Skip to main content

လူငယ်လူရွယ်များကိုပါ ခြိမ်းခြောက်လာနေသော လေဖြတ်ခြင်း





လူငယ်လူရွယ်များဟာ လေဖြတ်ခြင်းကြောင့် ဖြစ်ပွားရတဲ့ သေဆုံးမှု၊ မသန်စွမ်းဖြစ်မှုနဲ့ နာမကျန်း ဖြစ်မှုတွေဟာ လာမယ့်၂၀၃၀ပြည့်နှစ် မှာ နှစ်ဆတက်လာနိုင်ဖွယ်ရှိကြောင်း သုတေသနတစ်ခုမှာ ဖော်ပြထားပါတယ်။ အသက်၂၀မှ၄၀အတွင်းရှိသူများမှာ လေဖြတ်ခြင်းကို ကြုံတွေ့ ခံစားလာရခြင်းဟာ လွန်ခဲ့တဲ့နှစ်ပေါင်း၂၀ခန့်က ထက်လေဖြတ်သူစုစုပေါင်းမှာ ၃၁%ရှိလာတယ်လို့ ထိပ်တန်းဆေးပညာ ဂျာနယ်တစ်စောင် ဖြစ်တဲ့ The Lancet မှာ ဖော်ပြထားပါတယ်။ ဒီအရေအတွက်ဟာ ၁၉၉၀ ခုနှစ်တုန်းက၂၅%ပဲရှိရာကနေ တိုးလာတာဖြစ်ပါတယ်။

အသက်၂၀နှစ်အောက် လူငယ်တွေမှာ လေဖြတ်ခြင်းကို ခံစားရသူတွေဟာ နှစ်စဉ်နှစ်တိုင်းမှာ တစ်ကမ္ဘာလုံးအရေအတွက်အရဆိုရင် ၈၃၀၀၀ ဦးရှိလာနေပြီး ဒါဟာလေဖြတ်ရောဂါရှင်တွေရဲ့ ၀.၅%ဖြစ်လာနေပါတယ်။ WHO ကတော့ လေဖြတ်ခြင်းရဲ့ ခြိမ်းခြောက်မှုဟာ အသက်ကြီးတဲ့သူတွေကနေ အသက်ငယ်သူတွေဆီကို ရွေ့လာနေကြောင်း၊ ဒါဟာ ဘ၀နေထိုင်မှုပုံစံ မမှန်ခြင်းကြောင့် ဖြစ်ရကြောင်းကို ထောက်ပြထားပါတယ်။လူငယ်တွေမှာ ယမကာမှီဝဲ ခြင်း၊ အစားအစာများ ပိုငန်လာခြင်း၊ ဆေးလိပ်သောက်ခြင်းနဲ့ ကယ်လိုရီတွေ တက်လာခြင်းတွေဟာ လေဖြတ်နိုင်ချေကို ပိုများစေတဲ့ ဘ၀နေထိုင်မှု ပုံစံတွေပဲဖြစ်ပါတယ်။

ယခင်ကလေဖြတ်ခြင်းကို အသက် ၇၀ကျော် သက်ကြီးရွယ်အိုတွေမှာ ကာကွယ်ကုသမှုတွေလုပ်ခဲ့ရပေမယ့် အခုအချိန်မှာတော့ အသက် ငယ်ရွယ်သူတွေကိုပါ အခုအချိန်မှာ အာရုံစိုက်လာရပါပြီ။ နောက်ပြီး လူငယ်တွေမှာ ဦးနှောက်သွေးကြောပေါက်လို့ဖြစ်ရတဲ့ လေဖြတ်ခြင်းဟာလည်း အရေအတွက် များလာနေပါတယ်။


ဒီလေ့လာမှုမှာတော့ လူငယ်တွေမှာလေဖြတ်ခြင်းကြောင့် ဖြစ်ပွားရတဲ့သေဆုံးမှု၊ မသန်စွမ်းဖြစ်မှုနဲ့ နာမကျန်းဖြစ်မှုတွေဟာလာမယ့် ၂၀၃၀ပြည့်နှစ်မှာ နှစ်ဆတက်လာနိုင်ဖွယ်ရှိပြီး အထူးသဖြင့် ဖွံဖြိုးဆဲနိုင်ငံတွေနဲ့ အလယ်အလတ် ဖွံ့ဖြိုးနေတဲ့ နိုင်ငံတွေမှာ ပိုပြီးအဖြစ်များမယ်လို့ ဖော်ပြထားပါတယ်။ ဒါဟာ အဲဒီ နိုင်ငံတွေက လူငယ်တွေမှာ ဆေးလိပ်သောက်ခြင်း၊ အ၀လွန်ခြင်း၊ သွေးတိုးခြင်း၊ ကိုယ်လက်လှုပ်ရှားမှု နည်းပါးလာခြင်း၊ ဆေးလိပ်သောက်ခြင်းတွေ ပိုမိုမြင့်တက်လာခြင်းနဲ့ ဆက်စပ်နေပါတယ်။


သန့်စင်

ref;AFP


Health Updates Journal





from သစ်ထူးလွင် (ကျန်းမာရေး) - Thit Htoo Lwin http://ift.tt/1y4Tj40

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...