Skip to main content

Posts

Showing posts from July 3, 2014

ရပ်ထားသော ထော်လာဂျီယာဉ်ကို ဆိုင်ကယ်မှ ၀င်ရောက်တိုက်မိသဖြင့် မောင်းနှင်သူသေဆုံး

ရန်ကုန်၊ ဇွန် ၃ ၂.၇.၂၀၁၄ ရက်နေ့ ၁၉၂၀ အချိန် မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်-ပဲခူးလမ်းအတိုင်း ထောက်ကြန့်ဘက်မှလှည်းကူးဘက်သို့ မှော်ဘီမြို့နယ်နေ မင်းသူ(ခ)မိုးမင်းဝင်း (၂၅)နှစ် စီးနင်းမောင်းနှင်လာသော ဖီလင်-၁၁၀ အမျိုးအစား အစိမ်းရောင် ဆိုင်ကယ်သည် မြို့ရှောင်လမ်းအနီးအရောက် ယာဘက်လမ်းစပ် တွင်ရပ်ထား သော ၉ဌ/----ဒေါင်ဖန်းထော်လာဂျီအပြာရောင်ယာဉ်ကို နောက်မှဝင်ရောက် တိုက်မိခဲ့ပါသည်။ အဆိုပါယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်သူ မင်းသူ(ခ)မိုးမင်းဝင်းတွင် ဝဲနဖူးပေါက်၊ ဝဲနား သွေးထွက်၊ နှာခေါင်းသွေးထွက်၊ ရင်ဘတ်ပွန်း၊ ယာပခုံး ဖူးရောင်၊ ဝဲလက်မောင်ဖူးရောင်ဒဏ်ရာများရရှိကာ အင်းစိန်ဆေးရုံသို့တင်ပို့ ကုသစဉ် သေဆုံးသွားခဲ့ပါသည်။ ယင်းကဲ့သို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ မင်းသူ(ခ)မိုးမင်းဝင်းအား ထောက်ကြန့် နယ်မြေရဲစခန်းယာဉ် (ပ)၃၆/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-ကဖြင့် အမှုဖွင့်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။ Yangon Police from သစ်ထူးလွင် (ကျန်းမာရေးနှင့် အနုပညာ) - Thit Htoo Lwin http://ift.tt/1mbbrR9

မြန်မာနိုင်ငံရဲ့ ပထမဆုံး ရေနက်ဆိပ်ကမ်း ဖြစ်လာမယ့် ကျောက်ဖြူ အထူး စီးပွားရေးဇုန်...

မြန်မာနိုင်ငံရဲ့ ပထမဆုံး ရေနက်ဆိပ်ကမ်း ဖြစ်လာမယ့် ကျောက်ဖြူ အထူး စီးပွားရေးဇုန် ဆောက်လုပ်မယ့် နေရာက ရွှံ့မီးတောင်ရှိတာကြောင့် နေရာပြောင်းရွှေ့ သတ်မှတ်ခဲ့တယ်လို့ ကျောက်ဖြူ စီးပွားရေးဇုန် တင်ဒါခေါ်ယူရေးနှင့် စိစစ်ရွေးချယ်ရေး ကော်မတီ အတွင်းရေးမှူး ဦးမြင့်သိန်းက ပြောပါတယ်။ ကျောက်ဖြူ အထူးစီးပွားရေးဇုန် ရွှံ့မီးတောင်ကြောင့် နေရာပြောင်းရွှေ့ - သစ်ထူးလွင် (နေ့စဉ်� www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1mWtivI

မန္တလေးတိုင်း မြို့နယ် ၆ မြို့နယ်မှာ ညကိုးနာရီကနေ မနက် ငါးနာရီအတွင်း အပြင်မထွက်ရအ...

မန္တလေးတိုင်း မြို့နယ် ၆ မြို့နယ်မှာ ညကိုးနာရီကနေ မနက် ငါးနာရီအတွင်း အပြင်မထွက်ရအမိန့် ကာဖျူးကို ဒီညနေ ထုတ်လိုက်တယ်လို့ မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံးက ပြောပါတယ်။ မန္တလေးတိုင်းဒေသကြီး နယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော် မိုး ရဲ့ ကိုယ်ရေးအရာရှိ ဗိုလ်ကြီးဇော်ဇော်ထွန်း က ပြောဆိုလိုက်တာပါ။ ဇူလိုင်လ ၁ ရက်နေ့နဲ့ ၂ ရက်နေ့ နှစ်ရက် ဆက်တိုက် ရုန်းရင်းဆန်ခတ် ပစ်ခတ်ဖျက်ဆီးမှုတွေကြောင့် ကားတွေ ဆိုင်တွေပျက်စီးခဲ့ရပြီး ထိခိုက်ဒဏ်ရာရခဲ့ကြသလို အသေအပျောက်ရှိခဲ့ပါတယ်။ မနေ့ညနဲ့ ဒီကနေ့မနက်မှာ လူနှစ်ဦး သေဆုံးခဲ့တယ်လို့ သူက ပြောပါတယ်။ မန္တလေးတိုင်း ၆ မြိ့နယ်တွင် ညမထွက်ရအမိန့်ထုတ် - သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1mWtgnz

မန္တလေးမြို့ရှိ မြိုနယ်ခြောက်မြို့နယ်ကို ပုဒ်မ ၁၄၄ ထုတ်ပြန် မန္တလေးမြို့တွင် ဖြစ်...

မန္တလေးမြို့ရှိ မြိုနယ်ခြောက်မြို့နယ်ကို ပုဒ်မ ၁၄၄ ထုတ်ပြန် မန္တလေးမြို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် မြိုနယ်ခြောက်မြို့နယ်ကို ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရူံးမှ ဒုရဲမှူးကြီး ဦးဇော်မင်းဦးမှ အတည်ပြုပြောကြားခဲ့သည်။ ညမထွက်ရအမိန့်သည် ည ၉ နာရီမှ နံနက် ၅ နာရီအထိ သက်ရောက်မည်ဖြစ်ပြီး မဟာအောင်မြေ၊ အောင်မြေသာဇံ၊ ချမ်းအေးသာဇံ၊ ပြည်ကြီးတံခွန်၊ ချမ်းမြသာစည်၊ အမရပူရ မြို့နယ်တို့ပါဝင်သည်။ ယခု ပုဒ်မ ၁၄၄ ထုတ်ပြန်မှုတွင် ပုသိမ်ကြီးမြို့နယ် မပါဝင်ကြောင်းသိရသည်။ from Eleven Media Group's Facebook Wall http://ift.tt/1mN21qZ

သွေးထဲမှာ အချိုဓာတ် များသူများဟာ အသက်အန္တရယ် ရှိပါတယ်။ ဒီအတွက် ပျောက်ရန် ကိုယ်တိ...

သွေးထဲမှာ အချိုဓာတ် များသူများဟာ အသက်အန္တရယ် ရှိပါတယ်။ ဒီအတွက် ပျောက်ရန် ကိုယ်တိုင် ကုသလို့ရတဲ့ နည်းလမ်းတွေလည်း ရှိပါတယ်။ သဘာဝ အတိုင်း အစားအသောက်မှ ဆင်ခြင် ခြင်း အားဖြင့်လည်း ကုသမှု တစ်မျိုးပါ။ဒါကြောင့် သွေးချိုဓာတ် လျော့ကျစေမယ့် ဖျော်ရည် ကိုယ်တိုင် ဖျော်သောက် နည်းကို မျှဝေ လိုက်ရ ပါတယ်။ 'သွေးချို ရောဂါပျေက်ရန် ကိုယ်တိုင်လုပ် ဖျော်ရည် - သစ်ထူးလွင် (ကျန်းမာရေးနှင့် အနုပညာ) - Thit http://ift.tt/1czkJ7l from Myanmar News Now's Facebook Wall http://ift.tt/1khxHoc
မန္တလေးမြို့၌ ပဋိပက္ခထပ်မဖြစ်ရန် လုံခြုံရေးတင်းကျပ် myanmar.mmtimes.com မန္တလေးမြို့တွင် ဇူလိုင်လ ၁ ရက်နေ့ ည ၇ နာရီ ခန့်က စတင်ဖြစ်ပွားခဲ့သော ပဋိပက္ခအတွင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးနှင့် လူလေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကား ၁၁ စီးပျက်ဆီးခဲ့သဖြင့် ထိုသို့ ထပ်မံမဖြစ်ပွားအောင် လုံခြုံရေးအထူးကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီးဇော်မ… from The Myanmar Times's Facebook Wall http://ift.tt/1jMyz4r

မန္တလေးတွင် ညမထွက်ရ အမိန့်ထုတ် ပဋိပက္ခများ ဖြစ်ပွားနေသော မန္တလေးမြို့၏ လုံခြုံရေးအ...

မန္တလေးတွင် ညမထွက်ရ အမိန့်ထုတ် ပဋိပက္ခများ ဖြစ်ပွားနေသော မန္တလေးမြို့၏ လုံခြုံရေးအခြေအနေကို ထိန်းသိမ်းရန်နှင့် တရားဥပဒေ စိုးမိုးရေး လုပ်ငန်းများ ပြန်လည်ဆောင်ရွက်ရန် အတွက် မန္တလေးမြို့တော် အတွင်း ပြည်ကြီးတံခွန်၊ ချမ်းမြသာစည်၊ ချမ်းအေးသာစည်၊ အောင်မြေသာစံ၊ မဟာအောင်မြေ၊ အမရပူရ မြို့နယ်များတွင် ည ၉ နာရီမှ နံနက် ၅ နာရီအထိ ညမထွက်ရ အမိန့်ကို ထုတ်ပြန်လိုက်ပြီ ဖြစ်ကြောင်း မန္တလေး ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူးက The Voice သို့ အတည်ပြု ပြောကြားသည်။ from The Voice Weekly's Facebook Wall http://ift.tt/1xld82x

မန္တလေးတွင် ညမထွက်ရအမိန့်ထုတ် မျိုးသန့် မန္တလေး၊ မဇ္ဈိမ။ ။ မန္တလေးမြိ...

မန္တလေးတွင် ညမထွက်ရအမိန့်ထုတ် မျိုးသန့် မန္တလေး၊ မဇ္ဈိမ။ ။ မန္တလေးမြို့ ပဋိပက္ခဖြစ်ပွားမှုများနှင့်ပက်သက်၍ လုံခြုံမှုရှိစေရန်အတွက် ည ၉နာရီမှ နံနက် ၅နာရီ အထိ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ပြီဟု မန္တလေးခရိုင် အထွေအထွေအုပ်ချုပ်ရေးဦစီးဌာနက သိရသည်။ “ လုံခြုံရေးအရ ည ၉နာရီကနေ ၅နာရီထိ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်တာပါ၊ အချိန်ကန့်သတ် ချက်မရှိပါဘူး” ဟု ပြောသည်။ မန္တလေးမြို့တွင် ဇူလိုင် ၁ရက်မှ စတင်ကာ ၃ရက်အထိ ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် လုံခြုံရေးအရ ထိန်းသိမ်းမှုများ ပိုမိုလုပ် ဆောင်စေရန်အတွက် ယခုကဲ့သို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ တပ်မှ ထိန်းသိမ်းမှုများလုပ်ဆောင်မည့် ကိစ္စကိုမူ မန္တလေးတိုင်း လုံခြုံရေးဝနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနက မည့်သည် အဖြေမှ ပြန်ကြားခဲ့ခြင်းမရှိခဲ့ပေ။ from Mizzima - News in Burmese's Facebook Wall http://ift.tt/1xlbv4E

မန္တလေးတွင် ညမထွက်ရအမိန့် ထုတ်ပြီ မဇ္ဈိမသတင်းဌာန မန္တလေးတွင် ည ၉နာရီမှ နံနက် ၅နာ...

မန္တလေးတွင် ညမထွက်ရအမိန့် ထုတ်ပြီ မဇ္ဈိမသတင်းဌာန မန္တလေးတွင် ည ၉နာရီမှ နံနက် ၅နာရီအထိ ညမထွက်ရအမိန့် ထုတ်လိုက်ပြီဟု မန္တလေးခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးက မဇ္ဈိမကို ပြောသည်။ from Mizzima - News in Burmese's Facebook Wall http://ift.tt/1xlbrSv

'သွေးချို ရောဂါပျေက်ရန် ကိုယ်တိုင်လုပ် ဖျော်ရည်

သွေးထဲမှာ အချိုဓာတ် များသူများဟာ အသက်အန္တရယ် ရှိပါတယ်။ ဒီအတွက် ပျောက်ရန် ကိုယ်တိုင် ကုသလို့ရတဲ့ နည်းလမ်းတွေလည်း ရှိပါတယ်။ သဘာဝ အတိုင်း အစားအသောက်မှ ဆင်ခြင် ခြင်း အားဖြင့်လည်း ကုသမှု တစ်မျိုးပါ။ ဒါကြောင့် သွေးချိုဓာတ် လျော့ကျစေမယ့် ဖျော်ရည် ကိုယ်တိုင် ဖျော်သောက် နည်းကို မျှဝေ လိုက်ရ ပါတယ်။ 'ပန်းသီး စိမ်း၊ ကြက်ဟင်းခါးသီး တစ်တောင့်၊ သခွားသီး တစ်ပိုင်း၊ နံနံပင် နှစ်ပင် နဲ့ သံပရာသီ တစ်ခြမ်း' အစရှိတဲ့ အသီးအနှံများကို ကြိတ်လို့ ဖျော်ရည် အဖြစ် ဖျော်သောက် ရမှာ ဖြစ်ပါတယ်။ တစ်ရက် တစ်ခွက် သို့မဟုတ် ၂ ရက် တစ်ခွက် သောက်သုံး ခြင်းဖြင့် သွေးချို ရောဂါ ပျောက်ကင်းဖို့ ထောက်ပံ့ကူညီ ပေးမှာ ဖြစ်ပါတယ်။. Ref: Health Digest 'အောင်ခမ်း (ရိုးရာလေး) from သစ်ထူးလွင် (ကျန်းမာရေးနှင့် အနုပညာ) - Thit Htoo Lwin http://ift.tt/1xlbnSN
ဆရာတော်ငါးပါး ပြစ်ဒဏ်လျော့မည်ဟု ယုံကြည်ကြောင်း ဦးစိုးဝင်းက ပြောကြား myanmar.mmtimes.com မဟာန္တိသုခအရေးနှင့် ပတ်သက်သည့် ဆရာတော် ငါးပါးကို မလွှဲမရှောင်သာ အရေးယူခဲ့ရ သော်လည်း တိုင်း သံဃမဟာ နာယက ဆရာတော်ကြီးများက အတတ်နိုင်ဆုံး ပြစ်ဒဏ် လျော့အောင် ကြိုးစားမည်ဟု ယုံကြည်ကြောင်း သာသနာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း က ပြောသည်။ from The Myanmar Times's Facebook Wall http://ift.tt/1qq0XPz

မြန်မာနိုင်ငံ ဝူရှူးအဖွဲ့ချုပ်ဥက္ကဋ္ဌအဖြစ် Green Leap ဟိုတယ်ပိုင်ရှင် တာဝန်ယူမည်...

မြန်မာနိုင်ငံ ဝူရှူးအဖွဲ့ချုပ်ဥက္ကဋ္ဌအဖြစ် Green Leap ဟိုတယ်ပိုင်ရှင် တာဝန်ယူမည် ရန်ကုန်၊ ဇူလိုင် ၂ (၂၇) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ပါဝင်သည့် အားကစားနည်း ၃၃ မျိုးအနက် စတုတ္ထမြောက် အောင်မြင်မှု အရှိဆုံးဖြစ်သည့် ဝူရှူးအားကစားနည်း၏ လစ်လပ်လျက်ရှိသော အဖွဲ့ချုပ်ဥက္ကဋ္ဌ ရာထူးကို Green Leap ဟိုတယ်နှင့် Art Wave ဆောက်လုပ်ရေးကုမ္ပဏီ ဥက္ကဋ္ဌ ဦးသစ္စာက တာဝန်ယူ ဆက်ခံခဲ့ကြောင်း မြန်မာနိုင်ငံ ဝူရှူးအဖွဲ့ချုပ် အတွင်းရေးမှူး ဦးခွန်ဂျာအောင်က ပြောကြားသည်။ အဆိုပါရာထူးကို မေလအတွင်း စတင်လက်ခံခဲ့ခြင်းဖြစ်ပြီး ဥက္ကဋ္ဌသစ် လက်ထက် တစ်လအတွင်း လေ့ကျင့်ရေးပိုင်းတွင် တိုးတက်မှုအရှိဆုံး ကစားသမားများကို ဆုပေးခြင်း၊ အားကစားဝန်ကြီးဌာနက ထောက်ပံ့ပေးသောလစာကို အရည်အချင်းအလိုက် ထပ်ဆောင်း ချီးမြှင့်ငွေများ ပေးအပ်ခြင်းများ ပြုလုပ်ခဲ့သည်ဟု ၎င်းကပြောကြားသည်။ မြန်မာနိုင်ငံ ဝူရှူးအဖွဲ့ချုပ်အနေနှင့် ကိုရီးယားနိုင်ငံ အင်ချွန်းမြို့တွင် စက်တင်ဘာလအတွင်း ကျင်းပမည့် အာရှအားကစားပွဲတော်သို့ သွားရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဝူရှူးအဖွဲ့ချုပ် နည်းပြ ဦးခင်စိုးက ပြောကြားသည်။ မြန်မာနိုင်ငံ ဝူရှူးအဖွဲ့ချုပ်ကို ၁၉၉၃ ခုနှစ်က စတင်တည်ထောင်ခဲ့ရာ
စားသမျှ ပြန်အန်သည့် (bulimia)ရောဂါဆိုးမှ ကျော်လွန်နိုင်ခဲ့သည့် နီကိုးလ်ရှာဇင်ဂါ အမေရိကန် အမျိုးသမီး အဆိုအဖွဲ့ တစ်ဖွဲ့ဖြစ်သည့်The Pussycat Dolls အဖွဲ့၏ ခေါင်းဆောင် အဆိုတော်အဖြစ် လူသိများ ထင်ရှားခဲ့သည့် X-Factor ဒိုင်လူကြီးဟောင်း နီကိုးလ်ရှာဇင်ဂါသည် စားသမျှပြန်အန်သည့် (bulimia)ရောဂ from Mizzima - News in Burmese's Facebook Wall http://ift.tt/1xl6eKu
အဖွဲ့ဝင်သစ် တစ်ဦးနှင့်အတူ သြဂုတ်လတွင် ပြန်လည် သက်ဝင် လှုပ်ရှားမည့် KARA KARA အဖွဲ့သည် အဖွဲ့ဝင်သစ် ယောင်ဂျီ အပါအဝင် အဖွဲ့ဝင် လေးဦးဖြင့် သြဂုတ်လအတွင်း ပြန်လည် သက်ဝင် လှုပ်ရှားမည်ဖြစ်သည်။ KARAအဖွဲ့၏ Universal Music Japan homepage တွင် ဇူလိုင်၁ရက်တွင် ထုတ်ပြန်ချက်အရ ၎င်းတို့အဖွဲ from Mizzima - News in Burmese's Facebook Wall http://ift.tt/1xl6bOQ
from Mizzima - News in Burmese's Facebook Wall http://ift.tt/1xl6byv
from Mizzima - News in Burmese's Facebook Wall http://ift.tt/1mneLKD
from Mizzima - News in Burmese's Facebook Wall http://ift.tt/1mneLuc

မြန်မာ-ထိုင်း ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ SKY NET မှ တိုက်ရိုက်ထုတ်လွှင့် ပြသမည် သော...

မြန်မာ-ထိုင်း ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ SKY NET မှ တိုက်ရိုက်ထုတ်လွှင့် ပြသမည် သောကြာ လာမည့် ဇူလိုင် ၆ ရက်တွင် သိမ်ဖြူ အားကစားရုံ၌ ပြုလုပ်မည့် မြန်မာ-ထိုင်း ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ (One on One BIG FIGHT)ကို ရွှေသံလွင်ကုမ္ပဏီ၏ SKY NET ရုပ်သံလိုင်းမှ တိုက်ရိုက်ပြသမည်ဟု မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ် ဒိုင်လူကြီး ဦးချစ်ကိုကိုက မဇ်္ဈိမသို့ ပြောသည်။ မြန်မာဘက်မှ ရိုးရာလက်ဝှေ့ကျော် ၁၀ ဦးနှင့် ထိုင်းလက်ဝှေ့ကျော် ၁၀ ဦးတို့ ထိုးသတ်မည့် ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲ၏ ရုံဝင်ကြေးလက်မှတ်ခမှာ ရိုးရိုးတန်း ငွေကျပ် တစ်သောင်းခွဲ၊ ငွေကျပ်သုံးသောင်းနှင့် အထူးတန်း ငွေကျပ်ငါးသောင်း သတ်မှတ်ထားသည်။ ရိုးရာလက်ဝှေ့အဖွဲ့ချုပ် ဒိုင်လူကြီး ဦးချစ်ကိုကိုက “လောလောဆယ်SKY NET ရုပ်သံလိုင်းsports 1,2 လက် ကပြဖို့ သဘော တူညီချက် ရပြီးသွားပါပြီ။ မြန်မာ့အသံ အပါအ၀င် ကျန်ရုပ်သံလိုင်းတွေနဲ့တော့ ညှိနှိုင်းနေတုန်းပါပဲ။ မြန်မာအသံဘက်က လာမယ့်သောကြာနေ့မှ အကြောင်းပြန်ဖို့ ရှိပါတယ်” ဟု ပြော သည်။ ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲတွင် ထိုးသတ်မည့် နှစ်ဖက် လက်ဝှေ့ကစားသမားများ၏ ထိုးသတ်ကြေးစုစုပေါင်း မှာ ငွေကျပ် သိန်း ၃၀၀ ကျော်အထိရှိသည့်အတွက် ရုံဝင်ကြေး

သန်လျင်မြေကွက် ဈေးနှုန်းတက် သန်လျင်မှာရှိတဲ့ မြေကွက်တွေ အရောင်းအဝယ် ကောင်းလာပြ...

သန်လျင်မြေကွက် ဈေးနှုန်းတက် သန်လျင်မှာရှိတဲ့ မြေကွက်တွေ အရောင်းအဝယ် ကောင်းလာပြီး ဈေးကလည်း နှစ်ဆနီးပါးကို မြင့်တက်လာတယ်လို့ သိရပါတယ်။ အသစ်ဆောက်လုပ်မယ့် အောင်ချမ်းသာ အမှတ် (၂) အိမ်ရာစီမံကိန်းကြောင့် ခုလို ဈေးတွေ တက်လာရတာ ဖြစ်တယ်လို့ သန်လျင်မြို့အခြေစိုက် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်တွေက ဆိုပါတယ်။ အရောင်းအဝယ် အဖြစ်များတဲ့ နေရာတွေကတော့ အောင်ချမ်းသာ တိုးချဲ့ (၁) ရပ်ကွက်က အလျား ပေ ၄၀၊ အနံ ပေ ၆၀ မြေကွက်တွေ ဖြစ်ပြီး တစ်ကွက်ကို ကျပ်သိန်း ၃၃၀ ကနေ ၃၈၀ အထိ ရှိတယ်လို့ ကံကောင်း အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်း မန်နေဂျာ ဦးမင်းခန့်က ဆိုပါတယ်။ “အရောင်းအဝယ် ဖြစ်တဲ့ မြေကွက်တွေက အရင်က သိန်း ၁၈၀ လောက်ပဲ ပေါက်ဈေးရှိတာ။ အဝယ်လိုက်လို့ ဈေးတက်ပြီး နှစ်ဆနီးပါး ဖြစ်သွားတာ” လို့ ဦးမင်းခန့်က ပြောပြပါတယ်။ လက်ရှိမှာတော့ သန်လျင်မှာ ရှိတဲ့ မြေကွက်တွေ အရောင်းအဝယ် ကောင်းပြီး ဈေးတွေ တက်နေပေမယ့်လည်း ရန်ကုန်အတွင်းက မြေကွက်တွေကတော့ အရောင်းအဝယ် အေးနေသေးတယ်လို့ ရန်ကုန် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်တွေက ဆိုပါတယ်။ from The Voice Weekly's Facebook Wall http://ift.tt/1qpW88V

" ပုဒ်မ ၄၃၆ ပြင်ဆင်ရေးလက်မှတ်ကောက်ခံနေမှု အပေါ်သူရဦးရွှေမန်းရဲ့သဘောထား " နေပြည်...

" ပုဒ်မ ၄၃၆ ပြင်ဆင်ရေးလက်မှတ်ကောက်ခံနေမှု အပေါ်သူရဦးရွှေမန်းရဲ့သဘောထား " နေပြည်တော် ၊ ဇူလိုင် ၃ ပုဒ်မ၄၃၆ ပြင်ဆင်ရေးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ဆန္ဒသဘောထားအရ ပြုလုပ်ခြင်းဖြစ်သောကြောင့်ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးကော်မတီအပေါ် အကျိုးသက်ရောက်မှု မရှိကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းကပြောသည်။ “ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအကောင်အထည်ဖော်မှု ကော်မတီဖွဲ့စည်းထားတာ ရှိပါတယ်။အဲဒီကော်မတီအကြံပြု ချက် ပေးထားတာလည်းရှိပါတယ် အဲဒါနဲ့ ပဲ လုံလောက်မယ် လို့ထင်ပါတယ်”ဟု ၄င်းကဆိုသည်။ ယနေ့လွှတ်တော်အဆောက်အအုံတွင် သူရဦးရွှေမန်း၊ ဦးအောင်သောင်းနှင့် ဦးဌေးဦး တို့က ပူးတွဲ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ရာတွင် ၄င်းက ထို့သို့ပြောခြင်းဖြစ်သည်။ စိုင်းလမင်း from Popular Myanmar News Journal's Facebook Wall http://ift.tt/1khn84w
ဦးဆန်းဆင့် ကိစ္စ ပွင့်လင်းမြင်သာမှုရှိရန် ပြည်သူများ တောင်းဆို myanmar.mmtimes.com သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးဆန်းဆင့်ကို ဖမ်းဆီးအရေးယူထားခြင်း ကိစ္စနှင့်ပတ်သက်ပြီး ဇူလိုင်လ ၁ ရက်နေ့က ပုသိမ်မြို့၊ ကန်သုံးဆင့်ကွင်း တွင် ပြည်သူများစုဝေးကာ ပွင့်လင်းမြင်သာမှုရှိရန် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ from The Myanmar Times's Facebook Wall http://ift.tt/VgOqT9

ပျံသန်းနေစဉ် ရေယိုစိမ့်မှုကြောင့် Qantas ခရီးသည်တင်လေယာဉ် ပြန်လှည့် ဆင်းသက်ခဲ့ရ -...

ပျံသန်းနေစဉ် ရေယိုစိမ့်မှုကြောင့် Qantas ခရီးသည်တင်လေယာဉ် ပြန်လှည့် ဆင်းသက်ခဲ့ရ ------ ဩစတြေးလျပိုင် Qantas လေကြောင်းလိုင်းမှ လေယာဉ်တစ်စီးသည် ပျံသန်းနေစဉ် ကိုယ်ထည်အတွင်းပိုင်း ရေစိမ့်မှုများကြောင့် လော့စ်အန်ဂျလိစ်သို့ ပြန်လှည့် ဆင်းသက်ခဲ့ရကြောင်း သိရှိရသည်။ သတင်းအပြည့်အစုံ.... http://ift.tt/1rmYJlU ပျံသန်းနေစဉ် ရေယိုစိမ့်မှုကြောင့် Qantas ခရီးသည်တင်လေယာဉ် ပြန်လှည့် ဆင်းသက်ခဲ့ရ www.7daydaily.com ဩစတြေးလျပိုင် Qantas လေကြောင်းလိုင်းမှ လေယာဉ်တစ်စီးသည် ပျံသန်းနေစဉ် ကိုယ်ထည်အတွင်းပိုင်း ရေစိမ့်မှုများကြောင့် လော့စ်အန်ဂျလိစ်သို့ ပြန်လှည့် ဆင်းသက်ခဲ့ရကြောင်း သိရှိရသည်။ A380 Superjumbo အမျိုးအစား လေယာဉ်သည် လော့စ်အန်ဂျလိစ်မှ ဩစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့သို့ ဦးတည် ပျံသန်းစဉ် ခရီးသည် အခန်းထဲ၌ ရေမျ… from 7Day News Journal's Facebook Wall http://ift.tt/TELTRd

အနောက်အာဖရိကတွင် အီဘိုလာရောဂါ ကူးစက်မှု မကြုံစဖူး အခြေအနေ ပြင်းထန်လာ ---- အာဖရိကတ...

အနောက်အာဖရိကတွင် အီဘိုလာရောဂါ ကူးစက်မှု မကြုံစဖူး အခြေအနေ ပြင်းထန်လာ ---- အာဖရိကတွင် လက်ရှိဖြစ်ပွားနေသည့် အီဘိုလာ ရောဂါပိုး ကူးစက်ပျံ့နှံ့မှုသည် မကြုံစဖူး အခြေအနေမျိုးထိ ဆိုးရွားလာကြောင်း အီဘိုလာ ရောဂါပိုးကို စတင်ဖော်ထုတ် တွေ့ရှိခဲ့သည့် သိပ္ပံပညာရှင်က ဝန်ခံ ပြောကြားခဲ့သည်။ သတင်းအပြည့်အစုံ.... http://ift.tt/1rmYHdI အနောက်အာဖရိကတွင် အီဘိုလာရောဂါ ကူးစက်မှု မကြုံစဖူး အခြေအနေ ပြင်းထန်လာ www.7daydaily.com အာဖရိကတွင် လက်ရှိဖြစ်ပွားနေသည့် အီဘိုလာ ရောဂါပိုး ကူးစက်ပျံ့နှံ့မှုသည် မကြုံစဖူး အခြေအနေမျိုးထိ ဆိုးရွားလာကြောင်း အီဘိုလာ ရောဂါပိုးကို စတင်ဖော်ထုတ် တွေ့ရှိခဲ့သည့် သိပ္ပံပညာရှင်က ဝန်ခံ ပြောကြားခဲ့သည်။ ဒေါက်တာပီတာပီယော့သည် ကမ္ဘာပေါ်တွင် အပြင်းထန်ဆုံး ဝမ်းရောဂါ တစ်မျိုးအဖြစ် သတ်မှတ်နိုင်သည့် အီဘိုလာကို စတင… from 7Day News Journal's Facebook Wall http://ift.tt/1rmYJ5g

ဆီးရီးယား ဓာတုလက်နက်များ အမေရိကန်စစ်သင်္ဘော လွှဲပြောင်းယူ ---- ဆီးရီးယား နိုင်ငံမှ...

ဆီးရီးယား ဓာတုလက်နက်များ အမေရိကန်စစ်သင်္ဘော လွှဲပြောင်းယူ ---- ဆီးရီးယား နိုင်ငံမှ သယ်ယူလာသည့် ဓာတုလက်နက်များကို အရပ်ဘက် ကုန်တင်သင်္ဘောပေါ်မှ အမေရိကန် စစ်ဘက်သင်္ဘော တစ်စီးပေါ်သို့ အပြီးသတ် လွှဲပြောင်းနိုင်ခဲ့ကြောင်း ပင်တဂွန် စစ်ဌာနချုပ်က အတည်ပြု ကြေညာခဲ့သည်။ သတင်းအပြည့်အစုံ... http://ift.tt/TELT3R ဆီးရီးယား ဓာတုလက်နက်များ အမေရိကန်စစ်သင်္ဘော လွှဲပြောင်းယူ www.7daydaily.com ဆီးရီးယား နိုင်ငံမှ သယ်ယူလာသည့် ဓာတုလက်နက်များကို အရပ်ဘက် ကုန်တင်သင်္ဘောပေါ်မှ အမေရိကန် စစ်ဘက်သင်္ဘော တစ်စီးပေါ်သို့ အပြီးသတ် လွှဲပြောင်းနိုင်ခဲ့ကြောင်း ပင်တဂွန် စစ်ဌာနချုပ်က အတည်ပြု ကြေညာခဲ့သည်။ from 7Day News Journal's Facebook Wall http://ift.tt/1rmYIyc

လက်ရှိအာဏာရပါတီကို NSA က လျှို့ဝှက်ထောက်လှမ်းခဲ့ခြင်းနှင့် ပတ်သက်ပြီး အမေရိကန်သံ...

လက်ရှိအာဏာရပါတီကို NSA က လျှို့ဝှက်ထောက်လှမ်းခဲ့ခြင်းနှင့် ပတ်သက်ပြီး အမေရိကန်သံအမတ်ကို အိန္ဒိယဆင့်ခေါ် နယူးဒေလီ၊ ဇူလိုင် ၂ အိန္ဒိယနိုင်ငံ၏ လက်ရှိအာဏာရပါတီ ဖြစ်သော BJP ပါတီကို အမေရိကန် အမျိုးသားလုံခြုံရေး အေဂျင်စီက လျှို့ဝှက်ထောက်လှမ်းမှုများ ပြုလုပ်ခဲ့သည်ဟူသော စွပ်စွဲမှုများ ထွက်ပေါ်ခဲ့ပြီးနောက်တွင် အိန္ဒိယ အာဏာပိုင်များက အမေရိကန် သံအမတ်တစ်ဦးကို ဆင့်ခေါ်ခဲ့ကြောင်း BBC သတင်းဌာနတွင် ဖော်ပြထားသည်။ စွပ်စွဲမှုပြောဆိုမှုများသာ မှန်ခဲ့မည် ဆိုပါက NSA ၏လုပ်ရပ်မှာ လက်ခံနိုင်ဖွယ် မရှိကြောင်းနှင့် နောက်တစ်ကြိမ်ထိုကဲ့သို့ မဖြစ်စေရန် အမေရိကန် ပြည်ထောင်စုကို တောင်းဆိုသွားမည်ဟု အိန္ဒိယ အစိုးရ အရာရှိများက ပြောကြားသည်။ NSA ၏လျှို့ဝှက်ထောက်လှမ်းရေး လုပ်ငန်းများကို ဖွင့်ချသူ အက်ဒဝပ်စနိုးဒန်က ၂၀၁၀ ပြည့်နှစ်အတွင်း NSA ၏ ပစ်မှတ်ထားစောင့်ကြည့်ခြင်းကို ခံရသော နိုင်ငံခြားတိုင်းပြည်များမှ နိုင်ငံရေးပါတီ များထဲတွင် အိန္ဒိယနိုင်ငံ၏ လက်ရှိအနိုင်ရပါတီ BJP လည်း ပါဝင်သည်ဟု တနင်္လာနေ့က ထုတ်ဖော်ပြောကြားခဲ့သည်။ နာရင်ဒါမူဒီ ဦးဆောင်သော BJP ပါတီသည် မေလအတွင်းက ကျင်းပခဲ့သော အိန္ဒိယ အထွေထွေရွေးကောက်ပွဲတွင် ရာဟူးလ်ဂန္ဒီ၏ INC ပါတီကို အနိုင်ရ

ခြောက်လတွင်း ယာဉ်တိုက်မှုဖြစ်ပွားနှုန်း နှိုင်းယှဉ်မှု ယခင်နှစ်ထက်ပိုများ ကျော်စွာဝ...

ခြောက်လတွင်း ယာဉ်တိုက်မှုဖြစ်ပွားနှုန်း နှိုင်းယှဉ်မှု ယခင်နှစ်ထက်ပိုများ ကျော်စွာဝင်း ရန်ကုန်မြို့အတွင်း စည်းကမ်းမဲ့မောင်းနှင်မှုကြောင့် ယာဉ်တိုက်မှုဖြစ်စဉ်များကို နှစ်ဦးပိုင်းမှ ဇွန်လကုန်အထိဖြစ်ပွားမှုနှုန်း ခြောက်လစီ နှိုင်းယှဉ်ပါက ယခုနှစ်သည် ၂၀၁၃ ခုနှစ်ထက် ယာဉ်တိုက်မှုပေါင်း ၁၅ မှုခန့် ပိုမိုများနေသည်ဟု မထသ(ဗဟို) စီမံဌာနမှူး ဦးကာကျော်က မဇ္ဈိမကို ပြော သည်။ “ယာဉ်မတော်တဆမှုတွေဖြစ်တဲ့အတွက် မော်တော်ယာဉ်လိုင်းပေါင်းစုံအဖွဲ့တွေကို တိုးချဲ့စစ်ဆေးခဲ့ပေမယ့်လည်း ယာဉ်တိုက်မှုဖြစ်ပွားနှုန်း မလျော့သေးဘူး။ ဒါကလည်း ကျွန်တော်တို့ လိုအပ်ချက်တွေပါ” ဟု မထသ ဥက္ကဋ္ဌ ဦးလှအောင်က ပြောသည်။ ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလမှ ဇွန်လအထိ ယာဉ်မတော်တဆမှုပေါင်း ၁၃၁ မှုခန့် ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၄၄ ဦး၊ ဒဏ်ရာရရှိသူ ၅၄၉ ဦး ရှိခဲ့သော်လည်း၊ ၂၀၁၄ ခုနှစ် ဇန်န၀ါရီလမှ ဇွန်လအထိ ယာဉ်မတော်တဆမှု ပေါင်း ၁၄၆ မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၅၁ ဦး၊ ဒဏ်ရာရရှိသူ ၃၉၇ ဦးအထိ ရှိခဲ့သည်ဟု ဦးကာကျော်က ပြောသည်။ ယာဉ်တိုက်မှုများကို အမျိုးအစားအလိုက်ခွဲခြားလျှင် ယာဉ်နှင့် လူတိုက်မိခြင်း၊ ယာဉ်နှင့်ဆိုင်ကယ်တိုက်မိခြင်း၊ မော်တော်ယာဉ်အချင်းချင်း တိုက်မိခြင်း၊ ဓာတ်တိုင် (သို

အရှိုချင်းအမျိုးသားပါတီ ကြားဖြတ်ရွေးကောက်ပွဲဝင်မည် မှူး(အောင်လံ) အောင်လံ၊ မ...

အရှိုချင်းအမျိုးသားပါတီ ကြားဖြတ်ရွေးကောက်ပွဲဝင်မည် မှူး(အောင်လံ) အောင်လံ၊ မဇ္ဈိမ။ ။ အရှိုချင်းအမျိုးသားပါတီသည် ၂၀၁၄ကြားဖြတ်ရွေးကောက်ပွဲတွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် ကံမမြို့နယ်၌ လစ်လပ်နေသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နေရာတွင် ၀င်ရောက်ယှဉ်ပြိုင်မည်ဟု အရှိုချင်းအမျိုးသားပါတီ၏ အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးကြည်ဟန်ကပြောသည်။ "ကြားဖြတ်ရွေးကောက်ပွဲမှာ ကျွန်တော်တို့ပါတီ အနေနဲ့ ကံမမြို့နယ်မှာ ဝင်ရောက်အရွေးခံမှာပါ" ဟု ၎င်းကဆိုသည်။ အရှိုချင်းအမျိုးသားပါတီသည် မကွေးတိုင်းအတွင်း၌ မင်းတုန်း၊ ကံမ၊ မင်းလှ၊ ဆင်ပေါင်ဝဲ၊ တောင်တွင်းကြီး စသည့် မြို့နယ်များ၊ အောင်လံမြို့နယ် မင်းကန်ကျေးရွာတို့တွင် ရုံးများဖွင့်လှစ်ထားပြီး ပါတီစည်းရုံးရေး လုပ်ငန်းများ ဆောင်ရွက်နေပြီ ဖြစ်သည်။ ကံမမြို့နယ် ပြည်သူ့လွှတ်တော်နေရာသည် ပြန်ကြားရေး ဒုတိယ၀န်ကြီးဟောင်းနှင့် ယခု သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ် ရာထူးတိုးမြှင့်ခံရသည့် ဦးပိုက်ထွေး၏ မဲဆန္ဒနယ်ဖြစ်သည်။ အရှိုချင်းအမျိုးသားပါတီကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၁၂ ခုနှစ်၊ ဇွန် ၅ရက်တွင် နိုင်ငံရေးပါတီအဖြစ် တရားဝင်ရပ်တည်ခွင့်ပြုခဲ့ပြီး တစ်နိုင်ငံလုံးတွင် ပါတီရံ

Post Paid ဖုန်းများ Internation Roaming Service အသုံးပြုရန် ကျပ်ငါးသိန်း ကြိုတင်...

Post Paid ဖုန်းများ Internation Roaming Service အသုံးပြုရန် ကျပ်ငါးသိန်း ကြိုတင်ထည့်သွင်းထားရမည် စ, ချိုကို| ကြာသပတေးနေ့၊ ဇူလိုင်လ ၃ ရက်၊ ၂၀၁၄ ခုနှစ်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက GSM မိုဘိုင်းဖုန်းများ နိုင်ငံတကာသို့ သယ်ဆောင်အသုံးပြုနိုင်သည့် International Roaming Service ခွင့်ပြုပေးပြီးနောက် ယင်းဝန်ဆောင်မှုကို အသုံးပြုမည့် Post Paid စနစ်သုံးဖုန်းများသည် ကြိုတင်ငွေ ကျပ်ငါးသိန်းကို မိမိ၏ မိုဘိုင်းဖုန်းဘီလ်တွင် ဖြည့်သွင်းရမည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ငွေစာရင်းဌာနမှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။ အဆိုပါ စနစ်ကို ဇူလိုင် ၂ ရက်တွင် စတင်ဖွင့်လှစ်အသုံးပြုခွင့်ပေးခဲ့ပြီး နိုင်ငံပေါင်း ၃၁ နိုင်ငံတွင် အသုံးပြုနိုင်ပြီဖြစ်သည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ငွေစာရင်းဌာနမှ တာဝန်ရှိသူက “Post Paid ဖုန်းတွေကတော့ ဒီစနစ်ကို အသုံးပြုချင်ရင် ကြိုတင်ငွေငါးသိန်း ဖြည့်သွင်းထားရတယ်။ ကြိုတင်ငွေဖြည့်ကတ် (Prepaid) စနစ်သုံး ဖုန်ုးတွေကတော့ ကိုယ်အသုံးပြုချင်သလောက် ချင့်ချိန်ပြီး ငွေဖြည့်ကတ်နဲ့ ဖြည့်သွင်းထားလို့ရတယ်”ဟု ပြောသည်။ ပြည်တွင်းမှ မိုဘိုင်းဖုန်ုးကို ပြည်ပသို့ ယူဆောင်ကာ outbound roaming စနစ် ချိတ်ဆက်အသုံးပြ

အမုန်းပွားစေမည့် လှုံ့ဆော်မှုများမရှိမှ တိုင်းပြည် တည်ငြိမ်၊ အေးချမ်းမည်ဟု သမ္မတပြေ...

အမုန်းပွားစေမည့် လှုံ့ဆော်မှုများမရှိမှ တိုင်းပြည် တည်ငြိမ်၊ အေးချမ်းမည်ဟု သမ္မတပြော မင်းမင်း ရန်ကုန်၊ မဇ္ဈိမ။ ။ ပြည်သူများအကြား မုန်းတီးမှုဖြစ်ပွားစေမည့် ပြုမူ၊ ပြောဆို၊ ရေးသားမှုများနှင့် လှုံ့ဆော်မှုများ မရှိမှသာ တိုင်းပြည် တည်ငြိမ်အေးချမ်းမှုရှိမည်ဖြစ်သလို သို့မှသာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများအောင်မြင်နိုင်မည်ဟု သမ္မတ ဦးသိန်းစိန်က ပြောဆိုလိုက်သည်။ “အမုန်းတရားများ ပွားစေမယ့် အပြုအမူ၊ အပြောအဆို၊ အရေးအသားများကို ကျွန်တော်တို့ လူ့အဖွဲ့အစည်းအေ နနဲ့ ရှုတ်ချပြစ်တင်ဆန့်ကျင်ကြရမှာလည်းဖြစ်ပါတယ်” ဟု သမ္မတက လစဉ်ရေဒီယိုမိန့်ခွန်းတွင် ဇူလိုင် ၃ရက်က ပြောဆိုလိုက်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် တိုင်းရင်းသားပေါင်းစုံ၊ ဘာသာပေါင်းစုံဖြင့်ဖွဲ့စည်းထားသည့် နိုင်ငံဖြစ်သည့်အတွက် နိုင်ငံ သားများအနေဖြင့် တစ်ဦးနှင့်တစ်ဦး သဟဇာတရှိရှိ နေထိုင်ကြရန်လည်း သမ္မတက တိုက်တွန်းသည်။ ယင်းအပြင် “အမုန်းတရားတွေကြောင့် စည်းလုံးညီညွတ်မှုပျက်ပြားပြီး ပြည်သူတွေ ဒုက္ခမျိုးစုံ တွေ့ကြုံနေကြရ တာကို ကမ္ဘာ့ဖြစ်စဉ်၊ ဖြစ်ရပ်များက သက်သေပြနေပါတယ်” ဟုလည်း သမ္မတဦးသိန်းစိန်က ရေဒီယိုမိန့်ခွန်းတွင် သတိပေးထားသည်။ သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင်

ရခိုင်တွင် ပုဒ်မ ၁၄၄ ရုတ်သိမ်းနိုင်ရေးအတွက် ဝန်ကြီးချုပ်က ဒေသခံများနှင့် ညှိနှိုင...

ရခိုင်တွင် ပုဒ်မ ၁၄၄ ရုတ်သိမ်းနိုင်ရေးအတွက် ဝန်ကြီးချုပ်က ဒေသခံများနှင့် ညှိနှိုင်းမည် ကေဇူး ရန်ကုန်၊ မဇ္ဈိမ။ ။ ရခိုင်ပြည်နယ် မြို့နယ် အများစုတွင် ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ကို ထုတ်ပြန်ထားပြီး ပြန်လည်ရုပ်သိမ်းနိုင်ရန် ဒေသခံပြည်သူများနှင့် ညှိနှိုင်းသွားမည် ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ပြောကြားလိုက်သည်။ ရခိုင်ပြည်နယ် စစ်တွေ၊ မောင်တော၊ ဘူးသီးတောင်၊ သံတွဲ နှင့် မြို့နယ် အများစုတွင် ညမထွက်ရအမိန့်ကို ထုတ်ပြန်ထားဆဲဖြစ်ပြီး ပြန်လည်ရုပ်သိမ်းရန် စီးစဉ်ခြင်းဖြစ်သည်။ “မလိုအပ်ဘဲ ညမထွက်ရအမိန့်ရှိနေရင် ပြည်သူအတွက် နှောင့်နှေးပါတယ်။ ဒါကြောင့် ပြည်သူနဲ့တွေ့မယ်။ ဒေသမှာ လုံခြုံရေးအဆင်ပြေပြီလို့ ယူဆရင်၊ ပြည်သူကလည်း တရားဥပဒေ စိုးမိုးရေးအတွက် ပူးပေါင်းပါဝင်မယ်ဆိုရင် ဖြုတ်မှာပါ။ ဒီလအတွင်းပဲ လုပ်မှာပါ ”ဟု ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းကပြောသည်။ စစ်တွေမြို့တွင် နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့များ၏ ရုံးခန်းများကို လူအုပ်စုဖွဲ့ တိုက်ခိုက်မှုများကြောင့် ပုဒ်မ ၁၄၄ ကို အရေးပေါ် တိုးမြှင့်ထုတ်ပြန်ခဲ့ပြီး တစ်လအတွင်း ညမထွက်ရ အမိန့် အတိုးအလျော့ သုံးကြိမ်ဖြစ်ခဲ့သည်။ နောက်ဆုံး ညမထွက်ရအမိန့် တိုးမြှင့်ခဲ့သည့် မြို့မှာ ဇွန် ၂၀
ရန်ကုန်တက္ကသိုလ်တွင် ကျင်းပမည့် လူ့အခွင့်အရေး ရုပ်ရှင်ပွဲတော်ကို ကျောင်းသားသမဂ္ဂဘက်မ� myanmar.mmtimes.com ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် ဒုတိယအကြိမ်မြောက် ကျင်းပသည့် လူ့အခွင့်အရေး ရုပ်ရှင်ပွဲတော်၌ ၈၈ မျိးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ဦးမင်းကိုနိုင်ကို တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့မှ အဖွင့်အမှာစကားပြောခွင့် ပိတ်ပင်ခဲ့သောကြောင့် ရုပ်ရှင်ပွဲတော်ကို ဖျက်သိမ်းခဲ့ရကြောင်း ဇူလိုင်လ ၃ ရက်ေ… from The Myanmar Times's Facebook Wall http://ift.tt/1oqR2YA