Skip to main content

Posts

Showing posts from April 1, 2014

လှည်းကူးမြို့နယ် တပ်ပိုင်နယ်မြေမှ ဖယ်ရှားခံရသူ အိမ်ထောင်စု ၈၀ DKBA ထိန်းချုပ်နယ်မြေသို့ ပြောင်းရွှေ့မည်

ရန်ကုန်၊ ဧပြီ ၁တပ်ပိုင်နယ်မြေအတွင်း ကျူးကျော် နေထိုင်သည်ဟုဆိုကာ သက်ဆိုင်ရာက အင်အားသုံး ဖယ်ရှားခံခဲ့ရသော သမီးကလေးကျေးရွာ အပါအဝင် ကျေးရွာသုံးရွာနေသူ လူဦးရေ ၇၀၀ အနက် လူဦးရေ ၂၀၀ ကျော်ခန့်က ဧပြီလ ၂ ရက် (ယနေ့) နံနက် ၄ နာရီတွင် ပဲခူးတိုင်းဒေသကြီးရှိ အောင်သိဒ္ဓိ ကျောင်းတိုက်မှ ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော် (DKBA) ထိန်းချုပ်နယ်မြေသို့ လိုက်ပါ ပြောင်းရွှေ့မည် ဖြစ်ကြောင်း အဆိုပါကျေးရွာ နေထိုင်သူများထံမှ သိရှိရသည်။ အဆိုပါ ဖယ်ရှားခံရသူများကို ကရင်ပြည်နယ် မြဝတီမြို့ အနီးရှိ ကျောက်ခတ်ကျေးရွာတွင် နေရာချထားပေးရန် DKBA က စီစဉ်ထားပြီး လိုက်ပါ ပြောင်းရွှေ့လိုသော အိမ်ထောင်စု ၈၀၊ လူဦးရေ ၂၀၂ ဦးကို ဧပြီလ ၂ ရက် နံနက်ပိုင်းတွင် ကရင်ပြည်နယ်သို့ ခေါ်ဆောင်သွားရန် ၁၂ ဘီးယာဉ် လေးစီးဖြင့် အောင်သိဒ္ဓိ ကျောင်းတိုက်သို့ ဧပြီလ ၁ ရက်နေ့ ညနေပိုင်းက ရောက်ရှိနေကြောင်း DKBA မှ ဗျူဟာမှူး ဗိုလ်မှူးကြီး စောစန်းအောင်က ပြောကြားသည်။ “ပထမလိုက်မယ့် လူစာရင်းက သုံးရာနီးပါး ရှိတယ်။ လာခေါ်တဲ့အချိန်မှာ တချို့မိသားစုဝင်တွေက အိမ်ထောင်ဦးစီးတွေက အရင်လိုက်ပြီး အိမ်ဆောက်၊ အလုပ်အကိုင်ရှာပြီး အခြေကျမှ ကျန်မိသားစုဝင်တွေကို ပြန်လာခေါ်မှ

တည်ငြိမ်ရေး ထိခိုက်စေသဖြင့် သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာ ထည့်ခွင့်မပြုခြင်းဟု သမ္မတ ပြောခွင့်ရပုဂ္ဂိုလ်ဆို

ရန်ကုန်၊ ဧပြီ ၁မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ထိခိုက်စေသဖြင့် သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဆိုသည့် အသုံးအနှုန်းကို ထည့်သွင်းခွင့် မပြုခြင်း ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။ ရိုဟင်ဂျာဆိုသည့် အသုံးအနှုန်းကို မြန်မာအစိုးရက သန်းခေါင်စာရင်း ကောက်ယူသည့်အခါမှ ငြင်းဆိုခြင်း မဟုတ်ဘဲ ယခင်ကပင် ငြင်းပယ်ထားသည့် တရားမဝင် အသုံးအနှုန်းတစ်ခု ဖြစ်ကြောင်း ၎င်းကဆိုသည်။ သန်းခေါင်စာရင်း ကောက်ယူရာတွင် နိုင်ငံတကာ သန်းခေါင်စာရင်း ကောက်ယူမှု စံနှုန်းများ၊ လူ့အခွင့်အရေး စံနှုန်းများကို အခြေခံကာ ကောက်ယူမည်ဟု မြန်မာအစိုးရနှင့် သဘောတူညီမှု ရရှိထားသော်လည်း ရိုဟင်ဂျာ ဆိုသူများသည် ၎င်းတို့ကို လူမျိုးအမည်ကို ထည့်သွင်းခွင့် ငြင်းပယ် ခံထားရကြောင်း၊ ယင်းသို့ လုပ်ဆောင်ခြင်းသည် နိုင်ငံတကာ စံနှုန်းများနှင့် ညီညွတ်ခြင်း မရှိသည့်အပြင် သန်းခေါင်စာရင်း ကောက်ယူ ရရှိသည့် အချက်အလက် တိကျမှုကိုလည်း ထိခိုက်စေကြောင်း ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) က ထုတ်ပြန်ထားသည်။ ရိုဟင်ဂျာဆိုသည့် အသုံးအနှုန်း ပြဿနာသည် ဝန်ကြီးချုပ်ဦးနု လက်ထက်က အလွယ်တကူ ခွင့်ပြုခဲ့ခြင်းကြောင့် စတင်ခဲ့သည

ရုရှားတပ်အချို့ ကရိုင်းမီးယားဒေသမှ ပြန်လည် ဆုတ်ခွာရန် ဗလာတီမာပူတင် အမိန့်ထုတ်ပြန်

မော်စကို၊ ဧပြီ ၁ယူကရိန်းနယ်စပ်တွင် ချထားသော ရုရှားတပ်များမှ အချို့ကို ပြန်လည် ဆုတ်ခွာရန်အတွက် ရုရှားသမ္မတ ဗလာတီမာပူတင်က အမိန့်ထုတ်ပြန် လိုက်သည်ဟု ဂျာမနီအစိုးရက ပြောကြားထားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။ ဂျာမနီ ဝန်ကြီးချုပ်နှင့် ရုရှားသမ္မတတို့ တယ်လီဖုန်းမှတစ်ဆင့် စကားပြော ဆွေးနွေးရာမှ ရုရှားတပ်အချို့ ပြန်ဆုတ်ရန် အမိန့်ထုတ်ထားပြီး ဖြစ်သည်ဟု ရုရှားသမ္မတက ပြောကြားခဲ့ခြင်း ဖြစ်သည်။ ယခုအချိန်အထိ ယူကရိန်း နယ်စပ်တွင် ထောင်ပေါင်း များစွာသော ရုရှားစစ်သားများ ဆက်လက်တပ်စွဲလျက် ရှိနေသေးကြောင်း သတင်းများက ဆိုသည်။ ကရိုင်းမီးယားဒေသသို့ ရုရှား ဝန်ကြီးချုပ် ဒီမီထရီမက်ဗီဒက်ဗ်နှင့် အစိုးရဝန်ကြီးများ လာရောက် ကြည့်ရှုခြင်းကို ယူကရိန်းက ရှုတ်ချလိုက်သည်။ ယူကရိန်းမှ ခွဲထွက်ကာ ရုရှားဘက်သို့ ပူးပေါင်းရေး လုပ်ဆောင်လျက် ရှိသော ကရိုင်းမီးယားဒေသသို့ ရုရှား ဝန်ကြီးချုပ်ကိုယ်တိုင် သွားရောက်ခဲ့ခြင်းသည် ရိုင်းစိုင်းမှု ဖြစ်သည်ဟု ယူကရိန်း အစိုးရ နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်။ အခြားနိုင်ငံ၏ ပိုင်နက်အတွင်းသို့ ကြိုတင် သဘောတူညီမှု မရှိဘဲ အစိုးရ ထိပ်သီးအရာရှိများ လာရောက်ခြင်းကို ကန့်ကွက်သည့် စာကိုလည်း ပို့ထားကြောင

ထားဝယ်ချောင် အမှိုက်ပုံမှ လျှပ်စစ်ထုတ်လုပ်ရန် ကန်ဒေါ်လာသန်း ၁၃၀ နီးပါး သုံးစွဲမည်

ရန်ကုန်၊ ဧပြီ ၁ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ထားဝယ်ချောင် အမှိုက်ပုံမှ လျှပ်စစ်ဓာတ်အား ထုတ်ယူရန်အတွက် အမေရိကန်ဒေါ်လာ ၁၂၈ သန်း ရင်းနှီးမြှုပ်နှံမည် ဖြစ်ကြောင်း အဆိုပါ လုပ်ငန်းကို လုပ်ကိုင်ခွင့် ရရှိသည် Zeya & Associates မှ ဒါရိုက်တာ ဦးဇေယျသူရမွန်က ပြောကြားသည်။ တည်ဆောက်၊ လည်ပတ်၊ လွှဲပြောင်း (Build -Operate-Transfer/ BOT) စနစ်ဖြင့် အဆိုပါ လုပ်ငန်းကို ကနဦး ၂၅ နှစ် လုပ်ကိုင်ခွင့်ရရှိပြီး အဆိုပါကာလ လွန်မြောက်မှသာ ဆက်လက် သက်တမ်းတိုးရန် ရှိ မရှိကို ဝန်ကြီးဌာနများနှင့် ဆွေးနွေးမည် ဖြစ်သည်ဟု ၎င်းကဆိုသည်။ “အကျိုးအမြတ် ခွဲဝေပုံကတော့ Public Interest (ပြည်သူ့အကျိုးစီးပွား) မဟုတ်တဲ့အတွက် ပြောဖို့ မရှိပါဘူး” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် ၎င်းတို့ ကုမ္ပဏီအကြား အကျိုးအမြတ် ခွဲဝေပုံနှင့် ပတ်သက်၍ ၎င်းက ပြောကြားသည်။ အဆိုပါ ရင်းနှီးမြှုပ်နှံမှုအရ ထားဝယ်ချောင် အမှိုက်ပုံမှ လျှပ်စစ်ဓာတ်အား ၁၅ မဂ္ဂါဝပ်ကျော်ကို ထုတ်လုပ်နိုင်မည် ဖြစ်ပြီး ရရှိလာသည့် လျှပ်စစ်ဓာတ်အားကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ ဥပဒေနှင့်အညီ ရောင်းချမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရသည်။ ရန်ကုန

ကြားဖြတ် ရွေးကောက်ပွဲဝင်ရန် NLD ပါတီဖွဲ့စည်းပုံပြင်

ရန်ကုန်၊ ဧပြီ ၁ရွေးကောက်ပွဲ ကော်မရှင်က ၂၀၁၄ ခုနှစ် ပွင့်လင်းရာသီတွင် ပြုလုပ်ရန် ကြေညာထားသော ကြားဖြတ် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန်အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ပါတီဖွဲ့စည်းပုံကို မတ်လ ၃၁ ရက်နေ့က ပြုလုပ်သော ဗဟိုကော်မတီ အစည်းအဝေးတွင် ဆုံးဖြတ်ချက်အရ ပြင်ဆင် ဖွဲ့စည်းလိုက်ကြောင်း NLD ဗဟိုကော်မတီဝင် ဦးဉာဏ်ဝင်းက ပြောကြားသည်။ “အဓိကက လာမယ့် ရွေးကောက်ပွဲတွေမှာ ပါတီတွင်း လှုပ်ရှားမှုတွေ အခက်အခဲမရှိ ပိုမိုချောမွေ့အောင်လို့ ပြင်ဆင်ရတာ ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။ ပြောင်းလဲလိုက်သော NLD ပါတီ၏ ဖွဲ့စည်းပုံတွင် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ကိုင်တွယ်မည့် လွှတ်တော်ရေးရာ ကော်မတီ၊ တိုင်းရင်းသားရေးရာ ကော်မတီ၊ နိုင်ငံခြားရေးရာ ကော်မတီနှင့် လူငယ်ရေးရာ ကော်မတီများ တိုးလာမည် ဖြစ်ကြောင်း NLD ပါတီထံမှ သိရသည်။ ထို့အပြင် စည်းရုံးရေး၊ ရန်ပုံငွေ ရှာဖွေရေး၊ သတင်းနှင့် ပြန်ကြားရေး၊ ဘဏ္ဍာရေး၊ ပညာရေး၊ ကျန်းမာရေး၊ သုတေသန၊ ဥပဒေရေးရာနှင့် ပြည်သူ့ရေးရာ ဌာနများဟူ၍ ဗဟိုကော်မတီ၏ ကွပ်ကဲမှု အောက်တွင် ဖွဲ့စည်းလိုက်ကြောင်း NLD ပါတီ၏ ထုတ်ပြန် ကြေညာချက်အရ သိရသည်။ ကြားဖြတ် ရွေးကောက်ပွဲတွင် လစ်လပ် မဲဆန္ဒနယ်များ

ရန်ကုန်သင်္ကြန် လုံခြုံရေးအဆင့်မြှင့်မည်ဟု လုံခြုံရေးဝန်ကြီးဆို

ရန်ကုန်၊ ဧပြီ ၁ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည့် ရန်ကုန်မြို့တော်၌ သင်္ကြန်ပွဲတော် ကာလတွင် လုံခြုံရေးအဆင့်မြှင့်ကာ ချထားပေးမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ပြောကြားသည်။ သင်္ကြန်ကာလတွင် လုံခြုံရေးကို ကော်မတီ ဖွဲ့စည်းပြီး တာဝန်ပေး ဆောင်ရွက်မည် ဖြစ်ကြောင်း၊ မဏ္ဍပ်များတွင်လည်း မဏ္ဍပ်နေရာချထားရေး ကော်မတီနှင့် လုံခြုံရေးကင်မရာ (CCTV) များ တပ်ဆင်သွားမည် ဖြစ်ကြောင်း၊ မဏ္ဍပ်ကြီးများတွင် လုံခြုံရေးကင်မရာ ငါးလုံး၊ လုံခြုံရေးဝန်ထမ်း ၁၅ ဦး၊ မဏ္ဍပ် အလတ်တွင် လုံခြုံရေးကင်မရာ လေးလုံး၊ လုံခြုံရေးဝန်ထမ်း ၁၀ ဦးစီ ထားပေးသွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။ မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် ပူးပေါင်း၍ မိုင်းရှင်းလင်းရေး လုပ်ဆောင်မည်ဖြစ်ပြီး အသက်ကယ်ဆယ်ရေး အရေးပေါ်ယာဉ်များ အသက်ကယ် မော်တော်ဘုတ်များ၊ သင်္ကြန်အတွင်း ပြဿနာ ဖြစ်ပွားပါက ဖြေရှင်းရန် အထူးတရားရုံးများ ဖွင့်လှစ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဗိုလ်မှူးကြီးတင်ဝင်းက ပြောဆိုသည်။ ရန်ကုန်မြို့လယ်ရှိ ကုန်သည်ကြီးများ ဟိုတယ်၊ သာကေတမြို့နယ်နှင့် အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်းတို့တွင် ၂၀၁၃ ခုနှစ် အောက်တိုဘာလ အတွင်

INGO များ တိုက်ခိုက်ခံရမှု စစ်တွေမြို့ခံ ၁၂ ဦးကို ဖမ်းဆီး

ရန်ကုန်၊ ဧပြီ ၁ရခိုင်ပြည်နယ် စစ်တွေမြို့တွင် လွန်ခဲ့သည့် ရက်ပိုင်းက ဖြစ်ပွားခဲ့သည့် နိုင်ငံတကာ အဖွဲ့အစည်း (INGO) ရုံး၊ အဆောက်အအုံများကို ခဲနှင့် ပစ်ပေါက် ဖျက်ဆီးမှုတွင် ပါဝင်သည်ဟုဆိုကာ ဒေသခံ ၁၂ ဦးကို မတ်လ ၃၁ရက်နေ့ ညပိုင်းတွင် ဖမ်းဆီးကာ စစ်ဆေးနေကြောင်း စစ်တွေမြို့နယ် ရဲတပ်ဖွဲ့မှူးက ပြောကြားသည်။ တရားလိုတိုင်တန်းချက်အရ ဖမ်းဆီးသည်ဟု ပြောဆိုသော်လည်း အဆိုပါ ဖမ်းဆီးခံရသူများကို မည့သည့် အထောက်အထားဖြင့် ဖမ်းဆီးခဲ့သည့် အခြေအနေ အသေးစိတ်ကိုမူ ၎င်းက ပြောဆိုခဲ့ခြင်း မရှိခဲ့ပေ။ ဖမ်းဆီးခံရသူ ၁၂ ဦးတွင် အမျိုးသားခြောက်ဦး၊ အမျိုးသမီးခြောက်ဦး ပါဝင်ကြောင်း ရဲတပ်ဖွဲ့မှူးက ဆိုသည်။ မတ်လ ၃၁ ရက်နေ့ညပိုင်းတွင် လူ ၁၂ ဦးကို ခေါ်ယူ စစ်ဆေးနေသည်ဟု သိရှိထားပြီး အသေးစိတ်ကို သတင်း မရရှိသေးကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောဆိုသည်။ Malteser International အမည်ရ INGO မှ အမေရိကန် နိုင်ငံသူသည် မတ်လ ၂၆ ရက်နေ့က ၎င်းတို့ ငှားရမ်းနေထိုင်သည့် အိမ်တွင် နေအိမ်ပိုင်ရှင် လွှင့်ထူသည့် သာသနာ့အလံကို ဖြုတ်ချ၍ ဘောင်းဘီအိတ်ထဲ ထည့်ရာ မဆံ့သဖြင့် ခါးတွင် ထိုးထားခဲ့သည်ဟု ဆိုရာမှ စတင်ခဲ့သည့် အဆိုပါ ပဋိပက္ခကို သမ္မတ ဖွဲ့စည်း

ရွှေအများပိုင် ကုမ္ပဏီက ၂၀၀ ဂရမ်ရွှေပြားသစ်များ ထုတ်မည် ရန်ကုန်၊ ဧပြီ ၁ မြန်မာ့ရေ...

ရွှေအများပိုင် ကုမ္ပဏီက ၂၀၀ ဂရမ်ရွှေပြားသစ်များ ထုတ်မည် ရန်ကုန်၊ ဧပြီ ၁ မြန်မာ့ရွှေ ဖွံ့ဖြိုး တိုးတက်ရေး အများပိုင် ကုမ္ပဏီက အလေးချိန်ပိုများသည့် ၅၀ ဂရမ်၊ ၁၀၀ ဂရမ်၊ ၂၀၀ ဂရမ် ရွှေပြားများ ထုတ်လုပ်သွားမည် ဖြစ်ကြောင်း ယင်းကုမ္ပဏီမှ အုပ်ချူပ်မှု ဒါရိုက်တာ ဦးကျော်ဝင်းက ပြောကြားသည်။ အဆိုပါ ရွှေပြားများ ဈေးကွက်အတွင်း ထုတ်လုပ် ဖြန့်ချိနိုင်ရန် ရွှေပြားထုတ် စက်သစ်များကို ပြည်ပမှ မှာယူထားကြောင်း မြန်မာ့ရွှေ ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီထံမှ သိရသည်။ “၁၀၀ ဂရမ်တို့၊ ၂၀၀ ဂရမ်တို့ လုပ်ဖို့အတွက် ခုချိန်က ကုန်ကြမ်းရှားနေသေးလို့ ကုန်ကြမ်းပေါတဲ့ အချိန်လောက် ကျမှထုတ်ဖို့။ ကြိုတင်ရအောင် ခုကတည်းက ပြည်ပကနေ ရွှေထုတ်လုပ်တဲ့စက်တွေ မှာထားပါတယ်” ဟု ၎င်းကဆိုသည်။ လက်ရှိ ထုတ်လုပ်နေသည့် ၂ ဒသမ ၅ ဂရမ်နှင့် ၅ ဂရမ် ရွှေပြားများအတွက် ကုန်ကြမ်းကို ပြည်တွင်း အခေါက်ရွှေဈေးကွက် အတွင်းမှ ဝယ်ယူ စုဆောင်းပြီး ၉၉ ဒသမ ၉၉ နိုင်ငံတကာ အရည်အသွေး ပြည့်မီသည့် ရွှေပြားပြုလုပ်ကာ ပြန်လည် ရောင်းချနေကြောင်း ၎င်းတို့၏ အဆိုအရ သိရသည်။ ယင်းဂရမ်ပြားများကို တစ်နေ့ အပြား ၄၀၀ ထိ ဈေးကွက်အတွင်း ရောင်းချနေပြီး မေလတွင် ကိုယ်စားလှယ်များ ခန့်အပ်ကာ ဈေးကွက် ထပ်မံတိုးချဲ့သွားမည

ဆန္ဒပြသူများအတွက် သီးသန့်နေရာ သတ်မှတ်မည်

ရန်ကုန်၊ ဧပြီ ၁အကြောင်းအမျိုးမျိုးဖြင့် ဆန္ဒပြမည့်သူများ စည်းကမ်းတကျ ဖြစ်စေရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆန္ဒထုတ်ဖော်ရန် နေရာတစ်နေရာကို သတ်မှတ်ပေးမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ပြောကြားသည်။ ဒီမိုကရေစီစနစ်တွင် ဆန္ဒထုတ်ဖော်မှုများကို လက်ခံသော်လည်း စည်းကမ်းတကျ ဖြစ်စေရန်အတွက် ယင်းသို့ သီးသန့်နေရာ သတ်မှတ်ရန် စီစဉ်ခြင်း ဖြစ်ကြောင်း မိကျောင်းကန်နှင့် ဝါဝါဝင်း မြေသိမ်းဆည်းမှု ကိစ္စများအတွက် ဆန္ဒပြသူများနှင့် တိုင်းဒေသကြီး အစိုးရ တာဝန်ရှိသူများ ဧပြီလ ၁ ရက်နေ့က မြို့တော်ခန်းမ၌ ပြုလုပ်သော ညှိနှိုင်းပွဲတွင် ၎င်းက ပြောဆိုသည်။ “အခု စည်ပင်နဲ့ ညှိနှိုင်းပြီး နေရာတစ်ခု ရှာနေပါတယ်။ သပ်သပ်ရပ်ရပ်နဲ့ စတိတ်စင် တစ်ခုပါမယ်။ မြို့ပြင်ထုတ်မှာ မဟုတ်ပါဘူး။ အားလုံးနဲ့ အဆင်ပြေတဲ့ မြို့ထဲက နေရာပဲ ဖြစ်မှာပါ” ဟု ဗိုလ်မှူးကြီးတင်ဝင်းက ရှင်းပြသည်။ ယင်းသို့နေရာ သတ်မှတ်ပေးခြင်းဖြင့် ခွင့်ပြုချက် မပေးသော ပြဿနာကို ရှောင်ရှားနိုင်မည် ဖြစ်ပြီး လူအင်အားနှင့် ကိုက်ညီနိုင်သော နေရာအကျယ်အဝန်း ရရှိပါက ထုတ်ပြန် ကြေညာသွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။ သက်ဆိုင်ရာ တို

သင်္ကြန်မတိုင်မီ သပိတ်စခန်းများအားလုံး ရုပ်သိမ်းရန် လုပ်မည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရဆို

ရန်ကုန်၊ ဧပြီ ၁သပိတ်စခန်းများကို ညဥ့်သန်းခေါင်ယံ အချိန်များတွင် အင်အားသုံး စီးနင်းမှုများ ပြုလုပ်မှုကြောင့် အစိုးရကို ဝေဖန်မှုများ ဖြစ်ပေါ်နေချိန်တွင် ရန်ကုန်မြို့တော်အတွင်း ဖွင့်လှစ်ထားသည့် သပိတ်စခန်းများကို သင်္ကြန်ပွဲတော် မတိုင်မီ ရုပ်သိမ်းရန် ညှိနှိုင်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ပြောကြားသည်။ သပိတ်စခန်းဖွင့်ထားသည့် မိကျောင်းကန် ဒေသခံများ၊ ဝါဝါဝင်း ကုမ္ပဏီကို ဆန္ဒပြနေကြသည့် မြန်မာ့ဂုဏ်ရောင်အိမ်ရာ သပိတ်စခန်းတို့မှ ခေါင်းဆောင်များနှင့် အစိုးရ တာဝန်ရှိသူများ၊ လွှတ်တော် ကိုယ်စားလှယ်များ ဧပြီလ ၁ ရက်နေ့က ရန်ကုန်မြို့တော်ခန်းမ၌ တွေ့ဆုံဆွေးနွေးပွဲ အပြီးတွင် ၎င်းကယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။ ပြည်သူများနစ်နာမှုများ ရှိနေသည့် တိုင်းဒေသကြီး အစိုးရအနေနှင့် ကြားဝင်ညှိနှိုင်းပေးခြင်း ဖြစ်ပြီး သင်္ကြန် မတိုင်မီ သပိတ်စခန်းများ ရုပ်သိမ်းရေးအတွက် ဆန္ဒပြသူများနှင့် ဥပဒေကြောင်းအရ ညှိနှိုင်းဆောင်ရွက်မည် ဖြစ်ကြောင်း ဗိုလ်မှူးကြီးတင်ဝင်းက ဆိုသည်။ “ကျွန်တော်တို့က ပိတ်ပင်တာ ဘာမှမရှိဘူး။ ဒါပေမဲ့ ဥပဒေအရ ထိန်းကွပ်ဖို့ ရှိတယ်” ဟု ၎င်းက ပြောကြားသည်။ ရန်က

ABSDF ရဲဘော်များ ဂုဏ်သိက္ခာရှိရှိ အိမ်ပြန်နိုင်အောင် ကြိုးပမ်းမည် ထားဝယ်၊ ဧပြီ ၁...

ABSDF ရဲဘော်များ ဂုဏ်သိက္ခာရှိရှိ အိမ်ပြန်နိုင်အောင် ကြိုးပမ်းမည် ထားဝယ်၊ ဧပြီ ၁ ဒီမိုကရေစီ အရေးတော်ပုံနှင့်အတူ ပေါ်ပေါက် လာခဲ့သော မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မှ ရဲဘော်များကို ဂုဏ်သိက္ခာရှိရှိ အိမ်ပြန်နိုင်အောင် ကြိုးပမ်းပေးမည်ဟု ABSDF ဒုဥက္ကဋ္ဌ ရဲဘော်မျိုးဝင်းက ဧပြီလ ၁ ရက်နေ့တွင် ထားဝယ်မြို့ ဇေယျဝတီ ပရိယတ္တိ စာသင်တိုက်၌ ကျင်းပခဲ့သော ကျောင်းသား တပ်မတော် တည်ထောင်ခြင်း ၂၅ နှစ်မြောက် ငွေရတု အခမ်းအနားတွင် ပြောကြားသည်။ “ရဲဘော်တွေကို ဂုဏ်သိက္ခာရှိရှိ အိမ်ပြန်နိုင်အောင် မိဘတွေဆီ အပ်နိုင်ဖို့အတွက် ကြိုးပမ်းရဦးမှာပါ” ဟု ABSDF ဒုဥက္ကဋ္ဌ ရဲဘော်မျိုးဝင်းက ဆိုသည်။ ကျောင်းသား တပ်မတော် ၂၅ နှစ်တာ ဖြတ်သန်းမှု ကာလအတွင်း ကျဆုံးခဲ့သည့် ရဲဘော် ၈၀၀ ကျော် ရှိကြောင်း ရဲဘော်မျိုးဝင်းက ပြောကြားသည်။ မြိတ်-ထားဝယ်ခရိုင် ကျောင်းသား တပ်မတော်တွင် တာဝန် ထမ်းဆောင်ရင်း တိုက်ပွဲအတွင်း ကျဆုံးသွားသူနှင့် ရောဂါ (သို့) အခြားအကြောင်းအရာ အမျိုးမျိုးကြောင့် ထားဝယ်ခရိုင် အတွင်းမှ သေဆုံး ကျဆုံးသွားသော ရဲဘော် ၂၂ ဦး၊ ပုလောမြို့ မှ ၄၆ ဦးနှင့် မြိတ်ခရိုင်မှ ၁၅၀ ဦးကျော် ရှိသည်ဟု ဒုတိယ တပ်ရင်းမှူးဟောင်း

မော်လမြိုင်ခရိုင်တွင် တပ်မတော်က သိမ်းယူခဲ့သော လယ်မြေဧက၂၀၀၀ ကျော် စွန့်လွှတ်မည်ေ...

မော်လမြိုင်ခရိုင်တွင် တပ်မတော်က သိမ်းယူခဲ့သော လယ်မြေဧက၂၀၀၀ ကျော် စွန့်လွှတ်မည် မော်လမြိုင် ဧပြီ ၁ တပ်မတော် အစိုးရလက်ထက်၌ မော်လမြိုင်ခရိုင် ခြောက်မြို့နယ်အတွင်း တပ်ရင်းပေါင်း ၃၂ ခုက သိမ်းဆည်းခဲ့သော လယ်မြေများအနက် ဆက်လက် လုပ်ကိုင်ခြင်း မရှိတော့သည့် လယ်မြေ ၂၃၈၀ ဒသမ ၈၅ ဧကကို မူရင်း လယ်ပိုင်ရှင်များထံ ပြန်လည် ပေးအပ်ရန် စာရင်း ရောက်ရှိပြီ ဖြစ်ကြောင်း မော်လမြိုင်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ချိုင်က ပြောကြားသည်။ တပ်မတော်က အသုံးမပြုသည့် လယ်မြေများကို မူရင်းလယ်ပိုင်ရှင်များထံ ပြန်လည် ပေးအပ်ရန် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလကို နောက်ဆုံးထား ဆောင်ရွက်လျက်ရှိရာ မော်လမြိုင်ခရိုင် အနေနှင့်လည်း ၎င်းတို့ စွန့်လွှတ်သည့် လယ်မြေ စာရင်းများကို ရရှိထားပြီး ဖြစ်သောကြောင့် လယ်ပိုင်ရှင်များကို ရှာဖွေပြီး စက်တင်ဘာလအတွင်း အကြောင်းကြားမည်ဟု ၎င်းကဆိုသည်။ မော်လမြိုင်ခရိုင်အတွင်း ပြန်လည် ရရှိသည့် လယ်မြေဒေသများမှာ ချောင်းဆုံမြို့နယ် ကွမ်လျာကျေးရွာနှင့် ဖံဖကျေးရွာရှိ လယ်မြေများ၊ မော်လမြိုင်မြို့နယ်မှ ရွှေမြိုင်သီရိ နယ်မြေနှင့် ကော့လျာရှိ လယ်မြေများ၊ ကျိုက်မရောမြို့နယ်မှ ခရုံဂူဘုရားဘေးရှိ လယ်မြေများ၊ မုဒုံမြို့နယ်မှ ဘဲရမ်းကျေးရွာ၊ ကွေ

ကြားဖြတ်သတင်း သမီးလေးကျေးရွာမှ ဒီကေဘီအေ နယ်မြေသို့ ပြောင်းရွှေ့မည့်သူများအား ကရ...

ကြားဖြတ်သတင်း သမီးလေးကျေးရွာမှ ဒီကေဘီအေ နယ်မြေသို့ ပြောင်းရွှေ့မည့်သူများအား ကရင်ပြည်နယ်အစိုးရအဖွဲ့က တားဆီး ဧပြီ ၂ ရက်၊ ၂၀၁၄ ကျူးကျော်နေထိုင်သူများဟုဆိုကာ လှည်းကူးမြို့နယ် သမီးလေးကျေးရွာမှ နှင်ထုတ်ခံရသည့် မိသားစုဝင် စုစုပေါင်း ၂၀၀ ကျော်တင်ဆောင်လာသည့် ကားတန်းကို ကရင်ပြည်နယ်သို့ ပေးမ၀င်နိုင်ဟု ကရင်ပြည်နယ်စပ် ဒုံသမိတံတား တွင်တားဆီးထားကြောင်း လိုက်ပါသွားသည့် သတင်းထောက်တဦးကပြောသည်။ ကရင်ပြည်နယ် အစိုးရအဖွဲ့၏ အမိန့်ဖြင့် အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူ ဦးရဲနိုင် ဆိုသူက လာရောက်တားဆီး ခြင်းဖြစ်သည်ဟု သိရသည်။ မည်သည့်အကြောင်းကြောင့် တားဆီးသည်ကို ရှင်းလင်းစွာမသိရသေးသော်လည်း အချက်တချက်မှာ ပြောင်းရွှေ့လာသူများအား ကျန်းမာရေးစစ်ဆေးခြင်း မပြုရသေးသည့် အချက်လည်း ပါဝင်ကြောင်း ယင်းအဖွဲ့နှင့် လိုက်ပါသွားသည့် သတင်းထောက်က ပြောသည်။ ဒီကေဘီအေ အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးဆန်းအောင်နှင့် ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင် ၀န်ကြီးနှင့် ဖုန်းဖြင့်ဆက်သွယ်ပြောဆိုလျက်ရှိကြောင်း မွန်းလွဲ ၁၂နာရီခွဲ အချိန်တွင် ရရှိသည့် အချက်အလက်များအရ သိရှိရသည်။ ။ from Yangon Press International's Facebook Wall http://ift.

INGO ဝန်ထမ်းများကို အကာအကွယ်ပေးရန် မြန်မာသမ္မတကို ဘန်ကီမွန်းတောင်းဆို ရန်ကုန်၊ ဧ...

INGO ဝန်ထမ်းများကို အကာအကွယ်ပေးရန် မြန်မာသမ္မတကို ဘန်ကီမွန်းတောင်းဆို ရန်ကုန်၊ ဧပြီ ၁ မြန်မာနိုင်ငံရှိ INGO ဝန်ထမ်းများ၏ လုံခြုံရေးအတွက် အကာအကွယ် ပေးရန်နှင့် ပိုင်ဆိုင်မှု များကိုလည်း စောင့်ရှောက်ပေးရန် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်ကို မတ်လ ၃၀ ရက်နေ့က တယ်လီဖုန်းဖြင့် ဆက်သွယ်၍ တောင်းဆိုခဲ့ကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားသည်။ ရခိုင်ပြည်နယ်တွင် လွန်ခဲ့သည့် ရက်ပိုင်းက ဖြစ်ပွားခဲ့သည့် INGO ရုံး၊ အဆောက်အအုံများ တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ ပြောဆိုကြစဉ် ယင်းသို့ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို အကြောင်းပြ၍ ပြစ်ဒဏ် ကျူးလွန်မှုများကို လျစ်လျူမရှုရန် ဘန်ကီမွန်းက ပြောဆိုပြီး တရားဥပဒေ စိုးမိုးမှုကို လိုက်နာသည့် ပြည်သူအားလုံးကို အကာအကွယ် ပေးရန်လည်း တိုက်တွန်းထားသည်။ စစ်တွေတွင် ဖြစ်ပွားခဲ့သည့် INGO များ တိုက်ခိုက်ခံရမှုတွင် အစိုးရ တာဝန်ရှိသူများ၏ ကြိုတင်ကာကွယ် ဆောင်ရွက်မှုများကို ကြိုဆိုကြောင်း ဘန်ကီမွန်းက ပြောဆိုထားသည်။ ရခိုင်ပြည်နယ်တွင် လူသားချင်း စာနာမှုနှင့် လူ့အခွင့်အရေး အခြေအနေများတွင် စိုးရိမ်မှုများ ရှိနေသေးသဖြင့် ယင်းေ

သမ္မတဦးသိန်းစိန် မလေးရှားသွားမည် ရန်ကုန်၊ ဧပြီ ၁ အာဆီယံ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသေ...

သမ္မတဦးသိန်းစိန် မလေးရှားသွားမည် ရန်ကုန်၊ ဧပြီ ၁ အာဆီယံ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် မလေးရှားနိုင်ငံသို့ ပထမဆုံးအကြိမ် သွားရောက်မည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။ သမ္မတဦးသိန်းစိန်သည် အစိုးရသစ်တွင် တာဝန်ယူပြီး နောက်ပိုင်း မလေးရှားနိုင်ငံသို့ တစ်ကြိမ်မျှ သွားရောက်ဖူးခြင်း မရှိခဲ့ဘဲ အာဆီယံ ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီးနောက် အဖွဲ့ဝင် နိုင်ငံများသို့ သွားရောက်လေ့ ရှိသဖြင့် ယင်းခရီးစဉ်ကို စီစဉ်ခြင်း ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။ ၂၀၁၄ ခုနှစ်အတွင်း ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် သွားရောက်မည့် မလေးရှားခရီးစဉ် အသေးစိတ်ကို လတ်တလော အတည်မပြုနိုင်သေးကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးလည်း ဖြစ်သူ ဦးရဲထွဋ်က ပြောဆိုသော်လည်း ဧပြီလ ၈ ရက်နေ့တွင် သွားရောက်ဖွယ် ရှိကြောင်း နိုင်ငံတော် သမ္မတရုံးနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။ ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် ဒုတိယဥက္ကဋ္ဌ ဒေါက်တာအေးမောင်တို့ ဖေဖော်ဝါရီလအတွင်း မလေးရှား နိုင်ငံသို့ သွားရောက်ခဲ့စဉ် သေနတ်ဖြင့် လိုက်လံ ပစ်ခတ်ခံရပြီး ယင်းဖြစ်ရပ်အတွက် နှစ်နိုင်ငံ ပူးပေါင်းစုံစမ်းမည် ဖြစ်ကြေ

#emg_opinions သဘာဝပတ်ဝန်းကျင်အရေး အားလုံးပါဝင်ပေး (Written by: ညီအောင်ညီ) လွ...

#emg_opinions သဘာဝပတ်ဝန်းကျင်အရေး အားလုံးပါဝင်ပေး (Written by: ညီအောင်ညီ) လွန်ခဲ့သောတစ်လက အငြိမ်းစား ပညာရေးမှူးဟောင်း ဆရာကြီးတစ်ယောက်နဲ့ စကားပြောဖြစ်ခဲ့ပါတယ်။ ဆရာကြီးက သူသိတဲ့ ကျောင်းအင်္ဂါ ကိုးပါးအကြောင်းကို ပြောပြခဲ့တယ်။ ဆရာကြီးပြောပြတဲ့ စာသင်ကျောင်းတစ်ခုရဲ့ ရှိထားရမယ့် ကျောင်းအင်္ဂါ ကိုးခုထဲမှာ ရှစ်ခုမြောက် ကျောင်းအင်္ဂါက “ကျောင်းဥယျာဉ်” ရှိရမယ် ဆိုတာပါပဲ။ ဘာကြောင့် ရှိသင့်သလဲဆိုတော့ ကျောင်းသားတွေအနေနဲ့ ငယ်စဉ်ကတည်းက သစ်ပင်ပန်းမန်တွေ၊ သီးပင်စားပင်တွေနဲ့ သဘာဝလောကကြီးကို မြတ်နိုးပြီး တန်ဖိုးထား စောင့်ရှောက်ဖို့ တာဝန်ယူစိတ်ရှိဖို့အတွက် လက်တွေ့ကျကျ ဆောင်ရွက်ရမယ့် “ကျောင်းဥယျာဉ်” ရှိဖို့ လိုတယ်ဆိုတာကို ဆရာကြီးက စိတ်ရှည်ရှည်နဲ့ ရှင်းပြခဲ့ပါတယ်။ ဆရာကြီး ကျောင်းဥယျာဉ်အကြောင်း ပြောပြီးကတည်းက စာသင်ကျောင်းတွေနားရောက်တိုင်း “ကျောင်းဥယျာဉ်” ရှိမရှိ လေ့လာမိတာမျိုး မေးမြန်းကြည့်တာမျိုး လုပ်ခဲ့ဖူးတယ်။ ရှိတဲ့ကျောင်းလည်း ရှိတယ်။ မရှိတဲ့ကျောင်းလည်း မရှိဘူးပေါ့။ စစ်တမ်းကောက် စစ်ဆေးရေးဝင်တာ မဟုတ်လို့ ရှိခြင်းမရှိခြင်းအပေါ်မှာ ပြောစရာစကား မရှိပါဘူး။ ဒါပေမဲ့ ဆရာကြီးရဲ့စကားက နားထဲကမထွက်ခဲ့ဘူး။ “သဘာဝလောကကြီးကို ချစ

#emg_opinions ဆင်းရဲခြင်းမှ တွန်းပို့ခဲ့သော . . . . (Written by: ဖြိုးဝေ) စ...

#emg_opinions ဆင်းရဲခြင်းမှ တွန်းပို့ခဲ့သော . . . . (Written by: ဖြိုးဝေ) စူးရှသော အနံ့ဆိုးတစ်ခုသည် အလုံပိတ်ထားသော ကားအတွင်းမှ လူအများဆီသို့ ပျံ့လွင့်လာသည်။ လမ်းဘေးဝဲယာဆီ အကဲခတ်ကြည့်မိချိန်တွင် ယင်တလောင်းလောင်းထနေသော အမှိုက်ပုံမှ စွန့်ပစ်ပစ္စည်းများကို တွေ့နေရသည်။ ကားပေါ်ရှိ ကျွန်တော်တို့ ခံစားနေရသည်က အဆိုပါအမှိုက်ပုံဆီမှ ရရှိနေခြင်းပင် ဖြစ်သည်။ ထိုအမှိုက်ပုံပေါ်တွင် ဘေးပတ်လည်ဝန်းကျင်တွင်မတော့ အမှိုက်ပုံ စွန့်ပစ်ပစ္စည်းများအား ကောက်ခံစုဆောင်းနေသည့် လူအချို့အား သန့်ရှင်းမှုကင်းစွာဖြင့် တွေ့မြင်နေရသည်။ ကျွန်တော်တို့ ရောက်ရှိနေသော နေရာသည်ကား ပြင်သစ်စာရေးဆရာ ဒေါမနစ်လာပီးယား ရေးသားသည့် City of Joy စာအုပ်အား မြန်မာနိုင်ငံမှ နာမည်ကျော်စာရေးဆရာကြီး ဆရာမြသန်းတင့် ဘာသာပြန်ခဲ့သည့် သုခမြို့တော်မှ ဇာတ်ဝင်ခန်းအချို့အား အခြေပြုခဲ့သည့် အိန္ဒိယနိုင်ငံ၊ ကိုးလ်ကတ္တားမြို့၏ ပုံရိပ်များနှင့် ထပ်တူကျနေသလား တွေးဆမိနိုင်လောက်သည့် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၏ ဆင်ခြေဖုံးဒေသတစ်ခုဖြစ်သည့် စီရပူရိဧရိယာသို့ ရောက်ရှိနေခြင်းဖြစ်သည်။ နယူးဒေလီမြို့ဟု ဆိုလိုက်လျှင် မြန်မာပြည်သူများအတွက် မည်သည့်နေရာတွင် ရှိသနည်းဟု တွေးမိစရာ ဖြစ်ပါ

လှည်းကူးမြို့နယ် တပ်ပိုင်နယ်မြေမှ ဖယ်ရှားခံရသူ အိမ်ထောင်စု ၈၀ DKBA ထိန်းချုပ်နယ်...

လှည်းကူးမြို့နယ် တပ်ပိုင်နယ်မြေမှ ဖယ်ရှားခံရသူ အိမ်ထောင်စု ၈၀ DKBA ထိန်းချုပ်နယ်မြေသို့ ပြောင်းရွှေ့မည် ရန်ကုန်၊ ဧပြီ ၁ တပ်ပိုင်နယ်မြေအတွင်း ကျူးကျော် နေထိုင်သည်ဟုဆိုကာ သက်ဆိုင်ရာက အင်အားသုံး ဖယ်ရှားခံခဲ့ရသော သမီးကလေးကျေးရွာ အပါအဝင် ကျေးရွာသုံးရွာနေသူ လူဦးရေ ၇၀၀ အနက် လူဦးရေ ၂၀၀ ကျော်ခန့်က ဧပြီလ ၂ ရက် (ယနေ့) နံနက် ၄ နာရီတွင် ပဲခူးတိုင်းဒေသကြီးရှိ အောင်သိဒ္ဓိ ကျောင်းတိုက်မှ ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော် (DKBA) ထိန်းချုပ်နယ်မြေသို့ လိုက်ပါ ပြောင်းရွှေ့မည် ဖြစ်ကြောင်း အဆိုပါကျေးရွာ နေထိုင်သူများထံမှ သိရှိရသည်။ အဆိုပါ ဖယ်ရှားခံရသူများကို ကရင်ပြည်နယ် မြဝတီမြို့ အနီးရှိ ကျောက်ခတ်ကျေးရွာတွင် နေရာချထားပေးရန် DKBA က စီစဉ်ထားပြီး လိုက်ပါ ပြောင်းရွှေ့လိုသော အိမ်ထောင်စု ၈၀၊ လူဦးရေ ၂၀၂ ဦးကို ဧပြီလ ၂ ရက် နံနက်ပိုင်းတွင် ကရင်ပြည်နယ်သို့ ခေါ်ဆောင်သွားရန် ၁၂ ဘီးယာဉ် လေးစီးဖြင့် အောင်သိဒ္ဓိ ကျောင်းတိုက်သို့ ဧပြီလ ၁ ရက်နေ့ ညနေပိုင်းက ရောက်ရှိနေကြောင်း DKBA မှ ဗျူဟာမှူး ဗိုလ်မှူးကြီး စောစန်းအောင်က ပြောကြားသည်။ “ပထမလိုက်မယ့် လူစာရင်းက သုံးရာနီးပါး ရှိတယ်။ လာခေါ်တဲ့အချိန်မှာ တချို့မိသားစုဝင်တွေက အ

ဆေးကုသမှုခံယူနေသော ဟံသာဝတီဦးဝင်းတင်အတွက် ဆုတောင်းပွဲပြုလုပ် ရန်ကုန် ၊ ဧပြီ ၂...

ဆေးကုသမှုခံယူနေသော ဟံသာဝတီဦးဝင်းတင်အတွက် ဆုတောင်းပွဲပြုလုပ် ရန်ကုန် ၊ ဧပြီ ၂ ယနေ့ မနက်ပိုင်းကရွှေတိဂုံစေတီတွင် ကျန်းမာရေးကြောင့် ဆေးကုသမှုခံ ယူနေသော ဟံသာဝတီဦးဝင်းတင်အတွက် လူငယ်အဖွဲ့ အစည်းများက ဝတ်ပြုဆုတောင်းပွဲပြုလုပ်ခဲ့သည်။ from Popular Myanmar News Journal's Facebook Wall http://ift.tt/1pMppHr

တည်ငြိမ်ရေး ထိခိုက်စေသဖြင့် သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာ ထည့်ခွင့်မပြုခြင်းဟု...

တည်ငြိမ်ရေး ထိခိုက်စေသဖြင့် သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာ ထည့်ခွင့်မပြုခြင်းဟု သမ္မတ ပြောခွင့်ရပုဂ္ဂိုလ်ဆို ရန်ကုန်၊ ဧပြီ ၁ မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ထိခိုက်စေသဖြင့် သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဆိုသည့် အသုံးအနှုန်းကို ထည့်သွင်းခွင့် မပြုခြင်း ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။ ရိုဟင်ဂျာဆိုသည့် အသုံးအနှုန်းကို မြန်မာအစိုးရက သန်းခေါင်စာရင်း ကောက်ယူသည့်အခါမှ ငြင်းဆိုခြင်း မဟုတ်ဘဲ ယခင်ကပင် ငြင်းပယ်ထားသည့် တရားမဝင် အသုံးအနှုန်းတစ်ခု ဖြစ်ကြောင်း ၎င်းကဆိုသည်။ သန်းခေါင်စာရင်း ကောက်ယူရာတွင် နိုင်ငံတကာ သန်းခေါင်စာရင်း ကောက်ယူမှု စံနှုန်းများ၊ လူ့အခွင့်အရေး စံနှုန်းများကို အခြေခံကာ ကောက်ယူမည်ဟု မြန်မာအစိုးရနှင့် သဘောတူညီမှု ရရှိထားသော်လည်း ရိုဟင်ဂျာ ဆိုသူများသည် ၎င်းတို့ကို လူမျိုးအမည်ကို ထည့်သွင်းခွင့် ငြင်းပယ် ခံထားရကြောင်း၊ ယင်းသို့ လုပ်ဆောင်ခြင်းသည် နိုင်ငံတကာ စံနှုန်းများနှင့် ညီညွတ်ခြင်း မရှိသည့်အပြင် သန်းခေါင်စာရင်း ကောက်ယူ ရရှိသည့် အချက်အလက် တိကျမှုကိုလည်း ထိခိုက်စေကြောင်း ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) က ထုတ်ပြန်ထားသည်။

ရုရှားတပ်အချို့ ကရိုင်းမီးယားဒေသမှ ပြန်လည် ဆုတ်ခွာရန် ဗလာတီမာပူတင် အမိန့်ထုတ်ပြန...

ရုရှားတပ်အချို့ ကရိုင်းမီးယားဒေသမှ ပြန်လည် ဆုတ်ခွာရန် ဗလာတီမာပူတင် အမိန့်ထုတ်ပြန် မော်စကို၊ ဧပြီ ၁ ယူကရိန်းနယ်စပ်တွင် ချထားသော ရုရှားတပ်များမှ အချို့ကို ပြန်လည် ဆုတ်ခွာရန်အတွက် ရုရှားသမ္မတ ဗလာတီမာပူတင်က အမိန့်ထုတ်ပြန် လိုက်သည်ဟု ဂျာမနီအစိုးရက ပြောကြားထားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။ ဂျာမနီ ဝန်ကြီးချုပ်နှင့် ရုရှားသမ္မတတို့ တယ်လီဖုန်းမှတစ်ဆင့် စကားပြော ဆွေးနွေးရာမှ ရုရှားတပ်အချို့ ပြန်ဆုတ်ရန် အမိန့်ထုတ်ထားပြီး ဖြစ်သည်ဟု ရုရှားသမ္မတက ပြောကြားခဲ့ခြင်း ဖြစ်သည်။ ယခုအချိန်အထိ ယူကရိန်း နယ်စပ်တွင် ထောင်ပေါင်း များစွာသော ရုရှားစစ်သားများ ဆက်လက်တပ်စွဲလျက် ရှိနေသေးကြောင်း သတင်းများက ဆိုသည်။ ကရိုင်းမီးယားဒေသသို့ ရုရှား ဝန်ကြီးချုပ် ဒီမီထရီမက်ဗီဒက်ဗ်နှင့် အစိုးရဝန်ကြီးများ လာရောက် ကြည့်ရှုခြင်းကို ယူကရိန်းက ရှုတ်ချလိုက်သည်။ ယူကရိန်းမှ ခွဲထွက်ကာ ရုရှားဘက်သို့ ပူးပေါင်းရေး လုပ်ဆောင်လျက် ရှိသော ကရိုင်းမီးယားဒေသသို့ ရုရှား ဝန်ကြီးချုပ်ကိုယ်တိုင် သွားရောက်ခဲ့ခြင်းသည် ရိုင်းစိုင်းမှု ဖြစ်သည်ဟု ယူကရိန်း အစိုးရ နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်။ အခြားနိုင်ငံ၏ ပိုင်နက်အတွင်းသို့ ကြိုတင် သဘောတူညီမှု မ

ထားဝယ်ချောင် အမှိုက်ပုံမှ လျှပ်စစ်ထုတ်လုပ်ရန် ကန်ဒေါ်လာသန်း ၁၃၀ နီးပါး သုံးစွဲမည်...

ထားဝယ်ချောင် အမှိုက်ပုံမှ လျှပ်စစ်ထုတ်လုပ်ရန် ကန်ဒေါ်လာသန်း ၁၃၀ နီးပါး သုံးစွဲမည် ရန်ကုန်၊ ဧပြီ ၁ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ထားဝယ်ချောင် အမှိုက်ပုံမှ လျှပ်စစ်ဓာတ်အား ထုတ်ယူရန်အတွက် အမေရိကန်ဒေါ်လာ ၁၂၈ သန်း ရင်းနှီးမြှုပ်နှံမည် ဖြစ်ကြောင်း အဆိုပါ လုပ်ငန်းကို လုပ်ကိုင်ခွင့် ရရှိသည် Zeya & Associates မှ ဒါရိုက်တာ ဦးဇေယျသူရမွန်က ပြောကြားသည်။ တည်ဆောက်၊ လည်ပတ်၊ လွှဲပြောင်း (Build -Operate-Transfer/ BOT) စနစ်ဖြင့် အဆိုပါ လုပ်ငန်းကို ကနဦး ၂၅ နှစ် လုပ်ကိုင်ခွင့်ရရှိပြီး အဆိုပါကာလ လွန်မြောက်မှသာ ဆက်လက် သက်တမ်းတိုးရန် ရှိ မရှိကို ဝန်ကြီးဌာနများနှင့် ဆွေးနွေးမည် ဖြစ်သည်ဟု ၎င်းကဆိုသည်။ “အကျိုးအမြတ် ခွဲဝေပုံကတော့ Public Interest (ပြည်သူ့အကျိုးစီးပွား) မဟုတ်တဲ့အတွက် ပြောဖို့ မရှိပါဘူး” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် ၎င်းတို့ ကုမ္ပဏီအကြား အကျိုးအမြတ် ခွဲဝေပုံနှင့် ပတ်သက်၍ ၎င်းက ပြောကြားသည်။ အဆိုပါ ရင်းနှီးမြှုပ်နှံမှုအရ ထားဝယ်ချောင် အမှိုက်ပုံမှ လျှပ်စစ်ဓာတ်အား ၁၅ မဂ္ဂါဝပ်ကျော်ကို ထုတ်လုပ်နိုင်မည် ဖြစ်ပြီး ရရှိလာသည့် လျှပ်စစ်ဓာတ်အားကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး

သတင်းတိုများ အိန္ဒိယစီးပွားရေး လာမည့်နှစ်တွင်ငါးရာခိုင်နှုန်းကျော် တိုးတက်မည် အိ...

သတင်းတိုများ အိန္ဒိယစီးပွားရေး လာမည့်နှစ်တွင်ငါးရာခိုင်နှုန်းကျော် တိုးတက်မည် အိန္ဒိယစီးပွားရေးသည် လာမည့်နှစ် ၂၀၁၄ -၁၅ ဘဏ္ဍာနှစ်တွင် GDP ၏ ၅ ဒသမ ၅ ရာခိုင်နှုန်း တိုးနိုင်ဟု အိန္ဒိယကုန်သွယ်ရေးနှင့် စက်မှုကဏ္ဍ ဗဟိုအဖွဲ့ချုပ်က FICCI ကခန့်မှန်းထားကြောင်း တိုင်းအော့ အိန္ဒိယ သတင်းတွင် မတ် ၃၁ ရက်က ဖော်ပြသည်။ လာမည့် ဘဏ္ဍာရေးနှစ်တွင် စိုက်ပျိုးရေးကဏ္ဍတွင် ၃ဒသမ၃ ရာခိုင်နှုန်းနှင့် ၀န်ဆောင်မှုကဏ္ဍတွင် ၇ ရာ ခိုင်နှုန်းအထိ တိုးတက်မှုရှိမည်ဟု FICCI က ခန့်မှန်းထားသည်ဟုလည်း တိုင်းအော့ဖ်အိန္ဒိယ သတင်းတွင် ရေးသားဖော်ပြသည်။ အမေရိကန်တွင် အလုပ်လက်မဲ့နှုန်းကျဆင်း အမေရိကန်နိုင်ငံတွင် ယခုနှစ်မတ်လအတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖြစ်ထွန်းလာခဲ့ရာ အလုပ် လက်မဲ့နှုန်း ကျဆင်းခဲ့ကြောင်းနှင့် ရာသီဥတုကြောင့် စီးပွားရေး ထိခိုက်ခဲ့သည့်ဒဏ်မှလည်း ပြန်လည်ဦး မော့လာတော့မည့် အခြေအနေရှိကြောင်း စီးပွားရေးပညာရှင်များက ဆိုသည်ဟု ဘလွန်းဘတ်သတင်း ဌာနက မတ်လ ၂၉ ရက်တွင် ရေးသားဖော်ပြခဲ့သည်။ ဖိလစ်ပိုင်ရှိ ချယ်ရီမော်တော်ကားစက်ရုံခရီးသည်တင်ယာဉ်များ ထုတ်လုပ် တရုတ်မော်တော်ကား ထုတ်လုပ်ရေးကုမ္ပဏီ ချယ်ရီအော်တို မိုဘိုင်းကုမ္ပဏီလီမိတက်၏ ဖိလစ်ပိုင် အခြေ စိုက်စက်ရုံခ

Cholesterol (ကိုလက်စရော) များနေပြီဆိုရင်

မြန်မာနိုင်ငံမှ အာဟာရ ကျန်းမာရေး အထူးကုဆရာဝန် DR Win Win Myint ပေးပို့ထားပါတယ်။ Cholesterol (ကိုလက်စရော) များနေပြီဆိုရင် အောက်ပါ အချက်များ ကိုလိုက်နာရပါမည်။ • Keep to your ideal weight.(ကိုယ်အလေးချိန် ထိန်းသိမ်းပါ။) • Take a high-fibre diet (အမျှင်ဓါတ်များသော အစာများကို ရွေးစားပါ) • Eat fish at least twice a week (ငါး ကို တစ်ပါတ်လျှင် အနည်းဆုံး နှစ်ကြိမ်စားပါ။) • Restrict amount of fast food (ဟန်ဘာဂါ၊ ဟော့ဒေါ့ စသောအစာများကို တတ်နိုင်သလောက် ရှောင်ကြဉ်ပါ။) • Avoid deep-fried foods ( အကြော်အမျိုးမျိုးကို ရှောင်ကြဉ်ပါ။) • Take regular exercise (လေ့ကျင့်ခန်း မှန်မှန်လုပ်ပါ။) • Always trim fat off meat (အသားစားလျှင် အဆီ နှင့် အရေခွံ ကိုဖယ်ရှားပြီး မှ စားပါ။) • Avoid snacks between meals (ချိုသော သရေစာစားခြင်းကို ရှောင်ကြဉ်ပါ။) • Drink more water (ရေများများ သောက်ပါ။) • Do not smoke (ဆေးလိပ်လုံးဝ မသောက်ပါနှင့်။) -------------------------------------- Ischaemic Heart Disease နှလုံးသွေးကြောကျဉ်းရောဂါရှိသူ၊ Ischaemic Stroke သွေးကြောပိတ်၍ လေသင်ဓုန်းဖြတ်ထားသူ၊ Hypertension သွေးတိုးရောဂါရ

ရှေ့ယာဉ်အားကျော်တက်စဉ် အရှိန်မထိန်းနိုင်ဘဲ နောက်မှဝင်ရောက်တိုက်မိ

နေပြည်တော်၊ မတ် ၃၁ ၂၀၁၄ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့ နံနက် ၄ နာခွဲအချိန် မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီး မြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၃၂၇/၆-၇)ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ပြင်စည်အမြန်လမ်း ရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ ရန်ကုန်မှမန္တလေးသို့ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံအရှေ့မြို့နယ်၊ ရွာသာကြီးနေ ချစ်မင်းခိုင်(၂၅)နှစ် မောင်းနှင်လာသည့် ၃D/xxxx “သီတာထွန်း” ဘုရားဖူးပို့ဆောင်ရေးမှန်လုံယာဉ်မှာရှေ့မှမောင်းနှင်နေသောတောင်ငူမြို့၊အမှတ်(၁၁)ရပ်ကွက်နေဦးနေလင်းမောင်(၄၂)နှစ်မောင်းနှင်သည့် ၆ခ/xxxx ပါဂျဲရိုး စိမ်း/ငွေမင်ကြားရောင်ယာဉ်အားကျော်တက်စဉ် အရှိန်မထိန်းနိုင်ဘဲ နောက်မှဝင်ရောက်တိုက်မိခဲ့ပြီး ၆ခ/xxxxပါဂျဲရိုးယာဉ်မှာ လမ်းယာဘက်ရှိချောက်ထဲသို့ ထိုးကျတိမ်းမှောက်ခဲ့ကြောင်း သိရှိရသည်။ ထိုသို့တိုက်မိမှုကြောင့် ၃D/xxxxယာဉ်ပေါ်တွင်လိုက်ပါလာသူများ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ ၆ခ/xxxx ယာဉ်မောင်း ဦးနေလင်းမောင်တွင် ဦးခေါင်းထိပ်ပေါက်ပြဲ၊ ယာပါးပွန်းပဲ့၊ ယာလက်မောင်းကျိုးဒဏ်ရာနှင့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ တဘက်ကွေ့ရွာနေ ဝ

သာကေတမြို့နယ်တွင် လူသတ်မှုဖြစ်

ရန်ကုန်၊ ဧပြီ ၁ ၃၁.၃.၂၀၁၄ ရက်နေ့ ၂၁၃၀ အချိန် သာကေတမြို့နယ်၊ ၁၀/တောင်ရပ်ကွက်နေ ဒေါ်ခင်ဝင်းသည် သားဖြစ်သူ ကိုကျော်ကျော်ဆန်း (၃၅)နှစ်မှာ သာကေတမြို့နယ်၊ ခိုင်ရွှေဝါ(၃)လမ်းထိပ်တွင် လဲကျနေကြောင်းကြားသိရ သဖြင့် သွားရောက်ကြည့်ရှုခဲ့ကြောင်း၊ ၎င်းနေရာတွင် သားဖြစ်သူမှာ ပက်လက်အနေအထားဖြင့် ဦးခေါင်းနောက်စေ့၌ပေါက်ပြဲဒဏ်ရာရရှိကာ နှာခါင်းမှသွေးများ ထွက်လျက်နှင့် သေဆုံးနေသည်ကိုတွေ့ရှိရပြီး အနီးတွင် အမျိုးသားတစ်ဦးကို တုတ်ကိုင်လျက်တွေ့ရှိခဲ့ရကြောင်း၊ ၎င်းအမျိုးသားအား အနီးရှိလူများမှ ကုလားကြီးပြန်လာခဲ့ဟုပြောဆိုကာ ဆွဲခေါ်သွားသည်ကို တွေ့ရှိရ၍ မေးမြန်းစုံစမ်းရာမှ သားဖြစ်သူကို ကုလားကြီးနှင့် ကိုဖြိုး၊ ကျော်နိုင်ဦး၊ သိန်းထွန်းတို့မှ တုတ်ဖြင့် ၀ိုင်းဝန်းရိုက်နှက်ခဲ့၍သေဆုံးခဲ့ခြင်း ဖြစ်သည်ကိုသိရှိခဲ့ရကြောင်းနှင့် ယင်းသို့ သားဖြစ်သူကို သေဆုံးအောင် ပြုလုပ်သူ ကုလားကြီးပါ(၄)ဦးကိုအရေးယူပေးပါရန် တိုင်တန်းလာခဲ့ ပါသည်။ ထိုသို့တိုင်တန်းချက်အရ သာကေတနယ်မြေရဲစခန်း (ပ)၂၀၀/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂/၁၁၄ ဖြင့်အမှု ဖွင့်ကာ ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ ကုလားကြီး(ခ)ငြိမ်းသောင်း(၂၈)နှစ်၊ (ဘ)ဦးထွန်းကြည်၊ ၁၀/တောင်(၁၂)ရပ်ကွ