Skip to main content

Posts

Showing posts from November 6, 2014

EURO SPORTS Journal (Vol.5.No.32)

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။ from သစ်ထူးလွင် (သတင်းစာ၊ ဂျာနယ်နှင့် ရုပ်သံ) - Myanmar News Now http://ift.tt/10w9R4t via IFTTT

ဟားမာ့စ်အဖွဲ့က အစ္စရေးနိုင်ငံအပေါ် ပိုမိုကြီးမားသည့် စစ်ပွဲတစ်ရပ် ထပ်မံဆင်နွှဲရန် ကြိုတင် ပြင်ဆင်လျက်ရှိ

တဲလ်အဗစ် ၊ ၇-၁၁-၂၀၁၄ အစ္စလာမ္မစ် ဟားမာ့စ် လှုပ်ရှားမှု လက်နက်ကိုင် အဖွဲ့ဖြစ်သည့် Al- Qassam Brigades သည် အစ္စရေးနိုင်ငံ အပေါ် ပိုမိုကြီးမားသည့် နောက်ထပ် စစ်ပွဲတစ်ရပ် ထပ်မံဆင်နွှဲရန် အတွက် လက်နက်များ တပ်ဆင်၍ ကြိုတင် ပြင်ဆင်လျက် ရှိကြောင်း နိုဝင်ဘာလ ၅ ရက်နေ့တွင် ထုတ်ဖော် ပြောကြား ခဲ့သည်ဟု Xinhua သတင်းတစ်ရပ်အရ သိရသည်။ မိမိတို့ အနေဖြင့် နောက်ဆုံး ဖြစ်ပွားခဲ့သည့် တိုက်ပွဲမှ အောင်မြင်မှု ထက် ပိုမိုကြီးမားသော အောင်ပွဲများ ရယူနိုင်ရေး အတွက် လက်နက်များ တပ်ဆင်၍ ကြိုတင် ပြင်ဆင်လျက် ရှိပြီး အဆိုပါ တိုက်ပွဲသည် ရန်သူ အစ္စရေးနိုင်ငံ ၏ သမိုင်းတွင် အခက်ခဲ အကြမ်းတမ်းဆုံး တိုက်ပွဲ ဖြစ်လာမည် ဖြစ်ကြောင်း ၄င်းအဖွဲ့က အီးမေးလ်မှ တစ်ဆင့် ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။ ၂ဝ၁၄ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့မှစ၍ အစ္စရေး နိုင်ငံသည် ဂါဇာကမ်းမြောင် ဒေသနှင့် ဟားမာ့စ် ဦးဆောင်သော စစ်သွေးကြွ အဖွဲ့များအား ရက်ပေါင်း ၅ဝ ကြာ အကြီးစား ဝေဟင်နှင့် မြေပြင် စစ်ဆင်ရေး တစ်ရပ် ဆင်နွှဲခဲ့ရာ အဆိုပါ စစ်ဆင်ရေးကြောင့် အစ္စရေး နိုင်ငံသား ၇ဝ ဦးနှင့် ပါလက်စတိုင်း ပြည်သူ ၂၁၅ဝ ဦး သေဆုံးခဲ့ရပြီး လူပေါင်း ၁၁,ဝဝဝ ဦးကျော် ထိခိုက် ဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်

၁၀ မိနစ်တွေ့ဆုံ၊ အပြုံးများနှင့် ဓာတ်ပုံရိုက်ကြသော နိုင်ငံရေး ထမင်းလက်ဆုံ စားပွဲကြီး – လင်းထိုက် (Y.I.T)

အမေရိကန်သမ္မတ ဘားရက်အိုဘားမား မြန်မာပြည်လာရန် ၁၂ ရက် အလိုတွင် ကျင်းပသော ထိုထိပ်သီး ဆွေးနွေးပွဲ၏ ရည်ရွယ်ချက် ကား နိုင်ငံ့အနာဂတ် ကောင်းမွန်ရေး အတွက် စိတ်ရင်း စေတနာမှန် ဦးတည်ချက် မရှိသည်မှာ ထင်ရှားနေ … ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ နေပြည်တော် သမ္မတအိမ်တော်ရာမှာ အောက်တိုဘာ ၃၁ ရက်က နိုင်ငံ့~ ထိပ်သီး ခေါင်းဆောင်တွေ ပါဝင်တဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့ပါတယ်။ တိုင်းပြည် အပြောင်းအလဲအတွက် အရေးပါလှတဲ့ ပုဂ္ဂိုလ်များရဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ ကျင်းပမယ် ဆိုတဲ့အသံကြား တာနဲ့ ပြည်သူအပေါင်းမှာ ဘာတွေ များ တွေ့ဆုံ ဆွေးနွေးပြီး လက်ရှိနိုင်ငံရေး အကျပ်အတည်းကို ဘယ်လိုများ ဖြေရှင်းကြမလဲ ဆိုပြီး မျှော်လင့်ချက် ကြီးမားစွာ ထားခဲ့ကြပါတယ်။ တွေ့ဆုံ ဆွေးနွေးမယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေကလည်း သူ့နယ်ပယ်နဲ့သူ ထိပ်သီးတွေပါပဲ။ သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်၊ သူရဦးရွှေမန်း၊ ဦးခင်အောင်မြင့်၊ ဒုသမ္မတနှစ်ဦး၊ ကာကွယ်ရေးဦးစီးချုပ်၊ ဒုကာချုပ်၊ ဦးတင်အေး၊ ဦးဌေးဦး၊ ဦးခွန်ထွန်းဦး၊ ဦးစိုင်းအိုက်ပေါင်း၊ ဦးခင်မောင်ဆွေ၊ ဦးသိန်းထွန်းစတဲ့ အုပ်ချုပ်ရေးပိုင်း အကြီးအကဲ၊ လွှတ်တော်ဥက္ကဋ္ဌတွေ၊ လူထုခေါင်းေ ဆာင်၊ ရွေးကောက

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ဗြိတိန်နိုင်ငံသား အသတ်ခံရမှုဖြင့် သံသယရှိ ၂ ဦးကို ဖမ်းဆီး

အင်ဒိုနီးရှားရဲတွေက ဘာလီကျွန်းမှာ ဗြိတိန်စီးပွားရေးသမား ရောဘတ်အဲလစ်ကို သတ်မှုမှာ ပါတယ်လို့ သံသယရှိသူ နောက်ထပ်လူ ၂ ယောက်ကို နိုဝင်ဘာလ ၆ ရက်နေ့က ဖမ်းဆီးခဲ့ပါတယ်။ သူ့ရဲ့အင်ဒိုနီးရှား ဇနီး ဂျူလိုင်ကာ နော အိုင်နီဟာ လူသတ်ဖို့ လူသတ်သမားတွေကို ငှားခဲ့ တယ်လို့ သံသယရှိ ခံထားရ ပါတယ်။ သူနဲ့ တခြား ၃ ယောက်ကို အစောပိုင်းက ဖမ်းခဲ့တာပါ။ အဲလစ်ဟာ ဘာလီကျွန်းကို မပြောင်းလာခင်က သြ စတြေးလျနိုင်ငံမှာ နေထိုင်ခဲ့တာပါ။ သူ့ကို အရင်လကုန်ပိုင်းက ဘာလီကျွန်းအရှေ့ဘက် ဆမ်ဘာရပ်က လယ်ကွင်းထဲမှာ လည်ပင်း ဟက်တက်ကွဲ ဒဏ်ရာနဲ့ သေဆုံးနေတာ တွေ့ခဲ့ တာပါ။ သံသယရှိသူ ၂ ယောက်ကိုတော့ အာဏာပိုင်တွေကို ဓားနဲ့ခုတ်ပြီး အဆိပ်သင့်မြားတွေနဲ့ ပစ်ခတ်ရင်း ရဲတွေနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်နေချိန် သူတို့ခြေထောက်ကို ပစ်ခတ်ခံရအပြီး အရှုံးပေးလို့ နိုဝင်ဘာလ ၆ ရက်နေ့က ဖမ်းနိုင်ခဲ့တယ်လို့ ဒေသခံမီဒီယာက အစီရင်ခံပါတယ်။ သူတို့ကို နောက်ထပ်စုံစမ်းစစ်ဆေးဖို့ ခေါ်လာပြီလို့ ဘာလီကျွန်း ရဲပြောခွင့်ရ ဟေရီ ဝိယန်တိုက ပြောပါတယ်။ နောက်ထပ် သံသယရှိသူ ၂ ယောက်ကတော့ ထွက်ပြေးနေဆဲလို့ ရဲတွေက ပြောခဲ့ပါတယ်။ By ဒီဗွီဘီ http://ift.tt/1GvAJ5W from သ

Polycystic Ovarian Syndrome (PCOS) ရာသီမမှန်ရင် ဖတ်ပါ

1. ဆရာရှင့် သမီးရိုသေစွာစာရေးလိုက်ပါတယ်။ သမီးရောဂါ pcos ရောဂါပါရှင် ခုလောလောဆယ် metformin 500mg ကို တစ်ရက် ၂ လုံးသောက်နေပါတယ်။ သမီးရာသီလဲမလာနိုင်ပါ။ သမီးသိချင်တာကသားသမီးရနိုင်မရနိုင်ကိုပါရှင့်။ 2. ဆရာရှင့် သားဥအိမ်ထဲမှာရှိသော cyst ခေါ် အရည်အိတ်ကလေးများ (Polycystic ovary syndrome) အကြောင်း သိချင်လို့ပါဆရာ။ သား၊ သမီးယူတဲ့အချိန်မှာ အနှောက်အယှက် ဖြစ်နိုင်လား။ ကိုယ်ဝန်ဆောင်တဲ့ အချိန်မှာရော သန္ဓေသားကို ထိခိုက်နိုင်ပါသလား ဆရာ။ 3. သမီး အသက်က အခု ၂၇ နှစ်ပါ။ ကိုယ်အလေးချိန်ကတော့ 48 KG လောက်မှာပဲ ရှိပါတယ်။ အပျိုပေါ်ဝင်စ ၁၅ နှစ် လောက်ကတည်းက ရာသီသွေး မမှန်တတ်ပါ။ အခုထိ တခါတလေ ၂ လ ၃ လ ခြားပါတယ်။ ကြာချိန် ၃ ရက် လောက်ဘဲ ရှိတတ်ပြီး၊ အရမ်း ဗိုက်နာခြင်းတော့ မရှိသလောက်ပါ။ အသက် ၁၉ နှစ်တုန်းကတော့ ၆ လ အထိ ထိန်ဖူးပြီး၊ နုတ်ခမ်းမွှေး ရေးရေးလဲ သတိထားမိပါတယ်။ ပြီးတော့ အမွေး (ခြေသလုံး၊ ဂျိုင်း) လဲ နည်းနည်း ကြမ်းသလို၊ Areola နို့အရောင်ရင့် အဝိုင်း ပတ်ပတ်လည်မှာလဲ အမွေးလေးတွေက ခပ်ကြမ်းကြမ်းနဲ့ ရှည်ပါတယ်။ ကျား-ဟော်မုန်းသတ္တိ ကဲတာပါလားရှင်။ အဲ့လိုတွေရှိလို့ ကလေးမရမှာ အရမ်း စိုးရိမ်မိပါတယ်။ ၆ လ လောက်နေရင် ကလေး ယူချင်လို့ ဘယ်လ

မူစယ်ဟိုတယ်ဇုန်အတွက် မြေမရောင်းနိုင်ဟု သျှမ်းပြည်ဝန်ချုပ်ထံ မြေပိုင်ရှင်များ စာတင်

နိုဝင်ဘာလ ၆ ရက် ၂၀၁၄ သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့၌ ဟိုတယ်ဇုန် တည်ဆောက်ရန် အတွက် လယ်ယာမြေကို လုံးဝ မရောင်း ပေးနိုင်ကြောင်း လယ်ယာမြေ ပိုင်ရှင်များက သျှမ်းပြည်နယ် ၀န်ကြီးချုပ် စဝ်အောင်မြတ် ထံ စာတင်သည်ဟု သိရှိရပါသည်။ အစိုးရစီမံကိန်း စီးပွားရေး ဇုန်တည်ဆောက်ရန်အတွက်၂၀၁၂ ခုနှစ်ကတည်းက New Star Light ကုမ္မဏီ က လယ်ယာမြေဧက ၁၀၀ ကျော်ကို ဈေးနှိမ်ဝယ်ယူခဲ့သည်။ ယခုအခါ နောက်ထပ်လယ်ယာမြေ ၉၈ ဧကတွင် ဟိုတယ်ဇုန် တည်ဆောက်ရန် နမ့်ခမ်းဖောင်ကုမ္မဏီက စီစဉ်နေသဖြင့် အဆိုပါလယ်ယာမြေများကို ရောင်းမပေးနိုင်ကြောင်း လယ်သမားများက သျှမ်းပြည်နယ် အစိုးရထံ စာတင်ခြင်းဖြစ်ပါသည်။ “New Star Light ကုမ္မဏီတုန်းကလည်း လယ်ယာမြေကို ကာလပေါက်ဈေး မပေးဘဲ ဝယ်ယူတယ်။ လယ် သမားတွေ နစ်နာခဲ့ပြီးပြီ။ အခုကျန်နေသေးတဲ့ လယ်ယာမြေကို ထပ်လာဝယ်တော့မယ်။ နမ့်ခမ်းဖောင် ကုမ္မဏီက။ ကျနော်တို့ ဘယ်မှာသွားပြီး စိုက်ပျိုးလုပ်ကိုင်စားသောက်တော့မှာလဲ။ လုံးဝ မရောင်းနိုင်ဘူး။ ဒါကြောင့် မရောင်းနိုင်တဲ့အကြောင်း သျှမ်းပြည်ဝန်ကြီးချုပ် စဝ်အောင်မြတ်ထံ စာတင်ထားတာ တပတ် လောက် ရှိတော့မယ်” ဟု လယ်ပိုင်ရှင်တဦးက ဆိုပါသည်။ နမ့်ခမ်းဖောင်ကုမ္မဏီက ဟိုဆောင်၊ ဖွေးဟုန်း၊ တော်ရွက်ရပ်ကွက်တ

သျှမ်း/မြောက်တွင် တိုင်းရင်းသား ၃ ခု မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဟောပြောပွဲ စုပေါင်းကျင်းပ

နိုဝင်ဘာလ ၆ ရက် ၂၀၁၄ တနေ့တခြား များပြား လာနေသည့် မူးယစ် ဆေးဝါးကို စုပေါင်း တိုက်ဖျက်နိုင်ရန် ရည်ရွယ်၍ ကချင်၊ တအာင်း ခေါ် ပလောင်နှင့် သျှမ်းဒေသခံတို့ ပူးပေါင်း၍ “မူးယစ်ဆေးဝါး ဆန့်ကျင်တိုက်ဖျက်ရေး ပညာပေး ဟောပြောပွဲ” ကို ကျင်းပ ခဲ့ကြောင်း သိရှိရသည်။ “မူးယစ်ဆေးဝါး ဆန့်ကျင်တိုက်ဖျက်ရေး ပညာပေး ဟောပြောပွဲနှင့် စင်တင်တေးဂီတ” ကို သျှမ်းပြည် မြောက်ပိုင်း မူစယ်မြို့နယ် မော့တောင်း ကျေးရွာအုပ်စု မော့တောင်းရွာ ဘော်လုံးကွင်း၌ နိုဝင်ဘာလ ၃ ရက်နှင့် ၄ ရက် ည ၇ နာရီမှ ၉ နာရီထိ ၂ ညတာ ကျင်းပခဲ့သည်။ “ဒီလိုမူးယစ်ဆေးဝါးတိုက်ဖျက်ရေးအကြောင်း ဟောပြောပွဲ သူတို့ဆီမှာ တခါမှမရှိခဲ့ဖူးဘူးလို့ ဒေသခံ တွေ ပြောကြတယ်။ ကျနော်တို့ သွားရောက်ဟောပြောတော့ သူတို့လည်း မူးယစ်ဆေးဝါးရဲ့ ဆိုးကျိုး ကို သိရတော့ ဝမ်းသာကြတယ်။ ဟောပြောပွဲအပြင် သင်တန်းတွေလည်းပေးဖို့ ဒေသခံတွေ တောင်းဆိုကြတယ်” ဟု သွားရောက်ဟောပြောခဲ့သူ သျှမ်းလူငယ်ကွန်ယက်အဖွဲ့ Tai Youth Newtwork မှ စိုင်းဝမ်းလှိုင်းက ပြောပါသည်။ ပထမည၌ စိုင်းဝမ်းလှိုင်းက ဘိန်းစိုက်ပျိုးမှု၏ဆိုးကျိုး၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ဆိုးကျိုးသက် ရောက်မှုတို့ကို ဟောပြောခဲ့ကြောင်း၊ ဒုတိယည၌ တအာင်းလူငယ် မိုင်း

သမ္မတဂုဏ်သိက္ခာ ကာကွယ်ရန်အတွက် မြန်မာသံတော်ဆင့် ဖြန့်ချိရေး ၀န်ထမ်းမှ အယ်ဒီတာချုပ်အထိ ၁၁ ဦးကို ပြန်ကြားရေး တရားစွဲ

ရန်ကုန်၊ နိုဝင်ဘာ ၆ သမ္မတဦးသိန်းစိန်၏ ဂုဏ်သိက္ခာနှင့် အခွင့်အရေးကို ထိခိုက်စေမှုဖြင့် မြန်မာ သံတော်ဆင့် အယ်ဒီတာချုပ် ဦးကျော်စွာဝင်း အပါအ၀င် အယ်ဒီတာအဖွဲ့၊ စာပေတိုက်မန်နေဂျာနှင့် ဖြန့်ချိရေးဝန်ထမ်း စုစုပေါင်း ၁၁ ဦးအား ပြန်ကြားရေး ၀န်ကြီးဌာနက အသစ်ပြဋ္ဌာန်းလိုက်သည့် သတင်းမီဒီယာဥပဒေ ပုဒ်မ ၂၅ (ခ)ဖြင့် နေပြည်တော် ဗုဗ္ဗသီရိမြို့နယ် တရားရုံး၌ အမှုဖွင့်တရားစွဲဆို ထားပြီဖြစ်ကြောင်း ဗိုလ်တထောင်မြို့နယ် တရားရုံးမှတစ်ဆင့် နိုဝင်ဘာလ ၅ ရက်တွင် အကြောင်းကြားစာ ပေးပို့ထားသည်။ နိုဝင်ဘာလ ၄ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ““နိုင်ငံတော် အကြီးအကဲ၏ ဂုဏ်သိက္ခာနှင့် အခွင့်အရေးကို ထိခိုက်စေသည့် အတွက် မြန်မာသံတော်ဆင့် ဂျာနယ်အား တရားဥပဒေနှင့်အညီ တရားစွဲဆိုမည်”” ဟု ဖော်ပြထားပြီးနောက် နောက်တစ်ရက်တွင်ပင် အကြောင်းကြားစာ ပေးပို့လာခြင်း ဖြစ်သည်။ တရားစွဲဆိုခံရသူများမှာ ထုတ်ဝေသူနှင့် အယ်ဒီတာချုပ် ဦးကျော်စွာဝင်း၊ ဒုတိယ အယ်ဒီတာချုပ်များ ဖြစ်သည့် ဦးအောင်ကျော်မင်း (သတင်း/စီမံ)၊ ဦးဆန်းဝင်းထွန်း (သုတေသန)၊ ဦးအံ့ခေါင်မင်း (ခ) ဦးဝင်းကိုကိုဦး (နိုင်ငံရေး)၊ တာဝန်ခံ အယ်ဒီတာများဖြစ်သည့် ဦးအောင်ထွန်းလင်း (သတင်း)နှင့် ဦးအောင်

ထောင်ဒဏ်ကျခံနေရသူများ မိုဘိုင်းဖုန်းဆိုင် ဖောက်ထွင်း

ပုသိမ်၊ နိုဝင်ဘာလ ၄ ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့၊ ကုန်သည်လမ်း၊ တိုင်းဒေသကြီး ဥပဒေချုပ်ရုံး အနီးရှိ Sky Link မိုဘိုင်းဖုန်း နှင့် ဆက်စပ်ပစ္စည်း အရောင်းဆိုင် ၌ အောက် တိုဘာလ ၂၉ ရက်နေ့က ဖောက်ထွင်း ခံရမှု ဖြစ်ပွားခဲ့ရာ တရားခံ များမှာထောင် ဒဏ်ကျခံနေရဆဲ အကျဉ်းသား များ ဖြစ်ကြောင်း နိုဝင်ဘာ လ ၂နေ့က ဧရာဝတီတိုင်းဒေ သကြီး၊ ရဲတပ်ဖွဲ့မှူးရုံးတွင် ကျင်းပသည့် စနစ်အစည်း အဝေးပွဲတွင် တာဝန်ရှိသူများ က ထုတ်ပြန်လိုက်သည်။ အဆိုပါ ဖောက်ထွင်းမှုမှာ အောက်တိုဘာလ (၂၉)နေ့ နံနက် (၃း၀၀)နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ရာ ဖောက် ထွင်းသူများမှဆိုင် တံခါးသော့အား သံဖြတ်စက်ဖြင့် ဖြတ်တောက်ကာဆိုင်တွင်းရှိ ဟမ်းဆက် (၁၁)လုံး၊ အော်ရီ ဒူးဆင်းကဒ် (၃၀)၊ MPT ဆင်းကဒ် (၃) ကဒ်၊ Memory ကဒ်များ၊ ဓါတ်ခဲများအပါ အ၀င်ဆက်စပ် ပစ္စည်း တန်ဖိုး ငွေကျပ် (၁၀)သိန်းဖိုးခန့်နှင့် ငွေစက္ကူရောရာ (၁)သိန်းကျော်တို့ကို ယူဆောင် သွားခဲ့ခြင်း ဖြစ်သည်။… ယင်းခိုးယူ ဖောက်ထွင်းခံရမှုကို ဆိုင်တွင်း တပ်ဆင်ထားသည့် လုံခြုံရေး CCTV မှတစ်ဆင့် မှတ်တမ်းတင်နိုင် ခဲ့ပြီး ဖောက်ထွင်းသူများ၏ ပုံပန်းသဏ္ဌာန်နှင့် အ၀တ်အစားများကို သိရှိခဲ့ရပြီး မြို့မရဲစခန်း၌ အမှုဖွင့် တိုင်ကြား ခဲ့

Pregnancy and HIV ကိုယ်ဝန်နှင့် HIV

1. HIV ရှိသော အမျိုးသမီးတွေဟာ ကိုယ်ဝန်ဆောင်သင့်ပါသလား ကျေးဇူးပြု၍ ဖြေပေးပါဆရာ။ 2. HIV ပိုး ရှိနေသူ ယောက်ျားနှင့် ပိုးမရှိသူ မိန်းမတို့ လိင်ဆက်ဆံပြီး ကိုယ်ဝန်ရခဲ့ရင် ကလေးမှာ ကူးစက်နိုင်ပါသလား။ ကိုယ်ဝန်ဆောင်လို့ ရ/မရ သိချင်ပါတယ်။ ဘယ်လိုအန္တရာယ် ရှိနိုင်ပါသလဲ။ ကိုယ်ဝန်ဆောင်တိုင်း HIV ရှိ-မရှိ စမ်းသပ်ရမယ်။ ကိုယ်ဝန်ဆောင်ကာစကတည်းက ပိုးရှိနေတာသိရင် ဆုံးဖြတ်ချက်ချဘို့ ပိုကောင်းတယ်။ ကလေးကို မကူးစေအောင်ဆောင်ရွက်ဘို့ အချိန်ပိုရလို့ကောင်းတယ်။ သူ့ခင်ပွန်းအတွက်လဲ မတူးအောင် လုပ်ဘို့လိုတယ်။ ပိုးဟာ သွေး၊ ကိုယ်ခန္ဓာကထွက်တဲ့အရည် (ယောက်ျား စီမင်၊ မိန်းမ ဗဂျိုင်းနား အရည်၊ နို့ရည်) တွေနဲ့ ပိုးရှိမိခင်ကနေ မွေးလာမဲ့ကလေးကို ကူးနည်းတွေနဲ့ ကူးစက်တယ်။ လိင်လမ်းကနေကူးတာကအများဆုံးဖြစ်တယ်။ အများဆုံးစမ်းသပ်နည်းဟာ HIV antibody test (အင်တီဘော်ဒီ) ရှိ-မရှိ စမ်းနည်းဖြစ်တယ်။ သွေး၊ ဆီး နဲ့ ခံတွင်းက အရည်တွေကို စမ်းတယ်။ ပဌမနည်းနဲ့စမ်းလို့ အပေါင်းပြတယ်ဆိုရင် နောက်ထပ် တခြား (အင်တီဘော်ဒီ) စမ်းနည်းတခု ထပ်လုပ်ရတယ်။ ဒီနည်းကို Confirmatory HIV test နည်းလို့ခေါ်တယ်။ အဖြေရအောင် ရက်နဲနဲတော့ အချိန်ယူရတယ်။ တချို့ ခံတွင်းအရည်စမ်းနည်းကတော့ နာ

Pregnancy Myths ကိုယ်ဝန်ဆောင် အယူအဆ အလွဲအမှားများ

1. ဆရာ သမီးနာမည်က့ ပါ။ ကိုယ်ဝန်က ၄ လရှိပါပြီ။ သူများတွေကပြောတယ် နွားနို့သောက်ရင် အထဲကကလေး မွေးလာရင် အသားဖြူ တယ်ဆိုတာဟုတ်ပါသလားဆရာ။ 2. ကျွန်မအသက်က၂၃ နှစ်ပါဆရာ အခုကိုယ်ဝန် လွယ်ထားပါတယ်ဆရာ။ မီးတွင်းထဲမှာ ဘယ်လို နေထိုင်သင့်လဲဆိုတာ သိချင်လို့ပါဆရာ။ လူကြီးတွေကပြောတယ် တစ်လတိတိ ခေါင်းမလျှော်ရဘူး ပြောတော့တော်တော်စိတ်ညစ်ရပါတယ်။ ရေကိုင်ရင်တောင် ရေနွေးကိုပဲကိုင်ရမယ်၊ ဆပ်ပြာဆိုလည်း ကာဘော်လစ် ဆပ်ပြာ ပဲကိုင်ရမယ်၊ အဲကွန်းခန်းထဲမနေရဘူး၊ အစားအသောက်ကအစ အစုံမစားရဘူး ပြောပါတယ်။ အဲ့ဒါတွေကအမှန်တွေပဲလားဆရာ။ ပြီးတော့ သွေးသားသန့်အောင် ဘယ်လိုအရာတွေ လုပ်ပေးသင့်ပါသလဲရှင်။ မီးတွင်းထဲမှာ သွေးသန့်အောင် အရက် နဲ့ဆေးနဲ့ပါသောက်ရမယ်တဲ့ဆရာ။ 3. ဆရာရှင့် သမီး ကိုယ်ဝန်က ၅ လနီးပါးရှိနေပြီလို့ ကိုယ်ဝန်သွားအပ်တော့ Doctor ပြောပါတယ်၊ ကလေး နှလုံးခုန်သံပါ ကြားရပါတယ်တဲ့ဆရာ။ သမီးသိချင်တာ ကိုယ်ဝန်ဆောင်တဲ့သူတွေ ညနေ ၅ နာရီ ကျော်ရင် ရေမချိုးရဘူးလို့ ပြောကြပါတယ်။ သမီး အလုပ်ချိန်က နေ့လည် ၂ နာရီကနေ ည ၁၁ ထိ မို့လို့ပါ။ ညနေ ၅ နာရီကျော်ရင် ရေမချိုးရဘူးဆိုတာ ဟုတ်ပါသလား ဆရာ။ နောက် ငှက်ပျောသီးကို ကိုယ်ဝန်ရင့်လာရင် မစားရဘူးတဲ့၊ ကလေးက အထဲမှာထွာ

ဥရောပရွှေဖိနပ်ဆု ရော်နယ်ဒို တတိယအကြိမ်မြောက် ရရှိ

ရီးယယ်မဒရစ်တိုက်စစ်မှူး ခရစ်စတီနို ရော်နယ်ဒို ဟာ နိုဝင်ဘာလ ၄ ရက်နေ့က ဥရောပရွှေဖိနစ်ဆုကို တတိယအကြိမ်မြောက် ရရှိခဲ့ပါတယ်။ အသက် ၂၉ နှစ်ရှိ Ronaldo ဟာ ပြီးခဲ့တဲ့နှစ် ဘောလုံးရာသီမှာ စုစုပေါင်း သွင်းဂိုး ၃၁ ဂိုးနဲ့ ဂိုးသွင်းအများဆုံးဆုကို တိုက်စစ်မှူး ဆွာရတ်စ်နဲ့ ပူးတွဲရရှိတာပါ။ ၂၀၀၈ ခုနှစ် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဖြစ်ခဲ့ပြီး ရွှေဖိနစ်ဆုကို ၂၀၀၇-၀၈ ကတခါ၊ ၂၀၁၀-၁၁ ကတခါ၊ အခုတခါ ၃ ခါရရှိတာ ဖြစ်ပါတယ်။ မန်ယူဘောလုံးသမားအဖြစ်နဲ့ရော၊ ရီးယယ်ဘောလုံးသမားအဖြစ်နဲ့ပါ အောင်မြင်ပြီး ရီးယယ် အသင်းကို အခုနှစ် ချန်ပီယန်ဖလားရအောင် စွမ်းဆောင်ပေးခဲ့သူလည်းဖြစ်ပါတယ်။ ရီးယယ် အသင်းဟာ ချန်ပီယံလိဒ်ဖလားကို လက်ရှိ ၁၀ ကြိမ်ရရှိထားပြီး ဥရောပမှာ အကောင်းမြင်ဆုံးအသင်းဖြစ်ပါတယ်။ ရိုနယ်ဒိုဟာ ချန်ပီယံလိဒ်သွင်းဂိုး ၇၁ ဂိုးနဲ့ အများဆုံးဂိုးသွင်းထားတဲ့ Raul နဲ့ တဂိုးပဲ ကွာပါတော့တယ်။ ဘောလုံးပွဲတိုင်းမှာ ဂိုးသွင်းဖို့ဆိုတာ မလွယ်တဲ့အတွက်ကြောင့် ဂိုးသွင်းခွင့်မရလည်း သူကြိုက်တဲ့ ဘောလုံးသမားတွေနဲ့ တွဲဖက်ကစားရတယ်ဆိုရင် ကျေနပ်တယ်လို့ ပြောဆိုပါတယ်။ ရွှေဖိနပ်ဆုကို တတိယအကြိမ်ရတာဟာ ပထမဆုံးအကြိမ်ရတုံးကလိုပဲ ပျော်ရွှင်ပြီး ဒီဆုကို ရအောင် ကူညီပေးခဲ့တ

အားကစားမြင်ကွင်းဂျာနယ် အတွဲ(၃) အမှတ်(၄၄)

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။ from သစ်ထူးလွင် (သတင်းစာ၊ ဂျာနယ်နှင့် ရုပ်သံ) - Myanmar News Now http://ift.tt/1xeJcWW via IFTTT

ဘာသာရေးကိစ္စနဲ့ လူတစ်ဦးကို ပါကစ္စတန်ရဲက ပုဆိန်နဲ့ ခုတ်သတ်

ပါကစ္စတန်နိုင်ငံမှာ ​ခရစ်ယာန် ​ဘာသာဝင် ​ဇနီးမောင်နှံ ​နှစ်ဦးကို ​ဘာသာရေး စော်ကား တယ်ဆိုပြီး ​သတ်ဖြတ်မှုတွေ ​ဖြစ်ပေါ်ပြီး ​မကြာခင်မှာပဲ ​ပါကစ္စတန် ​ရဲတစ်ဦးဟာ ​ဘာသာရေး စော်ကား သူလို့ ​ထင်ရတဲ့ ​လူတစ်ဦးကို ​ပုဆိန်နဲ့ ​ခုတ်သတ်လိုက်တယ်လို့ ​ပါကစ္စတန် ​အာဏာပိုင်တွေက ​ပြောပါတယ်။ ပြီးခဲ့တဲ့ ​နှစ်ရက်တုန်းကတော့ ​ခရစ်ယာန် ​ဇနီးမောင်နှံနှစ်ဦးဟာ ​ကိုရမ် ​ကျမ်းစာရွက်ကို ​မီးရှို့ပြီး ​အစ္စလာမ် ​ဘာသာကို ​စော်ကားတယ်လို့ ​ဗလီမှာ ​ဘာသာရေးဆရာ ​တရားဟောနေတုန်း ​အဲဒါကို ​ကြားပြီးနောက် ​အလုပ်လုပ်နေတဲ့ ​ဇနီးမောင်နှံ ​နှစ်ယောက်ကို ​မွတ်စလင်တွေက ​သတ်ဖြတ်ခဲ့ကြပါတယ်။ အဲဒီလို ​သတ်ဖြတ်မှုကို ​ပါကစ္စတန် ​ဝန်ကြီးချုပ်က ​အကြီးအကျယ် ​ရှုံ့ချလိုက်ပြီး ​အဲဒီ ​သတ်ဖြတ်မှုမှာ ​ပါဝင်သူလို့ ​ယူဆရသူ ​အယောက်ပေါင်း ​၅၀ ​လောက်ကိုလည်း ​ဖမ်းဆီးလိုက်ပြီ ​ဖြစ်ပါတယ်။ အဲဒီလို ​ဖြစ်ပေါ်ပြီး ​နောက်နှစ်ရက်မှာပဲ ​အသက် ​၅၀ ​အရွယ် ​ရှီအိုက် ​မွတ်စလင် ​အမျိုးသားက ​တမန်တော် ​မိုဟာမက်ရဲ့ ​အပေါင်းအပါ ​မကောင်းကြောင်းတွေကို ​ပြောဆိုတယ်လို့ ​စွပ်စွဲခံရပါတယ်။ အဲဒီလူကို ​ရဲစခန်းကို ​ခေါ်လာတုန်း ​သူက ​ရဲတွေကိုလည်း ​ဆဲဆိုခဲ့သလို ​ဘာသာရေးကိုလည်း ​စော်ကားတယ်ဆြို

မုန်တိုင်းမိုး အဆက်မပြတ် ရွာသွန်းမှုကြောင့် ရန်ကုန်တွင် ရေကြီးရေလျှံ မှုများဖြစ်

ရန်ကုန် နိုဝင်ဘာ ၆ ဘင်္ဂလား ပင်လယ်အော်အတွင်း လေဖိအားနည်း ရပ်ဝန်းကြီး အား ကောင်းလာပြီး မုန်တိုင်းငယ် အဆင့်သို့ ရောက်ရှိ လာခြင်းကြောင့် ရန်ကုန်၊ ပုသိမ်နှင့် မြန်မာနိုင်ငံ အောက်ပိုင်း ဒေသများတွင် နာရီ ၃၀ ကျော် ခန့် မိုးအဆက်မပြတ် ရွာသွန်း ခဲ့ရာ တန်ဆောင်မုန်း လပြည့်နေ့ ကထိန်အလှူပွဲများနှင့် ပျော်ပွဲရွှင်ပွဲ များမှာ မုန်တိုင်းမိုးကြောင့် အခက် အခဲများကြုံခဲ့ရပြီး ရန်ကုန်မြို့နေရာ အချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွား ခဲ့သည်။ ပုသိမ်မြို့၏ အနောက်တောင်ဘက် မိုင် ၄၆၀ ခန့်အကွာတွင် ဖြစ်ပေါ်လျက်ရှိသည့် လေဖိအားနည်း ရပ်ဝန်းမှာ ယနေ့ မွန်းလွဲ ၁ နာရီ အချိန် တိုင်းထွာချက်များအရ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနေပြီဖြစ် ရာ မုန်တိုင်း၏အရှိန်ကြောင့် မြန်မာနိုင်ငံ အောက်ပိုင်းဒေသများ မိုးအဆက်မပြတ် ရွာသွန်းနေခြင်း ဖြစ်သည်။ “မုန်တိုင်းကအိန္ဒိယကို ဦးတည်နေပါတယ်။ မိုးကတော့ ဧရာဝတီ၊ ရန်ကုန်၊ ပဲခူးတို့မှာ ဆက်တိုက်မရပ်မနား ရွာသွန်းနေပါတယ်။ မိုးများများရွာတာက အဆိုးထဲကအကောင်းဖြစ်ပါတယ်။ မိုးရွာတဲ့အတွက် မုန်တိုင်းကလည်း အားပျော့သွားရမယ်။ အခုမွန်းတည့်ချိန်မှာ ရန်ကုန်နဲ့အနီး တစ်ဝိုက်မှာ လေဖိအားနည်းရပ်ဝန်း တိမ်တိုက်ကြီးရဲ့ အလယ်ဗဟိုကိ

ဂျီဟတ် ဝါဒီတွေ စစ်တိုက်ဖို့ သင်္ဘာနဲ့ အရှေ့အလယ်ပိုင်းကိုသွား

အင်တာပို နိုင်ငံတကာ ရဲတပ်ဖွဲ့ရဲ့အဆိုအရ အရှေ့ အလယ်ပိုင်း စစ်ဖြစ်နေတဲ့ နိုင်ငံတွေကို ဘာသာရေး စစ်ဆင်နွှဲမယ့် ဂျီဟတ်ဝါဒီတွေက အခုအခါ လေကြောင်းအစား ပင်လယ်ကူး ခရီးသည်တင် သင်္ဘ࿿ောတွေနဲ့ သွားကြတယ်လို့ဆိုပါတယ်။ အီရတ်နဲ့ ဆီးရီးယားရှိ စစ်သွေးကြွတွေနဲ့ သွားပူးပေါင်းမယ့် ဂျီဟတ်ဝါဒီ တွေဟာ တူရကီအပါအဝင် ဒေသတွင်း နိုင်ငံတွေကို ခရီးသည်တင်ခရုစ် သင်္ဘာကြီးတွေနဲ့ သွားကြပါတယ်။ ဒီလိုနည်းလမ်းနဲ့ စစ်သွေးကြွ ဘယ်လောက် ခရီးထွက်တယ်ဆိုတာ စာရင်းအတိအကျတော့ မပြောနိုင်သေးပါဘူး။ ဒါပေမယ့် ဒီပြဿနာပိုဆိုးမလာမီ အခုအခါ လေဆိပ်က ခရီးသည်စာရင်းကိုစစ်သလို သင်္ဘ࿿ော လုပ်ငန်းတွေကို လည်း စစ်ဆေးသင့်ပြီလို့ အင်တာပိုက ပြောပါတယ်။ တူရကီ နိုင်ငံကတော့ နိုင်ငံခြားကလာတဲ့ ဂျီဟတ်ဝါဒီလို့ မသင်္က࿿ာသူရာချီ ပြီး လွန်ခဲ့တဲ့ လတွေအတွင်း လေဆိပ်တွေ ဘတ်စ်ကားဆိပ်တွေ ကနေ ဖမ်းပြီး ပြန်ပို့နေတယ်လို့ တူရကီ အာဏာပိုင်တွေ ကပြောပါတယ်။ ဒီလိုဆောင်ရွက်မှု တွေကြောင့် ဖမ်းဆီးမခံရအောင် တိုက်ပွဲဝင်မယ့် သူတွေဟာ နောက်ထပ် ခရီးစဉ်မျိုး ရွေးရတယ်လို့ အင်တာပို အကြမ်းဖက်မှု တိုက်ဖျက်ရေး ညွှန်ကြားရေးမှူး ပီယဲစိန့် ဟီလယ်ရီကပြောပါတယ်။ အင်တာပိုရဲ့ အဆိုအရတော့ ဥရောပကနေ တဦးချင်း သွားသူတွေဟာ တူရကီ

လွယ်လင်ခရိုင်အတွင်း မိုင်းပွန်ဒေသခံ မိုင်းနင်းမိ တဦးသေဆုံး တဦးဒဏ်ရာရ

နိုဝင်ဘာ ၆ ရက် ၂၀၁၄ သျှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင် မိုင်းပွန်တိုက်နယ် အရှေ့ဘက်တွင် ထောင်မိုင်း တလုံးပေါက်ကွဲ ရာ ၂ ဦးဒဏ်ရာရရှိရာ ဒဏ်ရာပြင်းထန်သည့်တဦးမှာ တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံသို့အတွင်းလူနာ ဖြင့်ပို့ဆောင်ကုသစဉ် နိုဝင်ဘာ ၂ ရက်နေ့က သေဆုံးသွားသည်ဟု ဒေသခံများကပြောသည်။ နိုဝင်ဘာ ၁ ရက်နေ့မွန်းလွဲ ပိုင်းက လွယ်လင်မြို့နယ် မိုင်းပွန်တိုက်နယ် အုပ်စု ဒေသခံ လင်မယား၊ စိုင်းမောင်ချစ် အသက် ၅၄ နှစ်၊ နန်းဟွမ် အသက် ၃၀ နှစ်က မိုင်းပွန်အရှေ့ဘက် ဇစ်ဇီရွာအလွန် တစ်မိုင်ခန့်အကွာ တောပိုင်းဘက် ဆေးဥ ဆေးမျှစ် ထွက်ရှာရာ ထောင်မိုင်းနင်းမိကာ စိုင်းမောင်ချစ် ဒဏ်ရာအပြင်းအထန်ရရှိပြီး တောင်ကြီး စဝ်စံထွန်းဆေးရုံတွင်သေဆုံးသွားခဲ့သည်။ ဇနီးဖြစ်သူ နန်းဟွမ် လည်း လွယ်လင်ဆေးရုံ၌ ဆေးကုသမှုခံယူနေရသည်ဟု မိုင်းပွန်ဒေသခံ ဒေါ်နန်းဟန်က ပြောသည်။ “ဒဏ်ရာက ပြင်းထန်တယ်။ မိုင်းပွန် ရတနာ ဆေးခန်းရောက်လာတယ်။ စိတ်ပူရလို့ လွယ်လင် ပြည်သူ့ ဆေးရုံကို ပို့လိုက်တာ။ စိုင်းမောင်ချစ်က ရင်ဘတ်မှာ ဒဏ်ရာအပြင်းအထန်ရတယ်။ သူ့ဇနီး နန်းဟွမ် လဲ ခြေတဘက် လက်တဘက် ဖြတ်ရမယ့်ပုံဘဲ” - ဟု နန်းဟန်က ပြောသည်။ ပအိုဝ်းအမျိုးသားတပ်မတော် PNA ခေါ် ပအိုဝ်းပြည်သူ့စစ်တပ်ဖ