Skip to main content

Posts

Showing posts from December 8, 2014

ဘူးသီးတောင်တွင် ဘင်္ဂါလီ အမျိုးသား တစ်ဦးက ဘင်္ဂါလီ အမျိုးသမီး တစ်ဦးအား ခေါင်းဖြတ်သတ်

ပုံ - ခေါင်းဖြတ် အသတ်ခံရသည့် ဘင်္ဂါလီအမျိုးသမီးအား သင်္ဂြိုဟ်ရန် ရွာသားများသယ်ဆောင်သွားစဉ်။ Rakhine News Agency ဘူးသီးတောင်မြို့နယ်၊ ရွာမကျေးရွာ အနီးတွင် ဘင်္ဂါလီ အမျိုးသား တစ်ဦးက ဘင်္ဂါလီ အမျိုးသမီး တစ်ဦး အား ခေါင်းဖြတ် သတ်မှု တစ်ခု ဖြစ်ပွား ခဲ့ကြောင်း သတင်း ရရှိသည်။ ယင်းလူသတ်မှုသည် ယခုလ၄ရက်နေ့က ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ခေါင်းဖြတ် အသတ်ခံရသူမှာ အသက် ၁၅နှစ်အရွယ် ဘင်္ဂါလီ အမျိုးသမီး တစ်ဦး ဖြစ်ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ယင်းနေ့ နေ့လည်ပိုင်းတွင် ရွာမဘင်္ဂါလီကျေးရွာနေ မယာစမိန် (အသက် ၁ ၅နှစ်) (ဘ)အီမန်ဟူဆောင်းသည် သူမ၏ အဖွားဖြစ်သူနှင့်အတူ မိမိတို့နေထိုင်ရာ ရွာအနီးတောစပ်တွင် ထင်းရှာဖွေနေခဲ့ကြသည်။ ထိုသို့ ရှာဖွေနေစဉ် အမည်မသိသူ ဘင်္ဂါလီတစ်ဦးသည် ဓားမတစ်ချောင်း ကိုင်ဆောင်ကာ ပြေးလာပြီး မယာစမိန်ကို ရုတ်တရက် ဝင်ခုတ်ရာဦးခေါင်း ပြတ်ထွက်သွားခဲ့ပြီး ၁ဝပေ အကွာအထိ လွင့်စင်ထွက်သွားခဲ့သည်ဟု သိရှိရသည်။ “သေဆုံးသူရဲ့ အလောင်းကို ဦးခေါင်းသပ်သပ်၊ ခန္ဓာကိုယ်သပ်သပ် ၁ဝပေလောက်အထိ ကွာပြီး တွေ့ပါတယ်။ အဲဒီရွာနား တောစပ်က လယ်ကန်သင်းဘေးမှာ တွေ့ခဲ့ရတာပါ၊ အဲဒီတရားခံကိုတော့ ရွာသားတွေအကူအညီနဲ့ လက်နက်နဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။ သူအသုံးပြုခဲ့တဲ...

စစ်လက်နက်ပစ္စည်းများ တင်ဆောင်လာသော ရုရှားကုန်တင် လေယာဉ်တစ်စင်းအား ဖမ်းဆီးထိန်းသိမ်း

အဘူးဂျာ ၊ ၉-၁၂-၂၀၁၄ နိုင်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်း ကာနိုမြို့တွင် စစ်လက်နက် ပစ္စည်းများ တင်ဆောင်လာသော ရုရှားကုန်တင် လေယာဉ်တစ်စင်း ကို ဖမ်းဆီးထိန်းသိမ်း ခဲ့ကြောင်း ၄င်းနိုင်ငံရှိ အာဏာပိုင် များက ဒီဇင်ဘာ ၇ ရက်တွင် ပြောကြား ခဲ့ကြောင်း Xinhua သတင်းတစ်ရပ် အရ သိရသည်။ Antonov အမျိုးအစား အဆိုပါ ကုန်တင်လေယာဉ် ၏ ဇာစ်မြစ်နှင့် လေယာဉ်ပေါ်တွင် တင်ဆောင် လာသည့် စစ်လက်နက် ပစ္စည်းများနှင့် ပတ်သက်၍ စုံစမ်း စစ်ဆေးမှုများ လုပ်ဆောင်လျက် ရှိကြောင်း နိုင်ဂျီးရီးယား ကာကွယ်ရေး ဝန်ကြီးဌာနမှ အကြီးအကဲ၏ ပြောကြားချက်ကို တွစ်တာဝက်ဘ်ဆိုက် တွင် ဒီဇင်ဘာ ၇ ရက်က ဖော်ပြ ထားသည်။ အဆိုပါ လေယာဉ်ကို ဒီဇင်ဘာ ၆ ရက်က ဖမ်းဆီးထိန်းသိမ်း ခဲ့ခြင်းဖြစ်ပြီး ဘိုကိုဟာရမ် စစ်သွေးကြွ အဖွဲ့သို့ စစ်လက်နက်များ ပေးပို့သည့် လေယာဉ် ဖြစ်သည်ဟု ယူဆရကြောင်း SAHARA Reporters သတင်းဌာန က ဖော်ပြခဲ့သည်။ ၄င်းလေယာဉ်သည် ရုရှားနိုင်ငံပိုင် လေယာဉ် ဖြစ်ကြောင်း အဘူးဂျာမြို့ ရှိ ရုရှားသံရုံးက ကနဦးတွင် ငြင်းဆို ခဲ့သော်လည်း နောက်ပိုင်းတွင် ရုရှားပိုင် လေယာဉ် ဖြစ်ကြောင်း အတည်ပြု ပြောကြား ခဲ့သည်။ ထို့ပြင် ၄င်းလေယာဉ် ပေါ်တွင် ပြင်သစ် စစ်လက်နက် ပစ္စည်းများ တင်ဆောင် ...

The Messenger NewsJournal Vol.5,No.28

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။ from သစ်ထူးလွင် (သတင်းစာ၊ ဂျာနယ်နှင့် ရုပ်သံ) - Myanmar News Now http://ift.tt/1G8vCHK via IFTTT

လူသားချင်းစာနာမှု အကူအညီ လိုအပ်တဲ့နိုင်ငံစာရင်း မြန်မာပါဝင်

အကြမ်းဖက်မှုတွေ၊ ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ နိုင်ငံပေါင်း ၂၂ နိုင်ငံက လူဦးရေ ၅၇ သန်းကို လူသားချင်းစာနာမှု အကူအညီ တွေပေးနိုင်ဖို့ ၂၀၁၅ ခုနှစ် အတွက် ဒေါ်လာသန်းပေါင်း ၁၆.၄ ဘီလျံလိုအပ်နေကြောင်း ကုလသမဂ္ဂက မေတ္တရပ်ခံ လိုက်ပါတယ်။ ဒီ လူသားချင်း စာနာမှု အကူအညီတွေ လိုအပ်နေတဲ့ ၂၂ နိုင်ငံထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်ပါတယ်။ လူသားချင်း စာနာမှုဆိုင်ရာ မေတ္တာရပ်ခံ ချက်ထုတ်ပြန်တဲ့ ဂျနီဗာကနေ VOA သတင်းထောက် Lisa Schlein ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင်က တင်ပြပေးထားပါတယ်။ လူသားချင်းစာနာမှုဆိုင်ရာအကူအညီလိုအပ်မှုတွေဟာ နှစ်စဉ်မြင့်မားလာနေပြီး ဒီလိုအပ်နေတဲ့ အကူအညီတွေရဖို့ကတော့ တနှစ်ထက်တနှစ် ကျဆင်း သွားတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ တကမ္ဘာလုံးက ခန့်မှန်းခြေ လူဦးရေ ၇၈ သန်းဟာ အကူအညီတွေလိုအပ်နေတာပါ။ မြန်မာနိုင်ငံတွင်းက လူဦးရေ (၅၃၆,၄၀၀) ကို ကူညီဖို့ အမေရိကန်ဒေါ်လာ ၁၉၁.၇ သန်း လိုအပ်နေတယ်လို့လည်း ၂၀၁၅ခုနှစ် နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အကူပေးရေး လျာထားချက်မှာ ဖေါ်ပြထားပါတယ်။ ဒါပေမယ့်လည်း အလှူငွေ အလုံအလောက်မရရှိတာကြောင့် ကုလသမဂ္ဂအနေနဲ့ အကူအညီ အလိုအပ်ဆုံးဦးရေ ၅၇.၅ သန်းကိုသာ ကူညီနိုင်မှာပါ။ ဆီးရီးယား၊ တောင်ဆူဒန်၊ အ...

လှိုင်သာယာမြို့နယ်၊ ပန်းလှိုင်တံတားလမ်းရှိ လမ်းဘေး ဓါတ်ဆီဆိုင်တွင် မီးလောင်မှုဖြစ်

ရန်ကုန်၊ ဒီဇင်ဘာ ၉ ၉.၁၂.၂၀၁၄ ရက်နေ့ ၀၈၃၅ အချိန်တွင် လှိုင်သာယာမြို့နယ်၊ အပြင်ပဒံကျေးရွာ၊ ပန်းလှိုင်တံတား လမ်းရှိ လမ်းဘေး ဓါတ်ဆီဆိုင်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ အနီးရှိ မော်တော်ယာဉ် (၁)စီးအား ကူးစက် လောင်ကျွမ်း ခဲ့ကြောင်း၊ ပတ်ဝန်းကျင် နေပြည်သူများနှင့် မီးသတ်ယာဉ်များ ရောက်ရှိမီးငြှိမ်း သတ်ခဲ့သဖြင့် ၀၉၀၀ အချိန်တွင် မီးငြိမ်း သွားခဲ့ ကြောင်းနှင့် တာဝန်ရှိသူများ ရောက်ရှိ စစ်ဆေး လျက်ရှိကြောင်း သတင်း ရရှိပါသည်။ Yangon Police http://ift.tt/1oASl5N from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1yJSLyf

ဖွဲ့စည်းပုံပြင်ရေးလက်မှတ်ထိုးသူ ဗိုလ်မှူးထောင်ချခံရမှု HRW ဝေဖန်

ဖွဲ့စည်းပုံပြင်ဆင်ရေး လက်မှတ်ထိုးလို့ မြန်မာ စစ်အရာရှိ တဦးကို ထောင်ဒဏ် အပြစ်ပေးတဲ့ ဖြစ်ရပ်ဟာ မြန်မာနိုင်ငံမှာ တကယ်ပဲ ပြုပြင် ပြောင်းလဲ ရေးတွေ လုပ်နေ တာလား ဆိုတဲ့ သံသယပိုပြီး ကြီးမားစေတယ်လို့ HRW အဖွဲ့ကြီးက ပြောပါတယ်။ အပြည့်အစုံကို မအင်ကြင်းနိုင်က တင်ပြပေး ထားပါတယ်။ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဦးဆောင်ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ဖော်ပြထားတဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး အတွက် လူထုထံ လက်မှတ် ကောက်ယူ လှုပ်ရှားမှု ကာလအတွင်း ပြင်ဦးလွင်မြို့မှာ ဗိုလ်မှူးကျော်စွာဝင်း ပါဝင်လက်မှတ်ရေးထိုး ခဲ့တာပါ။ သူ့ကို ဧပြီလက ဖမ်းဆီးခဲ့တာဖြစ်ပြီး ငါးလ အကြာမှာ စစ်ခုံရုံးက ပုဒ်မ (၄၁) အမိန့် မနာခံမှုနဲ့ ပုဒ်မ (၆၅) စစ်စည်းကမ်းနဲ့မညီဘဲ ပြုမူပြောဆိုမှု-စတာတွေနဲ့ ထောင်ဒဏ် (၂) နှစ်ချမှတ်လိုက်ပြီး မန္တလေး အိုးဘိုထောင်မှာ ထိန်းသိမ်းထားပါတယ်။ အခုလို ဗိုလ်မှူးကျော်စွာဝင်းကိုအရေးယူတဲ့လုပ်ရပ်ဟာ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေး တကယ်ပဲဖြစ်နေသလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာတယ်လို့ နယူးယောက်အခြေစိုက် HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွ့ကြီးရဲ့ အာရှရေးရာတာဝန်ခံ Brad Adams က ဗွီအိုအေကို ပြောပါတယ်။ “မြန်မာနိုင်ငံအနေန...

IS ကိုတိုက်ဖို့ ညွန့်ပေါင်းတပ် တွေ အီရတ် ကို ထပ်စေလွှတ်

သူတို့ ဘာသာရေး အမြင်တွေ အပေါ် လက်မခံသူတွေ ကို IS စစ်သွေးကြွတွေ က သတ်ဖြတ်နေ အစ္စလာမ္မစ် နိုင်ငံတပ်ကို တိုက်ဖျက်ဖို့ အမေရိကန် ခေါင်းဆောင်တဲ့ ညွန့်ပေါင်း အဖွဲ့က နောက်ထပ် တပ်တွေ အီရတ်ကို စေလွှတ်ဖို့ အသင့်ရှိတယ်လို့ သိရပါတယ်။ စစ်သွေးကြွတွေကို ရင်ဆိုင် နှိမ်နင်း နေရတဲ့ အီရတ် နယ်ခံ တပ်တွေကို လေ့ကျင့် အကြံပေး နိုင်ဖို့ နောက်ထပ် တပ်သား ၁၅ဝဝ စေလွှတ်မှာ ဖြစ်ကြောင်း ညွန့်ပေါင်း တပ်တွေရဲ့ တပ်မှူး အမေရိကန် ဗိုလ်ချုပ်ကြီး James Terry က ပြောကြား လိုက်ပါတယ်။ အခု ထပ်ပို့မယ့် တပ်အင်အားတွေ ဟာ အရင် ကအမေရိကန် စစ်သား ၃၁၀ဝ အီရတ်ကို ပို့ပေးမယ်ဆိုတဲ့ ကတိ အပြင် ထပ်ပို့မယ့်အင်အားပါ။ ဒီအခုအသစ်ပို့မယ့် တပ်အင်အား ၁၅၀ဝ အထဲမှာ ညွန့်ပေါင်း တပ်ပေါင်းစုတပ်တွေ ထဲက ဘယ်နိုင်ငံ က ဘယ်နှစ်ယောက် ပါတယ် ဆိုတာတော့ မထုတ်ပြန်ပါဘူး။ အမေရိကန် နိုင်ငံခြားရေးဌာန က ဒီတပ်ပေါင်းစုမှာ နိုင်ငံပေါင်း ၆၀ လောက် ပါဝင်တယ်ဆိုတာတော့ အရင် က ကြေညာထားပါတယ်။ အခုတပ်အင်အားတွေ အီရတ် ကိုတိုးပို့မှာနဲ့ပတ်သက်ပြီး အမေရိကန် ကာကွယ်ရေးဝန်ကြီး ချပ်ဟေဂယ် က အီရတ်တပ်တွေအနေနဲ့ အမေရိကန် အပါအဝင် တပ်ပေါင်းစု က အကူအညီတွေ နဲ့ နေရာယူသိမ်းပိုက်စစ်တွေ ကို ပိုလုပ်လာနိုင်မယ်၊ သ...

မြန်မာမှာ ဘိန်းစိုက်ပျိုးမှု လျော့ကျ

မြန်မာ နိုင်ငံဟာ ကမ္ဘာမှာ ဒုတိယ အများဆုံး ဘိန်း ထုတ်လုပ်တဲ့ နိုင်ငံ အဆင့်မှာ ဆက်ပြီး ရှိနေဆဲ မြန်မာ နိုင်ငံမှာ ဘိန်း စိုက်ပျိုးမှု ဟာ ၂၀၁၃ ခုနှစ်က ၅၇ ၈၀ဝ ဟက်တာ ရှိခဲ့ရာ ကနေ အခု ၂၀၁၄ မှာတော့ ဟက်တာ ၂၀ဝ ကျဆင်း သွားတယ်လို့ ကုလ သမဂ္ဂ မူးယစ် ဆေးဝါးနဲ့ ပြစ်မှု ဆိုင်ရာ ရုံး UNODC က ထုတ်ပြန်တဲ့ အစီရင် ခံစာမှာ ဖေါ်ပြထား ပါတယ်။ ဒီအတွက် ဘိန်းထုတ်လုပ်မှုဟာလည်း ၂၀၁၃ ခုနှစ်က တန်ချိန် ၈၇၀ ရှိရာ ကနေ ၂၀၁၄ မှာ တန်ချိန် ၆၇၀ အထိ လျော့ ကျသွားခဲ့ တယ်လို့ အစီရင် ခံစာက ဆိုပါ တယ်။ ဒါပေမယ့် လည်း မြန်မာ နိုင်ငံဟာ အာဖဂန် နစ္စတန် ပြီးရင် ကမ္ဘာမှာ ဒုတိယ အများဆုံး ဘိန်း ထုတ်လုပ်တဲ့ နိုင်ငံ အဆင့်မှာ ဆက်ပြီး ရှိနေဆဲ ဖြစ်ပါတယ်။ အခုလို အာဖဂန် ပြီးရင် မြန်မာ ဒုတိယ လိုက်ပေမယ့် တကယ် တန်းမှာ စိုက်ပျိုး ထုတ်လုပ်မှု ကွားခြား မှုကတော့ အလွန် တရာမှ ကွာခြား တယ်လို့ မူးယစ် ဆေးဝါး တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့က စီမံကိန်း ဌာနမှူး ရဲမှူးကြီး ဇော်လင်းထွန်း က ဘီဘီစီကို ပြောပါတယ်။ အမှန်တော့ တခြား ဘိန်း စိုက်ပျိုးမှုတွေ ရှိနေတဲ့ ကိုလံဘီယာ၊ မက္ကဆီကို လို နိုင်ငံ တွေက ဘိန်းစိုက် တာတွေကို လေ့လာမှု တွေ လုပ် မရတဲ့ အခြေ အနေ မျိုး ရှိတယ် လို့လည်း ရဲမှူးကြီးက...

မြန်မာဘိန်းထုတ်လုပ်မှု ၂၅ % ကျဆင်း

၂၀၁၄ ခုနှစ်၊ ကုလမူးယစ်ဆေးဝါး တိုက်ဖျက်ရေးဌာန မြန်မာပြည်အတွက် အစီရင်ခံစာ (ဒီဇင်ဘာ ၈၊ ၂၀၁၄) မြန်မာနိုင်ငံရဲ့ဘိန်းထုတ်လုပ်မှု ၂၅ ရာခိုင်နှုန်းလောက် ကျဆင်းသွားတယ်လို့ ကုလ မူးယစ်ဆေးဝါးနဲ့ ရာဇ၀တ်မှုတိုက်ဖျက်ရေးရုံး UNODC ရဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာ ဖော်ပြလိုက်ပါတယ်။ ဘိန်းစိုက်ဧက လျော့ကျလာပြီး ရာသီဥတုမကောင်းတာနဲ့ ပိုးကျတာတွေကြောင့် အခုလို ကျဆင်းလာတာဖြစ်ပြီး အာဏာပိုင်တို့ဘက်က ဘိန်းခင်းတွေကို အမြစ်ပြတ်ချေမှုန်းမှုကလည်း တိုးလာပါတယ်လို့ ကုလ အစီရင်ခံစာက ဖော်ပြပါတယ်။ မြန်မာနိုင်ငံရဲ့ဘိန်းထုတ်လုပ်မှုနဲ့ တိုက်ဖျက်မှုအခြေအနေတွေကို မသိင်္ဂီထိုက် စုစည်းတင်ပြထားပါတယ်။ မြန်မာနိုင်ငံမှာ ဒီနှစ် ၂၀၁၄ ခုနှစ်အတွင်း ဘိန်းထုတ်လုပ်မှု တန်ချိန် ၆၇၀ ရှိခဲ့ပြီး ဒီပမာဏက ၂၀၁၃ ခုနှစ်က ဘိန်းအထွက်နဲ့ယှဉ်ရင် တန်ချိန် ၂၀၀ တိတိ ပြုတ်ကျသွားတာ ဖြစ်ပါတယ်။ ဒီနှစ်အတွင်း ဘိန်းစိုက်ပျိုးမှုကလည်း အရင်နှစ်ကထက် ဟက်တာ ၂၀၀ လောက် ကျသွားတာဖြစ်ပြီး စုစုပေါင်း စိုက်ဧက ဟက်တာ ၅ သောင်း ၇ ထောင်၆ ရာ ရှိခဲ့တယ်လို့ UNODC ကုလ မူးယစ်ဆေးဝါးနဲ့ ရာဇ၀တ်မှုတိုက်ဖျက်ရေးရုံးရဲ့ ဒီကနေ့ထုတ်တဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် အာဏာပိုင်တွေဘက်က ဘိန်းခင်းတွေ အမြစ...

ခိုထောင်းကျွန်း လူသတ်မှု ထိုင်း တရားရုံး စတင်စစ်ဆေး

(ဓါတ်ပုံ ဘန်ကောက်ပို့ စ်) ထိုင်းနိုင်ငံ ခိုထောင်းကျွန်း လူသတ်မှုအတွက် ဖမ်းဆီး ခံထားရတဲ့ မြန်မာလုပ်သားနှစ်ဦးကို ဒီကနေ့ Koh Samui ခရိုင်တရားရုံးမှာ ပထမဦးဆုံး အကြိမ်အဖြစ် ရုံးထုတ် စစ်ဆေးခဲ့ပါတယ်။ ထိုင်းအစိုးရက သူတို့နှစ်ဦးကို လူသတ်မှု၊ မုဒိန်းမှု၊ တရားမ၀င်နေထိုင်မှု စတဲ့ ပုဒ်မ ၇ ခုနဲ့ တရားစွဲဆို ထားတာ ဖြစ်ပါတယ်။ ဒီနေ့ တရားရုံးမှာ လူငယ် ၂ ဦးက အဲ့ဒီအမှုတွေကို မကျူးလွန်ကြောင်း ထွက်ဆိုခဲ့တယ်လို့ တရားရုံးကိုတက်ရောက် ခဲ့တဲ့ မြန်မာ သံရုံးအထူးအဖွဲ့ဝင် ရှေ့နေ ဦးအောင်မျိုးသန့် ကပြော ပါတယ်။ "ပုဒ်မ ၇ ခုနဲ့ စွပ်စွဲတယ်၊ ဒါကိုဖြေရှင်းဖို့ဆိုပြီးတော့ တရားရုံးကနေပြီးတော့ ဒီနေ့ အမိန့်ချပေးတာပါ၊ တရားရုံးကနေပြီးတော့ အစွပ်စွဲခံရတဲ့ ကလေး ၂ ယောက်ပေါ်မှာ ပုဒ်မ ၇ ခုနဲ့စွဲတယ်ဆိုတဲ့ အကြောင်းကို ပုဒ်မကိုရှင်းပြတယ်၊ ပြီးလို့ရှိရင် ဒီပုဒ်မနဲ့ ပတ်သက်ပြီးတော့ ကျူးလွန်ခြင်း ရှိ၊ မရှိမေးတယ်၊ ညနေပိုင်းမှာတော့ သေဆုံးသူ မိဘတွေရဲ့ရေးတဲ့စာကိုဖတ်ပြတယ်၊ ဒီလောက်ပါပဲ" သေဆုံးသူ ဗြိတိန်နိုင်ငံသားနှစ်ဦးရဲ့ မိဘတွေက သူတို့သားသမီး ၂ ဦးရဲ့ ကိုယ်ရေးအကျဉ်းကို တရားရုံးကို ပေးပို့ခဲ့ တယ်လို့ သိရပါတယ်။ ဖမ်းဆီးခံထားရတဲ့ ကိုဝင်းဇေ...

ဟန်းနီးမွန်း လူသတ်မှု စွဲချက်ကို တရားသေ လွှတ်ပေး

Shrien Dewani ကို အပြစ်မရှိကြောင်း တောင်အာဖရိက တရားသူကြီးက ဆုံးဖြတ်လိုက် ၂၀၁၀ ခုနှစ်က တောင်အာဖရိကကို ပျားရည်ဆမ်း ခရီး ထွက်ခဲ့စဉ် ကိပ်ပ်တောင်း မြို့မှာ ဇနီး ဖြစ်သူကို လူသတ် သမား ငှားပြီး သတ်ခိုင်း ခဲ့တယ်လို့ စွပ်စွဲ ခံထားရတဲ့ ဗြိတိန် နိုင်ငံသား စီးပွားရေး လုပ်ငန်းရှင် Shrien Dewani ရဲ့ အမှုကို တောင်အာဖရိက တရားသူကြီးက တရားသေ လွှတ်ပေး လိုက်ပါတယ်။ မစ္စတာ Dewani ဟာ အမျိုးသား၊ အမျိုးသမီး လိင်စိတ် နှစ်မျိုး ရှိသူ ဖြစ်ပြီး ဆွီဒင် နိုင်ငံသူ ဖြစ်တဲ့ သူ့ဇနီးသည် Anni Dewani ကို သတ်ဖို့ အချိန် အတော်ကြာ ကတည်းက ပြင်ဆင် နေခဲ့တယ်လို့ စွဲချက် တင်သူတွေက စွပ်စွဲ ခဲ့ကြတာ ဖြစ်ပါတယ်။ စွဲချက် တင်သူတွေ ဘက်က တင်ပြချက်ဟာ အမှု တည်ဆောက် နိုင်လောက်တဲ့ ခိုင်လုံတဲ့ အဆင့်ကို ရောက်ဖို့ အလွန် အလှမ်းဝေး နေတဲ့အတွက် တရားသေ လွှတ်လိုက်တာလို့ တရားသူကြီး Jeanette Traverso က ပြောပါတယ်။ လူသတ်မှုနဲ့ လက်ရှိ အကျဉ်းကျ ခံနေရတဲ့ တက္ကစီ ကားသမား နဲ့ ကြံရာပါ တို့ရဲ့ အဓိက အထောက် အထားကိုလည်း တရားသူကြီးက ပယ်ချခဲ့ပါတယ်။ သူတို့ ထွက်ဆိုချက်တွေမှာ ရှေ့နောက် မညီတာတွေ၊ အလွဲအမှားတွေနဲ့ အပြည့်ပဲလို့ တရားသူကြီးက ပြောပါတယ်။ ဒီလူသတ်မှုမှာ ပါဝင် ပတ်သက်သ...

ဖိလစ်ပိုင် Hagupit တိုင်ဖွန်းကြောင့် ၂၁ ဦး သေဆုံး

ဘေးကင်းဖို့ နေရပ် စွန့်ခွာသူတွေ အိမ်ပြန်နေကြ ဖိလစ်ပိုင် နိုင်ငံမှာ Hagupit တိုင်ဖွန်း မုန်တိုင်း ဖြတ်သန်း တိုက်ခိုက်ရာမှာ လူ ၂၁ ယောက် သေဆုံး ခဲ့ရပါတယ်။ သေဆုံးသူ အတော်များများဟာ မုန်တိုင်း စတင် ဝင်ရောက် ခဲ့တဲ့ Samar ပြည်နယ်မှာ ရေကြီးတဲ့ အတွက် ရေနစ် သေဆုံး ခဲ့ကြရတာ ဖြစ်ပါတယ်။ အခုတော့ တိုင်ဖွန်း မုန်တိုင်းဟာ အားပျော့သွားပြီး မနီလာ မြို့တော် ဘက်ဆီကို ဦးတည် နေပါတယ်။ တိုင်ဖွန်း မုန်တိုင်း မတိုက်ခင် အချိန်ကတည်းက ကယ်ဆယ်ရေး အစီအစဉ်တွေကို လုပ်ဆောင် ထားခဲ့ပြီးထိခိုက် သေဆုံးသူ အရေအတွက်ကို လျှော့ချ နိုင်ခဲ့တယ်လို့ မုန်တိုင်း ကယ်ဆယ်ရေး အေဂျင်စီတွေနဲ့ အစိုးရ အရာရှိတွေက ပြောပါတယ်။ ဘေးကင်းရာ စွန့်ခွာခဲ့ကြသူ အတော်များများလည်း အခုတော့ နေရပ်ကို ပြန်နေကြပြီ ဖြစ်ပါတယ်။ ဘီဘီစီ (မြန်မာပိုင်း) http://ift.tt/12hXtXc from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/12hXtXg

သင်္ဃန်းကျွန်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် မီးလောင်မှုအား အမှုဖွင့် အရေးယူ

ရန်ကုန်၊ ဒီဇင်ဘာ ၈ ၈.၁၂.၂၀၁၄ရက်နေ့ ၁၁၃၀ အချိန်တွင် သင်္ဃန်းကျွန်းမြို့မ ရဲစခန်းမှ တပ်ဖွဲ့ ၀င်များသည် သင်္ဃန်း ကျွန်းမြို့နယ်၊ ငမိုးရိပ်ရပ်ကွက်၊ (၅)လမ်းတွင်မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းအရ သွားရောက် စစ်ဆေးခဲ့ပါသည်။ ထိုသို့သွားရောက် စစ်ဆေးခဲ့ရာ ၁၁၂၀ အချိန်တွင် အဆိုပါလမ်းရှိ ပျဉ်ထောင် နှစ်ထပ်နေအိမ်အား ငှားရမ်း နေထိုင်သူများ ဖြစ်ကြသည့် ဦးတင်ထူး၊ ဦးခင်မောင်ဌေးနှင့် ဦးသိန်းဆွေတို့ မှ မီးပေါ့ဆစွာသုံးစွဲမှုကြောင့် မီးစတင် လောင်ကျွမ်းခဲ့ရာ ကပ်လျက်ရှိ နေအိမ်အား မီးကူးစက်လောင်ကျွမ်း ခဲ့ကြောင်း၊ ပတ်ဝန်းကျင်နေ ပြည်သူများနှင့် မီးသတ်ယာဉ်များ ရောက်ရှိ ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့ သဖြင့် ၁၁၅၅ အချိန်တွင် မီးငြိမ်းသွားကြောင်း သိရှိရပါသည်။ ယင်းသို့ မီးပေါ့ဆစွာ သုံးစွဲသူ ဦးတင်ထူး၊ ဦးခင်မောင်ဌေးနှင့် ဦးသိန်းဆွေတို့ (၃)ဦးအား သင်္ဃန်းကျွန်းမြို့မရဲစခန်း(ပ)၅၃၉/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၈၅ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။ Yangon Police http://ift.tt/1oASl5N from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1CZ0egJ