၃၁.၃.၂၀၁၄ ရက်နေ့ ၂၁၃၀ အချိန် သာကေတမြို့နယ်၊ ၁၀/တောင်ရပ်ကွက်နေ ဒေါ်ခင်ဝင်းသည် သားဖြစ်သူ ကိုကျော်ကျော်ဆန်း (၃၅)နှစ်မှာ သာကေတမြို့နယ်၊ ခိုင်ရွှေဝါ(၃)လမ်းထိပ်တွင် လဲကျနေကြောင်းကြားသိရ သဖြင့် သွားရောက်ကြည့်ရှုခဲ့ကြောင်း၊ ၎င်းနေရာတွင် သားဖြစ်သူမှာ ပက်လက်အနေအထားဖြင့် ဦးခေါင်းနောက်စေ့၌ပေါက်ပြဲဒဏ်ရာရရှိကာ နှာခါင်းမှသွေးများ ထွက်လျက်နှင့် သေဆုံးနေသည်ကိုတွေ့ရှိရပြီး အနီးတွင် အမျိုးသားတစ်ဦးကို တုတ်ကိုင်လျက်တွေ့ရှိခဲ့ရကြောင်း၊ ၎င်းအမျိုးသားအား အနီးရှိလူများမှ ကုလားကြီးပြန်လာခဲ့ဟုပြောဆိုကာ ဆွဲခေါ်သွားသည်ကို တွေ့ရှိရ၍ မေးမြန်းစုံစမ်းရာမှ သားဖြစ်သူကို ကုလားကြီးနှင့် ကိုဖြိုး၊ ကျော်နိုင်ဦး၊ သိန်းထွန်းတို့မှ တုတ်ဖြင့် ၀ိုင်းဝန်းရိုက်နှက်ခဲ့၍သေဆုံးခဲ့ခြင်း ဖြစ်သည်ကိုသိရှိခဲ့ရကြောင်းနှင့် ယင်းသို့ သားဖြစ်သူကို သေဆုံးအောင် ပြုလုပ်သူ ကုလားကြီးပါ(၄)ဦးကိုအရေးယူပေးပါရန် တိုင်တန်းလာခဲ့
ပါသည်။
ထိုသို့တိုင်တန်းချက်အရ သာကေတနယ်မြေရဲစခန်း (ပ)၂၀၀/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂/၁၁၄ ဖြင့်အမှု ဖွင့်ကာ ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ ကုလားကြီး(ခ)ငြိမ်းသောင်း(၂၈)နှစ်၊ (ဘ)ဦးထွန်းကြည်၊ ၁၀/တောင်(၁၂)ရပ်ကွက်၊ သာကေတမြို့နယ်နေသူကို ဖမ်းဆီးရမိခဲ့ပြီး ကျန်ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိရေး စုံစမ်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
from သစ်ထူးလွင် (ကျန်းမာရေးနှင့် အနုပညာ) - Thit Htoo Lwin http://ift.tt/1huFGAb
Comments
Post a Comment