Skip to main content

Posts

Showing posts from March 10, 2015

မျက်ကွင်းညိုခြင်းအတွက် အလွယ်နည်းများ

မျက်ကွင်းညို၍ စိတ်ညစ်နေသူများအတွက် အိမ်တွင်းကု အလွယ်ကူဆုံး သဘာဝနည်းလေးများကို ကျန်းမာရေးသတင်းများ စာမျက်နှာမှ မျှဝေပေးလိုက်ပါရစေနော်။ နည်းလမ်း(၁) သခွါးသီးကို အကွင်းလိုက်လှီး၍ ရေခဲသေတ္တာထဲ ၁၀ မိနစ်ခန့် အေးအောင် ထည့်ထားပါ။ (ရေခဲသေတ္တာမရှိလျှင်လည်း သခွါးသီးဟာ သဘာဝအတိုင်း အေးပြီးသားမို့ ဒီအတိုင်း သုံးနိုင်ပါတယ်) အေးသွားတဲ့ သခွါးသီးကွင်းကို မျက်လုံးပေါ်ကို ၁၅ မိနစ်ခန့် ကပ်ပေးပါ။ တစ်နေ့ကို ၂ ကြိမ်နဲ့ တစ်ပတ်ကို ၄ ရက်လောက် လုပ်ပေးနိုင်ပါတယ်။ နည်းလမ်း(၂) ရေခဲတုံးလေးများဖြင့် မျက်ခွံများပေါ်တွင် ခံနိုင်သလောက် ကပ်ခွါကပ်ခွါ လုပ်ပေးပါ။ နေ့စဉ် လုပ်ပေးနိုင်ပါတယ်။ နည်းလမ်း(၃) စတီးဇွန်းကို ရေခဲသေတ္တာထဲ အေးအောင် ထည့်ထားပြီးလျှင် မျက်လုံး၏ အောက်နားကို ၁၀ မိနစ်ခန့် ကပ်ပေးပါ။ ဒီနည်းကိုလည်း နေ့စဉ် လုပ်ပေးနိုင်ပါတယ်။ နည်းလမ်း(၄) အလှကုန်ဆိုင်တွေမှာရောင်းတဲ့ အကောင်းစားတံဆိပ် Eye Roll တစ်ခုခုကို ၀ယ်ပြီး မကြာခဏ လိမ်းခြယ်ပေးပါ။ အထက်ပါ နည်းလမ်း(၄)မျိုးထဲမှ မိမိနှင့်အဆင်ပြေမည့် နည်းလမ်းကို ရွေးချယ်ပြုလုပ်ပေးနိုင်ကြပါတယ်။ မျက်ကွင်းညိုခြင်း ကင်းဝေးနိုင်ကြပါစေနော်။ စောနွဲ့နေဆိုင်(ပူတာအို) ကိုးကား ။ ။ How to hide dark ci

ဂေါက်ရောဂါဖြစ်ပွားမှုနှုန်းနည်းပါးရန် ဖျော်ရည်သောက်သုံးမှု ရှောင်ကြဉ်သင့်

ဗြိတိန်သုတေသီများက အမျိုးသမီးများသည် လိမ္မော်ဖျော်ရည် နှင့် စူးရှသော အဖျော်ယမကာ များကိုသောက်သုံးရာမှ ရှောဉ်ကြဉ်လျှင် ဂေါက်ရောဂါဖြစ်ပွားမှုနှုန်း လျော့ကျစေနိုင်သည်ဟု အေအက်ဖ်ပီ သတင်းဌါနက ဖော်ပြသည် ။ တစ်နေ့ လျှင် လိမ္မော်ရည်နှစ်ခွက်ခန့်  ပုံမှန်သောက်သုံးမှုရှိသော အမျိုးသမီးများသည် ဂေါက်ရောဂါဖြစ်ပွားနှုန်းသည် သာမန်လူများနှင့် ယှဉ်လျှင် နှစ်ဆခန့် များသည်ဟု သုတေသီများက ပြောကြားသည် ။ ဂေါက်ရောဂါသည် အဆစ်ရောင် ရောဂါတစ်မျိုးဖြစ်ပြီး ဗြိတိန်လူမျိုး ၁ ဒသမ ၅ ရာခိုင်နှုန်း ဖြစ်ပွားလျက်ရှိကြောင်း ၊ လွန်ခဲ့သည် နှစ် ၂၀ အတွင်း အမျိုးသမီးများ ဖြစ်ပွားမှုနှုန်းသည် နှစ်ဆနှုန်းခန့် အထိ မြင့်တက်ခဲ့ကြောင်း သိရသည် ။New Mg Mandalay from သစ်ထူးလွင် (ကျန်းမာရေး) - Thit Htoo Lwin http://ift.tt/1FI6AhQ

အချိုဓာတ်ပါ အဆာပြေမုန့်၊ အချိုရည်များနှင့် အူမကြီးကင်ဆာ ဆက်နွယ်

အချိုဓာတ်ပါသော အဆာပြေ အသင့်စားမုန့်၊ အချိုရည်များသည် အူမကြီး ကင်ဆာဖြစ်နိုင်ခြေနှင့် ဆက်နွယ်မှုရှိနေကြောင်း သုတေသန စစ်တမ်းတစ်ခုက ဖော်ပြခဲ့သည်။ အချိုမုန့်များအပြင် အချိုရည်များ၊ ကိတ်မုန့်၊ ဘီစကွတ်၊ မုန့်ကျွတ် အစရှိသည့် အစားအသောက်များကို အလွန်အကျွံ စားသုံးခြင်းသည် အူမကြီးကင်ဆာ ဖြစ်ပေါ်နိုင်ခြေကို မြင့်တက်လာစေနိုင်ကြောင်း စကော့တလန်မှ သုတေသီများက သတိပေးခဲ့သည်။ စကော့တလန်တွင် အူမကြီးကင်ဆာ ဝေဒနာရှင်များ၏ အစားအသောက်၊ အနေအထိုင်နှင့် ကိုယ်လက်လှုပ်ရှားမှုများ၊ ဆေးလိပ်သောက်ခြင်း အစရှိသည့် ကိစ္စများကို မှတ်တမ်းပြုစု လေ့လာပြီးနောက် ယခုတွေ့ရှိချက်ကို ဖော်ထုတ်ခဲ့ခြင်းဟု သိရသည်။ သိပ္ပံပညာရှင်များက အူမကြီးနှင့် အူလမ်းကြောင်း ကင်ဆာတို့သည် မိသားစုတွင်း ရောဂါရှင်တစ်ဦးဦး ရှိနေသည့် မျိုးရိုးလိုက်မှု၊ နေထိုင်ပုံ နည်းလမ်း မှားယွင်းမှု၊ ဆေးလိပ်သောက်ခြင်းတို့နှင့် ဆက်နွယ်ကြောင်း ထပ်မံ အတည်ပြုခဲ့သော်လည်း တွေ့ရှိချက် အသစ်အနေဖြင့် စွမ်းအင်သိုလှောင်မှု၊ အချိုဓာတ် များပြားသည့် အစားအစာများသည်လည်း ရောဂါနှင့် ဆက်စပ်နေကြောင်း ခြေရာခံမိခဲ့ကြသည်။ ယခုတွေ့ရှိမှုသည် အဆီနှင့် အချိုဓာတ် များပြားသော အစားအသောက်များနှင့် အူမကြီးကင်ဆာ ဆက်

ပျိုမေတို့ အတွက် ငှက်ပျောသီး

ပျိုမေတို့ လက်ရှိ သုံးနေတဲ့ အလှကုန်တွေ အများစု ငှက်ပျောသီးနဲ့ ပြုလုပ်ထားတဲ့ အလှကုန်တွေပဲ ဖြစ်ပါတယ်။ ငှက်ပျောသီးဟာ အသားအရေ အတွက် အကျိုးရှိ စေတာမို့ ဝက်ခြံပျောက် အလှကုန် တွေမှာ များသော အားဖြင့် သုံးပြုကြပါတယ်။ ဒါ့အပြင် ဆံကေသာ အတွက်လည်း နူးညံ့ခြင်း၊ နှစ်ခွ ဖြစ်ခြင်းများကို တားဆီး ပေးတာမို့ ဆံကေသာ အလှကုန် ပစ္စည်းတွေ မှာလည်း ထည့်သွင်း အသုံးပြုကြ ပါတယ်။ ဒါကြောင့် ငှက်ပျောသီးဟာ ပျိုမေတို့ရဲ့ မိတ်ဆွေကောင်း တစ်ယောက် ဆိုရင် မမှားပါဘူး။ ငှက်ပျောသီးရဲ့ အစွမ်းတွေဟာ ကျန်ရှိနေ သေးတာမို့ ဖော်ပြ လိုက်ပါတယ်။ စိတ်ဖိစီးမှု ထရိုင်တိုဖန်နဲ့ အမီနို အက်ဆစ်တွေ ပါဝင်တဲ့ အတွက် စိတ်ဖိစီးမှုကို သက်သာရာ ရစေပြီး လူကို လန်းဆန်း စေပါတယ်။ ပိုတက်ဆီယမ် ဓာတ်အများအပြား ပါဝင်တဲ့ အတွက် ကြောင့်လည်း နှလုံးခုန်နှုန်းကို ပုံမှန် ဖြစ်စေပြီး ခန္ဓာကိုယ်ရဲ့ ရေဓာတ်ပါဝင်မှု အနေအထားကို ဟန်ချက် ညီအောင် ညှိပေးပါတယ်။ လူတစ်ယောက်ဟာ စိတ်ဖိစီးမှု ဖြစ်လာရင် ပိုတတ်ဆီယမ် ဓာတ်တွေဟာ လျှော့နည်း သွားပါတယ်။ ငှက်ပျောသီးမှာ ပိုတတ်ဆီယမ် ဓာတ်တွေ အများအပြား ပါဝင်တဲ့အတွက် လိုအပ် နေတဲ့ဓာတ်ကို ဖြည့်တင်း ပေးပါတယ်။ ဒါ့ပြင် ဦးနှောက် ဥာဏ်ရည် ကိုလည်း ထက်မြက် စေပါတယ်။

ဆယ်ကျော်သက်များ ကြက်သားစားပေးပါ

ကြက်သားကို စားသုံးမှုများတဲ့ ဆယ်ကျော်သက်တွေဟာ အူမကြီးကင်ဆာဖြစ်ပွားမှုနှုန်းလျော့ကျတယ်လို့ သုတေသနတစ်ရပ်မှာ ဖော်ပြ ထားပါတယ်။ ဒီလေ့လာမှုဟာ ဆယ် ကျော်သက်ဘဝမှာ ကြက်သားစားခဲ့ ကြတဲ့ အမျိုးသမီး ၂၀ဝ၀ဝကျော်ကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ သုတေသနပညာရှင်များက အနီရောင်စားသုံးမှုနဲ့ အူမကြီးကင် ဆာဖြစ်ပွားမှု တိုက်ရိုက်ဆက်စပ်နေ တယ်ဆိုတာကို အရင်ကဖော်ထုတ် ခဲ့ပြီးဖြစ်ကြောင်း အခုတွေ့ရှိချက်အရ အဖြူရောင်အသားထဲမှာ ပါဝင်တဲ့ ကြက်သားကို စားသုံးပေးခဲ့သူများ ဟာ အသက်အရွယ်ရလာရင် အူမ ကြီးကင် ဆာအဖြစ်ကို ပြောင်းလဲသွား နိုင်တဲ့ အကျိတ်တွေ ဖြစ်ပွားမှုနှုန်း လျော့ နည်းနေကြောင်း ပြောကြားခဲ့ပါ တယ်။ သုတေသီ Dr Katharina Nimptsch က 'ကင်ဆာအမျိုးမျိုးရှိ တဲ့အနက် အူမကြီးကင်ဆာဟာ နေ့စဉ် စားသုံးတဲ့ အစားအစာတွေနဲ့ သက် ရောက် မှုကို အခံရဆုံးကင်ဆာရောဂါ ဖြစ်ပါတယ်။ အရင်လေ့လာမှု တွေ ဟာ လူကြီးဘဝမှာ စားသုံးတဲ့ အစား အစာတွေက ရောဂါဖြစ်နိုင် ချေကို ပဲ လေ့လာနိုင်ခဲ့ပြီး အခုတော့ ဆယ် ကျော်သက်ဘဝမှာ ကြက်သားစား ခဲ့ ရင် အူမကြီးကင်ဆာဖြစ်ပွားမှု လျော့ နည်းနိုင်ကြောင်း ကို တွေ့ရှိခဲ့ပါတယ်''လို့ ပြောကြားထားပါတယ်။ လေ့လာမှုမှာအသက်၃၄နှစ်မှ ၅၁နှစ်အတွင်း အမ်ိဳးသမီးမ်