Skip to main content

အမြန်လမ်းပေါ်တွင် ပေါက်တူးကိုင်နှောက်ယှက်သူများကို ဖမ်းဆီး အရေးယူ



ရန်ကုန် - မန္တလေး အမြန်လမ်း မကြီးပေါ်တွင် ပေါက်တူးကိုင် နှောက်ယှက်သူ များအား အမြန်လမ်း ရဲတပ်ဖွဲ့မှ ဖော်ထုတ် ဖမ်းဆီး အရေးယူ ဆောင်ရွက်လျက်ရှိ

နေပြည်တော် နိုဝင်ဘာ ၉


အမြန်လမ်း ရဲတပ်ဖွဲ့အနေဖြင့် အမြန်လမ်း မကြီး မိုင်တိုင် (၉၉/၄) အနီး တွင် ဖြစ်ပွားခဲ့သော အရက်မူးပြီး ပေါက်တူးကိုင်၍ ခရီးသွား ယာဉ်များအား အနှောင့် အယှက်ပေးရန် ကြံစည် ဆောင်ရွက်ခဲ့သည့် ကျူးလွန်သူများကို ဖော်ထုတ် ဖမ်းဆီး ရရှိ ခဲ့ကြောင်း သိရသည်။ နိုဝင်ဘာ ၆ ရက် ညနေ ၅ နာရီ ခန့်တွင် ရန်ကုန်-မန္တလေး အမြန်လမ်း မကြီး အတိုင်း နေပြည်တော်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသော ကိုယ်ပိုင်ယာဉ်ငယ်လေးစီးအား ကျောက်တံခါး မြို့နယ် မြို့ချောင်း အမြန်လမ်း ရဲစခန်းအပိုင် မိုင်တိုင်အမှတ် (၉၉/၄) အရောက်တွင် အမြန်လမ်း၏ အနောက်ဘက်ခြမ်း အပိုင်းတွင် ရပ်နေသူများထဲမှ လူတစ်ဦးသည် ၎င်းကိုင်ထားသည့် ပေါက်တူးဖြင့် ယာဉ်ကို အန္တရာယ်ပြုသည့်သဘောဖြင့် ချိန်ရွယ်ရမ်းခဲ့ကြောင်း၊ ယာဉ်တစ်စုံတစ်ရာဖြစ်ပွားပါက လုယက်ရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း နိုဝင်ဘာ ၇ ရက် Facebook လူမှုကွန်ရက် စာမျက်နှာများတွင် ဖော်ပြပါရှိခဲ့သည်။


ဖော်ပြပါသတင်းနှင့် ပတ်သက်၍ နေပြည်တော်ရှိ အမြန်လမ်း ရဲတပ်ဖွဲ့မှူး ရုံးမှ တပ်ဖွဲ့မှူး ရဲမှူးကြီးနေဝင်း ဦးစီး၍ အခင်းဖြစ်နေရာသို့ သွားရောက် ကွပ်ကဲခဲ့ပြီး အခင်းဖြစ်ရပ် မိုင်တိုင်တစ်ဝိုက်ကို ပိုက်စိပ်တိုက် ရှာဖွေရန်၊ ပြစ်မှုကျူးလွန်ရန် ဆောင်ရွက်သူများကို ဖော်ထုတ်အရေးယူဆောင် ရွက်နိုင်ရန်တို့ကို ရဲမှူးကျော်မျိုးမြင့် ဦးစီးအဖွဲ့၊ မြို့ချောင်းအမြန်လမ်း ရဲစခန်းမှူးနှင့်အဖွဲ့ စသည်ဖြင့် အထူးအဖွဲ့များဖွဲ့စည်း၍ တရားခံဖော်ထုတ် ရမိရေးအတွက် ဆောင်ရွက်ရန်ညွှန်ကြားခဲ့သည်။


ဆက်လက်၍ အမြန်လမ်းရဲတပ်ဖွဲ့မှ အထူးဖွဲ့စည်းပေးထားသည့် အဖွဲ့များဖြင့် သတင်းရရှိသော နေရာတစ်ဝိုက်ကို ပတ်ဝန်းကျင်ကျေးရွာများရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့် တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ပိုက်စိပ်တိုက် လိုက်လံရှာဖွေခြင်း၊ စုံစမ်းခြင်းများ ဆောင်ရွက်ခဲ့ရာ အခင်းဖြစ်ပွားသည့် ညနေ ၅ နာရီက မိုင်တိုင်အမှတ် (၉၉/၄) အနီး၌ ညွန့်ဝင်းပါ သုံးဦးမှာ အရက်မူး၍ အမြန်လမ်း၏ အနောက်ဘက်လမ်းအစပ်၌် ရပ်နေသည်ကို တွေ့ရှိရကြောင်း၊ ၄င်းတို့ သုံးဦးမှာ ကျောက်တံခါးမြို့နယ် ဆင်ဇလုပ်ကျေးရွာအုပ်စုနေ ညွန့်ဝင်း၊ ကိုလင်းနှင့် ကရင် (ခ)ဝင်းထူးတို့ သုံးဦးဖြစ်ကြောင်း စုံစမ်းသိရှိရပြီးနောက် အမြန်လမ်းရဲတပ်ဖွဲ့ဝင်များက ညွန့်ဝင်း (၄၂နှစ်) ဆင်ဆိပ်ကလေး ကျေးရွာ ကျောက်တံခါးမြို့နယ်နေသူကို မိုင်တိုင် (၉၉/၄) နှင့် (၉၉/၅) ကြား၊ လမ်း၏ အနောက်ဘက် တစ်မိုင်ခန့်အကွာရှိ လယ်တဲမှလည်းကောင်း၊ ကိုလင်း(၅၅နှစ်) ကျောက်ခဲကုန်းကျေးရွာ ကျောက်တံခါးမြို့နယ် နေသူကို အမြန်လမ်းအနောက်ဘက် နှစ်ဖာလုံခန့်အကွာရှိ လယ်တဲမှလည်းကောင်း ရှာဖွေတွေ့ရှိခဲ့သဖြင့် ခေါ်ယူစစ်ဆေးခဲ့ရာ ၄င်းတို့မှာ အခင်းဖြစ်ပွားသည့်နေ့တွင် ညွန့်ဝင်း၏ လယ်တဲ၌စု၍ အရက်သောက် ကြကြောင်း၊ အရက်သောက်စဉ် ၄င်းတို့သုံးဦးနှင့်အတူ ဇော်မိုးထက်နှင့် အရှည်ကြီးဆိုသူတို့လည်း ပါဝင်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသည်။


အမှုနှင့်ပတ်သက်၍ အရက်ဝိုင်းဖွဲ့သောက်ခဲ့သည့် ဇော်မိုးထက် (၂ဝနှစ်)၊ ဆင်ဆိပ်ကလေးကျေးရွာ၊ ကျောက်တံခါးမြို့နယ် နေသူအား စစ်ဆေးခဲ့ရာ အခင်းဖြစ်ညနေ ၅ နာရီတွင် ညွန့်ဝင်း၊ ကိုလင်းနှင့် ကရင် (ခ) ဝင်းထူးတို့မှာ လယ်တဲမှ အရက်သောက်ပြီး အမြန်လမ်းဘက် သို့ထွက်သွားခဲ့ကြောင်း၊ ညွန့်ဝင်းသည် ပေါက်တူးကို ထမ်းယူသွားကြောင်း၊ ကရင်(ခ) ဝင်းထူးမှာ တီရှပ်လက်တိုအင်္ကျီ အနီရောင်ကို ဝတ်ဆင်ထားကြောင်း၊ ညွန့်ဝင်းမှာ အင်္ကျီလက်ရှည်အဖြူရောင်ကို ဝတ်ဆင်ထားကြောင်း၊ မိုင်တိုင် (၉၉/၄) အနီးလမ်းလယ်ကျွန်းတွင် ရပ်နေခဲ့ကြောင်း သက်သေထွက်ဆိုချက်အရ သိရှိရပြီး Facebook သတင်းတွင် ရေးသားဖော်ပြသူ၏ ထွက်ဆိုချက်နှင့် ကိုက်ညီမှုရှိသည်ကို စစ်ဆေးတွေ့ရှိရသည်။


သို့ဖြစ်၍ အမြန်လမ်းမကြီးပေါ်တွင် သွားလာလျက်ရှိသော ခရီးသွားယာဉ်ငယ်များကို ပေါက်တူးဖြင့်ချိန်ရွယ်ပြီး အန္တရာယ်တစ်စုံတစ်ရာ ဖြစ်စေရန်နှင့် လုယက်မှုပြုလုပ်ရန်အတွက် ပြစ်မှုကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့ခြင်းမရှိသော်လည်း အမြန်လမ်းမကြီးပေါ်တွင် သွားလာလျက်ရှိသော ခရီးသွားယာဉ်ငယ်များကို စိတ်အနှောင့်အယှက် ဖြစ်စေရန် အတွက်သော်လည်းကောင်း၊ အန္တရာယ်ဖြစ်စေရန် အတွက်သော်လည်းကောင်း၊ အရက်သေစာသောက်စားထားပြီး ပေါက်တူးဖြင့် ချိန်ရွယ်၍ ယာဉ်များကို နှောင့်ယှက်ခဲ့သည့် ညွန့်ဝင်းပါ သုံးဦးအား ဥပဒေအရ အရေးယူရန် မြို့ချောင်း အမြန်လမ်းရဲစခန်း (ပ)၁၃/၂ဝ၁၄ ပြစ်မှုပုဒ်မ ၂၇၉-က အရ အမှုဖွင့်အရေးယူထားကြောင်းနှင့် တရားခံညွန့်ဝင်းနှင့် ကိုလင်းတို့နှစ်ဦးကို ည ၇ နာရီ မိနစ် ၄ဝအချိန်တွင် အမှုဖြင့် စစ်ဆေးဖမ်းဆီးပြီး ကျန်ရှိသော ကရင်(ခ) ဝင်းထူးအားဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိသည်။


ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် အမြန်လမ်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့ ဝင် ၆ဝဝ ဖြင့် အမြန်လမ်းရဲစခန်း ၁၅ ခု၊ အမြန်လမ်းရဲကင်း ၄ဝ၊ လှည့်ကင်းယာဉ်နှင့် အုပ်ချုပ်မှုယာဉ် ၅ဝ၊ မီသတ်ကား ၁၅ စီးတို့ဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းခြင်း၊ လုံခြုံရေးတာဝန်များကို ၂၄ နာရီပတ်လုံး အဆိုင်းများခွဲ၍ ဆောင်ရွက်လျက်ရှိခြင်း၊ ခရီးသွားပြည်သူများ ဒေသခံပြည်သူများ၏ ကြုံတွေ့ရသော အခက်အခဲများကို နေ့ရော၊ ညပါ ကူညီဆောင်ရွက်ပေးခြင်းများအပြင် ယခုကဲ့သို့ ခရီးသွားယာဉ်များအား နှောင့်ယှက်ခြင်း၊ အန္တရာယ်ပြုမူခြင်းများ ဖြစ်ပေါ်လာပါက အချိန်နှင့် တစ်ပြေးညီ အမြန်လမ်းရဲစခန်းများသို့ သတင်းပေးတိုင်ကြားရန်နှင့် ပြစ်မှု ကျူးလွန်သူများအားလည်း ထိရောက်ဟန့်တားသော ပြစ်ဒဏ်ရရှိရေး အရေးယူဆောင်ရွက်လျက်ရှိကြောင်း၊ အမြန်လမ်းရဲတပ်ဖွဲ့၏ Hot Line ဖုန်း နံပါတ်များဖြစ်သည့် ဝ၉-၄၂ဝ၈၈၈၈ဝ၁ မှ ဝ၉-၄၂ဝ၈၈၈၈၇ဝ အထိ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း သတင်းထုတ်ပြန်ထားရှိသည်။ (သတင်းစဉ်)


Myanmaalinn

http://ift.tt/1nAnMka






from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1w6NBHi

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...