Skip to main content

သမ္မတဂုဏ်သိက္ခာ ကာကွယ်ရန်အတွက် မြန်မာသံတော်ဆင့် ဖြန့်ချိရေး ၀န်ထမ်းမှ အယ်ဒီတာချုပ်အထိ ၁၁ ဦးကို ပြန်ကြားရေး တရားစွဲ



ရန်ကုန်၊ နိုဝင်ဘာ ၆

သမ္မတဦးသိန်းစိန်၏ ဂုဏ်သိက္ခာနှင့် အခွင့်အရေးကို ထိခိုက်စေမှုဖြင့် မြန်မာ သံတော်ဆင့် အယ်ဒီတာချုပ် ဦးကျော်စွာဝင်း အပါအ၀င် အယ်ဒီတာအဖွဲ့၊ စာပေတိုက်မန်နေဂျာနှင့် ဖြန့်ချိရေးဝန်ထမ်း စုစုပေါင်း ၁၁ ဦးအား ပြန်ကြားရေး ၀န်ကြီးဌာနက အသစ်ပြဋ္ဌာန်းလိုက်သည့် သတင်းမီဒီယာဥပဒေ ပုဒ်မ ၂၅ (ခ)ဖြင့် နေပြည်တော် ဗုဗ္ဗသီရိမြို့နယ် တရားရုံး၌ အမှုဖွင့်တရားစွဲဆို ထားပြီဖြစ်ကြောင်း ဗိုလ်တထောင်မြို့နယ် တရားရုံးမှတစ်ဆင့် နိုဝင်ဘာလ ၅ ရက်တွင် အကြောင်းကြားစာ ပေးပို့ထားသည်။


နိုဝင်ဘာလ ၄ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ““နိုင်ငံတော် အကြီးအကဲ၏ ဂုဏ်သိက္ခာနှင့် အခွင့်အရေးကို ထိခိုက်စေသည့် အတွက် မြန်မာသံတော်ဆင့် ဂျာနယ်အား တရားဥပဒေနှင့်အညီ တရားစွဲဆိုမည်”” ဟု ဖော်ပြထားပြီးနောက် နောက်တစ်ရက်တွင်ပင် အကြောင်းကြားစာ ပေးပို့လာခြင်း ဖြစ်သည်။


တရားစွဲဆိုခံရသူများမှာ ထုတ်ဝေသူနှင့် အယ်ဒီတာချုပ် ဦးကျော်စွာဝင်း၊ ဒုတိယ အယ်ဒီတာချုပ်များ ဖြစ်သည့် ဦးအောင်ကျော်မင်း (သတင်း/စီမံ)၊ ဦးဆန်းဝင်းထွန်း (သုတေသန)၊ ဦးအံ့ခေါင်မင်း (ခ) ဦးဝင်းကိုကိုဦး (နိုင်ငံရေး)၊ တာဝန်ခံ အယ်ဒီတာများဖြစ်သည့် ဦးအောင်ထွန်းလင်း (သတင်း)နှင့် ဦးအောင်ကိုကို (ခ) တာမွေအောင်ကို (ပြင်ပဆက်ဆံရေး)တို့ ဖြစ်သည်။


ထို့ပြင် အမှုဆောင်အယ်ဒီတာ ဦးချစ်ကိုကိုသော်၊ နိုင်ငံတကာ အယ်ဒီတာ ဦးခင်မောင်လင်း၊ သတင်းနှင့် သုတေသန အယ်ဒီတာ ဦးရှိန်းဝေနောင်၊ စာပေတိုက်မန်နေဂျာ (ဖြန့်ချိရေး) ဦးမြင့်ဇော်နှင့် ဖြန်ချိရေးဝန်ထမ်း ဦးဇေယျာမိုးတို့ဖြစ်သည်။


၂၀၁၄ ခုနှစ် သြဂုတ်လ ၉ ရက်နေ့ထုတ် မြန်မာသံတော်ဆင့်ဂျာနယ် အတွဲ ၃၊အမှတ်၂၂၊ စာမျက်နှာ ၃၀ ပါ အံ့ခေါင်မင်း၏ နိုင်ငံရေး တွေ့ဆုံမေးမြန်းခြင်း ကဏ္ဍတွင် ကောက်စာနှင့် အတွင်းစာသားတို့၌ နိုင်ငံတော်သမ္မတ အား ဂုဏ်သိက္ခာ ထိခိုက်စေပြီး၊ အကြည်ညို ပျက်စေသည့်““နိုင်ငံတော်သမ္မတသည် အထွတ်အထိပ်၊ အဲဒီ ပုဂ္ဂိုလ် တစ်ယောက်ရဲ့ စကားက ကပြောင်းကပြန်၊ ဗလောင်းဗလဲ၊ ဟိုပြောဒီပြော၊ ဘရွတ်ရွှတ်တ၊ ပေါက်ပန်း လေးဆယ်၊ ကလေကချေ၊ ကလေက၀၊ ကျွန်တော် စကားလုံး ထပ်ရှာလို့ရင် အကုန်ထည့်သုံးမှာ၊ အရည်မရ၊ အဖတ်မရ၊ ပေါက်လွှတ်ပဲစား ပြော သလို ဖြစ်နေတာ””ဟု လည်းကောင်း၊ ဆောင်းပါး စာသားတွင်လည်း ““ဘာ ကြောင့်မို့လို့ ရူးကြောင်မူးကြောင် အတွေးတွေကို ဘယ်သူတွေ ထည့်ပေးလို့ ဘယ်လိုမျိုး စနစ်မကျတဲ့၊ ဘာမှ မဟုတ်တဲ့ အပေါစား ပေါ်လစီတွေ ချမှတ်ပြီးတော့ အခုလို လုပ်နေလဲဆိုတာ စဉ်းစားလို့ကို မရဘူး”” စသည့် အသုံးအနှုန်းများကို လည်းကောင်း ဖော်ပြခဲ့သဖြင့် သက်ဆိုင်ရာဂျာနယ် အနေဖြင့် စာနယ်ဇင်း ကျင့်ဝတ် နှင့်အညီ ညှိနှိုင်းဖြေရှင်းပေးနိုင်ရေး အတွက် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)သို့ အကြောင်းကြား ခဲ့ပါသည်””ဟု နိုင်ငံပိုင် သတင်းစာများ၌ ဖော်ပြပါရှိသည်။ ထို့ပြင် ““မြန်မာသံတော်ဆင့် ဂျာနယ်အနေဖြင့် ထိုကဲ့သို့ နိုင်ငံတော်သမ္မတ၏ ဂုဏ်သရေကို ထိခိုက်စေသည့် ပြောဆိုချက်များကို ရေးသား ဖော်ပြခဲ့သည့် အတွက် ပြန် လည် တောင်းပန်စာကို မြန်မာသံတော်ဆင့် ဂျာနယ်နှင့် နိုင်ငံပိုင် သတင်းစာများတွင် (၂) ကြိမ် ဖော်ပြပေးရန် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)မှ တစ်ဆင့် ညှိနှိုင်းခဲ့ပါသည်””။


““မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ)၏ အငြင်းပွားမှုနှင့် တိုင်ကြားမှုများ ညှိနှိုင်းဖြေရှင်းရေး ကော်မတီက ဂျာနယ်နှင့် ဆွေးနွေးပြီး ဂျာနယ်က တောင်းပန်စာကို တစ်ကြိမ်သာ ထည့်သွင်းပေးမည် ဖြစ်ကြောင်းနှင့် ထည့်ပေးရန် တောင်းပန်စာ မူကြမ်းကို ပူးတွဲ၍ ပေးပို့ခဲ့ပါသည်။ အဆိုပါ ပေးပို့လာ သည့် တောင်းပန်စာ ဖော်ပြပေးမည့် အကြိမ်အရေအတွက်နှင့် တောင်းပန်စာတွင် ဖော်ပြပေးမည့် အရေးအသား များသည် ဂျာနယ်က မူလဖော်ပြခဲ့သည့် နိုင်ငံတော် သမ္မတအား ဂုဏ်သိက္ခာ ထိခိုက်စေပြီး အကြည်ညို ပျက်စေသည့် ရေးသားချက်များနှင့် နှိုင်းယှဉ်ပါက ထိရောက် လုံလောက်စွာ ချေဖျက်ပေးနိုင်ခြင်း မရှိသည့်အပြင် အခြားပုဂ္ဂိုလ်များကိုပါ ထပ်မံထိခိုက် ပုတ်ခတ်ရာရောက်သည့် စာသားများ ပါဝင်နေကြောင်း တွေ့ရပါသည်။ ထို့ကြောင့် နိုင်ငံတော် အကြီးအကဲ၏ ဂုဏ်သိက္ခာနှင့် အခွင့်အရေးကို ထိခိုက်စေသည့်အတွက် မြန်မာသံတော်ဆင့် ဂျာနယ်အား တရားဥပဒေနှင့်အညီ တရားစွဲဆိုရေး ဆောင်ရွက်သွား မည် ဖြစ်ကြောင်း ဖော်ပြအပ် ပါသည်။ ပြန်ကြားရေးဝန်ကြီးဌာန””လည်း အစိုးရပိုင် သတင်းစာ ဖော်ပြချက်၌ ပါရှိသည်။ ယခုကဲ့သို့ တရားစွဲဆိုထားမှုနှင့် ပတ်သက်၍ နေပြည်တော် ဗုဗ္ဗသီရိ တရားရုံး၌ ထုချေရှင်းလင်းရန်အတွက် ပထမရုံးချိန်းကို နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ချိန်းဆိုထားသည်။


မြန်မာသံတော်ဆင့်အား တရားစွဲဆိုထားခြင်းနှင့် ပတ်သက်၍ ပြန်ကြားရေး ဒုဝန်ကြီး ဦးပိုက်ထွေးက ““ကျွန်တော်တို့ဟာ စိုးစဉ်းမျှ၊ မြူတစ်မှုန်မျှ၊ ခင်ဗျားတို့ကို ဖိနှိပ်လိုခြင်း၊ ချုပ်ချယ်လိုခြင်း၊ ခင်ဗျားတို့နဲ့ တရားတဘောင် ရင်ဆိုင်လိုခြင်း မရှိပါဘူးဗျာ””ဟု နိုဝင်ဘာလ ၅ ရက်နေ့က ပြုလုပ် သည့် ပြန်ကြားရေး ၀န်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုသည်။


အစိုးရက မြန်မာသံတော်ဆင့် အယ်ဒီတာချုပ်မှစ၍ ဖြန့်ချိရေး ၀န်ထမ်းအထိ စုစုပေါင်း (၁၁)ဦးကို တရားစွဲခဲ့ခြင်းအပေါ် ““ကျွန်တော်တို့ မြန်မာသံတော်ဆင့် က ကိုယ့်ယုံကြည်ချက်၊ ခံယူချက် လမ်းစဉ်အတိုင်း မမှိတ်မသုန် လျှောက် လှမ်းနေခြင်း ဖြစ်ပါတယ်။ နိုင်ငံရေး အတွေးအခေါ် အယူအဆများမှာလည်း အခြေအနေ အချိန်အခါပေါ် မူတည်ပြီး တိုင်းပြည်အတွက် အကျိုးရှိရှိ ခံယူကျင့်သုံး ရေးသားဖော်ပြခဲ့ပါတယ်။ ပုဂ္ဂိုလ်ရေးထက် အမျိုးသားရေးကို ရှေ့တန်းတင်တဲ့ သတင်းစာဖြစ်ပြီး အခုအစိုးရအဖွဲ့မှာ တာဝန်ထမ်းဆောင် နေကြတဲ့ ၀န်ကြီး ဦးရဲထွဋ်မှစပြီး သမ္မတဦးသိန်းစိန်၊ အနားယူသွားကြတဲ့ လူကြီးတွေအထိ အကုန်လုံးရဲ့ နိုင်ငံရေး ရပ်တည်မှု အခြေအနေတွေကို လက်တွေ့ကျကျ သိခဲ့မြင်ခဲ့ပြီးလည်းဖြစ်လို့ ကျွန်တော်တို့ မြန်မာ သံတော်ဆင့်မှာ တာဝန်ရှိသူပိုင်းအနေနဲ့ အစိုးရအပေါ် ရဲရဲဝံ့ဝံ့ဝေဖန် ရေးသားနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ တပ်မတော်အစိုးရ လက်ထက်မှာ အနှစ် ၂၀ နီးပါး ကြုံတွေ့ခဲ့ရတာတွေက ဒီနေ့ အခြေအနေတွေ အားလုံးအပေါ် ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ အသင့်ပါပဲ။ ဒါပေမဲ့ မင်းအစိုးရလုပ်ပြီး တာဝန်ရှိသူကို အချင်းချင်း ရင်ဆိုင် ဖြေရှင်းရမယ့် နည်းလမ်းတွေ နည်းမှန်လမ်းမှန် ရှိနေပါလျက်နဲ့ အသက် ၂၀ မျှ ရှိတဲ့ ဖြန့်ချိရေး ၀န်ထမ်း လူငယ်တွေကိုပါ ရိုးရိုးသားသား အလုပ်လုပ်ကိုင် စားနေပါလျက်နဲ့ ထည့်ပြီး တရားစွဲတာ၊ အရေးယူဖို့ ကြိုးစား တာတော့ အံ့သြမိပေမယ့် တကယ်တော့လည်း အရင်ကတည်းက ဒီလိုမျိုး စိတ်ဓာတ်တွေ ကြံ့ခိုင်ရေး အသင်းကြီးမှာရှိပြီး လှိုက်စားနေခဲ့တာ ကြာပါပြီ။ ဒါကြောင့်လည်း ပြည်သူတွေက သူတို့ကိုဆိုရင် အော့နှလုံး နာနေကြတာပါ””ဟု မြန်မာသံတော်ဆင့် အမှုဆောင်အရာရှိချုပ်က သုံးသပ် ပြောကြားသည်။


ယခုကဲ့သို့ မီဒီယာများအား တရားစွဲဆို အရေးယူမှုများမှာ ၂၀၁၅ ရွေးကောက်ပွဲ အတွင်း မီဒီယာများအား ရဲရဲဝင့်ဝင့် ရေးသားခြင်း မပြုနိုင်စေရန် အတွက် ပြင်ဆင်လာခြင်းလည်း ဖြစ်ကြောင်း ၀ါရင့်သတင်းစာ ဆရာများက သုံးသပ်လျက် ရှိသည်။


““အရပ်သားပုံစံ မပြောင်းခင်ကလည်း ပြည်သူလူထုပြောခွင့်၊ သိခွင့်ကို ဆင်ဆာလုပ်ခဲ့တယ်။ ပိတ်သိမ်း အရေးယူခဲ့တာ ဒီလူတွေပဲ။ အခုလည်း ပြည်သူ့ဝန်ထမ်းတွေ၊ ကုန်ကျစရိတ်တွေ ပေါပေါသုံးပြီး ပြည်သူနဲ့ ဒီမိုကရေစီ ဘက်တော်သားတွေရဲ့ Right to Tell, Right to Know တွေ အလေးထား ဖော်ပြတဲ့ သတင်း စာစောင်တွေကို တရားစွဲနေတာလည်း ဒီလူတွေဆိုတော့ မဆန်းပါဘူး။ လာမယ့် ရွေးကောက်ပွဲ ကာလမှာ မရေးရဲ၊ မပြောရဲအောင် ၂၀၁၄ ထဲမှာ လုပ်လာမယ်ဆိုတာ မြန်မာသံတော်ဆင့်ကို ကျွန်တော် ကြိုဖြေဖူးပါတယ်။ အခုလို တစ်ရုံးလုံးနီးပါး တရားစွဲတော့ သတင်းစာစောင်တွေရဲ့ လုပ်ငန်း လည်ပတ်ရေး ထိခိုက်ပြီ။ အစိုးရ ဘက်ကတော့ နိုင်ငံ့ဘဏ္ဍာနဲ့ ခန့်ထားတဲ့ ၀န်ထမ်း၊ အသုံးစရိတ်ကို စိတ်ကြိုက် သုံးခွင့်ရတော့ ပြဿနာ မရှိဘူးပေါ့။ တရားစွဲခံရတဲ့ ဖော်ပြချက်နဲ့ ပတ်သက်ပြီး ပြောရရင်တော့ နိုင်ငံတကာ စံနှုန်းအရ သတင်းမီဒီယာ ဆိုင်ရာ Technical Error မရှိပါဘူး။ ဒီဖော်ပြချက်နဲ့ ကပ်ရက် သီတင်းပတ်မှာပါတဲ့ သူရဦးတင်ဦးဆို သမ္မတကို ပေါတောတော ဖြစ်နေ တယ်တောင် ဝေဖန် ထားတယ်။ ၉၀ ရွေးကောက်ပွဲ တောင်ပြိုကမ်းပြို အနိုင်ရပြီး အာဏာ သိမ်းပိုက်ခံရတဲ့ ဒီမိုကရေစီရှေ့ဆောင် NLD က လက်ရှိအစိုးရကို ဘယ်လိုဝေဖန်သလဲ၊ ဘယ်လို သဘောထား သလဲဆိုတာ ပြည်သူ လူထု သိခွင့်ရှိတယ်။ ဒါကိုဖော်ပြလို့ တရားစွဲတယ်ဆိုတာ တော်တော် ရယ်စရာ ကောင်းပါတယ်။ မီဒီယာအားလုံးကို ခြိမ်းခြောက်မှုလည်း ဖြစ်တယ်”” ဟု တပ်မတော်သား ကိုယ်စားလှယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တို့မှ တရားစွဲ ခံထားရသော မြန်မာပို့စ်နှင့် မြန်မာပို့စ်ဂလိုဘယ် သတင်းစာစောင်များ၏ ပေါ်လစီဒါရိုက်တာ ဦးမျိုးညွန့်မောင်က မှတ်ချက်ပြုသည်။


MH-0025


မြန်မာသံတော်ဆင့်သတင်းဌာန- http://ift.tt/1t7d2bL







from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1GvrbIf

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...