Skip to main content

Posts

Showing posts from October 17, 2014

အချိန်တန်ပြီ – ရွှေကူမေနှင်း

၈၈ အပြီးတွင် စစ်တပ်အင်အားကို အကြီးအကျယ်တိုးချဲ့သည်။ ထိုအင်အား အတွက် မြေသိမ်းသည်။ ပြည်လမ်း မကြီးတစ်လျှောက် မင်္ဂလာဒုံမှ ထောက်ကြံ့ လမ်းဆုံအထိကို အုတ်တံတိုင်းခတ်လိုက်ရုံနှင့် “တပ်မြေ”ဟု သစ်သား ဆိုင်းဘုတ်လေး စိုက်ထူရုံနှင့် ပြီးသွားပြီ . . . ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ~အကြောင်းကြောင့် အကျိုးဖြစ်ကြောင်း မြတ်စွာဘုရားက ဟောခဲ့သည်။ ““ဟေတုပစ္စယော””ဟူသော ပါဠိ စကားဖြစ် ၏။ ထိုသဘောကိုပင် အိုင်းစတိုင်းကလည်း ““ရီလေတီဗတီ””ဟူသော စကားရပ်ဖြင့် သီဝရီထုတ်ပြ ခဲ့သည်။ အကျိုး တရား မှန်သမျှတွင် အကြောင်းတရားရှိကြောင်း သာဓကများစွာပြခဲ့သည်။ အကြောင်းကောင်း လျှင်အကျိုးကောင်း မည်။ အကြောင်း မကောင်းလျှင် အကျိုးမကောင်းနိုင်ပေ။ ယခုသီတင်းပတ်အတွင်း အကျိုးမကောင်းသော သတင်းတစ်ခု ကြားနေရ၍ စိတ်မချမ်းမြေ့ဖြစ်ကြရသည်။ မိမိ တစ်ဦးတည်းအတွက် မဟုတ်။ မိမိ တစ်နိုင်ငံလုံး၊ မိမိတိုင်းရင်းသားအားလုံးအတွက် ဖြစ်၏။ ယခင်က လည်း ဖြစ်ခဲ့ ဖူးသည်။ ယခုလည်း ဖြစ်နေသေးသည်။ နောင်လည်း ဖြစ်ကြဦးမည်။ ဤအဖြစ်မျိုးကို မတားဆီးနိုင်ကြတော့ပြီ လားဟုမေးလျှင် တာဝန်ခံဖြေမည့် သူမရှိပေ။… ““လိပ်ကျွန်းလူသတ်မှု””ဟု ကျော်ကြားနေသော ထိုင်းနိုင်ငံပင်လယ်ထဲရှိ ကျ

ခိုတောင်းကျွန်းလူသတ်မှု ဗြိတိန်ပါဝင်စစ်ဆေးဖို့ ထိုင်းဝန်ကြီးချုပ်သဘောတူ၊ လန်ဒန်မှာဆန္ဒပြ

ထိုင်းနိုင်ငံတောင်ပိုင်း ခိုတောင်း (ခေါ်) လိပ်ကျွန်းက ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတဲ့အမှုကို စုံစမ်းစစ်ဆေးရာမှာ ဗြိတိန်ရဲတပ်ဖွဲ့ကို ဝင်ရောက်ကူညီစစ်ဆေးခွင့်ပြုဖို့ ထိုင်းဝန်ကြီးချုပ်က သဘောတူလိုက်ပါတယ်။ အီတလီနိုင်ငံ မီလန်မြို့မှာကျင်းပနေတဲ့ ဥရောပအာရှ ASEM အစည်းအဝေးကာလအတွင်း ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းနဲ့ တွေ့ဆုံဆွေးနွေးအပြီး ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချားက အခုလို သဘောတူလိုက်တာဖြစ်ကြောင်း အမည်မဖော်လိုတဲ့ ဗြိတိန်သံတမန်အသိုင်းဝိုင်းကို ကိုးကားပြီး AFP သတင်းဌာန ရေးသားပါတယ်။ ဝန်ကြီးချုပ်ကင်မရွန်းအနေနဲ့ ခိုတောင်းအမှုမှာ ထိုင်းရဲတပ်ဖွဲ့နဲ့အတူ ဗြိတိန် ရဲတပ်ဖွဲ့ဝင်တချို့ ပါဝင်စစ်ဆေးခွင့်ကို ထိုင်းဝန်ကြီးချုပ်နဲ့ တွေ့ဆုံစဉ်မှာ သဘောတူရရှိခဲ့ကြောင်း၊ အဓိကအားဖြင့် စွပ်စွဲခံထားရတဲ့ မြန်မာ ၂ ဦးရဲ့ DNA နမူနာနဲ့ သေဆုံးသူတွေရဲ့ DNA တွေကို စစ်ဆေးရာမှာ လွတ်လပ်စွာ ဖော်ထုတ်စစ်ဆေးနိုင်ဖို့နဲ့ တရားခံအဖြစ် စွပ်စွဲထားသူတွေကို ညဉ်းပန်းနှိပ်စက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ဖော်ထုတ်စုံစမ်းဖို့ဖြစ်ကြောင်း ဗြိတိန်သံတမန်အသိုင်းဝိုင်းက ပြောပါတယ်။ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတဲ့အမှုမှာ မြန်မာအလုပ်သမား

ထိုင်းတောင်ပိုင်း က ကျွန် အရောင်းအဝယ်

ဘင်္ဂ္လားဒေရှ့် လူမျိုးတွေ ကို ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ကျွန်အဖြစ် ရောင်းစား ကုန်ကူး နေကြတဲ့ အထောက် အထားတွေ ကို ဘီဘီစီ တွေ့ရှိလိုက်ရပါတယ်။ ဘီဘီစီ အရှေ့တောင်အာရှ သတင်းထောက်ဟာ ဘင်္ဂ္လားဒေ့ရှ် လူမျိုး ၁၃၀ ကျော်ကို ထိုင်းတောင်ပိုင်း ဖန်းငခရိုင်အတွင်း ကမ်းရိုးတန်းတောအုပ် တခုထဲမှာ လှောင်ပိတ် ချုပ်နှောင်ထားတဲ့ နေရာတခု ကို အရောက် သွားနိုင်ခဲ့ပါတယ်။ သူတို့ထဲက လွတ်မြောက်လာသူ အယောက် ၄၀ နဲ့ ၅၀ ကြားလောက်ရှိပြီး သူတို့တွေနဲ့ ဘီဘီစီ သတင်းထောက် က တွေ့ဆုံ မေးမြန်းတဲ့ အခါမှာ ဘင်္ဂ္လာဒေရှ့် ရှိ သူတို့ နေအိမ်တွေ ဆီ ကို အလုပ်သမား လိုက်ရှာနေတယ် ဆိုတဲ့ လူတွေ ရောက်လာပုံ၊ နောက်ပြီး၊ အလုပ်ကောင်းကောင်း ရှာပေးမယ် လို့ ဖြားယောင်းခေါ်လို့ လှေနဲ့ပါလာပုံ၊ နောက်ပိုင်းမှာတော့ ကြိုးတွေ နဲ့တုတ်နှောင်ကာ အခုလို ကျွန်းတွေ ပေါ်အပို့ခံခဲ့ရကြောင်း ပြောပြ ကြပါတယ်။ ကျွန်းပေါ်မှာလည်း အစာရေစာ မကျွေးပဲထားတာ ရိုက်နှက်ညှင်းဆဲတာ တွေ ခံခဲ့ရပြီး တောထဲက သစ်ရွက်တွေ စားကာ အသက်ရှင်သန်ခဲ့ကြရတယ် လို့ ပြန်လွတ်မြောက်လာတဲ့ သူတွေ ကပြောပါတယ်။ သူတို့ကို အများအားဖြင့် ငါးဖမ်းလှေ တွေ နဲ့ စိုက်ပျိုးခင်းတွေ မှာ ခိုင်းစေတဲ့သူတွေ ဆီ ရောင်းချ ဖို့ ခေါ်လာတာ လို့ ခန

ကော့တောင်ကျွန်း လူသတ်မှု ဗြိတိန် အစိုးရ စုံစမ်းဖို့ တောင်းဆို

ထိုင်းနိုင်ငံ တောင်ပိုင်း ကော့တောင်ကျွန်း လူသတ်မှုကို သီးခြား စုံစမ်း စစ်ဆေးပေးဖို့ ဗြိတိသျှ အစိုးရကို ဗြိတိန်နဲ့ ထိုင်းနိုင်ငံက ပြည်သူတွေအပါအဝင် ကမ္ဘာတဝှမ်းက တောင်းဆိုထားတဲ့ လက်မှတ် တသိန်းကို နိုင်ငံရေး လှုပ်ရှားသူ မြန်မာတွေ ဦးဆောင်ပြီး ဒီကနေ့မှာ နံပတ် ၁၀ ဒေါင်းနင်းလမ်းမှာရှိတဲ့ ဗြိတိသျှ ဝန်ကြီးချုပ် ရုံးကို သွားရောက် ပေးအပ်ခဲ့ကြပါတယ်။ ကော့တောင်ကျွန်း လူသတ်မှုနဲ့ ပတ်သက်လို့ ထိုင်းရဲတွေရဲ့ စုံစမ်း စစ်ဆေးမှုတွေဟာ တိကျ ခိုင်မာမှု မရှိဘူးလို့ အများက ယူဆနေကြတဲ့အတွက် သီးခြား စုံစမ်း စစ်ဆေးပေးဖို့ ဗြိတိသျှ အစိုးရကို online ကနေ အခုလို လက်မှတ်ရေးထိုး တောင်းဆိုခဲ့ကြတာပါ။ လက်မှတ်တွေ ပေးအပ်အပြီးမှာ ဗြိတိန် နိုင်ငံခြားရေး ရုံးရှေ့မှာလည်း ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။ ကော့တောင်ကျွန်း လူသတ်မှုကို ထိုင်းရဲတွေက တရားရုံးထံ တင်ပြခဲ့ရာမှာ တရားစွဲဖို့ အထိ လုံလောက်တဲ့ အချက် အလက် မပြည့် စုံဘူး ဆိုပြီး တရားရုံးက ပယ်ချခဲ့ပါတယ်။ ဘီဘီစီ (မြန်မာပိုင်း) http://ift.tt/1wlxusY ဗြိတိသျှ ကမ္ဘာလှည့် ခရီးသည် နှစ်ဦးကို မြန်မာ အလုပ်သမားတွေ သတ်တာလို့ ထိုင်းရဲက စွပ်စွဲ from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt

နောက်ကြောင်းပြန်လှည့်တဲ့ကိစ္စတွေ အရေးယူဖြေရှင်းဖို့ ကုလကိုယ်စားလှယ်တိုက်တွန်း

မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးကြောင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ လူ့အခွင့်ရေး အခြေနေတွေကို အများကြီး ပြောင်းလဲသွားတာကို အသိမှတ်ပြု ချီးကျူးရမှာဖြစ်ပေမယ့် နောက်ကြောင်းပြန်လှည့်နေတဲ့ အရိပ်လက္ခဏာတွေကို မဖြေရှင်းခဲ့ရင် ရပြီးသားရလာဒ်တွေကိုပါ ထိခိုက်စေနိုင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ပြေကြားလိုက်ပါတယ်။ မနေ့က ကုလသမဂ္ဂက ကြိုတင်ဖြန့်ဝေတဲ့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အစီရင်ခံစာမူကြမ်းမှာ အခုလိုဖော်ပြထားတာဖြစ်ပြီး မြန်မာအစိုးရကလိုလားနေတဲ့ နိုင်ငံတကာအသိုင်းဝိုင်းမှာ လေးစားရတဲ့ နိုင်ငံတစ်ခုဖြစ်လာဖို့အရေးမှာ ဒီနောက်ပြန်ဆွဲနေတဲ့ ကိစ္စရပ်တွေကို အချိန်မှီဖြေရှင်းသင့်တယ်လို့ တိုက်တွန်းထားပါတယ်။ မြန်မာနိုင်ငံရဲ့ အရေးကြီးတဲ့ အသွင်ကူးပြောင်းရေးကာလမှာ လူ့အခွင့်အရေး ကိစ္စဟာ အခြေခံဥပဒေပြုပြင်ရေး၊ ဥပဒေပြုရေးနဲ့ နိုင်ငံ့မူဝါဒချမှတ်ရေးတွေမှာပါ အရေးကြီးတဲ့ ကဏ္ဍကနေပါဝင်သင့် တယ်လို့လည်း တိုက်တွန်းထားပါတယ်။ တိုက်တွန်းချက်တွေထဲမှာ အရပ်ဖက်လူ့အဖွဲ့အစည်းတွေ လွတ်လပ်စွာရပ်တည်သဘောထား ဖော်ထုတ်နိုင်ခွင့်၊ မီဒီယာပြဿနာတွေကို စာနယ်ဇ

တရုတ်နိုင်ငံသို့ တရားမ၀င်အမျိုးသမီးများ ပို့ဆောင်သူဖမ်းဆီးရမိ

ဖြူး အောက်တိုဘာ ၁၇ တရားမဝင် လူကုန်ကူးမှုတိုက်ဖျက်ရေးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ပြည်သူများနှင့် ပူးပေါင်း၍ အရေးယူဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၁၄ ရက် ည ၁၁ နာရီခွဲက ပဲခူး တိုင်းဒေသကြီး ဖြူးမြို့နယ်တွင် တရုတ်ပြည်သို့ တရားမဝင်ပို့ဆောင်သူအချို့ ရောက်ရှိနေကြောင်း သတင်းအရ ဖြူးမြို့မရဲစခန်းမှ နယ်ထိန်း ခေါင်းဆောင် ဒုရဲအုပ်ကျော်ဇင်ထိုက်နှင့်အဖွဲ့ သည် ဖြူးအမြန်လမ်းရဲစခန်း ဇဟားချောင်း ရဲကင်းမှူး အရာခံဗိုလ်ရန်နိုင်ထွန်းတို့ပါဝင်သော ပူးပေါင်းအဖွဲ့က ခင်တန်းကြီးကျေးရွာအုပ်စု ပိန္နဲခုံ ကရင်ကုန်းကျေးရွာနေ ဒေါ်ကြည်ပြုံး(၅၂နှစ်) နေအိမ်ကိုဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ရာ ဒေါ်ကြည် ပြုံး၏ နေအိမ်၌ ကိုကျော်အောင် (၃၉နှစ်) ကျော်လှ အုပ်စု ရင်းတိုက်စိန်ကျေးရွာ ဖြူးမြို့နယ်နေသူ နှင့်ဒေါ်ဝိုင်းမြင့် (၄၄နှစ်) စပ်သောင်(၁)ရပ်ကွက် ကညွတ်ကွင်းမြို့နေသူတို့ကို တွေ့ကြောင်း၊ လွန်ခဲ့ သောတစ်နှစ်ခွဲခန့်က ကိုကျော်အောင်၏ သမီး ဖြစ်သူ မအေး(၁၆နှစ်)၊ ဒေါ်ဝိုင်းမြင့်၏သမီး ဖြစ်သူ မလှလှမွန် (၂၈နှစ်) တို့ကို ဒေါ်ကြည်ပြုံးက တရုတ်နိုင်ငံသို့ တရားမဝင်ပို့ ဆောင်ထားကြောင်း၊ ပို့ဆောင်ထားသောသမီးများကို သွားရောက် တွေ့ဆုံရန် ဒေါ်ကြည်ပြုံးကခေါ်၍ ရောက်ရှ

မီလန်မှာ ခေါင်းဆောင်တချို့နဲ့ ဦးသိန်းစိန် သီးသန့်ဆွေးနွေး

အီတလီနိုင်ငံ မီလန် မြို့မှာ ကျင်းပတဲ့ ASEM ခေါ် အာရှ ဥရောပ ထိပ်သီး အစည်းအဝေး တက်ရောက်နေတဲ့ သမ္မတ ဦးသိန်းစိန်က ဥရောပ နိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ ဘေးထွက် ဆွေးနွေးပွဲတွေ လုပ်ခဲ့ပါတယ်။ ထိပ်သီး ဆွေးနွေးပွဲ အပိတ်နေ့မနက်က မြန်မာ နိုင်ငံရဲ့ တိုင်းရင်းသား ကိစ္စတွေနဲ့ လူ့ အခွင့် အရေး ကိစ္စတို့မှာ ကူညီပေးနေတဲ့ ဖင်လန်၊ ဆွီဒင် နိုင်ငံတို့က ခေါင်းဆောင်တွေနဲ့ သီးခြားစီ တွေ့ဆုံပြီး ရှေ့ဆက် ဆောင်ရွက်မယ့် လုပ်ငန်းတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သမ္မတ ခရီးစဉ်မှာ လိုက်ပါသွားတဲ့ ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်က ဘီဘီစီကို ပြောပါတယ်။ ဖင်လန် နိုင်ငံက တခြားနိုင်ငံများရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ဝင်ရောက် ကူညီခဲ့ဖူးတဲ့ အတွေ့အကြုံတွေ ရှိတဲ့ အတွက် မြန်မာ့ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ စိတ်ရှည်ရှည် ဆောင်ရွက်ဖို့နဲ့ သူတို့ဖက်က အတတ်နိုင်ဆုံး ကူညီသွားမယ်လို့ ပြောခဲ့ကြောင်းလည်း ဦးရဲထွဋ်က ပြောပါတယ်။ ဆွီဒင် နိုင်ငံကတော့ ပညာရေး၊ ကျန်းမာရေး ဖွံ့ဖြိုး တိုးတက်ရေးနဲ့ တိုင်းရင်းသား အရေးနဲ့ လူ့အခွင့် အရေး တိုးမြှင့်ဖို့ ကိစ္စ တို့ကို ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။ ဗီယက်နမ် နိုင်ငံနဲ့ နော်ဝေနိုင်ငံ တို့က နိုင်ငံ ခေါင်းဆောင်တွေနဲ့ လည်းေ

ကချင်ရွာသားတွေ ပြောင်းရွှေ့မိန့် ဖားကန့်စစ်ဗျူဟာမှူး ပြန်ရုတ်သိမ်း

ကချင်လွတ်မြောက်ရေး တပ်မတော် KIA တပ်ရင်း ၆ အခြေစိုက် စခန်း အနီးမှာ ရှိတဲ့ ဒေသခံတွေ အနေနဲ့ ရွှေ့ပြောင်း စရာမလိုပဲ အေးချမ်းစွာ နေထိုင်ဖို့ ဖားကန့်အခြေစိုက် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးမြင့်သန်းက ဒီကနေ့ ပြောကြား တယ်လို့ သိရပါတယ်။ ဖားကန့်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဘာသာရေးအဖွဲ့အစည်းတွေက အောင်ဘာလေ ကျေးရွာသားတွေထံ အကူအညီပေးဖို့ သွားရောက်စဉ် စစ်ဗျူဟာမှူးက ပြောကြားလိုက်တာဖြစ်တယ်လို့ KIA တပ်ရင်း ၆ တပ်ရင်းမှူး ဗိုလ်မှူး တန်ဆန့်က ပြောပါတယ်။ "ဘာသာရေးအသင်းအဖွဲ့တွေနဲ့ NLD က လူကြီးတွေနဲ့ ဗျူဟာမှူးက ပြန်ပြောခိုင်းတယ်၊ သူတို့ အစည်းအဝေးလုပ်တဲ့အချိန်မှာ ကျနော်တို့လည်း သွားနားထောင်တဲ့အချိန်မှာတော့ ပြည်သူလူထုတွေ ဒီမှာအေးအေးဆေးဆေးနေကြပါပေါ့၊ ဘယ်မှလည်း ရွှေ့ပြောင်းစရာမလိုဘူး ဆိုတဲ့အပိုင်းပဲ စကားပါးပါတယ်၊ ကျနော်တို့ စစ်တပ်တွေပိုင်းကျတော့ ဘာမှစကားပါးတာမရှိပါဘူး၊ ပြည်သူလူထုကို ဒီလိုစကားမှာတယ်ဆိုတာတော့ တည်ငြိမ်လာတယ်လို့ ကျနော်တို့ကမြင်ပါတယ်" ကေအိုင်အေနဲ့ အစိုးရစစ်တပ်အကြား ပိတ်မိနေတဲ့ အောင်ဘာလေ၊ ကံဆီးခေါ၊ ဆိုင်းငိုင် စတဲ့ ကျေးရွာသားတွေကို ဘေးလွတ်ရာကူညီခေါ်ဆောင်ဖို့ မြို့နယ် အမျိုးသားဒီမိုကရေစီအဖ

အင်တာနက်ကြောင့် ဂျာမနီသူ တစ်ဦး မိသားစုနှင့် အဆက်အသွယ် ပြတ်တောက်

အဆက်အသွယ် ပြတ်နေသည့် ဂျာမနီနိုင်ငံ သူအား ကမ္ဘာလှည့် ခရီးသွား လုပ်ငန်း လုံခြုံရေး ရဲတပ်ဖွဲ့က ကူညီ စုံစမ်း ရှာဖွေ၍ ၎င်း၏ မိဘများနှင့် ဆက်သွယ်နိုင်ရေး ကူညီ ဆောင်ရွက် နေပြည်တော်၊ အောက်တိုဘာ ၁၇ ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့ နံနက် ၉ နာရီ ၃ မိနစ်အချိန် မြန်မာနိုင်ငံ ဆိုင်ရာ ဂျာမနီသံရုံး တာဝန်ရှိသူ တစ်ဦးမှ ဂျာမနီနိုင်ငံသူ Ms. Grafin Plessen Louise Pantanta Ellisabeth Vicitiora မှာ ၉-၁၀-၂၀၁၄ ရက်နေ့တွင် ကလောမြို့၌ ပျောက်ဆုံးနေပြီး ၎င်း၏မိဘများနှင့် အဆက်အသွယ် မရရှိ သဖြင့် ကူညီ စုံစမ်း ရှာဖွေပေး ပါရန် ကမ္ဘာလှည့် ခရီးသွား လုပ်ငန်း လုံခြုံရေး ရဲတပ်ဖွဲ့စု (ရန်ကုန်)သို့ ဖုန်းဆက်၍ အကူအညီ တောင်းခံ ခဲ့သည်။ ယင်းသို့ အကူအညီတောင်းခံမှုနှင့်ပတ်သက်၍ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းလုံခြုံရေးရဲတပ်ဖွဲ့ မှူးရုံး၏ တာဝန်ပေးချက်အရ တပ်ဖွဲ့စု(ရှမ်း)မှတပ်ဖွဲ့ဝင်များက ကလောမြို့ပေါ်ရှိဟိုတယ်များသို့ လိုက်လံ စုံစမ်းခဲ့ရာ Ms. Grafin သည် ၁၀-၁၀-၂၀၁၄ ရက်နေ့တွင် ကလောမြို့၊ ““ရွှေကလော””ဟိုတယ်တွင် တစ်ညတည်းခို၍ ၁၁-၁၀-၂၀၁၄ ရက်နေ့ ၀၈၀၀ အချိန် ပြင်သစ်နိုင်ငံသား ကျား(၁)ဦး၊ မ(၄)ဦးတို့နှင့် အတူ လမ်းပြဖြစ်သူ ကိုစည်သူ လိုက်ပါလျက် ညောင်ရွှေသို့ လမ်

အောက်တိုဘာလ (၁၇)ရက်နေ့ ထုတ် မြန်မာတိုင်း(မ်)ဂျာနယ် အတွဲ-၃၅၊ အမှတ်-၆၉၄

အောက်တိုဘာလ (၁၇)ရက်နေ့ ထုတ် မြန်မာတိုင်း(မ်)ဂျာနယ် အတွဲ-၃၅၊ အမှတ်-၆၉၄ ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1sRqMtH

အန္တရာယ်ရှိဆိုးဆေးနဲ့ မုန့်တွေကိစ္စ လွှတ်တော်မှာ တပ်မတော်သား ကိုယ်စားလှယ် မေးမြန်း

အခြေခံပညာသင် ကျောင်းတွေမှာ ရောင်းချနေတဲ့ အစားအသောက်တွေမှာ ဆိုးဆေးတွေ အသုံးပြုထားတဲ့ အတွက် နေပြည်တော် ကောင်စီနယ်မြေ၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ကချင်ပြည်နယ်နဲ့ မွန်ပြည်နယ်တွေမှာ စစ်ဆေးနေကြောင်း ကျန်းမာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာ ဒေါ်သိန်းသိန်းဌေးက ပြည်သူ့လွှတ်တော်မှာ ဒီကနေ့ ပြောကြားလိုက်ပါတယ်။ စာသင်ကျောင်းတွေမှာ ကလေးတွေအတွက် ရောင်းချနေတဲ့ အစားအသောက်တွေ အန္တရာယ်ကင်းရှင်းရေးစီမံချက်ကို ဘယ်အချိန်မှာ အကောင်အထည်ဖော်ဆောင်ရွက်မလဲဆိုပြီး တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးရဲစိုးက မေးမြန်းခဲ့တာကို ဒုတိယ၀န်ကြီး ဒေါက်တာ ဒေါ်သိန်းသိန်းဌေးက အခုလို ပြန်လည်ဖြေကြားခဲ့တာပါ။ "အခြေခံပညာ ကျောင်းမုန့်ဈေးတန်းများရှိ ဈေးဆိုင်များမှာ ကျောင်းသူကျောင်းသားများကို ဆွဲဆောင်ရန် ဆိုးဆေးအလွန်အကျွံ အသုံးပြုထားတဲ့ အစားအသောက်များကို တွေ့ရှိရတဲ့အတွက်ကြောင့် စာသင်ကျောင်း မုန့်ဈေးတန်း အစားအသောက် ဘေးအန္တရာယ် ကင်းရှင်းရေး လုပ်ငန်းစီမံချက်အား အထူးစီမံချက်အနေနဲ့ ၂ဝ၁၄ ခုနှစ် ဇွန်လမှ ဒီဇင်ဘာလအထိ သတ်မှတ်ရေးဆွဲ ဆောင်ရွက်လျှက်ရှိပါတယ်၊ စီမံချက်ဆောင်ရွက်တဲ့ ဒေသကတော့ နေပြည်တော်ကော

အီဘိုလာ အတွက် ကူညီဖို့ ကတိတွေ မထိရောက်သေး

အီဘိုလာ ရောဂါ ပျံ့နှံ့ ဖြစ်ပွားနေတဲ့ အနောက် အာဖရိက ဒေသကို အကူအညီ ပေးဖို့ နိုင်ငံတကာရဲ့ ကတိပြုမှုတွေဟာ ရောဂါ တိုက်ဖျက်ရေးမှာ ခုချိန်အထိ ထိရောက်မှု မရှိသေးကြောင်း နယ်စည်းမခြား ဆရာဝန်များ အဖွဲ့ (MSF) က ပြောပါတယ်။ အီဘိုလာ ရောဂါ ပျံ့နှံ့မှုကို ခုချိန်အထိ မထိန်းချုပ် နိုင်သေးကြောင်းလည်း MSF အဖွဲ့က Christopher Stokes က ပြောပါတယ်။ ရောဂါဒဏ် အဆိုးရွားဆုံး ခံနေရတဲ့ နိုင်ငံတွေမှာ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေကို MSF အဖွဲ့ရဲ့ စေတနာ့ ဝန်ထမ်းတွေက ကျုံးရုန်း လုပ်ဆောင် နေကြရတာဟာ လုံးဝ အဓိပ္ပာယ် မရှိဘူး လို့လည်း သူက ပြောပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူး ဘန်ကီမွန်းကလည်း အီဘိုလာ ရောဂါ တိုက်ဖျက်ရေး အတွက် အလှူငွေတွေ အရေးပေါ် လှူဒါန်းကြဖို့ ထပ်မံ ပန်ကြားလိုက်ပြီး ပြီးခဲ့တဲ့ လက သူ တောင်းခံထားတဲ့ တစ်ဘီလျံ ဒေါ်လာ ရန်ပုံငွေ ကလည်း ဒေါ်လာ တသိန်းလောက်ပဲ ရသေးတယ်လို့ ပြောသွားပါတယ်။ တခြား ကုလသမဂ္ဂ အေဂျင်စီတွေ၊ ကယ်ဆယ်ရေး အဖွဲ့တွေကိုတော့ အလှူ့ရှင် နိုင်ငံတွေက ဒေါ်လာ သန်း၄၀၀ နီးပါး လှူဒါန်းထားပြီး ဖြစ်ပါတယ်။ BBC Burmese http://ift.tt/1CwsfXE from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1CwsfXF

ဖမ်းဆီးခံ မြန်မာလူငယ်နှစ်ဦးနဲ့ တွေ့ဆုံဖို့ မိဘတွေ အင်္ဂါနေ့ ထွက်ခွာမည်

ထိုင်းနိုင်ငံ ခိုတောင်းကျွန်း ခေါ် လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံနေရတဲ့ ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်း တို့နှစ်ဦးကို တွေ့ဆုံဖို့အတွက် မိဘဖြစ်သူတွေ ထိုင်းနိုင်ငံကို လာမယ့်အင်္ဂါနေ့မှာ ထွက်ခွာမယ်လို့ သိရပါတယ်။ သူတို့အတွက် နိုင်ငံကူးလက်မှတ် လက်ဝယ်ရရှိထားပြီဖြစ်သလို၊ ထိုင်းပြည်ဝင်ခွင့်ဗီဇာရဖို့ ဒီကနေ့ စတင်ဆောင်ရွက်နေပြီး အင်္ဂါနေ့ညနေ ထွက်ခွာဖို့အတွက် လေယာဉ်လက်မှတ် ဝယ်ယူထားပြီးဖြစ်ကြောင်း အမှုကိုကူညီဆောင်ရွက်ပေးနေတဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဝင် ဦးကျော်သောင်းက ပြောပါတယ်။ "အဲဒီ့ မိသားစုလေးယောက်က နိုင်ငံကူးလက်မှတ်တော့ရပြီ၊ ထိုင်းပြည်ဝင်ခွင့်ဗီဇာ တနင်္လာနေ့တင်မှာ၊ ကျနော်နေ့လယ်က သူတို့လေးယောက်ရဲ့ နိုင်ငံကူးလတ်မှတ်မိတ္တူကို မြန်မာသံရုံးကို ပို့လိုက်ပြီ၊ မြန်မာသံရုံးကနေပြီးတော့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကို ပို့လိုက်ပြီ၊ နိုင်ငံခြားရေးဝန်ကြီးဌာနကို ပို့ပြီးတော့ သံရုံးကို ဒီလူတွေကို အရေးကြီးတဲ့ကိစ္စမို့လို့ ဗီဇာထုတ်ပေးပါဆိုပြီးတော့ အစိုးရပိုင်းကလုပ်နေပြီ၊ ဗီဇာလျှောက်ထားတာရယ်၊ လေယာဉ်လက်မှတ်ရယ် အဲ့ဒါတွေ လုပ်ငန်းစဉ်တွေကအရ ကျနော် အင်္ဂါနေ့ညနေဖက် လေယာဉ် ဝယ်ခိုင်း

နမ့်ခမ်းမြို့အနီး စခန်းသစ်ကုန်းကို TNLA မှ သွားရောက်ပစ်ခတ်

၁၇ ရက် အောက်တိုဘာ ၂၀၁၄ နမ့်ခမ်းမြို့ပြင်ဖက်ရှိ တပ်မ(၈၈) တပ်မမှူး စခန်းချရာ စခန်းသစ်ကုန်းအား တအန်းတပ်မတော် တပ်ရင်း ၁၁၂ တပ်ဖွဲ့အချို့က ယနေ့ည ၁၉း၄၀ နာရီခန့်တွင် သွားရောက်ပစ်ခတ်ခဲ့ပြီး နှစ်ဖက်အပြန်အလှန် ပစ်ခတ်ကာ ၂၀း၀၀ နာရီခန့်တွင် တိုက်ပွဲ ပြီးဆုံးခဲ့ပါသည်။ တအန်းတပ်ဖွဲ့မှ တပ်ရင်း ၄၇၈ နှင့် တပ်မ ၈၈ လက်အောက်ခံတပ်တို့ ထိုစခန်းသစ်ကုန်အပေါ်ဖက် နမ့်ခမ်း-နမ့်ဖက်ကာကားလမ်း ၁၃ မိုင်တွင် တိုက်ပွဲဖြစ်ပွားသည်နှင့် ထပ်မံစစ်ကူမပေးနိုင်ရန် တပ်ရင်း ၁၁၂ မှ တပ်ခွဲ ၁ တပ်ဖွဲ့များ သွားရောက်ပစ်ခတ်ခဲ့ကြခြင်းဖြစ် သည်။ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများ ၁၅ မိနစ်ခန့် ပြင်းထန်စွာဖြစ်ပွားခဲ့ပြီးနောက် တိုက်ပွဲပြန်လည်ငြိမ်သက်သွားခဲ့သည်။ စခန်းသစ်ကုန်းတွင် တပ်မမှူး ရှိမရှိကို မသိရှိရသေးပါ။ မြန်မာတပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှုကိုလည်း အတိအကျမသိရှိရသေးပါ။ တအာင်းတပ်ဖွဲ့များ ထိခိုက်ကျဆုံးမှုမရှိပါ။ နမ့်ခမ်းတွင် TNLA နှင့် မြန်မာ့တပ်မတော် တိုက်ပွဲဖြစ်ပွား ၁၇-၁၀-၂၀၁၄ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ရင်း -၄၇၈ နှင့် မြန်မာတပ်မတာ် တပ်မ (၈၈) လက်အောက်ခံတပ်တို့သည် ယနေ့ ၁၇ ရက်အောက်တိုဘာလတွင် နမ့်ခမ်းမြို့နယ်ရှိ နမ့်ခမ်း-နမ့်ဖတ်ကာ

နီပေါ တောင်တက်သမား ၄၀ ကို ထပ်မံ ကယ်ထုတ်

နီပေါနိုင်ငံ ဟိမဝန္တာတောင်မှာ အခု သီတင်းပတ် အစောပိုင်းတုန်းက ရုတ်တရက် တိုက်ခတ်ခဲ့တဲ့ နှင်းမုန်တိုင်းကြောင့် တောင်တက်သမားတွေ၊ လမ်းပြတွေနဲ့ အထမ်းသမားတွေ အတော်များများ သေဆုံးခဲ့တဲ့ တောင်ကြား နေရာကို နီပေါ ကယ်ဆယ်ရေး အဖွဲ့တွေ အရောက် သွားနိုင်ခဲ့ကြပြီး လူ ၄၀ ကျော်ကို ထပ်မံ ကယ်ထုတ် နိုင်ခဲ့ပါတယ်။ အဲဒီ လူတွေထဲက တချို့က အခြေအနေ စိုးရိမ်ရပြီး ဒေသန္တရ ကျန်းမာရေး စခန်းတခုမှာ ဆေးကုသမှု ခံနေကြပါတယ်။ နှင်းမုန်တိုင်းနဲ့ ရေခဲတောင် ပြိုကျမှုတွေ ဖြစ်ပွားခဲ့ချိန်မှာ အဲဒီ နေရာမှာ တောင်တက်သမားတွေနဲ့ ပြည့်နှက်နေပြီး နီပေါလူမျိုးနဲ့ နိုင်ငံခြားသားတွေ စုစုပေါင်း ၂၉ သေဆုံးခဲ့ကြောင်း အတည်ပြု သိရပါတယ်။ နှင်းမုန်တိုင်း ကျခဲ့ချိန်မှာ သေလုမတတ် အေးခဲသွားခဲ့ပြီး ဘာမှ မမြင်ရတော့ပဲ စမ်းတဝါးဝါးနဲ့ ရှေ့ကို လျှောက်ခဲ့ရကြကြောင်းနဲ့ အထမ်းသမားတွေဟာ သင့်တော်တဲ့ အဝတ်တွေ ဖိနပ်တွေကို ဝတ်ဆင်ထားတာမျိုး မရှိကြောင်း အသက်ရှင် လွတ်မြောက်လာသူတွေက ပြန်ပြောပြပါတယ်။ ဘီဘီစီ (မြန်မာပိုင်း) http://ift.tt/103TMns ခုချိန်ထိ သေဆုံးသူ ၂၉ ဦး ရှိပြီ from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/ZxzelX

တောင်ကိုရီးယား ဂီတရှိုးပွဲ မတော်တဆမှု ၁၄ ဦး သေ

တောင်ကိုးရီးယား နိုင်ငံ ဆိုးလ်မြို့ တောင်ပိုင်းမှာ ပေါ့ပ်ဂီတ ဖျော်ဖြေပွဲ တခုအတွင်း မတော်တဆမှုကြောင့် အနည်းဆုံး လူ ၁၄ ဦး သေဆုံးခဲ့ပြီး ၁၀ ဦး အကြီးအကျယ် ဒဏ်ရာရသွားပါတယ်။ တောင်ကိုရီးယားမှာ လူကြိုက်များတဲ့ 4Minute လို့ခေါ်တဲ့ အမျိုးသမီး ဂီတ အဖွဲ့ရဲ့ လဟာပြင် ဂီတ ဖျော်ဖြေပွဲမှာ လူတွေ တက်ကြည့်တဲ့ လေဝင်ပေါက် တစ်ခု ပြိုကျခဲ့တာ ဖြစ်ပါတယ်။ လူ ၇၀၀ လောက် လာကြည့်တဲ့ အထဲက အဲဒီ လေဝင်ပေါက် သံပန်းပေါ်မှာ လူ ၃၀လောက် ရပ်ကြည့် နေခဲ့ကြတာ ဖြစ်ပြီး ပြိုကျချိန်မှာ ၆၅ ပေ မြင့်တဲ့ မြေအောက် ကွန်ကရိ ကြမ်းခင်းပေါ်ကို ပြုတ်ကျခဲ့ကြတာပါ။ သေဆုံးသွားသူ အများစုဟာ ကျောင်းသားတွေလို့ ယူဆရပါတယ်။ အခု ဒီ ဖြစ်ရပ်ကြောင့် တောင်ကိုးရီးယားရဲ့ ဘေးကင်း လုံခြုံမှု စံနှုန်းအပေါ် အခြေအတင် ပြောဆိုမှုတွေ ပိုမို ကြီးထွားလာနိုင်ဖွယ် ရှိတယ်လို့ ဆိုးလ်မြို့မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။ BBC Burmese http://ift.tt/11CNlrQ from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/11CNnAa

နူတ်ဆက် လက်ပြ ထွက်ခွာသွားသူ

၁၇ အောက်တိုဘာ ၂၀၁၄ ရက်နေ့ နေပြည်တော်ကောင်စီ ဒက္ခိဏခရိုင်တရားရုံးရှေ့တွင် သတင်း မီဒီယာသမားများ အရပ်ဝတ်လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် စိတ်ပါဝင်စားကြသူ ပြည်သူပရိတ်သတ်အချို့ တစ်စုံတစ်ရာကို မျှော်လင့်စောင့်ကြိုနေကြပါတယ်။ ၁၉ ဇူလိုင်လမှ စတင်၍ အထူးစုံစမ်းရေးဦးစီးဌာနမှ တရားလိုပြုလုပ်၍ နိုင်ငံတော်ဘဏ္ဍာငွေ သိန်း ၁၀၀ ကျော် အလွဲသုံးစားမှုပြစ်မှုအမှတ် ၄၁/၁၄ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၀၉ ၊ နိုင်ငံတော်အား အကြည်ညိုပျက်စေမှု ပြစ်မှုအမှတ် ၄၂/၁၄ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၂၄/က တို့ ဖြင့် ဒက္ခိဏခရိုင်တွင် တရားစွဲဆိုထားသော ကိစ္စ စီရင်ချက်အမိန့်ချမည်ဖြစ်၍ တရားရုံးရှေ့တွင် ဦးဆန်းဆင့်အား စောင့်မျှော် ကြေခြင်းဖြစ်ပါတယ်။ နံနက် ၁၀း၁၅ အချိန်တွင် လုံခြုံရေးယာဉ်တန်းဖြင့်ရောက်ရှိလာပြီး ခရိုင်တရားသူကြီး ရုံးခန်းအတွင်းသို့ ၀င်ရောက်ပြီး တရားသူကြီးမှ ဦးဆန်းဆင့်အား တရားစွဲဆိုထားသည့် ပုဒ်မ (၄၀၉)နှင့် ပတ်သက်၍ စစ်ဆေးပေါ်ပေါက်ချက် ပုဒ်မ ၁၂၄(က)နှင့် ပတ်သက်၍ စစ်ဆေးပေါ်ပေါက်ချက်များကို ရှင်းလင်းဖတ်ကြားပါတယ်။ ပုဒ်မ ၄၀၉ နှင့် ပတ်သက်၍ ယက္ကန်းစင်တောင် နှစ်ကျိပ်ရှစ်ဆူအောင်တော်မူစေတီတည်ဆောက် ရေး ထီးတင်ပွဲတို့တွင် ဌာနပိုင်ယာဉ်ကိုအသုံးပြုခြင်း၊ အလှူအတွက