Skip to main content

လက်ရှိအာဏာရပါတီကို NSA က လျှို့ဝှက်ထောက်လှမ်းခဲ့ခြင်းနှင့် ပတ်သက်ပြီး အမေရိကန်သံ...



လက်ရှိအာဏာရပါတီကို NSA က လျှို့ဝှက်ထောက်လှမ်းခဲ့ခြင်းနှင့် ပတ်သက်ပြီး အမေရိကန်သံအမတ်ကို အိန္ဒိယဆင့်ခေါ်



နယူးဒေလီ၊ ဇူလိုင် ၂



အိန္ဒိယနိုင်ငံ၏ လက်ရှိအာဏာရပါတီ ဖြစ်သော BJP ပါတီကို အမေရိကန် အမျိုးသားလုံခြုံရေး အေဂျင်စီက လျှို့ဝှက်ထောက်လှမ်းမှုများ ပြုလုပ်ခဲ့သည်ဟူသော စွပ်စွဲမှုများ ထွက်ပေါ်ခဲ့ပြီးနောက်တွင် အိန္ဒိယ အာဏာပိုင်များက အမေရိကန် သံအမတ်တစ်ဦးကို ဆင့်ခေါ်ခဲ့ကြောင်း BBC သတင်းဌာနတွင် ဖော်ပြထားသည်။



စွပ်စွဲမှုပြောဆိုမှုများသာ မှန်ခဲ့မည် ဆိုပါက NSA ၏လုပ်ရပ်မှာ လက်ခံနိုင်ဖွယ် မရှိကြောင်းနှင့် နောက်တစ်ကြိမ်ထိုကဲ့သို့ မဖြစ်စေရန် အမေရိကန် ပြည်ထောင်စုကို တောင်းဆိုသွားမည်ဟု အိန္ဒိယ အစိုးရ အရာရှိများက ပြောကြားသည်။



NSA ၏လျှို့ဝှက်ထောက်လှမ်းရေး လုပ်ငန်းများကို ဖွင့်ချသူ အက်ဒဝပ်စနိုးဒန်က ၂၀၁၀ ပြည့်နှစ်အတွင်း NSA ၏ ပစ်မှတ်ထားစောင့်ကြည့်ခြင်းကို ခံရသော နိုင်ငံခြားတိုင်းပြည်များမှ နိုင်ငံရေးပါတီ များထဲတွင် အိန္ဒိယနိုင်ငံ၏ လက်ရှိအနိုင်ရပါတီ BJP လည်း ပါဝင်သည်ဟု တနင်္လာနေ့က ထုတ်ဖော်ပြောကြားခဲ့သည်။



နာရင်ဒါမူဒီ ဦးဆောင်သော BJP ပါတီသည် မေလအတွင်းက ကျင်းပခဲ့သော အိန္ဒိယ အထွေထွေရွေးကောက်ပွဲတွင် ရာဟူးလ်ဂန္ဒီ၏ INC ပါတီကို အနိုင်ရကာ အာဏာရလာခဲ့သော ပါတီဖြစ်သည်။



“ကျွန်တော်တို့အနေနဲ့ အမေရိကန် ပြည်ထောင်စုဘက်က အခုလိုမျိုးနောက်တစ်ကြိမ် မဖြစ်စေရဘူးလို့ အာမခံချက် ပေးစေချင်ကြောင်း ပြောကြားထားပါတယ်” ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမည်မဖော်လိုသူ အရာရှိတစ်ဦးက ပြောကြားသည်။



လျှို့ဝှက်ထောက်လှမ်းမှုနှင့် ပတ်သက်ပြီး အိန္ဒိယအာဏာပိုင်များက အမေရိကန် ပြည်ထောင်စုကို ဖြေရှင်းချက်တောင်းသည်မှာ ယခုအကြိမ်သည် တတိယအကြိမ် ဖြစ်ပြီး ပြီးခဲ့သော နှစ်အတွင်းကလည်း ယခုကဲ့သို့ ဖြစ်စဉ်မျိုး နှစ်ကြိမ်ဖြစ်ပွားခဲ့ဖူးသည်။



မနှစ်အတွင်းက ဖြစ်ပွားခဲ့သော နှစ်ကြိမ်လုံးတွင် အမေရိကန်အစိုးရက အိန္ဒိယအာဏာပိုင်များ၏ ပြောကြားချက်နှင့် ပတ်သက်ပြီး ဂရုတစိုက် လုပ်ဆောင်ပါမည်ဟု ပြောကြားခဲ့သော်လည်း အမေရိကန်အစိုးရထံမှ မည်သည့်ဖြေရှင်းချက်မျိုးမှ မရရှိဖူးကြောင်း အိန္ဒိယ အာဏာပိုင်များက ပြောကြားခဲ့သည်။



အိန္ဒိယသည် အမေရိကန်နှင့် စစ်ရေးအရရော ကုန်သွယ်ရေးအရပါ ခိုင်မာသော ဆက်ဆံရေးရှိသော်လည်း အိန္ဒိယ သံအမတ်တစ်ဦးကို နယူးယောက်မြို့တွင် ဗီဇာကိစ္စနှင့် ပတ်သက်ပြီး အမေရိကန် အရာရှိများက ဖမ်းဆီးခဲ့ပြီးနောက် ပြီးခဲ့သောလများအတွင်း၌ နှစ်နိုင်ငံဆက်ဆံရေး အနည်းငယ် တင်းမာလာခဲ့သည်။



အမေရိကန် ပြည်ထောင်စုသည် လျှို့ဝှက်ထောက်လှမ်းမှုများနှင့် ပတ်သက်ပြီး အိန္ဒိယနိုင်ငံအပြင် အခြားတိုင်းပြည်များ၏ ဖြေရှင်းချက် တောင်းခြင်းကို ရင်ဆိုင်ခဲ့ရပြီးပြီ ဖြစ်ပြီး ၂၀၁၃ ခုနှစ် အောက်တိုဘာလ အတွင်းကလည်း ဂျာမနီအာဏာပိုင်တို့က အမေရိကန် သံအမတ်ကို ဆင့်ခေါ်ကာ ဂျာမနီအဓိပတိ အိန်ဂျလာမာကယ်လ်၏ ဖုန်းကို NSA က ကြားဖြတ်နားထောင်ခဲ့ခြင်းနှင့် ပတ်သတ်ပြီး ဖြေရှင်းချက်ပေးရန် တောင်းဆိုခဲ့သည်။







from The Voice Weekly's Facebook Wall http://ift.tt/1obTMas

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...