Skip to main content

Posts

Showing posts from February 24, 2015

ဆံပင်ဖြူ၍ စိတ်ညစ်နေသူများအတွက် သဘာဝဆေးနည်း

ဆံပင်ဖြူ၍ စိတ်ညစ်နေသူများအတွက် ဆံပင်ကို သန်စွမ်းနက်မှောင်လာစေမည့် သဘာဝဆေးနည်းလေးကို ကျန်းမာရေးသတင်းများမှ မျှဝေပေးလိုက်ပါသည်။ ဆေးနည်း ၁။ သြဇာသီးအမှည့်၏ အစေ့ကို မိမိဆံပင် အထူးအပါးပေါ်မူတည်၍ အစေ့ (၂၀)၊ (၃၀) စသဖြင့် ယူပါ။ ၂။ ရင့်ပြီး မည်းနက်နေသော အစေ့များကိုသာ ရွေးယူပါ။ ၃။ ၄င်းအစေ့များကို မီးဖုတ်ပေးပါ။ ၄။ ပြာကျသွားသည့်အထိ ဖုတ်၍ ၄င်းသြဇာစေ့၏ ပြာကိုယူ၍ အုန်းဆီနှင့် ရောစပ်ကာ ဆံပင်ကို လိမ်းပေးပါ။ ပျားရည်၊ နနွင်းတို့နှင့် ရောစပ်ကာ မန်ကျည်းစေ့ခန့် ဆေးလုံးများပြုလုပ်ထား၍ ညပိုင်းမှာ ရေအေးနဲ့ သောက်သုံးနိုင်ပါတယ်။။ နောက်တစ်နည်း ကြိတ်မှန်ရွက်ကို အရည်ညစ်ယူပါ။ ပြီးလျှင် နမ်းဆီနှ့်ရော၍ ကြော်လိုက်ပါ။ ဆူပွတ်လာလျှင် အောက်ချပြီး အအေးခံထားပါ။ ၄င်းအရည်ကို ဆံပင်၏ အရင်းမှအဖျားထိ လိမ်းပေးပါ။ တစ်ပတ်ကို ၂ ကြိမ်ခန့် လိမ်းပေးပါ။ ဆံပင်ဖြူများ တဖြေးဖြေးနက်မှောင်လာ၍ နောက်ထပ်ပေါက်လာမည့် ဆံပင်များလည်း နက်မှောင်ကာ သန်စွမ်းလာပါလိမ့်မည်။ သန်စွမ်းနက်မှောင်၍ လှပသောဆံကေသာများကို ပိုင်ဆိုင်နိုင်ကြပါစေ။ ဦးစောနွဲ့ နေဆိုင်(ပူတာအို) ကိုးကား ။ ။ မြန်မာ့ရိုးရာဆေးကျမ်းများ ကျန်းမာရေးသတင်းများ from သစ်ထူးလွင် (ကျန်းမာရေး) - Thit Hto

ဆေးစွမ်းထက်မြက် ရှားစောင်းလက်ပပ်

ရှားစောင်းလက်ပပ်သည် အလွန်အသုံးဝင်သော ဆေးဖက်ဝင် အပင်တစ်မျိုးဖြစ်ပါသည်။ နိုင်ငံအသီးသီးတို့တွင် ရှားစောင်းဖြင့် ပြုလုပ်ထားသော သောက်ဆေးများ၊ အသားအရေအတွက် အလှကုန်များ၊ ဆံပင်အတွက် လိမ်းဆေးများ၊ ကျန်းမာရေးအတွက် ဖျော်ရည်များကို တံဆိပ်မျိုးစုံဖြင့် ထုတ်လုပ်ထားကြပါသည်။ မြန်မာ့ဆေးဖက်ဝင်အပင်များစာရင်းမှာလည်း ရှားစောင်းအပင်သည် ပါဝင်နေပါသည်။ ၁။ အသားအရေလှပခြင်းအတွက် ရှားစောင်း၏ အနှစ်ကို မျက်နှာပေါ်ကို အုပ်ပြီးလိမ်းပေးပါက ရှားစောင်းတွင်ပါဝင်သော အောက်ဆီဂျင်ဓါတ်ကြောင့် အရေပြားပေါ်မှ ဆဲလ်များကို ပိုမိုသန့်စင်စေပြီး ချောမွတ်လှပစေပါသည်။ ၀က်ခြံ၊ တင်းတိပ်များကို ဖယ်ရှားပေးနိုင်ပြီး အသားအရေကို နူးညံ့လှပစေပါသည်။ ထို့ကြောင့် ရှားစောင်းကို ကျန်းမာရေးနှင့် အလှအပဆေးအမျိုးမျိုးတို့ကို ထုတ်လုပ်သုံးစွဲနေကြပါသည်။ ၂။ အမျိုးသမီးများအတွက် ရှားစောင်းလက်ပပ်ကို ပါးပါးလှီး၍ ချက်စားပါက အမျိုးသမီးများ ဓမ္မတာကို မှန်စေပါသည်။ မီးယပ်ပျောက်ကင်းစေပါသည်။ ၃။ အနာအမျိုးမျိုးအတွက် ရှားစောင်းကိုကြိတ်၍ အနှစ်ကို သွေးစုနာ၊ အဖုနာ၊ အကြိတ်နာပေါ်ကို သုတ်လိမ်ပေးပါ။ အကြိတ်ကိုလည်း ကြေစေသလို ပြည်ကိုလည်း အမြန်ပေါက်စေကာ ငန်းမန်းကိုလည်း ကြေစေပါသည်။ ၄။

သင့်ကျန်းမာရေးအတွက် ဒါလေးတွေ သတိထားပါ

ဖုန်းငွေဖြည့်ကဒ်မှ ခဲသားများကို လက်သည်းဖြင့် ခြစ်ထုတ်ခြင်းကြောင့် ခဲသားမှာ ပါဝင်ထားတဲ့ ငွေရောင်နိုက်ထရိုအောက်ဆီဂျင်ဓါတ်တစ်ခုဟာ လက်မမှတဆင့် အရေပြားကို ကူးစက်သွားပြီး ကင်ဆာရောဂါတစ်မျိုးကို ဖြစ်စေနိုင်တယ်လို့ အမေရိကမှ ဆေးပါရဂူ Dr.Brian Berry ဆိုသူက ထုတ်ဖော်ပြောကြားထားပါတယ်။ လူသားတွေမှာ ကင်ဆာရောဂါအမျိုးပေါင်းများစွာ ဖြစ်ပေါ်လာတဲ့အထဲမှာ ကင်ဆာအသစ်တစ်မျိုးကို စမ်းသပ်ကြည့်တဲ့အခါ လက်သည်းမှတဆင့် ဖြစ်ပေါ်နေကြောင်း၊ ဖုန်းငွေကဒ်ခဲသားများကို လက်သည်းဖြင့် ခြစ်ထုတ်ခြင်းပြုလုပ်သူများမှ အများဆုံးဖြစ်ကြောင်း တွေ့ရှိရတယ်လို့ ၄င်းဆရာဝန်၏ တင်ပြချက်ကို အိန္ဒိယ ကျန်းမာရေးစာမျက်နှာတစ်ခုမှာ ဖော်ပြထားပါတယ်။ ထို့ကြောင့် ဖုန်းငွေဖြည့်ကဒ်များကို လက်သည်းနှင့်မခြစ်ပဲ အရာဝတ္ထုတစ်ခုခုနှင့်သာ ခြစ်ကြဖို့ တိုက်တွန်းထားပါတယ်။ ------ ကျန်းမာရေးနှင့်ပတ်သက်သော သိထားစရာအချက်အလက်အချို့ (၁) ဖုန်းပြောသည့်အခါတိုင်း ဘယ်ဘက်နားဖြင့်သာ ပြောရန်။ (၂) ဖုန်းဘတ္ထရီအရမ်းနည်းနေပြီး နောက်ဆုံးအတုံးသာ ကျန်နေသည့်အခါ ဖုန်းလိုင်းမှ ခြောင်ချည်ဖြာထွက်မှုဟာ သာမန်အချိန်ထက် အဆပေါင်းများစွာ သာလွန်နေသည့်အတွက် ဦးနှောက်ပိုင်းဆိုင်ရာကို ထိခိုက်စေနိုင်ပါတယ်။ ဒ

လိင်မှုရေးရာနှင့် ဆီးကြိတ်ကင်ဆာ ဆက်စပ်မှုရှိ .....

အသက်(၅၀)ကျော် အမျိုးသားများ အတွက် လိင်ဆက်ဆံမှု ဓလေ့အထုံသည် ဆီးကြိတ်ကင်ဆာ ဖြစ်ပွားမှုအား လျှော့ချပေးနိုင်ကြောင်း သိရသည်။ အသက်အရွယ် ကြီးရင့်သော အမျိုးသားများ အတွက် လိင်ဆက်ဆံခြင်း၊ လက်ကို အသုံးပြုပြီး တကိုယ်ရည် အာရုံဖြေဖျောက်ခြင်းစသည့် နည်းလမ်းများ အသုံးပြုခြင်းဖြင့် သုက်ပြွန်နှင့် ဆီးလမ်းကြောင်းကို ချောမွေ့ပြီး အဆိပ်အတောက်များကို စွန့်ထုတ်ပေးကြောင်း သိရသည်။ အသက်(၆၀)နား နီးကပ်နေပြီး ဆီးကြိတ်ကင်ဆာ ဖြစ်နိုင်မည့် အလားအလာများ ပေါ်ပေါက်နေသူ အမျိုးသား(၄၀၀)နှင့် ကျန်းမာသော အမျိုးသား (၄၀၀)တို့ကို စနစ်တကျ သုတေသန ပြုလုပ်ပြီးနောက် ယခုကဲ့သို့ ဖော်ထုတ် နိုင်ခဲ့ခြင်းဖြစ်ကြောင်း Independent သတင်းစာတွင် ဖော်ပြထားသည်။ သင့်တော်သော အကြိမ် အရေအတွက်အထိ လိင်မှုဆိုင်ရာ မှီဝဲမှုမျိုး ပြုလုပ်ခြင်းသည် လူကြီးပိုင်း အမျိုးသားများ အတွက် ကျန်းမာရေးအရ အထောက်အကူပြု နိုင်ပြီး အသက်(၂၀)မှ (၃၀)ကြား အရွယ်ကောင်းများ အတွင်း လိင်အပျော်အပါး အကြီးအကျယ် လိုက်စား သူများမှာမူ အသက်အရွယ် ကြီးရင့်လာချိန်တွင် ဆီးကြိတ်ကင်ဆာ ဖြစ်နိုင်မည့် အလားအလာ တိုးတက် များပြားလာကြောင်း သိရှိရသည် ။ Mg Mandalay http://ift.tt/1rx2wd4 from သစ်ထူးလွင် (က

ခါးနာခြင်းအမျိုးမျိုးနှင့် ဆင်ခြင်စရာများ

ခါးနာခြင်းအမျိုးမျိုးရှိရာ ဒဏ်ကြောင့်ဖြစ်သော ခါးနာရောဂါ၊ အထိုင်များ၍ဖြစ်သော ခါးနာ၊ အလေးအပင်မရင်းဖြစ်သောခါးနာတို့ထက် အိပ်ရာကြောင့်ဖြစ်သောခါးနာက ပို၍များလိမ့်မည်ထင်ပါသည်။ စာရေးသူကိုယ်တိုင် ငယ်စဉ်ကခါးနာဖူးသည်။ နာသည်မှ တစ်နှစ်ခန့်ကြာအောင် နာခဲ့သည်။ ကျောင်းတွင်ထိုင်တာကြာပြီး ပြန်ထလျှင် မနည်းထရသည်။ ကြာကြာထိုင်လျှင်လည်း ခါးဆက်ထဲမှ ပူပြီးနာလာသည်။ ခါးနာ၊ ခါးကိုက်ပျောက်ဆေးသောက်သည်။ ဘမ်းပရုတ်ဆီ လိမ်းသည်။ ခဏသက်သာပြီးနောက် ပြန်နာသည်။ ခါးနာဖြစ်ရသည့်အကြောင်းအရင်းကို ပြန်စဉ်းစားကြည့်သောအခါ ထိုခေတ်က အသုံးပြုလေ့ရှိသော စပရင်မွေ့ရာနှင့် အိပ်မိသောကြောင့်ဖြစ်သည်။ ထိုစပရင်မွေ့ရာမှာ အဟောင်းဖြစ်သဖြင့် အားပျော့ပြီး အချို့နေရာများတွင်ခွက်နေသည်။ အချို့နေရာတွင် ပေါက်ပြဲပြီး စပရင်အပြင်သို့ ကန်ထွက်နေသည်။ ပေါက်သည့်နေရာကို အပေါ်က ဂုံနီအိတ်အထူခင်းပြီးအိပ်သဖြင့် မွေ့ရာမှာ မြင့်သည့်နေရာတွင်မြင့်၊ ခွက်သည့်နေရာတွင်ခွက် ဖြစ်နေသည်။ စာရေးသူ ရန်ကုန်တက္ကသိုလ်တက်စဉ်က အဒေါ်တစ်ယောက်၏နေအိမ်မှ တက်ခဲ့ခြင်းဖြစ်သည်။ သူတို့အိမ်မှ ရှေးကသိမ်းထားသော မိဘများလက်ထက်ကမွေ့ရာကို စာရေးသူအိပ်ရန် ထုတ်ပေးခဲ့ခြင်းဖြစ်သည်။ ကျောင်းတစ်နှစ်ပြီး၍ နယ်မြို့ေ