Skip to main content

Posts

Showing posts from July 10, 2014

၉.၇.၂၀၁၄ရက်နေ့ ၁၃၃၀အချိန် မှော်ဘီမြို့နယ်၊ ရန်ကုန်-ပြည်လမ်း အတိုင်း မှော်ဘီဘက်မ...

၉.၇.၂၀၁၄ရက်နေ့ ၁၃၃၀အချိန် မှော်ဘီမြို့နယ်၊ ရန်ကုန်-ပြည်လမ်း အတိုင်း မှော်ဘီဘက်မှ တိုက်ကြီး ဘက်သို့ မှော်ဘီမြို့နယ်နေ ဝင်းနိုင် (၄၈)နှစ်၊ စီးနင်းမောင်းနှင်လာသော Wanbo-125 နက်ပြာရောင် ဆိုင်ကယ်သည် ဈေးမှတ်တိုင်အနီး အရောက် အရှိန်မထိန်းနိုင်ဘဲ တစ်ဘက်ယာဉ်ကြော သို့ရောက်ရှိ ကာ မျက်နှာချင်းဆိုင်မှ ယာဉ်မောင်း ကိုအောင်ဟိန်း မောင်းနှင် လာသော ၄က/---ဟီးနိုး ထရပ်အဖြူ ရောင်ယာဉ်နှင့်တိုက်မိခဲ့ပါသည်။ မျက်နှာချင်းဆိုင်မှလာသော ယာဉ်ဖြင့် တိုက်မိ၍ ဆိုင်ကယ်မောင်းနှင်သူ သေဆုံး - သစ်ထူးလွင်.. www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1mNo5aO

ရန်ကုန်မြို့အခြေစိုက် ကရင်ပြည်သူ့ပါတီ (KPP)က ယခု ၂၀၁၄ ခုနှစ်ကုန်ပိုင်းတွင် ကျင်...

ရန်ကုန်မြို့အခြေစိုက် ကရင်ပြည်သူ့ပါတီ (KPP)က ယခု ၂၀၁၄ ခုနှစ်ကုန်ပိုင်းတွင် ကျင်းပဖွယ်ရှိသည့် ကြားဖြတ်ရွေးကောက်ပွဲအတွင်း မဲဆန္ဒနယ် ၂နေရာ ၀င်ပြိုင်မည်ဖြစ်ကြောင်း KPP ပြောရေးဆိုခွင့်ရှိသူ ဒုဥက္ကဌ စောစေးဝါးက ကေအိုင်စီသို့ ပြောသည်။ “ကျနော်တို့ ပါတီအနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်မဲဆန္ဒနယ်တွေဖြစ်တဲ့ ရန်ကန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာမှာ တရားသူကြီးဟောင်း စောဒစ်ဆင်ထွန်းလင်းနဲ့ ဧရာဝတီတိုင်း ဒေသကြီး၊ ပန်းတနော်မြို့နယ် ပြည်သူ့လွှတ်တော်နေရာမှာ အငြိမ်းစား သတ္တဗေဒ ကထိက ဆရာမ နန့်ခင်အေးဦးတို့ ၀င်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်”ဟု စောစေးဝါးက ပြောဆိုသည်။ ပြုလုပ်ရန်ရှိသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် KPP နှစ်နေရာ ၀င်ပြိုင်မည် - သစ်ထူးလွင် (နေ့စဥ www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1qntPWL

မလေးရှားရောက် မြန်မာတွေကို ကာကွယ်ပေးဖို့ မြန်မာအစိုရ တောင်းဆို မလေးရှားနိုင်ငံမ...

မလေးရှားရောက် မြန်မာတွေကို ကာကွယ်ပေးဖို့ မြန်မာအစိုရ တောင်းဆို မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသားတွေ အကြမ်းဖက်ခံရတာတွေကို အကာအကွယ်ပေးဖို့ မလေးရှား အစိုးရကို မြန်မာ အစိုးရက တောင်းဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံသားတွေ အကြမ်းဖက်ခံရတာကို အကာအကွယ်ပေးဖို့၊ ရာဇဝတ်မှု ကျူးလွန်တဲ့ တရားခံတွေကို အမြန်ဆုံး ဖော်ထုတ်အရေးယူပေးဖို့ တောင်းဆိုထားတယ်လို့ မလေးရှားနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးက ဇူလိုင်လ ၁၀ ရက်နေ့မှ ထုတ်ပြန်လိုက်ပါတယ်။ မလေးရှားနိုင်ငံမှာ ဆန်ကျင်ဘက် အစွန်းရောက် အဖွဲ့အစည်း တချို့က မလေးရှားရောက် မြန်မာနိုင်ငံသားတွေကို အကြမ်းဖက်မယ့် သတင်းတွေ ရထားတယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အဲလို သတင်းတွေ ရထားတဲ့အတွက် ကွာလာလမ်ပူရှိ မြန်မာသံအမတ်ကြီး၊ စစ်သံမှူးတို့ဟာ မလေးရှားနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ လုံခြုံရေး တာဝန်ရှိသူတွေကို သွားရောက် တွေ့ဆုံခဲ့တယ်လို့ မြန်မာသံရုံးက ထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံသားတွေ အနေနဲ့ သတ်မှတ်ထားတဲ့ စည်းမျဉ်း၊ စည်းကမ်းတွေကို လိုက်နာဖို့၊ နယ်မြေဒေသ အလိုက် လုံခြုံရေးဆိုင်ရာ သတင်း အခြေအနေတွေကို မျက်ခြေမပြတ် စောင့်ကြည့်ဖို့၊ မိမိတို့လုံခြုံရေးအတွက် အထူ

မလေးရှားရောက်မြန်မာလုပ်သားများ လုံခြုံရေးဂရုပြုရန် မြန်မာသံရုံးထုတ်ပြန် --------...

မလေးရှားရောက်မြန်မာလုပ်သားများ လုံခြုံရေးဂရုပြုရန် မြန်မာသံရုံးထုတ်ပြန် ---------- မလေးရှားနိုင်ငံတွင် သုံးရက်အတွင်း မြန်မာနိုင်ငံသားနှစ်ဦး အသတ်ခံရပြီးနောက် မလေးရှားရောက်မြန်မာနိုင်ငံသားများအနေဖြင့် သတိပြုနေထိုင်သွားလာရန်နှင့် လုံခြုံရေးအထူးဂရုပြုရန် မလေးရှားနိုင်ငံရှိ မြန်မာသံရုံးက ဇူလိုင် ၁၀ ရက်တွင် နှိုးဆော်ထားသည်။ သတင်းအပြည့်အစုံ... http://ift.tt/1xXElbS မလေးရှားရောက်မြန်မာလုပ်သားများ လုံခြုံရေးဂရုပြုရန် မြန်မာသံရုံးထုတ်ပြန် www.7daydaily.com မလေးရှားနိုင်ငံတွင် သုံးရက်အတွင်း မြန်မာနိုင်ငံသားနှစ်ဦး အသတ်ခံရပြီးနောက် မလေးရှားရောက်မြန်မာနိုင်ငံသားများအနေဖြင့် သတိပြုနေထိုင်သွားလာရန်နှင့် လုံခြုံရေးအထူးဂရုပြုရန် မလေးရှားနိုင်ငံရှိ မြန်မာသံရုံးက ဇူလိုင် ၁၀ ရက်တွင် နှိုးဆော်ထားသည်။ from 7Day News Journal's Facebook Wall http://ift.tt/1mCp5wN

မလေးရှားရောက် မြန်မာနိုင်ငံသားများကို သံရုံးသတိပေး မဇ္ဈိမသတင်းဌာန မလေးရှားနိုင...

မလေးရှားရောက် မြန်မာနိုင်ငံသားများကို သံရုံးသတိပေး မဇ္ဈိမသတင်းဌာန မလေးရှားနိုင်ငံတွင် အစွန်းရောက် အဖွဲ့အချို့က မြန်မာနိုင်ငံသားများကို အကြမ်းဖက်မှုများရှိကြောင်း သတင်းရသဖြင့် အကြမ်းဖက် တိုက်ခိုက်မှုများကို ကာကွယ်စောင့်ရှောင်ပေးရန်နှင့် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုအတွက် တရားခံများကို အမြန်ဆုံး ဖော်ထုတ်အရေးယူရန် မေတ္တာရပ်ခံထားသည်ဟု မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးက ဇူလိုင်လ ၁၀ရက်က ထုတ်ပြန်လိုက်သည်။ ယင်းအပြင် မြန်မာနိုင်ငံသားများ အနေဖြင့်လည်း မလေးရှားနိုင်ငံက ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာ၍ မိမိလုံခြုံရေးကို ဂရုစိုက်၍ သတိထား သွား/လာကြရန် နှိုးဆော်ထားသည်။ from Mizzima - News in Burmese's Facebook Wall http://ift.tt/1omcNG7

မြန်မာနိုင်ငံ တစ်ဝန်း၌ ယာဉ်မောင်းသူများ ၎င်းတို့၏ မော်တော်ယာဉ်များကို စည်းကမ်းရှိစ...

မြန်မာနိုင်ငံ တစ်ဝန်း၌ ယာဉ်မောင်းသူများ ၎င်းတို့၏ မော်တော်ယာဉ်များကို စည်းကမ်းရှိစွာ မောင်းနှင် သွားလာစေလိုသည့် ရည်ရွယ်ချက်ဖြင့် သက်ဆိုင်ရာမှ စည်းမျဉ်း စည်းကမ်းများ ချမှတ်ကာ အသိပညာ ပေးခြင်းနှင့် အရေးယူ ဆောင်ရွက်ခြင်းများ လုပ်ဆောင်လျက် ရှိသော်လည်း ရန်ကုန်၊ မန္တလေးစသည့် မော်တော်ယာဉ် ထူထပ်သည့် မြို့ကြီးများတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ ဖောက်ဖျက်ကာ မောင်းနှင် သွားလာခြင်း၊ ယာဉ်ရပ်နားခြင်းများကို တွေ့မြင်နေရဆဲ ဖြစ်သည့် အတွက် ယခုလ ၁၁ ရက်မှ စတင်ကာ ယာဉ်မောင်းလိုင်စင် ပိတ်သိမ်းသည် အထိ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အမှတ်(၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ စည်းကမ်းမဲ့ ယာဉ်မောင်းများအား ယာဉ်မောင်းလိုင်စင် ပိတ်သိမ်းသည် အထိ အရေးယူမည် - သစ်ထူးလ� www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1mj5SRr

ရခိုင်ပြည်နယ် တောင်ကုတ်မြို့ သိမ်တောင် အမက (၃) ကျောင်းတွင် ညဥ့်အချိန် ပြင်ပမှ...

ရခိုင်ပြည်နယ် တောင်ကုတ်မြို့ သိမ်တောင် အမက (၃) ကျောင်းတွင် ညဥ့်အချိန် ပြင်ပမှ အမည်မသိ သူများ ကျူးကျော် ၀င်ရောက်ပြီး မဖွယ်မရာများ ပြုလုပ်နေသည်ဟု ကျောင်းသားမိဘများက ပြောဆိုသည်။ ယခုကဲ့သို့ ဖြစ်ပျက်နေသည်မှာ တာဝန်ထမ်းဆောင်နေသူ ကျောင်းလုပ်သားမှ သူ၏ တာဝန်ကို ကျေပွန်စွာ မထမ်းဆောင်၍ ဖြစ်ကြောင်း အမည်မဖေါ်လိုသူ ကျောင်းသား မိဘတစ်ဦးက ပြောသည်။ တောင်ကုတ်မြို့သိမ်တောင်အမကကျောင်းတွင်းသို့ ညဥ့်အချိန် ကျူးကျော်ဝင်ရောက်၍ မဖွယ်မရာ... www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1mj5SAX

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် ကျေးသီးမြို့နယ်အတွင်း အစိုးရ တပ်မတော်နှင့်...

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် ကျေးသီးမြို့နယ်အတွင်း အစိုးရ တပ်မတော်နှင့် သျှမ်းပြည် တပ်မတော် အကြား စစ်ရေး တင်းမာမှုကြောင့် စစ်ဘေးရှောင် ဒုက္ခသည် ဦးရေ တိုးများလာနေ ကြောင်း ဒေသအတွင်း သတင်း ရပ်ကွက်ကပြောသည်။ ကျေးသီးမြို့နယ် ဝမ့်ဝပ်ကျေးရွာအုပ်စုအတွင်း နေထိုင်သည့် ရွာသူရွာသား အိမ်ခြေ ၆၀ နီးပါး လူဦးရေ ၂၀၀ ခန့် ဝမ့်ဝပ်ဘုန်းကြီးကျောင်းတိုက်သို့ စစ်ဘေးရှောင် ရောက်ရှိလာကြသည်ဟု ဆိုသည်။ သျှမ်းပြည်တောင်ပိုင်း စစ်ဘေးရှောင်လူဦးရေတိုးများလာ - သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1qngk9x

မလေးရှားရောက် မြန်မာနိုင်ငံများ အရေးကိစ္စ ကွာလာလမ်ပူရှိ မြန်မာ သံအမတ်ကြီးနှင့် စ...

မလေးရှားရောက် မြန်မာနိုင်ငံများ အရေးကိစ္စ ကွာလာလမ်ပူရှိ မြန်မာ သံအမတ်ကြီးနှင့် စစ်သံမှူးတို့ မလေးရှားနိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဌာန၊ ပြည်ထဲရေး ၀န်ကြီးဌာန၊ လုံခြုံရေး တာဝန်ရှိ သူများအား သွားရောက် တွေ့ဆုံ၍ အောက်ပါ အချက်(၂) ချက်ကို တောင်းဆို ခဲ့ကြောင်း သိရှိရသည်။ ● မြန်မာနိုင်ငံသားများအား အကြမ်းဖက်တိုက်ခိုက်မှုများမှ အကာအကွယ်ပေးရန်၊ ● ရာဇ၀တ်မှုကျူးလွန်သည့် တရားခံများကို အမြန်ဆုံးဖော်ထုတ်အရေးယူပေးရန်။ မလေးရှားရောက် မြန်မာနိုင်ငံများအရေးကိစ္စ သံရုံး ထုတ်ပြန်ချက် - သစ်ထူးလွင် (နေ့စဉ်သတင်း) www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1qngbTG

အီရတ်ရှိ စစ်သွေးကြွတို့ ခိုးယူသွားသည့် နျူပစ္စည်းများမှာ အရည်အသွေး ညံ့ဖျင်းကြောင်...

အီရတ်ရှိ စစ်သွေးကြွတို့ ခိုးယူသွားသည့် နျူပစ္စည်းများမှာ အရည်အသွေး ညံ့ဖျင်းကြောင်း ကုလသမဂ္ဂကြေညာ ------ အီရတ်နိုင်ငံတွင် စစ်သွေးကြွများ ခိုးယူသွားခြင်းကို ခံခဲ့ရသည့် နျူကလီးယား ဆက်စပ်ပစ္စည်းများသည် အရည်အသွေး အနိမ့်စားများသာ ဖြစ်ကြပြီး လုံခြုံရေးအရ ကြီးမားသည့် ခြိမ်းခြောက်မှုမျိုး မရှိနိုင်ကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့သည်။ သတင်းအပြည့်အစုံ ... http://ift.tt/1qncD3V အီရတ်ရှိ စစ်သွေးကြွတို့ ခိုးယူသွားသည့် နျူပစ္စည်းများမှာ အရည်အသွေး ညံ့ဖျင်းကြောင်း ကု www.7daydaily.com အီရတ်နိုင်ငံတွင် စစ်သွေးကြွများ ခိုးယူသွားခြင်းကို ခံခဲ့ရသည့် နျူကလီးယား ဆက်စပ်ပစ္စည်းများသည် အရည်အသွေး အနိမ့်စားများသာ ဖြစ်ကြပြီး လုံခြုံရေးအရ ကြီးမားသည့် ခြိမ်းခြောက်မှုမျိုး မရှိနိုင်ကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့သည်။ from 7Day News Journal's Facebook Wall http://ift.tt/1mj2RQW
မြန်မာနိုင်ငံ မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန်ဖြူးရောင်းချရေး လုပ်ငန်းရှင် များအသင်း ၂၀၁၄မှ၂၀၁၇ ခုနှစ် ပထမ အကြိမ် အလုပ် အမူဆောင်ရွေးချယ် တင်မြှောက် ပွဲ အခမ်းအနား ကို ဇူလိုင်လ ၁၀ ရက်နေ့ နံနက် ပိုင်း ၉ နာရီ မှ ညနေ ၄ နာရီကျော်ထိ ကျင်းပ ခဲ့သည်။ သတင်း၊ ဓါတ်ပုံ - ကျော်ကျော် (AF) from Popular Myanmar News Journal's Facebook Wall http://ift.tt/1lWyafy

ရန်ကုန်-နေပြည်တော် အမြန်လမ်းတွင် ယာဉ်နှစ်စီး တိုက်မိ၍ တစ်ဦးသေ ၊ တစ်ဦး ဒဏ်ရာရ

ပဲခူးတိုင်း ဒေသကြီး ကျောက်တံခါး မြို့နယ် မြို့ချောင်း အမြန်လမ်း ရဲစခန်းတွင် ရဲအုပ် ဌေးအောင် တာဝန်ကျ တာဝန်မှူး ဆောင်ရွက်နေစဉ် ရန်ကုန်-နေပြည်တော် အမြန်လမ်း မိုင်တိုင်အမှတ် ၇၈/၁ မိုင်အနီးတွင် ယာဉ်နှစ်စီး တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းအရ သွားရောက် စုံစမ်းခဲ့ရာ ယမန်နေ့ နံနက် ၃ နာရီခန့်တွင် ရန်ကုန်-နေပြည်တော် အမြန်လမ်း မိုင်တိုင်အမှတ် ၇၈/၁ မိုင်အနီး နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း အောင်နိုင်ဦး ၃၆နှစ် (ဘ)ဦးမောင်အေး အမှတ်-၂၅၊ ဝါးဦး-၂ လမ်း ဖော့ကန်ရပ်ကွက် အင်းစိန်မြို့ နေသူ မောင်းနှင်သည့် ယာဉ် ၈ဈ/....(ရွှေစင်စင်္ကြာ) ခရီးသည်တင် မှန်လုံယာဉ်သည် ၎င်း၏ရှေ့မှ BP/....ပရိုဘောက်အဖြူရောင်(ကိုယ်ပိုင်ယာဉ်) ယာဉ်မောင်း ကိုမောင်မောင်အေး ၄၉ နှစ် (ဘ) ဦးသောင်းညွန့် မြောက်ဒဂုံမြို့ နယ် နေသူနှင့် ၎င်းယာဉ်ပေါ်တွင် လိုက်ပါလာသူ ဝင်းနိုင် ၄၅ နှစ် (ဘ) ဦးတင်ဝင်း ဖော့ကန်ရပ်ကွက် အင်းစိန်မြို့နယ် နေသူ တို့၏ ယာဉ်အား နောက်မှ ဝင်တိုက်မိခဲ့သည်။ အဆိုပါ ယာဉ်တိုက်မှုကြောင့် BP/....ပရိုဘောက် ယာဉ်မောင်း ကိုမောင်မောင်အေးမှာ နဖူးကွဲ၊ နှာခေါင်းရိုးကျိုး ဒဏ်ရာများဖြင့် နေရာတွင် သေဆုံးခဲ့ပြီး ဝင်းနိုင်မှာ ပွန်းပဲ့ ဒဏ်ရာများ ရရှ
ဒလိုင်းလားမား ပါးစပ်ပိတ်ထား (မိုးသု - မန္တလေး) thevoicemyanmar.com လက်ရှိ ဖြစ်ပျက်နေတာတွေနဲ့ ပတ်သက်ပြီး ဘာတစ်ခုမှ ခြေခြေမြစ်မြစ် တိတိကျကျ ရေရေရာရာ သဘောပေါက် နားလည်သိမြင်ခြင်း မရှိပါဘဲ ဝေဖန်ပြောဆို နေတာတွေကို အမြန်ဆုံး ရပ်သ.. from The Voice Weekly's Facebook Wall http://ift.tt/1q1kh8c

မန္တလေးတွင် အရေးပေါ်ကာလ ကွပ်ကဲရေးစင်တာဖွင့် မျိုးသန့် မန္တလေး၊ မဇ္ဈိမ။...

မန္တလေးတွင် အရေးပေါ်ကာလ ကွပ်ကဲရေးစင်တာဖွင့် မျိုးသန့် မန္တလေး၊ မဇ္ဈိမ။ ။ မန္တလေးတွင် ပဋိပက္ခများ ဖြစ်ပွားပြီးနောက်ပိုင်း ငြိမ်းချမ်းရေးအတွက် အချိန်နှင့်အမျှ ထိန်းသိမ်းသွားရန် အရေးပေါ်ကာလ ကွပ်ကဲရေးစင်တာကို ဇူလိုင်လ ၁၀ရက်မှ စတင်၍ သက်ဝင်လှုပ်ရှား သွားမည်ဟု ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောသည်။ " ကွပ်ကဲရေးအဖွဲ့ကို ၁၄၄ထုတ်ထားတဲ့ ကာလအတွင်းမှာပဲ သက်ဝင်လှုပ်ရှားဖို့များပါတယ်၊ နောက်ကာလတော့ အတိအကျမသိရသေးဘူး " ဟု ၎င်းက ပြောသည်။ ကွပ်ကဲရေးအဖွဲ့တွင် သတင်းအဖွဲ့၊ ခရိုင်အထွေထွေအုပ်ချုပ်မှု ဦးစီးဌာန၊ သာသနာရေးဦးစီးဌာန၊ စီအိုင်ဒီ၊ ခရိုင်ရဲတပ်ဖွဲ့၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးဦးစီးဌာန၊ လူဝင်မှု ကြီးကြပ်ရေး ဦးစီးဌာန၊ တိုင်းစည်ပင်သာယာရေး ကော်မတီ၊ တိုင်းပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန နှင့် ရဲအကူတပ်ဖွဲ့ခွဲတို့ ပါဝင်သည့် အဖွဲ့သုံးဖွဲ့ခွဲကာ ၂၄နာရီ လုပ်ဆောင်သွားမည်ဖြစ်ပြီး သတင်းပေးပို့သူက မှတ်ပုံတင်၊ နေရပ်လိပ်စာပြောကာ ဖုန်းနံပါတ် ၀၂ ၆၇၁၆၂၊ ၀၂ ၆၇၁၆၃၊ ၀၂ ၆၇၁၆၄တို့ကို သတင်းပေးပို့နိုင်သည်။ from Mizzima - News in Burmese's Facebook Wall http://ift.tt/1oFukue

မန္တလေးတွင် ညမထွက်ရအမိန့်လျော့ရန် လတ်တလော မဖြစ်နိုင်သေး မဇ္ဈိမသတင်းဌာန မန္တလေးမြ...

မန္တလေးတွင် ညမထွက်ရအမိန့်လျော့ရန် လတ်တလော မဖြစ်နိုင်သေး မဇ္ဈိမသတင်းဌာန မန္တလေးမြို့တွင် ဇူလိုင် ၁ရက်က စတင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခကြောင့် ည၉နာရီမှ နံနက် ၅နာရီအထိ ညမထွက်ရအမိန့်ကို လက်တလောတွင် လျော့ပေါ့ရန် မဖြစ်နိုင်သေးဟု မန္တလေးတိုင်း ဝန်ကြီးချုပ် ဦးရဲမြင့်က ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့နှင့် ဇူလိုင်လ ၉ရက်က တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ “အတွေ့အကြုံများအရ အခြေအနေတစ်ခု တည်ငြိမ်မှုရှိလာမှ လုပ်ဆောင်သွားဖို့ သတင်းအားလုံး အခြေပြု၍ ဆွေးနွေးပြီး စိတ်ချယုံကြည်မှု ရလာရင် လုပ်ပေးသွားမှာဖြစ်တယ်”ဟု ၀န်ကြီးချုပ်ဦးရဲမြင့် ကပြောသည်။ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ ဒုဥက္ကဋ္ဌ ဦးသိန်းဝင်းအောင်က အစ္စလာမ်ဘာသာဝင်များ ဥပုသ်ကာလ စုပေါင်းဝတ်ပြုချိန်သည် ညမထွက်ရအမိန့် ထုတ်ပြန်ထားသည့် အချိန်နှင့် နီးကပ်နေ၍ လျော့ပေါ့ရန် ရှိမရှိ မေးမြန်းခြင်းကို ပြန်လည်ဖြေကြားခြင်း ဖြစ်သည်။ ညမထွက်ရအမိန့်ကို ဇူလိုင်လ ၃ရက်မှ စတင်ကာ မန္တလေးမြို့အတွင်း ချမ်းအေးသာဇံမြို့နယ်၊ အောင်မြေသာဇံမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ မဟာအောင်မြေမြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်နှင့် အမရပူရမြို့နယ်တို့တွင် ထုတ်ပြန်ခဲ့ပြီး ဇူလိုင်လ ၄ရက်တွင် ပုသိမ်ကြီးမြို့န

ဇူလိုင်လ ၉ ရက်က ပဲခူးတိုင်း ဒေသကြီး ပြည်ခရိုင် ပြည်မြို့တွင် တစ်စုံတစ်ရာပြစ်မှု...

ဇူလိုင်လ ၉ ရက်က ပဲခူးတိုင်း ဒေသကြီး ပြည်ခရိုင် ပြည်မြို့တွင် တစ်စုံတစ်ရာပြစ်မှု ကျူးလွန်ခြင်းမရှိခဲ့သော အရပ်သားနှစ်ယောက်ကို ရဲတပ်ဖွဲ့ဝင်လေးဦးက လက်ထိပ်ခတ် ထိုးကြိတ်ခဲ့ကြောင်း မျက်မြင်သိရှိသူများနှင့် ထိုးကြိတ်ခံရသူ ကပြောသည်။ " အရပ်ဝတ်နဲ့နှစ်ယောက် ရဲယူနီဖောင်းဝတ်က နှစ်ယောက် လက်ထိပ်ခတ်ပြီးသူတို့တွေဝိုင်းထိုးတယ်။ လက်ကောက်ဝတ် တွေလည်းနာနေတယ်။ နှာခေါင်းတွေကလည်းသွေးကျတယ်။ ပါးစပ်ထဲကလည်း သွေးတွေကျတယ်။ မျက်လုံးလဲယောင်နေတယ်။ " ဟုအထိုးခံရသူ့ ကိုကျော်စိုးကပြောသည်။ ရဲတပ်ဖွဲ့ဝင်လေးဦးက အပြစ်မဲ့ အရပ်သားနှစ်ဦးကို လက်ထိပ်ခတ် ထိုးကြိတ် - သစ်ထူးလွင် (နေ့စ www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/VOcEEC

မြေတူးစက်နှင့်မလွတ်သည့် လျှပ်စစ်ဓါတ်ကြိုးကို ဖယ်ရှားရာမှ ဓါတ်လိုက်သေဆုံး

ရန်ကုန်၊ ဇူလိုင် ၁၀ ၉.၇.၂၀၁၄ ရက်နေ့ ၁၃၁၅ အချိန်တွင် တောင်ဥက္ကလာပမြို့နယ်၊ (၄)ရပ်ကွက်၊ သုမင်္ဂလာလမ်း၊ နန္ဒဝန်ဈေးရှေ့တွင် အမျိုးသားတစ်ဦး ဓါတ်လိုက် သေဆုံး သွားခဲ့ကြောင်း သိရှိရပါသည်။ ဖြစ်စဉ်မှာ တောင်ဥက္ကလာပ မြို့နယ်နေ စည်ပင် နေ့စား ၀န်ထမ်း(လမ်းတံတားအဖွဲ့)ဖြစ်သူ ကိုကျော်မင်းအေး (၂၁)နှစ်သည် အဆိုပါဈေးရှေ့၌ ရေမြောင်းမှဆယ်ယူ ထားသောမြေများအား မြေတူးစက်ဖြင့်သယ်ယူစဉ် မြေတူးစက်မှာ လျှပ်စစ်ဓါတ်ကြိုးနှင့် မလွတ်သဖြင့် ကိုကျော်မင်းအေးမှ မြေတူးစက်ပေါ်တက်၍ ဓါတ်ကြိုးအားဖယ်ရှားရာမှ ဓါတ်လိုက်သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရ ပါသည်။ ၎င်းသေဆုံးမှုနှင့်ပတ်သက်၍ တောင်ဥက္ကလာပမြို့မရဲစခန်းသေမှုသေခင်း အမှတ်စဉ် (၁၃/၂၀၁၄)ဖြင့် ရေးဖွင့် စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။ Yangon Police http://ift.tt/1oASl5N from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1xX7UtV

၇.၇.၂၀၁၄ နေ့ ၁၅း၀၀ အချိန်ခန့်တွင် ကန့်ဘလူမြို့နယ် ကာဘိုး-ဇီးကုန်းသွား ကားလမ်း...

၇.၇.၂၀၁၄ နေ့ ၁၅း၀၀ အချိန်ခန့်တွင် ကန့်ဘလူမြို့နယ် ကာဘိုး-ဇီးကုန်းသွား ကားလမ်းပေါ်ရှိ စကာချောင်း(တ၀က်ချောင်း) တံတား အနောက်ဘက်ပေ (၁၀၀)ခန့်အကွာတွင် အမည်မသိ အသက်(၃၀)နှစ်ခန့်ရှိ အမျိုးသားတစ်ဦး ဒါဏ်ရာများနှင့် လဲနေကြောင်း ကာဘိုးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းမှ သတင်းပို့၍ တာဝန်မှူး ဒုရဲအုပ်ကီးနိမ်ကီးနှင့်အဖွဲ့ သွားရောက်စစ်ဆေးပြီး ဆေးရုံသို့ပို့အပ်စဉ် ဇီကုန်းဆေးရုံ အရောက် ၁၅း၃၀အချိန်တွင် သေဆုံးသွားခဲ့ပါသည်။ ကန့်ဘလူမြို့နယ်မှာ လုယက်/လူသတ်မှုဖြစ် - သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/VOcAEG

ကမ္ဘာ့ဖလားကို အခမဲ့ကြည့်ခွင့်ရခြင်းသည် အခြေခံလူ့အခွင့်အရေးဟု အာဂျင်တီးနားအတိုက်အခ...

ကမ္ဘာ့ဖလားကို အခမဲ့ကြည့်ခွင့်ရခြင်းသည် အခြေခံလူ့အခွင့်အရေးဟု အာဂျင်တီးနားအတိုက်အခံများ ပြောကြား အာဂျင်တီးနားနိုင်ငံ၏ အစိုးရအတိုက်အခံများက ကမ္ဘာ့ဖလားလို ပြိုင်ပွဲမျိုးကို နိုင်ငံတိုင်းတွင် အခမဲ့ကြည့်ရှုခွင့်ရသင့်ပြီး ယင်းမှာ အခြေခံလူအခွင့်အရေးဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။ အာဂျင်တီးနားအသင်းသည် ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်တွင် နယ်သာလန်အသင်းကို အနိုင်ရရှိခဲ့ပြီးနောက် ဗိုလ်လုပွဲသို့ရောက်ရှိလာပြီဖြစ်သည်။ အာဂျင်တီးနားနိုင်ငံသားအများစုမှာ ကမ္ဘာ့ဖလားပွဲစဉ်အများစုကို ကြည့်ရှုခွင့်မရခဲ့ဘဲ ၎င်းတို့နိုင်ငံအသင်း၏ ပွဲစဉ်များကြည့်ရူခြင်းဖြင့်သာ ချွေးသိပ်ခဲ့ရသည်။ ၂၀၀၉ ခုနှစ်ကစပြီး၊ ရုပ်သံလုပ်ငန်းတွင် အင်အားကြီးကုမဏီကြီးများ ၀င်ရောက်လာခဲ့ပြီး၊ ယခုအချိန်တွင် ပြည်တွင်းလိဂ်ပွဲစဉ်များမှလွဲ၍ ကျန်ဘောလုံးပြိုင်ပွဲများမှာ အခပေး ရုပ်သံလိုင်းများလက်အောက်သို့ ကျရောက်သွားခဲ့ပြီဖြစ်သည်။ ယင်းကိစ္စနှင့် ပတ်သက်၍ မာရာဒိုနာနှင့် အာဂျင်တီးနားသမ္မတ ခရစ္စတီးနားကက်ခ်ျနာတို့မှာ အပြန်အလှန်ဝေဖန်မှုများ ရှိခဲ့ဖူးသည်။ မာရာဒိုနာက သွင်း၈ိုးများပြန်ပေးဆွဲခံရခြင်း ဖြစ်ပြီး၊ စစ်အာဏာရှင်လက်ထက် ၁၉၇၆မှ ၁၉၈၃အထိ ကာလများ၌ပင် အခမဲ့ကြည့်ခွင့်ရခဲ့သည

မန္တလေးပဋိပက္ခကြောင့် ဖမ်းဆီးထားသူများနှင့်စပ်လျဉ်း၍ ပွင့်လင်းမြင်သာမှုရှိရန် ဒေါ်စု...

မန္တလေးပဋိပက္ခကြောင့် ဖမ်းဆီးထားသူများနှင့်စပ်လျဉ်း၍ ပွင့်လင်းမြင်သာမှုရှိရန် ဒေါ်စုပြော မဇ္ဈိမသတင်းဌာန မန္တလေးပဋိပက္ခနှင့် စပ်လျဉ်း၍ ဖမ်းဆီးခံထားရသူ ၁၆ဦးသည် မည်သို့သောသူဖြစ်သည်၊ မည်သည့်ပုဒ်မဖြင့် ဖမ်းဆီးထားသည်၊ မည်သို့သော အကြောင်းပြချက်ဖြင့် ဖမ်းဆီးသည် စသဖြင့် ပွင့်လင်းမြင်သာမှုရှိစွာ ထုတ်ပြန်ပေးသင့်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မဇ္ဈိမကို ပြောသည်။ from Mizzima - News in Burmese's Facebook Wall http://ift.tt/W08Q3n

ကော့သောင်းမြို့တွင် မိုးသည်းထန်စွာရွာသွန်း၍ တစ်နာရီမိုင် ၄ဝ နှုန်းခန့် တောက်လျှော...

ကော့သောင်းမြို့တွင် မိုးသည်းထန်စွာရွာသွန်း၍ တစ်နာရီမိုင် ၄ဝ နှုန်းခန့် တောက်လျှောက်လေပြင်းတိုက်ခဲ့ရာ ဇူလိုင် ၈ ရက် ည ၉ နာရီခွဲက ဘုရင့်နောင် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအုတ်ခံ နှစ်ထပ်အဆောက်အအုံပေါ်သို့ ရုံးအနီး ရှိ အမြင့် ပေ ၄ဝ၊ လုံးပတ်ရှစ်ပေခန့်ရှိ တောင်သဖန်းပင် ပြိုလဲကျသဖြင့် ရုံးအပေါ်ထပ်နှင့် ဝရံတာပြိုကျခဲ့ပြီး အောက်ထပ်အုတ်နံရံများ အက်ကွဲပျက်စီးခဲ့သည်။ ကော့သောင်းမြို့၌ မိုးသည်းထန်၊ လေပြင်းတိုက်၍ သစ်ပင်နှင့်ဓာတ်တိုင်များပြိုလဲ၊ နေအိမ်� www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1sB4FFL

၉.၇.၂၀၁၄ ရက်နေ့ ၁၀၀၀ အချိန်တွင် တာမွေမြို့နယ်၊ ကျိုက္ကဆံလမ်းအတိုင်း တောင်မှမြောက...

၉.၇.၂၀၁၄ ရက်နေ့ ၁၀၀၀ အချိန်တွင် တာမွေမြို့နယ်၊ ကျိုက္ကဆံလမ်းအတိုင်း တောင်မှမြောက်သို့ သင်္ဃန်းကျွန်းမြို့နယ်နေ ယာဉ်မောင်း ဦးချစ်ဝင်း (၆၁)နှစ် မောင်းနှင်လာသော AA/---- ADဗင် အဖြူရောင်အငှားယာဉ်သည် မအူကုန်း လမ်းအလွန်အရောက် ယာဘက်လမ်းစပ်မှ လမ်းလျှောက် နေသော တာမွေမြို့နယ်နေ ဒေါ်နွယ်နီဦး (၅၁)နှစ်အား တိုက်မိခဲ့ပါသည်။ အဆိုပါယာဉ်တိုက်မှုကြောင့် ဒေါ်နွယ်နီဦးတွင် ဦးခေါင်းဝဲဘက်ပေါက်ပြဲ၊ ဝဲမျက်ခုံး ပွန်းပဲ့ဒဏ်ရာများရရှိ ခဲ့သဖြင့် ရန်ကုန်ပြည့်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသစဉ် သေဆုံးသွားခဲ့ပါသည်။ လမ်းစပ်မှ လမ်းလျှောက်နေသူကို ယာဉ်တိုက်ခံရသဖြင့် သေဆုံး - သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lw www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1sB4Fp0

ဒဂုံတက္ကသိုလ်၊ ကျောင်းသားများ သမဂ္ဂရုံးခန်းက သမဂ္ဂအလံနဲ့ ဗီနိုင်းဆိုင်းဘုတ်ကို ဖြု...

ဒဂုံတက္ကသိုလ်၊ ကျောင်းသားများ သမဂ္ဂရုံးခန်းက သမဂ္ဂအလံနဲ့ ဗီနိုင်းဆိုင်းဘုတ်ကို ဖြုတ်ချ ခံလိုက်ရတဲ့ အတွက် သမဂ္ဂ၀င် ကျောင်းသား ၅၀ လောက် ကျောင်းဝင်းထဲမှာ ဒီနေ့ ဆန္ဒပြကြပါတယ်။ တက္ကသိုလ်က နားနေဆောင် ၁ ကို ပြီးခဲ့တဲ့ တပတ်လောက်ကစလို့ ယာယီရုံးခန်းလုပ်ထားတာဖြစ်ပြီး မနေ့ညက အလံနဲ့ ဆိုင်းဘုတ် အဖြုတ်ခံလိုက်ရတာ ဖြစ်ပါတယ်။ ဒဂုံတက္ကသိုလ်ထဲမှာ ကျောင်းသားသမဂ္ဂဖွဲ့စည်းခဲ့တာ ၂ နှစ်ရှိခဲ့ပေမယ့် ရုံးခန်းနေရာ တောင်းတာ မရခဲ့ဘူးလို့ သမဂ္ဂရဲ့ ပြင်ပ ဆက်ဆံရေး တာဝန်ခံ ကိုပိုင်ရဲသူက ပြောပါတယ်။ သမဂ္ဂအလံနှင့် ဆိုင်းဘုတ် အဖြုတ်ခံရသဖြင့် ဒဂုံတက္ကသိုလ်ကျောင်းသားများ ဆန္ဒပြ - သစ်ထူးလွင� www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1sB4CJY

လျှို့ဝှက်ဓာတုလက်နက် စက်ရုံဆောင်းပါး ဖော်ပြခဲ့တဲ့ ယူနတီဂျာနယ်က သတင်းထောက်နဲ့ အယ...

လျှို့ဝှက်ဓာတုလက်နက် စက်ရုံဆောင်းပါး ဖော်ပြခဲ့တဲ့ ယူနတီဂျာနယ်က သတင်းထောက်နဲ့ အယ်ဒီတာတွေကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ်စီ ကျခံဖို့ ပခုက္ကူခရိုင်တရားရုံးက အမိန့်ချမှတ်လိုက်ပါတယ်။ ဇူလိုင် ၁၀ ရက်နေ့က ပခုက္ကူခရိုင် တရားရုံးမှာ ယူနတီဂျာနယ်က ဦးတင့်ဆန်းပါ ၅ ဦးကို သက်ဆိုင်ရာက မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ ၃ (၁) (က)/ ၉ အရ အခုလို စီရင်ချက်ချမှတ်လိုက်တာလို့ သတင်းသမားတွေဘက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးဝါ၀င်းမောင်က ပြောပါတယ်။ ယူနတီ သတင်းထောက်များကို ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ် - သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1sB4CcV