Skip to main content

Posts

Showing posts from April 2, 2015

လူငယ်လူရွယ်များကိုပါ ခြိမ်းခြောက်လာနေသော လေဖြတ်ခြင်း

လူငယ်လူရွယ်များဟာ လေဖြတ်ခြင်းကြောင့် ဖြစ်ပွားရတဲ့ သေဆုံးမှု၊ မသန်စွမ်းဖြစ်မှုနဲ့ နာမကျန်း ဖြစ်မှုတွေဟာ လာမယ့်၂၀၃၀ပြည့်နှစ် မှာ နှစ်ဆတက်လာနိုင်ဖွယ်ရှိကြောင်း သုတေသနတစ်ခုမှာ ဖော်ပြထားပါတယ်။ အသက်၂၀မှ၄၀အတွင်းရှိသူများမှာ လေဖြတ်ခြင်းကို ကြုံတွေ့ ခံစားလာရခြင်းဟာ လွန်ခဲ့တဲ့နှစ်ပေါင်း၂၀ခန့်က ထက်လေဖြတ်သူစုစုပေါင်းမှာ ၃၁%ရှိလာတယ်လို့ ထိပ်တန်းဆေးပညာ ဂျာနယ်တစ်စောင် ဖြစ်တဲ့ The Lancet မှာ ဖော်ပြထားပါတယ်။ ဒီအရေအတွက်ဟာ ၁၉၉၀ ခုနှစ်တုန်းက၂၅%ပဲရှိရာကနေ တိုးလာတာဖြစ်ပါတယ်။ အသက်၂၀နှစ်အောက် လူငယ်တွေမှာ လေဖြတ်ခြင်းကို ခံစားရသူတွေဟာ နှစ်စဉ်နှစ်တိုင်းမှာ တစ်ကမ္ဘာလုံးအရေအတွက်အရဆိုရင် ၈၃၀၀၀ ဦးရှိလာနေပြီး ဒါဟာလေဖြတ်ရောဂါရှင်တွေရဲ့ ၀.၅%ဖြစ်လာနေပါတယ်။ WHO ကတော့ လေဖြတ်ခြင်းရဲ့ ခြိမ်းခြောက်မှုဟာ အသက်ကြီးတဲ့သူတွေကနေ အသက်ငယ်သူတွေဆီကို ရွေ့လာနေကြောင်း၊ ဒါဟာ ဘ၀နေထိုင်မှုပုံစံ မမှန်ခြင်းကြောင့် ဖြစ်ရကြောင်းကို ထောက်ပြထားပါတယ်။လူငယ်တွေမှာ ယမကာမှီဝဲ ခြင်း၊ အစားအစာများ ပိုငန်လာခြင်း၊ ဆေးလိပ်သောက်ခြင်းနဲ့ ကယ်လိုရီတွေ တက်လာခြင်းတွေဟာ လေဖြတ်နိုင်ချေကို ပိုများစေတဲ့ ဘ၀နေထိုင်မှု ပုံစံတွေပဲဖြစ်ပါတယ်။ ယခင်ကလေဖြတ်ခြင်းကို အသက် ၇၀ကျော်

ကျောက်ကပ်ရောဂါမဖြစ်အောင် ဒီ (၃) ချက်ကိုဆောင်

၁။ ရေကို လုံလောက်စွာ သောက်ပါ ၂။ နွားနို့၊ ဒိန်ချဉ် သောက်ပါ ၃။ ဆား၊ အငံတို့ကို လျှော့စားပါ ၁။ ရေဓါတ်ပြည့်ဝနေလျှင် ခန္ဓာကိုယ်ဟာ ကျန်းမာနေမည်။ ရေကို လုံလောက်စွာ သောက်ပေးပါ။ သင်အများဆုံး နေလေ့ရှိတဲ့နေရာအနားမှာ ရေဗူးကို အမြဲထားပါ။ ရေဆာတိုင်း သောက်ပေးပါ။ ရေဓါတ်ခန်းခြောက်နေတဲ့ ကိုယ်ဟာ ကျောက်ကပ်ဖြစ်နိုင်ခြေ ၂၀ % ရှိပြီး ရေဓါတ်လုံလောက်နေလျှင် ၆၀% ကာကွယ်ပေးနိုင်ပါတယ်။ ၂။ နွားနို့နဲ့ ဒိန်ချဉ်မှာ ပါရှိတဲ့ ကာလ်စီယမ်ဓါတ်ဟာ သွေးဖိအားကို လျှော့ချပေးနိုင်ပြီး ကျောက်ကပ်ရောဂါဖြစ်နိုင်ခြေ ၂၀ % အထိကာကွယ်ပေးနိုင်ပါတယ်။ တစ်နေ့ကို နွားနို့်တစ်ခွက်၊ သို့မဟုတ် ဒိန်ချဉ် နှစ်ခွက် သောက်ပေးနိုင်ပါတယ်။ ၃။ ဆားနှင့်အငံဓါတ်တို့ဟာ ကယ်လ်စီယမ်ဓါတ်ကို စွန့်ထုတ်မှုပိုများစေပြီး အရိုးသန်မာမှုကို လျှော့နည်းစေတဲ့အပြင် ကျောက်ကပ်မှာ ကျောက်တည်ခြင်းဖြစ်စေနိုင်ခြေကိုလည်း ပိုများစေသည့်အတွက် ဆားကို လျှော့စားသင့်ပါတယ်။ စောနွဲ့ နေဆိုင်(ပူတာအို) ကိုးကား ။ ။ salt and kidney infection, Good Health ကျန်းမာရေးသတင်းများ from သစ်ထူးလွင် (ကျန်းမာရေး) - Thit Htoo Lwin http://ift.tt/1y4Tg8s

ရှောက်သီးမှ ပေးစွမ်းနိုင်သော အလှအပဆိုင်ရာ အာနိသင်များ

ရှောက်သီးကို အလှအပအတွက် သဘာဝ အိမ်သုံးပစ္စည်းအဖြစ် အသုံးပြုနိုင်ပါတယ်။ (၁) ဆံသားတောက်ပြောင်စေတယ် ခေါင်းလျှော်ပြီးတဲ့အခါ ဆံသားအနှံ့ကို ရှောက်ရည်တစ်ဆနဲ့ ရေတစ်ဆရောထားတဲ့ အရည်ကို လိမ်းပါ။ မိနစ် အနည်းငယ် ထားပြီးနောက် ရေနဲ့ သန့်စင်ပေးပါက ဆံသားတွေ တောက်ပြောင်လှပစေပါတယ်။ (၂) မျက်နှာလိမ်း တိုနာအဖြစ် အသုံးပြုနိုင်တယ် ရှောက်ရည်က ချွေးပေါက်တွေကို ကျုံ့စေတဲ့ အာနိသင်ရှိပါတယ်။ ရှောက်ရည် အနည်းငယ်ကို ဂွမ်းစအနည်းငယ်နဲ့ တို့ယူပြီး တိုနာအဖြစ် သင့်မျက်နှာပေါ်မှာ လိမ်းပေးပါက မျက်နှာအဆီပြန်တာကို သက်သာစေပါတယ်။ (၃) လက်သည်းဖြူစေတယ် လက်သည်းအရောင်က ဝါကြန့်ကြန့်ဖြစ်လို့ အရောင်မလှ ဖြစ်နေရင် ရှောက်ရည်ကို အသုံးပြုနိုင်ပါတယ်။ ရှောက်သီးကို အရည်ညှစ်ပြီး ပန်းကန်တစ်ခုထဲ ထည့်ပါ။ အဲဒီပန်းကန်ထဲကို လက်ချောင်းလေးတွေ ထည့်စိမ်ထားပြီး မိနစ်အနည်းငယ် ကြာတဲ့အခါ လက်မှာ စွန်းထင်းနေတာတွေ ပျောက်ပြီး လက်သည်းတွေ ဖြူဖွေးလာပါလိမ့်မယ်။ (၄) ချွေးနံ့ပျောက်စေတယ် ရှောက်ရည်ထဲမှာပါဝင်တဲ့ စစ်ထရစ် အက်စစ်က အနံ့အသက်ဆိုးဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားနိုင်တဲ့ အာနိသင် ရှိတာကြောင့် ချိုင်းချွေးနံ့ ပျောက်လိုပါက ချိုင်းအောက်မှာ သုတ်လိမ်းပေးနိုင်ပါတယ်။

ဆံသားပြဿနာ အဖြေရှာနိုင်မည့် နည်းလမ်းများ

ဆံသားပြဿနာ အဖြေရှာနိုင်မည့် နည်းလမ်းများ သင်ပိုင်ဆိုင် ထားတဲ့ ဆံပင်အမျိုးအ စားပေါ်မူတည်ပြီး လိုသလို ပြောင်းလဲယူ နိုင်မယ့် ဖြေရှင်းနည်းတွေကို ရေးသား လိုက်ပါတယ်။ ကောက်ကွေးလိမ်နေသော ဆံပင် ကောက်ကွေးလိမ်ပြီး ရှုပ်ပွနေ တဲ့ ဆံနွယ်တွေကြောင့် မှန်ကြည့်တိုင်း သင့် စိတ်အလိုမကျမှုတွေ ဖြစ်ပေါ်ခံစားနေရ ပါသလား။ ဘယ်လို ဖြေရှင်းမလဲခေါင်းလျှော်ပြီးတဲ့ အခါတိုင်း ဆံပင် ပေါင်းဆေး သုံးပေးပါ။ သင့်မျက်နှာနဲ့ လိုက်ဖက်တဲ့ ဆံပင်ပုံစံကို ညှပ်ပြီး ခေါင်း လိမ်းဆီလိမ်းကာ ဆံပင်ကို သပ်ရပ်စွာ ဖီးပေးပါ။ ဆံသားနူးညံ့ ပျော့ပျောင်းစေဖို့ တစ်ပတ်တစ်ခါ ဗီတာမင် အီးကို ဆံသား အနှံ့လိမ်းပြီး ညင်သာ စွာနှိပ်နယ်ပေးပါ။ ဗောက်ထခြင်းအင်္ကျီအရောင်ရင့်ရင့် မဝတ်ရဲ လောက်အောင် သင့်ခေါင်းပေါ်က ဗောက်တွေက အနှောင့်အယှက်ပေးနေ ပါသလား။ ခေါင်းကုတ်လိုက်တိုင်း ကျ လာတဲ့ဗောက်ဖြူဖြူတွေကြောင့် လူကြား ထဲမှာ မဝံ့မရဲဖြစ်နေရပြီလား။ ဘယ်လိုဖြေရှင်းမလဲဗောက်ထလွန်းတဲ့ သင့်ဦးရေပြားကို ဖြေရှင်းဖို့က သင်သုံးတဲ့ခေါင်းလျှော် ရည်ကို ပြောင်းလဲ အသုံးပြုဖို့ပါ။ ဆီ လီနီယမ်ဆာလဖိုက် ဒါမှမဟုတ် ဇင့်ပိုင်ရီသီအုန်း ပါဝင်တဲ့ ခေါင်း လျှော်ရည်ကို တစ်ပတ် နှစ်-သုံး ကြိမ် အသုံးပြုပြီး ခေါင