Skip to main content

Posts

Showing posts from December 31, 2014

ကွမ်းကြောင့်ဖြစ်တဲ့ ပါးစောင်ကင်ဆာ

17.12.2014 နေ့မှာ 39နှစ်အရွယ် ဘုန်းကြီးတစ်ပါး ပါးစောင်က ပေါက်ထွက်နေတဲ့အနာ ကျနော့်ကိုလာပြတယ်၊ မန်းရည်ရယ် သွားရည်ရယ် သွေးရယ် ပြည်ပုပ်တွေရယ် စီးကျလို့ နံဟောင်နေတယ်၊ သေချာကြည့်လိုက်တော့ အဆင့်လွန်နေပြီဖြစ်တဲ့ ပါးစောင်ကင်ဆာ၊ ပေါက်ထွက်နေတာက တစ်နှစ်ကျော်ကြာပြီ၊ အောက်မေးရိုးက ကင်ဆာဆဲလ်တွေပြန့်ပြီးဆွေးလို့ ကျိုးနေပြီ၊ လည်ပင်းမှာလည်း အကျိတ်တွေကခဲလို့၊ ညာဘက်ခြမ်းကိုပါ ပျံ့စပြုနေပြီ၊ ၂၆နှစ်အရွယ်မှာမှကွမ်းစ စားတတ်ခဲ့တာတဲ့။ ဆေးရုံချက်ချင်းတင်၊ ခံတွင်းသန့်စင်အောင် နှာခေါင်းပိုက်ထည့်၊ အနာကိုနေ့စဉ် သန့်ရှင်းရေးလုပ်၊ ပိုးသတ်ဆေးတွေပေးနဲ့ အနံ့အသက်နံဟောင်နေတာတွေ နှစ်ရက်အတွင်း သိသိသာသာ လျော့လာပါတယ်။ တကယ်တော့ ဒီအခြေအနေဟာ နောက်ဆုံးအဆင့်ပါ၊ သေမိန့်စောင့်နေရုံပါပဲ။ အနာဆေးထည့်တိုင်းလည်း သွေးတွေက စီးကျနဲ့ လူနာမပြောနဲ့ ဆေးထည့်ပေးရတဲ့ ဆရာဝန်ကိုယ်တိုင် စိတ်ပျက်အားလျော့လာမိတယ်။ ကျနော်တော်တော်စိတ်ညစ်သွားပါတယ်၊ လွန်ခဲ့တဲ့အပါတ်ကပဲ ကွမ်းစားလို့ဖြစ်တဲ့လျှာကင်ဆာနဲ့ အသက်၂၈နှစ်အရွယ် လူနာတစ်ဦးကို ENT surgeon နဲ့အတူ လည်ပင်းကအကျိတ်တွေထုတ် လျှာတစ်ခြမ်းဖြတ်ထုတ်တဲ့ ခွဲစိတ်မှုကို လုပ်ပေးခဲ့ရပါတယ်၊ ကွမ်းကြောင့်ဖြစ်လိုက်ကြတဲ့ ပါးစေ