်မတင် ရေမကျ ကျန်ရစ်နိုင်တဲ့ အလားအလာ တွေကို ဆွေးနွေး ကြတယ် လို့ ဆိုပါတယ်။ လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲမှာ ပြည်သူ တွေ အနေနဲ့ အသိဉာဏ် ကြီးကြီးနဲ့ မကြောက်မရွံ့ ရွေးချယ် မဲပေးကြဖို့ တက်ရောက် ဆွေးနွေးသူ တွေ က ပြောကြား ခဲ့ကြပါတယ်။ သံဃာတော်တွေ တက်ရောက် ခဲ့ကြတယ်လို့ သိရပြီး မျိုးစောင့် ဥပဒေ အကြောင်း ဆွေးနွေးမှု တော့ မရှိ ခဲ့ဘူးလို့ ဒေါက်တာ တေဇာစန်း က ပြောပါတယ်။ ဆွေးနွေးပွဲ တက်ရောက် ကြောင်း စာရင်းရရှိသူ ၅ဝဝ ကျော် ရှိပြီး မြို့ပေါ်က အရပ်ဘက် အဖွဲ့အစည်း ၅ဝ ကျော်နဲ့ နိုင်ငံရေး ပါတီတွေ တက်ရောက်တယ်လို့ သိရ ပါတယ

ဘာလင်တံတိုင်း ၂၅ နှစ်ပြည့်မှာ စစ်အေးကာလ မလွတ်သေး

ဘာလင်တံတိုင်း ပြိုကျခဲ့တာ ဒီကနေ့ ဆိုရင် ၂၅ နှစ် ပြည့်ပါပြီ။ တံတိုင်းကြီး ပြိုကျ သွားတာနဲ့ ကွန်မြူနစ် အုပ်ချုပ်တဲ့ အရှေ့ဂျာမနီ နဲ့ ဒီမိုကရေစီ ထွန်းကားတဲ့အနောက် ဂျာမနီ တို့ ပြန်လည် ပူးပေါင်း မိတာ ကို ဘီဘီစီ သတင်းထောက် ဂျယ်နီ ဟီးလ် က သတင်း ပေးပို့လိုက်ပါတယ်။ ၁၉၈၉ ခုနှစ် က စလို့ အနောက်အုပ်စု နဲ့ ရုရှ ဉီးဆောင်တဲ့ကွန်မြူနစ် အရှေ့ဥရောပ နိုင်ငံတွေ အကြား စစ်အေးကာလ လည်း ပြီးဆုံးသွားပြီ လို့ အများက မှတ်ယူထားတာပါ။ ဒါပေမဲ့ အသက် ၈၃ နှစ် ရှိနေပြီ ဖြစ်တဲ့ ဆိုဗီယက် ခေါင်းဆောင်ဟောင်း မီခေးလ် ဂိုဘာချောဗ် ကတော့ ဒီလို မမြင်ပါဘူး။ ဘာလင်တံတိုင်း ၂၅ နှစ်ပြည့် အခန်းအနား ကို တက်ရောက်ဖို့ ဘာလင် က ဘရင်ဒဲန်ဘဂ် ဂိတ်ဝ အနီး အခန်းအနား ကျင်းပရာ နေရာ ရောက်လာတဲ့ မစ္စတာ ဂိုဘာချောဗ် ကဥရောပ နဲ့ အရှေ့အလယ်ပိုင်း မှာ သွေးမြေကျမှုတွေ ဖြစ်ပွားနေခြင်း ဟာ အဓိက နိုင်ငံကြီးတွေ အကြားမှာ ဆွေးနွေးပွဲတွေ ပျက်ပြားနေခြင်းဟာ အင်မတန် စိုးရိမ်စရာ ကောင်းလို့ စစ်အေး ကာလ ပြန်စနေပြီ လို့ တောင် ပြောလို့ ရနေ တဲ့ အကြောင်း အခု ယူကရိန်း မှာ ဖြစ်နေတဲ့ အရေးဟာ စစ်အေး တိုက်ပွဲ တွေ ပြန်ဖြစ်ဖို့ နီးကပ် နေပြီ လို့ ပြောယင်း ဥရောပ နဲ့ အမေရိကန် ကြောင့် လို့ ပြော

အနှစ်သာရရှိသည့် ဆွေးနွေးပွဲဖြစ်ရေး လေးပွင့်ဆိုင် တောင်းဆိုခြင်းဖြစ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

ဟန်ပြ မဟုတ်ဘဲ တကယ် အနှစ်သာရ ရှိတဲ့ အမျိုးသား ရင်ကြား စေ့ရေး ဖြစ်မြောက် နိုင်မယ့် ဆွေးနွေး ပွဲ မျိုး လို အပ်တာ ကြောင့် လေးပွင့်ဆိုင် ဆွေးနွေးပွဲကို တောင်း ဆိုတာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်း စုကြည် က ပြောဆို လိုက်ပါ တယ်။ ဒေါ်အောင်ဆန်းစုကြည် က နိုဝင်ဘာ ၈ ရက်နေ့ ကယားပြည်နယ် လွိုင်ကော်မြို့ ကယားဒေးကွင်း လူထုဟောပြောပွဲမှာ လေး ပွင့်ဆိုင် တွေ့ ဆုံဆွေးနွေးရေး အတွက် ထည့်သွင်း ပြော ကြားခဲ့တာပါ။ “ကျမတို့က နိုင်ငံတော်သမ္မတရယ်၊ လွှတ်တော်ဥက္ကဋ္ဌရယ်၊ ကာကွယ်ရေး ဦးစီးချုပ်ရယ်၊ ကျမရယ် လေးပွင့်ဆိုင်ဆိုပြီး နိုင်ငံရဲ့ ရှေ့ရေး၊ အမျိုးသားရင်ကြားစေ့ရေး ရရှိဖို့အတွက် ဆွေးနွေးဖို့ ကျမတောင်းခဲ့တာ ၁ နှစ်ခွဲကျော်၊ ၂ နှစ်တောင် နီးလာပါပြီ။ ဒါပေမယ့် လေးယောက်ထဲမှာ အားလုံးက စိတ်ပါမှ လေးပွင့်ဆိုင် ဖြစ်နိုင်တာကို။ တချို့က လေးပွင့်ဆိုင်နဲ့ မလောက်ဘူးဆိုတာ ပြောတာတွေ ရှိပါတယ်။ ဒါပေမယ့် ကျမက လက်တွေ့ကျကျ ကြည့်တာပါ။ ထိထိရောက်ရောက် အမျိုးသားရင်ကြားစေ့ရေးအတွက် ဖြစ်မြောက်နိုင်မယ့် ဆွေးနွေးပွဲမျိုး၊ ဟန်ပြမဟုတ်ဘူး၊ တကယ့် အဓိပ္ပာယ်ရှိမယ့်၊ အနှစ်သာရရှိမယ့် ဆွေးနွေးပွဲမျိုးအတွက် ဒီလိုလေးပွင့်ဆိုင်လိုအပ်တယ်လို့ ကျမတို့ တောင်းဆိုတာပါ။” ဒါ့အပြင် လက

ထူးမခြားနား ထိပ်သီးတွေ့ဆုံပွဲ – ထက်မြက်

ပြည်သူကသာ သူ့လိုအင်ဆန္ဒကို ပြတ်ပြတ်သားသား တောင်းဆို မည်ဆိုလျှင် ပြည်သူအားဖြင့် ပင်လယ်ကြီး ကိုလည်း ဖျက်သွားနိုင်သည်။ ဧ၀ရက်တောင်ကြီးကိုလည်း ဖြိုချသွားနိုင်ပါသည်။ ထိုအခြေအနေကို ပြည်သူ့ ဆန္ဒအား သံသယ၀င်နေတတ်သော အတိုက်အခံများရော၊ တချို့နိုင်ငံရေး ခေါင်းဆောင်များရော သိရှိဖို့ လိုသည် . . . ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ အောက်တိုဘာ ၃၁ ရက်က သမ္မတ အိမ်တော်တွင် မြန်မာနိုင်ငံကို အုပ်ချုပ်နေသော အစိုးရ၊ လွှတ်တော်နှင့် တပ်မတော် ထိပ်သီးခေါင်းဆောင်များ၊ တိုင်းရင်းသား နိုင်ငံရေးပါတီ တစ်စုကို ကိုယ်စားပြုသော တိုင်းရင်းသား ခေါင်းဆောင်များနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLDပါတီ) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တို့ တွေ့ဆုံ ခဲ့လေသည်။ အစိုးရအဖွဲ့၏ ထိပ်သီးများအဖြစ် သမ္မတဦးသိန်းစိန်၊ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းတို့ တက်ရောက် လာခဲ့သလို တပ်မတော်ကို ကိုယ်စားပြုပြီး ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်းတို့ တက်ရောက်ခဲ့သည်။ လွှတ်တော်ကို ကိုယ်စားပြုသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ

ပြည်သူ့အရေး ဂျာနယ်၊ အတွဲ - ၁၊ အမှတ် - ၇

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။ from သစ်ထူးလွင် (သတင်းစာ၊ ဂျာနယ်နှင့် ရုပ်သံ) - Myanmar News Now http://ift.tt/1w3HoMj via IFTTT

အိမ်ထောင်မပြုသော မိန်းကလေးဦးရေတိုးလာခြင်းကြောင့် လူဦးရေဟန်ချက်ပျက်နိုင်

ဆောင်းပါး၊ နို (၈) တစ်ကမ္ဘာလုံးမှာ ယဉ်ကျေးမှုတွေ တူညီ နီးစပ်လာတာနဲ့ အမျှ ‘မိန်းကလေး’ တွေ သူတို့ ကိုသူတို့ ခံစားသိမြင်ပုံတွေလဲ မတူကွဲပြား လာပါတယ်။ ဒီဖက်ခေတ်ကြီးမှာ မိန်းကလေးတွေဟာ ယောက်ျားလေးတွေထက် ပညာအဆင့်အတန်း မြင့်မားလာကြပါတယ်။ လုပ်ငန်းခွင်မှာလည်း လစာကောင်းကောင်းနဲ့ အလုပ်ရလာကြပြီး မြို့ ကြီးပြကြီးတွေကို စွန့် စွန့် စားစား သွားရောက်ပြီး အလုပ်လုပ်ကြသူ ဦးရေမှာလည်း မိန်းကလေးအရေအတွက်က ပိုနေပါတယ်။ သူတို့ လည်း ချစ်သူထားကြပါတယ်။ ဒါပေမယ့် သူတို့ ရဲ့ စံချိန်စံညွှန်းနဲ့ မကိုက်ညီဘူးဆိုရင် လမ်းခွဲလိုက်ကြ ပါတယ်။ အချစ်အတွက်၊ ယောက်ျားလေးတွေအတွက် ဘ၀ကိုအနစ်နာခံရလောက်အောင် သူတို့ မညံ့ဖျင်းကြ တော့ပါဘူး။ ဒီလိုနဲ့  ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်လာတဲ့မိန်းကလေးတွေဟာ အိမ်ထောင်ပြုဖို့  သိပ်စိတ်မ၀င်စားကြတော့တာကို တွေ့ ရပါတယ်။ ၂၀၁၂ ခုနှစ် ကိန်းဂဏန်းများအရ အမေရိကန်ပြည်ထောင်စုမှာ အသက်(၁၈-၂၉)အကြား မိန်းကလေးတွေ အိမ်ထောင်ပြုမှုနှုန်းဟာ ၂၀ ရာခိုင်နှုန်းပဲရှိခဲ့ပါတယ်။ အရွယ်ရောက် ပေမယ့် အိမ်ထောင်မပြုဘဲနေဖို့  ရွေးချယ်ခဲ့ကြသူတွေကို မေးမြန်းကြည့်တဲ့အခါမှာ အကြောင်းရင်း(၁၀)မျိုး ရရှိ ပါတယ်။ အမှီအခိုကင်းတဲ့ဘ၀ကိုနှစ်သက်ကြပါတ

ပြည်မြို့နယ် ၀က်ထီးကန်တွင် ရေအခက်အခဲဖြစ်

ပဲခူးတိုင်း ပြည်မြို့နယ်၊ ၀က်ထီးကန် တိုက်နယ်ထဲက ကျောသာ ကျေးရွာ အုပ်စုမှာ သောက်သုံးရေ တွင်း ၂ တွင်း၊ မိရိုးဖလာ တူးထားတဲ့ အုပ်တွင်း ၃ တွင်းကိုပဲ မှီခိုနေရတာကြောင့် နွေမိုးဆောင်း ၃ ရာသီစလုံး ရေအခက်အခဲဖြစ်နေပါတယ်။ အိမ်ခြေ ၂၃၅ ရှိတဲ့ ကျောသာအုပ်စုမှာ စည်ပင်က ကုန်ကျစရိတ်ခံပြီး တူးပေးထားတဲ့ စက်ရေတွင်း အ၀ီဇိတွင်း ၂ တွင်းဟာ ပေ ၂၃၀ အထိနက်ပြီး ရေမထွက်တဲ့ အတွက် အဲဒီ ၂ တွင်းထဲက ၁ တွင်းကိုပဲ ဒေသခံရွာသားတွေက ပေ ၄၀၀ အထိ အ၀ီဇိ ထပ်မံတူးဖော် အသုံးပြုခဲ့ရပါတယ်။ ကျန်တဲ့ စက်ရေတွင်း ၁ တွင်းကိုတော့ စည်ပင်က တူးပေးခဲ့တဲ့ ပေ ၂၃၀ အတိုင်းပဲ အသုံးပြုနေတာကြောင့် ရေထွက်နည်းပြီး မိုးတွင်းလို အချိန်မျိုးမှာတောင် ရေရှားပါးနေတာ ဖြစ်ပါတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်သောင်းက “ရေတွင်းတူးပေးတုန်းက ပေ ၂၃၀ အထိပဲ တာဝန်ယူတယ်။ ပေ ၂၃၀ နဲ့ ရေမထွက်ရင်၊ ရွာက ကိုယ့်ငွေနဲ့ ကိုယ်စိုက်ထုတ်တူး ရတော့ တွင်း ၂ တွင်းကို ၁ တွင်းကပဲ ပေ ၄၀၀ ထိ ငွေစိုက်ထုတ်ပြီး တူးလို့ ရေရတယ်။ ကျန်တဲ့ ၁ တွင်းကတော့ ဆက်မတူးတော့ မိသားစုတစု သုံးဖို့အတွက်လောက်ပဲ ရေကရတယ်။ ရေကတော့ နွေ၊ မိုး၊ ဆောင်း၊ ၃ ရာသီလုံးရှားတာ” လို့ ပြောပါတယ်။ အ၀ီဇိတွင်းတွေကို ၂၀၀၈ ခုနှစ်မှာ