Skip to main content

Posts

Showing posts from October 29, 2014

အိန္ဒိယ ရထား သံလမ်း ဘေးတွင် ကိုယ်လက် အင်္ဂါ ပြတ်တောက် သေဆုံး နေသည့် ဗြိတိန် နိုင်ငံသား အလောင်းတွေ့ရှိ

အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဥတာပရာဒေ့ရှ်ပြည်နယ် ကမ်ပူမြို့နားက ချန်ဒါရီဘူတာရဲ့ ရထား သံလမ်းဘေးမှာ ကိုယ်လက်အင်္ဂါတွေ ပြတ်တောက်ပုံ ပျက်နေတဲ့ ဗြိတိန်နိုင်ငံသား တယောက်ရဲ့ အလောင်းကို အောက်တိုဘာ ၂၉ ရက်နေ့က တွေ့ရပါတယ်။ အိန္ဒိယအစိုးရ မီးရထားရဲတွေရဲ့အဆိုအရ ဒီသေဆုံးမှုကို ခုချိန်ထိ မတော်တဆမှုအဖြစ် သတ်မှတ်ထား ပါတယ်။ ဒီအမျိုးသားဟာ မောင်းနှင်နေဆဲ ရထားပေါ်က ပြုတ်ကျသေဆုံးပုံ ရတယ်လို့ ချန်ဒရီ မီးရထားဘူတာရဲ့ စစ်ဆေးရေးမှူး မဟာဒေ့ဗ်က ပြောပါတယ်။ သူ့ရဲ့ နိုင်ငံကူး လက်မှတ်အရ သူ့ဇာတိနိုင်ငံကိုပဲ သိသေးတယ်။ သူနိုင်ငံကူး လက်မှတ်က အသက်အရ အသက် ၅၆ နှစ်ရှိပြီလို့ သူက ဆက်ပြောပါတယ်။ သေဆုံးမှုကို အိန္ဒိယရဲတွေက စုံစမ်းစစ်ဆေးနေဆဲပါ။ By ဒီဗွီဘီ http://ift.tt/104IIWa from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1tQXInV

ကိုထင်ကျော်အမှု ယနေ့ အမိန့်ချမည်

ဒီမိုကရေစီရေး စဉ်ဆက်မပြတ် လှုပ်ရှားသူများအဖွဲ့ (အမ်ဒီစီအက်ဖ်)မှ ကိုထင်ကျော်ကို ကျောက်တံတားမြို့နယ် ရဲစခန်းက စွဲဆိုထားတဲ့ ပုဒ်မ ၅၀၅(ခ)အတွက် ဒီနေ့ အောက်တိုဘာ ၃၀ ရက်နေ့မှာ အမိန့်ချမှာ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်ထဲမှာ နိုင်ငံတော်သမ္မတနဲ့ အစိုးရအဖွဲ့ကို အယုံအကြည်မရှိကြောင်း ဆန္ဒပြခဲ့တဲ့ အတွက် သူ့ကို မြို့နယ် ၁၂ ခုနှစ်က ပုဒ်မ(၁၈)၊ ပုဒ်မ ၅၀၅(ခ)တို့နဲ့ တရားစွဲခဲ့ပါတယ်။ လက်ရှိအချိန် ကိုထင်ကျော်ဟာ ထောင်ဒဏ် ၁၁ နှစ်နဲ့ ၄ လ အမိန့်ချမှတ်ခံထားရပြီး ဒီကနေ့အမှုက နောက်ဆုံးအမှု ဖြစ်တယ်လို့ သိရပါတယ်။ By ဒီဗွီဘီ http://ift.tt/104IIFR from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1uvVg14

ISIS အဖွဲ့က အသေခံဗုံးခွဲသမားများ နှင့် လူသားတံတိုင်းများ အဖြစ် ကလေးစစ်သားများကို အသုံးပြုလျက်ရှိ

ဝါရှင်တန် ၊ ၃၀-၁၀-၂၀၁၄ ISIS စစ်သွေးကြွ အဖွဲ့သည် ၆ နှစ်သား အရွယ်မျှသာ ရှိသေးသည့် ကလေးသူငယ် များကို အသေခံ ဗုံးခွဲသမားများ အဖြစ် လေ့ကျင့်ပေးလျက် ရှိကြောင်းနှင့် ဒဏ်ရာရရှိသည့် ISIS စစ်သွေးကြွ များအတွက် သွေးလှူရှင်များ အဖြစ် ရှေ့တန်း စစ်မြေပြင်သို့ ခေါ်ဆောင်လျက် ရှိကြောင်း အောက်တိုဘာလ ၂၈ ရက်နေ့ NEWSnow သတင်းတစ်ရပ် အရ သိရသည်။ ကလေးစစ်သားများ ပါဝင်သည့် အရေအတွက်အား အတိအကျ မဖော်ပြ နိုင်သော်လည်း ကလေးများအား စစ်သင်တန်း ပေးနေမှု အလျင်အမြန် တိုးပွားလာလျက် ရှိကြောင်း လူ့အခွင့်အရေး အဖွဲ့များနှင့် သတင်းထောက် များက ပြောကြားလျက် ရှိပါသည်။ ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးရုံး နှင့် အီရတ်နိုင်ငံရှိ ကုလသမဂ္ဂ အထောက်အပံ့ ပေးရေးမစ်ရှင် ဆိုင်ရာ လူ့အခွင့်အရေး ရုံးတို့က ပူးတွဲ ရေးသားသည့် အစီရင်ခံစာ တစ်စောင်အရ ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ ကျွမ်းကျင် ပညာရှင်များ အနေဖြင့် အသက် ၁၂ နှစ်၊ သို့မဟုတ် ၁၃ နှစ်အရွယ် မျှသာ ရှိသေးသည့် ကလေးသူငယ် များသည် အီရတ်နိုင်ငံ Mosul မြို့တွင် ISIS စစ်သွေးကြွ အဖွဲ့က စီစဉ်သည့် စစ်ရေး သင်တန်းများတွင် တက်ရောက်လျက် ရှိကြကြောင်း အတည်ပြု ထားသောအစီရင်ခံမှု များကို လက်ခံ ရရှိထားသည်။ ကုလသမဂ

ISIS စစ်သွေးကြွ များအား သုတ်သင်မှုအတွက် တစ်ရက်အသုံးစရိတ် ဒေါ်လာ ၈ ဒသမ ၃ သန်းခန့် ကုန်ကျဟု ပင်တဂွန်စစ်ဌာနချုပ် ခန့်မှန်း

ဝါရှင်တန် ၊ ၃၀-၁၀-၂၀၁၄ ဆီးရီးယားနှင့် အီရတ်နိုင်ငံရှိ ISIS စစ်သွေးကြွ များအား လေကြောင်းမှ ထိုးစစ်ဆင် ချေမှုန်းသုတ်သင် ရာတွင် တစ်ရက် အသုံးစရိတ်အဖြစ် အမေရိကန်ဒေါ်လာ ၈ ဒသမ ၃ သန်းခန့် ကုန်ကျသည့် ခန့်မှန်းချက်အား ပင်တဂွန် စစ်ဌာနချုပ် က ပြန်လည် သုံးသပ်မှု ပြုလုပ်ခဲ့ကြောင်း အောက်တိုဘာလ ၂၈ ရက်နေ့ AFP သတင်းတစ်ရပ် အရ သိရသည်။ အမေရိကန်နိုင်ငံ အနေဖြင့် သြဂုတ်လ ၈ ရက်နေ့တွင် စတင်ခဲ့သည့် အဆိုပါ လေကြောင်း တိုက်ခိုက်မှုအတွက် အမေရိကန်ဒေါ်လာ သန်း ၅၈ဝ ကုန်ကျခဲ့ကြောင်း ပင်တဂွန်၏ ပြောရေး ဆိုခွင့်ရှိသူ Bill Urban က ပြောကြားခဲ့သည်။ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန အနေဖြင့် မူလက တစ်ရက် အသုံးစရိတ် အမေရိကန် ဒေါ်လာ ၇ သန်းကျော် အသုံးပြုရန် ပျမ်းမျှ သတ်မှတ် ခဲ့သည်။ သို့ရာတွင် ဇွန်လလယ်ပိုင်းမှ စတင်ခဲ့သည့် အီရတ် စစ်ဘက်အား အကြံပေးရေး နှင့် ဘဂ္ဂဒက်မြို့ရှိ အမေရိကန် သံရုံး လုံခြုံရေးအတွက် အမေရိကန် တပ်ဖွဲ့ဝင် ရာပေါင်းများစွာ တပ်ဖြန့် ချထားမှုများ ပါဝင်သည့် အဆိုပါ စစ်ဆင်ရေးဆိုင်ရာ အသုံးစရိတ်အား အမေရိကန် ကာကွယ်ရေး ဝန်ကြီး ဌာနက ထည့်သွင်း တွက်ချက်မှု မပြုလုပ် ခဲ့ကြောင်း အလွတ်သဘော လေ့လာ ဆန်းစစ်သူ များက ပြောကြား ခဲ့သည်။ အသုံးစရိတ် ဆိုင်ရာ

သွေးလွန်တုတ်ကွေး တိုက်ဖျက်တဲ့ ခြင်တွေကို စေလွတ်ပြီ

သြစတြေးလျနိုင်ငံ ​မြောက်ပိုင်း ​ကွင်းစလန်း ပြည်နယ်မှာ ​သွေးလွန်တုတ်ကွေး ရောဂါ ​ကာကွယ်နိုင်မယ့် ​ခြင်အကောင်ပေါင်း များစွာကို ​ကျန်းမာရေး အာဏာပိုင်တွေက ​လွတ်ပေး လိုက်ပြီ ​ဖြစ်ပါတယ်။ အဲဒီခြင်တွေထဲမှာ ​Wolbachia ​ဆိုတဲ့ ​ဘက်တီရီးယားပိုးကို ​ထည့်ထားပြီး ​အဲဒီ ​ဘက်တီးရီးယားပိုးဟာ ​သွေးလွန်တုတ်ကွေးကို ​တိုက်ဖျက်နိုင်တဲ့အတွက် ​အဲဒီလို ​ခြင်တွေကို ​လူနေအိမ်တွေမှာ ​အများအပြား ​လွတ်ပေးလိုက်တာ ​ဖြစ်ပါတယ်။ အဲဒီလို ​သွေးလွန်တုတ်ကွေးကို ​တိုက်ဖျက်နိုင်တဲ့ ​ခြင်တွေ ​ပေါက်ပွားမှုများလာရင် ​သွေးလွန်တုတ်ကွေးရောဂါပါတဲ့ ​ခြင်အကောင်ရေ ​တဖြေးဖြေး ​နည်းလာပြီး ​သွေးလွန်တုတ်ကွေးရောဂါ ​လုံးဝမရှိတော့တဲ့အထိ ​ဖြစ်နိုင်တယ်လို့ ​ယူဆနေကြပါတယ်။ ဒီလို ​စမ်းသပ်မှုတွေကြောင့် ​လာမယ့်နှစ်အနည်းငယ်အတွင်း ​သြစတြေးလျနိုင်ငံ ​အပူပိုင်းဒေသဖြစ်တဲ့ ​နိုင်ငံရဲ့ ​မြောက်ပိုင်းမှာ ​သွေးလွန်တုတ်ကွေး ​ရောဂါ ​ဖြစ်ပွားမှုနှုန်း ​ပိုနည်းလာမယ်လို့ ​မျှော်လင့်နေကြပြီး ​မျှော်လင့်သလို ​ဖြစ်လာရင်တော့ ​အဲဒီ ​ခြင်ကောင်တွေကို ​သွေးလွန်တုတ်ကွေး ​အဖြစ်များတဲ့ ​အရှေ့တောင်အာရှ ​နိုင်ငံတွေကို ​ပို့ဆောင်ပေးမယ်လို့ ​သိရပါတယ်။ ABC Radio Australia http://ift.

အာဏာ လက်မလွှတ်ချင်သူကို တားမြစ်ရမည်

ကိုယ့်လက်ထဲ ရရှိထားတဲ့ အာဏာကို လက်မလွှတ်ချင်လို့ နည်းလမ်း အမျိုးမျိုးသုံးပြီး ဆုပ်ကိုင်ထား တယ်ဆိုတာ လုံးဝ မသင့်တော်ဘူး၊ ဒါမျိုးကို တားမြစ်နိုင်အောင် လုပ်သွား ကရမယ်လို့ ဒေါ်အောင်ဆန်း စုကြည်က ပြောကြား လိုက်ပါတယ်။ RFA အပတ်စဉ် ကဏ္ဍတစ်ခု ဖြစ်တ ဒီမိုကရေစီ ခရီးကြမ်းနဲ့  ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက်ပြောကြားရာမှာ အခုလို ပြောသွားတာဖြစ်ပါတယ်။ တချို့လူတွေဟာ သူတို့ကိုယ်သူတို့ ဘယ်တော့မှအမှားကို မလုပ်ဘူးလို့ထင်မှတ်နေတယ်။ အမှားကိုအမှားမှန်း မသိတာဟာတော်တော် ပြင်ဖို့ခက်ခဲတဲ့ကိစ္စပဲလို့လည်း ပြောသွားပါတယ်။ "ကိုယ့်အပြစ်ကို အပြစ်မှန်းမသိလို့ရှိရင် ပြင်ချင်တဲ့စိတ်က လုံးဝမရှိဘူး၊ အပြစ်ကို အပြစ်မှန်းသိတယ် ကိုယ်ကမှားမှန်းကိုယ်သိတယ်ဆိုရင် ဝန်ခံသည်ဖြစ်စေ၊ မဝန်ခံသည်ဖြစ်စေ ဒါမဟုတ်ဘူးဆိုတဲ့ အသိစိတ်ကလေးကြောင့်ကို တစ်နေ့၊ တစ်ချိန်၊ တစ်ခါမှာ ကိုယ့်ကိုကိုယ်ပြုပြင်လာတဲ့ အခြေအနေကို ရောက်နိုင်တယ်၊ ကိုယ်မှားတယ် ကိုယ့်မှာအပြစ်ရှိတယ်ဆိုတာကို လုံးဝမသိဘူး၊ လုံးဝကိုယ့်ကိုကိုယ်လည်း မဝန်ခံဘူး၊ သူများကိုလည်း မဝန်ခံဘူးဆိုတဲ့ ပုဂ္ဂိုလ်တွေကတော့ ပြုပြင်ဖို့ ခက်လိမ့်မယ်ထင်တယ်" ဒါ့အပြင် တာဝန်ယူမှု၊ ပွင့်လင်းမြင်သာမှုဆိုတာနဲ့  ပတ်သ

အစိုးရ ချေးငွေ ပြန်မဆပ်နိုင်တဲ့ လယ်သမားများကို ကူညီမည်

မြန်မာ့ လယ်ယာ စိုက်ပျိုးရေး ဘဏ်က ထုတ်ချေး ထားတဲ့ စိုက်ပျိုး စရိတ် ချေးငွေတွေ ပြန်မဆပ်နိုင်တဲ့ သမဂ္ဂအဖွဲ့ဝင် လယ်သမားတွေ အနေနဲ့ မြန်မာနိုင်ငံ တောင်သူ လယ်သမားနဲ့ စိုက်ပျိုးရေး အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်ဆီ အထောက်အထား ခိုင်ခိုင်မာမာ တင်ပြနိုင်ရင် ဖြေရှင်း ပေးမယ်လို့ ပြောပါတယ်။ မြန်မာနိုင်ငံ တောင်သူ လယ်သမားနဲ့ စိုက်ပျိုးရေး အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်ရဲ့ ဒုတိယ အကြိမ်မြောက် ညီလာခံကို ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်ခန်းမမှာ ဒီကနေ့ ကျင်းပစဉ် အဲဒီအဖွဲ့ရဲ့ ရန်ကုန်တိုင်း အတွင်းရေးမှုး ဦးယဉ်အေးက RFA ကို ချေးငွေမဆပ်နိုင်တဲ့ လယ်သမားတွေ အရေး ကိစ္စကို ပြောခဲ့တာ ဖြစ်ပါတယ်။ စိုက်ပျိုးစရိတ်ချေးငွေတွေကို စိုက်/ဘဏ်ကနေ တစ်ဧက ကျပ် တစ်သိန်းနှုန်းနဲ့ ထုတ်ချေးပေးထားရာမှာ ပြန်မဆပ်နိုင်တဲ့ စစ်ကိုင်းတိုင်းနဲ့ ဧရာဝတီတိုင်းအတွင်းက လယ်သမားတွေကို ဥပဒေအရ အရေးယူ မယ်လို့လည်း လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက အကြောင်းကြားထားတယ်လို့ သိရပါတယ်။ ဒါကြောင့် သမဂ္ဂအဖွဲ့ဝင် လယ်သမားတွေအနေနဲ့ မိုးကြီးလို့လယ်တွေ ရေနစ်မြှပ်ရတာတွေ၊ ချိန်ခါမဟုတ် မိုးရွာတဲ့အတွက် စပါးတွေပျက်စီးခဲ့တာတွေကြောင့် သီးနှံတွေတကယ်

ယူကရိန်းအရာရှိကြီး ၉၀ ကျော် အဂတိလိုက်စားမှုနဲ့ အရေးယူ

ထိပ်တန်း အစိုးရအရာရှိ ၉၁ ယောက်ကို ရာထူးက ထုတ်ပယ်ခဲ့တယ်လို့ ယူကရိန်း ပြည်ထဲရေးဝန်ကြီး Arsen Avakov က ပြောပါတယ်။ အဲဒီထဲမှာ ရုရှားလိုလားတဲ့ ယူကရိန်း အစိုးရဟောင်းနဲ့ ဆက်နွယ်မှုရှိတဲ့ ဗိုလ်ချုပ်ကြီး ၈ ဦး ပါဝင်ပါတယ်။ မြို့တော် Kyiv နဲ့ Donetsk က ဒေသဆိုင်ရာ အကြီးအကဲတွေ အပါအ၀င် အစိုးရ၀န်ကြီးဌာန အကြီးအကဲတွေကို အခုလို ရာထူးကနေ ထုတ်ပယ်ခဲ့တာလို့ မစ္စတာ Avakov က သူ့ရဲ့ Facebook မှာ ဗုဒ္ဓဟူးနေ့က ရေးသားခဲ့ပါတယ်။ ရာထူးက ဖြုတ်ချခံခဲ့ရတဲ့ ယူကရိန်းသမ္မတဟောင်း Viktor Yanukovych အစိုးရလက်အောက်မှာ တာဝန်ယူခဲ့တဲ့ ပြည်ထောင်စုနဲ့ ဒေသဆိုင်ရာ အကြီးအကဲတွေကို အဓိကထား နှိမ်နင်းမယ့် ဥပဒေနဲ့ အခုလို သူတို့ကို ရာထူးက ဖယ်ရှားခဲ့တာပါ။ သမ္မတ Petro Poroshenko ဟာ ဒီလအစောပိုင်းတုန်းက ဒီဥပဒေကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ တချိန်တည်းမှာပဲ ယူကရိန်းအရှေ့ပိုင်းမှာ ရုရှားလိုလားသူ ခွဲထွက်ရေးသမားတွေနဲ့ ယူကရိန်းအစိုးရကြား တိုက်ပွဲတွေဖြစ်နေတာကို ရပ်ဖို့ EU ဥရောပသမဂ္ဂနဲ့ UN ကုလသမဂ္ဂ တို့ကလည်း နည်းလမ်းတွေ ရှာဖွေနေပြီး ရုရှားနယ်စပ်က ဒီခွဲထွက်ရေးသမားတွေ သူတို့ထိန်းချုပ်ရာ နယ်မြေအတွင်း ကျင်းပနေတဲ့ ရွေးကောက်ပွဲကို ရုရှားက ထောက်ခံတဲ့အပေါ်မှာလည်း EU နဲ့

ဟံသာဝတီလေဆိပ် စီမံကိန်းအတွက် စင်ကာပူနှင့် ဂျပန် ကုမ္ပဏီိ လုပ်ဆောင်ခွင့်ရရှိ

မြန်မာနိုင်ငံမှာ တည်ဆောက်မယ့် ဟံသာဝတီ လေဆိပ်စီမံကိန်း အတွက် စင်ကာပူ ဆောက်လုပ်ရေး ကုမ္ပဏီနဲ့ ဂျပန် ကုမ္ပဏီတို့က လုပ်ဆောင်ခွင့် ရရှိသွားပါတယ်။ အစိုးရနဲ့ တောင်ကိုးရီးယား အင်ချွန်နိုင်ငံတကာ ကုမ္ပဏီတို့ ဒီနှစ်အစောပိုင်းမှာ သဘောတူညီချက် ပျက်ပြား သွားတဲ့နောက် ဂျပန် JGCနဲ့ ယောင်နမ် ဦးပိုင်ကုမ္ပဏီ (YNH)တို့ ရရှိသွားတာ ဖြစ်ပါတယ်။ ဟံသာဝတီ လေဆိပ်ဟာ ရန်ကုန်ကနေ ကီလိုမီတာ ၈၀ အကွာမှာ ရှိပြီး လက်ရှိရန်ကုန် နိုင်ငံတကာ လေဆိပ်ကတော့ ၁၅ ကီလိုမီတာအကွာမှာရှိပါတယ်။ ၂၀၁၉ ဒီဇင်ဘာမှာ လေဆိပ်သစ်ကို စတင်လည်ပတ်မှာ ဖြစ်သလို တနှစ်ကို ခရီးသည် ၁၂ သန်း လက်ခံနိုင်မယ်လို့ဆိုပါတယ်။ လက်ရှိမှာတော့ ခရီးသည် ၂.၇ သန်း လက်ခံနိုင်မယ်လို့လည်း ဆိုပါတယ်။ ဒီအဖွဲ့ဟာ ဂျပန်အစိုးရဆီကနေ အတိုးနှုန်းသက်သက်သာသာနဲ့ အကူအညီတွေ ရရှိမယ်လို့ ဆိုပါတယ်။ By ဒီဗွီဘီ http://ift.tt/1DzLTCB from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1DzLTSS

Miss International Beauty Pageant 2014 ပြိုင်ပွဲ အလှမယ် မေဘရဏီသော် ၀င်ရောက် ယှဉ်ပြိုင်မည်

ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ကျင်းပမယ့် Miss International Beauty Pageant 2014 ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ် မေဘရဏီသော်က အကောင်းဆုံး ယှဉ်ပြိုင်သွား မယ်လို့ ဒီဗွီဘီ ကို ပြောပါတယ်။ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ အောက်တိုဘာ ၂၆ ရက်နေ့ကနေ နိုဝင်ဘာ ၁၁ ရက်နေ့ထိ ကျင်းပနေတဲ့ Miss International Beauty Pageant 2014 ပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင် နေတဲ့ မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ် မေဘရဏီသော်က မြန်မာနိုင်ငံ အတွက် အကောင်းဆုံး ကြိုးစား ယှဉ်ပြိုင်သွားမယ်လို့ ဒီဗွီဘီကို ပြောကြားလိုက်ပါတယ်။ “သမီးအနေနဲ့ ၂၀၁၄ ခုနှစ်မှာ ၀င်ရောက်ယှဉ်ပြိုင်မရမှာ ဖြစ်အတွက် အကောင်းဆုံး ကြိုးစား ယှဉ်ပြိုင်သွားမှာပါ။ သမီးကိုလည်း အားပေးကြပါဦးနော်။ ကျေးဇူးတင်ပါတယ်။” Miss International Beauty Pageant 2014 ပြိုင်ပွဲကို Miss Myanmar International 2014 အဖြစ်ရွေးချယ်ခံရတဲ့ ခင်ဝေဖြိုးဟန် ၀င်ရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပေမယ့် အသက် ၁၈ နှစ်ပြည့်ဖို့ လိုနေတဲ့အတွက် 1st Runner Up အလှမယ်မေဘရဏီသော်ကို ရွေးချယ်ခဲ့တာပဲဖြစ်ပါတယ်။ “အချိန်ကလည်း တော်တော်လေးနီးသွားတဲ့အတွက် ပြင်ဆင်ချိန်ကို တော်တော်လေး လုပ်ယူခဲ့ရတယ်။ အ၀တ်အစားပိုင်း

Menstruation (4) မိန်းမပီသတာ စိုးရိမ်စရာမရှိပါ (၄)

သမီးတစ်ခုလောက်သိချင်လို့ပါ။ ကန်တော့ဆရာ၊ သမီး ဓမ္မတာအကြောင်းလေးပြောချင်လို့ပါ သမီးအသက်က ၁၉ နှစ်ပါ သမီး ရာသီလာတာ နှစ်လမှ တစ်ကြိမ်ပဲလာပါတယ်။ လာလဲ ၄ ရက်ကအများဆုံးပါပဲ။ အရင်ကဆို ၆ လလောက် မလာလို့ ဆေးခန်းမှာ ရာသီလာဆေးသွားထိုးရပါတယ်။ နောက်တစ်ခါ ရာသီနည်းလို့ ဆေးခန်း ထပ်ပြရပါသေးတယ်။ ဆေးသောက်လဲခဏပါပဲဆရာ။ ပြီးရင် ရာသီအလာနည်းသွားရော။ အခုနှစ်လတစ်ခါမှလာတော့ အရမ်း စိတ်ညစ်နေပါတယ်။ အဲ့ဒါကြောင့် ဘယ်ဆေးကို သောက်ရမလဲ လု့်ညွှန်ပြပေးပါဦးဆရာ။ ပြီးတော့ ဘာဖြစ်လို့အဲ့လို ဓမ္မတာလာတာ နည်းရသလဲသိချင်လို့လာပါ။ လာနေချိန်မှာရော လာပြီးအချိန်မှာရော ကိုက်ခဲတာတွေ လုံးဝ မဖြစ်ဖူးပါဘူးဆရာ။ ရာသီဆိုတာ မမှန်ဖြစ်တာ များပါတယ်။ သိပ်မစိုးရိမ်ပါနဲ့။ ၁၉ နှစ်မှာ မှန်နေသင့်တာတော့ မှန်ပါတယ်။ ရောဂါရယ်လို့ မဟုတ်လောက်ပါ။ အလွယ်ဆုံးနည်းကတော့ ကိုယ်ဝန်တားဆေး (ဆောရီး) သောက်ရတယ်။ တနေ့ ၁ လုံး၊ တလ ၂၈ လုံးပါတာကိုပြောတာပါ။ အပျိုတွေလဲ ပေးပါတယ်။ သံသယအထင်မခံရအောင် သူများမမြင်အောင် ပေးရ-သောက်ရပါတယ်။ ရာသီလာရက်ကို မများစေသင့်ပါ။ များရင် သွေးအားနည်းမယ်။ ဆင်းသင့်တာသာ ဆင်းပါမယ်။ ကျန်နေတာမျိုးမဖြစ်ပါ။ တားဆေးသောက်ရင် (၁) လမှန်မယ်။ (၂) ဆင်းတာနည်းမယ်။ (၃) နာတာကိုက်

Menstruation (3) မိန်းမပီသတာ စိုးရိမ်စရာမရှိပါ (၃)

“ဆရာ ကျမ ရာသီမမှန်ဘူး” ဆိုတာနဲ့ မပြီးသေးပါ။ ဒီမေးခွန်းတွေမေးပါတယ်။ ၁။ Amenorrhea ရာသီမလာတာလား၊ ၂။ Heavier Than Normal ရာသီလာတာများနေသလား၊ ၃။ Bleeding In Between Periods ကြားရက် သွေးဆင်းသလား၊ ၄။ Painful Period ရာသီလာလို့ တအားနာသလား၊ မိန်းကလေး-အမျိုးသမီးတိုင်းဟာ သီးသန့်သဘောဆောင်တယ်။ သူ့သဘာဝနဲ့သူရှိတယ်။ ရာသီ ရက်တိုမယ်၊ ရှည်မယ်၊ နည်းမယ်၊ များမယ်။ အပျိုဖြစ်ပြီး နှစ်တွေနဲနဲကြာရင် ကိုယ့်သဘာဝကိုယ် သိမှတ်ထားနိုင်ပြီ။ ငါ့ရာသီဟာ ဒီလိုဘဲလို့။ အများဆုံးက တလ ဆိုတာ ၂၈ ရက်၊ တလလာရင် ၃-၅ ရက်။ အဲလိုကနေ ထူခြားတာဖြစ်လာရင်တော့ သတိထားစရာတွေ ရှိလာမယ်။ ၁။ Amenorrhea ရာသီမလာရင် - • အသက် ၄၅-၅ဝ အရွယ်မှာ ရာသီမလာတော့တာက မတူးဆန်းပေမဲ့ အသက် အစိတ်မှာ ရာသီမလာတော့ရင် တခုခု ဖြစ်နေနိုင်တယ်။ အသက် ၂ဝ-၃ဝ ဆိုတာ မျိုးပွါးကိစ္စအတက်ကြွဆုံးအချိန်တွေဘဲ။ ဘယ်လိုဘဲ Protected sex အကာအကွယ် လုပ်ပါတယ် ဆိုနေနေ ကိုယ်ဝန်ကို ပဌစဉ်းစားတာ မမှားဘူး။ • ၄ဝ-၄၅ ဆိုရင် အရင် စဉ်းစားရမှာက Perimenopause သွေးဆုံးတော့မလို့လား။ မရပ်ခင်မှာ မ-မျိုးဥအိမ်ကနေ Estrogen (အီစထိုဂျင်) ထုတ်တာ နည်းနည်းလာလို့ ရာသီရက်တိုတိုလာမယ်။ နည်းနည်းလာမယ်။ ၁၂ လတာ မလာတော့ရင်တော့ ဆရ

Menstruation (2) မိန်းမပီသတာ စိုးရိမ်စရာမရှိပါ (၂)

Q 1: ကျွန်မမှာလဲ ရာသီမမှန်တဲ့ ပြဿနာ ရှိပါတယ်။ ရာသီစလာတဲ့ အရွယ်ကတည်းက ခုထိမမှန်တာပါ။ အခုအသက်က ၂ဝ ပါ။ အရင်တုန်းက အတော်လေး ပိန်ပါတယ်။ ခုနောက်ပိုင်းတော့ ဝချင်လို့ အစားတွေစား လေ့ကျင့်ခန်းတွေလုပ်နဲ့ ဝလာတယ်။ သွေးအားကတော့ နည်းပါတယ်။ ပုံမှန် ၉ဝ-၆ဝ ပဲရှိပါတယ်။ Folic acid ပါတဲ့ Vifron အားဆေးလဲ သောက်ပါတယ်။ ရာသီ မမှန်တာကတော့ တခါတလေ ၃ လလောက်အထိ ကြာတတ်ပါတယ်။ အာရှတော်ဝင်မှာ တစ်ခါ သွားပြပါတယ်။ OG က ဓါတ်မှန်တွေ ရိုက်ခိုင်းပါတယ်။ သွေးလဲစစ်ရပါတယ်။ ဒါပေမဲ့ စစ်ဆေးတာ ဆွေးနွေးတာ အချိန် နည်းနည်းပဲ ပေးပါတယ်။ Polycystic Ovarian Syndrome အဲဒါနဲ့ပတ်သက်တာ စစ်ရဲ့လားလဲ မသိပါဘူး။ ကျား-ဟော်မုန်းနဲ့ ပတ်သက်တာလဲ စစ်ရဲ့လား မသိဘူး။ အဲဒါနဲ့ နောက်တခါ ဆေးခန်း မပြဖြစ်တော့ပါဘူး။ ကြားဖူးတာက လည်ပင်းက သိုင်းရွိုက် အကျိတ် ကြောင့်လဲ ဖြစ်တတ်တယ်ဆို ဟုတ်လားဆရာ။ သိုင်းရွိုက်-အကျိတ်နဲ့ မိန်းကလေး ရာသီလာတာ ဆက်စပ်မှု ရှိရင်လဲ ပိုစ့်တစ်ခု တင်ပေးရင် ဝမ်းသာမှာပါဆရာ။ Polycystic ovary syndrome (PCOS) ဆိုတာ အပျိုပေါက်ကနေ သွေးဆုံးအရွယ်အထိ အမျိုးသမီးများမှာ ၅-၁ဝ% ရှိနိုင်တယ်။ ကလေးမရနိုင်ခြင်းရဲ့ အကြောင်းရင်းတွေထဲမှာ ထိပ်ကဖြစ်တတ်။ အဝလွန်သူ၊ မျိုးဥမထွက

Menstruation (1) မိန်းမပီသတာ စိုးရိမ်စရာမရှိပါ (၁)

• I'm Not Pregnant သွေးဆင်းရင် ကိုယ်ဝန်မရှိဘူးပေါ့။ ကံသေကမ္မ ပြောမရသေးပါ။ ရာသီသွေး ဟုတ်ပါရဲ့လား။ Early pregnancy ကိုယ်ဝန်ရှိစမှာလဲ သွေးဆင်းတတ်တယ်။ Morning sickness ကိုယ်ဝန်ရှိစလက္ခဏာတွေ ရှိသလား သတိထားပါ။ Urine pregnancy test သေခြာအောင် ဆီးစစ်ပါ။ Miscarriage ကိုယ်ဝန်ပျက်လို့လဲ ဆင်းတယ် မဟုတ်လား။ Ovulation မျိုးဥ ထွက်တော့လဲ နဲနဲဆင်းတတ်တယ်။ ဒါဆိုရင် ကိုယ်ဝန် မဟုတ်ဘူး။ ရာသီသွေးလဲ မဟုတ်ဘူး။ • Skip a Period ရာသီမလာတာ ဘာလို့လဲရှင့် မပူပါနဲ့။ ရာသီ မမှန်တာ မကြာခဏ ဖြစ်တတ်ပါတယ်။ အပျိုဖြစ်စ ၅-၇ နှစ်အတွင်းမှာ ပိုဖြစ်တတ်တယ်။ ကိုယ်ဝန်ကို အရင် စဉ်းစားရမှာတော့ သေခြာတယ်။ ဒါ့အပြင် စိတ်ဖိစီးမှု၊ ကိုယ်အလေးချိန်များတာ၊ ပိန်လွန်းတာ၊ လေ့ကျင့်ခန်း-အားကစား လုပ်တာများရင်၊ ကျန်းမာရေး မကောင်းတာ စတဲ့အချက်တွေကနေလဲ ရာသီကို တမျိုးတမည် ဖြစ်စေနိုင်တယ်။ ရာသီတလ ဆိုတာ ၂၈ ကနေ ၃၅ ရက်အထိ ကြာတတ်တယ်။ ဒိထက်ကျော်နေရင် ဆရာဝန်ပြပါ။ • Tampons ရာသီလာတုံးသုံးတဲ့ (တင်မ်ပွန်) ကြောင့် ဘာဖြစ်နိုင်ပါသလဲ ရာသီလာလို့ ဆင်းတာတွေကို စုပ်ယူစေဘို့ အရင်ကတော့ (ပက်) ခေါ်တဲ့ အခုအခံကို သုံးတယ်။ အခုလဲ အများစုက သုံးပါတယ်။ နောက်ပိုင်းမှာ ဗဂျိုင်းနားထဲကို ထ

Amenorrhea ရာသီထိန်ခြင်း၊ ရာသီမလာခြင်း

1. ဆရာရှင့် သမီးဆီးလည်းစစ်တာ ၂ ခါရှိပါပြီ။ ရာသီမလာတာလည်း ၁ လပြည့်ပါတော့မယ်။ ဆီးစစ်တာလည်း မျဉ်းတကြောင်းဘဲ ပေါ်ပါတယ်ဆရာ။ အဲ့လိုမျိုး ဖြစ်တတ်ပါသလားရှင်။ မလာရင်ဘယ်လိုမျိုးဆိုးကျိုးတွေ ဖြစ်တတ်ပါသလဲရှင်။ ရာသီလာအောင် ဘယ်လိုမျိုးလုပ်သင့်ပါသလဲဆရာ။ အရင်က တကြိမ်တခါမျှ အခုလိုမဖြစ်ဘူးပါဘူးရှင်။ ပြီးခဲ့တဲ့ ၉ လပိုင်းထဲက မလာတာပါ ခုဆိုရင် ၁ လပြည့်တော့မယ်ဆရာ။ သမီးကိုယ်တိုင်က ကလေးမလိုချင်စိတ်များနေရင်ကော ဖြစ်တတ်ပါသလားဆရာ။ 2. ဆရာကျွန်မအသက်က ၃၅ ပါ။ အိမ်ထောင်ကျတာ ၈ နှစ်ရှိပါပြီဆရာ။ ကလေးမရှိပါ။ ၂ဝ၁ဝ ကနေ ၂ဝ၁၂ လောက်ထိ မာဘလွန်၂၈ သောက်ပါတယ်ဆရာ။ ၂ဝ၁၃ လောက်ကစပြီး မသောက်တော့ပါ။ မသောက်တော့သည့်လမှစပြီး ရာသီမလာတာခုထိပါဆရာ။ ကျန်ခဲ့တဲ့ ၆ လလောက်က မာဘလွန် ပြန်သောက်တော့ ပြန်လာပါတယ်ဆရာ။ အဲဒိနောက်ပိုင်း မသောက်တော့ မလာတော့ပါဘူးဆရာ။ ဆေးခန်းတခေါက်ပြဖူးပါတယ်ဆရာ scan လဲဖတ်ပါတယ်ဆရာ။ ဗိုက်ထဲမှာတော့ အလုံးတို့ဘာတို့မရှိဘူး ပြောပါတယ်။ ဆေးပေးပါတယ်ဆရာသောက်လို့ကုန်တဲ့အထိရာသီမလာပါဘူးဆရာ နောက်တခေါက် မသွားတော့ပါဆရာ။့ မှာက ဆေးခန်းတခေါက်သွားတာ ၂၅ဝ ကျော်ကျလို့ပါဆရာ။ ဘာဆေးများ ဝယ်သောက် ရမလဲဆရာ။ စိုးရိမ်စရာရှိပါသလားဆရာ။ 3. ကျွန်မ တားဆေးကို န

UNFC အဖွဲ့ဝင် အဖြစ်က ဆက်ရပ်ဆိုင်းထားမယ်လို့ ကေအန်ယူက ပြော

အောက်တိုဘာလ ၂၃ ရက်နေ့က စတင်ခဲ့တဲ့ ကေအန်ယူ ကရင်အမျိုးသား အစည်းအရုံး ဗဟိုကော်မီတီ အစည်းအဝေး ဒီကနေ့ အောက်တိုဘာလ ၂၉ ရက်မှာ ပြီးဆုံးသွားခဲ့ပါပြီ။ ဒီအစည်းအဝေးမှာ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင် အဖြစ်ကနေ ကေအန်ယူ ယာယီ နှုတ်ထွက်ထားတဲ့ ကိစ္စ၊ ကရင် လက်နက်ကိုင်အဖွဲ့တွေ တစုတစည်းနဲ့ KAF ကော်သူးလေ တပ်မတော် ဖွဲ့စည်းရေး သဘောတူထားတဲ့ ကိစ္စနဲ့ ငြိမ်းချမ်းရေး ကိစ္စတွေကို အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။ ကေအန်ယူ အနေနဲ့ UNFC အဖွဲ့ဝင် အဖြစ်ကနေ လောလောဆယ်မှာ ဆက်လက် ရပ်ဆိုင်းထားဖို့ အခု အစည်းအဝေးမှာ သဘောတူခဲ့ကြတယ် လို့ ကေအန်ယူ ဗဟိုအလုပ်အမှုဆောင် ကော်မီတီဝင် ဖဒို စောတာတိုးမူက ဘီဘီစီကို ပြောပါတယ်။ ကေအန်ယူနဲ့ UNFC ကြား မတူညီတဲ့ မူဝါဒပိုင်းဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးညှိနှိုင်းဖို့ အချိန်ယူရမှာ ဖြစ်လို့ အခုလို ဆက်ရပ်ဆိုင်းထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။ KAF ကော်သူးလေ တပ်မတော် ဖွဲ့စည်းရေးနဲ့ ပတ်သက်လို့ ကေအန်ယူ ၁၅ ကြိမ်မြောက် ကွန်ကရက်က မူအားဖြင့် လက်ခံထားခဲ့ပေမယ့် လက်တွေ့ အကောင်အထည်ဖော်ခွင့် ပေးမထားသေးဘူး၊ ဒါကြောင့် ဒီကိစ္စနဲ့ သက်ဆိုင်တာတွေကို လာမယ့် ကွန်ဂရက်မှာမှ ပြန်ဆွေးနွေးဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့